BXD Myanmar

BXD Myanmar Herbal Medical Product

🤩September Special Promotion 🤩မိုးတွင်းကာလရာသီတုပ်ကွေးရောဂါကိုကာကွယ်ရန်အခြေခံကျသော ရေနွေတစ်ခွက်ကိုသောက်သုံးရင်း တန်တန်တန...
09/09/2022

🤩September Special Promotion 🤩

မိုးတွင်းကာလရာသီတုပ်ကွေးရောဂါကိုကာကွယ်ရန်အခြေခံကျသော ရေနွေတစ်ခွက်ကိုသောက်သုံးရင်း တန်တန်တန် ပလန်နဲ့ရရှိမယ့် ပရိုမိုးရှင်းတွေရယူစွတ်ခူးနိုင်ကြပါစေနော် 🥳

🤩August Special Promotion 🤩Promotion ကာလအတွင်း ပစ္စည်းအရေအတွက်လက်ကျန်ရှိသလောက်သာရရှိမှာဖြစ်လို့အမြန်ဆုံးပြေးဝယ်လိုက်ကြတေ...
19/08/2022

🤩August Special Promotion 🤩
Promotion ကာလအတွင်း ပစ္စည်းအရေအတွက်လက်ကျန်ရှိသလောက်သာရရှိမှာဖြစ်လို့အမြန်ဆုံးပြေးဝယ်လိုက်ကြတော့နော် 🥳🥳🥳

ခေတ်မှီတိုးတက်လာသောယနေ့ခေတ်မှာ တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်းကလဲအတူယှဉ်တွဲလို့လာပါတယ် 🤷🏻🤷🏻🤷🏻နေ့စဉ်ကြုံတွေ့သွားလာစားသောက်ခြ...
05/08/2022

ခေတ်မှီတိုးတက်လာသောယနေ့ခေတ်မှာ
တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်းကလဲအတူယှဉ်တွဲလို့လာပါတယ် 🤷🏻🤷🏻🤷🏻
နေ့စဉ်ကြုံတွေ့သွားလာစားသောက်ခြင်းမှာလဲ များစွာသောလွဲမှားမှုတွေရှိလာတာကို လူတွေကသတိမပြုမိကြတော့ပါဘူး 🙅🏻🙅🏻🙅🏻
ထိုအချိန်အတွင်းမှာပဲ စက်ယန္တရားတစ်ခုနဲ့တူနဲ့မိမိတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ချို့ယွင်းပျက်စီးဆုတ်ယုတ်ခြင်းနှင့်အတူ အဆီနှင့် အဆိပ်အတောက်များစွာစုပုံလို့လာပါတော့တယ် 🚮🚮🚮
ဒါတွေကိုအလေးမထားပဲနေလို့မရပါဘူးနော် 🤔🤔
ဖြည့်စွက်ရှင်းလင်းအားဖြည့်စာအနေနဲ့ BXD Myanmar ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ Natto လေးကို စမ်းသပ်သောက်သုံးကြည့်ဖို့အကြံလေးပေးပါရစေခင်ဗျာ 😍😍😍

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ🙏🙏🙏🙏🙏🙏🙏🙏🙏🙏တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပ...
15/03/2022

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့
တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် တပေါင်းလပွဲတော်ဟု ခေါ်ကြသည်။

တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော်
သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံ
တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး
ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ကြွတော်မူခြင်းကြောင့်နိဂြေ ာဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။

ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်းမဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။

ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။

ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။

သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။

သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။

ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။ ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

တပေါင်းလအခါသမယတွင်ကျန်းမာချမ်းသာကြပါစေကြောင်း BXD Myanmar မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏🙏

မူရင်း
credit
ဖိုးသူတော်

Shoulder & Lumber Pain Relief Sticker****************************************ဂုတ်နှင့်ခါးကျန်းမာရေးအတွက် နာကျင်မှုများသက...
15/03/2022

Shoulder & Lumber Pain Relief Sticker
****************************************
ဂုတ်နှင့်ခါးကျန်းမာရေးအတွက် နာကျင်မှုများသက်သာစေသော ကပ်ခွါ

သဘာဝဆေးဖက်ဝင်အပင်များမှ တရုတ်ရိုးရာတိုင်းရင်းဆေးနည်းပညာဖြင့် ထုန်လုပ်ထားခြင်း အရေပြားအတွင်းထိဖောက်ထွင်းထိရောက်စေပြီး နာကျင်ခြင်းများကိုသက်သာစေနိုင်ခြင်း လူ့ခန္ဓာကိုယ်အချိုးအစားအတိုင်း ကပ်ခွာကိုပြုလုပ်ထားပြီး အဆင့်မြင့်စွာထုတ်လုပ်ထားသည့်အတွက် လှုပ်ရှားမှုများပြုလုပ်လျှင် အလွယ်အကူကွာမကျစေရန် သေချာကာကွယ်ထိန်းထားပေးနိုင်ခြင်း ဘေးကင်းလုံခြုံမှုရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး ပေါ့ပါးလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက်အထူးသင့်တော်ပါသည်။

🌿ပါဝင်ပစ္စည်း🌿

safflower, artemisia oil, peppermint oil, eucalyptus oil, wintergreen oil, cinnamon , ginger , အနီရောင်ပန်း, အိုက်ကျုံအရွက်ဆီ, ပူစီနံအရွက်ဆီ, အန်းရွက်အဆီ, တုံချင်းပန်းဆီ, ရုန်ကွေး, ဂျင်း

BXD တရုတ်တိုင်းရင်းဆေးကပ်ခွာသည်
အပူဖြင့်ကုသပေးခြင်းဖြစ်သဖြင့် ဒဏ်ရာရကြွက်သားများ၊ တစ်သျှူးများ၏ နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ဆေးအာနိသင်ကိုလူ့ခန္ဓာကိုယ်မှ ၄-၆ နာရီကြာ အဆက်မပျက် စုပ်ယူနိုင်မည်ဖြစ်သည်။ဆေးသည် အရေပြားမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းစိမ့်ဝင်သွားပြီး နာကျင်နေသောအဆစ်များ သွေးလည်ပတ်မှုကို အရှိန်မြှင့်ပေးပြီး နာကျင်မှုကိုသက်သာစေသည်။
ဆေးကပ်ခွာတွင် အလွှာ (၃) လွှာ ပါရှိပြီး အပေါ်ဆုံးအလွှာမှာ non woven fabric ဖြစ်ခြင်း၊ လေဝင်လေထွက်ကောင်းပြီး ပူလောင်မှုမရှိအသားအရေနှင့် အဆင်ပြေစေသည်။ ဒုတိယအစိမ်းရောင်အလွှာတွင် ဆေးဖက်ဝင်အပင်များ ပေါင်းစပ်ထားသည့် အစွမ်းထက်အာနိသင်များ ပါဝင်သည့်ကပ်ခွာပုံစံဖြစ်ပြီး အောက်ခံကိုခွာရန် အဆင်ပြေလွယ်ကူသည့် စက္ကူအလွှာပုံစံဖြင့် ထုတ်လုပ်ထားသည်။

🟢ခါးမှပျော့ပျောင်းသော တစ်သျှူးများ နာကျင်ခြင်း
🟢ခါးကြွက်သားများ နာကျင်ခြင်း
🟢ခါးနာခြင်းများ
🟢လည်ပင်းအဆစ်အတွင်း အဆင်မပြေဖြစ်နေသူများ
🟢သက်ကြီးရွယ်အိုများ ကြွက်သားနာကျင်တောင့်တင်းခြင်းများ
🟢အရိုးအဆစ်များ သွေးကြောလေကြော သွေးလည်ပတ်မှု အာရုံကြောစနစ်ကောင်းစေ
🟢အာရုံကြောအကြောတက်ခြင်း
🟢ကျီးပေါင်း ဂုတ်အဖုထွက်နေခြင်း
🟢အညောင်းမိထုံကျင်ခြင်းများ စသည့်ခန္ဓာကိုယ်တွင်း နာကျင်မှုနှင့် ဒဏ်များအတွက်များစွာအထောက်အကူပြုသည်။

အရိုးအဆစ်များကို သန်မာစေသည့် Collagen Peptide အမှုန့် Collagen Peptide သည်မျက်လုံး၊သွေးကြောနံရံများ၊ကြွက်သားများ၊အာရုံကြ...
03/03/2022

အရိုးအဆစ်များကို သန်မာစေသည့် Collagen Peptide အမှုန့်

Collagen Peptide သည်မျက်လုံး၊သွေးကြောနံရံများ၊ကြွက်သားများ၊အာရုံကြောစနစ်၊အရိုးများ၊articula အရိုးနုစသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအတွက် မရှိမဖြစ်လိုအပ်သောအာဟာရဖြစ်သည်။

ကော်လာဂျင်ချို့တဲ့ပါက ဘာတွေဖြစ်ပေါ်လာသလဲ
------------------------------------------------
✔️မျက်လုံး -Presbyopia ၊မျက်လုံးမှုန်ဝါးခြင်း၊အလင်းအမျှင်တန်းများဖြစ်ခြင်း၊မျက်လုံးတိမ်တက်လွယ်ခြင်း၊Glaucoma စသည့်
✔️အရိုးများ -ခန္ဓာကိုယ်သေးကွေးလာခြင်း၊ကျောရိုးကုန်းလာခြင်း၊အရိုးပွရောဂါဖြစ်ရန်လွယ်ကုခြင်း၊အရိုးကျိုးလွယ်ခြင်း၊မကြာခဏခြေထောက်ကြွက်တက်ခြင်း။
✔️သွေးကြောနံရံများ -သွေးကြောနံရံမာလာခြင်း၊ပျော့ပြောင်းမှုလျှော့ကျခြင်း၊သွေးကြောဆိုင်ရာရောဂါနှင့် သွေးပေါင်ချိန်မူမမှန်ဖြစ်သေခြင်း၊
✔️ကြွက်သားများ -ကြွက်သားများရေဓာတ်ဆုံးရှုံးခြင်း၊ကြွက်သားများပျော့တွဲခြင်း၊Elasricity နှင့်အစွမ်းသတ္တိကိုဆုံးရှုံးခြင်း။
✔️အရေပြား -အရေပြားပျော့တွဲခြင်း၊အရေးအကြောင်းတွေပေါ်လာခြင်း၊အစက်မပြောက်ထွက်ခြင်း၊ညစ်ညမ်းခြင်း၊အရေပြားတွင်အစိုဓာတ်ကင်းမဲ့ပြီး Elasticity ဆုံးရှုံးခြင်း၊
✔️Joint - Articular အရိုးနုယိုယွင်းခြင်း၊အဆစ်နာကျင်ခြင်း၊ လှုပ်ရှားမှု၏အကွာအဝေးကိုလျှော့ချခြင်း၊ Joint ပုံစံမမှန်ဖြစ်ခြင်း၊အဆစ်ရောင်ရောဂါဖြစ်ခြင်း။
✔️အစာအိမ်နှင့်အူလမ်းကြောင်း - အစာအိမ်နှင့်အူလမ်းကြောင်းလုပ်ဆောင်မှုပုံမှန်မဖြစ်ခြင်း၊အစာချေဖျက်မှု အားနည်းခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ်အနေအထားမမှန်ကန်ခြင်း။

ကိုယ်တွင်းလိုအပ်သော အာဟာရဓာတ်အသစ် Peptide
-----------------------------------------------------
‘ထိုက်’’ဓါတ်သည် လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အကျိုးပြုစေတဲ့ အဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒီထိုက်ဓါတ်ဟာ ပရိုတင်းကိုထုတ်လုပ်ပေးနိုင်သော ဓါတ်ဖြစ်တယ်။

• ပါရာသိုင်းရွိုက်တွင် ပက်ထိုက်ဓါတ်အားနည်းပြီဆိုရင် စွန့်ပြစ်ပစ္စည်းများပုံမှန် မစွန့်ထုတ်နိုင် တော့ပဲ ပိတ်ဆို့်များဖြစ်ကာ ကိုယ်တွင်းအဆိပ်များလာပြီး စုပ်ယူရမယ့်အဟာရများကို မစုပ်ယူနိုင်တော့သည့် အတွက်လိုအပ်တဲ့အဟာရတွေမရရှိနိုင်တော့ပါ
• အရိုးထဲမှာရှိနေတဲ့ ပက်ထိုက်ဓါတ် အားနည်းလာပြီဆိုရင် ကယ်လဆီယမ်ဓါတ်များအား မထိန်းထားနိုင် ဘဲဆုံးရှုံးပြီဆိုရင် အရိုးအရွတ်များ လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်ခြင်း၊ အရိုးပွခြင်း၊ အရိုးကမှတဆင့် စုပ်ယူရမည့် အဟာရများ မစုပ်ယူနိုင်ခြင်း ၊ အရိုးနဲ့အသား ကပ်တွယ်မှုမရှိဘဲ အသားတွဲကျလာတာတွေဖြစ်ခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ အရိုးကင်ဆာအထိဖြစ်နိုင်ပါတယ်။ အရိုးထဲတွင် ကော်လဂျင်ပက်ထိုက်သည် % များစွာဖြင့်ဖွဲ့စည်းထားခြင်း၊အသားအရေတွင် ၇၀% ရာခိုင်နှုန်းထိပါဝင်ဖွဲ့စည်းထားပါသည်။
ကော်လဂျင်ပက်ထိုက်သည် လူ့ခန္ဓာကိုယ်ထဲများနေရာအများဆုံးယူထားသောအရာတစ်ခုဖြစ်ပြီး ထိုက်သည် အသက်အမျှ အရေးကြီးပါတယ်။ လူ့ခန္ဓာကိုယ်ထဲတွင် သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုလုပ်ချက်အရ ကော်လဂျင်ပက်ထိုက်သည် မရှိမဖြစ်နေရာယူထားသော ဓါတ်တစ်မျိုးဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်ထဲ ပက်ထိုက်ကို သောက်သုံးလိုက်ခြင်းဖြင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများ
• အမိုက်နိုအက်ဆစ်စုပ်ယူမှုနှင့်ပရိုတင်းပေါင်းစပ်မှုကိုမြင့်တင်ပေးနိုင်ခြင်း
• ဓါတ်သတ္တုဒြပ်စင်များကိုစုပ်ယူမှုမြင့်တင်ပေးနိုင်ခြင်း
• အရိုးဆဲလ်များပြန့်ပွားခြင်း၊အရိုးပွခြင်းများကိုကာကွယ်ပေးခြင်း၊သွေးကြောများပျော့ပြောင်းစေခြင်း
• ကိုယ်ခံစွမ်းအားမြင့်တင်ပေးခြင်း
• အလှအပထိန်းသိမ်းပေးခြင်း
• နှလုံး၊အာရုံကြောများကောင်းစေခြင်း
• မှတ်ညာဏ်အားများကောင်းမွန်စေခြင်း
• အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်များအားအထောက်အပံ့ဖြစ်စေခြင်း
• မျက်လုံး၊သွားများအားကျန်းမာစေခြင်း
သေးငယ်သော Bovine အရိုးမော်လီကျူး peptide သည်လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောအမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်သည်။အမိုင်မိုအက်ဆစ်တိုင်းသည် လူတို့၏ကျန်းမာရေးကို အလွန်အကျိုးသက်ရောက်မှုရှိသည်။ထိုသက်ရောက်မှုများကို သိပ္ပံနည်းကျစမ်းသပ်ချက်များနှင့်သိပ္ပံဆိုင်ရာဌာနများမှအတည်ပြုခဲ့သည်။

လူ့ခန္ဓာကိုယ်အာဟာရ လိုအပ်ချက်များကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်း၊အူလမ်းကြောင်းတွင်အစာချေရန်မလိုအပ်ပါ။ခန္ဓာကိုယ်မှတိုက်ရိုက်စုပ်ယူအသုံးချနိုင်ခြင်း၊ကိုယ်ခံအားကိုထိရောက်စွာမြှင့်တင်ပေးနိုင်ခြင်း၊အရိုးများကိုလဲခိုင်မာစေခြင်း၊မြန်ဆန်စွာနလန်ပြန်ထနိုင်ခြင်း၊အမျိုးသားများ၏ မျိုးအဂါလုပ်ဆောင်မှုများကို ပြန်လည်နလန်ထူပေးနိုင်ပါသည်။မိသားစုကျန်းမာရေးကိုအကာအကွယ်ပေးနိုင်သည့်အာဟာရရှိသောအထူးအစားအစာဖြစ်သည့်အတွက် အိမ်တိုင်းဆောင်ထား၍မိသားစုတိုင်းသောက်သုံးရန်အတွက်အထူးသင့်တော်ပါသည်

22/02/2022

အိုမီခရွန် နှင့်ပက်သတ်၍သိကောင်းစရာ 🦠🦠🦠

ယခုတစ်ခေါက်အိုမီခရွန်(Omicron) ကတော့အိမ်စိလူစိအကုန်ကူးဖို့များပါတယ်၊ လက်ရှိပတ်ဝန်းကျင်အသိတွေထဲမှ covid အရင်ဖြစ်ဖူးသူလည်းကူးတယ် ၊ဆေးနှစ်ကြိမ်ထိုးထားပြီးသူလည်းကူးတယ်၊ Booster ထိုးထားတဲ့သူလည်းကူးတယ် ၊အပေါ်က ၃ ချက်နဲ့ကိုက်ညီတဲ့သူလည်းကူးတယ်၊ အဲ့တော့ မည်သူမဆို ကူးနိုင်တဲ့အနေအထားပါ ၊ကူးစက်မြန်လို့ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးချက်ခြင်းကူးနိုင်ပါတယ်။

အိုမီခရွန် ဖြစ်ရင်ခံစားရနိုင်တဲ့လက္ခဏာတွေကတော့

၁ ချမ်းပြီးဖျားပါတယ်၊ အဖျားကတက်လိုက်ကျလိုက်ဖြစ်တယ်။

၂ ကိုယ်လက်အနည်းငယ်ကိုက်ခဲ၊ အနည်းအများကတော့တစ်ယောက်နဲ့တစ်ယောက်တူချင်မှတူမယ်။

၃ (၃)ရက်မြောက်ချောင်းဆိုးပါမယ် ၊ ရေနွေးသောက်ခြင်း ဆားရည်အာလုတ်ကျင်းခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

၄ ခေါင်းအနည်းငယ်သာကိုက်ပြီး ခေါင်းမကြည် မူးနောက်နောက်ဖြစ်ပြီး၊ သတိမေ့တတ်သလို ဖြစ်မယ်

၅၊ ပါးစပ်က မစားချင်ပေမယ့် ဗိုက်ကတော့ အချိန်မှန် ဆာပြီး ထည့်သမျှ အကုန်ဝင်တယ်၊ ဒါကတော့ အရင် ကိုဗစ်တွေနဲ့ မတူတာ၊

၆၊ နှာစီးမယ်၊ နှာပိတ်မယ်၊ အနည်းအများ ကွာခြားမှုရှိနိုင်

၇၊ ချွေးထွက်ပြီး ချွေးစော်နံမယ်၊

၈၊ လေပြွန်ရောင်ပေမယ့် အဆုတ်မရောင်ပါ၊ O2 မကျပါ၊ စမ်းသပ်ပေးတဲ့ ဆရာဝန်ပြောတာ၊ တစ်ဦး နှင့် တစ်ဦး ကွာခြားနိုင်ပါတယ်၊

_____________________________________

Omicron ရဲ့ ကောင်းတဲ့ အချက်လေးတွေ တွေ့လို့ Copy ယူလာတယ်

ယနေ့ ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။

ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့ နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်း ဖြစ်ဖို့ များပါတယ်။

ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင် မြန်တဲ့အတွက် တားဖို့ မလွယ်လောက်ပါဘူး။ သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လို စိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။

ဒီတော့ဘယ်လိုမှထိန်းချုပ်ကာကွယ်မှုအနေနဲ့မတက်နိုင်တဲ့အနေထားတစ်ခုမှာ ကိုယ့်ဆီကိုအချိန်မရွေးရောက်ရှိကူးစက်လာနိုင်တဲ့အတွက် မိမိကိုယ်တိုင်ကနေပဲ ခံနိုင်ရည်ရှိစွာပြန်လည်တိုက်ထုတ်နိုင်ဖို့အတွက် ကိုယ်ခံအားအဓိကကောင်းစွာရှိနေဖို့လိုအပ်ပါတယ်

ကုပ္မဏီ၏ ကိုယ်ခံအားနဲ့ ခုခံနိုင်အားအတွက်အထူးအထောက်ကူပြုတဲ့
👉လင်ဇီးပျားဖယောင်း
👉ဆောင်းပိုးနွေမြက် ဓာတ်စာများကိုလဲဖြစ်မှသောက်သုံးခြင်းထက် နေ့စဉ်ပုံမှန်ကြိုတင်ကာကွယ်မှုအနေဖြင့်သောက်သုံးပြီး ဖျားနာညောင်းကိုက်မှုရှိလာလျှင်လဲ နှိပ်လိမ်းဆေးရည် အသုံးပြုပေးနိုင်ရန်အတွက်လမ်းညွှန်ပေးပါရစေ 🙏🙏🙏

ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့ မျှော်လင့်ရင်း အားတင်းထားကြပါစို့...။

Paing Soe Zaw ၏ရေးသားမှုမှကူးယူဖြည့်စွက်ဖော်ပြခြင်းဖြစ်ပါတယ်

🌹ပန်းကလေးလိုလှပတဲ့ အမျိုးသမီးဘဝအတွက် 🌺Mei Ling Wan(မေလင်းဝမ်)အမျိုးသမီးအားဖြည့်ဓာတ်စာ       မမျိုးဥအသက်တစ်နှစ်ကြီးပါက အမ...
18/02/2022

🌹ပန်းကလေးလိုလှပတဲ့ အမျိုးသမီးဘဝအတွက် 🌺
Mei Ling Wan(မေလင်းဝမ်)အမျိုးသမီးအားဖြည့်ဓာတ်စာ

မမျိုးဥအသက်တစ်နှစ်ကြီးပါက အမျိုးသမီးတို့အတွက် အသက် ၁၀ နှစ်စာအိုလာစေတယ်ဆိုတာသင်သိပါသလား 👩‍🦰👱‍♀️👩‍🦳👵
၂၅ နှစ်အသက်အရွယ်တွင် မမျိုးဥကျန်းမာနေခြင်းကြောင့် - အသားအရေများလှပညီညာနေခြင်း၊လန်းဆန်းတက်ကြွအလှသွေးကြွယ်နေခြင်း၊ခန္ဓာကိုယ်သွယ်လျလှပနေခြင်းဖြစ်ပြီး
၂၅ နှစ်နောက်ပိုင်းချိန်တွင် မမျိုးဥများကျန်းမာရေးကျဆင်းလာပြီး - ထိန်းသိမ်းနိုင်စွမ်းအားနည်းခြင်း၊ဟော်မုန်းထုတ်နိုင်စွမ်းကျဆင်းခြင်း၊ကိုယ်ခံအားနည်းလာခြင်း၊ကိုယ်ဝန်ဆောင်ရန်ခက်ခဲခြင်း၊အသားအရေများလျော့တွဲလာခြင်း၊ လိင်ပိုင်းဆိုင်ရာအားနည်းလာခြင်း စသည်တို့ကိုကွဲပြားစွာခံစားလာရပါတယ်။

Mei Ling Wan ၏ထူးခြားသောပေါင်းစပ်မှု
❇️ ဆောင်းပိုးနွေမြက်
❇️ ပဲပိစပ်ပဲ
❇️ အင်ဂျလီကာ
❇️ နနွင်းမြစ်
❇️ ပျားရည်
❇️ ပဲပိစပ်ပဲဝါ
တိုင်းရင်းဆေးမြစ်ပေါင်းများစွာပါသည့်အတွက် သင့်ကိုကောင်းသထက်ကောင်းစေနိုင်သည်။

🌿🌿🌿သဘာဝထုတ်ကုန်ဖြစ်သည့်အတွက် အားအင်ဖြည့်တင်းပေးခြင်း၊ကိုယ်တွင်းရှိ လိုအပ်သောဟော်မုန်းကိုဖြည့်တင်းပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်အတွက် အမျိုးသမီးပြသနာများကို ဖယ်ရှားကာ ပေါ့ပါးသွက်လက်စေပါသည်။
👸🏻👸🏻မမျိုးဥကိုပြန်လည်ပြုပြင်ပေးပြီး ဟော်မုန်းမျှတစေသည့်အတွက် နုပျိုစေပြီး မျက်နှာပေါ်ရှိ အမဲစက်များ တင်းတိတ် မှဲ့ခြောက်များ အသားအရေမညီညာမှုများကိုရှင်းလင်းပေးသဖြင့် အသားအရေကို ကျစ်လစ်တောက်ပြောင်စေပြီး သွေးရောင်သန်းလှပလာစေပါသည်။
💃💃 လစဉ်လတိုင်းပေါ့ပါးမှုခံစားစေရခြင်း-ကိုယ်တွင်းဖိုမဓာတ်ညီမျှစေခြင်းနှင့် သွေးသားသန့်စင်စေခြင်းကြောင့် ကိုယ့်ရဲ့သွေးသားအရောင်များကို တစ်နေ့ထက်တစ်နေ့ကောင်းမွန်လာစေခြင်း ရာသီလာစဉ်နာကြင်ခြင်းများ စိတ်ရှုပ်ထွေး ဒေါသထွက်မှုမှ သက်သာကာလစဉ်လတိုင်းပေါ့ပါးမှုများကိုခံစားရရှိစေပါသည်။

-မမျိုးဥကျန်းမာရေးကို သေချာကာကွယ်စောင့်ရှောက်မှုပြုပါက မဟော်မုန်းများကိုအဆက်မပြတ်ထုတ်သည့်အတွက် အမျိုးသမီးဆွဲဆောင်မှု အလှအပရှိစေကာ အိမ်ထောင်ရေးသုခကို ပိုမိုရရှိစေပါသည်။
-ထို့ပြင်
ကိုယ်ဝန်ဆောင်ပြင်ဆင်ချိန်တွင် ပြုပြင်ညှိပေးခြင်းဖြင့် သွေးသားသန့်စင်စေပြီး သန္ဓေအောင်စေခြင်း
-သက်လတ်ပိုင်းအတွက်ပြုပြင်ပေးခြင်း
-မီးယပ်သွေးဆုံးချိန်တွင်ခံစားရသော ဝေဒနာများ အပူအအေးမညီမျှမှု၊ အနွေးဓာတ်ဖြည့်ပေး၍ပြုပြင်ပေးခြင်း
-အစာအာဟာရအမျိုးစုံလင်စွာပါဝင်သည့်အတွက် အမျိုးသမီးတို့အတွက် လိုအပ်ချက်များပြည့်စုံပြီး ယုံကြည်စိတ်ချရသည်။

အမျိုးသမီးများအတွက်အသုံးတည့်လှသည့် မေလင်းဝမ်အားဖြည့်ဓာတ်စာမှ အားသာချက်ကြီး (၈)ချက်👩‍🦰👩‍🦰👩‍🦰

၁. ရင်သားတွင်းရောင်ရမ်းတင်းခဲခြင်း
၂. မျက်နှာပေါ်ရှိတင်းတိပ်အရိပ်များ
၃. ရာသီလာချိန် မမှန်ကန်ခြင်းများ
၄. မီးယပ်သွေးဆုံးမတည်ငြိမ်ခြင်းများ
၅. သားအိမ်အတွင်းရှိ အဖုအကျိတ်များ
၆. အဖုအကျိတ်များ
၇. အိပ်မပျော်ခြင်း
၈. ဝမ်းချုပ်ခြင်း

အထက်ပါကျန်းမာရေးချို့ယွင်းခြင်းရောဂါလက္ခဏာများခံစားနေရလျှင်သော်လည်းကောင်း အသက် ၂၅ နှစ်နောက်ပိုင်းတွင် မိမိ၏ကျန်းမာရေးကြိုတင်ကာကွယ်စောင့်ရှောက်ခြင်းအတွက်စတင်သုံးစွဲသင့်ပါသည်။
ကျန်းမာလှပသောအမျိုးသမီးဘဝများကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ 💃💃💃

နေ့စဉ်နဲ့အမျှ အမျိုးမျိုးသောဗီဇကွဲ ကူးစက်ဗိုင်းရပ်စ်များအကြားမှ မဖြစ်မနေအပြင်ထွက်သွားလာထိတွေ့မှုတွေကိုတော့ဘယ်သူမှမလွဲရှေ...
16/02/2022

နေ့စဉ်နဲ့အမျှ အမျိုးမျိုးသောဗီဇကွဲ ကူးစက်ဗိုင်းရပ်စ်များအကြားမှ မဖြစ်မနေအပြင်ထွက်သွားလာထိတွေ့မှုတွေကိုတော့ဘယ်သူမှမလွဲရှောင်နိုင်ကြပါဘူး 🦠🦠🦠

ဒီလိုသွားလာထိတွေ့မှုတွေရှိတဲ့အချိန်မှာ ကိုယ်ကစလို့ပဲကြိုတင်ကာမှုတွေပြုလုပ်ဖို့ကပဲတက်နိုင်ပါလိမ့်မယ် 😷😷😷
ကြိုတင်ကာကွယ်မှုမှာအဓိကပထမအရေးပါဆုံးကတော့ မိမိကိုယ်တိုင်ရဲ့ကိုယ်ခံအားပဲဖြစ်ပါတယ်💪💪💪

🏥⚕️ဒီလိုအချိန်မှာ ဆေးရုံဆေးခန်းသွားဖို့ပိုခက်ခဲတယ် ကျန်းမာရေးမှာ ကုသခြင်းထက်ကာကွယ်ခြင်းက ပိုအရေးကြီးတယ်နော် .......

💪💪💪မိတ်ဆွေတို့ရဲ့ကျန်းမာရေးကို အပြည့်အဝအာမခံချက်ရှိဖို့ ကိုယ်ခံအားအတွက်အကောင်းဆုံးထုတ်ကုန် ဆောင်းပိုးလေးနဲ့မိတ်ဆက်ပေးပါရစေ

🐛🌿ဆောင်းပိုနွေမြက်သည် အဆုတ်၊ကျောက်ကပ်၊နှလုံးလုပ်ဆောင်ချက်များအားလုံးအတွက် ဇီဝကာမဖြစ်စဥ်ကို အထောက်အပံ့ဖြစ်စေခြင်းကြောင့် ယခင်ကနန်းတွင်းသုံးတော်ဝင် ပစ္စည်းအဖြစ်သတ်မှတ်ခြင်းခံရသော ဆေးဖက်ဝင်မျိုးနွယ်

🔎ဂျပန်နှင့်တရုတ်နိုင်ငံ တို့ရဲ့သုတေသနပြု
ချက်များအရ ဆောင်းပိုးနွေမြက်တွင် Pdlysacharides ဓါတ်တစ်မျိုးပါသည့်အတွက်
ကိုယ်ခံအားမြှင့်ပေးနိုင်ခြင်းကြောင့် ခုခံအားအတွက်စိတ်ချမှု အပြည့်အဝရရှိနိုင်တာမလို့ အခုဘဲ အိမ်မှာအမြန်ဆောင်ထားဖို့ပြေးဝယ်လိုက်စို့နော်......🏃‍♀️🏃🏻🏃‍♂️

ဆောင်းပိုးနွေမြတ်ဓာတ်စာ၏ လက်တွေ့အကျိုးသက်ရောက်မှုများ🐛🐛🐛
Cordyceps ဓာတ်စာသည် တရုတ်နိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာရှိသည့်ထုတ်ကုန်ဖြစ်သည်။ထုတ်ကုန်၏ အဓိက အကျိုးသက်ရောက်မှုမှာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ဆီးချိုရောဂါကိုသက်သာကောင်းမွန်စေခြင်း၊ အသည်းနှင့်အဆုတ်၏လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးခြင်း၊သွေးတွင်းသကြားဓာတ်ကိုလျော့ချပေးခြင်းစသည်တို့ဖြစ်သည်။အလွန်ပြီးပြည့်စုံပြီးသကါကြီးရွယ်အိုများအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်သည်

👉အရည်အသွေးအကောင်းဆုံးဆောင်းပိုးနွေမြက် Paecilomyces bat moth mycelium အမှုန့်ကိုသာရွေးခြယ်အသုံးပြုထားခြင်းကြောင့် ကိုယ်ခံအားစနစ်တိုးမြှင့်ဖို့အထောက်အပံ့ဖြစ်စေခြင်း

👉100% Paecilomyces bat moth mycelium အမှုန့်ဖြစ်ပြီးအခြားမည်သည့်အရောအနှောမှမပါဝင်ခြင်း

👉ထုတ်ကုန်၏အကောင်းဆုံးအရည်အသွေးဖြစ်စေရန်အတွက် ကုန်ကြမ်းများကိုစီစစ်ရွေးခြယ်ထားခြင်း

💥ဆောင်းပိုးနွေမြက်ထုတ်ကုန်၏အကျိုးအာနိသင်

👉ပန်းနာရင်ကျပ်ချောင်ဆိုးးခြင်းများ၊ချောင်းဆိုးလျှင်သွေးပါခြင်း၊အားနည်းပြီး ညောင်းညာကိုက်ခဲခြင်း

👉အိုမင်းရင့်ရော်မှုကိုကာကွယ်ဟန့်တားနိုင်ခြင်း သွေးလည်ပတ်မှုကိုမှန်ကန်စေခြင်း၊အားအင်းများပြည့်ဝ ခြင်း၊ လေဖြတ်လေဖြန်းခြင်းအတွက်ထူးခြားသောအကျိုးကျေးဇူးရရှိနိုင်ခြင်း

👉စိတ်ဖိစီးမှုများကိုလျော့ချသက်သာစေခြင်း

👉နလန်ထစလူနာများအတွက် အမြန်ဆုံးအားပြည့်စေခြင်း

👉ကင်ဆာဆဲလ်များမပြန့်ပွားအောင်ကာကွယ်ပေးနိုင်ခြင်း

👉အိမ်ထောင်ရေးသုခအတွက် အထောက်အပံ့ဖြစ်စေပြီး အမျိုးသားများအတွက် ပန်းသေ၊သုတ်လွှတ်အား နည်းသူများအတွက် ပြန်လည်ပြုပြင်ပေးနိုင်ခြင်း၊သားသမီးထွန်းကာလိုသူများအတွက်အထောက်အပံ့ရ စေခြင်း

👉အောက်ဆီဂျင် ပို့ဆောင်မှုစနစ်ကိုကောင်းစေခြင်း၊အမောခံနိုင်ခြင်း၊အသက်ရှုလမ်းကြောင်းပြဿနာ ရှိသူများအတွက်ကောင်းစေခြင်း

အခုလိုမျိုး ဆောင်းပိုးနွေမြက်သက်စောင့်ဆေးလေးက ခန္ဓာကိုယ်အတွက်ဘယ်လောက်ထိကောင်းကျိုးပေးနိုင်တယ်ဆိုတာသိရှိပီးဆိုတော့

ကိုယ်တွင်းကလီစာတွေနဲ့ပက်သတ်လို့ပဲဖြစ်ဖြစ်
အဆုတ်ရောဂါ၊ကျောက်ကပ်ရောဂါ၊နှလုံးရောဂါ၊အသည်းရောဂါ၊သွေးတွင်းအဆီ၊အိမ်ထောင်ရေးသုခ၊ကင်ဆာရောဂါတွေအားလုံးမရှိမဖြစ် ထိရောက်စွာစွမ်းဆောင်ပေးဖို့ ချစ်ခင်ရသူမိသားစုဝင်အားလုံးအမြန်ဆုံးလေး အိမ်မှာဆောင်ထားလိုက်ကြတော့နော် 😘😘😘

မိတ်ဆွေများအားလုံးမင်္ဂလာပါ 🙂ယခုတစ်ပတ်အတွက်မှာတော့ လက်တစ်လောဖြစ်ပေါ်နေတဲ့ကူးစပ်ဗိုင်းရပ်ရောဂါများကိုကာကွယ်ခြင်းအတွက်အထူး...
09/02/2022

မိတ်ဆွေများအားလုံးမင်္ဂလာပါ 🙂
ယခုတစ်ပတ်အတွက်မှာတော့ လက်တစ်လောဖြစ်ပေါ်နေတဲ့ကူးစပ်ဗိုင်းရပ်ရောဂါများကိုကာကွယ်ခြင်းအတွက်အထူးသင့်လျော်တဲ့ ကိုယ်ခံစွမ်းအားအတွက်အဓိကကျသော Cordyceps(ဆောင်းပိုးနွေမြတ်)အကြောင်းကို ဆရာသင်းရှောက်သုံ မှ အောက်ပါအစီအစဉ်အတိုင်း အသေးစိတ်ပြောကြားပေးသွားမှာဖြစ်ပါတယ် 😍😍😍
🗓 10.02.2022( Thursday ) 🗓
🕰 7:00 PM -9:00 PM 🕰
Zoom Meeting ID - 901 329 2709
Meeting Password-123456
အားလုံးသိသင့်သိထိုက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာလေးတွေမို့ မိမိတို့အိမ်မှာနေရင်းမိတင်လေးတက်ရောက်ပီးနားထောင်ရုံနဲ့ရနိုင်တဲ့အခွင့်အရေးမို့ မိတ်ဆွေသစ်မိတ်ဆွေဟောင်းများအားလုံးပါဝင်တက်ရောက်နိုင်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည် 🙏🙏🙏
# # Myanmar # # #

သင့်ရဲ့စတင်မွေးဖွားချိန်မှစလို့ ယနေ့အချိန်ထိ သင့်ဘဝကြီးရဲ့အလင်းရောင်တွေကိုမြင်နိုင်အောင်ပြသပေးနေတဲ့ သင့်ရဲ့မျက်လုံးတစ်စု...
09/02/2022

သင့်ရဲ့စတင်မွေးဖွားချိန်မှစလို့ ယနေ့အချိန်ထိ သင့်ဘဝကြီးရဲ့အလင်းရောင်တွေကိုမြင်နိုင်အောင်ပြသပေးနေတဲ့ သင့်ရဲ့မျက်လုံးတစ်စုံရဲ့ကျန်းမာရေးကိုသင်ဘယ်လောက်ထိဂရုစိုက်ဖြစ်ပါသလဲ 👀👀👀

နေ့စဉ်ဘဝမှာကျနော်တို့တွေဟာ ဆံသားကနေခြေဖျားထိကိုတော့ဂရုတစိုက်နဲ့လှပသန့်ရှင်းနေအောင်အထူးအလေးထားပြုပြင်ထိန်းသိမ်းနေကြပေမယ့် မျက်စိကျန်းမာရေးအတွက်ကိုတော့ ကြိုတင်ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် ချို့ယွင်းမှုရှိမှ မှုန်ရီဝေဝါးဖြစ်မှပဲဆေးခန်းပြေးကြရတဲ့အဖြစ်ကပိုများလို့နေပါတယ်

အသက်အရွယ်ရလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းလာခြင်း ဇီဝဖြစ်စဉ်တွေနှေးကွေးလာခြင်းနှင့်လူကြီးတော်တော်များများ၏ မျက်လုံးများသည် အဆင်မပြေမှုလက္ခဏာအမျိုးမျိုးကိုစတင်ပြသလာပါတယ်။
(ဥပမာအားဖြင့် အမြင်အာရုံ ဆုံးရှုံးလာခြင်း၊မျက်လုံးခြောက်လာခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း၊ မျက်ရည်ခဏခဏကျခြင်းစသည့်ဖြစ်ရပ်များ)
အကယ်၍ သင်သည် ထိုလက္ခဏာများကိုမထိန်းချုပ်ပါက ပို၍ပြင်းထန်လာကာ အနီးမှုန်ခြင်း၊ glaucoma၊ မျက်စိတိမ်ဖြစ်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ ဖန်ခွက်ပုလင်းဖင်ကဲ့သို့မျက်မှန်အထူတပ်ရခြင်း စသောမျက်လုံးရောဂါများဖြစ်လာပါလိမ့်မည်။

ဤအခြေနေအဆိုးများကိုကြိုတင်ကာကွယ်ရန်နှင့်ကုသရန်အတွက်
❇️ ဂန္ဓမာပန်း
❇️ အဝါရောင် Cypress
❇️ ပူစီနံ
❇️ ဒန်ဂျင်ဆင်း
❇️ အအေးပြား စသည်းတို့ဖြင့်ပေါင်းစပ်ထုတ်လုပ်ထားသည့် မျက်လုံးကပ်ခွါလေးရောက်ရှိလို့လာပါပြီခင်ဗျာ 😍😍😍

🟢 ဂန္ဓမာပန်း
အသည်းကိုရှင်းလင်းပေးပီး အမြင်အာရုံကိုကြည်လင်စေခြင်း၊လေပူဖြေစေခြင်း၊အပူကိုရှင်းပေးခြင်း၊အိုမင်းခြင်းကိုကာကွယ်ပေးခြင်း၊လန်းဆန်းစေခြင်း

🟢 အဝါရောင် Cypress
ပူပြင်းမှုကိုရှင်းလင်းပီးအပူငြိမ်းစေခြင်း၊ စိုထိုင်းဆကိုဖယ်ရှားပေးခြင်း

🟢 ပူစီနံ
ပြင်ပမှလေပူခြင်းခံစားမှု၊ခေါင်းကိုက်ခြင်းနှင့် မျက်လုံးနီခြင်းကိုသက်သာစေခြင်း

🟢 ဒန်ဂျင်ဆင်း
သွေးလည်ပတ်မှုကောင်းခြင်း စိတ်အာရုံအားကြည်လင်စေခြင်း၊ ပြည်တည်ခြင်းကိုရှင်းထုတ်ပီး အမြင်အာရုံ နာကျင်မှုကိုသက်သာစေခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း။

🟢 အအေးပြား
ပွင့်စေခြင်း၊ အပူငြိမ်း၊ မျက်လုံးကြည်လင်စေခြင်း၊ အရောင်သက်သာစေခြင်း၊ အအေးပြားကိုဆေးခန်းတွင်လေဖြတ်ခြင်း၏နောက်ဆက်တွဲရောဂါများကို ကုသရန်မကြာခဏအသုံးပြုကြသည် ။ မျက်စိအတွင်းတိမ်ဖြစ်ခြင်းစည်တို့ကိုသက်သာစေသည်။
မျက်လုံးအနီးမှုန်၊ အဝေးမှုန်များ၊ရေရှည်ဟန်းဖုန်းကိုအသုံးပြုနေသူများ၊ ကွန်ပျူတာအသုံးများသူများ၊ စာအဖတ်များသူ၊ကောင်းသင်ခန်းစာလေ့လာရသူများ၊မျက်လုံးပင်ပန်းပီး အသုံးပြုနေရသူများနေ့စဉ်စောင့်ရှောက်မှုများအတွက်အသုံးပြုနိုင်ပါသည်

မျက်လုံးကပ်ခွါ၏ဘေးကင်းလုံခြုံမှုများအနေနဲ့ကလဲ

✔️၁၀၀%သဘာဝပင်စည်၏အမျှင်ဓာတ်မှပြုလုပ်ထားခြင်း၊အန္တရာယ်ဖြစ်စေမှုနှင့် ညစ်ညမ်းမှုလုံးဝကင်းစင်သည်
✔️ အသုံးပြုပီးစွန့်ပစ်ချိန်တွင် သဘာဝအလိုလျှောက်ပျက်စီးစေသဖြင့် သဘာဝပတ်ဝန်းကျင်အတွက်လည်းအထူးသင့်တော်သည်
✔️ စမ်းသပ်မှုရလာဒ်များအရ ခံစားမှုလွယ်ကူသော အထိခိုက်မခံသော အရေပြားရှိသူများလဲအသုံးပြုနိုင်သည်
✔️ အသုံးပြုထားသောအလွှာသည် အန္တရာယ်မရှိသောပုလဲအမျိုးအစားကပ်ခွါ၊ အစားအစာထုတ်ပိုးသောအိတ်အမျိုးအစားဖြင့်ထုတ်ပိုးထားသည့်အတွက် လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါသည်

ကဲဒီလိုကောင်းမွန်တဲ့ပါဝင်ပစ္စည်း နဲ့ဘေးကင်းလုံခြုံမှုတွေရှိစွာ ပေါင်းစပ်ထုတ်လုပ်ထားတယ်ဆိုတာ့သင့်ရဲ့အသက်နဲ့ထပ်မျှပင်ပန်းခဲ့တဲ့သင့်ရဲ့မျက်လုံးလေးရဲ့ကျန်းမာရေးအတွက်ဘာလိုသေးလဲပေါ့နော်
ဟုတ်ကဲ့အမြန်ဝယ်ပီးကပ်လိုက်ဖို့ပဲလိုပါတော့တယ်နော် 🤩🤩🤩

ကျန်းမာလှပသောမျက်ဝန်းတစ်စုံကိုအမြန်ဆုံးရယူပိုင်ဆိုင်နိုင်ကြပါစေ 🥰🥰🥰

Ganoderma Propolis Capsules————————————————လင်ဇီးမှုန့်၊ပျားဖယောင်းတို့ဖြင့်အထူးပေါင်းစပ်ထုတ်လုပ်သောလင်ဇီးဆေးတောင့် 🍄🍄🍄လ...
31/01/2022

Ganoderma Propolis Capsules
————————————————
လင်ဇီးမှုန့်၊ပျားဖယောင်းတို့ဖြင့်အထူးပေါင်းစပ်
ထုတ်လုပ်သောလင်ဇီးဆေးတောင့်

🍄🍄🍄လင်ဇီးဆိုသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်၍ ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်

🐝🍯🐝ပျားဖယောင်းသည် ပျားများမှထွက်သည့်ပစ္စည်းနှင့် အပင်များမှစုတ်ယူထားသော ဝတ်ရည်တို့ပေါင်းစပ်ဖြစ်ပေါ်လာသော ကော်ကဲ့သို့ဖြစ်ပေါ်နေသောဆေးဖက်ဝင်အာနိသင်ရှိသောအရာတစ်ခုဖြစ်သည်

လင်ဇီးမှိုသည် ရေဓာတ်၊ပရိုတင်းဓာတ်၊အမိုင်နိုအက်စစ်၊ကစီဓာတ်၊ပေါ်လီစခရိုက်၊အမျှင်ဓာတ်၊ဗီတာမင်နှင့်သတ္ထုဓာတ်၊သံဓာတ်၊မဂ္ဂနီဆီယမ်၊ဇင့်၊သွပ်ဓာတ်၊ကယ်ဆီယမ်၊ဖော့စရပ်၊မပြည့်ဝဆီ နှင့်အခြားသောဆေးဖက်ဝင်အာနီသင်ရှိဓာတ်ပေါင်းစုံပါဝင်သည်။
🐝🍯ပျားဖယောင်းသည်လည်း ဗီတာမင် ACE နှင့် လင်ဇီးတွင်းပါဝင်သောဓာတ်များစွာနည်းတူပါဝင်ပါသည်

လင်ဇီးနှင့်ပျားဖယောင်းပေါင်းစပ်ထားသောဓာတ်စာသည် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသောအာနိသင်ကြောင့် ဆီးချိုသွေးချိုသမားများအတွက်အထူးသင့်တော်သည်

ဤကျန်းမာရေးဓာတ်စာတွင် လျော့ ၃ လျော့နှင့် ကာ ၃ ကာ ဟူ၍အဓိကအကျိုးပြုအာနိသင်ရှိသည်

♻️လျှော့ ၃ လျှော့♻️
1️⃣ သွေးတွင်းအဆီကို လျှော့ချခြင်း
2️⃣ သွေးဖိအားကိုလျှော့ချခြင်း
3️⃣ သွေးချိုကိုလျှော့ချခြင်း

♻️ကာ ၃ ကာ ♻️
1️⃣ကင်ဆာကိုကာကွယ်ခြင်း
2️⃣ အိုမင်းမှုကို ကာကွယ်ခြင်း
3️⃣ ဓာတ်မတည့်မှုမှ ကာကွယ်ခြင်း

✅ကိုယ်ခံစွမ်းအားလုပ်ဆောင်ချက်ကိုတိုးမြှင့်ပေးခြင်း၊
✅ကာယစွမ်းအားကိုမြှင့်တင်ပေးခြင်းနှင့် ဆဲလ်များ၏ကိုယ်ခံစွမ်းအားကိုတိုးမြှင့်ပေးခြင်း၊
✅အသည်းကာကွယ်ခြင်းနှင့်စောင့်ရှောက်ခြင်း
အသည်းမှအဆိပ်တောက်များကိုစွန့်ထုတ်ခြင်းနှင့်
အသစ်များအစားထိုးထုတ်လုပ်နိုင်စွမ်းတိုးစေသည်
✅အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသမှု
Ganoderma lucidum spore အမှုန့်သည် Histamine နှင့်အခြားပန်းနာရင်ကြပ်ရောဂါတို့ကိုတားဆီးနိုင်သည်

အလွှာနံရံဖောက်ထွက်ခြင်းနည်းပညာကိုအသုံးပြုထားခြင်းကြောင့် Ganoderma Lucidum Spore လင်ဇီးအမှုန့်မှထိရောက်သောပါဝင်ပစ္စည်းများက်ု ခန္ဓာကိုယ်မှကောင်းမွန်စွာစုတ်ယူနိုင်သည်။Propolis ပျားဖယောင်းကို အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ၄င်းတွင်ပါဝင်သည့် ရှင်သန်ပစ္စည်းများကို ထိန်းသိမ်းထားနိုင်သည်။
ထိုနှစ်မျိုးပေါင်းစပ်ထားသည့်အတွက် Ganoderma Propolis Capsules ဓာတ်စာသည် လူသားတို့အတွက် ဆေးကုသမှုစောင့်ရှောက်မှုတွင် အထူးအရေးပါသော အခန်းကဏ္ဍတွင်ရှိပါသည်။
# # # # #

Address

75st, Bet35*36st, Mahar Aung Myae Tsp
Mandalay
05032

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95941004009

Website

Alerts

Be the first to know and let us send you an email when BXD Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BXD Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram