25/11/2025
ကျီးပေါင်းလည်းပျောက်၊ လေဖြတ်လည်းပျောက်၊ ဒူးနာလည်းပျောက်၊ အစာမကြေလည်းပျောက်၊ ခြေလက်တွေ (ထုံနေလည်းပျောက်၊ ကျင်နေလည်းပျောက်)၊ လေးဘက်နာလည်းပျောက်၊ ဂေါက်ရောဂါလည်းပျောက်၊ အကြောတက်လည်းပျောက်၊ ခန္ဓာကိုယ် ကိုက်ခဲနေရင်လည်းပျောက်၊ ခြေကပ်လက်ကပ်လည်းပျောက်၊ (အကြောကပ်၊ အကြောညပ်) လည်းပျောက် စသည်ဖြင့် (၉၆)ပါး နီးနီး အကုန်ပျောက်တဲ့ ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီ။
သုံးစွဲသူတွေဆိုတာ တကယ်လိမ်းတဲ့သူတွေဖြစ်တော့ ဘာရောဂါတွေပျောက်တယ်ဆိုတာ ကိုယ့်ထက်တောင်ပိုသိတယ်။
တစ်ခါတစ်လေ ကိုယ်ကအသားထဲစိမ့်ဝင်အောင်လိမ်းပါ၊ တစ်နေ့သုံးကြိမ် ပုံမှန်လိမ်းပါပြောရင်။ သူတို့က ဆေးလိမ်းရင် ၁ မိနစ်၊ ၂ မိနစ် အသားထဲစိမ့်ဝင်အောင် သေချာလေးပွတ်လိမ်းဆုပ်နယ်ပေး၊ ပြီးရင်အဝတ်ပါးလေးနဲ့ ဖုံးပေးထားလိုက် ပျောက်တယ်ဆိုပြီး Page မှာဝင်ပြောတတ်သေးတာ။
လေဖြတ်တဲ့လူတောင် ထထိုင်တယ်ဆိုတာက လွန်တာမဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တာ။
မန္တလေးစျေးချိုမှာ ဆိုင်ဖွင့်တုန်းက စျေးဝယ်တစ်ယောက်က ဆေးလာဝယ်ရင်း သူတို့ရွာဘက်ကလူတစ်ယောက် လေဖြတ်ထားတာ၊ အိပ်ရာပေါ်မှာ ပက်လက်ကြီးပဲ အမြဲနေရတာ၊ ဒီဆေးလိမ်းလို့ အခုထတောင်ထိုင်နေပြီတဲ့ ဆေးလာဝယ်ရင်း ပြောသွားတာ။ ဒါက အွန်လိုင်းမပေါ်ခင်ကကိစ္စ။
အွန်လိုင်းတွေပေါ်လာပြီးနောက်ပိုင်း လေဖြတ်တဲ့လူတောင် ထထိုင်ရတယ်ဆိုပြီး ဆေးကြော်ငြာပိုစ့်မှာ ထည့်ရေးလိုက်တယ်။ အဲဒီမှာ မြန်မာတစ်နိုင်ငံလုံးက လေဖြတ်လူနာတွေ ဝယ်ယူသုံးစွဲကြတာပဲ။ ပျောက်ကင်းလို့ဆိုပြီး Page မှာ ပြန်လာပြောကြတဲ့လူနာတွေ၊ ဖုန်းဆက်ပြီးတကူးတက ဝမ်းသာအားရ လှမ်းပြောကြတဲ့လူနာတွေ မနည်းမနောပါပဲ။
လေဖြတ်ပဲလားဆိုတော့ ကျီးပေါင်းပျောက်သွားလို့၊ ဒူးနာပျောက်သွားလို့ စသည်ဖြင့်ရောဂါမျိုးစုံပါပဲ။
တစ်ခါတစ်လေ ချောင်းဆိုးရင်ကြပ်အတွက် ရင်ဘက်နဲ့ နောက်ကျောကိုလိမ်းပါလို့ ကိုယ်ကပြောထားတာကို၊ သူတို့က ရေနွေးထဲကို ဆေးတစ်စက်ချပြီးသောက် ချက်ခြင်းချောင်းဆိုးပျောက်တယ် လာပြောနေကြလို့၊ ဆက်မလုပ်ဖို့ ပြင်ပလိမ်းရန်အတွက်ပဲဖြစ်လို့ သောက်ရန်မသင့်တော်ကြောင်း ရှင်းပြရတယ်။
ဒီဆေးက လက်ဆောင်ပေးလည်း မျက်နှာပန်းအလွန်လှတယ်။
မိတ်ဆွေအသစ်တစ်ယောက်ရလို့ ဆေးဗူးလေး လက်ဆောင်ပေးလိုက်တယ်ဆို
“ဆေးကကောင်းလို့၊ ဒူးနာနေတာ ဘယ်ဆေးလိမ်းလိမ်း မပျောက်ဘူး၊ အမြဲဒူးစွပ်နဲ့နေရတာ၊ ဒီဆေးလေးလိမ်းတာ အခုသက်သာသွားလို့” စသည်ဖြင့် လက်ဆောင်ပေးလိုက်တိုင်း ဆေးကောင်းကြောင်း ပြန်ပြောခံရတယ်။ အဲဒီလက်ဆောင်ပေးလိုက်တဲ့လူဆို ၆ လ လောက်နေတော့ ဆေးလိမ်းစရာတောင်မလိုတော့ဘူး၊ ပြန်ကောင်းသွားပြီ။
သုံးစွဲသူတွေ သူတို့အလှုအတန်းလုပ်ရင် ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီကို ဝယ်ဝယ်လှုရတာကအမော။
လက်ရှိတိုင်းရင်းဆေးခန်းဖွင့်ပြီး ကုနေတဲ့သူတွေတောင် တကူးတက Page မှာလာပြောကြတယ်။ ကျွန်တော်/ ကျွန်မက အကြောပြင်ဆရာပါ၊ ဆေးကုသက်တမ်း ဘယ်နှနှစ်ရှိပါပြီ၊ ကျွန်တော်/ ကျွန်မ ကုခဲ့တဲ့သက်တမ်းတစ်လျှောက် ဆေးမျိုးစုံ သုံးပြီးလူနာတွေကို ကုခဲ့ဖူးပါတယ်။ ဒီဆေးလောက်ကောင်းတာ မတွေ့ဖူးသေးပါ။ စသည်ဖြင့် ပြန်လာပြောကြတယ်။
သူတို့တင်မဟုတ်ဘူး။ ဆရာဝန်ကြီးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေတောင် ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီကို အိမ်စောင့်ဆေးအဖြစ်စဉ်ဆက်မပြတ် သုံးစွဲနေကြတာတွေရှိတယ်။
ဘဝထဲက ပြုံးမိတာလေးတစ်ခုက
တစ်ခါက ရှမ်းခေါက်ဆွဲ သွားစားရင်း ဆိုင်ရှင်မိန်းမက တခြားဝိုင်းမှာစားနေတဲ့ သူ့ဖောက်သည်နဲ့ ကိုယ့်ကိုမိတ်ဆက်ပေးနေတာ။
“သူတို့က ကျောက်နဂါးလိမ်းဆေးရောင်းတာလေ၊ အမလေး သူတို့လိမ်းဆေးက ရွာကနွားမကြီးပေါင်အကြောကပ်တာ၊ သူတို့ဆေးလိမ်းပေးတာ ပြန်ကောင်းသွားတယ်။ လူတင်မဟုတ်ဘူး၊ တိရစ္ဆာန်တောင်ပျောက်တယ်” ဆိုပြီး မိတ်ဆက်ခံရတယ်။ ဟိုဘက်ဝိုင်းက သူ့ဖောက်သည်က “ဟုတ်လား” ဆိုတဲ့ပုံစံနဲ့ ကိုယ့်ကိုလှမ်းကြည့်နေတော့၊ ကိုယ်လည်း ဘာပြောရမှန်းမသိလို့ ပြုံးပဲပြုံးနေလိုက်တယ်။
ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ စာရှည်မှာစိုးလို့မရေးတော့ပါဘူး။
ဆေးကြော်ငြာပိုစ့်ဖြစ်လို့ အဓိက အကြောင်းအရင်းကိုပဲ ထည့်သွင်းဖော်ပြလိုက်တော့တယ်။
ဆေးကြော်ငြာ -
လေဖြတ်လူနာများပင်လျှင် အမှန်တကယ်သက်သာပျောက်ကင်းခဲ့သော ရာဇဝင်ကောင်းများနှင့် ကျောက်နဂါးရှုဆေးလိမ်းဆေးဆီ။ သုံးဖူးသူတိုင်း ကြိုက်နှစ်သက်ကြတဲ့ ကျောက်နဂါးရှုဆေးလိမ်းဆေးဆီ။ မသုံးဖူးသေးရင်တော့ မိမိ မိသားစုအတွက် အိမ်မှာဝယ်ပြီးဆောင်ထားလိုက်ပါတော့။
ပုံမှန် (ညောင်းညာ၊ ထုံကျင်၊ ကိုက်ခဲ၊ နာကျင်) တာလောက်ကတော့ အခုလိမ်းအခုပျောက်သော ဆေးစွမ်းကောင်းတစ်လက်။
ရောဂါကြီးသမားများ (ဥပမာ - လေဖြတ်လေငန်း၊ လေးဘက်နာ၊ ကျီးပေါင်းသမားများ)လည်း သေချာစနစ်တကျသာစွဲလိမ်းပေးပါ။ ရောဂါမုချဧကန် ပျောက်စေရမည်။
နိုင်ငံခြားကထုတ်တဲ့ (၉ သောင်းတန်၊ ၁ သိန်းတန်) နိုင်ငံခြားထုတ် လိမ်းဆေးတွေနဲ့ ယှဉ်ကြည့်မလား။ မြန်မာနိုင်ငံက ဟောဒီ့ကျောက်နဂါးရှုဆေးလိမ်းဆေးဆီက ဘယ်လောက်သာနေသလဲသိလိမ့်မယ်။
ဒီအောက်ကတော့ ကျောက်နဂါးရှုဆေးလိမ်းဆေးဆီ ပျောက်ကင်းနိုင်သောရောဂါများအကြောင်း သေချာလေးရှင်းပြပါ့မယ်။
အော် ... ဒါနဲ့ ဖယောင်းလုံးဝမပါတဲ့အတွက်လည်း ရောဂါကြီးသမားများ၊ ရေရှည်စွဲလိမ်းမည့်သူများ သွေးကြောလေကြောတွေကပ်သွားမှာမျိုး မစိုးရိမ်ရတော့ဘူးနော်။ သဘာဝ သစ်ဥ၊ သစ်ဖု၊ အဆီ၊ အနှစ်တွေနဲ့သာ ဖော်စပ်ထားကြောင်း ရဲရဲကြီးအာမခံပါတယ်ခင်ဗျာ။
"ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီ" ပျောက်ကင်းနိုင်သောရောဂါများ
(၁) အဆစ်မြစ်နာကျင်ကိုက်ခဲခြင်း
(၂) ဇက်လေးခြင်း၊ ဇက်ကြောတက်ခြင်း
(၃) နောက်ကြောတက်ခြင်း
(၄) ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ခြင်း
(၅) ခါးနာ၊ ခါးကိုက်ဖြစ်ခြင်း
(၆) ဒူးနာ၊ ဒူးကိုက်ဖြစ်ခြင်း
(၇) ချောင်းဆိုး၊ ရင်ကြပ်ဖြစ်ခြင်း
(၈) ဝမ်းကြော၊ ရင်ကြောတင်းခြင်း
(၉) လေဖြတ်၊ လေငန်းခြင်း
(၁၀) လေးဘက်နာဖြစ်ခြင်း
(၁၁) ထုံကျင်၊ ကိုက်ခဲခြင်း
(၁၂) ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းခြင်း
(၁၃) ခြေကပ်၊ လက်ကပ်ဖြစ်ခြင်း
(၁၄) ကိုယ်တခြမ်းမလှုပ်နိုင်ခြင်း
(၁၅) သွပ်ချာပါဒဖြစ်ခြင်း
(၁၆) လည်ပင်းကျီးပေါင်းတက်ခြင်း
(၁၇) ခါးဆစ်ကျီးပေါင်းတက်ခြင်း
(၁၈) ဂေါက်ရောဂါဖြစ်ခြင်း တို့ကို
အသားထဲစိမ့်ဝင်သည်အထိ ပွတ်လိမ်းဆုပ်နယ်ပေးပြီး၊ အဝတ်ပါးလေးဖြင့်စည်းပေးထားပါက အလျှင်အမြန် သက်သာပျောက်ကင်းပါလိမ့်မည်။
ချိုသာသောဈေးနှုန်းနဲ့ အရည်အသွေးပြည့်ဝတဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ကြောင်း ရဲရဲအာမခံပါတယ်ခင်ဗျာ။
ကျောက်နဂါး ရှုဆေးလိမ်းဆေးဆီ အဆင့်မြင့် အထူးထုတ်
ဈေးနှုန်း ၁ ဗူး ၁၁,၅၀၀
ပင်ရင်း ၈၉လမ်း၊ ၃၅ နှင့် ၃၆ကြား၊ ဖြူဈာန်သင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မန္တလေးမြို့။
ဖုန်း 09-777190171, 09-788757724, 09-766391766
# # # # # # # # # # # # # # # # # # # # # # # # # # # # # #
တိုင်းနှင့်ပြည်နယ်အလိုက် ဝယ်ယူရရှိနိုင်သော ဆိုင်လိပ်စာများကို Comment မှဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
# # # # # # # # # # # # # # # # # # # # # # # # # # # # # #