Aryu Thukha Multi-specialty Clinic

Aryu Thukha Multi-specialty Clinic Multi-sepcialty Clinic

COVID-19 ရောဂါ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အဆင့်အား ထိရောက်စွာ ထိန်းချုပ်ရပ်တန့်နိုင်ရန် မိမိတို့ပြည်သူများအား...
30/03/2020

COVID-19 ရောဂါ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အဆင့်အား ထိရောက်စွာ ထိန်းချုပ်ရပ်တန့်နိုင်ရန် မိမိတို့ပြည်သူများအားလုံးမှ လတ်တလော ဦးစားပေးပူးပေါင်း ဆောင်ရွက်ရမည့်အချက်များ
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၉) ရက်နေ့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မိမိတို့နိုင်ငံ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀) ဦး ရှိပြီဖြစ်သည့်အပြင် နိုင်ငံတွင်းသို့ ပြည်ပမှ အစုလိုက်အပြုံလိုက် ပြန်လည်ရောက်လာသူများ များပြားနေသည့်အချက်ကို နောက်ခံထား၍ ကပ်ရောဂါထိန်းချုပ်မှုရှုထောင့်မှ အဓိက ဆောင်ရွက်ကြရမည့် အချက်များမှာ -

(က) အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (home quarantine)၊ ဟိုတယ်တွင် ထားရှိ အသွားအလာကန့်သတ်ခြင်း (hotel quarantine)၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့်သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (community based facility quarantine) နှင့် ဆေးရုံတွင်ထားရှိ အသွားအလာကန့်သတ်ခြင်း (hospital quarantine) လုပ်ငန်းများ တွင် တိုက်ဆိုင်စစ်ဆေးစာရင်းပုံစံ (checklist) များအား အသုံးပြု၍ အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင် ရွက်ခြင်း ရှိ၊ မရှိအား ဆန်းစစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်း၊

(ခ) COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့အစည်းများက လက်ကိုင် အသံချဲ့စက်ငယ်များ (သို့မဟုတ်) အသံချဲ့စက်များအသုံးပြု၍ ရပ်ကွက်၊ ကျေးရွာများ တွင် လှည့်လည်၍ အမျိုးသားရေးအသွင်ဖြင့် နေ့စဉ်ဆော်ဩအသိပေး ဆောင်ရွက်ခြင်း၊

(ဂ) ယခုကာလအတွင်း ပြည်သူများအနေဖြင့် ရောဂါပိုးမကူးစက်စေရန်အတွက် မလိုအပ်ပါက အပြင်မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြခြင်း၊

(ဃ) မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် (၁၉-၃-၂၀၂၀) ရက်နေ့မှ (၂၈-၃-၂၀၂၀) ရက်နေ့အထိ တရားဝင်ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်းမှာ (၂၃,၀၀၀) ဦးကျော် ရှိပြီး အဆိုပါပြန်လည်ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိ နေပြီဖြစ်ကာ ပြန်လည်ဝင်ရောက်လာသူများတွင် COVID-19 ရောဂါကူးစက်ခံရ သူများ ပါဝင်လာနိုင်ချေများပြားပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေပါသဖြင့် ပြန်လည်ရောက်ရှိလာသူများ စာရင်းနှင့် နေထိုင်ရာပြမြေပုံ (mapping) များကို ပြုစုထားရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ ပေးပို့၍ မြို့နယ်ဆရာဝန်များက ဦးဆောင်ပြီး အသွားအလာကန့်သတ်မှုများပြုလုပ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊

(င) လတ်တလောကာလအတွင်း မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ခရီးသွားရာဇဝင်ရှိပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းဖြစ်ပွားမှုများ ရှိပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊ သွားရောက်ပြသကြခြင်း၊

(စ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် facebook စာမျက်နှာများမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော အသိပေးကြေညာချက်များ၊ လမ်းညွှန်ချက်များ လေ့လာဖတ်ရှု၍ သေချာစွာ လိုက်နာ ကျင့်သုံးဆောင်ရွက်ကြခြင်း၊

ကပ်အသွင်ဖြစ်ပွားနေသော COVID-19 ကို ထိရောက်စွာ ထိန်းချုပ်ရပ်တန့်စေရန် မိမိတို့ပြည်သူများအားလုံးမှ တာဝန်သိစွာ အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အာယုသုခ အထူးကုဆေးခန်းအား မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့ထိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည...
28/03/2020

အာယုသုခ အထူးကုဆေးခန်းအား မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့ထိ ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ ဧပြီ (၂၀)ရက်နေ့တွင် ဖုန်းဆက်မေးပြီးလာကြပါရန် အသိပေးအပ်ပါသည်။

29/01/2020

သင်နှင့် သင့်မိသားစုအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ (၂၆-၁-၂၀၂၀)

PDF File (9.85 MB):
https://bit.ly/2U2RNyF

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

29/01/2020
29/01/2020

၁။ Laboratory Investigation Guideline for 2019 Novel Coronavirus (2019-nCoV) (ရောဂါသံသယလူနာထံမှ ဓာတ်ခွဲနမူနာ ရယူရန် လမ်းညွှန်ချက်)

https://bit.ly/2RtBXvh

၂။ Laboratory Request Form for Suspected Cases of 2019 Novel Coronavirus (2019-nCoV)

https://bit.ly/2RstAAg

National Health Laboratory
---------------------------------

2019 Novel Coronavirus (2019-nCoV) ဆိုင်ရာ

ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ၊ လုပ်ငန်းလမ်းညွှန်များ၊ သတင်းနှင့် ထုတ်ပြန်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များ၊ ရုပ်သံဗီဒီယိုများကို အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုရန် အင်တာနက်လိပ်စာ-

https://mohs.gov.mm/Main/content/publication/2019-ncov

29/01/2020

2019 Novel Coronavirus (2019-nCoV) ဆိုင်ရာ

ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ၊ လုပ်ငန်းလမ်းညွှန်များ၊ သတင်းနှင့် ထုတ်ပြန်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များ၊ ရုပ်သံဗီဒီယိုများကို အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုရန် အင်တာနက်လိပ်စာ-

https://mohs.gov.mm/Main/content/publication/2019-ncov

သတင်းနှင့် ထုတ်ပြန်ချက်များ

၁။ (၅-၁-၂၀၂၀) မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

https://bit.ly/30UFl5w

၂။ (၈-၁-၂၀၂၀) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးသော Viral Pnuemonia ရောဂါတစ်မျိုး ဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပပြုလုပ်

https://bit.ly/36tT7gH

၃။ (၈-၁-၂၀၂၀) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်းမရှိသေးသော Viral Pneumonia ရောဂါတစ်မျိုးဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

https://bit.ly/2O1kUOZ

၄။ (၁၂-၁-၂၀၂၀)၊ (၁၃-၁-၂၀၂၀) မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သောရောဂါ လက္ခဏာနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

https://bit.ly/37yxmxq

၅။ (၁၅-၁-၂၀၂၀) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော Novel Coronavirus ရောဂါပိုးကြောင့် ဖြစ်ပွားသည့် Viral Pneumonia ရောဂါနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်

https://bit.ly/38IrGRU

၆။ (၁၆-၁-၂၀၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Advocacy Meeting on Prevention and Control of Novel coronovirus Infection ကျင်းပပြုလုပ်

https://bit.ly/2TZ6h2t

၇။ (၁၈-၁-၂၀၂၀) 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း

https://bit.ly/2RrzZM3

၈။ (၂၂-၁-၂၀၂၀) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများအား တင်ပြခြင်း

https://bit.ly/3aMhuJZ

၉။ (၂၄-၁-၂၀၂၀) 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ အစည်းအဝေးကျင်းပ

https://bit.ly/2GoRuWO

၁၀။ (၂၄-၁-၂၀၂၀) 2019 Novel Corona Virus (2019-nCoV) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်

https://bit.ly/2O1l5K9

၁၁။ (၂၅-၁-၂၀၂၀) 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လက်တွေ့မြေပြင်အခြေအနေများကို ပြည်ထောင်စုဝန်ကြီး လှည့်လည်ကြည့်ရှု

https://bit.ly/2tSm3Sg

၁၂။ (၂၅-၁-၂၀၂၀) 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

https://bit.ly/2t1kCk7

၁၃။ (၂၆-၁-၂၀၂၀) ရန်ကုန်တိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာမရှိ၊ လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်မှုများ ပြုလုပ်ထားရှိ

https://bit.ly/2tH7qkN

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၂၇-၁-၂၀၂၀၊ နံနက် (၁၁း၄၂) နာရီအချိန်

အာယုသုခ အထူးကုဆေးခန်းဆရာဝန်ကြီးများ ပြင်ပလူနာဆေးကုသချိန်−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−{အစာအိမ်−အူလမ်းကြောင်းအထူးကု သမ...
02/01/2020

အာယုသုခ အထူးကုဆေးခန်း
ဆရာဝန်ကြီးများ ပြင်ပလူနာဆေးကုသချိန်
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
{အစာအိမ်−အူလမ်းကြောင်းအထူးကု သမားတော်ကြီးများ}

ပါမောက္ခ နွယ်နီ
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Gastroenterology), FASGE, Dip. Med.Ed
အစာအိမ်−အူလမ်းကြောင်းအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ ညနေ (၄:၃၀) မှ (၈:၀၀)နာရီ ထိ
နေ့စဥ် နံနက် (၇:၀၀) မှ (၁၀:၀၀)နာရီ ထိ

ပါမောက္ခ မိုးမြင့်အောင်
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Gastroenterology)
အစာအိမ်−အူလမ်းကြောင်းအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ နံနက် (၇:၀၀) မှ (၈:၀၀)နာရီ ထိ
တနင်္လာ မှ သောကြာ ညနေ (၇:၃၀) မှ (၈:၃၀)နာရီ ထိ

ပါမောက္ခ ဝင်းဖြူဖြူမြင့်
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Gastroenterology)
အစာအိမ်−အူလမ်းကြောင်းအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ ညနေ (၅:၃၀) မှ (၆:၃၀)နာရီ ထိ

ဒေါက်တာ သန်းထွန်းဦး
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK)
Fellowship in Advanced Gastroenterology (Singapore)
အစာအိမ်−အူလမ်းကြောင်းအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ ညနေ (၄:၀၀) မှ (၄:၃၀)နာရီ ထိ

{အသည်းအထူးကုသမားတော်ကြီးများ}

ပါမောက္ခ ညိုမီခိုင်သန်းလှိုင်
M.B.,B.S, M.Med.Sc (Int. Med)
Cert. Molecular Virol. Hepatitis B & C (Tokyo)
Dr.Med.Sc (Hepatology), F.R.C.P (Glasg)
အသည်းအထူးကုသမားတော်ကြီး
တနင်္လာ မှ ကြာသာပတေး ညနေ (၄:၃၀) မှ (၈:၃၀)နာရီ ထိ

ပါမောက္ခ သန္တာထွန်း
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Hepatology), Fellowship in Hepatology (Singapore)
အသည်းအထူးကုသမားတော်ကြီး
တနင်္လာ မှ သောကြာ ညနေ (၅:၀၀) မှ (၆:၀၀)နာရီ ထိ
စနေ နေ့လည် (၂:၀၀) မှ (၃:၀၀)နာရီ ထိ

ဒေါက်တာ နန်းကေသီဝင်း
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Hepatology)
အသည်းအထူးကုသမားတော်ကြီး
တနင်္လာ မှ သောကြာ ညနေ (၄:၀၀) မှ (၆:၀၀)နာရီ ထိ
စနေ နေ့လည် (၁:၀၀) မှ (၂:၀၀)နာရီ ထိ

{နှလုံးအထူးကု သမားတော်ကြီးများ}

ပါမောက္ခ သန်းသန်းကြိုင်
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Cardiology), FAsCC, FESC, FACC, FAPSIC, Dip. Med.Ed
Fellowship in Interventional Cardiology (Singapore)
နှလုံးအထူးကု သမားတော်ကြီး
တနင်္လာ မှ သောကြာ ညနေ (၄:၀၀) မှ (၉:၀၀)နာရီ ထိ

ပါမောက္ခ ကျော်စိုးဝင်း
M.B.,B.S, M.Med.Sc(Int. Med), M.R.C.P (UK), F.R.C.P (Edin)
Dr.Med.Sc (Cardiology), FAsCC, FESC, FACC, FAPSIC, Dip. Med.Ed
Fellowship in Interventional Cardiology (Singapore)
နှလုံးအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ ညနေ (၄:၀၀) မှ (၅:၀၀)နာရီ ထိ

ဒေါက်တာ ခင်ဦးလွင်
M.B.,B.S, M.Med.Sc(Int. Med), Dr.Med.Sc (Cardiology)
Fellowship in Cardiac Electrophysiology & Pacing
နှလုံးအထူးကု သမားတော်ကြီး
တနင်္လာ မှ စနေ ညနေ (၅:၀၀) မှ (၆:၀၀)နာရီ ထိ
စနေ နေ့လည် (၁၂:၀၀) မှ (၂:၀၀)နာရီ ထိ

{အရေပြား အထူးကုသမားတော်ကြီး}

ဒေါက်တာ စန်းစန်းသန်းတင်
M.B.,B.S, M.Med.Sc (Dermatology)
အရေပြား အထူးကုသမားတော်ကြီး
တနင်္လာ မှ စနေ နေ့လည် (၁၂:၀၀) မှ (၁၂:၃၀)နာရီ ထိ
တနင်္လာ မှ စနေ ညနေ (၄:၀၀) မှ (၄:၃၀)နာရီ ထိ

{ဓါတ်မှန်ဆရာဝန်ကြီးများ}

ပါမောက္ခ မောင်မောင်စိုး
M.B.,B.S, D.M.R.D, M.Med.Sc (Radiology)
Dr.Med.Sc (Radiology)
ဓါတ်မှန်ဆရာဝန်ကြီး
တနင်္လာ မှ စနေ နံနက် (၇:၃၀) မှ (၉:၀၀)နာရီ ထိ

ပါမောက္ခ တင်သန္တာမျိုး
M.B.,B.S, M.Med.Sc (Radiology), Dr.Med.Sc (Radiology)
ဓါတ်မှန်ဆရာဝန်ကြီး
တနင်္လာ မှ စနေ ညနေ (၄:၃၀) မှ (၆:၀၀)နာရီ ထိ

ဒေါက်တာ သက်သက်အောင်
M.B.,B.S, M.Med.Sc (Radiology), Dr.Med.Sc (Radiology)
ဓါတ်မှန်ဆရာဝန်ကြီး
အင်္ဂါ၊ ကြသာပတေး၊ စနေ ညနေ (၇:၀၀) မှ (၈:၀၀)နာရီ ထိ

ဒေါက်တာ လင်းထက်မြင့်
M.B.,B.S, M.Med.Sc (Radiology), Dr.Med.Sc (Radiology)
ဓါတ်မှန်ဆရာဝန်ကြီး
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ (၇:၀၀) မှ (၈:၀၀)နာရီ ထိ

ဒေါက်တာ ယဥ်ယဥ်စိုး
M.B.,B.S, M.Med.Sc (Radiology)
ဓါတ်မှန်ဆရာဝန်ကြီး
စနေ နံနက် (၁၀:၀၀) မှ (၁၁:၀၀)နာရီ ထိ

(ဆရာဝန်ကြီးများ လူနာစမ်းသပ်ကြည့်ရှုချိန် အပြောင်းအလဲရှိနိုင်သဖြင့် ကြိုတင်ဖုန်းဖြင့် ဆက်သွယ် စုံစမ်းရန် လိုအပ်ပါသည်။)
-------------------------------------
မှတ်ချက် -
ပြင်ပလူနာကုသခြင်း၏ သဘောသဘာဝမှာ ရက်ချိန်းဖြင့်သာ ဆေးကုသမှု ပြုလုပ်ပေးနိုင်သောကြောင့်
မိမိတို့ ရွေးချယ်ထားသော ဆရာဝန်ကြီးများနှင့် ပြသနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းရယူရန် မဖြစ်မနေ လိုအပ်ပါသည်။
ဆရာဝန်ကြီးများ၏ သတ်မှတ် အချိန်အတွင်း ဆေးကုသမှုပေးနိုင်သည့် လူနာဦးရေပမာဏနှင့်
ပြသရန် ရက်ချိန်းရယူထားသော လူနာအနည်းအများ စသည်တို့ အပေါ်တွင်မူတည်၍ ရက်ချိန်းရရှိနိုင်မှု အခက်အခဲ ရှိနိုင်ပါသည်။
ထို့အပြင် -
ဆရာဝန်ကြီးများသည် ပြည်သူ့ဆေးရုံတာဝန်နှင့် အရေးပေါ်လူနာကုသခြင်းကိစ္စများ အချိန်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သောကြောင့် လူနာစမ်းသပ်ကြည့်ရှုချိန် အပြောင်းအလဲ / အကန့်အသတ် စသည်တို့ ရှိနိုင်ပါသည်။
-------------------------------------
ဆေးခန်းသည် ဆေးရုံကဲ့သို့ ပြီးပြည့်စုံသော ကုသမှု ပြုလုပ်ပေးနိုင်သည့် ဆေးဝါး၊ စက်ပစ္စည်း၊ ကိရိယာ၊ အရေးပေါ်ခန်း မရှိသည့်အတွက်
အရေးပေါ်အခြေအနေဖြစ်ပေါ်နေသော လူနာများသည် ထိရောက်သောကုသမှု အလျှင်အမြန် ရယူနိုင်ရန်
သက်ဆိုင်ရာ အနီးဆုံး ပြည်သူ့ဆေးရုံကြီးများသို့ အချိန်မဆိုင်းဘဲ ချက်ချင်း သွားရောက် ဆေးကုမှုခံယူရန် အကြံပြုအပ်ပါသည်။
-------------------------------------
ဆေးခန်းဖွင့်ချိန် - နံနက် ၇:၀၀ နာရီ မှ ည ၈:၀၀ နာရီ အထိ။ (တနင်္ဂနွေ နှင့် တရားဝင် အစိုးရ ရုံးပိတ်ရက်များတွင် ဆေးခန်းပိတ်ပါသည်)
လိပ်စာ- အမှတ်-၁၅၀၊ ၇၄ လမ်း၊ ၃၀ x ၃၁ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း- (၀၉) ၇၇၀၈၀၇၇၈၈, ၉၉

Address

#150, 74th Street, Between 30th X31st Street
Mandalay

Opening Hours

Monday 07:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959770807788

Website

Alerts

Be the first to know and let us send you an email when Aryu Thukha Multi-specialty Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram