Bagan online

Bagan online အိမ်ထောင်ရေးသုခဆေးဆိုင်

🔵မိတ်ဆွေတို့အိမ်ထောင်ရေးသာယာစေချင်ပါသလား?🔵အချိန်၃မိနစ်ဘဲပေးပါ😎တစ်ဗူးဝယ် လက်ဆောင်နှစ်မျိုးနော်👍🏼မှန်းစမ်းပါအုံး.. ဘာတွေဝယ...
24/07/2020

🔵မိတ်ဆွေတို့အိမ်ထောင်ရေးသာယာစေချင်ပါသလား?🔵
အချိန်၃မိနစ်ဘဲပေးပါ

😎တစ်ဗူးဝယ် လက်ဆောင်နှစ်မျိုးနော်👍🏼

မှန်းစမ်းပါအုံး.. ဘာတွေဝယ်လို့ ဘာတွေပေးမလဲဆိုတာ…. 😍
ဒီလိုလေဗျာ.. ကိုယ့်ဆရာတွေက လာလိုက်ရင် ကြီးချင်လို့ဗျာ… မြန်နေလို့ဗျာ… ကျွန်တော့်ပစ္စည်းကသေးတဲ့ အပြင် တက်ထွက်ဖြစ်နေလို့ဗျာ ဆိုတဲ့ ညီအစ်ကိုတွေအတွက် တစ်ခုဖိုးပဲကုန်ပြီး သုံးခုရမယ့်အခွင့်ရေးနော်.. 😎
သိချင်နေကြပြီမလား.. အားလုံးကိုလည်းမြန်မြန်လေးကြော်ငြာပေးချင်နေတာပါ.. 😊

🔵Sh***ri လိမ်းဆေး (ကြီးဖို့၊ ရှည်ဖို့) တစ်ဗူးဝယ်ယူသူတိုင်းကို SUPERV (ကြာဖို့) သောက်ဆေးတစ်ဗူး ဂေါ်လီအစွပ်တခု လက်ဆောင်ပေးမှာပါခင်ဗျ.. 🔵

❗️ပုံမှန်ဆိုရင် Sh***ri လိမ်းဆေးတစ်ဗူး40000 ကျပ်၊ SUPERV တစ်ဗူးကို 25000 ကျပ်၊ဂေါ်လီစွပ်တခုကိုလည်း15000ကျပ်။

🔸အခုပရိုမိုးရှင်းချနေတာက
သုံးခုပေါင်းမှ 35000 ကျပ်ပဲပေးရမှာ.. 🔸
ပို့ခ+2000ပေးရပါတယ်ခင်ဗျာ

အရမ်းတွေတန်ပါတယ်.. ဒီလို ပရိုမိုးရှင်းများပေးမိလို့ကတော့ တစ်နေ့တစ်နေ့လက်မလည်အောင်ရောင်းရတာ.. တက်လိုက်တဲ့အော်ဒါဆိုတာ ပစ္စည်းပြတ်တဲ့အထိပါပဲခင်ဗျာ.. ပစ္စည်းအပြည့်ဖြည့်ပြီးမှ ပရိုမိုးရှင်းပေးတာဆိုပေမယ့် ပစ္စည်းပြတ်တဲ့အထိအားပေးကြမ်းတတ်တဲ့ ဆရာသမားတွေ ကျွန်တော်တို့ ပေ့ခ်ျမှာ ရှိနေပါတယ်ခင်ဗျာ.. ဒါကြောင့်မလို့ဗျာ.. မြန်မြန်လေး အော်ဒါတင်ပြီး မှာလိုက်ပါ.. 😊

🔺မြန်မာတစ်နိုင်ငံလုံးကိုပို့ဆောင်ပေးနေပါတယ်…
Ph 09 445620203

📌Sh***ri ကြီးရှည်လိမ်းဆေး ရဲ့အာနိသင်က ပစ္စည်း
ငယ်လို့အားမရဖြစ်နေတဲ့သူတွေအတွက် အမှန်တကယ်အကျိုးရှိ ထိရောက်စေတဲ့ဆေးစွမ်းတစ်လက်ပါ.. တစ်ဗူး တစ်လခွဲလောက်အသုံးခံပါတယ်ခင်ဗျ…
📌SUPERV ကတော့ တက်ထွက်ဖြစ်နေတဲ့သူတွေ၊ အပြီးမြန်တဲ့သူတွေအတွက်တော့ တကယ်ကိုသုံးသင့်တဲ့ ဆေးလေးတစ်မျိုးဖြစ်ပါတယ်..
📌နောက်တမျိုးကတော့ဂေါ်လီအစွပ်လေးပါခမျ..

🎯သုံးမျိုးလုံးက USA ထုတ်ပစ္စည်းအစစ်တွေဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလုံးဝ (လုံးဝ)မရှိကြောင်း 100% အာမခံပါတယ်ခင်ဗျာ…
အော်.. ဒါနဲ့ ကြီးချင်တဲ့သူနဲ့ ကြာချင်တဲ့သူနှစ်ယောက်ပေါင်းပြီး ဒီပရိုမိုးရှင်းလေးယူမယ်ဆိုရင်လည်း တစ်ယောက်တစ်ဝက်သာကုန်ကျပြီး ပစ္စည်းလည်းတစ်ယောက်တစ်မျိုးရမှာ ဆိုတော့ ဘော်ဒါဘော်ချွတ်တွေကိုလည်းအဖော်ဆွယ်ပြီး ဒီပရိုမိုးရှင်းလေးရယူလို့ရတယ်နော်..👍🏼

🔺ကဲ ကဲ.. ပရိုမိုးရှင်းက 10ရက်ထဲပဲပေးသွားမှာမို့လို့ မြန်မြန်လေးနော်.. မြန်မြန်လေး အခုပဲ Message box ကနေလှမ်းမှာလိုက်ပါ..😎

🔺အခြားသော မိတ်ဆွေများလည်း ပရိုမိုးရှင်းကာလလေးသိသွားအောင်
ကူညီတဲ့ အနေနဲ့ဒီpost လေးကို Like&Share လုပ်ပေးသွားစေချင်ပါတယ်..😎

PH 09 445620203
09 445620203Viber)

စကားကြီးသုံးခွန်း🔯🔯🔯🔯🔯🔯🔯🔯🔯၁။ကြွေးဟောင်းကိုလဲ ဆပ်ပါ၂။ကြွေးသစ်ကိုလဲချပါ၃။ရွှေအိုးလဲ မြုပ်ပါမိဘတွေဆိုတာ သားသမီး တွေရဲ့အပေါ်မှ...
24/07/2020

စကားကြီးသုံးခွန်း
🔯🔯🔯🔯🔯🔯🔯🔯🔯
၁။ကြွေးဟောင်းကိုလဲ ဆပ်ပါ

၂။ကြွေးသစ်ကိုလဲချပါ

၃။ရွှေအိုးလဲ မြုပ်ပါ

မိဘတွေဆိုတာ သားသမီး တွေရဲ့အပေါ်မှာ အင်မတန် ချစ်ကြတယ်,မြတ်နိုးကြတယ်,လုပ်ပေးနိုင်သလောက် အကောင်းဆုံး လုပ်ပေးချင်ကြတယ်။ဒါ ကြောင့် ကိုယ့်အပေါ်မှာ ကျေးဇူးတရားတွေ အများကြီး ရှိတယ်။
ဆက်ပြီးတော့ ပြောချင်တာက ကျေးဇူးတရားသဘောတင် မကဘူး ကြွေးသဘောမျိုးပါ တင်နေတယ်ဆိုတာကို နားလည်စေချင်တယ်။

ကြွေးဆို နည်းနည်းတော့ ရင့်သီးသွားတာပေါ့။ကျေးဇူးဆို တော့ နည်းနည်းနူးညံ့တဲ့သဘော ရှိတယ်။ ဒါပေမယ့် ကြွေးဆိုတဲ့အသုံးအနှုန်း မြတ်စွာဘုရား ကိုယ်တော်တိုင် သုံးခဲ့တာ။ သူတော်ကောင်းတို့ ကြားဘူးပါတယ်၊သာလိကေဒါရဇာတ် ဆိုတာ။ ကေဒါရကျေးမင်းဇာတ်မှာ ဘုရားလောင်းက ကြက်တူရွေးလေးဖြစ်တော့ အပေါင်းအသင်းကြက်တူရွေးနဲ့ လယ်တစ်ကွက်ကို ဝင်ပြီး တော့ စားကြတော့ ပြန်ပြီဆိုတော့ သူက စပါးနှံတွေကို ကိုက်ချီပြီးတော့ ပြန်သွားတာ။ ကျန်တဲ့ကြက်တူရွေးတွေက
ဝရုံစားပြီးတော့ ဒီတိုင်း ဗလာချင်းပြန်သွားတာ။သူက နူတ် သီးမှာ ဘာတွေပါတုန်း။စပါးနှံတွေ အများကြီး ပါသွားတယ်။ အဲဒါကို လယ်စောင့်တဲ့ယောကျာ်းက 'ဆန်းတယ် ဒီ ကြက်တူရွေး အတော်ဆိုးတာပဲပေါ့'အဲဒါနဲ့ လယ်ရှင်ပုဏ္ဏား
ကို ပြောတော့ 'အဲဒီကြက်တူရွေးကို ရအောင်ဖမ်း'ရတော့
ဘုရားလောင်းကြက်တူရွေးကို မြင်တော့ ပုဏ္ဏားက သတ် ဖို့ နေနေသာသာ သားသမီးလို ချစ်တယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပြုံးပြုံးရွှင်ရွှင်ပဲ မေးတယ် "အော် အမောင် ကျေးသား မင်းက ဟိုမှာ စပါးတိုက်တွေ ဘာတွေများ ရှိ လား? ဒါမှ မဟုတ် မင်း ငါ့ကို တော်တော် မုန်းနေတယ်နဲ့ တူတယ်၊ ငါ့လယ်က စပါးနှံတွေကို မင်း အများကြီး ဖျက် ဆီးတယ်"။ အဲလိုပြောတော့ ဘုရားအလောင်းက
"ပုဏ္ဏား ကြီးတဲ့ သူမှာ ကြွေးဟောင်းကိုလည်း ဆပ်ရပါတယ်၊ကြွေး
သစ်ကိုလည်း ချရပါတယ်။ရွှေအိုးလည်း မြုပ်ရပါတယ်လို့ စကားသုံးခွန်း ပြောတယ်။
ကြွေးဟောင်းကိုလည်း ဆက်ရပါတယ်ဆိုတာက မိခင်ဖခင်အိုတွေကို သူ ပြန်လည်ပြီးတော့ ကျွေးမွေးရတယ်တဲ့။ ဒါ ကြောင့်မို့လို့ စပါးနှံတွေကို သူ ချီသွားတာ။

ကြွေးသစ်ချတယ်-ဆိုတာ အတောင်မစုံသေးတဲ့ သားငယ် သမီးငယ်တွေ ရှိတယ်။အဲဒါတွေကို သူ ကြွေးရပါတယ်။
ဒါ ကြွေးသစ်ချတာပါတဲ့။

ရွှေအိုးမြုပ်တယ်ဆိုတာကတော့ တစ်ခြားဘာမှ မတော်တဲ့
နာနေတဲ့,အိုနေတဲ့ ကျေးသားတွေကို ကျွေးဖို့ , မွေးဖို့ဆိုပြီး တော့ သူ ကုသိုလ်ကောင်းမူအနေနဲ့ ပြုတာကို ရွှေအိုးမြုပ် တယ်လို့ ပြောတယ်။

အဲဒီဇာတ်တော်မှာ ဘုရားလောင်းပြောတဲ့စကားကို ထော က်ထားသောအားဖြင့် မိဘတွေရဲ့ သားသမီးအပေါ်မှာ ပြု ခဲ့တဲ့အမူတွေဟာ ကြွေးသဘောမျိုး ဖြစ်နေတာ နားလည် လို့ ရတယ်နော် 'ကြွေးဆိုရင်တော့ ဆပ်မှ ကောင်းလိမ့် မယ်နော်' ဆပ်ရလိမ့်မယ်
လူဆိုတာ ကိုယ့်ဟာကိုယ် မွေးကတည်းကစပြီးတော့ အ ဆင်ပြေအောင် ရပ်တည်နိုင်တာမဟုတ်ဘူးမိဘတို့ရဲ့ကျေး ကျေးဇူးနဲ့ ရပ်တည်ခဲ့ရတာ။ အဲဒါကြောင့်မို့ လို့ ကြွေးဆိုတာကိုလည်း နားလည်ဖို့ လိုတယ်။ ဒီနေရာမှာ ဒီဇာတ်တော်တစ်ခုတည်းတင် တွေ့ရတာမဟုတ်ဘူး ကြွေးဆိုတဲ့အသုံးအနှုန်း။
မဟာပဇာပတိဂေါတမီထေရီ ပရိနိဗ္ဗာန်စံခါနီး တော့ မြတ်စွာဘုရားကို ထုံးစံအတိုင်းပေါ့လေ၊ ပရိနိဗ္ဗာန်စံ ခါနီး ရှိခိုးဦးချ တန်ခိုးတွေဘာတွေ ပြပေါ့၊အဲဒီ လျှောက်ထားတဲ့ စကားထဲမှာလည်းပဲ အဲဒီကြွေးဆိုတဲ့ စ
ကားလေး ပါတယ်။ မြတ်စွာဘုရားရဲ့အပေါ်မှာ ဂေါတမီရဲ့
ကျေးဇူးကြွေးဟာ အများကြီး ရှိတယ်။ ဒါ ပေမယ့် ဂေါတမီက ဘာပြောသွားလည်းဆိုတော့-

"မြတ်စွာဘုရားတဲ့ အရှင်ဘုရားဟာ တပည့်တော်အပေါ်မှာ တင်ရှိနေတဲ့ ကြွေးတွေ ကျေပါပြီတဲ့"ဘာပြုလို့ တုန်းဆိုတော့ တပည့်တော်အတွက် အနှောင်အဖွဲ့တွေတည်းဟူသောဘေးကနေ စောင့်ရှောက်တဲ့ အတွက်ကြောင့်"။

ဆိုလိုတာက မြတ်စွာဘုရား ပေးတဲ့တရားကြောင့်။မြတ်စွာ ဘုရားကြောင့် သိရတဲ့တရားကြောင့် ရရှိထားတဲ့ အကျိုး ကျေးဇူးတွေက သူပြုခဲ့တဲ့ကျေးဇူးထက် အဆမတန် များ တဲ့အတွက်ကြောင့် ကြွေးကျေပြီလို့ပြောတာ၊

အဲဒီကြွေးဆိုတဲ့ အသုံးအနှုန်းကိုလည်း ဂေါတမီထေရီကြီး ပြောခဲ့တယ်နော်

ဒါကြောင့် မိဘတွေ ရဲ့ကျေးဇူးတရားတွေ ကိုယ့်အပေါ်မှာ ရှိနေသလို ကြွေးဆို တဲ့ ပုံသဏ္ဍာန်တစ်မျိုးနဲ့လည်း ရှိနေတယ်ဆိုတာကို နားလည်ရမယ်။ ဒါကတော့ မဖြစ်မနေ လုပ်သင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်တယ်
မိဘတွေကတော့ သားသမီးတွေကို'ဒီ ကောင်တွေ ငါကြွေး ပေးထားလိုက်မယ်၊ မဆပ်ရင်တော့ ဘာဖြစ်စေ' ဆိုတဲ့ အဲ လောက် ယုတ်ရင်းကြမ်းတမ်းတဲ့စိတ် မရှိပါဘူး။
ဒါပေမယ့် ကိုယ်က
နားလည်ထားဖို့ လိုတယ်။

အဲဒီတော့ ကျေးဇူးတွေ ရှိတယ်။ ကြွေးတွေရှိတယ်ဆိုရင် တော့ဆပ်ရလိမ့်မယ်။
ကျေးဇူးဆပ်တယ်ဆိုတာ ရှေးသူတော် ကောင်းတို့ရဲ့ လမ်းစဉ်။ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုဘ်တွေရဲ့ အ လုပ်။

ဒါကြောင့် မြတ်စွာဘုရားက ကျေးဇူးဆပ်ရမယ်,ကျေးဇူး ဆပ်ရမယ်လို့ ဟောပါတယ်။ မိဘတို့ရဲ့ ကျေးဇူးတရားတွေကို အများကြီး သိအောင် လုပ်ပြီးတော့ တတ်နိုင်သမျှ ကျေးဇူးဆပ်မယ်ဆိုတဲ့စိတ် မွေးဖို့။ ကျေးဇူး ဆပ်ခြင်းသည်ပင်လျှင် သူတော်ကောင်းတို့ရဲ့ လမ်းစဉ်ကို လိုက်နေတာလို့ ခံယူကြဖို့ပါ။
ကျေးဇူးဆပ်တဲ့နေရာမှာ လွန် လွန်ကဲကဲ ကျေးဇူးဆပ်တဲ့ အဖြစ်အပျက်တွေကို ကြားရ
ရင် စိတ်ထဲမှာ ကြည်နူးတဲ့သဘောလည်း ဖြစ်တယ်။ ကိုယ် ကိုယ်တိုင်လည်းပဲ အတုယူအားကျတဲ့သဘောလည်း ဖြစ် ရတယ်။
သုဝဏ္ဏသာမဇာတ်ကိုပဲ ထပ်ပြောချင်တယ်။ အဲဒီသုဝဏ္ဏသာမ ဇာတ်မှာ သုဝဏ္ဏသာမ အဖေအမေကို မလုပ်ကျွေးသေး
ခင် ဒုကူလနဲ့ပါလိကာ တောထဲကို သစ်သီးရှာသွားတော့ မိုး တွေ,လေတွေ လာတော့ သစ်ပင်တစ်ပင်အောက်ကို ဝင်ခို တော့ ကျတဲ့ ချွေးက တောင်ပို့အခေါင်းထဲကို ဝင်သွားတာ။
အဲဒီမှာ မြွေက စိတ်ဆိုးပြီးတော့ အဆိပ်နဲ့မူတ်လိုက်လို့ မိဘနှစ်ပါး မျက်စိကွယ်သွားတယ်။
အဲဒါ ပြန်ချိန် ပြန်မလာတဲ့အခါကျတော့ သုဝဏ္ဏသာမက 'အဖေ ရေ ,အမေရေ' ခေါ်ရင်းနဲ့ တောထဲမှာ လိုက်ရှာတယ်။လိုက် ရှာတော့ မိဘနှစ်ပါးက ကြားတော့ "ဒီနားမှာ အန္တရာယ်ရှိ တယ် ငါ့သား၊ဒီနား မတိုးခဲ့နဲ့"။ အဲလို မိဘတွေက ပြန်ပြီး တော့ အသံပေးတော့မှ သုဝဏ္ဏသာမက ခပ်လှမ်းလှမ်း ဆယ့်လေးငါးတောင်လောက်က ရပ်တယ်ပေါ့။အဲဒီမှာ ရပ်ပြီး
တော့ နွယ်ကြိုးတွေဘာတွေ ခုတ်ပြီးတော့မှ အမေအဖေ ကို ပစ်ပြီးတော့မှ အမေအဖေက မျက်စိမမြင်ရတော့ဘူး ဆိုတော့ သူ့ဆီ ရောက်လာတယ်။အဲဒီတဒင်္ဂ,အဲဒီအခိုက်အ တန့်မှာ ဖြစ်တဲ့ သုဝဏ္ဏသာမရဲ့ခံစားမူပေါ့နော်။ဘာလုပ်လဲ
ဆိုတော့ မျက်စိကွယ်သွားတဲ့ အမေအဖေကို ကြည့်ပြီး
တော့ သုဝဏ္ဏသာမသည် ပြင်းစွာ ငိုကြွေးတယ်,သည်းထန် စွာ ရယ်မောတယ်တဲ့။ငိုခြင်းရယ်ခြင်းကို ဆက် တိုက် သူ ပြုပစ်လိုက်တယ်။ အဲဒီမှာ မိဘတွေက "ငါ့သား သုဝဏ္ဏသာမ၊ မင်း ဘာလို့ ငိုတုန်း၊ မင်း ဘာလို့ ရယ်တုန်း
မင်း စိတ်များ ဖောက်ပြန်သွားသလား" ဆိုတဲ့ အဓိပ္ပာယ်
မေးတာ။မေးတော့ သုဝဏ္ဏသာမက ဘာပြောတုန်းဆိုတော့
"မိခင်ဖခင်တို့တဲ့ ငိုတယ်ဆိုတာကတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ ငါ့ မိဘနှစ်ပါး မျက်စိကွယ်သွားတာ"ဆိုပြီး ဝမ်းနည်လွန်း
လို့ ငိုတာ။မိဘမျက်စိကွယ်သွားတာ ဝမ်းသာစရာ ကိစ္စမှ မ ဟုတ်ဘဲကိုး။"ဒါ ဖြင့် ဘာလို့ ရယ်တာတုန်း"ဆို တော့ ရယ်တဲ့အကြောင်းတရားလေးကတော့ နက်နဲတဲ့ သ ဘောရှိတယ်။ ဘာလို့ သူ ရယ်မောသလဲဆိုတော့ "ငါတဲ့ ဒီ နေ့က စပြီးတော့ မိဘကို ပြုစုလုပ်ကျွေးခွင့်ရတော့မယ်, မိ ဘကို ပြုစုလုပ်ကျွေးလို့ ဖြစ်ရတဲ့ကုသိုလ်တွေ ငါ ရတော့ မယ်"လို့ အဲဒီကုသိုလ် ရမယ့်အရေး ဒါကို အင်မတန် မွန်မြတ်တဲ့အခွင့်အရေးတစ်ရပ်လို သဘောထားပြီးတော့ ငါ့ သန္တာန်မှာ မြင့်မြတ်တဲ့ ,ကောင်းမြတ်တဲ့ စိတ်တွေ,မြင့်မြတ်တဲ့ ကောင့်မြတ်တဲ့ အလုပ်တွေ ဖြစ်တော့မယ်။ ဒါ ငါ့အတွက် အများကြီး အကျိုးကြီးတော့မယ်"လို့ မိဘရဲ့ အပေါ်မှာ
လုပ်ကျွေးခွင့်ကိုပဲ အင်မတန်ကြီးကျယ်တဲ့အခွင့်အရေးတစ်ရပ်လို့ သဘောပေါက်ပြီးတော့ ဝမ်းသာလွန်းလို့ ရယ်မောတာတဲ့။

ဆက်လက်ပူဇော်ပါမည်---

သစ္စာဝေစည် ဆရာတော်
အရှင်ဥတ္တမ ဟောကြားသော
(မိဘကျေးဇူး အထူး သိစေချင်)
တရားတော်မှ
ကောက်နှုတ်ပူဇော် ရေးပါသည်။

မေတ္တာဖြင့်
Credit original
10-5-2020
Photo credit

Address

Mandalay 88/24
Mandalay

Telephone

+959445620203

Website

Alerts

Be the first to know and let us send you an email when Bagan online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share