19/09/2025
Kokkine Dental Center 致力提供高度专业,以病患为中心及平价的牙科护理服务。我们诊所是曼德勒少数拥有多元学科的牙科专家团队 – 从牙齿矫正、牙髓治疗到 口腔和颌面外科等。我们诊所还提供最新的种植牙技术。
这意味着您能在同一屋檐下,方便获得专业及全面的牙科护理!
သွားအမြစ်သတ္ထုတိုင်စိုက်၍ ကုသခြင်းအကြောင်း (Dental Implants)
သွားများဆုံးရှုံးခြင်းသည် ကြီးမားသော ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင်ရုပ်ဆင်းသွင်ပြင်ကို ထိခိုက်နိုင်သလို အစားစားရာတွင်လည်း အနှောင့်ယှက်ဖြစ်နိုင်ပါတယ်။ သွားများဆုံးရှုံးခြင်းကြောင့် သွားရဲ့ဝါးတဲ့၊ စားတဲ့စွမ်းရည်လည်း ကျဆင်းနိုင်ပါတယ်။
သွားများဆုံရှုံးရခြင်းကြောင့် မိမိရဲ့အနှစ်သက်ဆုံး အစားတွေ၊ ဆိုချင်တဲ့ သီချင်းတွေ၊ ပြောချင်တဲ့ စကားတွေကို စွန့်လွှတ်ဖို့မလိုပါဘူး။ ကုက္ကိုင်း သွားဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနှင့် အလှအပဆိုင်ရာ ကုသမှုစင်တာမှ ခောတ်မှီနည်းပညာတွေသုံးပြီး ဆုံးရှုံးသွားတဲ့သွားတွေနေရာမှာ အစားထိုးဖို့ သဘာဝသွားနဲ့တူညီတဲ့ သွားအမြစ်သတ္ထုတိုင်စိုက်၍ကုသခြင်းကို ပြုလုပ်နိုင်ပါတယ်။
အလွန်ကြီးမားတဲ့ သွားပိုးပေါက်တွေဖြစ်စေ၊ ပြင်းထန် တဲ့ ထိခိုက်မှုတွေ၊ မတော်တဆထိခိုက်ဒါဏ်ရာရလို့ ဖြစ်စေ၊ သွားဖုံးရောဂါရှိနေရင်ဖြစ်စေ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်တဲ့ သွားဆရာဝန်တွေက သင့်အတွက် သင့်တော်မယ့်ကုသမှုနည်းလမ်းတွေကို ဆွေးနွေးပေးနိုင်ပါတယ်။
သွားအမြစ်သတ္ထုတိုင်စိုက်၍ကုသခြင်းက သင့်ဘဝကို ဘယ်လိုပြောင်းလဲစေပါသလဲ??
သွားမြစ်တုဆိုတာကတော့ titanium သတ္တုနဲ့ ပြု လုပ်ထားတဲ့ screw ကို မေးရိုးထဲမှာ ဆုံးရှုံးသွားတဲ့ သွားရဲ့ အမြစ်နေရာမှာ အစားထိုးပေးခြင်းဖြစ်ပါတယ်။ ပြန်စိုက်မယ့် သွားအတွက်ထိန်းမတ်ပေးထားခြင်း ဖြစ်ပါတယ်။
ကောင်းကျိုးရလာဒ်တွေကတော့
• သွားအမြစ်သတ္ထုတိုင်စိုက်၍ကုသခြင်းက တစ်သက်တာအတွက်ဖြစ်ပါတယ်။
• သဘာဝသွားတွေနဲ့လည်း တသားတည်းတူညီပါတယ်။
• မေးရိုးထဲမှ အရိုးများလျော့ပါးခြင်းမှ ကာကွယ်ပေးနိုင် တဲ့ တစ်ခုတည်းသော ကုသမှုနည်းလမ်းဖြစ်ပါတယ်။
• နေ့စဉ်ပုံမှန်ခံတွင်းသန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် သွားဆရာဝန်ထံတွင် တစ်နှစ် ၂ ကြိမ်ပြသစစ်ဆေးရုံနှင့် ထိန်းသိမ်းနိုင်ခြင်း။
• ပုံမှန်အတိုင်းအစားစားခြင်း၊ စကားပြောခြင်းတို့ကိုပြုလုပ်နိုင်ခြင်း။
ယေဘုယျအားဖြင့် နောက်ဆုံးသွားရဲ့ကိုယ်ထည်ကိုနေရာမချခင် အချိန်သုံးလသာလိုအပ်ပါတယ် ။
သွားရဲ့ကိုယ်ထည် crown ကို တော့ zirconia လို့ ခေါ်တဲ့ ခိုင်ခံ့ပြီးတော့ ကြည်လင်လှပတဲ့ပစ္စည်းကို အသုံးပြုပေးထားတဲ့အတွက် သာမန်မျက်စိနဲ့ ကြည့်လျှင် နဂို ပုံမှန်သွားနဲ့ ခွဲခြားလို့မရအောင်တူညီပါတယ်။
သွားမြစ်တုဆိုတာဘာလဲ?
သွားတစ်ချောင်း သို့ သွားများဆုံးရှုံးရခြင်းအတွက် စိတ်ချရတဲ့ ကုသမှုဖြစ်ပါတယ်။
နဂိုသဘာဝသွားတွေအတိုင်း အမြင်ရော၊ ခံစားချက်၊ လုပ်ဆောင်ချက်တွေကိုပါ ပေးနိုင်ပါတယ်။
Procedure
ဆေးခန်းမှာ လာရောက်ဆွေးနွေးခြင်း။
သွားမြစ်တုနေရာချခြင်း။
သွားကိုယ်ထည်နေရာချခြင်း။
နောက် ဆက် တွဲ ထိန်းသိမ်းမှု ပြုလုပ်ခြင်း။
Process
ဆွေးနွေးခြင်း
ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်တဲ့ အထူးကု သွားဆရာဝန်ကြီးမှ သွားမြစ်တုကုသရန် သင့်တော်မှုရှိမရှိ ကို သင့်ရဲ့ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ အချက်လက်များ ကောက်ယူခြင်း၊ ဆွေးနွေးပေးခြင်း၊စမ်းသပ်ပေးခြင်း၊ လိုအပ်သော ဓါတ်မှန်များရိုက်ခြင်း
တို့ကိုပြုလုပ်ပေးပါမယ်။
ပြီးရင်တော့ သွားမြစ်တုအစားထိုးကုသရန်အတွက် သင့်အတွက် အသင့်တော်ဆုံးအဖြေကို ပြောပြပေးပါမယ်။
သွားမြစ်တုနေရာချခြင်း။
Titanium screw လို့ခေါ်တဲ့ သွားမြစ်တုကို ဆုံးရှုံးသွားတဲ့ သွားရဲ့နေရာမှာ မေးရိုးထဲသို့နေရာချပါမယ်။ implant ကတော့ သွားအသစ်ကို ထိန်းမတ်ပေးထား တာဖြစ်ပါတယ်။ သွားမြစ်တုကို စတင်နေရာချပြီးချိန်မှာ ယာယီသွားကို တပ်ပေးထားမှာဖြစ်တဲ့အတွက် သွားမရှိမှာကို စိတ်ပူစရာမလိုပါဘူး။
သွားကိုယ်ထည်နေရာချခြင်း။
၂-၆ လ ကြာပြီးချိန်မှာ သွားမြစ်တု နှင့် အရိုး တို့ တသားတည်း ဖြစ်သွားပြီဆိုရင် တော့ implant crown ကို တပ်ဆင်ပေးပါမယ်။ ကျွန်ုပ်တို့ရဲ့ကျွမ်းကျင်တဲ့ အထူးကုသွားဆရာဝန်က သင့်သွားရဲ့ပုံစံကို ယူထားပြီး သွားမြစ်တုပေါ်မှာ အသေတပ်ပေးမယ့် သွားကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ကုသမှုပြီးဆုံးချိန်မှာတော့ သင့်ရဲ့သွားအသစ်က နဂို သဘာဝသွားအတိုင်း ပုံစံရော၊ ခံစားမှုရော ၊ စွမ်းဆောင်ချက်တွေပါရရှိမှာပါ။
Follow up care
သွားမြစ်တု အစားထိုးခြင်းသည်လည်း သင့်ရဲ့နဂိုသွား များကို ထိန်းသိမ်းသည့်အတိုင်း ထိန်းသိမ်းရန်လိုအပ်ပါတယ်။
သွားကြားပွတ်ကြိုးဆွဲပေးခြင်း၊ သွားတိုက်ခြင်း ၊ ပုံမှန် သွားဆရာဝန်နှင့် စစ်ဆေးပြသခြင်းတို့လိုအပ်ပါတယ်။
သွားမြစ်တုနှင့်သွား၊ သွားဖုံးသားတို့ အဆင်ပြေမပြေကို လည်း ပုံမှန်ရက်ချိန်းယူပြီး စစ်ဆေးပေးရပါမယ်။
ယခုလိုမျိုးသွားအမြစ်အစားထိုးကုသမှုကို ပြုလုပ်ပေးမှာကတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆေးနှင့်သွားဆေးတက္ကသိုလ်မှ သွားအမြစ်အစားထိုးကုသဘာသာရပ်ဖြင့် ဘွဲ့လွန်ရလာသော နိုင်ငံတကာအသိအမှတ်ပြု သွားအမြစ်အစားထိုး အထူးကုဆရာဝန်ကြီးမှကိုယ်တိုင် ကုက္ကိုင်း သွားဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနှင့် အလှအပဆိုင်ရာ ကုသမှုစင်တာတွင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
လူကြီးမင်းတို့၏ တန်ဖိုးရှိသောအချိန်များကို ဆေးခန်းတွင်စောင့်ဆိုင်းခြင်းဖြင့် အချိန်မကုန်အောင် ဖုန့်ဖြင့်ကြိုတင်ချိန်းဆိုခြင်းစနစ်ဖြင့် ပြုလုပ်ထားပေးသောကြောင့် ဆေးခန်းသို့မလာခင်ဖုန်းကြိုဆက်ခြင်းဖြင့် appointment ရယူပေးပါလို့ခင်မင်ရင်းနှီးစွာဖြင့်လေးစားစွာပြောကြားလိုပါတယ်။
ကုက္ကိုင်း သွားဆေးခန်း
၇၈ လမ်း ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ Croton Travels & Tours နှင့်ဇောတိကသင်္ကန်းတိုက်ကြား၊ ဒိုင်းမွန်းပလာဇာအရှေ့
ဖုန်း - ၀၉၂၀၅၃၃၂၇၊ ၀၉၇၇၇၅၅၆၆၆၃
If you want to consult about dental implant treatment for you and your parents, please take the appointment one day ahead.
KOKKINE DENTAL CENTER
78TH STREET BETWEEN 33TH STREET & 34TH STREET, CHANMYATHAZI TOWNSHIP, MANDALAY 05041, MYANMAR
PHONE - 092053327, 09777556663