26/01/2026
‼️ အခုတလော အိန္ဒိယနိုင်ငံမှာ ပျံ့နှံ့နေတဲ့ နီပါဗိုင်းရပ်စ် (Nipah Virus) 🦠
🌎 အခုရက်ပိုင်း သတင်းတွေထဲမှာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့အနီးက နီပါဗိုင်းရပ်စ(Nipah Virus) အကြောင်းဟာ တော်တော်လေးပျံ့နှံ့နေပါတယ်။
မြန်မာနိုင်ငံ အနေနဲ့လည်း လင်းနို့မျိုးစိတ်များ ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်/အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ရောဂါဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ရန် ရောဂါအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
‼️ ရောဂါက ဘယ်လိုကူးစက်တာလဲ ?
1️⃣ တိရစ္ဆာန်မှ လူသို့ (ဝက်၊ လင်းနို့ အရည်များနဲ့ တိုက်ရိုက်ထိ)
2️⃣ အစားအစာမှတစ်ဆင့်
- ထန်းရည်အစိမ်း (လင်းနို့ဆီး/တံတွေးပါနိုင်)
- လင်းနို့ကိုက်ထားသော အသီးများ
3️⃣ လူမှ လူသို့
- အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်
✅ ဘယ်လို ကာကွယ်ရမလဲ ?
▫️အစားအသောက်ကို ဆင်ခြင်ပါ
လင်းနို့ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝမစားပါနဲ့။ အသီးကို မစားခင် သေချာဆေးကြောပြီး အခွံနွှာစားပါ။
▫️ထန်းရည်/ဓနိရည်ကို သတိထားပါ။
▫️တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။
အပြင်ကပြန်လာရင် လက်ကို ဆပ်ပြာနဲ့စင်အောင်ဆေးပါ။
ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”
“လင်းရောင်ဦးဆေးရုံ”
🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
☎️- 09 949 241 001 ~ 3, 09 740 900 961