SanPwint Mart

SanPwint Mart ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထုတ်ကုန်များ ရရှိနိုင်ပါသည်။

ကျန်းမာရေးအတွက် အလေးအနက်ထားတဲ့မန္တလေးက Hotel Sakura Princess အမြဲမှာယူပေးတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်SP Ethyl Alcoho...
30/10/2024

ကျန်းမာရေးအတွက် အလေးအနက်ထားတဲ့
မန္တလေးက Hotel Sakura Princess

အမြဲမှာယူပေးတဲ့ အတွက်
ကျေးဇူးအထူးတင်ပါတယ်ရှင်

SP Ethyl Alcohol Spray 75% 5li …..45000/-

Quality အစစ်အမှန်သာ ကြိုက်ကြတဲ့
ချစ်မိတ်ဆွေများ
အမြဲစိတ်ချမ်းသာ
ကိုယ်ကျန်းမာပြီး
ဘေးအပေါင်းကင်းဝေးကြပါစေရှင် 🙏🙏🙏

SanPwint Mart
09448600025
09402537878

“ ပံ့သကူ အလှူ “~~~~~~~~~~~~~~~ယခုလို အားလုံးကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ၅၀၀ ၊၁၀၀၀ စတဲ့ ဆန်ထုပ်၊ဆီ၊ဆား...
27/11/2023

“ ပံ့သကူ အလှူ “
~~~~~~~~~~~~~~~
ယခုလို အားလုံးကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ၅၀၀ ၊၁၀၀၀ စတဲ့ ဆန်ထုပ်၊ဆီ၊ဆားထုပ်လေးတွေကို ပံသကူပစ်ပေးပါ ဘာအကျိုးမျှော်လင့်ချက်မှ မပါပဲ တစ်ပါးသူကို ပျော်ရွှင်စေတဲ့စိတ်ကလေးနဲ့ လှူတဲ့အလှူမို့ ကုသိုလ်ထူး၊ကုသိုလ်မြတ်ပါပဲ ။

ပံ့သကူပစ်ခြင်းဆိုသည်မှာ
ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။

မြတ်စွာ ဘုရားဟာ ပုဏ္ဏားကြီး တစ်ပါးကိုချေချွတ်တော်မူချင်လို့ ပုဏ္ဏားကြီး အိမ်ကကြွက်ကိုက်တဲ့ အဝတ် စွန့်ပစ်ထားတာကို ဝတ်ဆင်လိုက်ပြီး ပံ့သကူ ကောက်တော်မူပါတယ် ။

ပိုင်ရှင် ပုဏ္ဏားကြီးက ဇာတ်မြင့်တဲ့သူများဟာ ကြွက်ကိုက် အဝတ်ကို ကောက်ယူရင် ဇာတ်ပျက် တော့မှာပဲလို့ ပူပန် ကြောင့်ကြ ကြီးစွာနဲ့မြတ်စွာဘုရားအား လာရောက် တားမြစ်ပါတယ် အဲဒီ အချိန်မှာ မြတ်စွာ ဘုရားက ပုဏ္ဏားကြီး ကို ချေချွတ် တော်မူခဲ့ပါတယ်။

တန်ဆောင်မုန်းလဟာ အမှန်စင်စစ် မြင့်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုတွေပြုတဲ့လပဲဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူ ပစ်တဲ့ဓလေ့ရှိပါတယ် ငွေ၊ဆန်၊စားစရာ တွေကို အိတ်တွေထဲ ထည့်ပြီး ပံသကူပစ်သည်လို့ ရေးပြီး လူမမြင်တဲ့အချိန် လူသွားလမ်း လူမမြင်တဲ့နေရာမှာ ချထားရပါတယ်

အဲသည်လို ပံ့သကူ ပစ်တဲ့သူတွေ ကလည်း ဘယ်သူများ ရသွားပါလိမ့်လို့ စောင့်ကြည့် တတ်တဲ့သူ ရှိသလို ဘယ်သူရရရတဲ့သူ ဝမ်းသာမှာဆိုပြီး ပျော်တတ်ကြတဲ့ သူများလည်း ရှိပါတယ်။ မမျှော်လင့်ဘဲ ရတဲ့ ပစ္စည်းနဲ့ လိုအပ်တဲ့သူဆီမှာ တစ်နည်းတစ်ဖုံပြည့်စုံသွားမယ်ဆိုတကယ် ပျော်ကြမှာပါပဲ။

လောကမှာ အပြစ်ကင်းတဲ့ပစ္စည်းနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ သူများဟာ စိတ်အေး ချမ်းသာမှုကို သာမက ကြွယ်ဝမှု တစ်ရပ်ကိုပါ ပိုင်ဆိုင်နိုင်ပါတယ်။

ပံ့သကူရဲ့အနက်အဓိပ္ပါယ်
~~~~~~~~~~~~~~~~~~~~~
" ပံ့သကူ "ဆိုတဲ့...စကားလုံးလေးဟာအတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီးမြန်မာတွေနားနဲ့ မစိမ်းလှပါဘူး....။

သို့သော်လည်း.....
ပံ့သကူနဲ့ပတ်သက်ပြီးတော့လူအများနားလည်ထားကြတာကတော့အခါကြီး ရက်ကြီးတွေမှာ
လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်။ဒီလို ပြုလုပ်ခြင်းအားဖြင့်ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွါးလာလိမ့်မယ်ဆိုတာလောက်ကိုဘဲအများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ.....တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်းတကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့ ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။

ဒါကြောင့်.....
ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျသိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။

ပံ့သကူရဲ့...
တကယ့်အနက်အစစ်က #ပံသုကူလ ဆိုတဲ့ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီးပံသုကူလ......ပံသုကူ ထိုမှတဆင့် ပံ့သကူ လို့ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်။
((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))
အဓိပ္ပါယ်ကတော့.. #ပါပံသုကူလ... #မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့အဓိပ္ပါယ်ရပါတယ်။

ရှေးယခင်.....
မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါကရဟန်းတော်တို့ဟာ သင်္ကန်းအတွက်လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်။

ဒီလိုရှာဖွေကြရတဲ့အခါအဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာကများသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း၂နေရာသာဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့လူတွေကမိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီးထိုခေတ်အခါကလူတွေသေလွန်ကြတဲ့အခါအလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာလာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ....
ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကိုကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီးသင်္ကန်းအဖြစ်နဲ့ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့်.... ဒီသင်္ကန်းမျိုးကိုလည်း #ပံသုကူလစီဝရံ... ပံ့သကူသင်္ကန်း လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေရာမှာအများစုအလွယ်နားလည်အောင် ပြောရရင်တော့...ပံ့သကူဆိုတာလူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့မယ်....ဤကားစကားချပ်)

ပံ့သကူပစ်ခြင်းအစ
~~~~~~~~~~~~~~~~~~
အခါတစ်ပါးမှာ...
#အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး ဟာ ဝတ်ရုံထားတဲ့သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်အမှိုက်ပုံတွေမှာ ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ...ထိုနေ့ဟာလည်း
#တန်ဆောင်မုန်းလပြည့်နေ့ ရဲ့နံနက်အစောပိုင်း
အချိန်အခါဖြစ်ပါတယ်။

ဒါကိုကြိုတင်သိမြင်နေခဲ့တဲ့ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော
#ဇာလိနီနတ်သမီး ဟာသူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာနတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီးပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ကျမ်းအချို့မှာ ပြဆိုထားပါတယ်။

ဒါ့ကြောင့်...
#ပံ့သကူအစ_ဇာလိနီ ကလို့တောင်ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့ဖတ်မှတ်သိရပါတယ်။

အထက်မှာဖော်ပြခဲ့သလိုဘဲ....
ဇာလိနီနတ်သမီးရဲ့ တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာအဝတ်အထည်ပံ့သကူပစ်ခြင်းကို
အကြောင်းပြုပြီးအခုခေတ်အခါကာလတွေမှာလည်း....တန်ဆောင်မုန်းလပြည့်နေ့ ရောက်တိုင်းလပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာလူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီးလူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ.ငွေ/အဝတ်အထည်_စသည်တို့ကို_စွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေးမြင်တွေ့သူတို့ ရကြပါစေ.....။

ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ အနှောင်အဖွဲ့ကင်းတဲ့_ကုသိုလ်ဒါနစိတ်တွေနဲ့ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်....။

ပံသကူမှန်းသိအောင်_ပစ္စည်းမှာ #ပံ့သကူ လို့စာရေးသားချိတ်ဆွဲထားကြစေလိုပါတယ်။ပံ့သကူပစ်တဲ့အခါမှာငွေဆိလည်း...၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလိုအဝတ်အထည်ဆိုလည်းလတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုးစသည်ဖြင့်ဖြစ်ကြစေလိုပါတယ်။ ဒါမှအကျိုးပိုကြီးမှာဖြစ်ပါကြောင်းနဲ့ငွေအတူအဝတ်အထည်လည်းမပါမဖြစ်ပါရပါမယ်လို့သတိပေးလိုပါတယ်။

အရေးကြီးတဲ့အချက်
~~~~~~~~~~~~~~~~~~~~~~~
အဲဒါကတော့....
ရဟန်းတော်တို့သီတင်းသုံးကြတဲ့ဘုန်းကြီးကျောင်းတွေမှာမဖြစ်မနေ
((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))
ရဟန်းတော်တို့နဲ့ပတ်သက်တဲ့ ထီး ဖိနပ် ယပ်သင်္ကန်းဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်
((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်ရဟန်းတော်တို့နဲ့အပ်စပ်ရာကို #ပံသကူအလှူပါဘုရားလို့စာရေးသားပြီးအခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့ အဲဒီပံ့သကူဟာ သာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲလွန်စွာအကျိုးကြီးသော #မဟာပံ့သကူ ဖြစ်ပါကြောင်းအသိပေးပြောကြားရင်းနဲ့လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်း၊ရဟန်းတော်တို့အားပေးလှူသောမဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်းရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အားမထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကိုပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်စည်းစိမ်ဥစ္စာတို့ဟာဝမ်းသာစရာကောင်းလောက်အောင်အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲဖြစ်လာကြမှာ ရရှိလာကြမှာဖြစ်ပါတယ်လို့အသိပေးလိုပါတယ်။

သို့သော်.....ဒီနေရာမှာမဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါမိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့မပစ်ပါနဲ့ အဲဒီလိုစိတ်နဲ့ပစ်ရင်တော့ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး။

အယုတ်အလတ်အမြတ်မရွေးမိမိပေးလှူတဲ့ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့ကုသိုလ်စေတနာစိတ်မျိုးနဲ့သာ ပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီးအကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့ပြောကြားရင်း.....

@မူရင်းစုဆောင်းရေးသားတင်ပြသူ
@ကိုးကား



(Scg)

- ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)
( ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ဆောင်းပါး )

အမြဲ မှာယူသော ချစ်မိတ်ဆွေလုပ်ငန်းရှင်ကြီးများကို အားနာရပါတယ်ရှင်ကုန်ကြမ်းတွေအဆမတန် တက်နေသော်လည်းလက်ကျန်stockများအား စျေး...
05/11/2023

အမြဲ မှာယူသော ချစ်မိတ်ဆွေလုပ်ငန်းရှင်ကြီးများကို အားနာရပါတယ်ရှင်
ကုန်ကြမ်းတွေအဆမတန် တက်နေသော်လည်း
လက်ကျန်stockများအား စျေးဟောင်းတွေနံ့သာ ရောင်းချခဲ့ပါတယ်ရှင် ကုန်ကြမ်းstock ပြတ်လို့ ပြန်ဝယ်တဲ့အခါ အဆမတန်ခုန်တက်သော စျေးကြောင့် စျေးနှုန်းများ ပြောင်းလဲခွင့်ပြုပါရှင် 🙏

SP Ethyl Alcohol Spray 75% 5li …..30000/-
SP clover Handgel. 5li ….. 32000/-

Quality အစစ်အမှန်သာ ကြိုက်ကြတဲ့
ချစ်မိတ်ဆွေများ
အမြဲစိတ်ချမ်းသာ
ကိုယ်ကျန်းမာပြီး
ဘေးအပေါင်းကင်းဝေးကြပါစေရှင် 🙏🙏🙏

SanPwint Mart
09448600025
09402537878

မင်္ဂလာရှိသော သီတင်းကျွတ်လရာသီ ဖြစ်ပါစေရှင် 🙏
29/10/2023

မင်္ဂလာရှိသော သီတင်းကျွတ်လရာသီ ဖြစ်ပါစေရှင် 🙏

အိမ်ရှင်မတို့အတွက် မြန်ဆန်သက်သာ ဖြူဖွေးသန့်ပြန့် မွှေးကြိုင်စေတဲ့ အဝတ်လျှော်ဆပ်ပြာအဆီ ရပါပြီနော်တောင်ကြီးမှ အမျိုးများ တ...
16/06/2023

အိမ်ရှင်မတို့အတွက် မြန်ဆန်သက်သာ ဖြူဖွေးသန့်ပြန့် မွှေးကြိုင်စေတဲ့ အဝတ်လျှော်ဆပ်ပြာအဆီ ရပါပြီနော်

တောင်ကြီးမှ အမျိုးများ တောင်ကြီးကိုယ်စားလှယ်ထံ အားပေးနိုင်ပါပြီရှင်

☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 ပန်းကန်ဆေးဆပ်ပြာအဆီ☘️

☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 အဝတ်လျှော်ဆပ်ပြာအဆီ☘️ ပါနော်

================
တောင်ကြီး “ဆုမြတ်ဖိနပ်ဆိုင်”မှာ ပန်းကန်ဆေးဆပ်ပြာအဆီ
================

၅ လီတာပုံး ၊ ၁ လီတာဗူး ၊ ၅၀၀ မီလီဗူးများ

ရပါပြီနော်

👉စားသောက်ဆိုင် / ဟိုတယ် / အိမ် မီးဖိုချောင်များမှ
မလိုတဲ့ အဆီအညစ်အကြေးများကို

𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 ပန်းကန်ဆေးဆပ်ပြာအဆီ
အနည်းငယ်သုံးရုံနဲ့
သစ်လွင်တောက်ပမှုတွေပေးမယ့်

အိမ်ရှင်မလက်စွဲ 🅢︎🅟︎ 🅒︎🅛︎🅞︎🅥︎🅔︎🅡︎ ပါရှင်

=======================================

☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 အဝတ်လျှော်ဆပ်ပြာအဆီ☘️

၅ လီတာပုံးများ ရပါပြီ

✅ ဖြူစင်သင်းပျံ့ရုံမက ဂျီးချွတ်မြန်ဆန်

✅ ဖြူဖွေးတောက်ပြောင်ဖို့ အာမခံပါတယ်နော်

✅ လက်မစား လက်မပူ နိုင်ငံခြားကုန်ကြမ်းများ

သုံးထားလို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါပြီရှင်

༻ 09 444 2900 80 ༺

𝑆𝑃 𝑆𝑎𝑛𝑃𝑤𝑖𝑛𝑡 𝑀𝑎𝑛𝑢𝑓𝑎𝑐𝑡𝑢𝑟𝑖𝑛𝑔 & 𝐷𝑖𝑠𝑡𝑟𝑖𝑏𝑢𝑡𝑖𝑜𝑛 မှ
ထုတ်လုပ်ဖြန့်ချိတဲ့ ထုတ်ကုန်များကို
အစဉ်တစိုက်၀ယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်း
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
နှစ်သစ်မှစ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး
သစ်လွင်သော/ တောက်ပသော/ လန်းဆန်းသော
ချမ်းမြေ့သော / ပျော်ရွှင်သောဘဝတွေ
ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ရှင်

#ပန်းကန်ဆေးဆပ်ပြာဆီ
#အဝတ်လျှော်ဆပ်ပြာဆီ

အိမ်ရှင်မတို့အတွက် မြန်ဆန်သက်သာ ဖြူဖွေးသန့်ပြန့် မွှေးကြိုင်စေတဲ့ အဝတ်လျှော်ဆပ်ပြာအဆီ ရပါပြီနော်တောင်ကြီးမှ အမျိုးများ တ...
15/06/2023

အိမ်ရှင်မတို့အတွက် မြန်ဆန်သက်သာ ဖြူဖွေးသန့်ပြန့် မွှေးကြိုင်စေတဲ့ အဝတ်လျှော်ဆပ်ပြာအဆီ ရပါပြီနော်

တောင်ကြီးမှ အမျိုးများ တောင်ကြီးကိုယ်စားလှယ်ထံ အားပေးနိုင်ပါပြီရှင်

ဆုမြတ် ဖိနပ်ဆိုင် တောင်ကြီး

ကလေးတွေရဲ့ကျန်းမာရေး အစဉ်တစိုက်ဂရုစိုက်ပေးတဲ့“ငွေကြယ် မူကြို” ပါရှင်မန္တလေးမြို့ မာလကာခြံရပ်ကွက် မှာ တည်ရှိပါတယ် ကလေးငယ်...
11/05/2023

ကလေးတွေရဲ့ကျန်းမာရေး အစဉ်တစိုက်ဂရုစိုက်ပေးတဲ့
“ငွေကြယ် မူကြို” ပါရှင်
မန္တလေးမြို့ မာလကာခြံရပ်ကွက် မှာ တည်ရှိပါတယ် ကလေးငယ်များရဲ့ ဒုတိယမိခင်သဖွယ် နာ၃နာနဲ့ နွေးထွေးမှုတွေပေးပြီး ကလေးငယ်များရဲ့ အခြေခံ ထားရှိရမယ့် စိတ်ဓတ် စည်းကမ်း ပညာ များကို အခြေခိုင် အောင် စနစ်တကျလေ့ကျင့်ပေးနေတဲ့ မူကြိုမို့
ပညာရေးနဲ့ အစစအရာရာစိတ်ချချင်တဲ့ မိဘများအတွက်
မိမိရင်သွေးများ မဖြစ်မနေ ပို့ပေးရမယ့် မူကြိုပါလို့
စန်းပွင့်မိသားစုမှ မိတ်ဆက်ပေးလိုက်ပါတယ်ရှင်

မမြင်ရတဲ့ ပိုးမွှားများ ကင်းရှင်းစေရန်
SP Alcohol Spray အမြဲအားပေးလို့
ကျေးဇူးတင်ပါတယ်ရှင်

SanPwint Manufacturing & Distribution
SP လက်သန့်ဆေးရည်
ဟန်းဂျယ်၊ အဆ၆၀ရော ကလိုရင်း၊
ပုဂံဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ

ဧည့်သည်များကျန်းမာရေးကို အစဉ်အလေးနက်ထားလို့မမြင်ရတဲ့ ရောဂါပိုးမွှားများ ကင်းစင်စေဖို့ SP Product တွေ ယုံကြည်စွာ အမြဲအားပ...
04/05/2023

ဧည့်သည်များကျန်းမာရေးကို အစဉ်အလေးနက်ထားလို့
မမြင်ရတဲ့ ရောဂါပိုးမွှားများ ကင်းစင်စေဖို့ SP Product တွေ ယုံကြည်စွာ အမြဲအားပေးတဲ့ Hotel Sakura Princess
ကျေးဇူးတင်ပါတယ်ရှင်
ဟိုတယ်မိသားစုနဲ့တကွ လာရောက်တည်းခိုသူပေါင်း ထာဝရကျန်းမာလန်းဖြာကြပါစေ 🙏

 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
18/04/2023

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

🙏🙏🙏
17/04/2023

🙏🙏🙏

နှစ်ဆန်း၁ရက်နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ပြီးတစ်နှစ်ပတ်လုံး ကြံစည်သမျှအောင်မြင်ကြပါစေအသေးစိတ်ကြည့်ရန် 👇🏻👇🏻👇🏻https://fb.wat...
15/04/2023

နှစ်ဆန်း၁ရက်နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ပြီး
တစ်နှစ်ပတ်လုံး ကြံစည်သမျှအောင်မြင်ကြပါစေ

အသေးစိတ်ကြည့်ရန် 👇🏻👇🏻👇🏻

https://fb.watch/jVTwqUafMZ/?mibextid=v7YzmG

ဘုန်းကြီးကျောင်းလှုရန် …လက်ဆောင်ပေးရန်…ကန်တော့ရန် ….အတွက် အကောင်းဆုံးသောအရာက☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟  ပန်းကန်ဆေးဆပ်ပြာအဆီ☘️ ပါနော်🔈တေ...
07/04/2023

ဘုန်းကြီးကျောင်းလှုရန် …လက်ဆောင်ပေးရန်…
ကန်တော့ရန် ….အတွက် အကောင်းဆုံးသောအရာက

☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 ပန်းကန်ဆေးဆပ်ပြာအဆီ☘️ ပါနော်

🔈တောင်ကြီးကအမျိုးတို့ရေ ‌‌……မဟာသင်္ကြန်ရောက်တော့မှာဆိုတော့ အလှူအတန်းမှာ လက်မနှေးကြတဲ့ မိတ်ဆွေများ အတွက်

================
“ဆုမြတ်ဖိနပ်ဆိုင်”မှာ ပန်းကန်ဆေးဆပ်ပြာအဆီ
================

၅ လီတာပုံး ၊ ၁ လီတာဗူး ၊ ၅၀၀ မီလီဗူးများ

ရပါပြီနော်

👉စားသောက်ဆိုင် / ဟိုတယ် / အိမ် မီးဖိုချောင်များမှ
မလိုတဲ့ အဆီအညစ်အကြေးများကို

☘️𝑆𝑃 𝐶𝑙𝑜𝑣𝑒𝑟 ပန်းကန်ဆေးဆပ်ပြာအဆီ☘️
အနည်းငယ်သုံးရုံနဲ့
သစ်လွင်တောက်ပမှုတွေပေးမယ့်

အိမ်ရှင်မလက်စွဲ 🅢︎🅟︎ 🅒︎🅛︎🅞︎🅥︎🅔︎🅡︎ ပါရှင်

༻ 09 444 2900 80 ༺

𝑆𝑃 𝑆𝑎𝑛𝑃𝑤𝑖𝑛𝑡 𝑀𝑎𝑛𝑢𝑓𝑎𝑐𝑡𝑢𝑟𝑖𝑛𝑔 & 𝐷𝑖𝑠𝑡𝑟𝑖𝑏𝑢𝑡𝑖𝑜𝑛 မှ
ထုတ်လုပ်ဖြန့်ချိတဲ့ ထုတ်ကုန်များကို
အစဉ်တစိုက်၀ယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်း
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
နှစ်သစ်မှစ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး
သစ်လွင်သော/ တောက်ပသော/ လန်းဆန်းသော
ချမ်းမြေ့သော / ပျော်ရွှင်သောဘဝတွေ
ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ရှင်

#ပန်းကန်ဆေးဆပ်ပြာဆီ

Address

Mandalay
111111

Telephone

+959402537878

Website

Alerts

Be the first to know and let us send you an email when SanPwint Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share