Liver Maw Kwun-Alternative Liver Diseases Care Clinic

Liver Maw Kwun-Alternative Liver Diseases Care Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Liver Maw Kwun-Alternative Liver Diseases Care Clinic, Medical and health, ပ၅/၆၈၊၄၂လမ်း ၄၃လမ်းကြား၊, ၆၁ Aလမ်း-မဟာမြိုင်(၂)၊, မဟာအောင်မြေမြို့နယ်၊, မန္တလေးမြို့, Mandalay.

ကျွန်တော်နှင့် အရက်စွဲအသည်းရောင် ရောဂါရှင်များဆရာ့အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်ပြီး ဆေးကုသမှုသက်တမ်းမှာ ၃၂ နှစ်ခန့်ရှိပါပြီ။...
19/09/2020

ကျွန်တော်နှင့် အရက်စွဲအသည်းရောင် ရောဂါရှင်များ

ဆရာ့အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်ပြီး ဆေးကုသမှုသက်တမ်းမှာ ၃၂ နှစ်ခန့်ရှိပါပြီ။

ထိုနှစ်များအတွင်းအသည်းရောဂါရှင်တွေကို သီးခြားကုသလာသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်သည်။

ထို၁၀နှစ်အတွင်း အတွေ့ရအများဆုံးသော ဝေဒနာရှင်တွေမှာ

(၁) အရက်စွဲပြီးဖြစ်သော အသည်းရောင် ရောဂါ( Alcoholics Hepatitis)

(၂) အသည်းကြွပ်၊ အသည်းခြောက်ရောဂါ( COL- Cirrhosis of Liver) တွေဖြစ်ပါတယ်။

⚡️ဆရာ့အနေနဲ့ ယနေ့အထိမှတ်မိနေတဲ့ အရက်စွဲအသည်းရောင်ရောဂါ အကြောင်းကိုပြောပြချင်ပါတယ်။

ဆရာ့ရဲ့ညွှန်ကြားချက်အပေါ်လိုက်နာမှု အားနည်းတဲ့လူနာဆိုလည်းမမှားပါဘူး။

⚡️အရက်စွဲလူနာအများစုရဲ့ သွင်ပြင်လက္ခဏာနှင့် ရောဂါရာဇဝင်တွေ၊ အသည်းရှိရာနေရာတွေကို စစ်ဆေး မေးမြန်းတီးခေါက်ကြည့်ရုံနဲ့ ရောဂါအခြေအနေကို အကြမ်းဖျဉ်းသိနိုင်ပါတယ်။

Ultrasound (တီဗီဓာတ်မှန်) ရိုက်ကြည့်ရင်တော့ ပိုပြီးသေသေချာချာ သိရပါတယ်။

ရောဂါသိလျှင်တော့

(၁) အရက်ကိုဖြစ်နိုင်လျှင် လုံးဝမသောက်ဖို့

(၂) ဆေးဝါးမှန်မှန်သောက်ဖို့

(၃) အာဟာရဖြစ်သော အစားအစာပုံမှန်စားဖို့

(၄) အသည်းထိခိုက်မယ့် ဆေးဝါး၊ အစာတွေရှောင်ဖို့

(၅) ဆီး ဝမ်း မချုပ်စေဖို့

(၆) မတဲ့ တဲ့အစားအစာတွေမစားဖို့ ........

စသည်တို့ဖြစ်ပါတယ်။

ခက်ခဲတာက အရက်ကို အတိုင်းအတာတစ်ခုထိ လျော့ချဖို့ ပြောရာတွင် အတော်လေးစိတ်ပျက်ရပါတယ်။

များသောအားဖြင့် အရက်စွဲရတဲ့ အကြောင်းရင်းမှာ အိမ်ထောင်ရေးပြဿနာတွေ များကြပါတယ်။

ထိုပြဿနာများကို ဆရာကစနစ်တကျ ဆွေးနွေးညှိနှိုင်းပြောဆိုရင်း တစ်ဖက်ကလည်း အရက်ကိုကြာရှည်စွာ စွဲသောက်ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း လူနာလက်ခံသည်အထိရှင်းပြရပါတယ်။

⚡️သည်အချက်ကအခက်ခဲဆုံးအပိုင်းပါပဲ။

အရက်မသောက်ဖို့ သို့မဟုတ် လျော့သောက်ဖို့ လူနာ လက်ခံလျှင်ဆေးကုသမှု့ ၅၀% ပြီးမြောက်ပါတယ်။

လူနာကအရက်လျော့သွားလျှင် ကိုယ်ခံအားတွေတက်လာပြီး အသည်းအထောက်အကူပြုဆေး( သဘာဝအသည်းအားတိုးဆေး ဆီး၊ ဝမ်းမှန်ဆေး၊ စားဝင်အိပ်ပျော်ဆေး) တွေဆက်ပေးလို့ လူနာ လိုက်နာလျှင် လူနာနှင့်ဆရာသမားအတွက် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာမည့် နည်းတွေပါ။

ဆရာဝန်ညွှန်ကြားချက် လိုက်နာနိုင်လေ လူနာအကျိုးရှိလေပါပဲ။

သို့ပေမယ့် လူနာကလိုက်နာမှုအားနည်းခြင်း သို့မဟုတ် ပျက်ကွက်ခြင်းတွေကတော့ စိတ်ပျက်ဖွယ်ကောင်းလှပါတယ်။

အသည်းရောဂါဟာ 😱ကြောက်စရာမဟုတ်ပါ....ယနေ့လူသားတွေဟာ မိမိတို့ခန္ဓာကိုယ်တွင်း ဓာတ်သဘာဝဖောက်ပြန်မှုနှင့် ပြင်ပမှနေ့စဉ် နှောင့်...
10/08/2020

အသည်းရောဂါဟာ 😱ကြောက်စရာမဟုတ်ပါ....

ယနေ့လူသားတွေဟာ မိမိတို့ခန္ဓာကိုယ်တွင်း ဓာတ်သဘာဝဖောက်ပြန်မှုနှင့် ပြင်ပမှနေ့စဉ် နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ရောဂါတွေဖြစ်လာရပါတယ်။

ပြင်ပဖောက်ပြန်တိုက်ခိုက်မှုတွေကတော့ မူမမှန်တဲ့ ရာသီဥတုနှင့် မသန့်စင်တဲ့လေ၊ ရေ၊ ညစ်ညမ်းပြုပြုင်ထားသော မှိုအဆိပ်သင့်အစာ၊ တာရှည်ခံဓာတုပစ္စည်းပါ အစာများသုံးစွဲမိခြင်း။

ရောဂါပိုးမွှားစု(ဗိုင်းရပ်(စ်)၊ ဘတ်တီးရီးယား၊ ဖန်ဂတ်(စ်)၊ မှို၊ ကပ်ပါးကောင်များ) ကူးစက်ခံရခြင်း။

အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးလွန်ကဲ၊ မှားယွင်းစွာ သုံးစွဲခြင်းကြောင့် အဓိကတွေ့ရတယ်။
အထူးသဖြင့် အသည်းရောဂါရှင်တွေဟာ အထက်ဖော်ပြပါ အချက်တွေကြောင့် ရောဂါတွေရလာပြီး ဆိုးဝါးတဲ့ ဝေဒနာတွေ ခံစားကြရတယ်။

အခြားအကြောင်းတွေ ကြောင့်လည်းရောဂါတွေ ဖြစ်နိုင်ပါသေးတယ်။ ☝️

☝️ဝေဒနာရှင်တွေဟာ ကိုယ်ခံအားလည်းနည်းနေမယ် အထက်ပါအကြောင်းတစ်ခုခုကြောင့် ရောဂါကူးစက်ခံရလျှင် အသည်းလုပ်ငန်းစဉ်တွေပျက် နာတာရှည်ရောဂါဖြစ်ပြီး ကုသရခက်သော အသည်း ကင်ဆာအထိ ရောက်ရှိခံစားရနိုင်ပါတယ်။

ဒါကြောင့် အသည်းဝေဒနာရှင်တွေဟာ မိမိသဘော နှင့် မကုပဲ တတ်ကျွမ်းနားလည်သော ဆရာသမား များနှင့်သာ စနစ်တကျ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

မိမိတို့ဆေးခန်းမှ ဤအသည်းရောဂါများ (အသည်းအဆီဖုန်း၊ ရေဖျဉ်း၊ အသည်းကြွပ်၊ အသည်းကင်ဆာ) ကို

(၁)။ နိုင်ငံတကာသုံး ဘေးထွက်ဆိုးကျိုးမရှိသည့် Natural Products သဘာဝသောက်ဆေးများ ( Alternative Medicine)

(၂)။ စစ်မှန်ထိရောက်သော မြန်မာ့တိုင်းရင်းဆေးများ ( Myanmar Traditional Medicine) အသုံးပြု၍ ကျွမ်းကျင်ဆရာကြီးက ကုသပေးနေပါတယ်။
ဤဆေးတိုက်ထုတ် ဆေးများမှာလည်း တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးသုတေသနဌာနမှ လက်ခံ အတည်ပြုထားသော နည်းစနစ်အခြေခံ ဆေးခန်းသုံး ဆေးဝါးများ ဖြစ်ပါသည်။

အထက်ပါ မိမိတို့အသုံးပြုသော သောက်ဆေးများသည် ..

(၁)။ စျေးနှုန်းသင့်တင့်ခြင်း

(၂)။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါခြင်း

(၃)။ အသက်ငယ်လွန်း/ ကြီးလွန်းသူများတွက်လည်း စိတ်ချစွာသောက်သုံးနိုင်ခြင်း

(၄)။ နာတာရှည်ရောဂါနှင့် ရောဂါဆိုးကြီးများ ပူးတွဲ ဖြစ်နေသူများ အတွက်ပါသင့်လျော်ခြင်း
ဆေးထိုး/ ခွဲစိတ်ကြောက်သူများ အတွက် လက်ခံနိုင် ဖွယ်ဖြစ်ခြင်း စသည့် အားသာကောင်းမွန်သော အချက်များရှိခြင်း။

ဒါကြောင့် မိတ်ဆွေ နှင့် အခြားရောင်းရင်းများ၊ ဆွေမျိုးများ ဒီလိုအသည်းရောဂါတွေ ဖြစ်လာရင် ဘာမှစိတ်မပူပါနဲ့ ရောဂါသိဆေးရှိပါတယ်။ ကုထုံးရှိပါတယ်။

ဒီလိုအခက်ခဲ ပြဿနာတွေ ကိုဖြေရှင်းပေးဖို့အတွက် အောက်ဖော်ပြပါဆေးတိုက် သို့အချိန်မှီ ဆက်သွယ် မေးမြန်းစုံစမ်း အကူအညီ တောင်းခံနိုင်ပါတယ်။

ဒီ page လေးကနေ အသဲရောဂါနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို မျှဝေနေမှာ ဖြစ်သောကြောင့် page ကို like လုပ်ထားပေးပါ။ 👌👌

အသည်းမော်ကွန်းဆေးတိုက်-ပ၅/၆၈၊ ၄၂ x ၄၃ လမ်းကြား၊ ၆၁ A လမ်း- မဟာမြိုင်(၂)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။

Ph: 09-402511442, 09-685078215

ဆေးခန်းဖွင့်ချိန် -
နံနက်(၉:၀၀) မှ (၁၂:၀၀)၊
ညနေ(၅:၀၀) မှ (၈:၀၀) ထိ။

ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်မှာ..ကျန်းမာချမ်းသာပြီး..ကုသိုလ်ကောင်းမှုများပွားများနိုင်ကြပါစေ...   #ဝါဆိုလပြည့်
03/08/2020

ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ်မှာ..
ကျန်းမာချမ်းသာပြီး..
ကုသိုလ်ကောင်းမှုများပွားများနိုင်ကြပါစေ...



#ဝါဆိုလပြည့်

Dr. Kyaw Myint (အသည်းမော်ကွန်းဆေးတိုက်)_ မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့နေ အဘ ဦးကျော်ဝင်း + အမိ ဒေါ်ခင်မြင့်တို...
27/07/2020

Dr. Kyaw Myint (အသည်းမော်ကွန်းဆေးတိုက်)

_ မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့နေ အဘ ဦးကျော်ဝင်း + အမိ ဒေါ်ခင်မြင့်တိုမှ 1955 ခုနှစ်တွင် မွေးဖွားသည်။

- 1974 ခုနှစ်တွင် ကူမဲ အထကမှ အထက်တန်းအောင်မြင်ပြီး 1985ခုနှစ်တွင် မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် မှ BSc ( physics) ဘွဲ့ရရှိခဲ့သည်။

_ 1986 တွင် HOMOEOPHIC MEDICINE (Alternative Medicine) ပညာရပ်ကို လေ့လာလိုက်စားပီး ကျွမ်းကျင်ဆရာကြီးတဦးထံတွင် စနစ်တကျ သင်ယူခဲ့သည်။

_1988ခုနှစ်တွင် ထိုဆေးပညာ အခြေပြုဆေးခန်း ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး 2000ခုနှစ်မှစ၍ သံဃာတော်များအတွက်ဇီဝိတဒါန ဆေးကုသမှုလုပ်ငန်းများ၊ ရပ်ကွက်ဆင်းရဲ နွမ်းပါးသူများအား အခမဲ့ဆေးဝါးကုသမှု၊ မန္တလေးတိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ လူထု အခြေပြု HIV / AIDS ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးစီမံချက် များတွင်ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

-2003ခုနှစ်တွင်မန်းလေးတိုင်းရင်းဆေးသိပံတွင် အသိအမှတ်ပြုတိုင်းရင်းဆေးပညာ တနှစ် တက်ရောက်အောင်မြင်ခဲ့သည်။

-2009 ခုနှစ်တွင်သူနာပြုအကူနှင့် အဆင့်မြင့်ဆေးဝါး အသုံးချသင်တန်းတက်ရောက်အောင်မြင်ခဲ့သည်။

-1980မှ 1995ခုနှစ်အထိ မန်းလေးမြို့ အထက2တွင်အလယ်တန်းပြဆရာတစ်ဥဦးအဖြစ်လုပ်ကိုင်ခဲ့ ပြီး
2012 ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ
ကိုလံဘိုတက္ကသိုလ် OIUCM မှဂုဏ်ထူးဆောင် ပါရဂူ (PhD(Honouri Causa) ကို လက်ခံရရှိခဲ့ပါသည်။

-1995ခုနှစ်မှ ယနေ့ချိန်ထိ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး အားလပ်ချိန်များတွင် ရပ်ကွက်အကျိုးပြုလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေပြီး 7ရက်သားသမီးများကို မိမိတတ်ကျွမ်းသော ဆေးပညာများဖြင့် ပြုစုစောင့်ရှောက်ကုသပေးနေပါသည်။

Address

ပ၅/၆၈၊၄၂လမ်း ၄၃လမ်းကြား၊, ၆၁ Aလမ်း-မဟာမြိုင်(၂)၊, မဟာအောင်မြေမြို့နယ်၊, မန္တလေးမြို့
Mandalay

Telephone

+959402511442

Website

Alerts

Be the first to know and let us send you an email when Liver Maw Kwun-Alternative Liver Diseases Care Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram