Win Yadanar Bon Co., Ltd.

Win Yadanar Bon Co., Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Yadanar Bon Co., Ltd., Pharmaceutical Company, 73 Road 114 St & 115 St Between, Pyigyitagon Township, Mandalay.

လက်သန့်ရှင်းမှုဖြင့် ရောဂါများကို ကာကွယ်ပါ! ဒီနေ့အောက်တိုဘာ ၁၅ ရက်နေ့ဟာ ကမ္ဘာ့လက်ဆေးရေးနေ့ (Global Handwashing Day)  ဖြစ...
15/10/2025

လက်သန့်ရှင်းမှုဖြင့် ရောဂါများကို ကာကွယ်ပါ!
ဒီနေ့အောက်တိုဘာ ၁၅ ရက်နေ့ဟာ ကမ္ဘာ့လက်ဆေးရေးနေ့ (Global Handwashing Day) ဖြစ်ပါတယ်။

လက်သန့်ရှင်းမှုဟာ ရိုးရှင်းပြီး၊ ထိရောက်မှုရှိကာ အသက်သာဆုံး ရောဂါကာကွယ်ရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

👉 ကျွန်တော်တို့ရဲ့ လက်တွေဟာ ပိုးမွှားတွေကို အလွယ်တကူ သယ်ဆောင်ပြီး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ထိတွေ့မိတဲ့အခါ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ ဆပ်ပြာနဲ့ စနစ်တကျ လက်ဆေးခြင်းက ဝမ်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ တခြားကူးစက်ရောဂါ အများအပြားကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ရောဂါဖြစ်ပြီးမှ အရည်အသွေးမြင့် ဆေးဝါးတွေနဲ့ ကုသတာဟာ အရေးကြီးပေမယ့်၊ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တာက ပိုပြီး အကျိုးရှိပါတယ်။ ဆေးဝါးတွေဟာ ကုသမှုအတွက် မရှိမဖြစ်လိုအပ်သလို၊ လက်ဆေးခြင်းကဲ့သို့ ရိုးရှင်းတဲ့ ကာကွယ်ရေးနည်းလမ်းကလည်း ရောဂါအစကို ဖြတ်တောက်ပေးနိုင်ပါတယ်။ လက်သန့်ရှင်းမှုက ရောဂါဖြစ်မှာစိုးရိမ်ရတဲ့ စိတ်ဒုက္ခတွေနဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေကိုပါ သက်သာစေပါတယ်။
💊 ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်

📢 မိမိကိုယ်တိုင်နဲ့ မိသားစုကို ရောဂါပိုးကူးစက်မှုကနေ ကာကွယ်ဖို့အတွက် လက်ဆေးတဲ့ အလေ့အကျင့်ကောင်းကို တိတိကျကျ လိုက်နာကြပါစို့!
👉 ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောပါ! 👍





#လက်ဆေးပါ


🧳✨ခရီးသွားစဉ် ဝမ်းမပျက်စေဖို့ ဒီအချက်တွေကို ပြင်ဆင်ပါ!ခရီးသွားရတာဟာ ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ… ဒါပေမဲ့ … 🍛အစာ...
14/10/2025

🧳✨ခရီးသွားစဉ် ဝမ်းမပျက်စေဖို့ ဒီအချက်တွေကို ပြင်ဆင်ပါ!
ခရီးသွားရတာဟာ ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ…
ဒါပေမဲ့ …
🍛အစားအသောက်၊
💧ရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ခရီးစဉ်တစ်ခုလုံး အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်နော် … ဒါကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ မပျက်စီးစေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အဓိကအချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်👇

💧 ရေသန့်ရှင်းရေး - ဒေသတစ်ခုနဲ့တစ်ခု ရေရဲ့ သန့်ရှင်းမှု အခြေအနေဟာ မတူညီနိုင်ပါဘူး။ ဒါကြောင့် ဘယ်နေရာကိုပဲရောက်ရောက်-
- ရေသန့်ကိုသာ သောက်ပါ (ရေပိုက်ခေါင်းရေ (Tap Water) ၊ ရေခဲတုံးနှင့် ၎င်းရေဖြင့် ဖျော်စပ်ထားသော အချိုရည်များကို ရှောင်ကြဉ်ပါ
- ပူပူနွေးနွေးရှိသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို သောက်သုံးနိုင်ပါသည်။

🍽️ အစားအသောက် ရွေးချယ်မှု - အစားအသောက်ကြောင့် ဝမ်းပျက်ခြင်းဟာ အဖြစ်အများဆုံးပါပဲ။ ဒါကြောင့် စားသောက်တဲ့အခါ
- ပူပူနွေးနွေး ချက်ပြုတ်ပြီးကာစ အစားအစာများကိုသာ စားသုံးပါ
- အကြာကြီးအအေးခံထားသော အစားအစာများကို ရှောင်ပါ
- ထို့ပြင် အခွံခွာရသော အသီးအနှံများကိုသာ စားသုံး၍ အစိမ်းသုပ်များနှင့် ကောင်းစွာမကျက်သေးသော အသား၊ ငါး၊ ပင်လယ်စာတို့ကို ရှောင်ကြဉ်သင့်ပါသည်။

🧼👐 တစ်ကိုယ်ရေ သန့်ရှင်းမှု - နောက်ဆုံးအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မကြာခဏ သေချာစွာဆေးကြောရန် လိုအပ်ပြီး၊ ရေမရှိသည့်အခါမျိုးတွင် Hand Sanitizer (အယ်လ်ကိုဟော 60% ပါဝင်သော) ကို ဆောင်ထား၍ အသုံးပြုရန် အကြံပြုအပ်ပါသည်။

ခရီးသွားစဉ်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း (Traveler's Diarrhea) သည် ဗက်တီးရီးယား သို့မဟုတ် ကပ်ပါးကောင် (Parasite) များကြောင့် ဖြစ်နိုင်ပါတယ်။
💊 MetroFast သည် ကပ်ပါးကောင် (Parasites) ဥပမာ - Giardia သို့မဟုတ် Entamoeba histolytica (ဝမ်းကိုက်စေသော) ကဲ့သို့သော ပိုးများကြောင့် ဖြစ်သော ဝမ်းလျှောခြင်းအတွက် အသုံးပြုရလေ့ရှိသော ပဋိဇီဝဆေး (Antibiotic) အမျိုးအစားဖြစ်ပါတယ် ။

📢 မိတ်ဆွေအနေနဲ့ ဘယ်လို ဆေးဝါးမျိုးကိုမဆို သောက်သုံးဖို့ ဆုံးဖြတ်တဲ့အခါ သင့်ရဲ့ ဆရာဝန် ဒါမှမဟုတ် Pharmacist ဆေးဝါးပညာရှင် နဲ့သာ တိုင်ပင်ဆွေးနွေးပါလို့ အကြံပြုပါရစေခင်ဗျာ။

👉ခရီးသွားချိန်မှာ ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး အခြားသိလိုသည်များရှိပါက ဤ Post အောက်တွင် မေးမြန်းနိုင်ပါတယ်!






#ခရီးသွားကျန်းမာရေး


💊 ဆေးဆိုင်ပိုင်ရှင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းရှင်များခင်ဗျာ...သင့်ရဲ့ စီးပွားရေးကို တည်ငြိမ်ပြီး စဉ်ဆက...
13/10/2025

💊 ဆေးဆိုင်ပိုင်ရှင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းရှင်များခင်ဗျာ...

သင့်ရဲ့ စီးပွားရေးကို တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ကြီးထွားစေမယ့် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်ကို ရှာဖွေနေပါသလား? 🤔

BurmeLiv က သင့်ရဲ့ အောင်မြင်မှု ခရီးအတွက် အဆင်သင့်ရှိနေပါပြီ။

✨ BurmeLiv Tablet (Chlorphenamine Maleate 4 mg)ဟာ ဟာ ဈေးကွက်မှာ အလိုအပ်ဆုံးသော ဓာတ်မတည့်ခြင်း (Allergy) ဆိုင်ရာ လက္ခဏာများကို ထိရောက်စွာ ကုသပေးနိုင်တဲ့ ဆေးဝါးဖြစ်ပါတယ်။
နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လေ့ရှိသော ရာသီဥတုနှင့် ပတ်ဝန်းကျင်ကြောင့်ဖြစ်သော ဓာတ်မတည့်မှုများအတွက် အမြဲတမ်းလိုအပ်သော ဆေးဝါး ဖြစ်သည့်အတွက် အရောင်းအဝယ် တည်ငြိမ်မှု အမြင့်ဆုံး ရရှိနိုင်ပါတယ်။

✅ သင့်ဖောက်သည်များရဲ့ ကျန်းမာရေး ပြဿနာများကို ဖြေရှင်းပေးနိုင်သော ထိရောက်ပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းဖြစ်တာကြောင့် အရောင်းမြှင့်တင်ရန် လွယ်ကူ စေပါတယ်။
✅ သင့် Customer တွေရဲ့ ယုံကြည်မှုနဲ့ ကျန်းမာရေးကို အာမခံနိုင်တဲ့ ထုတ်ကုန် ဖြစ်သည့်အတွက် သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားစေမှာပါ။

🤝 ယုံကြည်မှုဖြင့် လက်တွဲကြပါစို့!

သင့်ရဲ့ ဆေးဆိုင်၊ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းလုပ်ငန်းကို နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် BurmeLiv ရဲ့ ပံ့ပိုးမှုနဲ့ တည်ငြိမ်တဲ့ ကုန်ပစ္စည်းစီးဆင်းမှု ကို ယုံကြည်စိတ်ချစွာ ရယူလိုက်ပါ။

👉 အသေးစိတ် သိရှိလိုပါကနှင့် လက်တွဲဆောင်ရွက်ရန် Messanger သို့ ချက်ချင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ!






#ဆေးဆိုင်


☀️ တနင်္ဂနွေကို ဘယ်လိုကုန်ဆုံးဖြစ်လဲ? အားလုံးပဲ စိတ်လန်းကိုယ်ရွှင်ဖြစ်စေတဲ့ တနင်္ဂနွေနေ့လေးမှာ ဘယ်လိုမျိုး အားပြန်ဖြည့် ...
12/10/2025

☀️ တနင်္ဂနွေကို ဘယ်လိုကုန်ဆုံးဖြစ်လဲ?

အားလုံးပဲ စိတ်လန်းကိုယ်ရွှင်ဖြစ်စေတဲ့ တနင်္ဂနွေနေ့လေးမှာ ဘယ်လိုမျိုး အားပြန်ဖြည့် နေကြပါသလဲ? ကိုယ်တိုင် ဘက်ထရီအပြည့်ပြန်သွင်းတဲ့ နည်းလမ်းကို ရွေးချယ် ပြီး Comment မှာ ပြောပြခဲ့ပါဦး! 👇

ဒီနေ့ သင်ဘာလုပ်ဖြစ်လဲ?

(က) အားကစား/လေ့ကျင့်ခန်း လုပ်ပြီး လန်းဆန်းနေတယ် 🏃
(ခ) အိမ်မှာပဲ အနားယူ၊ စာဖတ်၊ ရုပ်ရှင်ကြည့်ပြီး အေးဆေးနေတယ် 🛋️
(ဂ) သူငယ်ချင်းတွေနဲ့တွေ့၊ လည်ပတ်စားသောက်ပြီး ပျော်ရွှင်နေတယ် 👯

Comment မှာ သင့်ရဲ့ Choice (က/ခ/ဂ) ကို ရေးခဲ့ပါ သို့မဟုတ် သင့်ရဲ့ တနင်္ဂနွေအားလပ်ရက်ကို အမြဲအတူတူကုန်ဆုံးတတ်တဲ့ သူငယ်ချင်းတွေကို Tag ခေါ်ပြီး သူတို့ဘာလုပ်လဲ မေးလိုက်ပါဦးနော်!








⚡️ Emergency Alert! မီးပိုးကောင် အန္တရာယ်⚠️ဒီကောင်လေးကို တွေ့ရင် လုံးဝ (လုံးဝ) မရိုက်မိစေနဲ့! ❌အခုလို ရာသီဥတုပြောင်းလဲချ...
12/10/2025

⚡️ Emergency Alert! မီးပိုးကောင် အန္တရာယ်
⚠️ဒီကောင်လေးကို တွေ့ရင် လုံးဝ (လုံးဝ)
မရိုက်မိစေနဲ့! ❌

အခုလို ရာသီဥတုပြောင်းလဲချိန်တွေမှာ အလင်းရောင်ကို နှစ်သက်တဲ့ 🔥မီးပိုးကောင် (Rove Beetle) တွေ အိမ်ထဲ ဝင်လာတတ်တာကို သတိထားပါ။

ဒီလိမ္မော်နဲ့ အနက်ရောင် ပိုးကောင်လေးဟာ ကိုက်တာ သို့မဟုတ် တုပ်တာမျိုး မလုပ်ပေမဲ့၊ သူ့ကို ကိုယ်ပေါ်မှာ မတော်တဆ ဖိမိ သွားတာနဲ့ သူ့ခန္ဓာကိုယ်ထဲက Pederin လို့ခေါ်တဲ့ အဆိပ်ဓာတ်ပါတဲ့ အရည် ထွက်လာပြီး အရေပြားကို ချက်ချင်း လောင်ကျွမ်း စေပါတယ်🔥။

ဒီအဆိပ်ဓာတ်ဟာ ပြင်းထန်တဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်လို့ ထိတွေ့ပြီး ၁၂ နာရီမှ ၄၈ နာရီ အတွင်းမှာ အရေပြားဟာ မီးလောင်သလို နီရဲ၊ ပူစပ်ပူလောင်ဖြစ်ပြီး အနီစင်းရှည် ဒါမှမဟုတ် အရည်ကြည်ဖုကြီးတွေ (Blisters) ဖြစ်လာနိုင်ပါတယ်။ ဒါကို 💥 Paederus Dermatitis လို့ ခေါ်ပါတယ်။
📍လက်မှာပေပြီး မျက်လုံးကို ပွတ်မိရင် 👁️ မျက်စိနီရဲရောင်ရမ်းခြင်း (Nairobi Eye) ကိုပါ ဖြစ်စေတတ်ပြီး အနာကျက်လည်း အမည်းစွဲ/အမာရွတ် ကျန်တတ်ပါတယ်နော်။

🛡️ ကာကွယ်ဖို့ကတော့
ပိုးကောင်ကို တွေ့ရင် လက်နဲ့ လုံးဝမချေမွမိစေဘဲ လေမှုတ်ထုတ်တာ၊ စက္ကူနဲ့ ဖယ်ရှားတာမျိုး လုပ်ပါ။ ပိုးနဲ့ ထိမိပြီဆိုရင်လည်း ဆပ်ပြာနဲ့ ရေများများ သုံးပြီး ချက်ချင်းဆေးချပစ်ဖို့ အရေးကြီးပါတယ်။ (မှတ်ချက်- အရက်ပြန် (Alcohol) လုံးဝ မသုံးရ! အဆိပ်ကို ပိုပျံ့စေပါတယ်‌နော်)
📌 အရေပြားမှာ အနာဖြစ်လာပြီဆိုရင်တော့ Steroid နဲ့ ပိုးသတ်ဆေး လိုအပ်နိုင်တာကြောင့် ကိုယ့်ဖာသာ ဆေးလိမ်းတာမျိုး မလုပ်ဘဲ အရေပြားဆရာဝန် နဲ့ အမြန်ဆုံးပြသပြီး သင့်တော်တဲ့ ကုသမှုခံယူဖို့ အကြံပြုပါရစေ။

💡 ကာကွယ်ဖို့
-မီးပိုးကောင်တွေက မီး (အထူးသဖြင့် အဖြူရောင်မီး) ကို ကြိုက်လို့ ညဘက်မှာ အလင်းရောင် လျှော့ချထားပါ။
-အိပ်စက်တဲ့အခါ ခြင်ထောင်ကို သေချာ သုံးပါ။
-အိပ်ရာမဝင်ခင် အဝတ်အစားနဲ့ အိပ်ယာခင်းတွေ ခါထုတ်တာ မျိုးတွေက မီးပိုးကောင် အန္တရာယ်ကနေ ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းတွေပါပဲ။

📌 သတိပြုရန်: အရည်ကြည်ဖု ဖြစ်တိုင်းလည်း မီးပိုးကောင်ကြောင့် မဟုတ်တာမို့ သေချာသိရှိနိုင်ရန်ကတော့ ဆရာဝန် နဲ့ ပြသပြီး ရောဂါရှာဖွေပါနော်။
📣 ဒီပို့စ်ကို Share လုပ်ပြီး သင့်သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို အန္တရာယ်ကနေ ကာကွယ်ပေးလိုက်ပါ။ ကျန်းမာရေးဗဟုသုတကို လူတိုင်းသိဖို့ လိုတယ်နော်! ❤️

#မီးပိုးကောင် #ပိုးနီ






"ရုတ်တရက် အဖျားတက်လာလို့ ဆေးခန်းပိတ်ချိန်မှာ ဘယ်လိုလုပ်မလဲ?"ဒီလို အခြေအနေမျိုးနဲ့ ကြုံဖူးပါသလား? 🥺သင့်ကလေး သို့မဟုတ် မိသ...
11/10/2025

"ရုတ်တရက် အဖျားတက်လာလို့ ဆေးခန်းပိတ်ချိန်မှာ ဘယ်လိုလုပ်မလဲ?"

ဒီလို အခြေအနေမျိုးနဲ့ ကြုံဖူးပါသလား? 🥺
သင့်ကလေး သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ရုတ်တရက် ကိုယ်ပူချိန် တက်လာတဲ့အခါ၊ ခေါင်းပြင်းထန်စွာ ကိုက်ခဲလာတဲ့အခါ၊ အထူးသဖြင့် ညဘက် ဆေးဆိုင်ပိတ်ချိန် ဒါမှမဟုတ် အရေးပေါ်အခြေအနေမျိုးမှာ... စိုးရိမ်စိတ်တွေ ချက်ချင်း ဝင်လာကြတယ် ဟုတ် ?
🚨 ဒီလို ကိုယ်ပူခြင်း၊ ကိုက်ခဲခြင်း စတဲ့ ဝေဒနာတွေ ရုတ်တရက် ဖြစ်လာတဲ့အခါ အချိန်မီ သက်သာစေဖို့အတွက် သင့်အိမ်ရဲ့ ရှေးဦးသူနာပြုဆေးဘူး (First Aid Box) ထဲမှာ Paracetamol Caplet ကို မဖြစ်မနေ ဆောင်ထားဖို့ လိုအပ်ပါတယ်။

Paracetamol Caplet ဟာ ကိုယ်ပူခြင်းနှင့် နာကျင်ကိုက်ခဲခြင်းများကို အချိန်တိုအတွင်း ထိထိရောက်ရောက် သက်သာစေနိုင်ပြီး ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။
တကယ်တမ်း လိုအပ်လာတဲ့အခါ ရှာမရ ဖြစ်မနေရအောင် သင့်အိမ်က First Aid Box ထဲမှာ Paracetamol Caplet ဖြည့်ထားဖို့ သတိပေးလိုက်ပါရစေနော်။ ✅

ကျွန်တော်တို့ Win Yadanar Bon Co., Ltd. က ဖြန့်ချိတဲ့ Paracetamol Caplet က အရည်အသွေးမြင့်မားပြီး၊ နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ထားခြင်းကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ အဖျားတက်ခြင်းနှင့် နာကျင်ကိုက်ခဲခြင်း ဝေဒနာများကိုလည်း လျင်မြန်ထိရောက်စွာ သက်သာစေနိုင်ပါတယ်ခင်ဗျာ...

သင့်အိမ်ရဲ့ ရှေးဦးသူနာပြုဆေးဘူး (First Aid Box) ထဲမှာ တခြား ဘာဆေးဝါးတွေ ထည့်ထားလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်!








ဒီလိုရာသီဥတုပြောင်းလဲချိန်တွေမှာ နှာရည်တောက်တောက်ယိုတာ၊ ခေါင်းမကြည်ပဲ နှာပိတ်နေတာ က ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အလုပ်တွ...
10/10/2025

ဒီလိုရာသီဥတုပြောင်းလဲချိန်တွေမှာ နှာရည်တောက်တောက်ယိုတာ၊ ခေါင်းမကြည်ပဲ နှာပိတ်နေတာ က ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို တကယ်ပဲ နှောင့်ယှက်တတ်ပါတယ်။

အစည်းအဝေးလုပ်နေချိန်မှာ နှာခဏခဏချေရလို့ စိတ်အနှောင့်အယှက်ဖြစ်တာမျိုး သင်ရော ကြုံဖူးလား? 😔

ဒါမျိုး ခံစားရရင်၊ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်ဖို့ ခက်ခဲပြီး အရာရာဟာ နှေးကွေးလေးလံနေတတ်ပါတယ်။

သင့်ရဲ့နေ့စဉ်အလုပ်တွေကို မပျက်မကွက် ဆက်လုပ်နိုင်ဖို့၊ အအေးမိခြင်းရဲ့ မလိုလားအပ်တဲ့ လက္ခဏာတွေကနေ မြန်မြန်သက်သာဖို့ BurmeLiv က အသင့်ရှိနေပါတယ်။ ✅

အအေးမိခြင်းကို အရှုံးမပေးဘဲ သင့်ရဲ့နေ့ရက်တွေကို အကောင်းဆုံးအသုံးချလိုက်ပါ။

BurmeLiv အကြောင်းကို နီးစပ်ရာ ဆေးဆိုင်များ မှာ မေးမြန်းဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။





#နှာစေးခြင်း #နေကောင်းပါစေ


လူနာတွေအတွက် အကောင်းဆုံး ကုသမှု ကို ပေးနိုင်ဖို့ ထိုးဆေးရဲ့ ဘေးကင်းမှုနဲ့ အရည်အသွေး က အလွန်အရေးကြီးတာကြောင့်  ဒီလိုအာမခံ...
09/10/2025

လူနာတွေအတွက် အကောင်းဆုံး ကုသမှု ကို ပေးနိုင်ဖို့ ထိုးဆေးရဲ့ ဘေးကင်းမှုနဲ့ အရည်အသွေး က အလွန်အရေးကြီးတာကြောင့် ဒီလိုအာမခံချက်ကို ရရှိစေဖို့အတွက် Aseptic Technique (ပိုးမွှားကင်းစင်သော နည်းစနစ်) ကို စနစ်တကျ လိုက်နာခြင်းက Infection Control (ကူးစက်ရောဂါထိန်းချုပ်ရေး) အတွက်အရေးကြီးဆုံးသော အဆင့်ပဲ ဖြစ်ပါတယ်

ကျွန်တော်တို့ရဲ့ Ceftriaxone Injection ကို ထုတ်လုပ်ရာတွင် Aseptic Technique နှင့် Good Manufacturing Practice (GMP) စံနှုန်းများကို တိကျစွာ လိုက်နာထုတ်လုပ်ထားပြီး ဆေးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုချင်းစီသည် ပိုးမဝင်နိုင်သည့် သန့်စင်ထုတ်လုပ်မှု (Sterile Production) ဖြစ်ကြောင်းကို အပြည့်အဝ အာမခံပေးထားပါတယ်ခင်ဗျာ။

Cexone Injection ကဲ့သို့သော ထိုးဆေးများ ပြင်ဆင်ရာမှာ လူနာဘေးကင်းရေး အတွက် အောက်ပါအချက်များကို အဓိက လိုက်နာရမှာဖြစ်ပါတယ် …

1. လက်သန့်ရှင်းရေး (Hand Hygiene): ဆေးမပြင်ဆင်မီ/မထိုးမီ လက်ကို စနစ်တကျ ဆေးကြောပါ သို့မဟုတ် ပိုးသတ်ပါ။
2. ပစ္စည်းစစ်ဆေးခြင်း: Syringe, Needle ဆေးရည် တို့၏ သန့်ရှင်းမှုနှင့် သက်တမ်း (Expiry Date) ကို စစ်ဆေးပါ။
3. Vial ပိုးသတ်ခြင်း: ဆေးပုလင်းဖုံး (Vial Stopper) ကို Alcohol Swab ဖြင့် သုတ်ပြီး လုံးဝ ခြောက်သွေ့သည်အထိ စောင့်ပါ။
4. No-Touch Technique: Needle Tip စသော ပိုးကင်းသည့် အစိတ်အပိုင်းများကို လက်နှင့် မထိမိစေရန် အထူးဂရုပြုပါ။
5. စနစ်တကျ စွန့်ပစ်ခြင်း: သုံးပြီးသား Needles များကို Sharps Container (ချွန်ထက်သောပစ္စည်းများ စွန့်ပစ်သည့်ဘူး) ထဲသို့ ချက်ချင်း စနစ်တကျ စွန့်ပစ်ပါ။

ဤအရေးကြီးသော သတိပေးချက်ကို သင်၏ Clinic Team နှင့် မျှဝေခြင်းဖြင့် လူနာဘေးကင်းရေးကို မြှင့်တင်ကြပါစို့ ….








#ဆေးထိုးနည်းစနစ်


သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ ခုခံအားနဲ့ စိတ်ပိုင်းဆိုင်ရာအထိပါ သက်ရောက်မှုရှိတဲ့ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေး ...
08/10/2025

သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ ခုခံအားနဲ့ စိတ်ပိုင်းဆိုင်ရာအထိပါ သက်ရောက်မှုရှိတဲ့ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေး (Gut Health) ဟာ အရေးကြီးဆုံးသော အခြေခံကျန်းမာရေး ဖြစ်ပါတယ်။ကျန်းမာသော အစာအိမ်စနစ်ရရှိဖို့အတွက် ဝေဒနာဖြစ်စေနိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယား တွေကို ထိန်းချုပ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။

Metrofast ဟာ သင့်အစာအိမ်ထဲက မကောင်းတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးပြီး သက်သောင့်သက်သာရှိတဲ့ ခံစားချက်ကို ပြန်လည်ရရှိစေဖို့ ကူညီပေးပြီး မကောင်းတဲ့ပိုးတွေ လျော့နည်းသွားတဲ့အခါ၊ သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယား (Probiotics Bacteria) များ ပိုမိုရှင်သန်စေပြီး အစာခြေစနစ်ကို ကျန်းမာစွာ ပြန်လည်တည်ဆောက်ပေးပါတယ်။

ရေရှည်အတွက် ကျန်းမာသော အူလမ်းကြောင်းကို ထိန်းသိမ်းဖို့-
-အမျှင်ဓာတ် များတဲ့ အစားအစာများ (ဥပမာ- ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံ) ကို နေ့စဉ်စားသုံးပါ။
-အချဉ်ဖောက်ထားသော အစားအစာ (Fermented Foods) များကို မကြာခဏ စားပေးပါ။
မကောင်းသော ဘက်တီးရီးယားများကို Metrofast ဖြင့် ဖယ်ရှားပြီး သက်သောင့်သက်သာ လန်းဆန်းတဲ့ နေ့ရက်တွေကို ပြန်လည်ဖန်တီးလိုက်ပါ။

📢 မိတ်ဆွေအနေနဲ့ ဘယ်လို ဆေးဝါးမျိုးကိုမဆို သောက်သုံးဖို့ ဆုံးဖြတ်တဲ့အခါ သင့်ရဲ့ ဆရာဝန် ဒါမှမဟုတ် Pharmacist ဆေးဝါးပညာရှင် နဲ့သာ တိုင်ပင်ဆွေးနွေးပါလို့ အကြံပြုပါရစေခင်ဗျာ။

ကျန်းမာသော အစာအိမ်အတွက် သင်စားသုံးလေ့ရှိတဲ့ အစားအစာတစ်ခုကို အချင်းချင်း အသိပညာပေးတဲ့အနေနဲ့ Comment မှာ မျှဝေပေးခဲ့ပါဦး။






#ကျန်းမာရေးအသိ


ရာသီဥတုပြောင်းတိုင်း ကလေး‌တွေမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေကြောင့် စိုးရိမ်နေရသလား? မိုးကုန်ပြီး ဆောင်းဝင်တဲ့အချိန်လို ရာသီအက...
07/10/2025

ရာသီဥတုပြောင်းတိုင်း ကလေး‌တွေမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေကြောင့် စိုးရိမ်နေရသလား?
မိုးကုန်ပြီး ဆောင်းဝင်တဲ့အချိန်လို ရာသီအကူးအပြောင်းတွေမှာ 👶 သားသားမီးမီးတွေဆီမှာလည်း နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားယံခြင်း၊ အရေပြားယားယံခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာ ဖြစ်တတ်ပါတယ်။

✅ အဲဒီအချိန် RV Cetrin syrup က ကလေးတွေမှာ ဖြစ်ပေါ်လာတဲ့ Allergy လက္ခဏာတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
RV Cetrin မှာပါဝင်တဲ့ Cetirizine ဟာ Allergy တုံ့ပြန်မှုကို ဖြစ်စေတဲ့ Histamine ကို တားဆီးပေးပြီး ကလေးတွေရဲ့ လက္ခဏာတွေကို မြန်ဆန်စွာ သက်သာစေပါတယ်။

👩‍⚕️

⚠️ မှတ်ချက် – RV Cetrin ကို သားသားမီးမီးတို့အတွက် အသုံးပြုရာမှာ အသက်အရွယ်အလိုက် တိကျတဲ့ အချိန်အဆ dose ကို ဆရာဝန် (သို့) ဆေးဝါးပညာရှင်မှ အကြံပြုချက်အတိုင်း လိုက်နာဖို့ သတိပြုသင့်ပါတယ်။

ရာသီအကူးအပြောင်းမှာ ကလေးတွေနဲ့ ပတ်သတ်လို့ သင်ကြုံရတဲ့ ကျန်းမာရေးပြဿနာ က ဘာလဲဆိုတာ 🤒 Comment မှာ မျှဝေပေးခဲ့ပါဦး!





#ဓာတ်မတည့်ခြင်း
#ရာသီဉတု


မကြာခဏဆိုသလို ပါးစပ်ထောင့်တွေ ကွဲအက်နာကျင်တာ (Angular Stomatitis)😣 ဒါမှမဟုတ် လျှာနာပြီး ရောင်ရမ်းနေတာ (Glossitis)😖 မျိုး...
06/10/2025

မကြာခဏဆိုသလို ပါးစပ်ထောင့်တွေ ကွဲအက်နာကျင်တာ (Angular Stomatitis)😣 ဒါမှမဟုတ် လျှာနာပြီး ရောင်ရမ်းနေတာ (Glossitis)😖 မျိုး ခံစားနေရပါသလား?

🔥ဒါဟာ သာမန်အနာမဟုတ်ဘဲ သင့်ခန္ဓာကိုယ်မှာ ဗီတာမင် B2 (Riboflavin) လုံလောက်မှုမရှိဘူးဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

💡ဗီတာမင် B2 ဟာ အရေပြားဆဲလ်တွေ ကျန်းမာဖို့ နဲ့ ခန္ဓာကိုယ် စွမ်းအင်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ B2 ချို့တဲ့ရင် ခံတွင်းတစ်ဝိုက်က အရေပြားဆဲလ်တွေ ပျက်စီးပြီး အနာဖြစ်လွယ်ပါတယ်။
ဒီလို ❗️B2 ချို့တဲ့မှုကြောင့် ဖြစ်တဲ့ ခံတွင်းပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ကြိုတင်ကာကွယ်ဖို့ RiboLiv ကို သတိရလိုက်ပါ🌟
RiboLiv က လိုအပ်တဲ့ ဗီတာမင် B2 ကို ထိရောက်စွာ ဖြည့်တင်း ပေးပြီး ခံတွင်းအနာတွေကို မြန်မြန်ကျက်စေဖို့၊ ခံတွင်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေဖို့ အဓိက ကူညီပေးနိုင်ပါတယ်။
📌RiboLiv ကို နေ့စဉ် သောက်သုံးပြီး သင့်ခံတွင်းကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းပါ

သင်ရော ဒီလိုခံတွင်းပြဿနာမျိုးတွေ ကြုံဖူးပါသလား❓
ဘယ်လိုမျိုး သက်သာအောင် လုပ်ဆောင်ခဲ့လဲဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။



#ခံတွင်းကျန်းမာရေး #လျှာကွဲခြင်း

#ကျန်းမာရေးဗဟုသုတ


သီတင်းကျွတ်လပြည့်နေ့ဟာ မြန်မာတို့အတွက် အဓိပ္ပာယ်များစွာနဲ့ ပြည့်စုံတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ တစ်နှစ်တာရဲ့ အခါသမယများထဲကမ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့ဟာ မြန်မာတို့အတွက် အဓိပ္ပာယ်များစွာနဲ့ ပြည့်စုံတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ တစ်နှစ်တာရဲ့ အခါသမယများထဲကမှ အလင်းရောင်နဲ့ မေတ္တာတရား အပြည့်ဆုံး လမြတ်အခါသမယကို ရောက်ရှိလို့လာပါပြီ။

🌟 ဒီနေ့ဟာ မြတ်စွာဘုရားရှင် တာဝတိံသာမှ လူ့ပြည်ပြန်ကြွတဲ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်တဲ့အတွက် မီးထွန်းပူဇော်ကြပါတယ်။ မီးထွန်းပွဲတော်တွေမှာ မီးအလင်းဟာ ဗျာဒိတ်တရားတော်အလင်းနဲ့အညီ စိတ်အမှောင်များဖယ်ရှားကြောင်း သင်္ကေတလည်းဖြစ်ပါတယ်။

ဒါ့အပြင် သီတင်းကျွတ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးဆပ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လမြတ်အခါသမယတစ်ခုလည်း ဖြစ်ပါတယ်။ ရပ်ဝေးရောက်နေသူတိုင်း မိဘ၊ ဘိုးဘွားတွေကို ပြန်ပြီး ကျေးဇူးဆပ်၊ ဦးချကန်တော့ခွင့်ရတဲ့ ရတနာရွှေအခါလည်း ဖြစ်ပါတယ်။
ပစ္စည်းဥစ္စာထက် အဖိုးအနဂ္ဃအရှိဆုံးကတော့ သက်ကြီးဝါကြီးသူတွေရဲ့ မေတ္တာစကားနဲ့ ခွင့်လွှတ်ခြင်းကို ရယူတာပါပဲ။ ဒီအလေ့အထက မြန်မာ့ယဉ်ကျေးမှုရဲ့ အလှဆုံး အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။
Win Yadanar Bon Co., Ltd. မိသားစု မှ— သီတင်းကျွတ်လပြည့်နေ့ကို ကြိုဆိုရင်း သင်ချစ်ရတဲ့သူတွေကို ကန်တော့ခွင့်ရခြင်းရဲ့ ချမ်းသာသုခ နဲ့ ပျော်ရွှင်စရာ အလင်းရောင်တွေ သယ်ဆောင်လာပေးပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။




#မင်္ဂလာသီတင်းကျွတ်

Address

73 Road 114 St & 115 St Between, Pyigyitagon Township
Mandalay
05051

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 05:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959403747806

Website

Alerts

Be the first to know and let us send you an email when Win Yadanar Bon Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram