Zizawarsoe

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Nutritionist, Mandalay.
(1)

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

15/01/2026

ဒီအကျင့် ၄ ခုသာ ကိုယ့်အကျင့်ဖြစ်သွားရင် …. ဘယ်တော့မှပြန်မဝနိုင်တော့ဘူး 🤩

ကျနော်အရမ်းဝရာကနေ ခုလက်ရှိခန္ဓာကိုယ်ထိရောက်အောင်ချပြီး ဒီအကျင့်လေးတွေနဲ့ ဒီခန္ဓာကိုယ်ထိန်းလာခဲ့တာ ၉ နှစ်ရှိပြီ💪



15/01/2026

ဘာကြောင့်တချို့လူကမဝပေမဲ့ လက်မောင်းတုတ်နေလဲ။
အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။

✅ခန္ဓာကိုယ်ရဲ့အဆီသိုလှောင်ပုံက မွေးတည်းကဆုံးဖြတ်ပြီးသား။ လူတယောက်နဲ့တယောက်မတူနိုင်ဘူး။ အဆီစုရင် တချို့ကဗိုက်မှာအရင်စုတယ်။ တချို့ ပေါင်မှာ ၊ တချို့လက်မောင်းနဲ့ ဂျိုင်းအောက်စုတယ်။ အဆီမများပေမဲ့ လက်မောင်းကြည့်လိုက်ရင်တုတ်နေတတ်တာ မျိုးရိုးကြောင့်ပါ။

✅လက်မောင်းကြီးတာသည် အဆီများတာဟုတ်ချင်မှဟုတ်မယ်။
ရေရှည်မှာပုံစံတမျိုးတည်းနဲ့ ဖုန်း၊ကွန်ပျူတာသုံးခြင်းကြောင့် ပုခုံး၊ လက်မောင်းကြွက်သားတင်းမာမှုကြောင့် တုတ်သလိုဖြစ်လာတာပါ။
အိပ်ရေးမဝ၊ အငံစားများ၊ အထိုင်များခြင်းကြောင့် ရေဓါတ်ထိန်ချန်မှုများပြီး ရေဖောရောင်တာကြောင့်လည်းဖြစ်န်ိုင်ပါတယ်။ ရေဖောရောင်ရင် မနက်၊ ညနဲ့တင် လက်မောင်း ဆိုဒ်ကကွာပါတယ်။

✅ဝိတ်ချိန်မများပေမဲ့ ကြွက်သားနည်းပြီးအဆီပမာနာများတဲ့သူများ ( skinny fat ) ၊အဆီကလက်မောင်းမှာစုတတ်သူဆိုရင်လည်း လက်မောင်းပျော့တွဲတွဲနဲ့ကြီးနေတတ်ပါတယ်။

✅အမျိုးသမီးတွေမှာဖြစ်လေ့ရှိတဲ့ ဟိုမုန်းအပြောင်းအလဲကြောင့်။ ရာသီမလာခင်၊ မီးဖွားပြီးနောက်၊ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးနောက်၊ ရေရှည်စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေမှာ လက်မောင်းကြီးတာပိုတွေ့ရတတ်ပါတယ်။

ဘယ်လိုဖြေရှင်းလို့ရဲလဲ
✅လမ်းများများလျှောက်
✅အဟာရဂရုစိုက်၊ အငံမများစေနဲ့
✅တနာရီထိုင်တိုင်း ခနမတ်တပ်ရပ်လမ်းလျှောက်
✅ရေလုံလောက်အောင်သောက် ( တရက် ရေ 2 liters)
✅ပုခုံး၊ လက်မောင်း၊ ရင်ပတ် အကြောလျော့
✅အိပ်ရေးဝအောင်အိပ် ၊ အိပ်ချိန်မှန်ပါစေ
✅ဖြစ်နိုင်ရင် အလေးနဲ့ကစားတဲ့လေ့ကျင့်ခန်း တပတ် ၂ -၃ ရက်ထည့်လုပ်ပါ

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




ပိန်သူ ဝသူတွေအားလုံးဒါသိထားဖို့လိုတယ် ✅အစား only လျော့ပြီးအဆီချသူသည် ကျစ်လစ်ပြီး အဆီပမာနအရမ်းနည်းတဲ့ထိမချနိုင်ပါ။ ✅လေ့ကျ...
14/01/2026

ပိန်သူ ဝသူတွေအားလုံးဒါသိထားဖို့လိုတယ်

✅အစား only လျော့ပြီးအဆီချသူသည် ကျစ်လစ်ပြီး အဆီပမာနအရမ်းနည်းတဲ့ထိမချနိုင်ပါ။

✅လေ့ကျင့်ခန်းလုပ်ပြီးအဆီချနေသူတယောက်က carbs ကိုလုံလောက်အောင်စားမှ အဆီချလမ်းကြောင်းလွယ်ကူမယ်။

✅ခန္ဓာကိုယ်ဝိတ်မများ standard body weight ထဲရောက်နေသူများ carbs ပိုလိုအပ်ပါတယ်။ medium- high carbs အချိုးနဲ့သင့်တော်တယ်။

✅ဝသောသူများ ၊ အဝလွန်သူများ Carbs လိုအပ်ချက်က ပိန်တဲ့သူလောက်မများပါ။ medium low carbs အချိုးနဲ့သင့်တော်တယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



စတော်ဘယ်ရီပေါ်နေပြီမို့ စတော်ဘယ်ရီကြိုက်သူများအတွက်သတင်းကောင်း 🤩စတော်ဘယ်ရီသီးက အသီးထဲမှာ သကြားပါဝင်မှုသိပ်နည်းတဲ့ထဲပါပါတ...
13/01/2026

စတော်ဘယ်ရီပေါ်နေပြီမို့ စတော်ဘယ်ရီကြိုက်သူများအတွက်သတင်းကောင်း 🤩

စတော်ဘယ်ရီသီးက အသီးထဲမှာ သကြားပါဝင်မှုသိပ်နည်းတဲ့ထဲပါပါတယ်
✅Antioxidants ကြွယ်ဝတယ်
✅နှလုံးသွေးကြောကျန်းမာရေးအတွက်ကောင်းတယ်။ inflammation လျော့ခခစေတဲ့အစွမ်းသတ္တိရှိတယ်။
✅GI နည်းလို့သွေတွင်းသကြားဓါတ်ထိန်းချင်သူများအတွက်သင့်လျှော်တယ်
✅Vitamin C ကြွယ်ဝစွာပါဝင်လို့ အသားရေကောင်းစေပြီး ကိုယ်ခံအားလည်းမြင့်တင်ပေးတဲ့အစွမ်းရှိတယ်။

👉အရမ်းမချိုတဲ့အသီးဖြစ်တဲ့အလျှောက် အဟာရတန်ဖိုးများတဲ့ strawberries လေးဟာ 100 g မှာ ကယ်လိုရီ 30 ဝန်းကျင်းပဲရှိတယ်။ calories control လုပ်တဲ့အချိန် 200-300 g စားလိုက်ရင်တောင် calories က 100 လောက်ပဲဆိုတော့ စားပျော်တဲ့အသီးလေး😍

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



13/01/2026

ထမင်းနေ့တိုင်းစားတယ်။ ထမင်းချက်ချိန်ဒါလေးရောလိုက်ရင် မိတ်ဆွေစားနေတဲ့ ထမင်းရဲ့quality က နောက် level တခုရောက်သွားပြီ 😍




အစားအသောက်မှ ပိုက်ဆံကုန်လေအဆီမကျလေဆိုတာခနခနပြောဖူးပါတယ်ကိတ်မုန့်ဝယ်စားလိုက်၊ ပုလဲနို့လက်ဖက်ရည်၊ အအေးတွေဝယ်သောက်လိုက်နဲ့ ...
12/01/2026

အစားအသောက်မှ ပိုက်ဆံကုန်လေအဆီမကျလေဆိုတာခနခနပြောဖူးပါတယ်

ကိတ်မုန့်ဝယ်စားလိုက်၊ ပုလဲနို့လက်ဖက်ရည်၊ အအေးတွေဝယ်သောက်လိုက်နဲ့ ငွေကုန်လေ ဝလေဖြစ်လာတယ်။

အဆီချဖို့ ဒီ low calories မုန့်ဝယ်စားလိုက်၊ ဟို product ဝယ်သောက်လိုက် ၊ protein snacks ဝယ်စားလိုက်နဲ့ အဆီမကျရုံမက တရက်တခြားဝလာတယ်။

အဆီချဖို့အတွက်ငွေပိုရှိလို့ ပိုသုံးမယ်ဆိုရင် စားတဲ့ထမင်း ၃ နှပ်ရဲ့quality ဆွဲတင်လိုက်ပါ။
✅ဆန်လုံးညိုတွေဝယ်လိုက်ပါ
✅အသားသံဗူးမဝယ်ပဲ လတ်ဆတ်တဲ့အသားငါးဝယ်ပါ ။ import ဝင်လာတဲ့ salmon ၊ အသားဆိုလည်း import လာတဲ့ quality ကောင်းတာအများကြီးရှိပါတယ်။
✅အရွက်ဆိုလည်း Organic ရွေးဝယ်လို့ရပါတယ်
✅သုံးတဲ့ဆီကို level မြင့်လိုက်ပါ။ ဥပမာ - olive oil , avocado oil

ဒိနေရာမှာငွေပိုသုံးရင် ကျန်းမာရေးအတွက်ကောင်းလာသလို အဆီချဖို့အတွက်၊ ဇီဝဖြစ်စဉ်အတွက်များစွာအထောက်အကူပြုပါတယ်။

ကျန်းမာပါစေရှင်
ဇီဇဝါစိုး




ကျနော့ရဲ့အမာခံပရိတ်သတ်မိတ်ဆွေက ကန်စွန်းဥမစားတော့ဘူးလား ခရီးကပြန်ရောက်တည်းက ကန်စွန်းဥစားတာမတွေလို့ဆိုပြီး မေးလာတယ်။ စားပါ...
12/01/2026

ကျနော့ရဲ့အမာခံပရိတ်သတ်မိတ်ဆွေက ကန်စွန်းဥမစားတော့ဘူးလား ခရီးကပြန်ရောက်တည်းက ကန်စွန်းဥစားတာမတွေလို့ဆိုပြီး မေးလာတယ်။

စားပါတယ်ရှင်။ မနက်မှာမပါရင် နေ့လည် ၊ ညနေမှာ ပြောင်းဖူးကန်စွန်းဥ တခုခုတော့ပါအောင်ထည့်တယ်။ ဆောင်းတွင်းကုန်တဲ့ထိကန်စွန်းဥကစားကောင်းတယ်ရှင်။ အာလူးတော့ မနက်စာမှာထည့်မစားတော့ဘူး။ ခရီးမထွက်ခင်တည်းက ဝယ်နေကြ အာလူးအမျိုးမရှိတော့လို့ ဒီအမျိုးထွက်တဲ့ထိစောင့်လိုက်မယ်။ ခုဝယ်တဲ့အာလူးက ချက်စားရင်သာစားကောင်းပြီး ဖုတ်စားရင် မာကျစ်ပြီးစားမကောင်းလို့ 🤩
ကန်စွန်းဥ ၊ ပြောင်းဖူး တမျိုးမျိုးပါရင်ရပြီရှင်။

ဖက်ထုပ်က homemade ၊ အသားနဲ့ပဲလုပ်တော့ အဆီပါဝင်မှုနည်းတည်။ စားရတာကျစ်ပြီး အပြင်ဆိုင်ရောင်းသလိုနုအိလေးမဟုတ်ဘူးရှင် .. but lower in calories 😍

ဇီဇဝါစိုး



စိမ်းစားဥကိုအစိမ်းစားတာကြိုက်သလို ကြော်စားဟင်းရည်ချက်စားတာလည်းကြိုက်တယ်။ စိမ်းစားဥက ရေဓါတ်များ ၊ Vitamin C နဲ့ fibers လည...
11/01/2026

စိမ်းစားဥကိုအစိမ်းစားတာကြိုက်သလို ကြော်စားဟင်းရည်ချက်စားတာလည်းကြိုက်တယ်။

စိမ်းစားဥက ရေဓါတ်များ ၊ Vitamin C နဲ့ fibers လည်းပါဝင်တယ်။ ကယ်လိုရီနည်းပြီး ဝမ်းချုပ်တာသက်သာစေတဲ့ အူလမ်းကြောင်းအတွက်ကောင်းတဲ့အသီး🤩 ( အသီးအရွက်အုပ်စုထဲ)

100 g မှာ calories 30-40 သာပါဝင်ပြီး အရသာချိုပေမဲ့ GI နည်းလို့ သွေးတွင်းသကြားဓါတ်နဲ့ friendly ဖြစ်တယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး


11/01/2026

တို့ဖူးနှောက် အဆီချတဲ့အခါစားပေးနိုင်တဲ့ အရမ်းကောင်းတဲ့အစားအစာတခု 😍



#တို့ဖူးနှောက်

👉စက်ဘီးလည်း ဒီနေရာပဲ ထပ်ခါတလဲလဲ နှစ်နဲ့ချီစီးတယ်။ ဘာလေ့ကျင့်ခန်းလုပ်လုပ် အတူတူပါ။  တပတ်လောက်စီးပြီး ပိန်မသွားလို့ စက်ဘီး...
10/01/2026

👉စက်ဘီးလည်း ဒီနေရာပဲ ထပ်ခါတလဲလဲ နှစ်နဲ့ချီစီးတယ်။ ဘာလေ့ကျင့်ခန်းလုပ်လုပ် အတူတူပါ။ တပတ်လောက်စီးပြီး ပိန်မသွားလို့ စက်ဘီးမစီးတော့ရင်….. ကျန်းမာရေးကခုတိုင်းဖြစ်နေမှာပဲ။
👉အဟာရစုံတဲ့ထမင်းဟင်း ဒီပုံစံအတိုင်း နှစ်ပေါင်းများစွာစားတယ် .. တပတ်လောက်စားပြီး ခန္ဓာကိုယ်ဘာမှပြောင်းလဲမှုမရှိလို့ လက်လျော့သွားရင်….. ခန္ဓာကိုယ်ရော၊ ကျန်းမာရေးပိုင်းရော ခုလက်ရှိတိုင်းပဲရှိနေမှာ

ရလဒ်ကောင်းတခုက အချိန်တိုနဲ့ရမလာဘူး။ တည်မြဲတဲ့ရလဒ်ကောင်းတခုက ပိုတောင်အချိန်ပေးလုပ်ရပါတယ်ရှင် 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




09/01/2026

ဒါအဆီချအောင်မြင်တယ်လို့မခေါ်ဘူး 🤩

မြှားခေါင်းလှည့်လိုက်ရင် နှေးတယ်လို့ထင်ရပေမဲ့ တကယ်တော့အမြန်ဆုံးလမ်းကြောင်းပါ …




ကျနော်ဘာစားရင်ကျနော့ကလေးတွေကိုလည်းစားစေချင်တယ်။ ကျနော်ကျန်းမာရေးလိုက်စားတာ ကလေးတွေကိုလည်းလိုက်စားစေချင်တယ်။ ဒါပေမဲ့ အတင်...
09/01/2026

ကျနော်ဘာစားရင်ကျနော့ကလေးတွေကိုလည်းစားစေချင်တယ်။ ကျနော်ကျန်းမာရေးလိုက်စားတာ ကလေးတွေကိုလည်းလိုက်စားစေချင်တယ်။ ဒါပေမဲ့ အတင်းစားခိုင်း ၊ ကျန်းမာရေးလိုက်စားခိုင်းလည်းကလေးတွေမလုပ်ဘူး🤩

ဒီတော့ စားသင့်လုပ်သင့်တဲ့အကြောင်းလေးကိုပြောပြတယ်။ သူတို့စားချင်တဲ့ဟာလည်းစားခိုင်းပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အရာ ( အမေစားစေချင်တဲ့အရာ) တွေလည်းထည့်စားခိုင်းတော့ သူတို့လည်းလက်ခံလာတယ်။

ဒီမနက် မန်ထိုစားချင်တယ်ဆိုလို့ မန်ထိုရော ကန်စွန်းဥ၊ ကြက်ဥ ပါတွဲစားခိုင်းတယ်။ အရင်ကသာဆိုရင် သူတို့စားချင်တဲ့မန်ထိုပဲဝယ်ကျွေးလိုက်မှာ …. ဒီလိုရောစားလိုက်တဲ့အခါ သွေးတွင်းသကြားဓါတ်ပေါ်သက်ရောက်မှု၊ အဟာရပါဝင်မှု မိုးနဲ့မြေကွာသွားတယ်ရှင် …

ကျန်းမာပါစေရှင်

ဇီဇဝါစိုး


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category