Sinocare Myanmar

Sinocare Myanmar The Leading Diabetes Digital Management Expert in the World(全球领先的糖尿病数字管理专家)
https://bhoneshweyimin.com

Sinocare Myanmar Page လေးကို 2017 September လမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဆီးချို၊ သွေးချိုဝေဒနာရှင်များအတွက် ကျန်းမာရေး အသိပညာ၊ ဗဟုသုတများအား ဝေဝေဆာဆာဖြင့် အများအကျိုးရှိအောင် ဝေမျှသွားမှာဖြစ်ပါတယ်ရှင့်။ စာပေများကို ရေးသားမျှဝေတဲ့နေရာမှာ ဆီးချိုသွေးချိုရောဂါအကြောင်းကို တကယ်နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ရေးသားထားသော၊ သတင်းအချက်အလက်များ တိကျမှန်ကန်သော စာများကိုသာ မူရင်းရေးသော စာရေးဆရာကို Credit ပေးပြီးတင်ပြသွားမှာဖြစ်ပါတယ်။
2017 November လဆန်းလောက်မှာတော့ Sinocare Myanmar ရဲ ့ Product ဖြစ်တဲ့ Safe-Accu Glucometer (ဆီးချိုသွေးချိုတိုင်းစက်) ကို စျေးကွက်အတွင်း စတင်ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုတိုင်းစက်ထုတ်လုပ်ဖြန့်ချိမှုတွင် ကမ္ဘာ့နံပါတ် (၆) အဆင့်ရှိပြီး အာရှအကြီးမားဆုံးဖြစ်သော Sinocare Co-operation မှ တင်သွင်းထားသည့် ဆီးချိုသွေးချိုတိုင်းစက်ကို " ဘုန်းရွှေရည်မင်း ကုမ္ပဏီလီမိတက်" မှ မိဘပြည်သူများလက်သို့ အရောက်ပို့ဆောင်ရင်း၊ ကျန်းမာရေး ဗဟုသုတများကို ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
အားလုံးပဲ ကာယ၊ စိတ္တ နှစ်ဖြာသောသုခနှင့် ပြည့်စုံ၍ ကျန်းမာကြပါစေကြောင်း Sinocare Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။

ဆီးချိုသမားများ စားပြီးရင် နောင်တရစမြဲ မဖြစ်ရလေအောင်ဆီးချိုသွေးချိုရောဂါရှင်တွေအနေနဲ့ အချိုကလွဲရင်  သာမန်လူတစ်ယောက် စားန...
28/03/2026

ဆီးချိုသမားများ စားပြီးရင် နောင်တရစမြဲ မဖြစ်ရလေအောင်

ဆီးချိုသွေးချိုရောဂါရှင်တွေအနေနဲ့ အချိုကလွဲရင် သာမန်လူတစ်ယောက် စားနေကျအတိုင်း အစားအသောက်များကို စားသုံးနိုင်ပါတယ်။

ရောဂါရှင်တွေအနေနဲ့ လုံးဝရှောင်ရမယ့် အစားအသောက်များကတော့……

(၁) ချိုသောသစ်သီးများ (ဆီးချိုတက်နေစဉ်ကာလအတွင်း ယာယီ ရှောင်ရန်)
ဉပမာ - သရက်သီး၊ ဖီးကြမ်းငှက်ပျောသီးနှင့် အခြားငှက်ပျောသီးများ၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ကျွဲကောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ဒူးရင်းသီး စသော ရာသီပေါ်သစ်သီးများကို သွေးချိုတက်နေစဉ်ကာလတွင် ယာယီရှောင်ရမှာဖြစ်ပြီး နောက်ပိုင်းသွေးချိုထိန်းလို့ရတဲ့ အခါမှာတော့ အနည်းငယ်ပြန်စားလို့ ရပါတယ်။

(၂) ချိုသောအရည်များ(အမြဲတမ်းရှောင်ကြဉ်ရန်)
ဉပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ ကွေကာအုပ်၊ Diet ကော်ဖီ၊ Diet လက်ဖက်ရည်၊ Diet ကွေကာ၊ ဟောလစ်၊ မိုင်လို၊ အိုဗာတင်း၊ အအေးပုလင်း၊ အချိုရည်သံဗူးများ၊ ကြံရည် စတဲ့ အချိုရည်အမျိုးမျိုးကိုတော့ အမြဲတမ်းရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သကြားအစား ဆီးချိုသကြားကို အသုံးပြုပြီးတော့ သောက်သုံးနိုင်ပါတယ်။

(၃) ချိုသောမုန့်များ(ဆီးချိုတက်နေစဉ်ကာလအတွင်း ယာယီရှောင်ရန်)
ဉပမာ - ကိတ်မုန့်၊ ဘီစကစ်၊ ကိတ်ခြောက်၊ မုန့်ကြွပ်၊ ပေါင်မုန့်၊ ထန်းလျက်၊ ကြံသကာ၊ မလိုင်ပါသော အစားအစာများ၊ ဗမာမုန့်တွေဖြစ်တဲ့ ရွှေကြည်၊ နနွင်းမကင်း၊ ဘိန်းမုန့်၊ ထိုးမုန့်၊ လမုန့်၊ ပဲမုန့်၊ မုန့်ကျွဲသဲ၊ ကျောက်ကျော စသည်တို့အပြင် ချိုသော တရုတ်မုန့်၊ ကုလားမုန့် စတာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ချင့်ချိန်ပြီး စားသင့်တဲ့အစားအစာတွေကတော့ ဆန်၊ ဂျုံနှင့် ပြုလုပ်ထားသော ကစီဓာတ်ပါသော အစားအစာများ
ဉပမာ - ထမင်း၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မြူစွမ်၊ ဂျုံနဲ့လုပ်ထားတဲ့ ချပါတီ၊ ခေါက်ဆွဲ၊ ကြာဆံ၊ ပလာတာ၊ အီကြာကွေး၊ ပေါင်မုန့်၊ နံပြား။ နောက်တစ်ခုက စေးထန်နေတဲ့ဉတွေ ဉပမာ - အာလူး၊ ကန်စွန်းဉလို့ဟာမျိုးတွေ ဖြစ်ပါတယ်။

ကြိုက်သလောက်စားလို့ရတဲ့ အစားအစာတွေကတော့ ကစီဓာတ်မပါတဲ့ လတ်ဆတ်ပြီး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။
ဉပမာ - ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ မန်းကျည်းရွက်၊ ဘူးသီး၊ ဂေါ်ဖီထုပ်၊ မုန်လာရွက် စသည်တို့ ဖြစ်ပါသည်။

ဆီးချိုသမားများ မှန်ကန်သောအစားအစာပမာဏ၊ စားသောက်ချိန်၊ စားသောက်မှုပုံစံများကို ကျင့်သုံးရင်း ဆီးချိုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါစေရှင့်။

ဆီးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀 အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ် ရေးသားသော ဆီးချိုသွေးချိုဆိုင်ရာ အမေးများသော မေးခွန်းများ စာအုပ်မှ ကောက်နုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ


#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ရုံးပိတ်ရက် ကြေညာခြင်း**********************၂၀၂၆ ခုနှစ်၊ မတ်လ ၊ ၂၇ ရက်နေ့  တပ်မတော်နေ့သည် အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်...
27/03/2026

ရုံးပိတ်ရက် ကြေညာခြင်း
**********************
၂၀၂၆ ခုနှစ်၊ မတ်လ ၊ ၂၇ ရက်နေ့ တပ်မတော်နေ့သည် အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်ဖြစ်သောကြောင့် Sinocare Myanmar ကုမ္ပဏီ ရုံးခွဲအားလုံး၏ ရုံးပိတ်ရက်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးချိုလူနာ ကစီဓာတ်စားသင့်၊မစားသင့်ဆိုတာသွေးချိုဆီးချိုလူနာနဲ့ ဆန်၊ဂျုံ၊ကစီဓာတ်🍚🍚မြန်မာအပါအဝင် အရှေ့တိုင်းသားတို...
26/03/2026

ဆီးချိုသွေးချိုလူနာ ကစီဓာတ်စားသင့်၊မစားသင့်ဆိုတာ

သွေးချိုဆီးချိုလူနာနဲ့ ဆန်၊ဂျုံ၊ကစီဓာတ်🍚

🍚မြန်မာအပါအဝင် အရှေ့တိုင်းသားတို့က ဆန်ကို အားပြုစားကြသည်။ အာဟာရလမ်းညွှန်များ၏အဆိုအရ လူတစ်ယောက် နေ့စဉ်စားသင့်သည့် ကစီဓာတ်ပမာဏထက် တော်တော်လေးပိုများနေသည်။ ထို့ကြောင့် အရှေ့တိုင်းနိုင်ငံများတွင် သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုသည် အလွန်များနေခြင်းဖြစ်သည်။ ထို့အတူ မြန်မာတို့ ဆီးချိုဖြစ်နေပြီဆိုသည်နှင့် ထမင်းကြိုက်သည့် အကျင့်ကြောင့် ထမင်းလျှော့စားရမှာ၊ အစားဆင်ခြင်ရမှာ အခက်တွေ့ခြင်းဖြစ်သည်။

🍚ဆီးချိုလူနာများတွင် အစားအသောက်နဲ့ ပတ်သက်ပြီး မေးခွန်းမျိုးစုံရှိတတ်သည်။ ထမင်းလုံးဝမစားဘဲ အသား၊ငါး၊ပဲနှင့် အသီးအရွက်သာ စားတော့မည်ဆိုသူလည်း ရှိသည်။ ထမင်းမစားဘဲ ခေါက်ဆွဲစားလို့ရလား၊ အာလူးစားလို့ရလား၊ ဆီးချိုဆန်ဝယ်စားရမှာလား၊ ထမင်းကိုငှဲ့ချက်ရမှာလား၊ ထမင်းဘယ်လောက်လျှော့စားရမလဲ၊ ဆီထမင်း ကောက်ညှင်း စားလို့ရလား မေးခွန်းမျိုးစုံ ရှိတတ်သည်။

🍚ထမင်းအစား မုန့်တီ၊ပေါက်စီစားသည် ဆိုသူတို့လည်းရှိသည်။ ထမင်းမစားဘဲ ဆီးချိုကျအောင် ဂျုံ၊ခေါက်ဆွဲ ပြောင်းစားသည်ဆိုသူများလည်း ရှိသည်။ ခေါက်ဆွဲကြိုက်သဖြင့် ပြောင်းစားသည်မှာ အကြောင်းမဟုတ်လှသော်လည်း တစ်သက်လုံး ထမင်းနှင့် ယဉ်ပါးလာခဲ့သော လျှာ၊ ခေါက်ဆွဲနှင့် စခန်းသွားရန်မှာ ရေရှည်မလွယ်လှချေ။ ဆန်နှင့်ဂျုံ စသည့် ရှုပ်ထွေးကစီ(Complex Carbohydrate) နှစ်မျိုးလုံးတွင် ကစီဓာတ်(၉၀)ရာခိုင်နှုန်း၊ အသားဓာတ်(၁၀)ရာခိုင်နှုန်းခန့် ပါဝင်သည်။ ယင်းတို့၏ဂျီအိုင်မှာ (၇၀)ခန့်ဖြစ်သည်။ ထို့ကြောင့် ဆန်အစား ဂျုံပြောင်းစားလည်း ဆီးချိုပိုကျမည်မဟုတ်ပေ။ ဂျုံတွင် အသားဓာတ်တော့ အနည်းငယ်ပိုများသည်။ ဆန်နှင့်ဂျုံကို ပဲ၊အစေ့အဆန်များနှင့်ရော၍ ချက်ပြုတ်စားသုံးပါက ဂျီအိုင်ကို နည်းစေသည်။ အင်ဆူလင်ထွက်အားကိုလည်း ပိုကောင်းစေသည်။ ထို့ကြောင့် ဆန်နှင့်ဂျုံကို ပဲ၊အစေ့အဆန်တို့နှင့် ရော၍စားခြင်းသည် ကျင့်သုံးသင့်သော နည်းတစ်ခုဖြစ်သည်။

🍚ကောက်ညှင်းဆန်သည် ဂျီအိုင်မြင့်သည်။ ဂျီအိုင်(၉၈)ထိ ရှိသည်။ ကောက်ညှင်းပေါင်း၊ ကောင်းညှင်းထုပ်၊ ဆီထမင်း အားလုံးတို့သည် စေးသည်၊ သိပ်သည်းသည်၊ ထို့ကြောင့် ကောက်ညှင်းပေါင်း အနည်းငယ်စားရုံနှင့် သွေးချိုအလွန်တက်လေ့ရှိသည်။ ထို့ကြောင့် ဆီးချိုလူနာသည် ကောက်ညှင်းကို တတ်နိုင်သလောက် ရှောင်ရန်လိုပြီး ချင်ခြင်းတပ်လွန်းသဖြင့် စားပါကလည်း အနည်းငယ်သာ အာသာပြေ စားသင့်ပါသည်။

🍚ဆီးချိုလူနာတစ်ယောက် ထမင်းမည်မျှ လျှော့စားရမည်မှာ လူနာ၏နေ့စဉ် ကယ်လိုရီလိုအပ်ချက်ပေါ် မူတည်သည်။ နေ့စဉ် ကယ်လိုရီ လိုအပ်ချက်မှာ အသက်အရွယ်၊ ကျား၊ မ၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ခန္ဓာကိုယ် ဝဖြိုးမှု အလေးချိန်ပေါ် မူတည်ပြီး တစ်နေ့ ကယ်လိုရီ(၁၅၀၀)မှ (၂၀၀၀) ခန့်ထိ လိုသည်။ ယင်းမှ (၅၀-၆၀) ရာခိုင်နှုန်းကို ကစီဓာတ်မှ ရယူရန်ဖြစ်သည်။ ကစီ(၅၀-၆၀)ရာခိုင်နှုန်း၊ အဆီ(၃၀)ရာခိုင်နှုန်း၊ အသား(၁၅)ရာခိုင်နှုန်း ပါဝင်ရန်ဖြစ်သည်။

🍚ဆီးချိုလူနာတိုင်း အမှတ်ရလွယ်အောင် ပန်းကန်ပြားပုံစံဖြင့် အစားကို ညွှန်းလေ့ရှိသည်။ များသောအားဖြင့် ပုံမှန်ထမင်းစားပန်းကန်တစ်ချပ်ကို စိတ်မှန်းနှင့် လေးပုံပုံ၊ တစ်ပုံကို ကစီဓာတ်၊ တစ်ပုံကို အသား၊ငါး၊ ကျန်လေးပုံ နှစ်ပုံကို ပဲနှင့်အသီးအရွက်ကြော် ဟူ၍ ထည့်စားရန် အကြံပြုလေ့ရှိသည်။ ထမင်းတစ်ပန်းကန်(၂၀၀)ဂရမ်ခန့်ရှိရာ လေးပုံတစ်ပုံသည် (၅၀)ဂရမ်သာရှိသည်။ ကယ်လိုရီ(၂၀၀)ခန့်ရှိသည်။ သုံးနပ်စားလျှင် ကယ်လိုရီ(၆၀၀)ဖြစ်မည်။ ဤသည်ကို အခြေခံပြီး လူနာ၏ ခန္ဓာကိုယ်ဝဖြိုးမှု၊ နေ့စဉ်လှုပ်ရှားမှုပေါ်မူတည်ပြီး ထမင်းပမာဏကို အတိုးအလျှော့လုပ်သည်။
အခြေခံသဘောတရားနားလည်လျှင် ဆီးချိုလူနာ အစားအစာဆင်ခြင်စားသောက်ရာတွင် အမှားနည်းသည်။ ယုံကြည်ချက်ရှိလာသည်။ ခန္ဓာကိုယ်ကို ညှင်းဆဲရာ မရောက်၊ နေ့စဉ်ပျော်ပျော်ရွှင်ရွှင် လုပ်ငန်းခွင်တွင် ဖြတ်သန်းနိုင်သည်။ မိမိအစားအစာ မှန် မမှန် ဆရာဝန်နှင့် တိုင်ပင်၊ ဆရာဝန်က ခန္ဓာကိုယ်အလေးချိန် အတက်အကျ၊ သွေးချိုဆီးချို ထိန်းထားနိုင်မှုတို့ကိုပါ ယှဉ်တွဲကြည့်ပြီး လိုအပ်သည့် အကြံဉာဏ်ပေးမည်ဖြစ်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ)ရေးသားသော သွေးချိုဆီးချိုစာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ဆီးချိုသမားတွေအတွက် အလွန်အရေးကြီးတဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းဆီးချိုသွေးချိုရောဂါကြောင့် ထိခိုက်တဲ့ကျောက်ကပ်ရောဂါဟာ ...
25/03/2026

ဆီးချိုသမားတွေအတွက် အလွန်အရေးကြီးတဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

ဆီးချိုသွေးချိုရောဂါကြောင့် ထိခိုက်တဲ့ကျောက်ကပ်ရောဂါဟာ ဘယ်လောက် အတိုင်းအတာအထိ အရေးကြီးပါသလဲ။

👉ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ကိုယ်ထဲက မလိုတဲ့အညစ်အကြေးတွေကို စွန့်ထုပ်ပစ်ဖို့ လိုအပ်ပါတယ်။ ဆီးထဲမှာ ခန္ဓာကိုယ်အတွက် အသုံးကျမယ့် ဓာတ်ပစ္စည်း မပါသွားအောင်လည်း ထိန်းသိမ်းပေးရပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေနဲ့ဓာတ်ဆားဓာတ်တွေ မျှမျှတတရှိဖို့ကလည်း ကျောက်ကပ်ကောင်းဖို့ အထူးလိုအပ်ပါမယ်။

👉ကျောက်ကပ်ကနေ သွေးအားကောင်းစေမယ့် ဟော်မုန်းဓာတ်တစ်မျိုးလည်း ထုတ်ပေးပါတယ်။

👉အရိုးပွခြင်းမဖြစ်အောင် သွေးတွင်းထုံးဓာတ်(ကယ်လစီယမ်) ဓာတ်ကို ထိန်းသိမ်းရေးမှာ အရေးကြီးတဲ့ ဟော်မုန်းဓာတ်တစ်ခုကိုလည်း ထုတ်ပေးပါတယ်။

👉ကျောက်ကပ်ထိခိုက်ပျက်စီးပြီဆိုတာနဲ့ ရောဂါအတိမ်အနက်အလိုက် အထက်ကပြောတဲ့ လုပ်ငန်းဆောင်တာတွေ ချို့ယွင်းပျက်စီးကုန်ပါတယ်။ ဖောမယ်၊ ရောင်မယ်၊ အဆုတ်ထဲရေဝင်လို့ အမောဖောက်မယ်၊ သွေးအားနည်းမယ်၊ လှုပ်ရှားရင် အမောမခံနိုင်ဘူး၊ တစ်ကိုယ်လုံးနုံးချိနေပြီး အားမရှိသလို ဖြစ်မယ်၊ အရိုးပွတဲ့ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။

👉ကျောက်ကပ်ထိခိုက်ပျက်စီးနေတဲ့ ဝေဒနာရှင်ရဲ့ ဘဝဟာ မသေသော်လည်း၊ လူ့ဘဝနေထိုင်မှုအရည်အသွေးတွေ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ လူကောင်းတွေနဲ့ တန်းတူ လူစဉ်မီအောင် မနေနိုင်ပါဘူး။ ကျောက်ကပ်လုံးဝပျက်စီးသွားပြီဆိုရင်တော့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုခံယူရင် ခံယူ၊ ဒါမှမဟုတ် သွေးသန့်တဲ့စက်နဲ့ အမြဲသွေးသန့်စင်ဖို့ ခံယူနေရန် လိုအပ်ပါတယ်။ ခြုံ၍ပြောရရင်တော့ ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးမှာ ကျောက်ကပ်ထိခိုက်ပျက်စီးပြီဆိုရင် သာမန်ထက် သက်တမ်းတိုမယ်၊ မသေခင်မှာလည်း လူစဉ်မမီ၊ လူ့ဘဝအရည်အသွေးများ စံချိန်မမီနေရမယ်၊ ဆေးကုသစရိတ်စက ကလည်း အလွန်ပဲ ဈေးကြီးမယ်၊ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှင်တွေကော တခြားသူများအားလုံးကော ကျောက်ကပ်လုံးဝ ထိခိုက်ပျက်စီးမှုမဖြစ်ဖို့ အရေးကြီးပါတယ်။

👉ဆီးချိုသွေးချိုကြောင့် ထိခိုက်တဲ့ ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ပါသလားဆိုရင် ကာကွယ်နိုင်ပါတယ်။ ဆီးချိုမှာ ကျောက်ကပ်ပျက်စီးရခြင်း အကြောင်းက သွေးချိုဓာတ်ထိန်းသိမ်းမှု နှစ်ကာလကြာရှည်စွာ မကောင်းနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သွေးချိုဓာတ်ကို လိုအပ်တဲ့ အတိုင်းအတာထဲမှာ ထိန်းသိမ်းထားရှိခြင်းက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်ရာလည်း ရောက်ပါတယ်။

👉အရေးကြီးတဲ့ နောက်အချက်ကတော့ သွေးတိုးရှိခဲ့ရင် သွေးတိုးရောဂါကို ထိရောက်စွာကုသမှုခံယူခြင်းကလည်း အရေးကြီးပါတယ်။ သွေးတိုးရှိရင် သွေးတိုးထိန်းသိမ်းရေးမှာလည်း အာရုံစိုက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

👉ကျောက်ကပ်မပျက်စီးရေးမှာ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ဖို့ အထူးလိုအပ်ပါတယ်။ NASID လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးအုပ်စုဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆေးမြီးတိုများ မမှီဝဲကြဖို့လည်း အထူးလိုအပ်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ် ရေးသားသော ဆီးချိုသွေးချိုဆိုင်ရာ အမေးများသောမေးခွန်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ


#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချိုသွေးချိုရောဂါ ပျောက်သွားသည်ဟု ဆိုလာပါလျှင် 💁လူနာတချို့ မှားမှားယွင်းယွင်း သိနေသည်မှာ ဆီးချိုရောဂါကုတာ ပျောက်သွားပ...
24/03/2026

ဆီးချိုသွေးချိုရောဂါ ပျောက်သွားသည်ဟု ဆိုလာပါလျှင်

💁လူနာတချို့ မှားမှားယွင်းယွင်း သိနေသည်မှာ ဆီးချိုရောဂါကုတာ ပျောက်သွားပြီး၊ ဆီးချိုကို ပျောက်အောင်ကုနိုင်သည်ဟူ၍ ဖြစ်သည်။ ရောဂါပျောက်သည်ဟုထင်ကာ ဆေးမသောက်၊ အစားမဆင်ခြင်၊ အနေအထိုင်မဆင်ခြင်၊ သွေးလဲမစစ်ဖြစ်တော့ဘဲ နေတော့သည်။ နောက်ဆက်တွဲ ပြဿနာမျိုးစုံဝင်မှ၊ ရောဂါကျွမ်းမှ မပျောက်မှန်းသိပြီး နောက်ကျသွားတတ်သည်။

💁ယေဘုယျသဘောဆိုရလျှင် ဆီးချိုကို ပျောက်အောင်ကု၍မရပါ။ အမျိုးအစား (၁) ဆီးချိုဖြစ်စတွင် အင်ဆူလင်ထိုးဆေးနှင့် စတင်ကုသပါက မကြာမီ အချိန်တွင် ဆီးချိုက အင်ဆူလင်မလိုဘဲ ပုံမှန်ဖြစ်နေတတ်သည်။ အချို့လူနာများက ထိုအချိန်တွင် သွေးချိုပုံမှန်ဖြစ်ပြီး ရောဂါပျောက်ပြီဟု ယူဆတတ်ကြသည်။ လ အနည်းငယ်ကြာမြင့်သောအခါ သွေးချိုပမာဏပြန်လည်မြင့်တက်လာပြီး ပုံမှန်အင်ဆူလင်ထိုးဆေးဖြင့် ကုသရန်လိုအပ်လာသည်။

💁အမျိုးအစား (၂) ဆီးချိုဖြစ်စဉ်အစတွင် မုန့်ချိုအိတ်က ထုတ်သည့် အင်ဆူလင်ကို ခန္ဓာကိုယ်ကလာပ်စည်းများက မတုံ့ပြန်ခြင်းဖြစ်သည်။ယင်း၏နောက်ဆက်တွဲအနေနဲ့ ဆဲလ်များက သွေးတွင်းက သကြားဓာတ်ကို မသုံးနိုင်၊ သွေးတွင်းသကြားဓာတ်စမြင့်တော့သည်။ ပထမတော့ ယင်းပြဿနာကို မုန့်ချိုအိတ်က အင်ဆူလင်ပိုထုတ်ခြင်းဖြင့် ဖုံးဖိသည့်သဘောရှိသည်။ သို့ပေမဲ့ အချိန်ကြာလာသည်နှင့်၊ နှစ်ကြာလာသည်နှင့် မုန့်ချိုအိတ်လည်း ပင်ပန်းပြီး လုပ်အားကျလာသည်။ အင်ဆူလင်မထုတ်နိုင်ဖြစ်လာသည်။ ယခင်က ခပ်ပျော့ပျော့ဆီးချို၊ အနည်းငယ်သာတက်သည့်ဆီးချိုက ပိုပြင်းလာသည်။ တချို့က အင်ဆူလင်တုံ့ပြန်မှုကျချိန်တွင် ဆီးချိုက မမြင့်သေး၊ မုန့်ချိုအိတ်လုပ်အားကျပြီး အင်ဆူလင်အထွက်ကျလာမှ ဆီးချိုဝင်လာပြီး ရောဂါက တော်တော်ခရီးရောက်နေပြီဖြစ်သည်။

💁သုသေသနတစ်ခုက ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်လှုပ်ရှားခြင်းဖြင့် တစ်နှစ်ထိတိုင် ဆီးချိုကို ဆေးမလိုဘဲ ထိန်းထားနိုင်သည်ဟု ဖော်ပြထားသည်။ ထိုလူနာများသည် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုကို ဆက်လက်ထိန်းမထားပါက ဆီးချိုပမာဏ ပြန်တက်လာမည်ဖြစ်သည်။

💁ဆီးချိုမပျောက်ဘဲ ပျောက်ပြီထင်သည့် လူနာများလည်းရှိသည်။ သွေးချိုစစ်ခါနီးတိုင်း အစားဆင်ခြင်၊အဆာခံ၊ဖောက်စစ်၊ကောင်းတော့ သွေးချိုမရှိဟုထင်ကြသည်။ ထို့ကြောင့် နံနက်စာမစားမီ၊ စားပြီး နှစ်နာရီ သွေးတွင်းသကြားဓာတ်၊ A1C အားလုံး ဘက်စုံထောင့်စုံကောင်းမှ သွေးချိုဆီးချိုကောင်းသည်ဟု ဆိုရမည်။ လူနာတိုင်းခံယူထားရမည့်အချက်မှာ ဆီးချိုပမာဏစစ်ဆေးခြင်းသည် မိမိအတွက်သာဖြစ်သည်။ နောင်လာမည့်နှစ်များတွင် မည်သည့် နောက်ဆက်တွဲပြဿနာများ မဝင်ဘဲ ကျန်းမာစွာနေနိုင်အာင် ဆီးချိုကောင်း၊မကောင်း စစ်ဆေးခြင်းသာဖြစ်သည်ဟု သိထားရပေမည်။

💁သွေးချိုဆီးချိုဆေးမလို၊ ပုံမှန်ဖြစ်သွားတတ်သည့် အခြေအနေတစ်မျိုးလည်းရှိသေးသည်။ သက်တမ်းရင့် ဆီးချိုလူနာတချို့တွင် တွေ့ရသည်။နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဖောရောင်၊မျက်နှာဖောသွပ်၊ လူနာမလန်းဆန်း၊ မောကာနေတတ်သည်။ ယင်းသည် ကျောက်ကပ်လဲရန်၊ ကျောက်ကပ်အစားထိုးရန် မတတ်နိုင်သူတို့တွင် ပိုတွေ့ရတတ်သည်။ ယင်းလူနာတချို့တွင် ဆီးချိုကျနေတတ်သည်။ ပုံမှန်ထက်နည်းနေကာ ဆေးသောက်ဆေးထိုးရန်ပင် မလိုတတ်။ ယင်းလူနာကို ဆီးချိုပျောက်ပြီဟု ဆိုရခက်သည်။ ဆီးချိုဖြစ်လို့ ကျောက်ကပ်တောင် ပျက်စီးပြီးသည့် လူနာမျိုးဖြစ်သည်။ အမှန်တကယ်က ဆီးချိုကနိုင်ပြီး ခန္ဓာကိုယ်ကို ဖျက်ဆီးသွားပြီးဖြစ်သည်။

💁အချုပ်အားဖြင့် ဆိုရသော် ဆီးချိုသည် ဖြစ်ပြီးသည်ဆိုသည်နှင့် မပျောက်တော့ပါ။ ဖြစ်စတွင် ကျန်းမာစွာနေထိုင်ခြင်းဖြင့် ဆေးမလိုဘဲ ထိန်းထားနိုင်သည့် လူနာများရှိသော်လည်း မဆင်ခြင်သည့်အခါ ဆီးချိုက ပြန်တက်ရန် အရန်သင့် ဟု သိထားသင့်သည်။ ခရီးပေါက်နေသော ဆီးချိုက ပိုမပျောက်နိုင်သေး၊ ပိုထိန်းရခက်သည်။ နှစ်အတန်ကြာနေပြီဖြစ်သည့် ဆီးချိုပျောက်သည်ဆိုလျှင် တစ်ခုခုတော့ မှားနေပြီဟု သိထားသင့်ပါသည်။ ဆီးချို၏ဖြစ်ပွားမှု ရောဂါဗေဒ ဖြစ်စဉ်အရလည်း ပျက်စီးပြီးဖြစ်သော ပန်ကရိယ(Pancreas) သည် အစားထိုးကုသနည်းမှ လွဲ၍ မည်သည့်နည်းနှင့်မျှ ပြန်မကောင်းနိုင်ချေ။

💁ပျောက်ကင်းအောင် ကုနိုင်သည်ဟု ကြွေးကြော်နေသော ဆေးနည်းဟူသရွေ့ကိုလည်း လေ့လာတွေ့ရှိချက်အထောက်အထားများနှင့် ရှုမြင်ရန် လိုအပ်သည်။ ဆီးချိုအပျောက်ကုသည် ဆိုသည်များကို သတိလေးချပ်ပြီး ယုံစေချင်ပါသည်။ ဆီးချိုမပျောက်ဘဲ ငွေသာပျောက်သွားမည်ဟု သိစေချင်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ)ရေးသားသော သွေးချိုဆီးချို စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925

Messenger: Bhone Shwe Yi Min HR
#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

Royal Rose Hospital (တော်ဝင်နှင်းဆီ ဆေးရုံ) နှင့် Sinocare Myanmar တို့ ပူးပေါင်း၍ "Health Care Events" အစီအစဉ်မန္တလေးရွ...
24/03/2026

Royal Rose Hospital (တော်ဝင်နှင်းဆီ ဆေးရုံ) နှင့် Sinocare Myanmar တို့ ပူးပေါင်း၍ "Health Care Events" အစီအစဉ်

မန္တလေးရွှေမြို့နယ်ရဲ့ မြို့ပြလမ်းမတွေထက်မှာ ပေါ့ပါးတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ပြေးကြမဲ့ GGINL Fun Run Mandalay ပွဲကြီးတွင် Medical Service အနေနဲ့ Royal Rose Hosipital နဲ့ Sinocare Myanmar တို့ ပူးပေါင်းပြီး ဆီးချိုသွေးချိုအခမဲ့စစ်ဆေးပေးခြင်း ၊ Uric acid အခမဲ့စစ်ဆေးပေးခြင်း ၊ သွေးပေါင်ချိန် အခမဲ့စစ်ဆေးပေးခြင်း တို့ကို ပြုလုပ်ပေးထားသော ပုံလေးများကို မျှဝေပေးလိုက်ပါတယ်ရှင့်။

Sinocare Myanmar



Bhone Shwe Yi Min Co., Ltd

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောsinocare #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချိုတင်းစက်

ဆီးချိုသမားတို့ သိထားရမည့် ကိန်းဂဏန်းများ_____________________________________မနက်စောစော အစာမစားခင် စစ်ဆေးခြင်း(Fasting ...
23/03/2026

ဆီးချိုသမားတို့ သိထားရမည့် ကိန်းဂဏန်းများ
_____________________________________
မနက်စောစော အစာမစားခင် စစ်ဆေးခြင်း(Fasting Blood Sugar)
✔ဆီးချိုမရှိတဲ့သူ = 70-99 mg/dL (သို့) 3.9-5.5 mmol/L
✔ဆီးချိုရှိတဲ့သူ = 126 mg/dL အထက် (သို့) 7 mmol/L အထက်
✔အကောင်းဆုံးထားရှိရမည့်ပမာဏ=70-130 mg/dL
အစာစားပြီး ၂ နာရီ အကြာတွင် စစ်ဆေးခြင်း(2HPP)
✔ဆီးချိုမရှိတဲ့သူ =140 mg/dL အောက် (သို့) 7.8 mmol/L အောက်
✔ဆီးချိုရှိတဲ့သူ =200 mg/dL အထက် (သို့) 11.1 mmol/L အထက်
HbA1c
✔ဆီးချိုမရှိတဲ့သူ = 5.7 % အောက်
✔ဆီးချိုရှိတဲ့သူ = 6.5% အထက်
✔အကောင်းဆုံးထားရှိရမည့်ပမာဏ= 7%အောက်

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ဆီးချိုသွေးချို - Diabetes Pageမှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပ...
23/03/2026

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️

🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ရန်အလို့ငှာ မိဘပြည်သူများအတွက် ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်ကို

🔹မန္တလာသီရိဘောလုံးကွင်း မန္တလေးမြို့တွင် 21.3.2026 (စနေနေ့) ၌

Sinocare Myanmar မှ တာဝန်ယူပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

🎗️Safe Accu Glucometer လေးများဖြင့် ‌ဆီးချို‌သွေးချိုစစ်ပေးခြင်း အခမဲ့ပြုလုပ်ပေးခဲ့သော ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

🥰နောင်ထပ်ပြုလုပ်မဲ့ အစီအစဉ်များတွင် ပါဝင်နိုင်ဖို့ နှင့် ဆီးချိုသွေးချိုဆိုင်ရာ ဗဟုသုတများစွာ သိရှိနိုင်စေရန် ♥️ Sinocare Myanmar ♥️ page လေးကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးပါရှင့်။

ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။🙏
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd

#ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောSinocare


#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချိုတိုင်းစက် #ဆီးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ကြက်သွန်ဖြူကပေးတဲ့ ကျန်းမာရေးကောင်းကျိုးဟင်းပွဲတွေမှာ ကြက်သွန်ဖြူဟာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ...
21/03/2026

ကြက်သွန်ဖြူကပေးတဲ့ ကျန်းမာရေးကောင်းကျိုး

ဟင်းပွဲတွေမှာ ကြက်သွန်ဖြူဟာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းပွဲတွေကို ပိုမိုကောင်းမွန်လာစေအောင် လုပ်ဆောင်နိုင်ရုံသာမက ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိနိုင်ပါတယ်။ ကြက်သွန်ဖြူကို သုံးစွဲနေကြပြီး ဟင်းပွဲထဲမှာပါနေကျဖြစ်ပေမဲ့ ဘာကောင်းကျိုးရှိလဲ မသိသေးသူတွေအတွက် ကြက်သွန်ဖြူကနေ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးသွားပါမယ်။

🔸နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း

ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဟာ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ကျန်းမာရေးနှင့် မညီညွတ်သော ကိုလက်စထရောများကို လျှော့ချပေးပြီး နှလုံးကို ကောင်းမွန်စေပါတယ်။

🔸ရောင်ရမ်းနာကျင်မှုများကို‌လျှော့ချပေးခြင်း

အရေပြားပေါ်မှာ ကုတ်ခြစ်ဖဲ့မိတဲ့အခါမှာ နီရဲရောင်ရမ်းလာတာတွေ ရှိတတ်ပါတယ်။ ဒီလိုတွေ ခဏခဏဖြစ်လာရင် ကင်ဆာ၊ ဆီးချို၊ အဆစ်အမြစ်ရောင်နာ၊ နှလုံးရောဂါ၊ စိတ်ဂယောင်ခြောက်ခြား စသည့် အခြေအနေများထိအောင် ရောက်ရှိသွားနိုင်ပါတယ်။
ကြက်သွန်ဖြူမှာ ထိုရောင်ရမ်းနာကျင်မှုများကို သက်သာစေနိုင်တာကြောင့် အစားအသောက်များထဲမှာ ကြက်သွန်ဖြူကို ထည့်ပြီးစားသုံးသင့်ပါတယ်။

🔸ကြက်သွန်ဖြူဟာဖျားနာခြင်းများကို တိုက်ဖျက်ပေးနိုင်ခြင်း

ကြက်သွန်ဖြူကို အစိမ်းလိုက်ဝါးစားတဲ့သူတွေ ရှိကြပါတယ်။ ထိုကဲ့သို့ ဝါးစားခြင်းဖြင့် ခန္ဓာကိုယ်က ဖျားနာခြင်းများကို တိုက်ထုတ်ပေးနိုင်ပါတယ်။
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin က ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ သွေးဖြူဆဲလ်များကို ကူညီထောက်ပံ့ပေးပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးများကို ကြက်သွန်ဖြူစားခြင်းဖြင့် ရောဂါပြင်းထန်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်များကိုပိုမိုကျန်းမာလာစေခြင်းက
အချိန်ကြာလာတာနဲ့အမျှ ကိုယ်ခံအားကောင်းမွန်လာစေပါတယ်။

🔸အသားအရေကိုတောက်ပစေခြင်း

အရေပြားကျန်းမာရေးကို ကောင်းမွန်စေဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ညနေခင်းမှာ ကြက်သွန်ဖြူအနည်းငယ်လောက် စားပေးခြင်းက ပိုက်ဆံလည်းအများကြီးမကုန်ပါဘူး။ ကြက်သွန်ဖြူဟာ ရောင်ရမ်းနာကျင်မှုများကို သက်သာစေရုံသာမက အသားအရေနှင့် အရေပြားကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဝက်ခြံထွက်ခြင်းများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

🔸ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း

ဦးနှောက်ဉာဏ်ရည်ကောင်းမွန်အောင် ဆော်လမွန်တို့ တူနာတို့ စားသုံးရမယ်ဆိုတဲ့အချက်ကိုမေ့လိုက်ပါ။ ကြက်သွန်ဖြူစားပေးခြင်းက ဦးနှောက်ကို ဉာဏ်ရည်တိုးတက်စေပါတယ်။

🔸အသည်းကျန်းမာရေးကိုကောင်းမွန်စေခြင်း

ကြက်သွန်ဖြူအစိမ်းကို စားပေးခြင်းက အသည်းကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အပတ်စဉ် ကြက်သွန်ဖြူကို နှစ်ကြိမ်စားပေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေ (၂၃) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

🔸သွေးပေါင်ချိန်ထိန်းညှိပေးခြင်း

ကြက်သွန်ဖြူကို ပုံမှန်စားပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည့်အပြင် သွေးကြောများ တောင့်တင်းနေမှုများကို လျှော့ချပေးနိုင်ပါတယ်။

🔸အူကျန်းမာရေးကိုကောင်းမွန်စေခြင်း

အူကျန်းမာရေးကို ကောင်းမွန်စေဖို့ စားသုံးပေးသင့်တဲ့ အစားအသောက်များထဲမှာ ကြက်သွန်ဖြူဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ဆော်လမွန်၊ ဒိန်ချဉ်တို့နှင့်အတူ ကြက်သွန်ဖြူဟာလည်း အူမကြီးအတွက် အထူးကောင်းမွန်စေတဲ့ အစားအသောက်များ ဖြစ်ပါတယ်။

🔸အရိုးကျန်းမာရေးကိုအထူးကောင်းမွန်စေခြင်း

အရိုးကျန်းမာရေးမှာ ကယ်ဆီယမ်ဟာ အဓိကအရေးပါပါတယ်။ နွားနို့ဟာ အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာကို လူတိုင်းသိပြီး ဖြစ်ပေမဲ့ ကြက်သွန်ဖြူဟာ အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာကိုတော့ သိပ်မသိကြသေးပါဘူး။

🔸ဆံပင်ကျန်းမာသန်စွမ်းစေခြင်း

ကျန်းမာသန်စွမ်းရှည်လျားတောက်ပတဲ့ ဆံသားတစ်ခုကို ပိုင်ဆိုင်ချင်နေပါသလား။ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆေးတွေကို အသုံးပြုနေမည့်အစား စားသောက်သည့်အရာအပေါ်မှာ အာရုံစိုက်ကြည့်ပါ။ ကြက်သွန်ဖြူဟာ ထိုကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားတဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

🔸မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း

အမြင်စွမ်းအားကို ပိုမိုကောင်းမွန်လာစေနိုင်တဲ့ အစားအသောက်က မုန်လာဥနီတစ်မျိုးထဲမဟုတ်ပါဘူး။ ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်စိကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏.
🍀အထက်ပါအကြောင်းအရာများကို OSChospital Web Page မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

Royal Rose Hospital (တော်ဝင်နှင်းဆီ ဆေးရုံ) နှင့် Sinocare Myanmar တို့ ပူးပေါင်း၍ "Health Care Events" အစီအစဉ်မန္တလေးရွ...
21/03/2026

Royal Rose Hospital (တော်ဝင်နှင်းဆီ ဆေးရုံ) နှင့် Sinocare Myanmar တို့ ပူးပေါင်း၍ "Health Care Events" အစီအစဉ်

မန္တလေးရွှေမြို့နယ်ရဲ့ မြို့ပြလမ်းမတွေထက်မှာ ပေါ့ပါးတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ပြေးကြမဲ့ GGINL Fun Run Mandalay ပွဲကြီးတွင် Medical Service အနေနဲ့ Royal Rose Hosipital နဲ့ Sinocare Myanmar တို ပူးပေါင်းပြီး ဆီးချိုသွေးချိုအခမဲ့စစ်ဆေးပေးခြင်း ၊ Uric acid အခမဲ့စစ်ဆေးပေးခြင်း ၊ သွေးပေါင်ချိန် အခမဲ့စစ်ဆေးပေးခြင်း တို့ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အချိန် - 22.3.2026 (Sunday)
မနက် 5:30 နာရီ မှ 8:30 နာရီ

နေရာ - Eternal Chinese Cuisine Restaurant
27 လမ်း နှင့် ၆၄ လမ်းထောင့်

မိမိအသိမိတ်ဆွေများအား ထပ်ဆင့်ဖိတ်ခေါ်ဖို့ Mention လုပ်ခြင်း သို့မဟုတ် Share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ။

Sinocare Myanmar



Bhone Shwe Yi Min Co., Ltd

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောsinocare #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချိုတင်းစက်

ဘာကြောင့် ဆီးချိုတွေ ထိန်းလို့မနိုင်ဖြစ်နေရတာလဲ ??👉ဆီးချို များစေတဲ့အကြောင်းတွေကို အများကြီးပါ။▫️ကိုယ်အလေးချိန်များနေတာလ...
20/03/2026

ဘာကြောင့် ဆီးချိုတွေ ထိန်းလို့မနိုင်ဖြစ်နေရတာလဲ ??

👉ဆီးချို များစေတဲ့အကြောင်းတွေကို အများကြီးပါ။
▫️ကိုယ်အလေးချိန်များနေတာလည်းအကြောင်းတစ်ခုပါ။
▫️တစ်ခြားသောရောဂါတွေတွဲနေတာလည်း ဖြစ်နိုင်ပါတယ်။
▫️အစားအသောက်ကို ကောင်းစွာမရှောင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
▫️စိတ်ဖိစီးစေတဲ့ အကြောင်းတရားတွေများနေတာလည်း ဆိုင်ပါတယ်။
▫️ဆီးချိုဆေးတွေပုံမှန်မသောက်တာနဲ့ ဆီးချို ကို သေချာပြန်မစစ်ဆေးပြန်မပြဘဲ ဆီးချိုဆေးတွေကို ပုံစံတစ်ခုအတိုင်း တောက်လျှောက်ဆက်သောက်နေတာတွေ တခြားသောဆေးတွေတွဲသောက်နေရတာကြောင့် ဆီးချိုဆေးတွေမှာ ထင်သလောက်အာနိသင် မဖြစ်တာတွေကြောင့် ဖြစ်စေတတ်ပါတယ် ။

💁ဆီးချိုရောဂါဖြစ်ပြီဆိုတာနဲ့ အစားပဲရှောင်မယ် ဆေးပဲသောက်မယ် တစ်မျိုးဆိုတစ်မျိုး လုပ်လို့မရတတ်ပါဘူး။ ဆီးချိုရောဂါအများစုမှာ သကြားဓာတ်ပမာဏက တစ်ဖြည်းဖြည်း ပိုပြီးတိုးလာတတ်တာ သဘာဝပါ။ ဒါကြောင့် ဆီးချိုရောဂါစဖြစ်ကာစမှာ အစားလေးရှောင်နေရုံရပေမဲ့ နောက်ပိုင်းဆေးသောက်လာရတာတွေ ဆေးအကြိမ်ရေပိုတိုးလာရတာတွေ ဆေးအသစ်ထည့်လာရတာတွေ ဖြစ်တတ်ပါတယ် ။

💁ဆီးချိုရောဂါစဖြစ်ခါစမှာတော့ အစားပဲရှောင်ကြတာများတယ်။ အစားရှောင်ရင်းနဲ့ လုပ်သင့်တာတွေကတော့ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏဖြစ်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုပါတယ်။
အစားလေးနဲ့ထိန်းနေတာပဲ တစ်ခြားဘာမှလုပ်ဖို့မလိုဘူးလို့မတွေးပါနဲ့။ကိုယ်အလေးချိန်များနေတဲ့ဆီးချိုရောဂါသည်တွေက ဆီးချိုထိန်းရခက်တဲ့အပြင် တခြားနောက်ထပ်ရောဂါတွေ ပိုဝင်လွယ်ပါတယ်။

💁ဒါကြောင့် ကိုယ်အလေးချိန်ထိန်းဖို့အတွက် ကြိုးစားရပါမယ် အိမ်ထဲမှာအလုပ်လုပ်နေတာက လေ့ကျင့်ခန်းလုပ်နေတာ မဟုတ်ဘူးလားလို့ မေးစရာရှိတယ် မဟုတ်ပါဘူး။ အိမ်ထဲလုပ်နေတာက စိတ်ထဲမှာ အလုပ်ဆိုတဲ့ ဖိစီးမှုရှိပါတယ်။ လေ့ကျင့်ခန်းက သီးသန့်အချိန်ပေးပြီး လုပ်ပေးရမှာပါ။

💁အစားရှောင်တဲ့နေရာမှာလည်း အဆီအဆိမ့်အငန်အချိုတွေ အချိုမှုန့် စတာတွေ သေချာရှောင်ဖို့လိုပါတယ်။ ထမင်းစားတဲ့ ပမာဏကိုလည်း လျှော့ချရပါမယ်။
▫️ဆီးချိုရောဂါသည်တွေစားတဲ့ ဆန်တို့ ပေါင်မုန့်တို့စားနေတာပဲ ပမာဏလျှော့ဖို့မလိုဘူးမထင်ပါနဲ့။
▫️ဘာဆန်ပဲစားစား ဘယ်ပေါင်မုန့်ပဲစားစား လျှော့ပါ။
▫️အသီးအရွက်ပြုတ်တွေ များများစားပေးပါ အသီးအနှံအနေနဲ့ကတော့ ဘယ်အသီးမဆို သကြားဓာတ်များစေတာပါပဲ။
▫️ဆီးချိုပမာဏ အနည်းအများအလိုက် အသီးစားသင့်မစားသင့် စဉ်းစားဖို့ လိုပါတယ်။
▫️ဆေးလိပ်အရက်ကွမ်း သုံးစွဲတတ်တဲ့ ဆီးချိုရောဂါသည်တွေကတော့ ဆီးချိုလို့စသိလိုက်ကတည်းက ဒါတွေကို အပြီးဖြတ်ထားဖို့လိုပါတယ်။

💁မိသားစုမှာဖြစ်စေ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်စေ အလုပ်ကြောင့်ဖြစ်စေ စိတ်ပူပန်နေရတယ်ဆိုလည်း ဆီးချိုကို သေချာမထိန်းနိုင်တာတွေ ဖြစ်စေတတ်ပါတယ်။စိတ်ပူပန်မှုကြောင့် မအိပ်မစားဖြစ်နေတာပဲဆိုပြီး ဆေးမသောက်ဘဲ မနေလိုက်ပါနဲ့။ စိတ်ဖိစီးပူပန်နေတဲ့အခါ ကိုယ်ခန္ဓာကနေ Stress ဟော်မုန်းတွေ ပိုထွက်ပါတယ် ဒီဟော်မုန်းတွေက သွေးတွင်းသကြားဓာတ်ပမာဏကို များစေပါတယ် ။

💁ဆီးချိုဖြစ်တဲ့သူတွေမှာ ဆီးချိုမတိုင်ခင်ဖြစ်စေ ဆီးချိုနဲ့ တွဲဖြစ်တာဖြစ်စေ ဆီးချိုနောက်မှ ဆက်ဖြစ်လာတာဖြစ်စေ တစ်ခြားသောရောဂါတွေ တွဲဖြစ်လာတဲ့အခါမှာ ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး ယိုယွင်းလာပါတယ်။ ဖိစီးမှုတွေပိုများလာပါတယ်။

💁ရောဂါများလာတာနဲ့အမျှ သောက်ရတဲ့ ဆေးတွေလည်းများလာပြီး ဆေးတစ်ခုနဲ့ တစ်ခု အာနိသင် နည်းစေတာများစေတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါမှာ တီဘီတွဲဖြစ်လာတယ်ဆိုရင် တီဘီဆေးတစ်ချို့က ဆီးချိုဆေးရဲ့ အာနိသင်ကို နည်းစေတတ်တာမျိုးတွေပါ ။

💁ဆီးချိုဆေးကို သေချာမသောက်ဖြစ်တာကလည်း ဆီးချိုထိန်းရခက်စေတဲ့ အကြောင်းအရင်းနောက်တစ်ခုပါ တမင်မသောက်တာမျိုးမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ဆေးသောက်ဖို့မေ့နေတာတွေ အပြင်မှာအစားထွက်စားပြီး ဆေးမပါသွားတာတွေ ဆေးကုန်နေမှန်းမသိလို့ ဆေးမဝယ်ရသေးလို့မသောက်ဖြစ်တာတွေကြောင့် ဖြစ်တတ်တယ်။ ဒါကတော့ အမြဲသတိရှိနေမှဖြစ်မှာပါ။

💁အဖြစ်များဆုံးကတော့ ဆီးချိုရောဂါဖြစ်နေပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ သေချာပြန်မလုပ်ဖြစ်ဘဲ ကနဦးအစတည်းက ညွှန်ထားတဲ့ အတိုင်းဆက်သောက်နေတတ်တာတွေကြောင့်ပါ ။
ဆီးချိုရောဂါရှိသူတွေဟာ ဆီးချိုရှိမှန်းသိပြီးစအချိန်ကစပြီး သုံးလတန်သည်ဖြစ်စေ ပြနေကျဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုပါတယ်။

💁ဒီလိုပြသခြင်းက လက်ရှိဆီးချိုအနေအထားရော လွန်ခဲ့တဲ့ သုံးလအတွင်းဆီးချိုထိန်းထားတဲ့ အနေအထားရောကောင်းရဲ့လားဆိုတာ သိရှိနိုင်ပါတယ်။ တချို့လူနာတွေက ဆရာဝန်ပြန်ပြခါနီးမှ ဆေးသေချာသောက်တာတွေ အစားရှောင်တာတွေလုပ်တာကြောင့် လက်ရှိ ဆီးချိုကောင်းပေမယ့် အရင်သုံးလလောက်က ဆီးချိုထိန်းတာမကောင်းတတ်ပါဘူး။

💁ဆီးချိုပမာဏတွေပေါ်မှာမူတည်ပြီး ဆေးတစ်မျိုးတည်းမရဘဲ ဆေးနှစ်မျိုးသုံးမျိုး ထည့်ရတာလည်း ရှိပါတယ် တချို့တွေဆို ဆီးချိုပမာဏများလွန်းလို့ ထိုးဆေးကို အချိန်အတိုင်းအတာတစ်ခုအထိ ထည့်ရတာလည်း ရှိပါတယ် ဆီးချိုပမာဏကောင်းလာမှ သောက်ဆေးပြန်ပြီးအစားထိုးတတ်ကြတယ် ။

💁ဒါကြောင့် ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိတို့ရဲ့ ဆီးချိုစစ်တဲ့အဖြေတွေ များနေတယ်ဆိုရင် ဘယ်လိုပြန်လည် ပြင်ဆင်ကြမလဲဆိုတာ သိရှိစေဖို့ ရည်ရွယ်ကာ စုစည်းတင်ပြပေးထားခြင်း ဖြစ်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို Author: Dr. CST from
On doctor Pageမှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

"ကိုဇော်ဝင်း‌ ဆေးဆိုင်သစ် ဖွင့်ပွဲ"Health Care Events✅Sinocare Myanmar မှကျန်းမာရေးအခမဲ့ စစ်ဆေးပေးခဲ့သည့်အစီအစဉ်✨ကိုဇော်...
20/03/2026

"ကိုဇော်ဝင်း‌ ဆေးဆိုင်သစ် ဖွင့်ပွဲ"

Health Care Events✅

Sinocare Myanmar မှ
ကျန်းမာရေးအခမဲ့ စစ်ဆေးပေးခဲ့သည့်အစီအစဉ်

✨ကိုဇော်ဝင်း ဆေးဆိုင်သစ်ဖွင့်ပွဲတွင် ပြုလုပ်သွားမည်ဖြစ်သည့် Health Care Events(ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်) တွင် Sinocare Myanmar မှလည်း ပူးပေါင်းပါဝင်ပြီး ကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်းများကို ပါဝင်ဆောင်ရွက်ပေးသွားခဲ့တာဖြစ်ပါတယ်။

ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း ၊ Uric acid အခမဲ့ စစ်ဆေးပေးခြင်း ၊ သွေးပေါင်ချိန် အခမဲ့စစ်ဆေးပေးခြင်း စတာတွေကို အခမဲ့ လာရောက်ပြုလုပ်ခဲ့သော ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ရှင့်။
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd


ဆီးချိုသွေးတိုးသုတများ
#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချိုျို

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959266166237

Website

http://bhoneshweyimin.com/

Alerts

Be the first to know and let us send you an email when Sinocare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sinocare Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram