Maple- Aroma House

Maple- Aroma House Relax with me

🌟Your Weekly Glow-Up Mission! ✨Perfect Skin ကို ပိုင်ဆိုင်ဖို့ တစ်ပတ် ၃ ကြိမ် Scrub Time ဝင်ရအောင်......☕ "Coffee Scrub ...
19/10/2025

🌟Your Weekly Glow-Up Mission! ✨

Perfect Skin ကို ပိုင်ဆိုင်ဖို့ တစ်ပတ် ၃ ကြိမ် Scrub Time ဝင်ရအောင်......

☕ "Coffee Scrub & Whitening Mask" က အသားအရေ ညစ်ညမ်းတာတွေ၊ အမဲစက်တွေကို ရှင်းထုတ်ပေးပြ Skin ကို Detox လုပ်ပြီး ကြည်လင်ဝင်းပစေပါတယ်။

🌿 "Collagen Scrub & Thanakhar Mask" က နုပျိုတင်းရင်းတဲ့ အသားအရေကို ပြန်ရစေတဲ့အပြင် Collagen ဖြည့်ပေးတာမလို့ အရေးအကြောင်းကင်းပြီး စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်စေတယ်

Scrub & Mask (2-in-1) မို့ အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာတဲ့အပြင် အာနိသင်၂ဆရရှိစေမှာဖြစ်လို့

တစ်ပတ် ၃ ကြိမ် ပုံမှန်သုံးပြီး Healthy Glow Skin ကို ရယူလိုက်ပါ။🥰🥰

Maple-Aroma House

🧚🏻‍♀️သင့်အသားအရေရဲ့ ပိုးသားအိပ်မက် - Maple Shower Cream🧚🏻‍♀️သဘာဝတရားရဲ့ အဖိုးတန်ဆုံးလက်ဆောင်တစ်ခုဖြစ်တဲ့ "သလဲသီး" ရဲ့ အစ...
14/10/2025

🧚🏻‍♀️သင့်အသားအရေရဲ့ ပိုးသားအိပ်မက် - Maple Shower Cream🧚🏻‍♀️

သဘာဝတရားရဲ့ အဖိုးတန်ဆုံးလက်ဆောင်တစ်ခုဖြစ်တဲ့ "သလဲသီး" ရဲ့ အစွမ်းအာနိသင်တွေနဲ့ သင့်တစ်ကိုယ်လုံးအသားအရေကို ပြန်လည်နုပျိုလန်းဆန်းစေဖို့ Maple မှ အထူးထုတ်လုပ်လိုက်တဲ့ သလဲသီး Body Shower Creamနဲ့
မိတ်ဆက်ပေးလိုက်ပါရစေ။

Maple သလဲသီး ရေချိုးဆပ်ပြာခရင်မ်ရဲ့ ထူးခြားကောင်းကျိုးအာနိသင်များ

1. အစွမ်းထက် Antioxidant နဲ့ အသားအရေကို ပြန်လည်နုပျိုစေခြင်း (Anti-Aging Power)
သလဲသီးမှာ အသားအရေကို ပျက်စီးစေတဲ့ free radicals တွေကို တိုက်ထုတ်ပေးတဲ့ Antioxidants (အထူးသဖြင့် Vitamin C) ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းနဲ့ အသားအရေခြောက်ခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးပြီး နုပျိုတင်းရင်းတဲ့အသားအရေကို ပိုင်ဆိုင်စေမှာပါ။

2. Collagen ကို အားပေးပြီး အသားအရေတင်းရင်းစေခြင်း (Boosts Collagen & Elasticity)
ရေချိုးတိုင်းမှာ သလဲသီးအဆီအနှစ်တွေက အသားအရေရဲ့ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အသားအရေရဲ့ တင်းရင်းမှုကို ပိုမိုကောင်းမွန်စေပြီး ချောမွေ့တင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

3. အသားအရေကို ကြည်လင်ဝင်းပစေခြင်း (Natural Brightening & Glow)
နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲစက်တွေ၊ အသားရေမညီညာမှုတွေကို သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဆဲလ်သေတွေကို ညင်သာစွာဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပစေကာ သဘာဝအတိုင်း ကျန်းမာဝင်းပတဲ့အလှကို ပေါ်လွင်စေပါတယ်။

4. အစိုဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးခြင်း (Deep Hydration)
ခရင်မ်အမျိုးအစားဖြစ်တာကြောင့် ရေချိုးပြီးတဲ့အခါ အသားအရေခြောက်သွေ့တာဖြစ်ကျန်ခဲ့ခြင်းမျိုး လုံးဝမရှိစေပါဘူး။ သလဲသီးအဆီအနှစ်နဲ့ အခြားအစိုဓာတ်ဖြည့်ပစ္စည်းတွေက အသားအရေရဲ့ ရေဓာတ်ကို အတွင်းပိုင်းအလွှာထိ ထိန်းသိမ်းပေးတာကြောင့် တစ်နေ့လုံး စိုပြေနူးညံ့တဲ့ အသားအရေကို ခံစားရမှာပါ။

5. အသားအရေကို ပြန်လည်ပြုပြင်ပြီး အနာကျက်မြန်စေခြင်း (Skin Repair & Soothing) သလဲသီးမှာပါဝင်တဲ့ အာနိသင်က အသားအရေနီမြန်းခြင်း၊ ယားယံခြင်းတွေကို သက်သာစေပြီး ပျက်စီးနေတဲ့ အသားအရေဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ အမာရွတ်အသစ်တွေ ဖြစ်ပေါ်ခြင်းကိုလည်း လျော့ပါးစေပါတယ်။

6. ဇိမ်ကျပြီး စိတ်လန်းဆန်းစေတဲ့ ရနံ့ (Luxurious & Refreshing Scent) သလဲသီးရဲ့ သင်းပျံ့တဲ့ရနံ့က ရေချိုးနေစဉ်အတွင်းမှာ တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။

🧐ဘယ်သူတွေအတွက် အထူးသင့်တော်သလဲ?
* အသားအရေခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်နေသူများ။
* အသားအရေညစ်နွမ်းပြီး ကြည်လင်တောက်ပမှုမရှိသူများ။
* အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်မှုကို ကာကွယ်လိုသူများ။
* နူးညံ့ပြီး သဘာဝပစ္စည်းများဖြင့်ပြုလုပ်ထားတဲ့ ရေချိုးပစ္စည်းကို ရှာဖွေနေသူတိုင်းအတွက် သင့်တော်ပါတယ်။

Maple သလဲသီး ရေချိုးဆပ်ပြာခရင်မ်နဲ့အတူ ကျန်းမာ၊ နုပျို၊ ဝင်းပတဲ့ အသားအရေအလှကို ပိုင်ဆိုင်လိုက်ပါ။

Maple- Aroma House

#ရေချိုးဆပ်ပြာ

၂၂ ရာစုမှာတောင် သင့်အဝတ်ဘီရိုက ပရုတ်လုံးနံ့တွေ ထွက်နေတုန်းပဲလား❓❓သင့်ရဲ့ တန်ဖိုးကြီး အဝတ်အစားတွေကို ကာကွယ်ဖို့ အရင်တုန်း...
12/10/2025

၂၂ ရာစုမှာတောင် သင့်အဝတ်ဘီရိုက ပရုတ်လုံးနံ့တွေ ထွက်နေတုန်းပဲလား❓❓

သင့်ရဲ့ တန်ဖိုးကြီး အဝတ်အစားတွေကို ကာကွယ်ဖို့ အရင်တုန်းကလို ဓာတုနံ့စူးစူးတွေနဲ့ ပရုတ်လုံးတွေကို သုံးနေတုန်းပဲလား🤦🏻

အဝတ်အစားထုတ်ဝတ်လိုက်တိုင်း စွဲကျန်ခဲ့တဲ့ အနံ့ဆိုးတွေကြောင့် စိတ်ညစ်နေရတုန်းပဲလား??🫣

အချိန်က သင့်ရဲ့ wardrobe care routine ကို အဆင့်မြှင့်တင်ဖို့ပါပဲ။

Maple-Aroma House မှ ပရုတ်လုံးနေရာ အစားထိုးဖို့အတွက် ခေတ်မီပြီး အဆင့်မြင့်တဲ့ ဖြေရှင်းချက်အသစ်ကို သင့်ထံ ယူဆောင်လာပါပြီ။ အဲဒါကတော့ Maple Essential Oil Heart-Shaped Scented Solids (အသဲပုံစံ အမွှေးခဲ) ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ပရုတ်လုံးအစား Maple အမွှေးခဲကို ပြောင်းသုံးသင့်တာလဲ🧐

🤩သဘာဝရဲ့ရနံ့၊ ဓာတုကင်းစင်တဲ့ ကာကွယ်မှု: ကျွန်ုပ်တို့ရဲ့ အမွှေးခဲလေးတွေကို 100% သဘာဝ Essential Oils တွေနဲ့သာ အထူးဖော်စပ်ထုတ်လုပ်ထားတာကြောင့် ပရုတ်လုံးလို ဓာတုအနံ့ လုံးဝမပါဝင်ပါဘူး။

🤩ဇိမ်ကျတဲ့ရနံ့သင်းသင်း:
ဘီရိုဖွင့်လိုက်တိုင်း သင်းပျံ့တဲ့ရနံ့က သင့်ကို ကြိုဆိုနေမှာပါ။ သင့်ရဲ့ ပိုးသား၊ ချည်သားနဲ့ အခြားတန်ဖိုးကြီး အဝတ်အထည်တိုင်းမှာ ဇိမ်ကျကျ ရနံ့လေးတွေ သင်းသင်းလေးစွဲကျန်နေစေပြီး ဝတ်ဆင်လိုက်တိုင်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

😍အမြင်တင့်တယ်ပြီး အသုံးဝင်မှု:
ချစ်စရာကောင်းတဲ့ အသဲပုံစံ အမွှေးခဲလေးတွေကို အော်ဂင်ဇာအိတ်လေးနဲ့ လှပစွာထုပ်ပိုးထားတာကြောင့် သင့်အဝတ်ဘီရိုထဲမှာ ချိတ်ဆွဲထားလိုက်ရုံနဲ့ အလှတစ်မျိုးတိုးစေမှာပါ။

💫လတ်ဆတ်မှုက အချိန်ကြာရှည်ခံတယ်:
အမွှေးခဲတစ်ခုက သင့်အဝတ်ဘီရိုတစ်ခုလုံးကို ရက်သတ္တပတ်ပေါင်းများစွာ မွှေးပျံ့လတ်ဆတ်နေစေမှာဖြစ်လို့ ခဏခဏ လဲလှယ်ပေးစရာမလိုပါဘူး။

အသုံးပြုပုံ:
Maple Essential Oil အမွှေးခဲ အိတ်လေးကိုဖွင့်ပြီး သင့်အဝတ်ဘီရိုထဲမှာ ချိတ်ဆွဲထားလိုက်ရုံပါပဲ။ အံဆွဲထဲမှာဖြစ်ဖြစ်၊ ခရီးဆောင်အိတ်ထဲမှာဖြစ်ဖြစ် ထည့်သုံးလို့လည်းရပါတယ်။

ခေတ်ဟောင်းက ပရုတ်လုံးတွေကို အပြီးတိုင်နှုတ်ဆက်ပြီး Maple-Aroma House ရဲ့ သဘာဝဆန်ဆန် မွှေးပျံ့တဲ့ အသဲပုံအမွှေးခဲကို ရွေးချယ်လိုက်ပါ။

သင့်ရဲ့ နေ့စဉ်ဘဝကို အသေးစိတ်ကအစ အဆင့်မြှင့်တင်လိုက်ပါ။

Maple-Aroma House

#ပရုတ်လုံးအစားထိုးအမွှေးခဲ

Maple- Aroma House

စိတ်အပန်းပြေ၊ ကျန်းမာ၊ လုံခြုံတဲ့ နေ့ရက်များအတွက်... Lemongrass အမွှေးနံ့ခဲကို ယခုပဲ ရွေးချယ်လိုက်ပါ🤝🤝သင့်ပတ်ဝန်းကျင်ကို...
06/10/2025

စိတ်အပန်းပြေ၊ ကျန်းမာ၊ လုံခြုံတဲ့ နေ့ရက်များအတွက်... Lemongrass အမွှေးနံ့ခဲကို ယခုပဲ ရွေးချယ်လိုက်ပါ🤝🤝

သင့်ပတ်ဝန်းကျင်ကို သန့်ရှင်းလန်းဆန်းစေမယ့်၊ စိတ်ကိုကြည်လင်စေမယ့် နည်းလမ်းကို ရှာဖွေနေပါသလား❓❓

Lemongrass (စပါးလင်) အမွှေးနံ့ခဲ က သင့်အတွက် အဖြေပါပဲ။💯💯

✨ Lemongrass အမွှေးနံ့ခဲရဲ့ ထူးခြားတဲ့ အကျိုးအာနိသင်များ

✅စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် စိတ်တည်ငြိမ်ခြင်း

စပါးလင်ရဲ့ သဘာဝရနံ့က စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး စိတ်ကို အေးချမ်းတည်ငြိမ်ကာ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အထောက်အကူပေးပါတယ်။

✅လန်းဆန်းတက်ကြွခြင်းနှင့် အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း

ဖျော့တော့ပြီး လန်းဆန်းတဲ့ရနံ့က စိတ်ကိုကြည်လင်စေတာကြောင့် လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်လုပ်ကိုင်ရာမှာ ပိုမိုထိရောက်စေပါတယ်။

✅ပိုးမွှားနှင်ထုတ်နိုင်သော သဘာဝအား

စပါးလင်ရနံ့ဟာ ခြင်၊ ယင်ကောင်စတဲ့ ပိုးမွှားတွေကို သဘာဝအတိုင်း နှင်ထုတ်နိုင်စွမ်းရှိတာကြောင့် သင့်ပတ်ဝန်းကျင်ကို သန့်ရှင်းလုံခြုံစေပါတယ်။

✅မနှစ်မြို့ဖွယ် အနံ့အသက်များ ပျောက်ကင်းခြင်း

အိမ်တွင်း၊ ရုံးခန်း၊ ကား စတဲ့ နေရာတွေက မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပြီး သန့်ရှင်းတဲ့ လေထုကို ရရှိစေပါတယ်။

Maple- Aroma House

#စပါးလင်

ပျော်ရွှင်စရာ သီတင်းကျွတ် အချိန်အခါသမယလေး ဖြစ်ပါစေ  ချစ်သော ရွက်ဝါလေးတို့ရေ.......
06/10/2025

ပျော်ရွှင်စရာ သီတင်းကျွတ် အချိန်အခါသမယလေး ဖြစ်ပါစေ ချစ်သော ရွက်ဝါလေးတို့ရေ.......

☀️🌑နေ့ရောညပါ... ၂၄ နာရီလုံးပြီးပြည့်စုံတဲ့အလှတရားအတွက် "Maple Soap Duo"သင့်အသားအရေဟာ နေ့နဲ့ညမှာ မတူညီတဲ့ လိုအပ်ချက်တွေရှ...
03/10/2025

☀️🌑နေ့ရောညပါ... ၂၄ နာရီလုံးပြီးပြည့်စုံတဲ့အလှတရားအတွက် "Maple Soap Duo"

သင့်အသားအရေဟာ နေ့နဲ့ညမှာ မတူညီတဲ့ လိုအပ်ချက်တွေရှိနေတယ်ဆိုတာ သင်သိပါသလား? ☀️နေ့ခင်းမှာ ပတ်ဝန်းကျင်ရဲ့ ဖုန်၊ အညစ်အကြေးနဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့လိုအပ်ပြီး
🌑ညဘက်မှာတော့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့တဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့နဲ့ အားဖြည့်ဖို့ လိုအပ်ပါတယ်။

Maple-Aroma House က သင့်အသားအရေရဲ့ နေ့နဲ့ည လိုအပ်ချက်ကို အတိအကျဖြည့်ဆည်းပေးနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာ (Soap Duo) ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။

☀️ မနက်ခင်းရဲ့ စတင်ခြင်း
"Maple သနပ်ခါး Gluta မျက်နှာသစ်ဆပ်ပြာ" “Woodland”

တစ်နေ့တာလုံး လန်းဆန်းတောက်ပတဲ့ အသားအရေနဲ့အတူ ယုံကြည်မှုရှိရှိ စတင်လိုက်ပါ။
မြန်မာ့ရိုးရာ သဘာဝသနပ်ခါးနဲ့ ခေတ်မီ Gluta တို့ရဲ့ အစွမ်းကို ပေါင်းစပ်ထားတဲ့ ဒီဆပ်ပြာကတော့ -

🪵အဆီပြန်ခြင်းကို ထိန်းချုပ်ပေးခြင်း: သနပ်ခါးရဲ့ သဘာဝအစွမ်းကြောင့် တစ်နေကုန် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး မျက်နှာပေါ်က အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

🪵နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း: သနပ်ခါးမှာပါဝင်တဲ့ သဘာဝ sun-blocking အာနိသင်က မျက်နှာကို နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးပါတယ်။

🪵အသားအရေကို ကြည်လင်တောက်ပစေခြင်း: Gluta (Glutathione) က အမဲစက်၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကို သိသိသာသာ လျော့ပါးသက်သာစေပြီး အသားအရေကို ညီညာစေကာ ကြည်လင်ဝင်းပစေပါတယ်။

🪵မိတ်ကပ်အတွက် အသင့်ဖြစ်စေခြင်း: မျက်နှာကို သန့်စင်ကြည်လင်စေတာကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ချောမွေ့ညီညာစွာနဲ့ လိမ်းနိုင်ပြီး မိတ်ကပ်သား ပိုမိုလှပစေပါတယ်

ဒါကြောင့် မနက်ခင်းမှာ "သနပ်ခါး Gluta Soap" နဲ့ မျက်နှာသစ်ပြီး တစ်နေ့တာလုံး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ပါ။

🌙 ညခင်းရဲ့ ပြန်လည်အားဖြည့်ခြင်း
"Maple Papaya Collagen မျက်နှာသစ်ဆပ်ပြာ"
“Snow White”

(တစ်နေ့တာအညစ်အကြေးကို ဆေးကြော၊ အသားအရေကို ပြန်လည်နုပျိုစေဖို့)

💫တစ်နေ့တာလုံး ပင်ပန်းလာတဲ့ သင့်အသားအရေကို ညအိပ်ချိန်မှာ အကောင်းဆုံး ပြန်လည်အားဖြည့်ဖို့အတွက် Papaya (သင်္ဘောသီး) နဲ့ Collagen တို့ရဲ့ အစွမ်းနဲ့ ထုတ်လုပ်ထားပါတယ်။

💫ချွေးပေါက်အတွင်းထိ သန့်စင်ပေးခြင်း:
သင်္ဘောသီးမှာပါဝင်တဲ့ Papain enzyme က တစ်နေ့တာလုံး မျက်နှာပေါ်မှာ ကပ်ညှိနေတဲ့ ဖုန်၊ အညစ်အကြေး၊ မိတ်ကပ်အကြွင်းအကျန်နဲ့ ဆဲလ်သေတွေကို ချွေးပေါက်အတွင်းပိုင်းထိ ထိရောက်စွာ ဖယ်ရှားပေးပါတယ်။

💫အသားအရေကို တင်းရင်းနုပျိုစေခြင်း:
Collagen က အသားအရေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ တင်းရင်းမှုကို ပြန်လည်ဖြည့်တင်းပေးပြီး အရေးအကြောင်းနဲ့ လိုင်းတွေကို လျော့ပါးစေပါတယ်။ အသားအရေကို သိသိသာသာ နုပျိုတင်းရင်းစေပါတယ်။

💫အစိုဓာတ်ကို ဖြည့်တင်းပေးခြင်း: မျက်နှာသစ်ပြီးတဲ့အခါ အသားအရေခြောက်သွားခြင်းမျိုး မဖြစ်စေဘဲ စိုစိုပြေပြေနဲ့ နူးညံ့ချောမွေ့တဲ့ အသားအရေကို ရရှိစေမှာပါ။

💫Skin Repair & Renewal:
ညအိပ်ချိန်ဟာ အသားအရေအတွက် ပြန်လည်ပြုပြင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ဒီဆပ်ပြာက အသားအရေ (renewal) ဖြစ်စဉ်ကို အားပေးပြီး မနက်နိုးလာတဲ့အခါ ကျန်းမာတဲ့အသားအရေကို ပေးစွမ်းပါတယ်။

ညအိပ်ရာမဝင်ခင် "Papaya Collagen Soap" နဲ့ မျက်နှာသစ်ပြီး အိပ်စက်နေစဉ်အတွင်းမှာပဲ အသားအရေကို ပြန်လည်ပြုပြင်လိုက်ပါ။

‼️ဘာကြောင့် အတူတူသုံးသင့်တာလဲ?

မနက်ခင်းဆပ်ပြာက ကာကွယ်ပေးပြီး ညဘက်ဆပ်ပြာက ပြန်လည်ပြုပြင်ပေးတာကြောင့် ဒီ Soap Duo ကို တွဲဖက်အသုံးပြုခြင်းဖြင့် သင့်အသားအရေအတွက် ၂၄ နာရီပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ရလဒ်ကိုလည်း ပိုမိုမြန်ဆန်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Maple-Aroma House
#မျက်နှာသစ်ဆပ်ပြာ

🤩"သင့်ခရီးစဉ်တိုင်းအတွက် အမိုက်စား Travel Buddy။"🫶🏻ကားမောင်းနေရင်း Traffic Jam မိလို့ စိတ်ညစ်နေလား❓ကားထဲက မလိုချင်တဲ့အနံ...
01/10/2025

🤩"သင့်ခရီးစဉ်တိုင်းအတွက် အမိုက်စား Travel Buddy။"🫶🏻

ကားမောင်းနေရင်း Traffic Jam မိလို့ စိတ်ညစ်နေလား❓
ကားထဲက မလိုချင်တဲ့အနံ့တွေကြောင့် စိတ်မကြည်မလင် ဖြစ်နေလား❓

အဲဒီ Feeling တွေကို Kick Out လုပ်လိုက်ပါ။🫸🏻

Maple-Aroma House ကနေ သင့်ရဲ့ခရီးစဉ်တိုင်းကို လန်းဆန်းတက်ကြွစေဖို့ အထူးထုတ်လုပ်ထားတဲ့ Essential Oil Hanging Diffuser Car Perfume လေးလာပါပြီ။🧚🏻‍♀️

ဒါက ရိုးရိုးကားရေမွှေးမဟုတ်ဘူး၊ သင့်ကားလေးကို ရနံ့ကုထုံး (Aromatherapy) ပေးမယ့် သင့်ရဲ့အမိုက်စား Travel Buddy ပါ။💃🏻

ဘာကြောင့် Maple Car Diffuser ကို ရွေးချယ်သင့်လဲ?

🥳100% သဘာဝ Essential Oil: ဓာတုဗေဒပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ရေမွှေးတွေလို ခေါင်းမူးခေါင်းကိုက် မဖြစ်စေဘဲ သဘာဝပန်းပွင့်၊ သစ်သီးတွေရဲ့ရနံ့စစ်စစ်က သင့်စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။

🥳Vibe တစ်ချက်နဲ့ပြောင်းမယ်: သင်နှစ်သက်ရာရနံ့ကို ရွေးချယ်ပြီး ကားမှန်မှာ ချိတ်ဆွဲလိုက်ရုံနဲ့ ကားထဲက Mood တစ်ခုလုံးကို သင်ဖြစ်ချင်သလို ပြောင်းလဲလိုက်ပါ။ မနက်ခင်းမှာ Fresh ဖြစ်ဖို့ Citrus ရနံ့၊ ညနေခင်းမှာ Relax ဖြစ်ဖို့ Lavender ရနံ့... ရွေးချယ်စရာအစုံပါပဲ။

🥳Design ကအထာကျ၊ ဘယ်ကားနဲ့မဆိုလိုက်ဖက်: သစ်သားအဖုံးလေးနဲ့ လှပတဲ့ပုလင်းက ဘယ်လိုကားအမျိုးအစားနဲ့မဆို လိုက်ဖက်ပြီး သင့်ကားအတွင်းပိုင်းကို ပိုမိုခေတ်မီစေမှာပါ။

😍အသုံးခံပြီး အနံ့သင်းသင်းလေးက ကြာရှည်ခံတယ်: တစ်ခါချိတ်ထားရုံနဲ့ ရက်သတ္တပတ်ပေါင်းများစွာ သင်းပျံ့တဲ့ရနံ့လေးကို ခံစားရမှာဖြစ်လို့ အမြဲတမ်းအသစ်လဲနေစရာမလိုပါဘူး။😍

ကားတံခါးဖွင့်လိုက်တိုင်း သင့်ကိုကြိုဆိုနေမယ့် လတ်ဆတ်တဲ့ရနံ့တွေနဲ့အတူ ခရီးစဉ်တိုင်းကို Energy အပြည့်နဲ့ ဖြတ်သန်းလိုက်ပါ။😇

Maple Essential Oil Car Diffuser - Turn Your Drive Into A Vibe.

Maple-Aroma House

#ကားရေမွှေး

"သဘာဝဆေးမြစ်အစွမ်းနဲ့ နာကျင်မှုကို အမြန်ဆုံး သက်သာစေမယ်။" 🙂‍↔️တစ်နေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ကိုယ်လက်မအီမသာဖြစ်မ...
30/09/2025

"သဘာဝဆေးမြစ်အစွမ်းနဲ့ နာကျင်မှုကို အမြန်ဆုံး သက်သာစေမယ်။"

🙂‍↔️တစ်နေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ကိုယ်လက်မအီမသာဖြစ်မှုတွေနဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သင်ဘယ်လိုဖြေရှင်းနေပါသလဲ?

🌟Maple-Aroma House မှ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာရဲ့ အဖိုးတန်အမွေအနှစ်ဖြစ်တဲ့ "ဆေးမြစ်ဆုံ" ကို ခေတ်မီ Essential Oil နဲ့ ပေါင်းစပ်ပြီး Maple သဘာဝဆေးမြစ်ဆုံ Essential Oil ပရုတ်ဆီ ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါတယ်။

🥳ဒါဟာ သာမန်ပရုတ်ဆီတစ်မျိုးမဟုတ်ဘဲ သင့်ရဲ့ စိတ်ရောကိုယ်ပါ ပြန်လည်လန်းဆန်းတက်ကြွစေမယ့် သဘာဝရဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။

Maple ဆေးမြစ်ဆုံ Essential Oil ပရုတ်ဆီရဲ့ ကောင်းကျိုးအာနိသင်များ🤩

ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက တန်ဖိုးထားသုံးစွဲခဲ့ကြတဲ့ ဆေးမြစ်မျိုးစုံရဲ့ အဆီအနှစ်တွေနဲ့ ဖော်စပ်ထားတာကြောင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်

၁။ ကြွက်သားနာကျင်မှုနှင့် ကိုယ်လက်ကိုက်ခဲမှုကို ချက်ချင်းသက်သာစေခြင်း:
🫥ရုံးမှာ အထိုင်များလို့ဖြစ်တဲ့ ဇက်ကြောတက်ခြင်း၊ ခါးနာခြင်း၊ ပခုံးနာကျင်ခြင်းတွေကို လိမ်းလိုက်တာနဲ့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး နာကျင်မှုကို လျင်မြန်စွာ သက်သာစေပါတယ်။ အားကစားလုပ်ပြီး ကြွက်သားနာကျင်တဲ့အခါမှာလည်း အထူးသင့်တော်ပါတယ်။

၂။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းကို လျော့ပါးစေခြင်း:
🫩ပင်ပန်းလို့ဖြစ်ဖြစ်၊ ရာသီဥတုကြောင့်ဖြစ်ဖြစ် ခေါင်းကိုက်၊ ခေါင်းမူးလာတဲ့အခါ နားထင်နဲ့ ဇက်ရင်းမှာ ညင်သာစွာလိမ်းပြီး နှိပ်နယ်ပေးရုံနဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ဝေဒနာကို သက်သာစေပါတယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပြီး နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း:
😴ဆေးမြစ်ဆုံရဲ့ သဘာဝရနံ့ (Aromatherapy) က စိတ်ဖိစီးမှု၊ ပူပင်သောကတွေကို လျော့ပါးစေပါတယ်။ ညအိပ်ရာမဝင်ခင် ရင်ဘတ် (သို့) လည်ပင်းမှာ ခပ်ပါးပါးလေးလိမ်းပေးရုံနဲ့ စိတ်ကိုတည်ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

၅။ နှာစေး၊ နှာပိတ်ခြင်းကို သက်သာစေခြင်း:
🤧အအေးမိလို့ နှာစေး၊ နှာပိတ်ဖြစ်တဲ့အခါ နှာခေါင်းအောက်ခြေလေးမှာ ခပ်ပါးပါးတို့ထိပေးရုံနဲ့ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး နေရထိုင်ရ ပေါ့ပါးသွားစေမှာပါ။

Maple တို့ရဲ့ ဆေးမြစ်ဆုံပရုတ်ဆီဟာ အရည်အသွေးမြင့် သဘာဝဆေးမြစ်များနဲ့ Essential Oil များကိုသာ အသုံးပြုထားပြီး စေးကပ်ခြင်းမရှိဘဲ အသားထဲစိမ့်ဝင်လွယ်အောင် အထူးဖော်စပ်ထားတာမလို့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

😇အိမ်တိုင်းမှာ၊ အိတ်ထဲမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Maple ဆေးမြစ်ဆုံ Essential Oil ပရုတ်ဆီနဲ့အတူ သဘာဝရဲ့ ကုသပေးမှုကို အချိန်တိုင်း၊ နေရာတိုင်းမှာ ရယူလိုက်ပါ။

Maple- Aroma House

#ဆေးပရုတ်ဆီ

🤦🏻ခေါင်းကိုက်၊ ခေါင်းနောက်ပြီး စိတ်မကြည်မလင် ဖြစ်နေပါသလား⁉️Mapleတို့ရဲ့ သဘာဝဆေးမြစ်ဆုံ ရှူလိမ်းဆီက သင့်ရဲ့ ခေါင်းကိုက်ဝေ...
28/09/2025

🤦🏻ခေါင်းကိုက်၊ ခေါင်းနောက်ပြီး စိတ်မကြည်မလင် ဖြစ်နေပါသလား⁉️

Mapleတို့ရဲ့ သဘာဝဆေးမြစ်ဆုံ ရှူလိမ်းဆီက သင့်ရဲ့ ခေါင်းကိုက်ဝေဒနာနဲ့ စိတ်မကြည်မလင်ဖြစ်နေတာတွေကို သက်သာပျောက်ကင်းစေဖို့ အသင့်တော်ဆုံး လက်‌တွေ့ဆေးစွမ်းကောင်းတစ်ခုပါ‼️

သဘာဝဆေးမြစ်ဆုံ ရှူလိမ်းဆီရဲ့ အစွမ်းသတ္တိများကတော့...
📣ခေါင်းကိုက်ဝေဒနာကို ချက်ချင်းသက်သာစေခြင်း: ခေါင်းကိုက်နေတဲ့အခါ နဖူးနဲ့နားထင်ကို လိမ်းလိုက်ရုံနဲ့ အေးမြတဲ့ခံစားမှုကနေတစ်ဆင့် ဝေဒနာကို ချက်ချင်း သက်သာစေပါတယ်။

📣စိတ်ကြည်လင်လန်းဆန်းစေခြင်း: စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ရှူလိုက်ရုံနဲ့ စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး အာရုံစူးစိုက်မှုလည်း ပိုကောင်းလာစေပါတယ်။

📣လတ်ဆတ်တဲ့ရနံ့: သဘာဝဆေးမြစ်တွေကနေ ထုတ်လုပ်ထားလို့ စိတ်ကို လန်းဆန်းစေပြီး သဘာဝရနံ့ကို ကြိုက်နှစ်သက်သူတွေအတွက် အထူးသင့်လျော်ပါတယ်။

💼 အိတ်ဆောင်အရွယ်အစားလေးဖြစ်လို့ ဘယ်နေရာကိုပဲသွားသွား ဆောင်ထားလို့လွယ်ကူပြီး လိုအပ်တဲ့အချိန်တိုင်း အသုံးပြုနိုင်ပါတယ်။

သင့်ရဲ့နေ့ရက်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ သဘာဝဆေးမြစ်ဆုံ ရှူလိမ်းဆီကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါပြီ။

ဈေးနှုန်း-၆၅၀၀ကျပ်

Maple-Aroma House

ရွက်ဝါလေးတို့ရေ.....Mingalar Mandalayရဲ့ Mandalar Expo 2025 ဈေးရောင်းပွဲတော်ကြီးမှာ ၂၆,၂၇,၂၈ရက် (၃)ရက်လုံး La Min Distri...
26/09/2025

ရွက်ဝါလေးတို့ရေ.....

Mingalar Mandalayရဲ့ Mandalar Expo 2025 ဈေးရောင်းပွဲတော်ကြီးမှာ ၂၆,၂၇,၂၈ရက် (၃)ရက်လုံး La Min Distribution နဲ့တူတူ Mapleတို့လည်း ရှိနေမှာမလို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်

ပစ္စည်းအမျိုးအစားအားလုံးကို တစ်နေရာတည်းမှာ စမ်းသပ်လေ့လာနိုင်တာမလို့ မပျက်မကွက်လာခဲ့ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်နော်....

ရွက်ဝါလေးတို့ရေ.....ခုလို ရာသီဥတုပူပြင်းတဲ့အချိန်ကာလမှာ နေရောင်ခြည်ကြောင့် အသားအရေမညီညာတာတွေ၊ အသားအရေမွဲခြောက်တာတွေဖြစ်လ...
26/09/2025

ရွက်ဝါလေးတို့ရေ.....

ခုလို ရာသီဥတုပူပြင်းတဲ့အချိန်ကာလမှာ နေရောင်ခြည်ကြောင့် အသားအရေမညီညာတာတွေ၊ အသားအရေမွဲခြောက်တာတွေဖြစ်လို့ စိတ်ညစ်နေပြီလား.......

ဒါတွေကို ဖြေရှင်းပေးဖို့အတွက် Mapleတို့ရဲ့ Premium Quality Scrubလေးတွေ အသင့်ရှိပါတယ်နော်🤗

🪵 “Woodland” 2 in 1 Collagen Scrub & Thanakhar Maskဟာဆိုရင် အသားအရေကို ဝင်းပဖြူစင်စေရုံသာမကဘဲ အသားအရေညစ်ညမ်းမှုတွေ နေလောင်ဒဏ်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ဒါ့အပြင် သဘာဝသစ်ဥသစ်ဖုအဆီအနှစ်၊ သနပ်ခါးမှုန့်၊ Vitamin Eတို့ကို ထည့်သွင်းကပြုလုပ်ထားတာကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အသားအရေကို စိုပြေဝင်းလက်စေပါတယ်။

ပါဝင်ပစ္စည်းများ- Sandal Powder, Thanakha Powder, Sacha Inchi Powder, Kojic Amber, Olive oil, Essential oil, AD25, Brown Sugar, Collagen, Vitamin E

☕️ “Waking Bee” 2 in 1 Coffee Scrub & Whitening Maskဟာဆိုရင် တစ်ပတ် ၂ကြိမ်မှ ၃ကြိမ်အထိ ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ်၊ အသားအရေမညီညာမှုတွေကို ပျောက်ကင်းစေတယ်၊ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမာရွတ်နဲ့ အမဲစက်တွေကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်းများ- Pure Coffee Powder, Honey, Soap Nut, Sacha Inchi Powder, Kojic Amber, Olive oil, Essential oil, AD25, Brown Sugar, Collagen, Vitamin E

သတိပေးချက်။ ။ ပါဝင်ပစ္စည်းများ ဓာတ်မတည့်ပါက အသုံးမပြုရန်။

ဈေးနှုန်း- ၁၂၀၀၀ကျပ် (၂၈၀ဂရမ်)

“ဆားဝက်ခြံများ ယူပစ်သလို ပျောက်ကင်းစေဖို့"Mapleတို့ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ 📌Day Facial Soap Bar "Miracle Soap Bar” လေ...
25/09/2025

“ဆားဝက်ခြံများ ယူပစ်သလို ပျောက်ကင်းစေဖို့"

Mapleတို့ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့

📌Day Facial Soap Bar "Miracle Soap Bar” လေးဟာဆိုရင် သဘာဝ နံ့သာငါးမျိုး၊ သနပ်ခါးမှုန့်၊ Gluta Powderနဲ့ Vitamin Cတို့ကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားပြီးတော့

📌Night Facial Soap Bar “ Snow White” လေးဟာဆိုရင် Papaya Extract, Collagen Powder, Chamomile Essential oil, Vitamin Cတို့ကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်

Maple တို့ရဲ့ Facial Soap Barလေးကို နေ့စဉ်ပုံမှန်အသုံးပြုပေးခြင်းအဖြင့်
၁။ နှာခေါင်းနားတစ်ဝိုက်က ဆားဝက်ခြံတွေကို သိသိသာသာလျော့လာစေတယ်
၂။ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေတယ်
၃။ အရေပြားကြမ်းတမ်းခြင်းတို့ကို ပျောက်ကင်းစေတယ်
၄။ အသားအရေမညီညာခြင်းတို့ကို လျော့ကျစေတယ်
၅။ Collagenပြည့်ဝပြီး တင်းရင်းနူးညံ့တဲ့အသားအရေကို တစ်ပတ်အတွင်း ပိုင်ဆိုင်စေမှာဖြစ်ပါတယ်ရှင့်

Day/Night Soap Barတစ်စုံဝယ်ယူသူတိုင်းကို ဆပ်ပြာခွက်လှလှလေးတစ်ခုပါ မေတ္တာလက်ဆောင်ထည့်ပေးမှာဖြစ်လို့ မဖြစ်မနေလာရောက်ဝယ်ယူကြရအောင်နော်

ဈေးနှုန်း- ၆၅၀၀ကျပ် (၁ခု)

Address

Mandalay

Telephone

+959962326045

Website

Alerts

Be the first to know and let us send you an email when Maple- Aroma House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Maple- Aroma House:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram