BCC - Best Care Clinic

BCC - Best Care Clinic People Centered Care BCC

"Make mental health for all a global priority  "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ မှာ မိဘပြည်သူအပေါင်း မိမိကိုယ်ကိုယ်ကောင်းစွာတည်ဆ...
10/10/2022

"Make mental health for all a global priority "
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ မှာ မိဘပြည်သူအပေါင်း မိမိကိုယ်ကိုယ်ကောင်းစွာတည်ဆောက်နိုင်ကြပါစေ။

08/09/2022
"စိတ်ကျရောဂါသည် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်" #စိတ်ကျရောဂါသည်အချိန်ကာလအလိုက်ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်။_...
31/03/2022

"စိတ်ကျရောဂါသည် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်"

#စိတ်ကျရောဂါသည်အချိန်ကာလအလိုက်ပြောင်းလဲဖြစ်ပေါ်နိုင်ပါသည်။
_အချို့သောသူများတွင် ရောဂါပြန်လည်ဖြစ်ပေါ်ခြင်း၊အခြေအနေ ပိုမိုဆိုးဝါးလာတတ်ခြင်း စသည့်တို့ကြုံ‌တွေ့ရတတ်ပါသည်။ထို့အတွက်ကြောင့် စိတ်ကျရောဂါ ခံစားရပါက စောလျှင်စွာ ကုသမှုခံယူရန် အလွန်အရေးကြီးပါသည်။အချိန်မီ ကုသမှုမခံယူပါကဆိုးကျိုး ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။
_စိတ်ကျရောဂါ ပိုမိုဆိူးဝါးမလာစေရန်အတွက် မှန်ကန်ထိရောက်သော ကုသမှုများစောလျှင်စွာ ရယူရန်လိုအပ်ကြောင်း စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များကအကြံပြု တိုက်တွန်းထားပါသည်။

#စိတ်ကျရောဂါသံသရာစက်ဝန်းကိုပြောင်းလဲခြင်း
_စိတ်ကျရောဂါသည် ကုသမှုမခံယူပါက ကာယကံရှင်၏ဘဝ၊နေ့စဉ် လုပ်ငန်းဆောင်တာများ၊အပြုအမူများအပေါ်တွင် ကြီးမားသောရိုက်ခတ်မှုများ ဖြစ်လာစေနိုင်ပြီး အခြေအနေ ပိုမိုဆိုးဝါးလာကာ ပြန်လည်ကောင်းလာနိုင်ခြေ နည်းပါးလာတတ်ပါသည်။ထိုသို့ ဖြစ်လာပါက စိတ်ကျရောဂါ၏သံသရာ စက်ဝန်းအတွင်းမှ ရုန်းထွက်နိုင်တော့မည်မဟုတ်ပါ။
_သို့သော်လည်း ထိရောက်မှန်ကန်သော ကုသမှု၊ပံပိုးကူညီမှုများ ရယူခြင်းဖြင့် အဆိုပါသံသရာစက်ဝန်းကို ပြောင်းလဲနိုင်ပါသည်။

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းအသွယ်သွယ် " ⭐ #ဆေးဝါးဖြင့်_ကုသမှုများ_စိတ်ကျရောဂါသက်သာပျောက်ကင်းစေနိုင်သည့် ဆေးဝါးအုပ်စုများစ...
25/03/2022

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းအသွယ်သွယ် "

⭐ #ဆေးဝါးဖြင့်_ကုသမှုများ
_စိတ်ကျရောဂါသက်သာပျောက်ကင်းစေနိုင်သည့် ဆေးဝါးအုပ်စုများစွာရှိပါသည်။
_ဆေးဝါးအမျိုးအစားရွေးချယ်မှုသည် စိတ်ကျရောဂါပြင်းထန်မှု ခံစားနေရသောအချိန်ကာလ၊အသက်အရွယ်၊အခြားသောက်သုံးနေရသောဆေးဝါးများ၊စိတ်ကျရောဂါအတွက် ယခင်ကသောက်သုံးခဲ့ရသောဆေးဝါးများ၊ကာယကံရှင်၏နှစ်သက်ရွေးချယ်မှု စသည်တို့အပေါ်မူတည်ပြီး ကွာခြားနိုင်ပါသည်။

⭐ #စိတ်ပိုင်းဆိုင်ရာကုသမှု
_စိတ်ပိုင်းဆိုင်ရာကုသမှုများတွင် သိမှုနှင့်အမူအကျင့်ဆိုင်ရာကုသမှု (Cognitive Behavioural Therapy )အီလက်ထရွန်နစ် နည်းပညာဖြင့် ဆက်သွယ်လုပ်ဆောင်နိုင်သည့် သိမှုနှင့်အမူအကျင့်ဆိုင်ရာကုသမှု (Electronically_Delivered Cognitive Behavioural Therapy)တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရေးနှင့်သက်ဆိုင်သည့် ကုသမှု (Interpersonal Therapy)စသည့် ကုသမှုများ ရှိကြပါသည်။
_တစ်ချို့သောသူများသည် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာကုထုံးများ ပူးပေါင်းကုသခြင်းဖြင့် ပိုမိုကောင်းမွန်သောတိုးတတ်မှုများ ရနိုင်ပါသည်။

⭐ #တစ်ခြားသောကုသမှုများနှင့်အကျိုးရှိသောနည်းလမ်းများ
_အခြားကုသမှုအမျိုးအစားများတွင် ဦးနှောက်ကိုနှိုးဆွသည့်ကုထုံးများဖြစ်သည့်လျှပ်စစ်လှိုင်းဖြင့်ကုသမှု (Electro Convulsive Therapy)ဦးနှောက်အတွင်းပိုင်းသို့နှိုးဆွပေးခြင်း (Deep Brain Stimulation)ဦးနှောက်ကလပ်စည်းများအား သံလိုက်လှိုင်းဖြင့်နှိုးဆွပေးခြင်း (Transcranial Magnetic Stimulation)စသည့်ကုသမှုနည်းလမ်းများ ပါဝင်သည်။
_ယခုအခါတွင်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများကိုလည်း ကုသမှုနည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြု ပြောဆိုလာကြသည့်အတွက် ကိုယ်လက်လုပ်ရှားအားကစားပြုလုပ်ခြင်းကိုလည်း လုပ်ဆောင်စေလိုပါသည်။
_စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ပံ့ပိုးခြင်း၊ခံစားချက်များကို အချိန်ပေးနားထောင်ခြင်း၊ဝေသနာခံစားရသူများ အချင်းချင်း အတွေ့အကြုံမျှဝေခြင်း စသည်တို့သည်အကျိုးရှိသော နည်းလမ်းများဖြစ်ကြပါသည်။အဆိုပါ နည်းလမ်းများကိုလည်း ဆေးဝါးကုထုံးများနှင့် ပူးတွဲလုပ်ဆောင်နိုင်ပါသည်။
_စိတ်အပန်းဖြေခြင်း၊စိတ်ကြည်လင်အောင်နေထိုင်ခြင်း၊တရားရှူမှတ်ခြင်းစသည်တို့သည်လည်း စိတ်ကျရောဂါလက္ခဏာ များကိုသက်သာစေနိုင်သည့်အတွက် လုပ်ဆောင်စေလိုပါသည်။

09/03/2022

"စိတ်ကျရောဂါ ကုသမှုနည်းလမ်းများ"

⭐စိတ်ကျရောဂါ သက်သာပျောက်ကင်းစေနိုင်သည့် ကုသမှုနည်းလမ်းများရှိပါသည်။
-စိတ်ကျရောဂါဆိုသည်မှာ စိတ်ဓာတ်ပျော့ညံ့သည့် လက္ခဏာတစ်ခု မဟုတ်ပါ။စိတ်ကျရောဂါမှ လွတ်မြောက်ရန် ပြန်လည်ရုန်းထွက်နိုင်ပါသည်။
-စိတ်ကျရောဂါသည် လစ်လျူရှု့ထားရမည့် အခြေအနေလည်းမဟုတ်ပါ။မှန်ကန်ထိရောက်သောကုသမှုများ၊ပံ့ပိုးမှုများ ရရှိပါက စိတ်ကျရောဂါပြန်လည် သက်သာပျောက်ကင်းနိုင်ပါသည်။ရောဂါမခံစားရမီက အနေအထားသို့ ပြန်လည်ရောက်ရှိ လာနိုင်ပါသည်။
-စိတ်ကျရောဂါ ကုသမှုခံယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများ လျော့ပါးသက်သာလာခြင်း၊စိတ်ကျရောဂါ လက္ခဏာများ အချိန်ကာလ တာရှည်စွာကင်းရှင်းနေကာ၊ရောဂါမဖြစ်မီအခြေအနေသို့ ပြန်လည် ရောက်ရှိလာစေရေး ဖြစ်ပါသည်။
-ရောဂါမဖြစ်မီ အနေအထားသို့ ပြန်လည်‌ရောက်ရှိလာပြီး ပုံမှန်အတိုင်း ပြန်လည်ဖြစ်လာနိုင်စေရန်အတွက် ကုသရာတွင် ဆေးဝါးများဖြင့် ကုသနိုင်သလို၊စိတ်ပိုင်းဆိုင်ရာ ကုထုံးများဖြင့်လည်းကုသနိုင်ပါသည်။
-အားပေးကူညီပံ့ပိုးပေးခြင်း၊အတွေ့အကြုံ ခံစားချက်များကိုမျှဝေခြင်း၊အချိန်ပေးနားထောင်ပြီး အကြံပေးခြင်း၊ညှိနှိုင်းပေးခြင်း တို့သည်လည်း ရောဂါပျောက်ကင်းစေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြပါသည်။
-သက်ဆိုင်ရာ ဆရာဝန်များက ကုသမှုအမျိုးအစားများအကြောင်း ရှင်းလင်းပြောပြပြီလျှင် စိတ်ကျရောဂါ ပြင်းထန်မှုအခြေအနေ၊ကာယကံရှင်၏ ရွေးချယ်မှု သဘောထားစသည်တို့အပေါ်မူတည်ပြီး အသင့်လျော်ဆုံးနှင့် အကောင်းဆုံးသော ကုထုံးများကိုရွေးချယ်နိုင်ရန် ကူညီပေးပါလိမ့်မည်။

"စိတ်ကျရောဂါ သိကောင်းစရာ ဆွေးနွေးတိုင်ပင်ကုသပါ"စိတ်ကျရောဂါ (Depression) ဆိုသည်မှာ⭐စိတ်ကျရောဂါသည်အဖြစ်များတတ်ပါသည်။*စိတ်က...
07/03/2022

"စိတ်ကျရောဂါ သိကောင်းစရာ ဆွေးနွေးတိုင်ပင်ကုသပါ"
စိတ်ကျရောဂါ (Depression) ဆိုသည်မှာ
⭐စိတ်ကျရောဂါသည်အဖြစ်များတတ်ပါသည်။
*စိတ်ကျရောဂါသည် အဖြစ်များတတ်သော စိတ်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပါသည်။
*ကမ္ဘာပေါ်ရှိ လူဦးရေ၏၂၆၄သန်းကျော်သည် စိတ်ကျဝေဒနာ ခံစားနေကြရပါသည်။

⭐စိတ်ကျရောဂါသည် သာမန်စိတ်မရွှင်ပျမှုနှင့်မတူပါ။
*စိတ်ကျရောဂါသည် သာမန် စိတ်မရွှင်ပျမှုမျိုးထက် ပိုပါသည်။
*စိတ်ကျရောဂါ ဖြစ်ပေါ်လာပါက စိတ်ခံစားချက်များမရှိတော့သလိုဖြစ်ခြင်း၊မျှော်လင့်ချက်ကင်းမဲ့သလို ဖြစ်လာခြင်း စသည်တို့ကို ရက်သတ္တပတ် ကြာမြင့်စွာ ခံစားနေရတတ်ပါသည်။စိတ်ကျရောဂါသည် ကာယကံရှင်၏ စိတ်ခံစားမှုများ၊စဉ်းစားတွေးခေါ်နိုင်မှု၊လုပ်ဆောင်မှုစသည်တို့အပေါ်တွင် ထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

⭐စိတ်ကျရောဂါ၏ ထိခိုက်မှုများသည် လူတစ်ယောက်ခြင်းစီအလိုက် အမျိုးမျိုးကွာခြားနိုင်ပါသည်။
*စိတ်ကျရောဂါ ခံစားရသည့်ပုံစံများသည် လူတစ်ယောက်ခြင်းစီအလိုက် ကွာခြားတတ်ကြပါသည်။
*စိတ်ကျရောဂါ၏ လက္ခဏာများတွင်_
-ဝမ်းနည်းခြင်း၊မျက်ရည်လွယ်ခြင်း
-စိတ်ခံစားချက်များ မရှိတော့ခြင်း၊
မျှော်လင့်ချက်ကင်းမဲ့လာခြင်း၊
-စိတ်ဝင်စားမှု၊စိတ်ပျော်ရွှင်မှုများ လျော့နည်းလာ
ခြင်း
-အစားအသောက်ပျက်ခြင်း၊စားချင်စိတ်မရှိခြင်း၊
-အိပ်မပျော်ခြင်း၊ယခင်ကထက် ပိုအိပ်လာခြင်း၊
-ဂနာမငြိမ်ဖြစ်ခြင်း၊ပြောဆိုလှုပ်ရှားမှုများ နှေး
ကွေးလာခြင်း၊
-လေးလံထိုင်းမှိုင်းနေခြင်း၊အားအင် ကုန်ခန်းပြီး
ခြေကုန်လက်ပန်းကျခြင်း၊
-ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု၊ယုံကြည်မှုမရှိတော့
ခြင်း၊
-အပြစ်ရှိသူတစ်ဦးကဲ့သို့ ခံစားရခြင်း၊
-အာရုံ စူးစိုက်နိုင်စွန်းနှင့်ဆုံးဖြတ်ချက် ချနိုင်စွမ်း
လျော့နည်းလာခြင်း၊
-နေ့စဉ်လုပ်ဆောင်နေကျ အလုပ်များ
မလုပ်ဆောင်နိုင်တော့ခြင်း၊
-ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုသည့် အတွေးများ
ပေါ်လာခြင်း စသည်တို့ပါဝင်ပါသည်။

Facial Palsy (မျက်နှာတစ်ခြမ်းသေခြင်း) ဤရောဂါသည် လူကြီး လူငယ် ကျား မ မရွေးဖြစ်ပွါးနိုင်သည့် မျက်နှာတစ်ခြမ်းရွဲ့သွားသည့်ရေ...
16/01/2022

Facial Palsy (မျက်နှာတစ်ခြမ်းသေခြင်း)

ဤရောဂါသည် လူကြီး လူငယ် ကျား မ မရွေးဖြစ်ပွါးနိုင်သည့် မျက်နှာတစ်ခြမ်းရွဲ့သွားသည့်ရောဂါဖြစ်ပါသည်။
လေဖြတ်ခြင်းနှင့်တွဲ၍ဖြစ်နိုင်သလို သူ့ချဥ်းသက်သက်လဲဖြစ်နိုင်ပါသည်။
ဖြစ်စေသည့်အကြောင်းများမှာ

• မျက်နှာဆိုင်ရာအာရုံကြော (facial nerve) အအေးမိ ခြင်း​ကြောင့်ယောင်ယမ်းခြင်း
• virus ပိုး ကြောင့်ယောင်ယမ်းခြင်း
• မျက်နှာနှင့် ဦးခေါင်း အနီးထိခိုက်မိခြင်း
• နားရွက်အနီးအနားခွဲစိတ်ရခြင်း တို့ကြောင့်ဖြစ်သည်။
ဤဝေဒနာ ဖြစ်လာပါက ထိပ်လန့်ခြင်းနှင့် ရှက်စိတ်ကြောင့် ကြိတ်၍ကုသခြင်း နှိပ်ခြင်းများပြုလုပ်လေ့ရှိကြသည်။ ထိုသို့မပြုလုပ်သင့်ပါ။စောစီးစွာ တတ်ကျွမ်းနားလည်သူနှင့်ကုသမှုခံယူရန်လိုအပ်ပါသည်။
အာရုံကြောအယောင် ကျအောင် ဆေးများနှင့်ကုသခြင်း ၊ စက်များနှင့်ကုသမှုခံယူခြင်း နှင့် လေ့ကျင့်ခန်းများနှင့် ပြန်လည်သန်စွမ်းလာစေရန် ကုသမှုများကို တစ်ပြိုင်နက်ဆောင်ရွက်ရပါမည်။
BCCဆေးခန်းတွင် ဤဝေဒနာ အတွက် ဦးနှေက်အာရုံကြောအထူးကု အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာ၀န်များနှင့် အကြောကျွမ်းကျင်ပညာရှင်များပူးပေါင်းကုသမှုပေးနေပါပြီ။
ဆက်သွယ်၍ ကုသနိုင်ရန် ph 09964589901 09964589902 09964589903

05/01/2022

😔 အလေးထား ဂရုမပြုမိကြသော စိတ်ကျန်းမာရေး 😔

🤯 စီးပွားရေး၊ နိုင်ငံရေး၊ ကပ်ရောဂါဘေး အကြပ်အတည်းများကြောင့် ရှုပ်ထွေးများပြားလှတဲ့ ပြဿနာများကို နေ့စဉ်ရင်ဆိုင်ကျော်ဖြတ်ရချိန်မှာ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်းတို့နဲ့အတူ ညဖက်အိပ်မပျော်ခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်၍ မရခြင်း၊ မကြာခဏ လန့်နိုးတတ်ခြင်း စတဲ့ လက္ခဏာများကို ခံစားနေရပါက မိမိရဲ့ ခန္ဓာကိုယ် ကျန်းမာမှု သာမက စိတ်၏ ကျန်းမာမှုကိုပါ သတိပြုသင့်ပါတယ်။

ရိုက်ချက်ပြင်းလှတဲ့ COVID 3rd wave ကို ကြံ့ကြံ့ခံ ကြိုးစားကျော်ဖြတ် အောင်မြင်ပြီးသွားသောအခါ ကိုယ်ခန္ဓာမှာရော စိတ်မှာပါ ဝေဒနာများစွာ ကျန်ရစ်ခဲ့တတ်ပါတယ်။ 🥺

😢 COVID ရောဂါ ခံစားနေရစဉ် ကြောက်စိတ်၊ ပူပန်စိတ်၊ social isolation လုပ်ကာ တစ်ယောက်ထဲ သီးသန့်နေရသည့်အတွက် ဝမ်းနည်းအားငယ် အထီးကျန်စိတ်များမှ အစပြု၍ post covid လူနာ အများစုတွင် ညဖက် အိပ်မပျော်ခြင်းကြောင့် နေ့တဓူဝ လုပ်ငန်းဆောင်တာများမှာပါ အနှောင့်အယှက်ဖြစ်လာသည်အထိ တွေ့ကြုံနေရပါက မိမိ၏ စိတ်ကျန်းမာရေးကို လျစ်လျူရှုမထားဘဲ နားလည်တတ်ကျွမ်းသည့် စိတ်ရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးကာ လိုအပ်သော အကြံပေး ကုသမှုများကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်ရှင့်။

👨‍⚕️ ကိုယ်ခန္ဓာ ကျန်းမာရေးနည်းတူ အရေးကြီးလှသည့် စိတ်ကျန်းမာရေးအတွက် နိုင်ငံတကာ အတွေ့အကြုံရှိ ဝါရင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ပြသဆွေးနွေးလိုပါက “𝑩𝒆𝒔𝒕 𝑪𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄” ကိုသာ ဆက်သွယ်လိုက်ပါ။

💻 ဆေးခန်းလာရောက်ဖို့ အဆင်မပြေသော လူနာများနှင့် နယ်ဝေးမှ လူနာများလည်း စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးနှင့် အဆင်ပြေစွာ ဆွေးနွေးပြသနိုင်ရန်အတွက် မိမိနေအိမ်၌ပင် online မှတဆင့် 𝚃𝚎𝚕𝚎-𝚌𝚘𝚗𝚜𝚞𝚕𝚝𝚊𝚝𝚒𝚘𝚗 service လည်း “𝑩𝒆𝒔𝒕 𝑪𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄“ တွင် ရရှိနေပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

📲 𝚃𝚎𝚕𝚎-𝚌𝚘𝚗𝚜𝚞𝚕𝚝𝚊𝚝𝚒𝚘𝚗 ပြုလုပ်လိုသူများအနေဖြင့် ဆရာဝန်ကြီးနှင့် ပြသနိုင်မည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်၍ Booking ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

➕ 𝑩𝒆𝒔𝒕 𝑪𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 ➕
အမှတ် (၄၄၉)၊ ၃၃ လမ်း၊ ၈၁ လမ်း x ၈၂ လမ်းကြား၊ မန္တလေးမြို့။
📞 - 09964589901, 09964589902, 09964589903

31/12/2021
18/12/2021
ကျန်းမာရေး ဗဟုသုတအနေဖြင့်  မကြာမကြာတွေ့ ရလေ့ရှိသော  Frozen Shoulder or Adhesive Capsulitis ပခုံးနာ၍အမြှေးကပ်ခြင်းအကြောင်...
03/12/2021

ကျန်းမာရေး ဗဟုသုတအနေဖြင့် မကြာမကြာတွေ့ ရလေ့ရှိသော Frozen Shoulder or Adhesive Capsulitis ပခုံးနာ၍အမြှေးကပ်ခြင်းအကြောင်း တင်ပြလိုပါတယ်။
ဒီလိုလူနာတွေဘယ်လို ပြောတတ်ကြသလဲ❓
- ပခုံးကနေ နာပြီး လက်ထိ ကိုက် နေလို့ပါ။ ညည အေးရင် ပိုဆိုးပါတယ်။ သူ့ဘက်လဲ ဖိမအိပ်နိုင်ဘူး။ နောက်ကျော ကို ကုပ်ရင် သိပ်နာတယ်။ အမျိုးသမီးတွေ ဆို ဘော်လီချိတ်တောင်မချိတ်နိုင်ပါဘူး ကနေ တဖြည်းဖြည်းဆိုးလာလိုက်တာ ခေါင်းဖီး ဆံတုံးထုံး တာတောင်မလုပ်နိုင်လို့ သူများကလုပ်ပေးရတယ် စသည့်ပြသနာများဖြင့် လာလေ့ရှိကြပါတယ်။

ပခုံးဆစ်သည် အဆစ်များထဲတွင် ကြွက်သားများစွာတွယ်နေပြီး လုပ်ရှားမှု အများဆုံးအဆစ်ဖြစ်ပါတယ်။ ရှေ့ နောက် ဘေး နှင့်လှည့်ခြင်း များအကုန်လုပ်လိုရြတဲ့အဆစ်ဖြစ်သောကြောင့်အသုံးပြုမှုများသဖြင့် အရွတ်များကိုလည်း မကြာခဏ ဒဏ်ဖြစ်နိုင်ပါတယ်။
အကြောင်းရင်း မရှိဘဲသူ့အလိုလိုဖြစ်နိုင် သလို၊ အခြားတွဲတွေ့ရသည့်ရောဂါများလည်းရှိပါသည်။ ၄င်းတို့မှာ
- ဆီးချိုရောဂါ
-လည်ပင်း thyroid gland မှ ဟော်မုန်းအထွက် နဲခြင်း (သို့မဟုတ်) များခြင်းကြောင့်ဖြစ်သော ရောဂါများ
-လေဖြတ် ထားသောကြောင့် ကြွက်သားများ၊အရွတ်များအားပျော့နေ ခြင်း နှင့် လေ့ကျင့်ခန်း များလုပ်သော်လည်းမမှန်ခြင်း
-သွေးလေးဘက်နာရောဂါ
- လက်ပိုင်းခွဲစိတ်ထားခြင်း ၊ ရင်သား ခွဲစိတ်ထားခြင်း ၊
လက်ခိုက်မိထားခြင်းကြောင့် နှင့် အရိုးကျိုး၍ကျောက်ပတ္တီးကိုင်ရသဖြင့် ကြာရှည်မလှုပ်မယှက်နေသူများ တွင်အဖြစ်များလေ့ရှိသည်။

ဤရောဂါတွင်အဆင့် ၃ ဆင့်ရှိပါသည်။
ပထမဆုံး ပခုံး နာသည့် အဆင့်သည် လပေါင်းများစွာကြာနိုင်သည်။
ဒုတိယ ပခုံးကပ်လာသည့်အဆင့် သည်လည်း နှစ် နှင့်ချီ၍ကြာနိုင်ပါသည်။
တတိယ သက်သာလာသည့် အဆင့်တွင် နာကျင်မှု စသက်သာလာပြီး လှုပ်ရှားလို့တဖြည်းဖြည်းပြန်ရလာပါမည်။ ဤအဆင့်သည်လည်း နှစ် နှင့်ချီ၍ကြာနိုင်ပါသည်။
တချို့သောလူနာများတွင်ကုသမှု မခံယူပါကလက်အပြည့်ပြန်မြှောက်နိုင်ခြင်းမရှိသည်လည်းဖြစ်သွားနိုင်ပါသည်။
ရောဂါဖြစ်လာလျှင် စောစီးစွာကုသမှုခံယူရန်လိုအပ်ပါသည်။ ပြန်လည်သန်စွမ်းရေးဌာနတွင် အသံလှိုင်းနှင့် ကုသသည့် စက် ၊ သံလိုက်လှိုင်းဖြင့် ကုသသည့် စက်များနင့် ကုသမှုခံယူခြင်း၊
လေ့ကျင့်ခန်းများပြုလုပ်ခြင်းစသည့် ကုသမှုများခံယူသင့်ပါသည်။
ဤရောဂါသည် အသက်အန္တရာယ်မရှိသော်လည်း ဘဝနေထိုင် မှု အရည်အသွေးကျဆင်းခြင်း၊ ချက်ခြင်းပျောက်ကင်းသည့်ရောဂါ မဟုတ်သောကြောင့် စောစီးစွာကုသမှုခံယူ ဘို့အရေးကြီးလှပေသည်။ ပခုံးမကပ်ခင် နာသည့် အဆင့်မှ စ၍ ကုသပါက ပိုမိုမြန်ဆန်စွာ ပျောက်ကင်းနိုင်ပါသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ သင့်အား BCC မှ တာဝန်ယူပါရစေ....

Reliable Service... Reasonable Cost.. 💝

လိပ်စာ - ၃၃လမ်း, ၈၁-၈၂ ကြား , မန္တလေးမြို့ ။

Address

33 Street, Between 81st & 82st , , Chan Aye Tharzan Township
Mandalay

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959964589901

Website

Alerts

Be the first to know and let us send you an email when BCC - Best Care Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BCC - Best Care Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram