29/12/2025
🗣️ စာဖတ်သူရော တစ်ခါတစ်လေ ခြေတွေ လက်တွေ ထုံကျဉ်တာမျိုး၊ မီးစနဲ့အထိုးခံလိုက်ရသလို စူးခနဲ ဖြစ်သွားတာမျိုး ကြုံဖူးကြလားရှင့်။ ⁉️
ဒီလက္ခဏာတွေ မကြာခဏ ဖြစ်တတ်တယ်ဆို ဒါဟာ အာရုံကြောအားနည်းခြင်းကြောင့် ဖြစ်လာတဲ့လက္ခဏာတစ်ချို့ပါ။ ဒီနေ့တော့ အာရုံကြော အားနည်းရောဂါအကြောင်းလေးကို စာဖတ်သူတွေကို သိသလောက် မျှဝေပေးသွားပါ့မယ်ရှင်။❤️
ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အဖျားပိုင်းအာရုံကြောတွေ ထိခိုက်မှုကို အင်္ဂလိပ်လို Peripheral Neuropathy လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစွန်အဖျားပိုင်း ခြေလက်တွေက အာရုံကြောတွေထိခိုက်တဲ့အတွက် အားနည်းလာတာ၊ ထုံကျဉ်တာ၊ နာကျင်တာတွေ ခံစားရစေပါတယ်။
🧠ဦးနှောက်နဲ့ ဗဟိုအာရုံကြော အဖွဲ့အစည်းက သတင်းအချက်အလက်တွေကို အာရုံကြောလေးတွေကို သုံးပြီး ခန္ဓာကိုယ် အနှံ့အပြားကို ပို့ပေးပါတယ်။ ထိခိုက်ဒဏ်ရာ တစ်ခုခုရတာ၊ ရောဂါပိုး၀င်တာ၊ ဆီးချိုသွေးတိုး လိုရောဂါတွေဖြစ်တာ၊ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်ရှိနေတာ စတဲ့အချက်တွေကြောင့် ဒီအာရုံကြောတွေ ထိခိုက်သွားနိုင်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာ အဖြစ်အများဆုံးကြောင်းရင်း ကတော့ ဆီးချိုရောဂါကြောင့်ဖြစ်ပါတယ်ရှင့်။ ဒီ ဆီးချို ရောဂါ ဝေဒနာရှင်တွေက နာကျင်မှုခံစားရတဲ့အခါ ဓားနဲ့ထိုးသလို၊ မီးစနဲ့ ထိုးသလို နာကျင်မှုမျိုး ခံစားရလေ့ရှိပါတယ်။😢
🎗️အာရုံကြောအားနည်းရင် ဘာလက္ခဏာတွေ ပြမလဲ?
▪️ခြေ/လက်ထုံကျဥ်ညောင်းကိုက်ခြင်း
▪️ခါးနာ၊ခါးကိုက်ခြင်း
▪️လေးလံထိုင်းမှိုင်းခြင်း၊
▪️ဆီးဝမ်းသွေးလေချုပ်ခြင်း၊
▪️မျက်စိဝေခြင်း၊မှုန်ခြင်း
▪️ခေါင်းအုံခြင်း၊ခေါင်းမူးခြင်း၊
▪️အကြောတက်ခြင်း
▪️ဆီးပူခြင်း၊ဝါခြင်း၊နီခြင်း၊ကျင်ခြင်း
▪️ဆီးကျောက်တည်ခြင်း စသဖြင့် လက္ခဏာ အမျိုးမျိုး။
⚒️Sensory nerves လို့ခေါ်တဲ့ အာရုံခံ အာရုံကြောတွေက အရေပြားပေါ်က ပူတာအေးတာ၊ နာကျင်တာ၊ တုန်ခါမှု၊ အထ်ိအတွေ့ စတာတွေကို အာရုံခံနိုင်ပါတယ်။
⚒️Motor Nerves လို့ခေါ်တဲ့ ကြွက်သားတွေလှုပ်ရှားမှုပြုလုပ်ပေးတဲ့ အာရုံကြောတွေလည်း ရှိပါတယ်။
⚒️Autonomic Nerves လို့ခေါ်တဲ့ အာရုံကြောတွေက ခန္ဓာကိုယ်က အလိုအလျောက်လုပ်ဆောင်ချက်တွေဖြစ်တဲ့ နှလုံးခုန်တာ၊ သွေးပေါင်ချိန် ထိန်းညှိတာ၊ အစာချေတာ စတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။
☑️Motor Nerves(ကြွက်သားနဲ့ သက်ဆိုင်တဲ့ အာရုံကြော) တွေထိခိုက်မယ်ဆို ကြွက်သားတွေ အားနည်းလာတာ၊ အကြောလိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။
☑️Autonomic Nerves တွေ ထိခိုက်မယ်ဆိုရင် ခန္ဓာကိုယ်က -
အပူအအေးဒဏ်မခံနိုင်တာ၊
-ပုံမှန်မဟုတ် ချွေးတွေထွက်တာ၊
-အစာမကြေတာ၊
-ဆီးမထိန်းနိုင်တာ၊
-သွေးပေါင်ချိန်မငြိမ်တာ၊
-ခေါင်းက မိုက်ခနဲ မူးမူး သွားတာ စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။
ဒီအာရုံကြောအားနည်းတဲ့ ရောဂါက အာရုံကြောတစ်ချောင်းတည်းမှာလည်း ဖြစ်နိုင်သလို တစ်ချောင်းထပ်ပိုပြီးလည်း ဖြစ်နိုင်ပါတယ်။
🎗️ဖြစ်ရတဲ့ အကြောင်းအရင်း
တွေက👇
ဒီရောဂါတစ်ခုကြောင့် အာရုံကြောအားနည်းတဲ့ရောဂါဖြစ်ရတာဆိုပြီး သေချာပြဖို့ မလွယ်ပါဘူး။
အာရုံကြောအားနည်းတဲ့ရောဂါက အခြေအနေတွေ အများကြီးပေါ် မူတည်ပါတယ်။ အကြောင်းအရင်းတစ်ခုတည်းပေါ် မမူတည်ပါဘူး။ အဖြစ်များတဲ့ အကြောင်းတွေကတော့-
🥃အရက်သောက်ခြင်း။
အရက်သောက်တဲ့သူတွေမှာ ဗီတာမင်ချို့တဲ့မှု ပိုခံစားရတာကြောင့် အာရုံကြောတွေ အားနည်းလာတတ်ပါတယ်။
👉ဆီးချိုရောဂါရှိခြင်း
ဆီးချို ဝေဒနာရှင် ၁၀၀ မှာ ၅၀ လောက်က ဒီအာရုံကြောရောဂါ ဖြစ်လေ့ရှိတာကို တွေ့ရတယ်။
💊သောက်ဆေးများ
တချို့ သောက်ဆေးတွေ ဥပမာ ကင်ဆာရောဂါသည်တွေကို ပေးတဲ့ဆေးတွေ ကြောင့်လည်း ဒီလိုအာရုံကြောအားနည်းတာ ဖြစ်နိုင်ပါတယ်။
👉ပိုး၀င်တာ ဘတ္တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ် ပိုး၀င်လို့ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ Lyme Disease, Epstein-Barr Virus, Leprosy, HIV စတဲ့ရောဂါရှိတဲ့သူတွေမှာလည်း တွေ့ရပါတယ်။
မတော်တဆ ထိခိုက်မှုတစ်ခုခုဖြစ်လို့ ဥပမာ ဆိုင်ကယ် မှောက်တာ၊ ကားမှောက်တာ စတဲ့ကိစ္စ တစ်ခုခုကနေ အာရုံကြော ထိခိုက်သွားမယ်ဆိုရင်လည်း နောက်ဆက်တွဲ အနေနဲ့ ဒီဝေဒနာခံစားရနိုင်ပါတယ်။
အာရုံကြောတွေနားမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေ ဖြစ်လာရင် အာရုံကြောကို သွားဖိ မိတတ်ပါတယ်။ ဒီအခါမှာလည်း ဒီဝေဒနာ ခံစားရနိုင်ပါတယ်။
🚧တခြားဖြစ်ရတဲ့ အကြောင်းတွေကတော့ ဗီတာမင် ဘီ၊ အီး ချို့တဲ့တာ၊ ရိုးတွင်း ခြင်ဆီမှာ ပြဿနာရှိတာ၊ မွေးကတည်းက မျိုးရိုးဗီဇဆိုင်ရာရောဂါတစ်ခုခုပါလာတာ၊ သတ္တု ပစ္စည်းတွေ မကြာခဏ ကိုင်တွယ်အလုပ်လုပ်နေရတဲ့သူတွေမှာလည်း ဖြစ်နိုင်တာကို တွေ့ရပါတယ်။🚧
‼️အာရုံကြောအားနည်း ရောဂါရဲ့
နောက်ဆက်တွဲဆိုးကျိုးများ‼️
♦️အပူအအေးကို ခံစားလို့မရတာကြောင့် မကြာခဏ မီးပူလောင်တာ၊ ဒဏ်ရာရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဒဏ်ရာရမှန်းမသိပဲ နေထိုင်နေတာကြောင့် ဒဏ်ရာတွေကို ပိုး၀င်နိုင်ပါတယ်။
နောက်အဖြစ်များတာတစ်ခုကတော့ သွားလာလှုပ်ရှားတဲ့အခါ ဟန်ချက် ပျက်ယွင်း လွယ်တာကြောင့် မကြာခဏ ချော်လဲတာ၊ မှောက်လဲတာတွေ ဖြစ်တတ်ပါတယ်။
👩⚕️ကာကွယ်ခြင်း👩⚕️
ဒီအာရုံကြော အားနည်းတဲ့ရောဂါကို အကောင်းဆုံးကာကွယ်တဲ့နည်းကတော့ ဆီးချိုရောဂါ၊ လေးဖက်နာရောဂါ စတာတွေကို သေချာကုသတာပဲ ဖြစ်ပါတယ်။ အရက်သောက်တတ်တဲ့သူဆိုလည်း အရက်ဖြတ်ဖို့ လိုအပ်ပါမယ်။နေထိုင်စားသောက်မှုပုံစံအနေနဲ့ဆို သစ်သီး၀လံတွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ ဂျုံကြမ်း ၊ ကြက်သား စတာတွေ များများစားပေးပါ။ ဗီတာမင်ဓာတ်မချို့တဲ့အောင် စားသောက်ပါ။🥗
🏃♂️နေ့စဉ်နေ့တိုင်းလည်း အနည်းဆုံးမိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။🏃♀️
ဒီရောဂါက စားသောက်နေထိုင်မှုပုံစံမမှန်လို့ဖြစ်တာအများဆုံးဆိုတာ တွေ့ရှိရပါတယ်။ ‼️
♦️ဒါ့ကြောင့် အသက် ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ရဲ့ စားသောက်တဲ့အစားအစာ၊ သွားလာ နေထိုင်တဲ့ ပုံစံ တွေကို သတိနဲ့ထိန်းမှ ရောဂါမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဖြစ်လာမှ ကုသတာထပ် မဖြစ်ခင်ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့ မိမိကျန်းမာရေးကို ဒီနေ့ပဲစပြီး သေချာဂရုစိုက်လိုက်ကြရအောင်လားရှင်။🥰
⚠️အကယ်၍ ဒီအာရုံကြောအားနည်းတဲ့ရောဂါကိုခံစားနေရပြီဆိုရက်လဲ မပေါ့ဆပဲ ဆရာဝန်များ(သို့မဟုတ်) တိုင်းရင်းသမားတော်များဆီမှာ စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။👩⚕️