Zizawarsoe

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Nutritionist, Mandalay.
(1)

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

လူတယောက်က အရင်ကထက် ပိုတော်လာပြီ၊ ပိုလှလာပြီဆိုရင် မဟုတ်မမှန် ဝေဖန်တာ၊ မနာလိုဝန်တိုမှုနဲ့ တိုက်ခိုက်တာမျိုးတွေကို ကြုံရတတ...
07/04/2026

လူတယောက်က အရင်ကထက် ပိုတော်လာပြီ၊ ပိုလှလာပြီဆိုရင် မဟုတ်မမှန် ဝေဖန်တာ၊ မနာလိုဝန်တိုမှုနဲ့ တိုက်ခိုက်တာမျိုးတွေကို ကြုံရတတ်တာ သဘာဝလို ဖြစ်နေပါတယ်။

✅ဝိတ်ချလို့ လှသွားပြန်ရင်လည်း "အရိုးပေါ် အရေတင်နေပြီ၊ ပြန်တင်ဦး" လို့ ပြောတတ်ကြသလို၊ ကျန်းမာရေးအတွက် အစားအသောက် ဆင်ခြင်ရင်လည်း "ကဲလိုက်တာ၊ ဒါလေးစားတာ ဘာဖြစ်မှာမို့လို့လဲ" ဆိုတဲ့ စကားမျိုးတွေနဲ့ စိတ်ဓာတ်ကျအောင် လုပ်တတ်ကြတယ်။
✅Gym သွားရင်လည်း "ဘယ်သူ့ကို ပြချင်လို့လဲ" ဆိုတဲ့ အမြင်စောင်းတဲ့ စကားမျိုးတွေ၊ နည်းနည်းလေး ဝလာရင်လည်း "ဝက်နဲ့တူလာပြီ" ဆိုတဲ့ စိတ်မချမ်းမြေ့စရာ စကားလုံးတွေဟာ တကယ်တော့ ပြောတဲ့သူရဲ့ စိတ်ထဲက မနာလိုမှုနဲ့ အဆိုးမြင်စိတ်ကိုပဲ ဖော်ပြနေတာပါ။

မှတ်ထားရမှာက

✅ကိုယ့်ခန္ဓာကိုယ်ဟာ ကိုယ်တိုင်ပဲ ပိုင်တယ်။
✅ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင်ပဲ တာဝန်ယူရမှာပါ။
✅ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ဘယ်သူတွေ ဘာပြောပြော ကိုယ့်ရဲ့ ရည်မှန်းချက်ကိုပဲ အာရုံစိုက်ပါ။ သူတစ်ပါးရဲ့ ပါးစပ်ဖျားမှာ ကိုယ့်ဘဝကို အဆုံးဖြတ်မခံပါနဲ့။

မိတ်ဆွေလှပနေတာ၊ တော်နေတာဟာ တစ်စုံတစ်ဦးကို ပြဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာဖို့နဲ့ ပိုကျန်းမာတဲ့ Version တစ်ခု ဖြစ်လာဖို့အတွက်ပဲ

ဒါကြောင့် ဘယ်လို အဆိုးမြင်စကားတွေပဲ ကြုံရပါစေ... ကိုယ့်ရဲ့ ပန်းတိုင်ကိုပဲ အာရုံစိုက်ပြီး အားလုံးကို "ပြုံးပြုံးလေးနဲ့ပဲ ဥပက္ခာပြုလိုက်ပါ"မိတ်ဆွေ💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




အဆီချရင် အသီးအရွက် မစားဘဲနေလို့ မရဘူးလားဆိုတာ… အသီးအရွက်စားခိုင်းတာသည် အရသာကြောင့်မဟုတ်ဘဲ မိတ်ဆွေရဲ့ Metabolism ကို သိသိ...
06/04/2026

အဆီချရင် အသီးအရွက် မစားဘဲနေလို့ မရဘူးလားဆိုတာ…

အသီးအရွက်စားခိုင်းတာသည် အရသာကြောင့်
မဟုတ်ဘဲ မိတ်ဆွေရဲ့ Metabolism ကို သိသိသာသာ အထောက်အကူပြုလို့ပါ။

✅Calorie Density
အဆီကျဖို့အတွက် Caloric Deficit ဖြစ်ဖို့လိုတယ်။ အသီးအရွက်တွေမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်များပြီး ကယ်လိုရီ အရမ်းနည်းတယ်။ အသီးအရွက် များများစားတာက ဗိုက်ပြည့်စေပြီး ခန္ဓာကိုယ်ထဲ ကယ်လိုရီအပိုတွေ ဝင်မသွားအောင် တားဆီးပေးတယ်။

✅Blood Sugar & Insulin Control
ဒါက အရေးကြီးဆုံးအချက်ပါ။ အသီးအရွက်မှာပါတဲ့ Fiber ကသွေးတွင်းသကြားဓါတ်အတက်နှေးစေတယ်။ Insulin ဟော်မုန်း အတက်အကျ မကြမ်းမှသာ ခန္ဓာကိုယ်က အဆီတွေကို ပြန်ထုတ်သုံးတဲ့ အခြေအနေကို ရောက်မှာပါ။

✅အူလမ်းကြောင်းထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေဟာ အမျှင်ဓာတ်ကို စားသုံးပြီး ရှင်သန်နေကြတယ်။ အူလမ်းကြောင်း ကျန်းမာမှသာ အာဟာရစုပ်ယူမှု ကောင်းပြီး ကိုယ်အလေးချိန်ကျဖို့ ပိုလွယ်ကူစေပါမယ်။

✅အဆီလောင်ကျွမ်းတဲ့ ဖြစ်စဉ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အင်ဂျင်ဝိုင်လို အလုပ်လုပ်တယ်။ အသီးအရွက် မစားရင် ဒီအာဟာရဓာတ်တွေ လိုအပ်ပြီး Metabolism နှေးကွေးသွားပါတယ်။

"အဆီချတယ်ဆိုတာ လျှော့စားရုံတင်မဟုတ်ဘဲ မှန်ကန်တာကို ရွေးစားဖို့လည်း လိုတယ်"
ဒါကြောင့် အရွက်ကြိုက်ကြိုက် မကြိုက်ကြိုက် မိမိမမုန့်တဲ့အရွက်တစ်မျိုးမျိုးကို ပန်းကန်ပြားရဲ့ တစ်ဝက်ခန့်အထိ ပါအောင် ထည့်စားပေးဖို့ လိုပါတယ်ရှင်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



ကျနော့မှာ ကိုယ်ပိုင်ခံယူချက်တစ်ခုရှိတယ်..."သူတစ်ပါးကိုဒုက္ခမပေးချင်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခရောက်အောင် မလုပ်ချင်ဘ...
06/04/2026

ကျနော့မှာ ကိုယ်ပိုင်ခံယူချက်တစ်ခုရှိတယ်...

"သူတစ်ပါးကိုဒုက္ခမပေးချင်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခရောက်အောင် မလုပ်ချင်ဘူး" ဆိုတာပဲ 🤩

တကယ်တော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာသည်ကိုယ့်အတွက်တင်မကဘဲ ကိုယ်ချစ်ရတဲ့သူတွေ ဒုက္ခမရောက်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေ လုပ်နိုင်မယ်၊ ကိုယ်ချစ်တဲ့သူတွေကိုလည်း စောင့်ရှောက်နိုင်မယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးတာကို ဝန်မလေးဘူးရှင် 💪

မိတ်ဆွေတို့ရော ကျန်းမာရေးအတွက်အချိန်ပေးဖို့သတိရလား😍

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



05/04/2026

ဘယ်လောက်ပဲ ပုံဖော်ယူပါစေ... ငှက်ကုလားအုတ်က ဗျိုင်းဖြစ်မလာနိုင်ဘူး။ မျိုးရိုးဆိုတာ ဖျောက်ပစ်လို့မရတဲ့ DNA တစ်ခုပဲ။
ကိုယ့်ရဲ့ မွေးရာပါ အရည်အချင်းနဲ့ ဇာတိကို ဂုဏ်ယူပါ။ တခြားသူ ဖြစ်ဖို့ ကြိုးစားနေတာထက် ကိုယ့်ရဲ့ မူလအတိုင်း အကောင်းဆုံး ဖြစ်နေဖို့က ပိုအရေးကြီးတယ်နော်💪



မနက်စာကို ပြောင်းဖူးနဲ့ ကန်စွန်းဥတွေပဲ အမြဲစားနေရမှာလား?ဒီမေးခွန်းလေးကို ခဏခဏ အမေးခံရလေ့ရှိတယ်။ အဖြေကတော့ "မဟုတ်ပါဘူး" လ...
05/04/2026

မနက်စာကို ပြောင်းဖူးနဲ့ ကန်စွန်းဥတွေပဲ အမြဲစားနေရမှာလား?
ဒီမေးခွန်းလေးကို ခဏခဏ အမေးခံရလေ့ရှိတယ်။ အဖြေကတော့ "မဟုတ်ပါဘူး" လို့ဖြေပါရစေ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပိတ်ပင်ထားတာမျိုး မဟုတ်ဘဲ "မျှတအောင် ချိန်ညှိစားသောက်” တာပါ။

ကျနော်ရဲ့ မနက်စာ စားတဲ့ပုံစံက

✅ တစ်ပတ်မှာ ၄ ရက်လောက် သဘာဝ Whole Foods တွေဖြစ်တဲ့ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ စတာတွေကို ဦးစားပေး စားတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ် နဲ့ အာဟာရတွေ ကြွယ်ဝစွာ ပါဝင်လို့ပါ။
✅ ကျန်တဲ့ ၂ ရက်ကနေ ၃ ရက်မှာ လူတိုင်းကြိုက်တဲ့ ထမင်းကြော်၊ ခေါက်ဆွဲ၊ မန်ထို၊ မုန့်ဟင်းခါး စတာတွေကိုစားတတ်ပါတယ်။ စိတ်ပင်ပန်းမှုမရှိဘဲ ရေရှည်သွားနိုင်ဖို့က ဒီလို Flexible ဖြစ်ဖို့လည်း လိုတယ်လေ။

သို့သော် ကျနော်ဘာစားစား မပါမဖြစ် ထည့်စားတာကတော့ ကြက်ဥပဲ ။

ဘာကြောင့် ကြက်ဥကို မဖြစ်မနေ ထည့်စားတာလဲဆိုတော့

🌟ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်ပေးဖို့။

🌟အဆီနဲ့ ပရိုတင်းက သွေးတွင်းသကြားဓာတ် အတက်ကို နှေးစေတယ်။ Insulin ရုတ်တရက် တက်မလာစေပဲ ဗိုက်ဆာတာကို ခံနိုင်ရည်ရှိစေတယ်။

ဒါကြောင့် မနက်စာမှာ ကိုယ်ကြိုက်တာလေးတွေ စားရင်း ကြက်ဥ ၁-၂ လုံးကိုတော့ တွဲဖက်စားဖို့ မမေ့နဲ့အုံးနော။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




Mountain Bike ကနေ Road Bike ပြောင်းစီးလိုက်တဲ့အခါ... တကယ်ကို ငှက်ကလေးတစ်ကောင်လို ပေါ့ပါးသွားသလိုပဲ🤩ပြီးခဲ့တဲ့လ Mountain ...
04/04/2026

Mountain Bike ကနေ Road Bike ပြောင်းစီးလိုက်တဲ့အခါ... တကယ်ကို ငှက်ကလေးတစ်ကောင်လို ပေါ့ပါးသွားသလိုပဲ🤩

ပြီးခဲ့တဲ့လ Mountain စီးတုန်းက Speed 30 ရောက်ဖို့ တော်တော်လေး ရုန်းခဲ့ရပြီး Heart Rate လည်း 150 နား ကပ်နေပြီ။ အခု Road Bike ပြောင်းစီးတော့ Speed 40 ရောက်နေတာတောင် Heart Rate က 150 ဝန်းကျင် 🤩( နောက်ကနေလိုက်စီးတာပါ ) ။
သုံးရတဲ့ အားချင်းက တော်တော်လေးကို ကွာခြားသွားတာပါ။ Mountain စီးရင် Failure ထိရောက်အောင် စီးမှ လိုချင်တဲ့ရလဒ်နား ကပ်ပေမယ့်၊ RB စီးတော့ Moderate Impact လောက်နဲ့တင် လိုချင်တဲ့ အရှိန်ကို ရနေပြီလေ။

ကျနော့ကို RB စီးတာ ကောင်းလား၊ Mountain စီးတာ ကောင်းလားလို့ မေးရင်...
နှစ်ခုလုံးက သူ့ဟာနဲ့သူ ကောင်းကြပါတယ်ရှင်။

✅Speed နဲ့ ခရီးဝေးကို ပေါ့ပေါ့ပါးပါး သွားချင်ရင် Road Bike ကို ဦးစားပေးပါ။ လမ်းမထက်မှာ လေတိုးသံလေးနဲ့အတူ အရှိန်ပြင်းပြင်း စီးရတာက တကယ့်ကို လွတ်လပ်တဲ့ အရသာပါ။

✅ကြွက်သားအားစိုက်ထုတ်မှု (Power) နဲ့ စိန်ခေါ်မှုတွေကို ကြိုက်ရင် Mountain Bike ကို ရွေးချယ်ပါ။ တောင်တက်လမ်းတွေ၊ ကြမ်းတမ်းတဲ့ မြေပြင်တွေမှာ ကိုယ့်ရဲ့ ခံနိုင်ရည် Endurance ကို စမ်းသပ်ဖို့ အကောင်းဆုံးပါ။
ဘယ်လိုစက်ဘီးမျိုးပဲ စီးစီး အဓိကကတော့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် လှုပ်ရှားနေဖို့ပါရှင် 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



မိသားစုတစ်စုမှာ မေမေလုပ်သူက ကျန်းမာရေးအသိရှိတယ်၊ ကျန်းမာရေးလိုက်စားတယ်ဆိုရင် အဲဒီအိမ်က မိသားစုဝင်အားလုံး ကျန်းမာဖို့ အခွ...
03/04/2026

မိသားစုတစ်စုမှာ မေမေလုပ်သူက ကျန်းမာရေးအသိရှိတယ်၊ ကျန်းမာရေးလိုက်စားတယ်ဆိုရင် အဲဒီအိမ်က မိသားစုဝင်အားလုံး ကျန်းမာဖို့ အခွင့်အလမ်း ပိုများသွားပါပြီ။ အန်တီတယောက်ရဲ့ comment ကိုကိုးကားပြီးဆက်ရေးတာပါ။

ဘာဖြစ်လို့လဲဆိုတော့...

✅မေမေက စျေးဝယ်၊ အချက်အပြုတ် တာဝန်ယူရသူဖြစ်လို့
မိသားစုစားပွဲပေါ်မှာ ဘယ်လို အာဟာရတွေပါမလဲဆိုတာ မေမေကပဲ ဆုံးဖြတ်ပေးတာပါ။

✅မေမေက စံပြဖြစ်လို့
မေမေက ကျန်းမာအောင် နေထိုင်ပြရင် ကလေးတွေကလည်း အလိုလိုနေရင်း အတုယူ တတ်လာတယ်။

✅မေမေက ဂရုစိုက်သူဖြစ်လို့
မိသားစုဝင်တွေ အစားအသောက် အလေ့အကျင့်မှားနေရင် မေမေကပဲ မေတ္တာနဲ့ ပြုပြင်ပေးနိုင်တာပါ။
ဒါကြောင့် မေမေတို့ ကျန်းမာရေးအသိရှိဖို့၊ ကိုယ်တိုင်လည်း ကျန်းမာအောင် နေထိုင်ဖို့က ကိုယ့်အတွက်တင်မကဘဲ တစ်အိမ်လုံးအတွက်ပါ အရေးကြီးတယ်ရှင်

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ တော်တော်များများက စားနေကျ အစားအသောက်တွေကို ချက်ချင်းဖြတ်တေ...
03/04/2026

ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ တော်တော်များများက စားနေကျ အစားအသောက်တွေကို ချက်ချင်းဖြတ်တောက်ပြီး အသစ်အဆန်းတွေချည်း ပြောင်းစားတတ်ကြတယ်။ တကယ်တော့ ဒီလို 100% ချက်ချင်းကြီး ပြောင်းလဲလိုက်တာဟာ လက်လျှော့သွားဖို့ 99% သေချာသလောက် ရှိနေပါတယ်🤩

ဒါကြောင့် စိတ်မပျက်ဘဲ ရေရှည်သွားနိုင်ဖို့ဆိုရင် “နည်းနည်းချင်းစီကနေ စတင်ပါ"

✅ ဘယ်လိုစမလဲ?
မိမိစားနေကျ အစားအစာထဲမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အမယ်လေးတွေကို နည်းနည်းချင်းစီ ပါအောင် ထည့်စားပေးရုံပါ။
ဥပမာ - မနက်စာမှာ စားနေကျ ထမင်းကြော်၊ ခေါက်ဆွဲ ဒါမှမဟုတ် တို့ဖူးနွေးကို မဖြတ်လိုက်ပါနဲ့ဦး။ ဒါပေမဲ့ ဒီထဲမှာ ပြောင်းဖူးတစ်စိတ်နဲ့ ကြက်ဥတစ်လုံး ပါအောင် အရင်ထည့်စားတာမျိုးပါ။ ပြီးမှ စားနေကျ မနက်စာကို ဆက်စားပါ။

အရေးကြီးတဲ့ အချက် -

👉ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ (ပြောင်းဖူး၊ ကြက်ဥ) ကို အရင်ဆုံး စားပေးပါ။
👉ဗိုက်တင်းတဲ့အထိ မစားပါနဲ့။

ဒီလိုနည်းလမ်းက မိတ်ဆွေရဲ့ခန္ဓာကိုယ်ကို အပြောင်းအလဲနဲ့ တဖြည်းဖြည်း အသားကျစေပြီး အစားအသောက် အလေ့အကျင့်ကောင်းတွေကို စိတ်မပင်ပန်းဘဲ ပိုင်ဆိုင်လာစေမှာပါ။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



02/04/2026

ဆီကိုမကြောက်ပါနဲ့မိတ်ဆွေ ..

တနေ့ကို ဆီဒီလောက်ပမာဏထိသုံးလို့ရတယ်😍

သို့သော် …သုံးလိုက်တဲ့ဆီရဲ့ အမျိုးအစားနဲ့အရည်အသွေးကစကားပြောသွားမယ်ရှင်..

ကျနော်သုံးတဲ့ May Myo Avocado Oil က comment မှာပေးထားတဲ့ link ကနေဝယ်ယူပါတယ်ရှင်





“ဝိတ်ချဖို့ စဉ်းစားပေမဲ့... အမလိုတော့ မစားနိုင်ဘူး”ဆိုတဲ့ စကား ခဏခဏ ကြားရတယ်။တကယ်တော့ အဆီချတယ်ဆိုတာ ရိုးရိုးလေးပါ။ အများ...
01/04/2026

“ဝိတ်ချဖို့ စဉ်းစားပေမဲ့... အမလိုတော့ မစားနိုင်ဘူး”ဆိုတဲ့ စကား ခဏခဏ ကြားရတယ်။
တကယ်တော့ အဆီချတယ်ဆိုတာ ရိုးရိုးလေးပါ။ အများကြီး စားလို့ရပါတယ်။ ကျနော်က အပြင်စာတွေပဲ သိပ်မစားဖြစ်တာ၊ အိမ်မှာချက်တဲ့ ထမင်းနဲ့ဟင်းကိုတော့ ဗိုက်ပြည့်အောင် စားတယ်။ ဆီကြော်လျော့တယ်၊ အငံလျော့တယ်.. သဘာဝဟင်းသီးဟင်းရွက်ရဲ့သဘာဝအရသာကျန်အောင်ချက်တယ်။ ( ဆီ၊ ဆား၊ ငရုတ်သီး၊ အချိုမှုန့် ၊ ပဲငံပြာရည် ၊ ခရုဆီ ) ပုံမှန်ပမာဏလေးထည့်ချက်တယ်။

"အမလို မစားနိုင်ဘူး" ဆိုတာက အိမ်ချက်ထမင်းဟင်းကို မစားနိုင်ဘူးလို့ ပြောတာမဟုတ်လောက်ပါဘူးနော် 😁ကျနော်တို့အားလုံးက အိမ်ချက်ထမင်းဟင်းနဲ့ ကြီးပြင်းလာကြတာပဲ မဟုတ်လား။

ဝိတ်ချတာကို ဂူအောင်း နတ်ကျင့်သလို ကျင့်နေတာမှမဟုတ်တာ။ ကိုယ်နေ့တိုင်းစားနေကျ အိမ်ချက်ထမင်းဟင်းကိုပဲ အချိုးအစားမှန်မှန်နဲ့ ဗိုက်ပြည့်အောင် စားရင်း ကျန်းမာစွာအဆီချလို့ရပါတယ်ရှင်။

မိတ်ဆွေတို့ရော... အိမ်မှာချက်တဲ့ ထမင်းဟင်းကိုပဲ အားပေးကြတာ မဟုတ်လား? ကန့်သတ်ချက်တွေထဲမှာ မပိတ်မိဘဲ ပျော်ပျော်ရွှင်ရွှင် အဆီချ ဝိတ်ချကြစို့ 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



ယောင်းမအိမ်အလည်သွားလို့ ငါးခေါင်းဟင်းရည်ချက်ထားတာနဲ့ TikTok comment မှာ ငါးကြင်းဖြူခေါင်းရဲ့ calories လေးသိချင်တယ်ဆိုလို...
31/03/2026

ယောင်းမအိမ်အလည်သွားလို့ ငါးခေါင်းဟင်းရည်ချက်ထားတာနဲ့ TikTok comment မှာ ငါးကြင်းဖြူခေါင်းရဲ့ calories လေးသိချင်တယ်ဆိုလို့ အံကိုက်ပဲရှင်🤩

ငါးကြင်းဖြူခေါင်း ရဲ့ ကယ်လိုရီ က ငါးအသားပဲ စားတာထက်စာရင် ပိုများတယ်။ များတယ် ဆိုတာက အသားထက် အဆီဓာတ် ပိုကြွယ်ဝလို့ပါ။

✅100 g ရဲ့ ကယ်လိုရီ ခန့်မှန်းခြေ
🌟ငါးအသား100 g မှာ 110 - 120 kcal ဝန်းကျင်
🌟ငါးခေါင်း 100 g မှာ 140 - 160 kcal ဝန်းကျင် ရှိနိုင်တယ်။ (စားလို့ရတဲ့ အစိတ်အပိုင်း - မျက်လုံး၊ ဦးနှောက်၊ ပါးစပ်တစ်ဝိုက်က အသားနဲ့ အရေခွံတွေရဲ့ g ချိန်)

✅ငါးခေါင်းမှာ အသားထက် Connective Tissue ၊ Collagen နဲ့ Fat ပါဝင်မှု ပိုများတယ်။
🌟ငါးခေါင်းမှာ Omega-3 fatty acids တွေ ပိုကြွယ်ဝတယ်။ အထူးသဖြင့် ဦးနှောက်နဲ့ မျက်လုံးတစ်ဝိုက်မှာ အကျိုးပြုအဆီတွေ များတာကြောင့် ကယ်လိုရီ များလာတာပါ။
🌟အရေခွံနဲ့ အရိုးနုတွေမှာ Collagen အပြည့်ပါဝင်လို့ အသားအရေအတွက် ကောင်းသလို၊ အရသာလည်း ပိုဆိမ့်စေတယ်😋

✅cal များမများ ချက်ပြုတ်ပုံက အဓိကကျပါမယ်။

🌟ငါးခေါင်းဟင်းချို ၊ စွပ်ပြုတ်လို ဆီမပါဘဲ ချက်ရင် ကယ်လိုရီ မတက်ဘူး။ အာဟာရဓာတ်တွေက အရည်ထဲ ရောက်သွားလို့ ပိုတောင် ကောင်းပါသေးတယ်။
🌟မြန်မာစတိုင် ဆီပြန်ငါးခေါင်းဟင်း ချက်လိုက်ရင်တော့ ငါးခေါင်းထဲက အဆီရော၊ ဟင်းချက်ဆီပါ ပေါင်းပြီး ကယ်လိုရီ တော်တော်လေး များသွားနိုင်ပါတယ်🤩

ငါးခေါင်းက ကယ်လိုရီ အနည်းငယ် ပိုများနိုင်ပေမဲ့ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေက အသားထက် ပိုသာပါတယ်။ အထူးသဖြင့် Phosphorus, Calcium နဲ့ Vitamin A တို့ ကြွယ်ဝတယ်ရှင်

ကျန်းမားပါစေရှင်

ဇီဇဝါစိုး



မနေ့က စက်ဘီးပြိုင်ပွဲမှာ တော်တော်များများ ကြွက်တက် တာမျိုး ကြုံခဲ့ကြတယ်လို့ သိရတယ်။ ကျနော်က ခရီးဝေးနင်းတာပဲဖြစ်ဖြစ်၊ ဒီလ...
30/03/2026

မနေ့က စက်ဘီးပြိုင်ပွဲမှာ တော်တော်များများ ကြွက်တက် တာမျိုး ကြုံခဲ့ကြတယ်လို့ သိရတယ်။ ကျနော်က ခရီးဝေးနင်းတာပဲဖြစ်ဖြစ်၊ ဒီလိုပြိုင်ပွဲ training ဆင်းတာပဲဖြစ်ဖြစ် ကြွက်တက်တာမျိုး မရှိသေးဘူး။

ဒါဟာ ကံကောင်းတာထက် ပွဲမတိုင်ခင် ၂-၃ ရက်အလိုတည်းက အာဟာရကို စနစ်တကျ ဂရုစိုက်စားခဲ့လို့ပါ။ ကြွက်မတက်အောင် ကျနော် ဘာတွေစားလဲဆိုတာ sharing လုပ်ပေးမယ်ရှင်

✅Electrolytes (ဓာတ်ဆား) ပြည့်ဝအောင် ဖြည့်တင်းတယ်။
ကြွက်တက်ခြင်းရဲ့ အဓိကတရားခံက ခန္ဓာကိုယ်ထဲမှာ Potassium နဲ့ Magnesium လျော့နည်းသွားတာကြောင့်ပါ။ ဒါကြောင့် ပွဲမတိုင်ခင် ရက်တွေမှာ ငှက်ပျောသီး၊ ထောပတ်သီး ၊ နဂါးမောက်သီးအနီ၊ ဖုရဲသီး နဲ့ အုန်းစိမ်းရည် တို့ကို ပိုစားပေးပါတယ်။ အထူးသဖြင့် ငှက်ပျောသီးကတော့ စက်ဘီးသမားတွေအတွက် အကောင်းဆုံး Fuel ပါ။
✅ရေဓာတ် ကို ကြိုတင်ထိန်းညှိခြင်း။
ပွဲနေ့ရောက်မှ ရေအများကြီးသောက်တာထက် ပွဲမတိုင်ခင် ၂ ရက်လောက်ကတည်းက ရေကို ပုံမှန်ထက် ပိုသောက်ပေးပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ကြွက်သားတွေက ပျော့ပြောင်းပြီး အလုပ်လုပ်နိုင်စွမ်း ပိုကောင်းတာပါ။
✅Calcium ပါတဲ့ အစားအစာများဂရုစိုက်စားခြင်း
ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာအတွက် ကယ်လ်စီယမ်က အရေးကြီးပါတယ်။ ဒိန်ချဉ် နဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို ပွဲမတိုင်ခင် ရက်တွေမှာ မပါမဖြစ် ထည့်စားဖြစ်တယ်။
✅ပန်းသီး၊ လိမ္မော်သီးနဲ့ သဘာဝသကြားဓာတ်ဂရုစိုက်စားခြင်း။
ပွဲနီးရင် Carbohydrate ကို သေချာဖြည့်ရသလို၊ လန်းဆန်းစေမယ့် Vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေကိုလည်း ဦးစားပေးစားပေးတယ်။

ပြိုင်ပွဲဝင်တယ်၊ အဝေးနင်းတယ်ဆိုတာ ခြေထောက်က အားရှိဖို့လိုသလို ကိုယ့်ရဲ့ Muscle တစ်ခုချင်းစီကို လိုအပ်တဲ့အာဟာရ တွေ မှန်မှန်ကန်ကန် ပေးပို့ထားဖို့က အရေးကြီးတဲ့ secret weapon တခုပါ🤩

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category