နေမင်းသားတိုင်းရင်းဆေး-Nay Min Thar Traditional Medicine

  • Home
  • Myanmar
  • Mandalay
  • နေမင်းသားတိုင်းရင်းဆေး-Nay Min Thar Traditional Medicine

နေမင်းသားတိုင်းရင်းဆေး-Nay Min Thar Traditional Medicine 🙏မြန်မာ့တိုင်းရင်းဆေးအစွမ်းကမ္ဘာလွှမ်းပါစေ🙏

29/06/2024

တစ်နေ့တစ်နေ့ ......
ဟိုဟာလည်း စားချင် ဒီဟာလည်း စားချင် ဖြစ်နေတာ...😗😄😛

ဒါပေမယ့် အများကြီးစားပြီး မအီမလည်၊ ရင်ပြည့်ရင်ကယ်ဖြစ်မှာလည်း စိတ်ပူနေတာ...😔😔😔

ဒါဆိုရင်‌တော့ ........
နေမင်းသား ချင်းရှောက်ပျားစမုံနက်
အစာ‌ကြေလေနိုင်ဆေး တစ်ဘူးလောက်တော့ဆောင်ထားသင့်ပါပြီ

နေမင်းသား နဲ့သာဆို စားချင်တာ စိတ်ကြိုက်စားနိုင်ပါပြီ...💚

ပင်ရင်း ဖြန့်ချိရေး

၃၆လမ်း၊၇၃×၇၄လမ်းကြား
နေမင်းသားတိုင်းရင်းဆေးအရောင်းဆိုင်
မန္တလေးမြို့။

လောကဝိဒူ သင်္ကန်းတိုက်
၃၇လမ်း၊၆၇(A)လမ်းသွယ် ၊
မဟာမြိုင်(၁) ၊ အပိုင်း(၃)၊မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။

📱09258436725 , 09444007295

တစ်ဒါဇင်ဈေးနှုန်း
ဘူးသေး စျေးနှုန်း 5000 ကျပ်

ဘူးလတ် စျေးနှုန်း9000 ကျပ်

ဘူးကြီး စျေးနှုန်း 20000 ကျပ်

နေရာသေဒ ခရီးစရိတ်အနီးအဝေးပေါ်မူတည်၍စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။

လက်ကားစျေး
ကိုယ်စားလှယ်စျေး သီးသန့်ရှိပါသည်။

ရန်ကုန် / မန္တလေးမြို့

Delieveryဖြင့် အိမ်အရောက်ပို့ပေးပါသည်။
မြို့နယ်လိုက် delievery ခသတ်မှတ်ထားပါသည်။
နယ်မြို့များသို့လည်းကားဂိတ်ရောက်ပို့ဆောင်ပေးပါသည်။
09444007295/09258436725
ကိုဆက်သွယ်ဝယ်ယူနိုင်ပါသည်။

🌹အမြို့မြို့အနယ်နယ်ရှိဆိုင်တိုင်းတွင်ဝယ်ယူရရှိနိုင်ပါပြီ၊၊🌹

တစ်နေ့တစ်နေ့ ......ဟိုဟာလည်း စားချင် ဒီဟာလည်း စားချင် ဖြစ်နေတာ...😗😄😛ဒါပေမယ့် အများကြီးစားပြီး မအီမလည်၊ ရင်ပြည့်ရင်ကယ်ဖြစ...
29/02/2024

တစ်နေ့တစ်နေ့ ......
ဟိုဟာလည်း စားချင် ဒီဟာလည်း စားချင် ဖြစ်နေတာ...😗😄😛

ဒါပေမယ့် အများကြီးစားပြီး မအီမလည်၊ ရင်ပြည့်ရင်ကယ်ဖြစ်မှာလည်း စိတ်ပူနေတာ...😔😔😔

ဒါဆိုရင်‌တော့ ........
နေမင်းသား ချင်းရှောက်ပျားစမုံနက်
အစာ‌ကြေလေနိုင်ဆေး တစ်ဘူးလောက်တော့ဆောင်ထားသင့်ပါပြီ

နေမင်းသား နဲ့သာဆို စားချင်တာ စိတ်ကြိုက်စားနိုင်ပါပြီ...💚

ပင်ရင်း ဖြန့်ချိရေး

၃၆လမ်း၊၇၃×၇၄လမ်းကြား
နေမင်းသားတိုင်းရင်းဆေးအရောင်းဆိုင်
မန္တလေးမြို့။

လောကဝိဒူ သင်္ကန်းတိုက်
၃၇လမ်း၊၆၇(A)လမ်းသွယ် ၊
မဟာမြိုင်(၁) ၊ အပိုင်း(၃)၊မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။

📱09258436725 , 09444007295

တစ်ဒါဇင်ဈေးနှုန်း

ဘူးလတ် စျေးနှုန်း13000 ကျပ်

ဘူးကြီး စျေးနှုန်း 25000 ကျပ်

နေရာသေဒ ခရီးစရိတ်အနီးအဝေးပေါ်မူတည်၍စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။

လက်ကားစျေး
ကိုယ်စားလှယ်စျေး သီးသန့်ရှိပါသည်။

ရန်ကုန် / မန္တလေးမြို့

Delieveryဖြင့် အိမ်အရောက်ပို့ပေးပါသည်။
မြို့နယ်လိုက် delievery ခသတ်မှတ်ထားပါသည်။
နယ်မြို့များသို့လည်းကားဂိတ်ရောက်ပို့ဆောင်ပေးပါသည်။
09444007295/09258436725
ကိုဆက်သွယ်ဝယ်ယူနိုင်ပါသည်။

🌹အမြို့မြို့အနယ်နယ်ရှိဆိုင်တိုင်းတွင်ဝယ်ယူရရှိနိုင်ပါပြီ၊၊🌹

စားချင်တာစား ဝါးချင်တာဝါးပြီး 😣😖😖မအီမလယ် မနေသာမထိုင်တာဖြစ်နေပြီလား?နေမင်းသားလေးကိုစောင်ထားပါ.....🙏🙏🙏🙏😍😍😍😍😍😍😍😍 ကားသမားဦးဦ...
04/05/2023

စားချင်တာစား ဝါးချင်တာဝါးပြီး
😣😖😖မအီမလယ် မနေသာမထိုင်တာဖြစ်နေပြီလား?
နေမင်းသားလေးကိုစောင်ထားပါ.....🙏🙏🙏🙏
😍😍😍😍😍😍😍😍

ကားသမားဦးဦး ကိုကိုတို့အတွက်
😴😣 အိပ်ချင်ပြေ အရသာလည်းရှိခံတွင်းလည်းရှင်းစေမယ့်
နေမင်းသားလေးကိုဆောင်ထားပါ🙏🙏🙏🙏

ဖိုးဖိုး ဖွားဖွား
ဦးဦး ဒေါ်ဒေါ်
ကိုကို မမ
သားသားမီးမီးတို့
အသဲစွဲ နေမင်းသားလေးရှောက်ပြားလေးကိုသုံးကြည့်လိုက်ပါ🙏🙏🙏🙏

😁😁😁ခံတွင်းသန့်ရှင်း ရောဂါကင်း၍
ကျန်းမာဝဖြိုး ခွန်အားတိုးစေပါသည်
သွေးတိုးနှင့် အစာအိမ်လေနာရောဂါများကိုကာကွယ်၍
ဆီး၊ဝမ်း၊သွေး၊လေ ညီညွှတ်စေနိုင်သော ကျန်းမာရေး
အထောက်ကူပြု ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

ပင်ရင်း ဖြန့်ချိရေး

36လမ်း၊73*74လမ်းကြားဦးဘကြင်ဆေးတိုက်
မန္တလေးမြို့။

လောကဝိဒူ သင်္ကန်းတိုက်
၆၈*၆၉လမ်းနှင့်၃၇*၃၈လမ်းကြား၊ (A)လမ်းသွယ် ၊
မဟာမြိုင်(၁) ၊ အပိုင်း(၃)၊မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။
09444007295
09258436725

တစ်ဒါဇင်
ဘူးသေး စျေးနှုန်း 4000 ကျပ်

ဘူးလတ် စျေးနှုန်း8000 ကျပ်

ဘူးကြီး စျေးနှုန်း18000 ကျပ်

နေရာသေဒ ခရီးစရိတ်အနီးအဝေးပေါ်မူတည်၍စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။

လက်ကားစျေး
ကိုယ်စားလှယ်စျေး သီးသန့်ရှိပါသည်။

ရန်ကုန် / မန္တလေးမြို့

Delieveryဖြင့် အိမ်အရောက်ပို့ပေးပါသည်။
မြို့နယ်လိုက် delievery ခသတ်မှတ်ထားပါသည်။
နယ်မြို့များသို့လည်းကားဂိတ်ရောက်ပို့ဆောင်ပေးပါသည်။
ငွေရောက်သည်နှင့်48နာရီအတွင်း ကားဂိတ်အရောက်ပို့
့ဆောင်ပေးပါသည်။09444007295/09258436725ကိုဆက်သွယ်ဝယ်ယူနိုင်ပါသည်။
အမြို့မြို့အနယ်နယ်ရှိဆိုင်တိုင်းတွင်ဝယ်ယူရရှိနိုင်ပါပြီ

စမုန်နက်၊ စမုန်နက်ဆီ အသုံးဝင်ပုံများစမုန်နက်၏ကောင်းကျိုးများ-(၁) ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း။(၂) ခန္ဓာကိုယ်တွင်းမှ အ...
22/12/2022

စမုန်နက်၊ စမုန်နက်ဆီ အသုံးဝင်ပုံများ
စမုန်နက်၏ကောင်းကျိုးများ-
(၁) ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း။
(၂) ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ကင်းစင်စေခြင်း။
(၃) ခေါင်းဆိုးခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါကို ကုသပျောက်ကင်းစေနိုင်ခြင်း။
(၄) အမြင်အာရုံကို တိုးတက်ကောင်းမွန်စေခြင်း။
(၅) နောက်ကြောနာခြင်းကို သက်သာစေခြင်း။
(၆) စွမ်းအင်ပမာဏကို မြှင့်တင်ပေးခြင်း။
(၇) ဆံပင်သန်စေခြင်း။
(၈) သွေးဖိအားကို ကျစေခြင်း။
(၉) ဝမ်းလျော ဝမ်းပျက်ခြင်းကို ကုသပေးနိုင်ခြင်း။
(၁၀) ခေါင်းကိုက်ခြင်းနဲ့ အန်ခြင်းကို သက်သာစေနိုင်ခြင်း
(၁၁) ခံတွင်းပျက်ခြင်းကို ကောင်းမွန်စေခြင်း
စမုံနက်နဲ့ စမုန်မျိုးက .. နှလုံးကို ငြိမ်းအေးစေ၊ အော့အန်ခြင်းကို ပျောက်စေ၊ အစာကိုကြေညက်စေ၊ အအေးမိခြင်း၊ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေတယ်။
စမုန်နက်မှာ ဘက်တီးရီးယားပိုးတို့ကို နိမ်နင်းနိုင်တဲ့ သတ္တိရှိသဖြင့်.. စမုန်နက် အနည်းငယ်ကို ဝါးပေးခြင်းဖြင့် ခံတွင်း သန့်ရှင်းရေးအတွက် ကောင်းစေခြင်း၊ ခံတွင်း အနံ့ဆိုးများကို ပျောက်စေခြင်း၊ သွားရည် ပိုထွက်စေခြင်း။
စမုန်နက်ဆီကို အသုံးပြုခြင်းဖြင့် ပျောက်ကင်းနိုင်သော ရောဂါများ-
(၁) ကင်ဆာရောဂါ
စမုန်နက်ဆီမှာ သဘာဝအလျောက် အဓိက ပါဝင်တဲ့ Thymoquinone နှင့် Thymohydroquinone ပစ္စည်း ၂ မျိုးနဲ့ပတ်သက်ပြီး ခရိုအေရှားနိုင်ငံက သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေမှာဖြစ်တဲ့ ကင်ဆာအကျိတ်တွေကို ကုသရာမှ စမ်းသပ်ခဲ့ကြသည်။ စမ်းသပ်မူမှာ ကင်ဆာအကျိတ် ၅၂ %သက်သာပျောက်ကင်း လေ့လာတွေ့ရှိခဲ့။ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ ဦးနှောက်အတွင်း ကင်ဆာအကျိတ် ရောဂါရှင်တွေကို မကြာခင်က စမ်းသပ်ခဲ့ရာ ကင်ဆာဖြစ်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးရုံမက အဲဒီဆဲလ်တွေ ဖြစ်တည်မူကို ကာကွယ်ပေးသည်။
(၂) အသည်းကျန်းမာရေး
ခန္ဓာကိုယ်အတွင်းထဲသို့ အစားအသောက်များမှ အဆိပ်အတောက်များက အသည်းမှတဆင့် အစာချေစနစ်ဆီကိုဖြတ်သန်းသွားကြရသည်။ အသည်းရောဂါ ခံစားနေရ ဝေဒနာရှင် အခြားရောဂါအတွက် သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စမုန်နက်ဆီကို အသုံးပြုပြီး ပျက်ဆီးနေသည့် အသည်းကို နောက်ထပ် ပျက်ဆီးခြင်း ကနေ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
(၃) ဆီးချိုရောဂါ
အိန္ဒိယနိုင်ငံ ဆေးဝါးသုတေသနပြုချက်အရ – pancreatic beta – cellတွေ ပြန်လည်ကောင်းမွန်လာအောင် စွမ်းဆောင်ပေးနိုင်ပြီး သွေးထဲက အင်ဆူလင် insulin ပမာဏကို မြှင့်တင်ပေးနိုင်သလို glucose ကလူးပို့စ် ပမာဏကိုလည်း လျော့ချပေးနိုင်ကြောင်း သိရသည်။ သိပ္ပံအမည် Nigella Satiba ခေါ်တွင်တဲ့ စမုန်နက်ဟာ ဆီးချိုရောဂါ type1 နှင့်type2 နှစ်မျိုးလုံးကို ပျောက်ကင်းစေ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကမ္ဘာမြေပေါ်မှ ဆေးကောင်းတစ်မျိုး ဖြစ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ လေအောင့်ခြင်း၊ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ပူခြင်း၊လက်သည်း ခြေသည်းများ အရောင်ပြောင်းခြင်း၊ ခံတွင်းပျက်ခြင်း၊ ကြွက်သားများ နာကျဉ်ခြင်း စသည်တို့ကို ခံစားရခြင်းအတွက် စမုန်နက်ဆီ သုံးခြင်းက metformin အသုံးပြုသလို အကျိုးသက်ရောက်မှု ရှိသည်။
(၄) ကိုယ်အလေးချိန် လျော့ချပေးခြင်း
အဝလွန်တဲ့ ခန္ဓာကိုယ်ကို အလေးချိန်လျော့ချဖို့ စမုန်နက် အပင်မှရသည့် စမုန်နက်ဆီ အထိရောက်ဆုံး ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးမရှိပါ။
(၅) အသားအရေကောင်းမွန်စေခြင်း
အရေပြားပေါ်က အရေကြည်ဖုထွက်တဲ့ ယားနာများကို သက်သာပျောက်ကင်းစေသည်။ စမုန်နက်နှင့် allergic မရှိသူတိုင်းအတွက် အခြားဆေးဝါးတွေလို စမုန်နက်က မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိပါ။
(၆) ဆံပင်ကို သန်စွမ်းစေ
စမုန်နက်ဆီက အရေပြား ထိန်းသိမ်းစောင့်ရှောက်ရာမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ အရေပြားမှာ ဖြစ်တတ်တဲ့ ရောဂါတွေအတွက် အသုံးဝင်သလို ဦးရေပြားနဲ့ ဆံပင်အတွက် ကောင်းမွန်သည်။ အမျိုးသား / အမျိုးသမီးများ ဦးရေပြားကွက်ပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးသည်။ စမုန်နက်ဆီကို ဆံပင်ကျွတ်ခြင်း တားဆီးရန် – ဆံပင်သန်စေရန် သဘာဝလိမ်း
ဆေးအဖြစ် ကမ္ဘာအနှံ့အသုံးချနေပါသည်။ စမုန်နက် ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာများတွင်ကျယ်စွာ အသုံးပြုလာသည်။ ဗောက် ပျောက်စေသည်။
(၇) အသက်ရူလမ်းကြောင်း ကောင်းစေ
စမုန်နက်ဆီမှာပါဝင်တဲ့ Antihistamine အအေးမိပြီး နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ဖုန်မူန့်တွေကြောင့်အဆက်မပြတ်နှာချေခြင်း၊ အိမ်မွေးတိရစ္ဆာန်တွေကြောင့်Allergic ဖြစ်ခြင်း စတာတွေကို သက်သာပျောက်ကင်းစေသည်။
(၈) ကူးစက်ရောဂါကာကွယ်
ပင်နယ်စလင် ဆေးဝါးများနဲ့ ကုသလို့မရနိုင်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။
(၉) ကိုလက်စ်ထရောကို ထိန်းပေးခြင်း
စမုန်နက်ဆီ အသုံးပြုခြင်းဖြင့် Cholesterol ကိုလက်စ်ထရောကို ထိန်းညှိပေးတယ်။ ကိုလက်စ်ထရောများလို့ သွေးကြောပိတ်ဆို့မူနဲ့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို သက်သာစေတယ်။ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးထဲကသကြားဓာတ်ကိုလျော့ကျစေခြင်း၊ သွေးတိုးခြင်းကို ထိန်ညှိပေးခြင်း၊ သားသမီးမရသူများ သားသမီးရခြင်း၊ အသင့်တော်ဆုံး သဘာဝဆေးဝါး တစ်ခုဖြစ်သည်။
သမားတော် မညွှန်ပဲ ရက်သတ္တပတ် ၆ ပတ်ထက် ပိုမစားသင့်ပါ။
Credit-နီနီလေး

# #နေမင်းသားတိုင်းရင်းဆေး
# #ရွှေညီနောင် စမုံနက်အစေ့လှော်

♥အသက်ရှည်စေတဲ့♥ သဘာဝဆေးနည်းအဖြစ် ထင်ရှားတဲ့ ပျားနနွင်း ဆေးလုံး🟨🍯ဂျင်းမျိုးနွယ်စုဝင်🌸 နနွင်းကို အရောင်ကျစေတဲ့ ဆေးအနေနဲ့ အ...
22/12/2022

♥အသက်ရှည်စေတဲ့♥ သဘာဝဆေးနည်းအဖြစ် ထင်ရှားတဲ့ ပျားနနွင်း ဆေးလုံး🟨🍯

ဂျင်းမျိုးနွယ်စုဝင်🌸 နနွင်းကို အရောင်ကျစေတဲ့

ဆေးအနေနဲ့ အသည်းရောင်အသားဝါ၊ ရာသီမမှန်ခြင်း၊

ဆီးထဲသွေးပါခြင်း၊

သွားကိုက်ခြင်း၊

ရင်ဘတ်အောင့်ခြင်း၊

ဗိုက်အောင့်ခြင်းတွေမှာ ဆေးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုကြပါတယ်။

ဒီလို ဆေးဖက်ဝင်နနွင်း နဲ့ တိုင်းရင်းဆေးတွေမှာ မပါမဖြစ် ပျားရည်နဲ့ တွဲဖက်ပြီး သောက်သုံးတဲ့အခါ ကျန်းမာရေး အာနိသင်တွေကတော့ အံ့မခန်းပါပဲ။

♦အစာအိမ်ရောဂါ၊

ဝမ်းပျက်ဝမ်းလျှော ရောဂါ၊

သွေးဆုံး ကိုင်ဝေဒနာများကို

သက်သာပျောက်ကင်းစေခြင်း။

★သွေးတွင်းအဆီထိန်းပေးခြင်း။

♦အသက်ရှူလမ်းကြောင်းကောင်းမွန်စေခြင်း။

🔺သွေးကို🔺 သဘာဝအတိုင်း🗨

သန့်စင်စေသောကြောင့် အသားအရေ

စိုပြေလှပစေခြင်း။

အမျိုးသမီးများအတွက်

သားအိမ်ကို သန့်ရှင်းစင်ကြယ်စေတာကြောင့်

အပူအပုပ်ကင်းစင်ခြင်း။

🟨မကောင်းသော ကိုလက်စထရောကို ကျစေခြင်း။

🟨ကိုယ်ခံအားစနစ်ကို မြှင့်တင်စေခြင်း။

🟨အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်စေခြင်း။

🟨ဝမ်းမှန်စေခြင်း။

🟨ကိုယ်တွင်း ကိုယ်ပရောင်ရမ်းခြင်းများ

လျော့နည်းသက်သာစေခြင်းစသောအကျိုးကျေးဇူးများကိုရရှိစေပါသည်။

သဘာဝပျားရည်စစ်နှင့်နနွင်းအစစ်ဖြင့်

အထူးစီမံဖော်စပ်ထုတ်လုပ်ထားသော

ရွှေညီနောင်ပျားနနွင်းဆေးလုံးကိုဆောင်ထားသင့်ပါသည်။

# #နေမင်းသားတိုင်းရင်းဆေး

# #ရွှေညီနောင်ပျားနနွင်းဆေးလုံး

# # #တိုင်းရင်းဆေး

အအေးမိဖျားနာတဲ့ လက္ခဏာဆိုတာက ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။ 🤧🤒🤕🤒🤧🤧...
22/12/2022

အအေးမိဖျားနာတဲ့ လက္ခဏာဆိုတာက
ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။
🤧🤒🤕🤒🤧🤧🤧
အအေးမိဖျားနာရင် ဘာလက္ခဏာတွေဖြစ်နိုင်မလဲ?

လည်ပင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်မယ်

လည်ချောင်းနာမယ်

ချောင်းဆိုးမယ်

ကိုယ်အပူချိန်တက်မယ်

နှာစေးမယ်

အသံဝင်မယ်

နှာခေါင်းပိတ်မယ်

ခေါင်းကိုက်မယ်

ကြွက်သားတွေ နာကျင်မယ်

မျက်လုံးတွေနီမယ်

အားအင်တွေမရှိသလိုဖြစ်ပြီး ခြေကုန်လက်ပန်းကျမယ်
အစားစားချင်စိတ် နည်းလာမယ်

ကိုယ်ခံအားစနစ်က လူတစ်ယောက်နဲ့ တစ်ယောက်နဲ့မှာမတူတာကြောင့် အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံခြင်းကလည်း မတူနိုင်ပါဘူး။

👉အအေးမိပြီး ဖျားနာချောင်းဆိုးခြင်းများအတွက်

� နေမင်းသားတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှအထူးစီမံဖော်စပ်ထုတ်လုပ်ထားသော
ဒေါင်းသူရိန်အဆုတ်သန့် ကွမ်းရွက်လျက်ဆားကိုဆောင်ထားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

# #ဒေါင်းသူရိန်

# #အဆုတ်သန့်ကွမ်းရွက်လျက်ဆား

ရှောက်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများဆေးဖက်ဝင် ရှောက်ရည်အစစ်ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို ...
25/11/2022

ရှောက်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများ
ဆေးဖက်ဝင် ရှောက်ရည်အစစ်
ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။
(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။
(၂)အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း
ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။
(၃)ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း
ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။
(၄)ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း
ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့အပြင် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။
(၅) သဘာဝဆီးဆေး ဖြစ်စေခြင်း
ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
(၆) အသားအရေ ကြည်လင်ဝင်းပစေခြင်း
ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။
(၇)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း
(၈)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၉)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း
(၁၀)အနာကျက်မြန်စေခြင်း
(၁၁)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၁၂)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း
(၁၃)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း
(၁၄)ရင်ကျပ်ပန်းနာ သက်သာစေခြင်း
(၁၅)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း
(၁၆)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
(၁၇)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၁၈)ဆံပင်သန်မာစေခြင်း
(၁၉)အမြင်အာရုံကို ကောင်း စေသည်။
(၂၀) သွေးကို တိတ်စေသည်။
(၂၁)bioflavinoidကြောင့် သွေးကြောကို သန်မာစေသည်။ Internal haemorrhage ကိုယ်တွင်းသွေးယိုစီးခြင်းကို ကာကွယ် ပေးသည်။
(၂၂)သွေးပေါင်ကို ကျစေသည်။
(၂၃)သန်ကျစေသောအာနိသင်ရှိသည်။
(၂၄)Anti cancer compound များ ပါဝင်သောကြောင့် ကင်ဆာကျိတ် များကြီးထွားခြင်းကို ရပ်တန့်စေ သည်။
(၂၅)သွေးချိုကို ကျစေသည်။

ဆေးဖက်ဝင်ရှောက်သီး
(၁)အုန်းနို့ခေါက်ဆွဲ၊ဒံပေါက်၊မုန့်ဟင်းခါးအဝစားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊သွေးတက်၊အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။
(၂)အစာအဟာရများကိုမမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏပျို့အန်ခြင်းနှင့်အစာမကြေခြင်းများ ဖြစ်နေပါကရှောက်က်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်ကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။
(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆ တို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။
(၄) မီးယပ်အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။
(၅) သွေးတိုး ရောဂါရှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်စိတ်သား ဆားခါးတစ်ဆယ်သား၊ ကွမ်းရွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။
(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါးရွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။
(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။

ဆေးဖက်ဝင်ရှောက်မြစ်

(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။
(၂) အကြာခဏအန်လျှင် ရှောက်မြစ်သွေးရည်နှင့် ပျားရည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။
(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြင့်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။
(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီသောက်ပါ။

Credit- Source Internet

#ရွှေညီနောင်အမှတ်တံဆိပ် #အစာကြေလေနိုင် #ချင်းရှောက်နွယ်ချိို #

မြင်းခွာရွက်၏အကျိုးအာနိသင်မြင်းခွာက်ရွက် ရုက္ခဗေဒနာမည်ကတော့ Centella asiatica(L.)Urban ဖြစ်ပါတယ်။Apiaceae မျိုးရင်းဝင်ဖြ...
25/11/2022

မြင်းခွာရွက်၏အကျိုးအာနိသင်
မြင်းခွာက်ရွက် ရုက္ခဗေဒနာမည်ကတော့ Centella asiatica(L.)Urban ဖြစ်ပါတယ်။

Apiaceae မျိုးရင်းဝင်ဖြစ်ပါတယ်။

မြင်းခွာရွက်ပင်ကို ကျွန်တော်တို့နိုင်ငံမှာ သဘာဝအလေ့ကျပေါက်ပင်အနေနဲ့လည်း တွေ့နိုင်သလို စိုက်ပျိုးပင်အနေနဲ့လည်းတွေ့နိုင်ပါတယ်။နေရာအနှံ့မှာပေါက်ရောက်ပါတယ်။ ရေစပ်စပ်ရှိတဲ့နေရာတွေမှာ ပိုပြီးပေါက်ပွားပါတယ်။

မြေလျှောက်တွားတွားပင်ဖြစ်ပြီး နှစ်ရှည်ခံပင်အမျိုးအစားဖြစ်ပါတယ်။

အရွက်သည် ကျောက်ကပ်ပုံစံရှိသည်။တချို့ကလည်းမြင်းရဲ့ခွာပုံစံရှိတယ်လို့ပြောကြပါတယ်။

ရင်းတူ ထိပ်ညီပန်းခိုင်မျိုးဖြစ်သည်။အဖြူရောင်ပန်းပွင်းများပါရှိသည်။အသီးနံရံဟာ အလွန်ထူပြီး စေ့သည် ဘေးတိုက်အားဖြင့်ကျပ်နေတတ်ပါတယ်။

မြင်းခွာရွက်ကို ကျွန်တော်တို့နိုင်ငံမှာ ရေစင်အောင်ဆေးပြီး အစိမ်းလိုက် ငါးပိရည်နဲ့တို့စားကြသလို ဆီချက်၊ပဲမှုန့်တို့နဲ့ရောသုပ်စားကြတာလည်းရှိပါတယ်။ဟင်းချိုချက်သောက်တာလည်းရှိပါတယ်။

မြင်းခွာရွက်မှာ အရိုင်းမျိုး၊အယဉ်မျိုး၊အဖြူမျိုးစသဖြင့် အမျိုးအစားလေးငါးမျိုးလောက်ရှိပါတယ်။

မြင်းခွာရွက်မှာ Essential oils,Fatty oil,alkaloid hydrocotyline,vellarine,triterpene,asiaticoside,Vitamin C စတဲ့ဓါတ်များပြည့်စုံစွာပါဝင်နေပါတယ်။

ဒီလိုဓါတ်တွေပြည့်စုံစွာပါတဲ့အတွက် မြင်းခွာရွက်မှာ အပူကိုကျစေတဲ့အစွမ်း၊ရောင်ရမ်းမှုကိုသက်သာစေတဲ့အစွမ်း၊အနာရွတ်ဖြစ်ပေါ်ခြင်းကိုဟန့်တားပေးနိုင်တဲ့အစွမ်း၊အနာကိုနိုင်သောအစွမ်း၊ဝမ်းကိုက်ရောဂါကိုသက်သာစေသောအစွမ်း၊ဦးနှောက်နဲ့အာရုံကြောကိုအားကောင်းစေသောအစွမ်း စတဲ့အစွမ်းသတ္တိတွေအများကြီးရှိပါတယ်။

ဒီလိုအစွမ်းသတ္တိတွေအများကြီးရှိလို့ မြင်းခွာရွက်ကို စားစရာအနေနဲ့သာမက ဆေးအဖြစ်ပါသုံးကြပါတယ်။

မြင်းခွာရွက်ရဲ့ဆေးနည်းအသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့

၁။မြင်းခွာရွက်ကိုအရည်ညှစ်ပြီး သကြား၊ပျားရည်တို့နဲ့ ရောကာ နေ့စဉ်သောက်ပါက ခွန်အားကိုတိုးစေနိုင်ပြီး ဆီးကိုရွှင်စေကာ ဆီးပူ၊ဆီးကျင်၊ဆီးအောင့် တာတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

၂။ကလေးငယ်တွေ အအေးမိလို့ရင်ကြပ်ချောင်းဆိုးတာ၊ဖုန်အမှုန်တွေအရှုများလို့ ချောင်းခြောက်ဆိုးတာတွေအတွက်လည်း မြင်းခွာရွက်ကိုအရည်ညှစ်ပြီး လက်ဖက်စားဇွန်းတဇွန်းခန့်တိုက်ပါက သက်သာပျောက်ကင်းနိုင်ပါတယ်။

၃။ဒါ့အပြင် ရုတ်တရက်ထိခိုက်ရှနာဖြစ်တာ၊ခိုက်မိပြီးရောင်ရမ်းတာတွေအတွက်လည်း မြင်းခွာရွက်ကိုကြိတ်ပြီး လိမ်းကျံပေးနိုင်ပါတယ်။

၄။မြင်းခွာရွက်ကိုနေလှမ်းကာ အရွက်ခြောက်ကို ရေနွေးထဲလက်ဖက်ခြောက်ခတ်သလို ခတ်သောက်ပါက သွေးတိုးရောဂါကိုသက်သာစေနိုင်ပါတယ်။

၅။မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားပါက အမောအပန်းခံနိုင်ပြီး သက်လုံကောင်းလာစေနိုင်ပါတယ်။အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဦးနှောက်ကို ကြည်လင်စေပြီး မှတ်ဉာဏ်ကောင်းလာစေနိုင်ပါတယ်။ ဖြူနေတဲ့ဆံပင်ကို
မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။

ဒါ့အပြင် အမျိုးသားများ ကျားအားတိုးရန်အတွက်လည်း အထောက်အကူပြုပါတယ် လို့ တိုင်းရင်းဆေးကျမ်းတွေမှာဖော်ပြထားပါတယ်။

Internet
Credit

အဆစ်အမြစ်ကိုက်ခဲ တယ်ဆိုတာက နေ့စဉ်ဘဝမှာ တွေ့ကြုံနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အရွယ်မရွေး၊ ကျားမမရွေး ကြုံရနိုင်ပါတယ်။ အဆစ်အမြစ်က...
25/11/2022

အဆစ်အမြစ်ကိုက်ခဲ တယ်ဆိုတာက
နေ့စဉ်ဘဝမှာ တွေ့ကြုံနိုင်တဲ့ ဝေဒနာတစ်ခုပါ။

အရွယ်မရွေး၊ ကျားမမရွေး ကြုံရနိုင်ပါတယ်။
အဆစ်အမြစ်ကိုက်တယ်ဆိုတာက လက္ခဏာသက်သက်သာဖြစ်ပြီး ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။

အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ
အဆစ်အမြစ်တွေမှာ အဆစ်ကြီးတွေအပြင် လက်ဆစ်၊ ခြေဆစ်တွေလည်း ကိုက်ခဲနိုင်ပါတယ်။

ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိပေမယ့် တွေ့ရတတ်တာတွေကတော့
အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)
ဒါကအဖြစ်များတဲ့ အဆစ်ရောင်ခြင်းအမျိုုးအစားပါ။ သက်လတ်ပိုင်းလောက်မှာ တဖြည်းဖြည်း စဖြစ်လာပြီး သက်ကြီးပိုင်းရောက်ရင် လက္ခဏာသိသာလာပါတယ်။ အသက်ရလာတာနဲ့အမျှ အဆစ်တွေကြားထဲမှာ ရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်မှုကြောင့် ပါးပြီး အဆစ်ရောင်လာတာပဲ ဖြစ်ပါတယ်။ အဆစ်နာတာ၊ တောင့်တင်းတာတွေ ခံစားရတတ်ပါတယ်။
လေးဖက်နာအဆစ်ရောင် ရောဂါ
နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်တွေ ဖောင်းပြီး နာတတ်ပါတယ်။ များသောအားဖြင့် လက်ဆစ်တွေ၊ လက်ကောက်ဝတ်တွေက အဆစ်တွေ ရောင်ရမ်းပြီး ပုံပျက်တတ်ပါတယ်။

ဂေါက်ရောဂါ
ယူရစ်အက်စစ် crystalတွေက အဆစ်တွေမှာ စုပုံလာတာကြောင့် အဆစ်တွေ ရောင်ပြီး နာလာတာမျိုးပါ။ ခြေမမှာ အဖြစ်များပါတယ်။

Bursitis
အဆစ်တွေကြားမှာ ဘာဆာလို့ခေါ်တဲ့ အရည်အိတ်လေးတွေ ရှိပါတယ်။ အဆစ်တွေ အသုံးများတဲ့အခါ ဒီအရည်အိတ်လေးတွေရောင်လာတတ်ပါတယ်။ အဆစ်ကြီးတွေ ဖြစ်တဲ့ ပေါင်ဆစ်၊ ဒူးဆစ်၊ တံတောင်ဆစ်နဲ့ လက်မောင်းဆစ်မှာ အဖြစ်များပါတယ်

ဗိုင်းရပ်စ်ပိုး

တုပ်ကွေးချိန်မှာ ကိုယ်လက်တွေ နာတာ၊ အဆစ်တွေကိုက်တာက ဗိုင်းရပ်စ်ပိုးတွေကြောင့်ပါ။

ထိခိုက်ဒဏ်ရာ

အရိုးကျိုးတာ၊ အဆစ်လည်တာတွေကလည်း အဆစ်အဖြစ်ကိုက်ခဲစေတတ်ပါတယ်။

အရွတ်ရောင်တာ

အရိုးနဲ့ ကြွက်သားတွေကြားမှာ လှုပ်ရှားရလွယ်အောင် အရွတ်တွေနဲ့ ဆက်ထားပါတယ်။ ဒီအရွတ်တွေ ရောင်တဲ့အခါမှာလည်း အဆစ်အမြစ်ကိုက်ခဲတတ်ပါတယ်။ အထူးသဖြင့် တံတောင်ဆစ်၊ ဖနှောင့်၊ လက်မောင်းဆစ်တို့မှာ အတွေ့ရများပါတယ်။ လှုပ်ရှားမှုများရင် ဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေက အဆစ်အမြစ်ကိုက်ခဲ တာ ပိုဖြစ်နိုင်သလဲ။?

တချို့တွေက ခဏခဏ အဆစ်အမြစ်ကိုက်တတ်တာကို တွေ့ရပါတယ်။

ဖြစ်နိုင်တာက
အရင်တုန်းက အဆစ်အမြစ်ထိခိုက်ဖူးတာ

ကြွက်သားတွေ အနားမပေးဘဲ လှုပ်ရှားမှုများတာ

နာတာရှည် အဆစ်ရောင် ရောဂါရှိနေတာ

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနဲ့ စိတ်လှုပ်ရှားမှုများတာ

အဝလွန်နေတာ

အသက်ကြီးလာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်လို အဆစ်အမြစ်ကိုက်ခဲ တာတွေက စိုးရိမ်စရာ ကောင်းသလဲ။?

များသောအားဖြင့် အဆစ်အမြစ်ကိုက်ခဲတာတွေက နားလိုက်တာ၊ ဆေးသောက်လိုက်ရုံနဲ့ သက်သာသွားကြပါတယ်။

ဒီလိုမဟုတ်ဘဲ

အဆစ်တွေ ရောင်လာမယ်။

တောင့်တင်းပြီး အဆစ်တွေ ကြီးလာမယ်။

ထုံလာမယ်။

လှုပ်ရှားတိုင်းမှာ အဆစ်ထဲက အသံတွေ ထွက်လာမယ်။

လှုပ်လိုက်တိုင်း နာနေမယ်။

အကွေးအဆန့်လုပ်ရခက်မယ်။

အဆစ်အမြစ်ကိုက်လို့ သွားသွားလာလာမလုပ်နိုင်တော့ဘူး။

အဆစ်က နီရဲပြီး ပူနေ၊ ဖောင်းနေမယ်။

နေ့စဉ်အလုပ်တွေ မလုပ်နိုင်တော့ဘူး။

အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။

အဆစ်အမြစ်ကိုက်ခဲတာ သက်သာစေဖို့

အဆစ်အမြစ်ကိုက်ခဲတာက လက္ခဏာသာဖြစ်တဲ့အတွက်

ဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။

တစ်ခုနဲ့ တစ်ခု ကုသနည်းလည်း မတူပါဘူး။ ဒီလိုကုသ

နေတဲ့အချိန်အတွင်းမှာ ကိုက်ခဲနာကျင်တာ၊ ရောင်ရမ်းတာတွေ သက်သာစေဖို့

ရေခဲဝတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပါ။

တစ်ခါကပ် ၁၀မိနစ်လောက်နဲ့ တစ်နေ့ကို ၃-၄ခါ ကပ်ပေးနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးတာလည်း လုပ်နိုင်ပါတယ်။
ကိုယ်အလေးချိန်လျှော့ပါ။

အဝလွန်လေလေ အဆစ်တွေအပေါ် ဖိအားများလေလေပါ။

လေ့ကျင့်ခန်း လုပ်ပါ။

အထူးသဖြင့် အကြောလျှော့လေ့ကျင့်ခန်း၊ ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အဆစ်တွေ တောင့်တင်းတာ သက်သာစေပါတယ်။
အကိုက်အခဲပျောက်ဆေး သောက်ပါ။

ဆရာဝန်ဆေးစာ မပါဘဲ ဝယ်လို့ရတဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အရောင်ကျဆေးတွေ သောက်နိုင်ပါတယ်။ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

လိမ်းဆေးလိမ်းပါ။

အကိုက်အခဲပျောက်ဆေးသောက်တာအပြင် နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းဆေး လိမ်းနိုင်ပါတယ်။
ဖြည့်စွက်အာဟာရဖြည့်နိုင်ပါတယ်။

Glucosamine လိုမျိုး အဆစ်ကို အားဖြည့်ပေးနိုင်တဲ့ ဖြည့်စွက်အာဟာရတွေလည်း မှီဝဲနိုင်ပါတယ်။ မမှီဝဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါတယ်။

# Internet
Credit

👉👉👉သယ်ဆောင်ရလွယ်ကူသော နေမင်းသားအမှတ်တံဆိပ် ထုံကျဥ်ကိုက်ခဲပျောက် ကြောပြေရှူလိမ်းဆေးရည် ကိုဆောင်ထားဖိုမမေ့နဲ့နော်👈👈👈

#​​​နေမင်းသားတိုင်းရင်းဆေး # နေမင်းသားထုံကျဥ်ကိုက်ခဲပျောက်အကြောပြေရှူလိမ်းဆေးရည် #

စားချင်တာစား ဝါးချင်တာဝါးပြီး 😣😖😖မအီမလယ် မနေသာမထိုင်တာဖြစ်နေပြီလား?နေမင်းသားလေးကိုစောင်ထားပါ.....🙏🙏🙏🙏😍😍😍😍😍😍😍😍 ကားသမားဦးဦ...
23/06/2022



စားချင်တာစား ဝါးချင်တာဝါးပြီး
😣😖😖မအီမလယ် မနေသာမထိုင်တာဖြစ်နေပြီလား?
နေမင်းသားလေးကိုစောင်ထားပါ.....🙏🙏🙏🙏
😍😍😍😍😍😍😍😍

ကားသမားဦးဦး ကိုကိုတို့အတွက်
😴😣 အိပ်ချင်ပြေ အရသာလည်းရှိခံတွင်းလည်းရှင်းစေမယ့်
နေမင်းသားလေးကိုဆောင်ထားပါ🙏🙏🙏🙏

ဖိုးဖိုး ဖွားဖွား
ဦးဦး ဒေါ်ဒေါ်
ကိုကို မမ
သားသားမီးမီးတို့
အသဲစွဲ နေမင်းသားလေးရှောက်ပြားလေးကိုသုံးကြည့်လိုက်ပါ🙏🙏🙏🙏

😁😁😁ခံတွင်းသန့်ရှင်း ရောဂါကင်း၍
ကျန်းမာဝဖြိုး ခွန်အားတိုးစေပါသည်
သွေးတိုးနှင့် အစာအိမ်လေနာရောဂါများကိုကာကွယ်၍
ဆီး၊ဝမ်း၊သွေး၊လေ ညီညွှတ်စေနိုင်သော ကျန်းမာရေး
အထောက်ကူပြု ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

ပင်ရင်း ဖြန့်ချိရေး

36လမ်း၊73*74လမ်းကြားဦးဘကြင်ဆေးတိုက်
မန္တလေးမြို့။

လောကဝိဒူ သင်္ကန်းတိုက်
၆၈*၆၉လမ်းနှင့်၃၇*၃၈လမ်းကြား၊ (A)လမ်းသွယ် ၊
မဟာမြိုင်(၁) ၊ အပိုင်း(၃)၊မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။
09444007295
09258436725

တစ်ဒါဇင်
ဘူးသေး စျေးနှုန်း 3600 ကျပ်

ဘူးလတ် စျေးနှုန်း8000 ကျပ်

ဘူးကြီး စျေးနှုန်း16000 ကျပ်

နေရာသေဒ ခရီးစရိတ်အနီးအဝေးပေါ်မူတည်၍စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။

လက်ကားစျေး
ကိုယ်စားလှယ်စျေး သီးသန့်ရှိပါသည်။

ရန်ကုန် / မန္တလေးမြို့

Delieveryဖြင့် အိမ်အရောက်ပို့ပေးပါသည်။
မြို့နယ်လိုက် delievery ခသတ်မှတ်ထားပါသည်။
နယ်မြို့များသို့လည်းကားဂိတ်ရောက်ပို့ဆောင်ပေးပါသည်။
ငွေရောက်သည်နှင့်48နာရီအတွင်း ကားဂိတ်အရောက်ပို့
့ဆောင်ပေးပါသည်။09444007295/09258436725ကိုဆက်သွယ်ဝယ်ယူနိုင်ပါသည်။
👉👉အမြို့မြို့အနယ်နယ်ရှိဆိုင်တိုင်းတွင်ဝယ်ယူရရှိနိုင်ပါပြီ🤝🤝

Address

36လမ်း၊73×74လမ်းကြား၊ဦးဘကြင်ဆေးတိုက်၊မန္တလေးမြို့။
Mandalay
05032

Telephone

+959444007295

Website

Alerts

Be the first to know and let us send you an email when နေမင်းသားတိုင်းရင်းဆေး-Nay Min Thar Traditional Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to နေမင်းသားတိုင်းရင်းဆေး-Nay Min Thar Traditional Medicine:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram