Shun Pharmacy

Shun Pharmacy Pharmacy

Iphone မှန်မကွဲလက်ကျန်ဖြတ်လျော့စျေး✅Qualityရှယ် ဗူး packingကြည့်တာနဲ့သိနိုင်ပါတယ်ပစ္စည်းကောင်းတံဆိပ်ကောင်းiPhone 12/12pr...
16/03/2025

Iphone မှန်မကွဲလက်ကျန်ဖြတ်လျော့စျေး

✅Qualityရှယ် ဗူး packingကြည့်တာနဲ့သိနိုင်ပါတယ်ပစ္စည်းကောင်းတံဆိပ်ကောင်း

iPhone
12/12pro/12promax( ရိုးရိုး/ privacy )-တစ်ချပ်7000
WSစျေးသီးသန့်ရှိ

iphone
13/13pro/13promax(ရိုးရိုး/ privacy )-7000
WSစျေးသီးသန့်ရှိ

📞09798665105

31/12/2022

ရွှန်း ဆေးဆိုင်အား
အစဉ်အမြဲအားပေးနေကြသောချစ်Customerများအားလုံး
🎆🎉🍾️Happy New Yearပါ🎆🎉🍾️
"2023" မှာလည်းစီးပွါးလာဘ်လာဘများဒီရေအလားတိုးတက်ပွါးများကြပါစေလို့ "ရွှန်းဆေးဆိုင် "မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🏻🙏🏻🙏🏻

ယနေ့အချိန်ထိ(1.9.2022) ✅ရွှန်း ဆေးဆိုင် ✅ ကို ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ ချစ်ခင်လေးစားအပ်ပါသော ဝယ်သူလေးများကို ကျေးဇူးအ...
01/09/2022

ယနေ့အချိန်ထိ(1.9.2022)

✅ရွှန်း ဆေးဆိုင် ✅


ကို ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ ချစ်ခင်လေးစားအပ်ပါသော ဝယ်သူလေးများကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်။

ဒေါ်လာစျေးအဆမတန်မြင့်တက်နေခြင်း နှင့် အောက်ပါ အခြေအနေအရပ်ရပ်များကြောင့် နိုင်ငံခြားဆေးစျေးနှုန်းများပြောင်းလဲမှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်ဆိုတဲ့အကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်🙏🙏🙏


#ရွှန်းဆေးဆိုင်
၅၆/၅၇(၁၁၄)လမ်း၊ချမ်းမြသာစည်၊မန္တလေး။

ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် အရင်ဆုံးကိုယ်ဆိုးတဲ့ချောင်းက အစိုလား အခြောက်လား သိရပါမယ်။ယေဘုယျအားဖြင့် ချောင်းအစိ...
14/08/2022

ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင်
အရင်ဆုံးကိုယ်ဆိုးတဲ့ချောင်းက အစိုလား အခြောက်လား သိရပါမယ်။
ယေဘုယျအားဖြင့် ချောင်းအစို-အခြောက်ပေါ်မူတည်ပြီး သောက်ရတဲ့ဆေး ကွဲသွားပါလိမ့်မယ်။
----------
ချောင်းစို
----------
ချောင်းစိုဆိုတာ သလိပ်ထွက်တဲ့ချောင်းပါ။ သလိပ်အကြည်ပဲဖြစ်ဖြစ် အစိမ်း အဝါရောင်ပဲဖြစ်ဖြစ် သလိပ်ပါပြီဆိုရင် ချောင်းစိုလို့ သတ်မှတ်ရပါမယ်။

ချွဲသလိပ်ကို အပြင်ရောက်အောင် ခပ်ထုတ်ပြီးဆိုးရတဲ့ချောင်းဖြစ်လို့ အရှိန်ပြင်းပြီး လူလည်း တအားပင်ပန်းပါတယ်။ 😓

အဲလိုချောင်းတွေမှာ ချွဲသလိပ်ပျော်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။ အဲဒီဆေးတွေမှာ ပါတဲ့ Acetylcysteine (သို့) Carbocysteine ဆိုတာက ချွဲသလိပ်ကို ချေဖျက်ပေးပါတယ်။ ချွဲသလိပ်ပျော်ပြီး အပြင်ထွက်သွားမှသာ သက်သာမှာပါ။

ဆေးဗူးပေါ်မှာ Productive Cough လို့ ရေးထားတတ်ကြပါတယ်။ Expectorant တို့ Mucolytic တို့လည်း ရေးထားတတ်ကြပါတယ်။

သလိပ်ထွက်တဲ့ ချောင်းစို ချောင်းဆိုးပျောက်ဆေး တွေက…
💠ဆေးရည်ထဲမှာဆိုရင်…
Wood’s အပြာရောင်ဗူး၊ Ascoril ဆေးရည်၊ Bisolvon ဆေးရည်၊ Flemex ဆေးရည်၊ Solmux ဆေးရည်၊ Bena ဆေးရည်၊ Herba cough ဆေးရည်

💠သောက်ဆေးတွေထဲမှာဆိုရင်…
Solmux, Musol, Flemex, Muclear, Mucoclean

----------------
ချောင်းခြောက်
----------------
ချောင်းခြောက်ကတော့ သလိပ်မထွက်ဘဲ လည်ချောင်းယားပြီးဆိုးတဲ့ချောင်းပါ။

အအေးမိတာ၊ ဓာတ်မတည့်တာ၊ လေပြွန်ရောင်တာတို့ကြောင့် လည်ချောင်းယားပြီး ချောင်းဆိုးတာပါ။ နှာရည်တွေ အပြင်မယိုဘဲ လည်ချောင်းထဲ ယိုကျရင်လည်း လည်ချောင်းယားပြီး ချောင်းဆိုးတတ်ပါတယ်။

လည်ချောင်းတအားယားတော့ ဟန်မဆောင်နိုင် မထိန်းနိုင် မသိမ်းနိုင်ချောင်းဆိုးတတ်ကြပါတယ်။ 😣

အဲလိုချောင်းတွေမှာ ချောင်းဆိုးချင်စိတ် မဖြစ်အောင် ဟန့်တားပေးတဲ့ Dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။

ဆေးဗူးပေါ်မှာ Non-Productive Cough လို့ရေးထားတတ်ပါတယ်။ Dry Cough၊ Antihistamine ၊ Cough Suppressants နဲ့ Antitussive လို့လည်း ရေးထားတတ်ပါတယ်။ Antihistamine ပါလို့ အိပ်တော့ငိုက်တတ်ပါတယ်။

သလိပ်မထွက်တဲ့ ချောင်းခြောက် ချောင်းဆိုးပျောက်ဆေးတွေက…
💠ဆေးရည်ထဲမှာဆိုရင်…
Wood’s အနီရောင်၊ Chericof ဆေးရည်၊ Zecuf ဆေးရည်၊ Dantusil ဆေးရည်၊ Exicof ဆေးရည်၊ Atussin ဆေးရည်

💠သောက်ဆေးတွေထဲမှာဆိုရင်…
Tussic, Atussin, Bronchest, Konidin, De-tussin

——————————
ဘယ်လိုပဲချောင်းဆိုးဆိုး...
——————————
🔸ရေများများသောက်ပါ။ ရေဓာတ်များရင် အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ပျော်စေနိုင်ပါတယ်။
🔸ရေနွေးပူပူသောက်ပါ။ ရေနွေးပူကလည်း ချွဲသလိပ်တွေကိုပျော်စေပါတယ်။
🔸ခြေဖဝါးပရုတ်ဆီလူးပြီး ခြေစွတ်ဝတ်အိပ်ပါ။
🔸ရင်ဘတ်နဲ့ လည်ချောင်းတလျှောက် ပရုတ်ဆီ ပါးပါးလူးထားပါ။ လည်ပင်းကို မာဖလာလေးပတ်အိပ်ပါ။
🔸ရေနွေးငွေ့ရှူပါ။ ရေနွေးထဲ ရာပန်းဆီ ၂ စက်လောက် ထည့်ရှူပေးပါ။ အသက်ရှုလမ်းကြောင်းတစ်လျှောက် ပိုးတွေသန့်စင်ပေးပြီး ချွဲသလိပ်ပျော်စေပါတယ်။
🔸ဆားရည်နွေးနဲ့ ပလုတ်ကျင်းပါ။ ဆားရည်နွေးက Virus ပိုးတွေ မကြိုက်တဲ့ Alkaline Environment ဖြစ်စေသလို လည်ချောင်းယားသက်သာစေတယ်။
🔸လေသန့်စက် (Air Purifier) ရှိရင် အခန်းထဲ ဖွင့်ထားပါ။ ချောင်းဆိုးနှာစေးစေနိုင်တဲ့ Allergen တွေ၊ အမှုန်အမွှားတွေ၊ တော်ရုံပိုးမွှားတွေကို ဖယ်ပေးနိုင်ပါတယ်။ Mini လေသန့်စက်လေးတွေ Home Smart Home page မှာ In stock ရှိပါတယ်။ စျေး ၃ သောင်းကျော်လောက်ပဲ ရှိပါတယ်။
🔸လည်ချောင်းယားရင် Menthol ပါတဲ့ ငုံဆေးလေးတွေ ငုံပေးပါ။ ကွမ်းရွက်ပုံ၊ မှန်ချို၊ တို့ကျောင်းသားလို ချောင်းဆိုးပျောက်ဆေးတွေလည်း ငုံပေးလို့ရပါတယ်။

———————
သတိထားရမှာက
———————
🔺ချောင်းဆိုးတာ ၃ ပတ်ကျော်ထိမပျောက်ရင်
🔺ရင်ဘတ်အောင့်ရင်
🔺ကိုယ်အလေးချိန်သိသိသာသာလျော့ကျနေရင်
🔺ကိုယ်အပူချိန်မြင့်တက်နေရင်
🔺ချောင်းဆိုးပြီး သွေးပါရင်
🔺နှုတ်ခမ်း၊ပါးစပ်နဲ့ လက်သည်းတွေ ပြာနှမ်းလာရင်
🔺အသက်ရှူကျပ်လာရင်
🔺ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေထွက်လာရင်တော့ ဆေးခန်းပြသင့်နေပါပြီ။

အားလုံးပဲ ချောင်းဆိုးသက်သာ ကျန်းမာကြပါစေ။

Credit -ဒေါက်တာနုမြတ်သိင်္ဂီဦး

💁🏻‍♀️လူကြီးမင်းတို့၏ ကိုယ်စိတ်ကျန်းမာမှုသည် #ရွှန်းဆေးဆိုင်က တန်ဖိုးထားသောအရာဖြစ်သည်။💁🏻‍♀️

🏡ဆက်သွယ်ရန်လိပ်စာ - ၅၆(၁၁၄)မြင့်ဇူလမ်း၊ချမ်းမြသာစည်၊မန္တလေး။

📱ဖုန်း - ၀၉၇၉၈၆၆၅၁၀၅ကိုဆက်သွယ်လို့ဖြစ်စေ၊ Viber ကတစ်ဆင့်ဖြစ်စီ၊ Page Messenger က ဖြစ်စီ ဆက်သွယ်မှာယူလို့ရပါတယ် ကျေးဇူးတင်ပါရှင့်🙋🏻‍♀️

📍 NUTRIVITA📍ဗီတာမင် ချို့ တဲ့နေတဲ့ သူတွေမှာ - နူတ်ခမ်းသားတွေ ခြောက်သွေ့ အက်ကွဲနေတတ်တယ်- ဆံပင်တွေ ပိုပြီး ကျွတ်လာမယ်- ...
14/08/2022

📍 NUTRIVITA📍

ဗီတာမင် ချို့ တဲ့နေတဲ့ သူတွေမှာ - နူတ်ခမ်းသားတွေ ခြောက်သွေ့ အက်ကွဲနေတတ်တယ် - ဆံပင်တွေ ပိုပြီး ကျွတ်လာမယ် - လက်တွေ ၊ ခြေထောက်တွေ ထုံကျဉ်တတ်တယ် - ခဏခဏ ကြွက်တတ်သလိုဖြစ်တတ်ပါတယ်
ဗီတာမင်တွေ စုံလင်တဲ့ အစားအစာတွေကိုမျှတအောင်စားသုံးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် 15 မျိုးပါ၀င်တဲ့နိုင်ငံတကာအဆင့်မီအားဆေး
နျူထရီဗိုက်တာ နဲ့ လိုအပ်နေတဲ့ ဗီတာမင်တွေကိုပြန်လည်ဖြည့်တင်းပါ။

#ရွှန်းဆေးဆိုင်
📞09798665105
၅၆(၁၁၄)မြင့်ဇူလမ်း
Credit

👏🏻👏🏻👏🏻👏🏻👏🏻👏🏻🥳🥳🥳
02/06/2022

👏🏻👏🏻👏🏻👏🏻👏🏻👏🏻🥳🥳🥳

☘️☘️🥳ရွှန်း ဆေးဆိုင် ကို ၁၁၄လမ်း၊၅၆/၅၇ သို့
(1.6.2022)ရက်မှစ၍ ပြောင်းရွေ့ဖွင့်လှစ်ထားပါသည်။

☘️☘️🥳ရွှန်း ဆေးဆိုင် ကို ၁၁၄လမ်း၊၅၆/၅၇ သို့ (1.6.2022)ရက်မှစ၍ ပြောင်းရွေ့ဖွင့်လှစ်ထားပါသည်။
02/06/2022

☘️☘️🥳ရွှန်း ဆေးဆိုင် ကို ၁၁၄လမ်း၊၅၆/၅၇ သို့
(1.6.2022)ရက်မှစ၍ ပြောင်းရွေ့ဖွင့်လှစ်ထားပါသည်။

💁‍♀️ပဲကြီးလှော်စားသလို မသုံးစွဲမိစေဖို့“အရေးပေါ်သန္ဓေတားဆေးကဒ် အကြောင်း”(Emergency contraceptive pill)✅✅✅===============...
07/02/2022

💁‍♀️ပဲကြီးလှော်စားသလို မသုံးစွဲမိစေဖို့“အရေးပေါ်သန္ဓေတားဆေးကဒ် အကြောင်း”
(Emergency contraceptive pill)✅✅✅
=====================================

✅အရေးပေါ်သန္ဓေတားဆေးဆိုတာ ဘာလဲ❓

မတော်တဆ အကာအကွယ်မဲ့ အတူနေမိပြီးသွားတဲ့အချိန်မှာ သောက်ရတဲ့ ဆေးကဒ်ဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါ၀င်ပါတယ်။ (နှစ်မျိုးပါတဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဒါပေမယ့် အသုံးများတာက တစ်မျိုးပါဆေးကဒ်တွေ ဖြစ်ပါတယ်)
တချို့ဆေးကဒ်တွေက ဆေးလုံးနှစ်လုံးပါ၀င်ပြီး ခုနောက်ပိုင်းမှာတော့ ဆေးလုံးတစ်လုံးတည်း ပါ၀င်တဲ့ဆေးတွေလည်း ရှိနေပါပြီ။

✅အလုပ်လုပ်ပုံ

ကိုယ်၀န်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီဆေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် လုပ်ပေးနိုင်သလို၊ ကြွေတာကိုလည်း နှေးကွေးစေပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်၀န်မရအောင် တားပေးပါတယ်။

✅ ဘယ်လိုအသုံးပြုရတာလဲ

ဒီဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ (၅ရက်) အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။
အရင်ကတော့ ဆေးလုံးနှစ်လုံးပါတဲ့ ဆေးကဒ်တွေဆို ပထမတစ်လုံးသောက်၊ ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာတော့ နှစ်လုံးစလုံးကို တစ်ပြိုင်တည်း သောက်ခိုင်းပါတယ်။ ဒီတော့ ဒုတိယတစ်လုံးသောက်ဖို့ မေ့သွားတယ်ဆိုတာမျိုး မရှိတော့ဘူးပေါ့။
တစ်လုံးတည်းပါတဲ့ ဆေးကဒ်ဆိုရင်တော့ အဲဒီတစ်လုံးတည်း သောက်လိုက်ရင် ရပါပြီ၊၊

ဟော်မုန်းပမာဏများတာမို့ အန်တတ်ပါတယ်။ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ထွက်တယ်ဆိုရင်တော့ ထပ်သောက်ရပါမယ်။ အဲဒါကိုမှ ထပ်အန်နေတယ်ဆိုရင် အအန်ပျောက်ဆေးနဲ့တွဲပြီး သောက်လို့ရပါတယ်။

✅ထိရောက်မှု

ပုံမှန်အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း မဟုတ်တာကြောင့် အသုံးပြုပြီး တစ်နှစ်အတွင်း အမျိုးသမီးဘယ်နှယောက် ကိုယ်၀န်ရနိုင်တယ် ဆိုတာမျိုး ပြောလို့မရပါဘူး။
ပြောလို့နိုင်တာကတော့ ကိုယ်၀န်ရနိုင်တဲ့ရက်တွေမှာ ဆက်ဆံမိတဲ့ အမျိုးသမီးအယောက်(၁၀၀)မှာ ဒီဆေးကို မသောက်ဘူးဆိုရင် (၈)ယောက် ကိုယ်၀န်ရနိုင်ပြီး သောက်လိုက်မယ်ဆိုရင်တော့ (၁)ယောက်ပဲ ကိုယ်၀န်ရနိုင်ပါတယ်။
စောစောသောက်လေ ထိရောက်မှုပိုကောင်းလေ ဖြစ်ပါတယ်၊၊

(၁၀၀)မှာ (၁)ယောက်ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် ထိရောက်မှုကောင်းတယ် ထင်ရပေမယ့် တခြားသော သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်တာတို့လို သားဆက်ခြားနည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ထိရောက်မှုနည်းတာကို တွေ့ရ့ပါတယ်။ ဒါကြောင့်လည်း ❌ဒီနည်းလမ်းကို ပုံမှန်သားဆက်ခြားနည်းတစ်ခုအနေနဲ့ အသုံးမပြုသင့်တာပဲ ဖြစ်ပါတယ်။❌

✅အားသာချက်တွေက ဘာတွေလဲ

✔️ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေမှာ သုံးလို့ရတယ်။ ဥပမာ အဓမ္မပြုကျင့်ခံရတဲ့အခါ၊ အိမ်ထောင်သည်တွေ ဘာသားဆက်ခြားနည်းမှ မသုံးရသေးချိန်မှာ အတူနေမိတာ၊ ကွန်ဒုံးသုံးရက်နဲ့ ပေါက်ပြဲသွားတာ၊ သုက်ရည်ကို အပြင်မှာ စွန့်ထုတ်ဖို့ နောက်ကျသွားတာ၊ နောက်ပြီး ချစ်သူရည်းစားတွေ မတော်တဆ ချစ်နယ်ကျွံမိတာမျိုးတွေမှာ သုံးလို့ရပါတယ်။

✔️ မတည့်တဲ့ အမျိုးသမီးရယ်လို့ မရှိဘဲ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅အားနည်းချက်တွေက ဘာတွေလဲ

❌ အတူမနေခင် ကြိုတင်အသုံးပြုပြီး ကာကွယ်ထားလို့ မရပါဘူး။ အတူနေပြီးသွားမှသာ သောက်လို့ရတယ်။

❌ တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင် ထိရောက်မှုနည်းတယ်။ ဒါကြောင့် ပုံမှန်သားဆက်ခြားနည်းအနေနဲ့ စွဲသုံးလို့မရဘူး။

❌ အဓမ္မအကျင့်ခံလိုက်ရတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ချေ ရှိပါတယ်။ ဒီဆေးက အဲဒီရောဂါတွေကိုတော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

✅ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဆေးသောက်ပြီးစ (၂)ရက်လောက်မှာ သွေးနည်းနည်းဆင်းတာ၊ ပုံမှန်ရာသီပေါ်ရမယ့်ရက်ထက် စောပြီးပေါ်တာ၊ ဒါမှမဟုတ် နောက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

✅မသုံးစွဲသင့်သော အခြေအနေများ

ဒီဆေး မသောက်သင့်တဲ့ အမျိုးသမီးရယ်လို့ မရှိပါဘူး။ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅လွဲမှားတဲ့ အယူအဆများ

✔️ (၅)ရက်အတွင်း သောက်လို့ရတယ်ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဒါကြောင့် ဆေးသောက်ဖို့ကို အချိန်ဆွဲမနေသင့်ပါဘူး။

✔️ တချို့ကလည်း မေးတတ်ကြတယ်၊ ဒီဆေးကို တစ်လ ဘယ်နှကြိမ်အများဆုံး သုံးလို့ရသလဲ တဲ့။
ဒီဆေးဟာ အရေးပေါ်အခြေအနေအတွက်ပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လ ဘယ်နှကြိမ်အများဆုံးသုံးလို့ရတယ် ဆိုပြီး တိတိကျကျ ပြောထားတာ မရှိပါဘူး။ တကယ်လို့ ကိုယ်က ဒီလိုခဏခဏအရေးပေါ်နေမယ်၊ ဆိုလိုတာက အိမ်ထောင်သည်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်တော့မရှိသေးပေမယ့် အိမ်ထောင်သည်လိုပဲ ပုံမှန်ဆက်ဆံမှုရှိနေရင်ဖြစ်ဖြစ် ဒီနည်းလမ်းကို အသုံးမပြုသင့်ဘဲ ဒီထက်ပိုစိတ်ချရတဲ့ သားဆက်ခြားနည်းတခုခုကို ပုံမှန်အသုံးပြုဖို့ လိုပါတယ်။

✔️ဒီဆေးကတော့ ပုံမှန်အသုံးပြုသင့်တဲ့ နည်းလမ်းမဟုတ်ဘဲ အရေးပေါ်အခြေအနေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ အကာအကွယ်မဲ့ အတူနေမိလိုက်တဲ့အခါမျိုးမှာ ကိုယ်၀န်ရမသွားအောင် ဒီဆေးကို အသုံးပြုလို့ရပြီး၊ ပုံမှန်ဆက်ဆံမှုရှိနေတဲ့ အမျိုးသမီးတွေကတော့ ဒီထက်ပိုစိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကို အသုံးပြုဖို့ လိုအပ်ပါမယ်။

Credit to ဒေါက်တာဖြိုးသီ.............................................................................................
ရွှန်း ဆေးဆိုင်
•၅၆/၅၇(၁၂၁)သင်ပန်းကုန်း၊မန္တလေး
☎️09798665105

💕ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။🙆‍♀️

(10.12.2021)ရက်နေ့တွင်ဆိုင်(၁)ရက်ပိတ်ပါမည်။
09/12/2021

(10.12.2021)ရက်နေ့တွင်
ဆိုင်(၁)ရက်ပိတ်ပါမည်။

17/09/2021

ဆေးpageနဲ့မဆိုင်ပေမဲ့

အထည်မဲလေးလုပ်ပါမယ်ရှင် အားပေးကြပါအုံးနော်
မဲပြည့်သွားလို့ ကံစမ်းမဲဖောက်တဲ့အခါကျ မဲပါဝင်ထားတဲ့customer တွေကိုကphone billထပ်ဖောက်ပေးမှာပါရှင်

pageကိုlike &share လေးလည်းလုပ်ပေးပါနော်
ဖုန်းဘေလ်ကံစမ်းမဲလေးတွေလည်းဖောက်ဖို့ရှိပါတယ်

ရွှန်း ဆေးဆိုင်

Address

Mandalay

Telephone

+959969777256

Website

Alerts

Be the first to know and let us send you an email when Shun Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram