M.C.D Group

M.C.D Group International Medical Services for Myanmar people

23/09/2020

COVID-19 ကပ်ရောဂါအ တွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ မကြာခင် ပေါ်ထွက်လာပါတော့ မယ်။ သေချာတာကတော့ ရှေ့ ပိုင်းနှစ်တွေမှာ...

ကိုဗစ်၁၉ ကာကွယ်ဆေး ဘယ်သူတွေကို အရင်ပေးမလဲ(23.9.2020)COVID-19 ကပ်ရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ မကြာခင် ပေါ်ထွက်လာပါတ...
23/09/2020

ကိုဗစ်၁၉ ကာကွယ်ဆေး ဘယ်သူတွေကို အရင်ပေးမလဲ
(23.9.2020)

COVID-19 ကပ်ရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ မကြာခင် ပေါ်ထွက်လာပါတော့ မယ်။ သေချာတာကတော့ ရှေ့ ပိုင်းနှစ်တွေမှာ ထွက်ရှိလာမယ့် ကာကွယ်ဆေးတွေဟာ နိုင်ငံ အားလုံး၊ ကမ္ဘာ့လူသားအားလုံး အတွက် လုံလောက်မှုလုံးဝ မရှိ နိုင်ဘူးဆိုတဲ့အချက်ပါပဲ။ အချို့ သော နိုင်ငံကြီးတွေဟာ ထွက်ရှိ လာသမျှ ကာကွယ်ဆေးတွေကို မိမိတို့တစ်နိုင်ငံတည်းအတွက် လက်ဝါးကြီးအုပ်ပြီးဝယ် ယူဖို့ ကြံစည်နေတာတွေ တွေ့လာနေရပါတယ်။ ဒါကို ‘ကာကွယ်ဆေးလက်ဝါးကြီးအုပ်အမျိုးသားရေးဝါဒ (Vaccine Nationalism)’ လို့ အမည်ပေးလာကြပါတယ်။ ကာကွယ်ဆေးတွေရပြီဆိုတော့လည်း ရတဲ့နိုင်ငံတွေဟာ သူတို့နိုင်ငံထဲမှာရှိတဲ့ ပြည်သူတွေအတွက် မျှမျှတတ ခွဲဝေပါ့မလားဆိုတဲ့ ပြဿနာက ရှိလာပြန်ပါတယ်။ ပိုက်ဆံရှိသူတွေ၊ ရာထူးရှိသူ တွေပဲ ကာကွယ်ဆေးရရှိတာမျိုး၊ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စုကပဲ ကာကွယ်ဆေး ရရှိတာမျိုးတွေ လည်း ရှိလာနိုင်ပြန်ပါတယ်။ ဒီလို အခြေအနေတွေအောက်မှာ တစ် ကမ္ဘာလုံးမှာ ကာကွယ်ဆေးတွေကို ဘယ် လိုဖြန့်ဖြူးမယ်ဆိုတာက ဖြေဖို့ အလွန်ခက်တဲ့မေးခွန်း တစ်ခုပါ။

မြန်မာနိုင်ငံဟာ ပြည်သူ အားလုံးအတွက် COVID-19 ကာကွယ်ဆေးတွေ လုံလောက် အောင် ဘယ်လိုမှ မရရှိနိုင်တဲ့ နိုင်ငံတွေထဲကတစ်ခုပါ။ ဒါ ကြောင့် ခွဲတမ်းတစ်ခုနဲ့ ကာကွယ် ဆေးတွေ လက်ခံရရှိတဲ့အခါ နိုင်ငံသားတွေ အားလုံးအတွက် ကာကွယ်ဆေးလုံလောက်အောင် ထိုးနှံပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်သူတွေ ကတော့ ကာကွယ်‌ဆေးတွေရ သင့်တယ်၊ ဘယ်သူတွေကတော့ မရသင့်ဘူးဆိုတဲ့ မေးခွန်းပေါ် ထွက်လာပြီး အစိုးရရဲ့ စီမံခန့်ခွဲမှု အပေါ် မေးခွန်းတွေထုတ်လာနိုင် ပါတယ်။ တစ်ချိန်တည်းမှာ လူ့အ ဖွဲ့အစည်းအကြား လူမှုပဋိပက္ခ တွေ ပေါ်ပေါက်လာနိုင်ခြေရှိပါ တယ်။

နောက်ထပ်မြင်မိတဲ့ ပြဿ နာတစ်ရပ်ကတော့ ကာကွယ် ဆေးမလုံလောက်မှုက စတင်တဲ့ လူမှုပဋိပက္ခတွေကနေ မလိုလား အပ်ဘဲ နိုင်ငံရေးဆီ ချိတ်ဆက် လာမယ့်အချက်ပါ။ အစိုးရကို အစဉ်သဖြင့် အတိုက်အခံပြုလို သူတွေက အစိုးရရဲ့ ကာကွယ် ဆေးဖြန့်ဝေမှုပုံစံအပေါ် ဝေဖန် တာ၊ တိုက်ခိုက်တာ၊ ကာကွယ် ‌ဆေး ဖြန့်ဝေပုံနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား သွေးထိုးပေး တာ စတဲ့ ပြဿနာတွေက မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ် ဆိုးကျိုးတွေ သက်ရောက် လာနိုင်ပါတယ်။

ကာကွယ်ဆေး မလုံ လောက်မှုဟာ မြန်မာ့နိုင်ငံရေးအ ပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့အ ပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာတောင် ရိုက် ခတ်နိုင်တယ်ဆိုတာကို သတိပြု သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ကိုယ်တိုင် ကာကွယ်ဆေးထုတ် လုပ်နိုင်ခြင်းမရှိသလို ကာကွယ် ဆေးအမြောက်အမြား ဝယ်ယူဖို့ လည်း မတတ်နိုင်တဲ့ နိုင်ငံဖြစ်ပါ တယ်။ (စီးပွားရေးအရ ဝယ်ယူ နိုင်တဲ့ အခြေအနေရှိရင်တောင် ကမ္ဘာမှာထွက်ရှိတဲ့ ကာကွယ် ဆေးက မလုံလောက်တဲ့အတွက် လိုအပ်ချက် ပြည့်မီအောင် ဝယ် ယူနိုင်မှာ မဟုတ်ပါဘူး။) ဒါ ကြောင့် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ အကူ အညီကို မဖြစ်မနေယူရဦးမှာဖြစ် ပါတယ်။ အဲဒီလို မိတ်ဆွေနိုင်ငံ တွေရဲ့ အကူအညီယူရာမှာ အစိုး ရရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒ တွေ၊ နည်းဗျူဟာတွေနဲ့ ပြည်သူ လူထုရဲ့ သဘောထားအမြင်တွေ က တစ်ခုနဲ့တစ်ခု ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

အဲဒီလို ကာကွယ်ဆေးမလုံ လောက်မှုကနေ ပေါက်ဖွားလာ နိုင်တဲ့ ပြဿနာအရပ်ရပ်ကို ရှောင်လွှဲနိုင်ဖို့အတွက် အစိုးရဟာ ကာကွယ်ဆေးဖြန့်ဖြူးမှုနဲ့ ပတ် သက်ပြီး နိုင်ငံတကာရဲ့ ဆောင် ရွက်ပုံတွေ၊ စဉ်းစားပုံတွေ၊ လက် တွေ့ဆောင်ရွက်ပုံတွေကို ပြည် သူလူထု ကြိုတင်သိရှိထားရ အောင် အခုအချိန်လောက်က တည်းက အသိပညာပေးထားဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါ တယ်။ အစိုးရအနေနဲ့ လက်တွေ့ ကာကွယ်ဆေးတွေရရှိလာတဲ့အ ခါမှာလည်း အဲဒီ နိုင်ငံတကာက ချမှတ်ကျင့်သုံးတဲ့ မူဘောင်တွေ နဲ့အညီပဲ ဖြန့်ဝေရမှာဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ကာကွယ်ဆေးဖြန့်ချိ ရေးမူဘောင်တွေနဲ့ အဲဒီမူဘောင် ချမှတ်ရတဲ့ အကြောင်းရင်းတွေကို အခုအချိန်ကတည်းက ကြိုတင်အသိပညာပေးထားခြင်းအားဖြင့် ‌နောင်တစ်ချိန်မှာ ကြုံတွေ့လာ ရနိုင်တဲ့ ပြဿနာတွေကို ကြို တင်ဖြေရှင်းထားနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ဒါ့အပြင် အဲဒီ ကာကွယ် ဆေးဖြန့်ဝေပေးမှု မူဘောင်တွေ ကို ကြိုတင်ချပြဆွေးနွေးထားခြင်း အားဖြင့် ပြည်တွင်းက ပညာရှင် တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လက်တွေ့လုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ အကြံပြုချက်တွေ၊ ဝေ ဖန်ဆွေးနွေးချက်တွေကို ကြိုတင် ရယူစဉ်းစားထားနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီ အကြံဉာဏ်တွေ၊ ဆွေးနွေးဝေဖန်သုံးသပ်ချက်တွေ ကို အသုံးချပြီး နိုင်ငံတကာက ချမှတ်ထားတဲ့ မူဘောင်တွေကို ပြည်တွင်းလိုအပ်ချက်နဲ့ ကိုက် ညီအောင် ပြန်ပြီးပြင်ဆင်တည်း ဖြတ်နိုင်မှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံး အကြား အလပ်မရှိသလောက် ပျံ့နှံ့နေတဲ့ ကပ်ရောဂါကို ကာကွယ်ပေးနိုင် တဲ့ ကာကွယ်ဆေးကို ဖြန့်ဝေ တယ်ဆိုရာမှာ ကမ္ဘာ့ပြည်သူတွေ ရဲ့ အတွေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး၊ ပြည်သူ့ ကျန်းမာရေး စတာတွေအပြင် အခြားထည့်သွင်းစဉ်းစားရမယ့် မျက်နှာစာတွေအများကြီးနဲ့ ရှုပ် ထွေးလွန်းလှတဲ့ကိစ္စပဲ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာ အငြင်း ပွားမှုတွေကို ဦးတည်စေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ တကာအဖွဲ့အစည်းတွေ၊ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ ကာကွယ် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ကာကွယ်ဆေးဖြန့်ဝေ ရာမှာ ကျင့်ဝတ်သိက္ခာနဲ့ညီညွတ် ရေး (Ethic) ဆိုတဲ့အချက်ကို လည်း မဖြစ်မနေ ထည့်သွင်းစဉ်း စားနေကြပါတယ်။ ဒါကြောင့် အဲဒီလို စဉ်းစားရမယ့်အခြေအနေ တွေအားလုံး လွှမ်းခြုံနိုင်ပြီး တစ် ကမ္ဘာလုံးက လက်ခံအတည်ပြု ထားတဲ့ ကာကွယ်ဆေးဖြန့်ချိရေး မူဘောင်တစ်ခုတော့ အခုအချိန် အထိ ထွက်ပေါ်လာခြင်းမရှိသေး ပါဘူး။

ဒါပေမဲ့ ရှုထောင့်တစ်မျိုး ချင်းစီက ဘယ်လိုမူဘောင်မျိုးနဲ့ ဖြန့်ဝေသင့်တယ်ဆိုတဲ့ ပညာရှင် တွေ၊ အဖွဲ့အစည်းတွေရဲ့ အဆို ပြုချက်တွေတော့ အထိုက်အ လျောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အဆိုပြုကြတဲ့ မူဘောင်တွေ အချင်းချင်းကြား မှာကို မတူကွဲပြားမှုတွေ ငြင်းခုံမှု တွေကရှိနေဆဲပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါတွေကို ကြိုတင်သိရှိ ထားခြင်းက အနာဂတ်မှာ ပေါ် ပေါက်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ဖြစ်လိမ့်မယ်လို့ ယူ ဆမိပါတယ်။ ဒါကြောင့် အဲဒီ မတူညီတဲ့ အဆိုပြုချက်အချို့ကို ဥပမာထုတ် တင်ပြလိုပါတယ်။

အဆိုပြုချက်တွေအနက် ထင်ရှားတဲ့တစ်ခုကတော့ CO-VID-19 ကာကွယ်ဆေး ရရှိလာ ချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးကို လူဦးရေအချိုးအစားအရ ကာ ကွယ်ဆေးတွေ အညီအမျှခွဲပေး မယ့်နည်းလမ်းဖြစ်ပါတယ်။ ကာ ကွယ်ဆေး စတင်ထွက်ရှိလာတဲ့ ပထမအဆင့်မှာ နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်း၊ ကာကွယ်ဆေးတွေ ပိုပြီး တိုးချဲ့ထုတ်လုပ်လာနိုင်တဲ့ အခြေအနေမှာ ဒုတိယအဆင့်အ ဖြစ် ၂၀ ရာခိုင်နှုန်းနဲ့ အလုံအ လောက် ထုတ်လုပ်လာနိုင်ချိန်မှာ ၂၀ ရာခိုင်နှုန်းကျော် ဖြန့်ဝေသွားဖို့ အဆိုပြုထားတာဖြစ်ပါတယ်။ ဒီ အဆိုပြုချက်ကိုတော့ Gavi Plan လို့ လူသိများပါတယ်။

နောက်ထပ် အဆိုပြုချက် တစ်ခုကတော့ ရလာတဲ့ကာကွယ် ဆေးတွေကို ရောဂါကူးစက်ဖြစ် ပွားပြီး ဆိုးဆိုးရွားရွားထိခိုက်နိုင် တဲ့ အုပ်စုတွေကို ဦးစားပေးထိုးနှံ သွားဖို့ အကြံပြုထားပါတယ်။ အဲဒီအုပ်စုတွေကတော့ (၁) ကျန်း မာရေးဝန်ထမ်းတွေ၊ (၂) အသက် (၆၅) နှစ်အထက်ရှိသူတွေ၊ (၃) ကင်ဆာ၊ နှလုံးနဲ့ သွေးကြောဆိုင် ရာရောဂါတွေနဲ့ အဝလွန်ခြင်း တွေလို ရောဂါဒဏ်ကိုပိုခံရနိုင်ခြေ ရှိတဲ့အရွယ်ရောက်ပြီးသူတွေဖြစ်ပါတယ်။ WHO ရဲ့ အကြံပြုချက် ပါ။

အချို့ပညာရှင်တွေက လည်း အဲဒီအဆိုပြုချက် နှစ်ရပ် စလုံးမှာ အားနည်းချက်တွေရှိနေ တယ်လို့ ထောက်ပြကြပါတယ်။ နိုင်ငံအားလုံးကို လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆီ ဖြန့်ဝေပေးတယ် ဆိုတာ ရုတ်တရက်ကြည့်လိုက်ရင် နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား မျှမျှတတရှိတယ်လို့ ယူဆနိုင်ပါ တယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်းလည်း မတူ၊ ရောဂါကူးစက်ပြန့်ပွားနှုန်း လည်း မတူဘဲ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆီ အတိအကျ ခွဲဝေ ပေးမယ်ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အချို့ နိုင်ငံတွေက ၃ ရာခိုင်နှုန်း မထိုးနှံ သေးဘဲ အခြေအနေကို ထိန်းနိုင် ပေမယ့် အချို့နိုင်ငံတွေက ၃ ရာ ခိုင်နှုန်းရရုံနဲ့ ဘာမျှ အလုပ်မဖြစ် နိုင်တာမျိုး ကြုံရနိုင်ပါတယ်။

ဒုတိယအဆိုပြုချက်ကို ကြည့်ရင်လည်း ကျန်းမာရေးဝန် ထမ်းတွေအားလုံးကို ပထမဦးစား ပေးလို့ဆိုထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးနဲ့ တစ်ဦး၊ အမျိုးအစားတစ်ခုနဲ့တစ်ခု ရောဂါရနိုင်တဲ့အန္တရာယ်ဟာ တူ ညီတာမဟုတ်ပြန်ပါဘူး။ ချမ်း သာတဲ့နိုင်ငံက ကျန်းမာရေးဝန် ထမ်းတွေဟာ တစ်ကိုယ်ရေအ ကာအကွယ်ဝတ်စုံ (PPE) တွေ ကို ဆင်းရဲတဲ့နိုင်ငံတွေထက် ပိုပြီး လုံလုံလောက်လောက် ရရှိနိုင်ပါ လိမ့်မယ်။ ဒါကြောင့် PPE လုံလုံ လောက်လောက် အသုံးမပြုနိုင်တဲ့ ဆင်းရဲတဲ့နိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေဟာ ရောဂါကူးစက်ခံ ရနိုင်ခြေ ပိုများပါလိမ့်မယ်။ ဒါ့အ ပြင် အဲဒီအဆိုပြုချက်အရဆိုရင် ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ် ဆေးတွေ ပိုပြီးရသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်း ပိုပြီးခန့်ထားနိုင်ကြလို့ပါ။ နောက် ပြီး အဲဒီနိုင်ငံတွေမှာ အသက်ပို ရှည်ကြတာကြောင့် (၆၅) နှစ်အ ထက် လူကြီးတွေ ပိုပြီးများပါ တယ်။ ဒါကြောင့် နိုင်ငံက ချမ်း သာလေလေ ကျန်းမာရေးဝန် ထမ်းများလေလေ၊ အသက် (၆၅) နှစ်အထက် လူဦးရေ ပိုများ လေလေဖြစ်ပြီး ကာကွယ်ဆေး ပိုရလေလေ ဖြစ်သွားပါလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံကတော့ နဂိုက တည်းက ဆင်းရဲလို့ ဆေးဝန်ထမ်း အင်အား မလုံလောက်ပါဘူးဆိုမှ ကာကွယ်ဆေးက လျော့ပြီးရမယ့် အနေအထား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်းကတော့ ပညာရှင် ၁၉ ဦးက စုပေါင်းပြီး Fair Priority Model ဆိုတဲ့ COVID-19 ကာကွယ်ဆေးဖြန့် ဝေရေးမူဘောင်တစ်ခုကို အဆို ပြုကြပြန်ပါတယ်။ သူတို့ရဲ့ အဆို ပြုချက်ကို ဆောင်းပါးရေးသားပြီး Science မဂ္ဂဇင်းမှာ An Ethical Framework for Global Vac-cine Allocation ခေါင်းစဉ်နဲ့ တင်ပြခဲ့ကြပါတယ်။ သူတို့အကြံ ပြုတဲ့မူဘောင်မှာတော့ ကာကွယ် ဆေးဖြန့်ဝေမှုကို အဆင့်သုံးဆင့် ကို ရည်ရွယ်ချက်သုံးမျိုးနဲ့ဆောင် ရွက်ဖို့ တင်ပြပါတယ်။ ပထမအ ဆင့်မှာတော့ COVID-19 ရဲ့တိုက်ရိုက်တိုက်ခိုက်မှုကြောင့်ဖြစ် စေ၊ သွယ်ဝိုက်ပြီးတိုက်ခိုက်မှု ကြောင့်ဖြစ်စေ အရွယ်မတိုင်မီ သေဆုံးရတဲ့နှုန်း၊ တစ်နည်းအား ဖြင့် ပျမ်းမျှလူ့သက်တမ်းမတိုင်မီသေဆုံးနှုန်း (Premature Death) ကို လျှော့ချဖို့ ရည်ရွယ် ထားတယ်လို့ဆိုပါတယ်။ ဒုတိယ အဆင့်မှာတော့ ရောဂါဒဏ်ကို ကျန်းမာရေးအရ အကာအကွယ် ပေးဖို့သာမကဘဲ စီးပွားရေး၊ လူမှု ရေးတွေအရ ထိခိုက်မှုကိုပါ လျှော့ချဖို့ ရည်ရွယ်ပါတယ်။ သဘောက စီးပွားရေးတွေ လုံးဝ ရပ်ဆိုင်းပြီး အလုပ်လက်မဲ့ဖြစ်နေ တာမျိုးကို ကုစားပေးနိုင်ဖို့၊ မလုပ်မဖြစ် စီးပွားရေးလုပ်ငန်း တွေ ပြန်လည်လည်ပတ်လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယအဆင့် ကို ဆောင်ရွက်ခြင်းဖြင့် လူတွေရဲ့ ကျန်းမာရေးတွေ ပြန်လည်တိုး တက် ကောင်းမွန်လာသလို အလုပ်လက်မဲ့နဲ့ ဆင်းရဲနွမ်းပါးမှု တို့ကို လျှော့ချနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။ တတိယအဆင့်မှာ တော့ လူထုအကြားကူးစက်မှုတွေ ကို သိသိသာသာလျှော့ချပြီး နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ကူးစက်တာမျိုး လျော့ကျသွားစေ ဖို့နဲ့ ကပ်ရောဂါကာလ ပိတ်ပင် တားဆီးမှုတွေ လျှော့ချပြီး လုပ် ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲဒီ ရည်ရွယ်ချက် တွေနဲ့ကိုက်ညီတဲ့ ကာကွယ်ဆေး ခွဲတမ်းတွေ တွက်ချက်ပြီး ချမှတ် ပေးဖို့ ပညာရှင် ၁၉ ယောက်က ပူးပေါင်းပြီး အဆိုပြုတာပါ။

သူတို့ရဲ့ Fair Priority Model မှာလည်း မေးစရာမေးခွန်း တွေတော့ရှိနေနိုင်တာပါပဲ။ ဥပ မာ နိုင်ငံတွေအနေနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးပမာဏကို တွက် ချက်ပြီးပေးလိုက်ပေမယ့် အဲဒီ ပမာဏကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ အနေအထားရှိ ပါ့မလားဆိုတဲ့အချက်ပါ။ တချို့ က ဆေးရပေမယ့် သိုလှောင်ဖို့၊ သယ်ဆောင်ဖို့ကို မတတ်နိုင်တာ မျိုး ရှိနိုင်ပါတယ်။ တချို့နိုင်ငံ တွေမှာ ကာကွယ်ဆေးထိုးနှံပေး မယ့်ဝန်ထမ်း မလုံလောက်တာမျိုး ရှိနေနိုင်ပါတယ်။ နောက်တစ်ခုက ဒီနည်းလမ်းကို အသုံးပြုတဲ့အခါ ကာကွယ်ဆေးမရခင် ရောဂါကို ကြိုးကြိုးစားစား ထိန်းချုပ်လို့ သေနှုန်းနည်းတဲ့ တိုင်းပြည်တွေက ကာကွယ်ဆေးနည်းနည်းပဲရပြီး ရောဂါကိုမထိန်းချုပ်ဘဲ ပစ်ထား လို့ သေနှုန်းများတဲ့ တိုင်းပြည်က ကာကွယ်ဆေးများများရသွားမှာ ဖြစ်ပါတယ်။ ဒါကလည်း မတရား ဘူးလို့ ဆိုရမှာပါ။

ဒါကတော့ ကမ္ဘာ့နိုင်ငံတွေ အကြား ကာကွယ်ဆေးဖြန့်ဝေရေး အတွက် မတူညီတဲ့အစီအစဉ် တွေ အဆိုပြုနေကြပြီး အစီအစဉ် တိုင်းမှာ အားသာချက်၊ အားနည်း ချက်တွေ ရှိနေတယ်ဆိုတာကို မြင်သာအောင် ဥပမာအချို့ ထုတ်နုတ်တင်ပြခဲ့တာပါ။ အခြား သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးဖြန့်ဝေရေး အစီအစဉ်တွေ ရှိနေနိုင်ပါသေးတယ်။ ဒါ့အပြင်နိုင်ငံတစ်နိုင်ငံချင်းအလိုက်လည်း အဲဒီလို မူဘောင်တွေ ချမှတ်ကြ မှာပါပဲ။

ဘယ်သူတွေက ကာကွယ် ဆေး အရင်ဆုံးရသင့်သလဲဆို တာနဲ့ပတ်သက်ပြီး ဥပမာအဖြစ် တင်ပြခဲ့တဲ့ မူဘောင်တွေကို အခြေခံပြီး စိတ်ကူးနဲ့ပဲ မြန်မာနိုင် ငံထဲမှာ ကာကွယ်ဆေး ဖြန့်ဝေ ကြည့်ကြပါဦး။ အခက်အခဲတွေ၊ ပြဿနာတွေ သေချာပေါက်ကြုံ တွေ့ရမယ်ဆိုတာ တွေးမိပါလိမ့် မယ်။ ဆိုကြပါစို့။ အသက် (၆၅) နှစ်အထက် မြန်မာနိုင်ငံသား အားလုံးကို ကာကွယ်ဆေးပေး မယ်လို့ စဉ်းစားကြည့်ရအောင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသက အသက် (၆၅) နှစ်အ ထက် နိုင်ငံသားတွေကို ဘယ်လို ကာကွယ်ဆေးပေးမှာလဲ ဆိုတဲ့ ပြဿနာက စတက်လာပါတော့ မယ်။ အဲဒီကနေစပြီး တိုင်းရင်း သားအရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ် ငန်းစဉ်တွေအထိ သက်ရောက်မှု တွေ ရှိလာနိုင်ပါတယ်။ (ဒါက မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေ အနေအပေါ်က ဖြစ်လာနိုင်တဲ့ မညီမျှမှုနဲ့ အကျိုးဆက်တွေများ စွာထဲက ဥပမာတစ်ခုပါ။ အခြား ပြဿနာတွေ အများကြီးရှိနိုင်ပါ သေးတယ်။)

အချုပ်ကတော့ ကာကွယ် ဆေးဖြန့်ဝေရေး နည်းလမ်းတိုင်း မှာ အားသာချက်၊ အားနည်းချက် တွေရှိပြီး၊ အဲဒီကနေ လူမှုပဋိ ပက္ခ၊ နိုင်ငံရေးပဋိပက္ခတွေအထိ ဦးတည်နိုင်တယ်။ ဒီလို ပဋိပက္ခ မဖြစ်ရအောင် ကြိုတင်စဉ်းစား ထားကြသင့်တယ်။ အသိပညာ ပေးထားသင့်တယ်ဆိုတဲ့အချက် ပါပဲ။ ရရှိလာတဲ့ ကာကွယ်ဆေး တွေကို ဘယ်သူတွေကို အရင်ဆုံး ထိုးနှံပေးမလဲဆိုတာကို ကျန်းမာ ရေးပညာရှင်တွေ၊ အာဏာပိုင် တွေက ဆုံးဖြတ်ပါလိမ့်မယ်။ ဘာကြောင့် ဘယ်သူတွေကို အရင်ဆုံး ထိုးနှံပေးရသလဲဆိုတာ ကိုတော့ သက်ဆိုင်ရာတာဝန်ရှိ သူတွေနဲ့ သတင်းမီဒီယာတွေက ပြည်သူကို အသိပညာပေးဖို့လို ပါတယ်။



Credit to "7 Day News"
By ခိုင်ကြည်သစ် on Tuesday, September 22, 2020 - 01:30

Photo : internet photos, CC

ကိုဗစ်၁၉ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြတယ်။ အောင်မြင်ပါစေ မြန်မာပြည်
23/09/2020

ကိုဗစ်၁၉ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြတယ်။ အောင်မြင်ပါစေ မြန်မာပြည်

CITTA စိတ်ပျော်၊ ကိုယ်နုကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေဖို့ မန္တလေးမြို့မှာ ဝန်ဆောင်မှု ပေးနေပါပြီလို့ သိရပါသည်။     #စိတ်ကျ...
04/02/2020

CITTA

စိတ်ပျော်၊ ကိုယ်နု
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေဖို့ မန္တလေးမြို့မှာ ဝန်ဆောင်မှု ပေးနေပါပြီလို့ သိရပါသည်။

#စိတ်ကျန်းမာရေး #မန္တလေး

Citta Consultancy သည် မြန်မာနိုင်ငံတွင်
Mental Health Support Consultancy အဖြစ်
၂၀၁၇ ခုနှစ်ကတည်းကရပ်တည်လာခဲ့တာပါ။
အခုဆိုရင် မြန်မာနိုင်ငံသားများရဲ့အကျိုးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နေတာ ၃နှစ်ပြည့်ခဲ့ပါပြီ။ အခုဆိုရင် မန္တလေးမြို့ရဲ့ Mandalar ဆေးရုံကြီးနဲ့ပူးပေါင်းပြီး မန္တလေးမြို့မှာလည်း Citta Consultancy ရဲ့
Mandalay Branch ကိုဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်ကတော့
၀၉ ၉၆၅ ၁၂၁ ၅၅၁.
လိပ်စာ: မန္တလာဆေးခန်း၊ ၂၈လမ်း နဲ့ ၈၂လမ်း
ထောင့်၊ မန္တလေး။




ကိုရိုနာ ဗိုင်းရပ်စ် (2019 nCoV)ကူးစက်မှု အရေးပေါ် အခြေအနေ အဖြစ် WHO ကြေညာBBC မြန်မာပိုင်းနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ အသ...
02/02/2020

ကိုရိုနာ ဗိုင်းရပ်စ် (2019 nCoV)ကူးစက်မှု အရေးပေါ် အခြေအနေ အဖြစ် WHO ကြေညာ

BBC မြန်မာပိုင်းနှင့်
ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးချက်များ

ကိုရိုနာ ဗိုင်းရပ်စ် အသစ် ကူးစက် ပျံ့နှံ့မှု ဟာ တရုတ် နိုင်ငံ ပြင်ပ မှာလည်း ဆက်လက် ဖြစ်ပေါ်နေလို့ ဒီ အခြေအနေကို ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ အရေး အပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကြေညာလိုက်ပါတယ်။

“ဒီ ကြေညာချက်ရဲ့ အဓိက အကြောင်းရင်းက တရုတ် ပြည်က အဖြစ်အပျက်တွေ ကြောင့် မဟုတ်ဘဲ တခြား ကမ္ဘာ့ နိုင်ငံတွေ မှာလည်း ဖြစ်နေတာတွေ ကြောင့်” လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ အမှုဆောင် အရာရှိချုပ် ဒေါက်တာ တက်ဒရို့စ် က ပြောပါတယ်။

စိုးရိမ်းချက် တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် အားနည်းတဲ့ တိုင်းပြည်တွေကို ရောဂါ ပျံ့နှံ့ နိုင်လို့ ဖြစ်ပါတယ်။

တရုတ် နိုင်ငံထဲမှာတော့ ဒီ ဗိုင်းရပ်စ်ကြောင့် လူ ၂၁၃ ဦး ထက် မနည်း အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

အခြား ကမ္ဘာ့နိုင်ငံ ၁၈ ခု မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ လူနာ ၉၈ ဦး ရှိထားပြီး သေဆုံးမှု မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုက ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ တရုတ် နိုင်ငံ ဝူဟန် မြို့ကို ခရီးသွားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

လူ အချင်းချင်း ကူးစက်ခံရမှု ဖြစ်ရပ် ၈ ခု ကိုလည်း ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ် နဲ့ အမေရိကန် တို့ မှာ အခုလောလောဆယ် တွေ့ရှိထားပါတယ်။

ဒီဗိုင်ရပ်စ်ဟာ “အရင်တုန်းက မကြုံဖူးတဲ့ အနေအထား ဖြစ်ပွားနေ” ပြီး “အရင်က မကြုံဖူးတဲ့ တုံ့ပြန် အရေးယူ ဆောင်ရွက်မှု ” တွေ လုပ်ဆောင်နေရတယ်လို့ ဂျနီဗာက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ တက်ဒရို့စ် က ပြောပါတယ်။

ဝူဟန် ဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဘယ်လိုကူးစက်နိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလဲ အစရှိတဲ့ ကမ္ဘာ့ အရေးပေါ် အခြေအနေ ဖြစ်နေတဲ့ တရုတ် ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိထားတဲ့သင့်အချက်တွေကိုလည်း အောက်က လင့်ခ်မှာ အပြည့်အစုံ ဖတ်ရှု နိုင်ပါတယ်။

https://bbc.in/38ZH4Jt

#ဘီဘီစီမြန်မာပိုင်း #တရုတ် #ဝူဟန် #ကိုရိုနာ #ဗိုင်းရပ်စ် #ဝူဟန်ဗိုင်းရပ်စ် #ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) # NovelCoronavirus

---

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အရေးပေါ် အခြေအနေ အဖြစ် WHO ကြေညာ

ကိုရိုနာ ဗိုင်းရပ်စ် အသစ် ကူးစက် ပျံ့နှံ့မှု ဟာ တရုတ် နိုင်ငံ ပြင်ပ မှာလည်း ဆက်လက် ဖြစ်ပေါ်နေလို့ ဒီ အခြေအနေကို ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ အရေး အပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကြေညာလိုက်ပါတယ်။

“ဒီ ကြေညာချက်ရဲ့ အဓိက အကြောင်းရင်းက တရုတ် ပြည်က အဖြစ်အပျက်တွေ ကြောင့် မဟုတ်ဘဲ တခြား ကမ္ဘာ့ နိုင်ငံတွေ မှာလည်း ဖြစ်နေတာတွေ ကြောင့်” လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ အမှုဆောင် အရာရှိချုပ် ဒေါက်တာ တက်ဒရို့စ် က ပြောပါတယ်။

စိုးရိမ်းချက် တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် အားနည်းတဲ့ တိုင်းပြည်တွေကို ရောဂါ ပျံ့နှံ့ နိုင်လို့ ဖြစ်ပါတယ်။

တရုတ် နိုင်ငံထဲမှာတော့ ဒီ ဗိုင်းရပ်စ်ကြောင့် လူ ၂၁၃ ဦး ထက် မနည်း အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

အခြား ကမ္ဘာ့နိုင်ငံ ၁၈ ခု မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ လူနာ ၉၈ ဦး ရှိထားပြီး သေဆုံးမှု မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုက ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ တရုတ် နိုင်ငံ ဝူဟန် မြို့ကို ခရီးသွားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

လူ အချင်းချင်း ကူးစက်ခံရမှု ဖြစ်ရပ် ၈ ခု ကိုလည်း ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ် နဲ့ အမေရိကန် တို့ မှာ အခုလောလောဆယ် တွေ့ရှိထားပါတယ်။

ဒီဗိုင်ရပ်စ်ဟာ “အရင်တုန်းက မကြုံဖူးတဲ့ အနေအထား ဖြစ်ပွားနေ” ပြီး “အရင်က မကြုံဖူးတဲ့ တုံ့ပြန် အရေးယူ ဆောင်ရွက်မှု ” တွေ လုပ်ဆောင်နေရတယ်လို့ ဂျနီဗာက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ တက်ဒရို့စ် က ပြောပါတယ်။

ဝူဟန် ဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဘယ်လိုကူးစက်နိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလဲ အစရှိတဲ့ ကမ္ဘာ့ အရေးပေါ် အခြေအနေ ဖြစ်နေတဲ့ တရုတ် ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိထားတဲ့သင့်အချက်တွေကိုလည်း အောက်က လင့်ခ်မှာ အပြည့်အစုံ ဖတ်ရှု နိုင်ပါတယ်။

https://bbc.in/38ZH4Jt

#ဘီဘီစီမြန်မာပိုင်း #တရုတ် #ဝူဟန် #ကိုရိုနာ #ဗိုင်းရပ်စ် #ဝူဟန်ဗိုင်းရပ်စ် #ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) # NovelCoronavirus

ကျန်းမာစွာနေထိုင်ခြင်းကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။ရေးသားသူ Dr. Thin Yadanar @ Francesဆ...
03/01/2020

ကျန်းမာစွာနေထိုင်ခြင်း

ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။

ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဝလွန်တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်းလူနေမှု ပုံစံတွေ အရဆို လူကြီးတွေတင်မဟုတ်ပါဘူး။ အဝလွန်တာဟာ အရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင် အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီး နှလုံး၊ သွေးတိုး၊ ဆီးချိုတို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကို အရင်ဆုံး ဖြေရှင်းမှ ရမှာပါ။

ကိုယ်အဝလွန်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ. ။ ။

ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျ အင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာအဆီပိုတွေ စုနေမယ်။ ဒူးတွေနာနေပြီး အထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။ အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့ BMI (Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။

ဝခြင်း ၆ မျိုး။ ။

ဝခြင်း ၆ မျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဝိတ်ချဖို့ အရင်မစဉ်းစားခင် ကိုယ့်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါတယ်ဆိုတာ သေချာသိတော့မှ အနာနဲ့ဆေးတွေ့သလို ကိုယ်ဖြစ်နေတဲ့ အဝလွန်တဲ့ ပြဿနာကို ဖြေရှင်းလို့ရမှာပါ။

၁. ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဝခြင်း။ ။

ကိုယ်လက်လှုပ်ရှားမှု မရှိရင် ဝလာတတ်တယ်ဆိုတဲ့ကိစ္စကို အထူးပြောနေစရာတောင် မလိုပါဘူး။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေကနေ ရတဲ့ ကယ်လိုရီကို ပြန်လောင်ကျွမ်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုရှိမှရတာပါ။ စားတာကတော့ တစ်နေ့၃ နပ် တစ်နပ်တောင် မလျှော့ဘူး၊ လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် စားသမျှ အကုန်စုပြီး ဝလာတော့ မှာပါ။

ဒါကြောင့် ဒီလိုဝတဲ့အမျိုးအစားထဲပါတဲ့သူတွေ တတ်နိုင်သမျှ အချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြပါ။ ။

၂ . အစားသောင်းကျန်းလို့ဝခြင်း။ ။

အစားသောင်းကျန်းတယ်ဆိုတည်းက ကိုယ်တစ်နေ့လိုအပ်တဲ့ ကယ်လိုရီထက်ပိုအောင် စားမိနေတဲ့သူချည်းပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တာရော၊ ကျန်းမားရေးနဲ့ညီညွတ်မှုမရှိတဲ့ အသင့်စားသရေစာ တွေ စားတာ အကုန်ပါပါတယ်။ သွင်းလိုက်သမျှ ကယ်လိုရီတွေကို လောင်ကျွမ်းအောင် ပြန်မလုပ်နိုင်ဘူးဆိုရင် သေချာပါတယ်။ ကယ်လိုရီအပိုတွေက အဆီအဖြစ်ပြောင်းသွားတော့မှာပါ။

ဒီလို ဝတဲ့ အမျိုးအစားကတော့ ဖြေရှင်းရလွယ်ပါတယ်။ အစားလျှော့စားလိုက်ပါ။ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကနဲ့ အများဆုံး တရားခံက အစားအသောက်ဖြစ်နေလို့ပါ။

၃ . စိတ်ဖိစီးမှုကြောင့်ဝခြင်း။ ။

စိတ်ဖိစီးမှုများတဲ့သူတွေဟာ အစားပိုစားတတ်ကြတယ်ဆိုတာ သတိထားမိကြပါသလား။ တစ်ချို့လူတွေဟာ စိတ်ဖိစီးမှုများနေရင် အစားအသောက်တွေကို စိတ်ရဲ့ထွက်ပေါက်အဖြစ်အသုံးချတတ်ကြပါတယ်။ ဒီလိုနဲ့စိတ်ဖိစီးမှုများလေလေ ပိုစားမိလေလေနဲ့ ဝလာပါရော။ စိတ်ဖိစီးမှုများတဲ့ သူတစ်ယောက်ဆီကို တစ်ခြာရောဂါတွေကလည်း မဖိတ်ခေါ်ဘဲ ဝင်လာတတ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်များတဲ့သူတွေ အနေနဲ့ အကောင်းဆုံးကတော့ စိတ်ကို လျှော့ပါ။ ဖိစီးမှု များလာရင် အစားသိပ်မစားဘဲ တစ်ခြား စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သီချင်းဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေလုပ်ပါ။

၄ မျိုးရိုးလိုက်ပြီးဝခြင်း။ ။

ကိုယ့်မျိုးရိုးက အဝမျိုးရိုးဆိုရင် မျိုးရိုးဗီဇမှာတည်းက ဝတဲ့ ဗီဇပါလာပြီးဖြစ်တဲ့အတွက် ကိုယ့်မှထူးပြီး ပိန်နေစရာ အကြောင်းတော့မရှိပါဘူး။

တစ်ခုရှိတာက သူများတွေဝတိုင်း ကိုယ်မဝချင်ရင် အစားအသောက်ဆင်ခြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

၅ . သွေးပြန်ကြောပိတ်အဝလွန်ရောဂါ။ ။

ဒါကလည်း မျိုးရိုးလိုက်တဲ့ အဝလွန်ခြင်းတစ်မျိုးပါပဲ။ သွေးပြန်ကြောပိတ်တဲ့ ရောဂါ ကိုယ့်မျိုးရိုးထဲမှာရှိနေရင် ကိုယ်လည်း အလားတူအခြေအနေမျိုး ဖြစ်ဖို့များပါတယ်။ ဒီလို အဝလွန်တာမျိုးကို ကိုယ်ဝန်သည်တွေမှာလည်း အတွေ့များပါတယ်။ ကိုယ်ဝန်ေကြာင့် ခြေထောက်တွေဖောရောင်လာပြီး ကိုယ့်အလေးချိန်တက်လာတာကို ဆိုလိုတာပါ။

ဒီလိုအဝလွန်ခြင်း အတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ ။

၆ . တစ်နေရာတည်း အဆီစုပြီး ဝခြင်း။ ။

တစ်ချို့လူတွေရှိပါတယ်။ လူကသာ ပိန်နေပေမယ့် ဗိုက်ကလေး တစ်လုံးနဲ့ ဘီးကျဲကြီးတွေ ရှိပါတယ်။ စားသမျှ ဗိုက်မှာစု ဆိုတဲ့အတိုင်း အဆီတွေအားလုံး ဗိုက်မှာပဲလာစုပြီး တစ်နေရာတည်းကွက်ဝ နေတာမျိုးပါ။ ဒါမျိုးက အရက်၊ ဘီယာသောက်တာနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဗိုက်တစ်နေရာတည်း အဆီစုပြီး ဝတာက အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အသက်ရှူရခက်တာ၊ အိပ်နေချိန် အသက်ရှူရပ်သွားတာ၊ အသည်းအဆီဖုံးတာ၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။

ဒီပြဿနာကိုဖြေရှင်းချင်ရင်တော့ အရက်ဘီယာကို ဖြတ်ပါ။ အဆီများတာ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

ကဲ ဒီလောက်ဆို ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲပါနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အဝလွန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ပါ။ ဝလို့လှလို့ပဲ ရှိတာဆိုပေမယ့် အဝလွန်သွားရင်တော့ လှတာမဟုတ်ဘဲ ရောဂါတွေ တစ်သီကြီးရတော့မှာပါ။

Post credit to Hello Sayawon


#ရန်ကုန် #ပြင်ဦးလွင် #တောင်ကြီး #မုံရွာ #ဘန်ကောက် #ဆေးရုံ #ဆရာဝန် #ကျန်းမာရေး #ဝိတ်ချနည်း #အစားအသောက် #အဝလွန်ခြင်း #နိုင်ငံခြားဆေးကုသမှု

ဘယ်လိုမျိုး ရုပ်တူကုန်တာလဲ။ သေချာတာက ပိုနုပျိုတဲ့ပုံ ဖြစ်လာတယ်။      #မိုးမိုးမြင့်အောင်  #အလှအပ  #ကျန်းမာရေး #ကိုရီးယား...
01/01/2020

ဘယ်လိုမျိုး ရုပ်တူကုန်တာလဲ။ သေချာတာက ပိုနုပျိုတဲ့ပုံ ဖြစ်လာတယ်။

#မိုးမိုးမြင့်အောင် #အလှအပ #ကျန်းမာရေး
#ကိုရီးယား

Cele News “မျက်နှာပြုပြင်ပြောင်းလဲပြီးနောက် ရုပ်ချင်းဆင်သွားတဲ့ ပြည်သူချစ်အနုပညာရှင်နှစ်ဦး” in Cele News Updated December 11, 2019 Share Twe...

ကင်ဆာ ပင်လယ်ပြင်ကို ဖြတ်သန်းခြင်း : သင့်အတွက် လမ်းကြောင်းပြ ဆရာဝန်မြေပုံသည် ရေလမ်းခရီးသွားများအား သူတို့၏ပန်းတိုင်ခရီးသိ...
30/12/2019

ကင်ဆာ ပင်လယ်ပြင်ကို ဖြတ်သန်းခြင်း : သင့်အတွက် လမ်းကြောင်းပြ ဆရာဝန်

မြေပုံသည် ရေလမ်းခရီးသွားများအား သူတို့၏ပန်းတိုင်ခရီးသို့ လမ်းကြောင်းပြ လမ်းညွှန်ပေးသကဲ့သို့ Horizon ကင်ဆာဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ရောဂါစစ်ဆေးမှုနှင့် လမ်းညွှန်ချက်သည် ကောင်းမွန်သောကျန်းမာရေးသို့ ပြန်လည်ရောက်ရှိစေရန် လူနာများအား လမ်းကြောင်းပြ ကူညီပေးသည်။ “လာရောက်တဲ့လူနာတိုင်း နာကျင်မှုတွေ စိုးရိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ကျနော်တို့ ကင်ဆာရောဂါ ဆက်လက်ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ အဲဒါတွေကို နှစ်မြှုပ်ရမယ်။ ကျနော်တို့ တန်ဖိုးအရှိဆုံးအရာတစ်ခု သူတို့ကို ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုရှိပြီး ကျွမ်းကျင်မှုရှိတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ ဖြစ်ပါတယ်။” ဟု ကင်ဆာရောဂါနှင့် သွေးအထူးကုဆရာဝန် Horizon ကင်ဆာဌာန၏ တွဲဖက်ဒါရိုက်တာ Dr. Narongsak Kiatikajornthada မှ ဆေးဘက်ဆိုင်ရာဝန်ထမ်း၏တာဝန်ကို ပြောပြသည်။

Horizon ကင်ဆာဌာနရှိ ဆရာဝန်များထံ ပို့ဆောင်သည့် ကုသမှုတစ်ခုစီအား တိုင်ပင်ဆွေးနွေးခြင်းဖြင့် စတင်သည်။ ဖျားနာမှု၊ ရောဂါလက္ခဏာ၊ မွေးရာပါရောဂါများကို ဆွေးနွေးသည်။ “အခြားဌာနများကနေ လွှဲပေးတဲ့အခါ ဥပမာ အဆုတ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်းဌာနကနေ ကျနော်တို့ဆီ ရောက်လာရင် ကျနော်တို့ ဆေးဘက်ဆိုင်ရာအဖွဲ့အနေနဲ့ ကုသရေး အစီအစဉ် ချဉ်းကပ်နည်းများကို ခေါင်းချင်းရိုက် ဆွေးနွေးပါတယ်။ အချို့ကင်ဆာအမျိုးအစားက ခွဲစိတ်ပြီးတဲ့အခါ ဓာတ်ရောင်ခြည် ကုထုံး လိုအပ်နိုင်ပါတယ်။ တခြားအမျိုးအစားက မခွဲစိတ်မီ ဒါမှမဟုတ် ခွဲစိတ်ပြီးတဲ့အခါ ဓာတုကုထုံး လိုအပ်နိုင်ပါတယ်” ဟု Dr. Narongsak မှ ရှင်းပြသည်။


တဦးချင်းစီကုသစောင့်ရှောက်ရန် အဖွဲ့လိုက်အလုပ်လုပ်ကိုင်ခြင်း

“စည်းကမ်းမျိုးစုံလိုက်နာရတဲ့ အဖွဲ့တစ်ဖွဲ့အနေဖြင့် ကျနော်တို့မှာ လူနာအတွက် အကောင်းဆုံးရလာဒ် ရရှိစေဖို့ အတူပူးပေါင်း လုပ်ကိုင်ကြပါတယ်။ ကင်ဆာဟာ ကိုယ်ခန္ဓာမှာ ဘယ်အစိတ်အပိုင်းမှာ ဖြစ်ပွားသည်ဖြစ်စေ ကျနော်တို့မှာ ၄င်းတို့ တမျိုးစီအတွက် အထူးပြုလေ့လာတဲ့ ကျွမ်းကျင်သူ ဆရာဝန်များ ရှိပါတယ်။ ကျနော်တို့ရဲ့ ရေဒီယိုရောင်ခြည်ကုသရေးဆရာဝန်တွေဟာ အထူးကျွမ်းကျင်ပြီး အတွေ့အကြုံအလွန်များတဲ့ x-rays ကြည့်ရှုစစ်ဆေးသူတွေ ဖြစ်ပါတယ်” ဟု Dr. Narongsak မှ Horizon ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ဘက်စုံကျွမ်းကျင်မှုရှိကြောင်း ပြောပြသည်။ ကွာဝေးခြင်းသည်လည်း ဆေးကုသရေးတွင် ပြသနာ မရှိပါ။ ဥပမာ နမူနာကို မျိုးရိုးဗီဇပြောင်းလဲမှုစမ်းသပ်ရန် နိုင်ငံခြားသို့ ပို့ဆောင်ရမည်ဆိုပါက ကျွန်ုပ်တို့သည် စမ်းသပ်ချက်ရလာဒ် လက်ခံရရှိရန် စွန့်လွှတ်ခြင်းမရှိပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် နိုင်ငံခြား ပညာရှင်များအား စမ်းသပ်မှုနှင့် ကုသရေးအစီအစဉ် လုပ်ဆောင်ရာတွင် တယ်လီဖုန်းကွန်ဖရင့်မှတဆင့် အတူဆွေးနွေးရန် စီစဉ်ပေးသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့ ပုံမှန် လုပ်ဆောင်သည်။ ၄င်းသည် တန်ပြန်ကိုယ်ပိုင်အသိဟု ထင်ရသော်လည်း တဦးစီအတွက် အလွန်သီးသန့်ရှိသည့် ကင်ဆာကုသမှု ပေးနိုင်ရန် တကယ်လိုအပ်သော လုပ်ဆောင်ရမည့်အနေအထားထက် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မလိုအပ်သော ကုသရေးကုန်ကျငွေကို အမှန်တကယ် လျှော့ချပေးနိုင်သည်။

Horizon ကင်ဆာဌာနတွင် သာမန်ကုသခြင်းထက် ပိုမိုခြင်း

“တကယ့် ခေတ်မီ အဆင့်မြင့်ဆုံး ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေကို ပြင်ပဈေးကွက်မှာ ဝယ်ယူနိုင်ပါတယ်။ ကျနော်တို့ အဲဒီပစ္စည်းတွေ အပြည့်အဝ တပ်ဆင်ထားပါတယ်။ ဈေးကြီးတဲ့ပစ္စည်းကိရိယာအစုံအလင်ထက် တပ်ဆင်ရ ပိုခက်ခဲတဲ့အရာက ကျနော်တို့ရဲ့ အထူးကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ အဖွဲ့လိုက် အချင်းချင်း တကယ် အင်အားဖြည့်စွက်ပေးတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လူနာတစ်ဦးချင်းစီကို ၁၀ ယောက်နဲ့အထက် ရှိတဲ့ အဖွဲ့ကနေ စောင့်ရှောက်ပေးပါတယ်” ဟု Dr. Narongsak Horizon ကင်ဆာဌာနမှ မည်သို့ ရပ်တည်နေကြောင်း ရှင်းပြသည်။

“လူနာရဲ့စိတ်ဓာတ်က ကုသမှုအောင်မြင်ရေးမှာ အလွန် အရေးကြီးပါတယ်။ ရောဂါရှာဖွေချက် စစ်ဆေးချက်အဖြေနဲ့ ပျောက်ကင်းနိုင်မှုအခွင့်အရေးတွေကို Horizon ကင်ဆာဌာနမှာ လူနာရဲ့ ဆရာဝန်က လူနာကို အကြောင်းကြားပါတယ်။ ဒါပေမဲ့ တခါတလေ လူနာက ဒီသတင်းအချက်အလက်တွေ့ကို လက်ခံနိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါ့ကြောင့် ဒီအခြေအနေမျိုးမှာ ကျနော်တို့ လူနာအစား မိသားစုကို အကြောင်းကြားပါမယ်။ သူတို့မိသားစုဝင်တွေရဲ့ အကူအညီနဲ့အတူ ကျနော်တို့ သူတို့ရဲ့စိတ်ဓာတ်ကို ထိမ်းသိမ်းပေးပြီး ဒီသတင်းအချက်အလက်တွေကို လူနာဆီပေးနိုင်အောင် ကြိုးစားပါမယ်” ဟု Dr. Narongsak မှ လူနာ၏စိတ်ဓာတ် ထိန်းသိမ်းမှု အရေးကြီးပုံကို ပြောသည်။

“အရှေ့နိုင်ငံများမှ လူနာတွေက ရောဂါစစ်ဆေးရေးနဲ့ ကုသရေးအစီအစဉ်တွေ လက်ခံဖို့ အခက်ခဲဆုံးဘဲ။ ကျနော်တို့ တခါတလေ သူတို့ကို အချက်အလက်တွေ သွယ်ဝိုက်တဲ့နည်း ရှာကြံပြောရတယ်။ ရောဂါနောက်ဆုံးအဆင့်မှာ ကျနော်တို့ဆီ ရောက်လာတဲ့လူနာဆိုရင် လူနာတွေက သူတို့ အချိန်ဘယ်လောက်ဘဲ နေရတော့မယ်ဆိုတာ မသိချင်ကြဘူး။ အနောက်နိုင်ငံတွေ လူနာတွေကတော့ အမှန်တရားကို ပိုလက်ခံချင်ကြတယ်။ ကျနော်တို့က အမှန်တရားကို ဖုံးကွယ်ဖို့ ဒါမှမဟုတ် လျှို့ဝှက်ထားဖို့ ကြိုးစားရင် ကျနော်တို့ရဲ့ ကုသရေးအပေါ် ယုံကြည်ချက် တကယ်ဆုံးရှုံးသွားလိမ့်မယ်။”

တခါတရံ အချို့လူနာများသည် ၄င်းတို့၏ဆရာဝန်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဆရာဝန်ညွှန်းသည့်ဆေးအပြင် တိုင်းရင်းဆေးဝါးများကို မှီဝဲရန် ရွေးချယ်သောကြောင့် Dr. Narongsak သည် ကင်ဆာကုသရေးအား ထိခိုက်နိုင်သော အခြားတိုင်းရင်းဆေးဝါးကုသမှုကို အထူးစိုးရိမ်ပူပန်ကြောင်း ရှင်းပြသည်။ “တချို့တိုင်းရင်းဆေးတွေက ကင်ဆာကုသရေးမှာ သိပ္ပံနည်းကျအောင်မြင်မှု ထင်ထင်ရှားရှားရှိတဲ့ အထောက်အထား မရှိပါဘူး။ တခါတလေ လူနာတွေက တိုင်းရင်းဆေးကို လျှို့ဝှက်စွာ မှီဝဲကြပါတယ်။ အဲဒါက သူတို့ရဲ့အခြေအနေကို တကယ် ပိုဆိုးရွားစေပါတယ်။ ကျနော်တို့ ညွှန်ကြားတဲ့ ဆေးဝါးတွေက သိပ္ပံနည်းကျတဲ့ သုတေသနပြုလုပ်ချက် ထင်ထင်ရှားရှား ရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ညွှန်ကြားတဲ့ ဆေးကိုဘဲ မှီဝဲဖို့ ကျနော်တို့ရဲ့ လူနာတွေကို ကျနော် လေးလေးနက်နက် အကြံပေးပါတယ်။”


ရှားပါးသောကင်ဆာအတွက် အဆင်သင့်ရှိခြင်း

“ကုသဖို့ အခက်ခဲဆုံး ကင်ဆာအမျိုးအစားက “ရှားပါးသောကင်ဆာ” လို့ ကျနော်တို့ခေါ်တဲ့ ကင်ဆာဖြစ်ပါတယ်။ ဒီကင်ဆာ အမျိုးအစားက လူနာ တစ်သန်းမှာ တစ်ယောက်ဘဲ တခါတလေ တွေ့ရတတ်ပါတယ်။ အဲဒီကင်ဆာက ခန္ဓာကိုယ် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်တယ်။ တခါတလေ သုတေသန လုပ်ဘူးတာတွေ မရှိဘူး။ ကျနော်တို့အတွက် ဆက်လက်ကုသဖို့ ကုသရေးစံချိန် မရှိဘူး။ ကျနော်တို့ ဒီကင်ဆာတွေ တွေ့ရင် ကျနော်တို့က ကုသပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ သိပ္ပံနည်းကျသုတေသနတွေ သက်ဆိုင်ရာစာအုပ်စာတမ်းတွေအားလုံး အသုံးချပြုလုပ်နိုင်တဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင် သုတေသနအဖွဲ့နဲ့အတူ အောင်မြင်တဲ့ကုသမှုဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေရှိလို့ ဖြစ်ပါတယ်။”

“Horizon ကင်ဆာဌာနကို လာရောက်တဲ့ ကင်ဆာလူနာတိုင်း နာကျင်မှု ခံစားမှု အပြည့်အဝ ခံစားရပြီး ဖြစ်ပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ မျှော်လင့်ချက် သူတို့စွဲကိုင်ထားရမဲ့ကျောက်ဆောင် ဖြစ်ချင်ပါတယ်။ သူတို့ကို အရည်အသွေးကောင်းမွန်တဲ့ ဘဝပြန်ရောက်အောင် ကျနော်တို့ အတတ်နိုင်ဆုံး အနီးကပ်ပြုစုစောင့်ရှောက်ပေးလိုပါတယ်။ သူတို့ကို ဆေးကုသပေးဖို့ သူတို့ပျော်ရွှင်နိုင်တဲ့ ဘဝကို သူတို့လမ်းပေါ် ပို့ပေးဖို့ ဒါတွေက ကျနော်တို့ရဲ့ အစစ်မှန်ဆုံးသောဆန္ဒ ဖြစ်ပါတယ်” ဟု Dr. Narongsak မှ ပြောပြသည်။

Credit to Bumrungrad International Hospital
Horizon Cancer Center, Bangkok

M.C.D ဘန်ကောက်ကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့
ဖုန်း 09798960147, 09798960146

#ကင်ဆာ #ဆရာဝန် #ဘန်ကောက် #ဆေးရုံ #ကျန်းမာရေး #ရန်ကုန် #မေမြို့ #တောင်ကြီး #မုံရွာ #ထိုင်းနိုင်ငံ #ခရီးထွက် #ဆေးကုသမှု #ကင်ဆာကုထုံး #လေယာဉ်

Address

37th × 85th Street
Mandalay
05031

Alerts

Be the first to know and let us send you an email when M.C.D Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to M.C.D Group:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram