KBZ Center Mandalay

KBZ Center Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBZ Center Mandalay, ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့, Yangon.

KBZ Center Mandalay သည် ငလျင်ဘေးဒဏ်သင့်သော မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသ...
02/04/2026

KBZ Center Mandalay သည် ငလျင်ဘေးဒဏ်သင့်သော မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်အိတ်၊ ဘိလပ်မြေအိတ်၊ မုန့်များနှင့် ဓါတ်ဆားထုတ်များကို သွားရောက်လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါသည်။

ယနေ့ (ဧပြီလ ၂ ရက်) နေ့လယ်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ လမ်းမတော်ရပ်ရှိ ရွှေဘုံသာကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် ဘိလပ်မြေအိတ် (၂၅၀) ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

KBZ Center Mandalay စတင်သည့် ဇွန်လ (၁၀) ရက်နေ့မှစ၍ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေး အဆောက်အဦများအတွက် ဘိလပ်မြေအိတ် (၁၃၀၀၀) ကျော်နှင့် ဆန်အိတ် (၇၀၀၀) ကျော်တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

KBZ Center Mandalay နှင့် UNOCHA Myanmar တို့ ပူးပေါင်းလက်တွဲ၍ သဘာဝဘေး တုန့်ပြန်ရာတွင် ထိရောက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက...
01/04/2026

KBZ Center Mandalay နှင့် UNOCHA Myanmar တို့ ပူးပေါင်းလက်တွဲ၍ သဘာဝဘေး တုန့်ပြန်ရာတွင် ထိရောက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေမည့် "ကနဦး လိုအပ်ချက် လေ့လာဆန်းစစ်ခြင်း သင်တန်း - Rapid Needs Assessment (RNA) Training" ကို ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay ၌ ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော (တစ်နှစ်ပြည့်) မန္တလေးငလျင်ဘေးကြီး၌ တုန့်ပြန်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် KBZ Bank၊ UAB Bank၊ ဘာသာပေါင်းစုံမှ ပရဟိတ အဖွဲ့အစည်းများနှင့် ဒေသခံ လူမှုရေးအသင်းအဖွဲ့တို့မှ စိတ်ပါဝင်စားသူများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

RNA Training သည် သဘာဝဘေး ကျရောက်ချိန် ဘေးဒဏ်သင့်ဒေသရှိ ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များကို ဖော်ထုတ်ပြီး အချိန်နှင့်တပြေးညီ ဘေးသင့်လူထု၏ လိုအပ်ချက်အပေါ် ထိထိရောက်ရောက် ကူညီပေးနိုင်ရန် ရည်ရွယ်သည့် သင်တန်းတစ်ခုဖြစ်ပြီး၊ မြေပြင်သို့ လက်တွေ့သွားရောက်၍ အချက်အလက်များ ကောက်ယူစုဆောင်းရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ၊ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရွက်နည်းစနစ်များ သာမက၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ လေ့ကျင့်ခြင်း၊ သဏ္ဍာန်တူ လေ့ကျင့်ခန်း (Simulation Exercise) ဆောင်ရွက်ခြင်းတို့ စုံလင်စွာ ပါဝင်ခဲ့သည်။

UNOCHA Myanmar မှ ကျွမ်းကျင်ပညာရှင်တို့က RNA Training ကို သင်ကြားပို့ချရာတွင် အရေးပေါ်တုန့်ပြန်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်မည့် နိုင်ငံတကာက ချမှတ်ထားသည့် စံချိန်စံညွှန်းများပါဝင်သည့် သင်ရိုးများကို နှစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ အဖွဲ့အစည်းအသီးသီးမှ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်၊ သောကြာနေ့သည် တပ်မတော်နေ့ (အများပြည်သူရုံးပိတ်ရက်) ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပိတ်ထ...
21/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်၊ သောကြာနေ့သည် တပ်မတော်နေ့ (အများပြည်သူရုံးပိတ်ရက်) ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးဝင်းကိုမှ ရုံးပိတ်ရက်အတွက် အစားထိုးကုသမှုကို မတ်လ (၂၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောင်းလဲကုသပေးသွားမည် ဖြစ်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်...
20/03/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။

လက်ရက်ကန်း ဒီဇိုင်းတီထွင် ဆန်းသစ်မှုနည်းပညာ သင်တန်းအား မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက်၊ သုဇာတာဖောင်ဒေးရှင်း၊ ရက်ကန်းလုပ်ငန်းရှင်များအသင်းနှင့် ဆောင်းဒါးရက်ကန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက် ဒုတိယဥက္ကဌ ဒေါ်ယဥ်ယဥ်အေးက နှုတ်ဆက်စကားပြောကြားခြင်း၊ ဆောင်းဒါးရက်ကန်းကျောင်း၏ ကျောင်းအုပ်ကြီး ဒေါ်ခင်ဝင်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး အမှာစကားပြောကြားခြင်း၊ ရက်ကန်းလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်မြင့်မြင့်သန်းက အမှတ်တရစကား ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်များကို ဒေါ်ခင်ဝင်းကြည်နှင့် ဒေါ်ယဥ်ယဥ်အေးတို့မှ သင်တန်းသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူများအား ဒေါ်ယဥ်ယဥ်အေးနှင့် ဒေါ်မာလာမြင့်တို့က ရက်ကန်းစင်ကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းတက်ရောက်သူများကိုယ်စား သင်တန်းသူ မခင်ရတနာထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းသူများ ရက်လုပ်ထားသည့် ပုဝါများကို တာဝန်ရှိသူများအား အမှတ်တရ ပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းတက်ရောက်သူများကိုယ်စား သင်တန်းသူ မခင်ရတနာထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းသူများ ရက်လုပ်ထားသည့် ပုဝါများကို တာဝန်ရှိသူများအား အမှတ်တရ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက် ဒုတိယဥက္ကဌ ဒေါ်လင်းလင်းတင်ထွန်းမှ ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ကူညီပံ့ပိုးပေးခဲ့သည့် သုဇာတာဖောင်ဒေးရှင်းအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့​သည်။

13/03/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက် နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) သည် Emergency First Responder Training သင်တန်းများကို KBZ Bank နှင့် KBZ Center Mandalay တို့၏ အပြည့်အဝ ပံ့ပိုးကူညီမှုဖြင့် (၆-၁-၂၀၂၆) မှ (၁၅-၁- ၂ဝ၂၅) ရက်နေ့ထိ သင်တန်းသား (၄၀) ဦးဖြင့် အပတ်စဉ် (၁) အား လည်းကောင်း၊ (၂-၂-၂ဝ၂၆) မှ (၁၁-၂- ၂၀၂၆) ရက်နေ့ထိ သင်တန်းသား (၄၀) ဦးဖြင့် အပတ်စဉ် (၂) အား လည်းကောင်း၊ (၄-၃-၂၀၂၆) မှ (၁၃-၃-၂ဝ၂၆) ရက်နေ့ထိ သင်တန်းသား (၄ဝ) ဦးဖြင့် အပတ်စဉ် (၃) အား လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်း အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၉၉) မြို့နယ်မှ ကူညီကယ်ဆယ်ရေးကို အမှန်တကယ် တတ်ကြွစွာ လုပ်ဆောင်လျက်ရှိပြီး အနာဂတ်ကာလများတွင် အင်အားပြည့် ဆောင်ရွက်နိုင်မည့် ပရဟိတ ကူညီကယ်ဆယ်ရေးအသင်းများမှ လူငယ်သင်တန်းသား (၁၂ဝ) ဦးအား လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး...
13/03/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက် နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး နာယက ဦးအောင်ကိုကိုဌေးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ထွန်းမှ သင်တန်းဆင်း အမှတ်တရစကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကာလအတွင်း အဖွဲ့လိုက်ထူးချွန်ဆုများဖြစ်သည့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အကောင်းဆုံး သင်တန်းသားဆု ရရှိသူများအား KBZ Center Mandalay ဒုတိယတာဝန်ခံ ဒေါ်ရူပါဝင်းနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်ကြသည့် ဦးရန်လေး၊ ဦးအောင်မြင့်၊ ဦးစိုးနိုင်၊ ဦးဝင်းနိုင်နှင့် ဦးကျော်ထွန်းတို့မှ ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီးနောက် အဖွဲ့လိုက် အမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) သည် Emergency First Responder Training သင်တန်းများကို KBZ Bank နှင့် KBZ Center Mandalay တို့၏ အပြည့်အဝ ပံ့ပိုးကူညီမှုဖြင့် (၆-၁-၂၀၂၆) မှ (၁၅-၁- ၂ဝ၂၅) ရက်နေ့ထိ သင်တန်းသား (၄၀) ဦးဖြင့် အပတ်စဉ် (၁) အား လည်းကောင်း၊ (၂-၂-၂ဝ၂၆) မှ (၁၁-၂- ၂၀၂၆) ရက်နေ့ထိ သင်တန်းသား (၄၀) ဦးဖြင့် အပတ်စဉ် (၂) အား လည်းကောင်း၊ (၄-၃-၂၀၂၆) မှ (၁၃-၃-၂ဝ၂၆) ရက်နေ့ထိ သင်တန်းသား (၄ဝ) ဦးဖြင့် အပတ်စဉ် (၃) အား လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စုစုပေါင်း အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း (၄၀) မြို့နယ်မှ ကူညီကယ်ဆယ်ရေးကို အမှန်တကယ် တတ်ကြွစွာ လုပ်ဆောင်လျက်ရှိပြီး အနာဂတ်ကာလများတွင် အင်အားပြည့် ဆောင်ရွက်နိုင်မည့် ပရဟိတ ကူညီကယ်ဆယ်ရေးအသင်းများမှ လူငယ်သင်တန်းသား (၁၂ဝ) ဦးအား လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalayတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့...
12/03/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalayတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) ၏ လက်တွေ့မြေပြင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တိုတွင် ပြုလုပ်ခဲ့သည်။

Emergency First Responder Training သင်တန်းကို သဘာဝဘေးအန္တရာယ် ကာလများတွင် ပရဟိတ အသင်းများ၏ ကူညီမှုအခန်းကဏ္ဍများသည် လွန်စွာအရေးပါမှု ရှိခဲ့သဖြင့် ယင်းပရဟိတ အသင်းများအား သင်တန်းများ စနစ်တကျ ပို့ချပေးခြင်းဖြင့် နောက်နောင် မလွဲမသွေ ကြုံတွေ့လာနိုင်သည့် သဘာ၀ဘေးများတွင် ဘေးဒဏ်သင့်ပြည်သူများ၏ မဆုံးရှုံးသင့်သော အသက်အိုးအိမ် စည်းစိမ်များ ယခုထက်ပိုမို စနစ်တကျ ထိရောက်စွာ ကူညီ/ကယ်ဆယ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်သည်။

လေ့ကျင့်ခန်းဆင်းရာသို့ မန္တလေးမြို့ပေါ် (၇)မြို့နယ် အပါအဝင် မြင်းခြံ၊ မိတ္ထီလာ၊ ရွာငံ၊ အောင်ပန်း၊ မကွေး၊ မင်းဘူး၊ သာစည်၊ မလှိုင်နှင့် စစ်ကိုင်း စသည့်မြို့နယ်တို့ရှိ ပရဟိတအသင်းများမှ သင်တန်းသားဦးရေ (၄၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာများမှ ကယ်ဆယ်ရေး ပစ္စည်းများကို လက်တွေ့အသုံးပြု သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ (၁၀) ရက် ဖြစ်ပါသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) ၏ သင်တန်းဆင်းပွဲကို လာမည့်မတ်လ (၁၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မတ်လ (၁၁) ရက်က အခမဲ့ ကျောက်က...
11/03/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် မတ်လ (၁၁) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်နှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Centerသို ကြိုတင် ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သိုမဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊  KBZ Center Mandalay တို့ ပူးပေါင်းဖ...
04/03/2026

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) နှင့် KBZ Bank၊ KBZ Center Mandalay တို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency First Responder Training (Batch-3) ဖွင့်ပွဲကို ယနေ့ မတ်လ (၄) ရက် နံနက် (၁၀) နာရီက ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး) ဥက္ကဌ ဦးလှိုင်မင်းဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ KBZ Center Mandalay မှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

ဖြစ်ပေါ်ခဲ့ပြီးသော သဘာဝဘေးအန္တရာယ် ကာလများတွင် ပရဟိတအသင်းများ၏ ကူညီမှု အခန်းကဏ္ဍများသည် လွန်စွာအရေးပါမှု ရှိခဲ့သဖြင့် ယင်းပရဟိတ အသင်းများအား သင်တန်းများ စနစ်တကျ ပို့ချပေးခြင်းဖြင့် နောက်နောင် မလွဲမသွေ ကြုံတွေ့လာနိုင်သည့် သဘာ၀ဘေးများတွင် ဘေးဒဏ်သင့်ပြည်သူများ၏ မဆုံးရှုးသင့်သော အသက်အိုးအိမ်စည်းစိမ်များ ယခုထက်ပိုမို စနစ်တကျ ထိရောက်စွာ ကူညီ/ကယ်ဆယ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယမြောက် အပတ်စဥ်သင်တန်း ဖြစ်ပါသည်။

သင်တန်းသို့ မန္တလေးမြို့ပေါ် (၇) မြို့နယ် အပါအဝင် မြင်းခြံ၊ မိတ္ထီလာ၊ ရွာငံ၊ အောင်ပန်း၊ မကွေး၊ မင်းဘူး၊ သာစည်၊ မလှိုင်နှင့် စစ်ကိုင်းစသည့် မြို့နယ်တို့မှ ပရဟိတအသင်းများမှ သင်တန်းသားဦးရေ (၄၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁၀) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။

သင်တန်းတွင် ကယ်ဆယ်ရေးဆိုင်ရာ အခြေခံနည်းစနစ်များ (Basic Rescuer Methods)၊ အရေးပေါ် လူနာရွှေ့ပြောင်းနည်းများ (Patient Transportation Methods)၊ အရေးပေါ် လူနာပြုစုနည်းများ (Emergency First Aid & CPR)၊ ဆေးရုံမရောက်ခင် လူနာစောင့်ရှောက်ခြင်း (Pre Hospital Care)၊ ပစ္စည်းမဲ့ ကယ်ဆယ်ရေး သင်ခန်းစာများ (Rescue Course without equipment) နှင့် အဆင့်မြင့် ကယ်ဆယ်ရေး သင်ခန်းစာများ (အခြေခံ) Advanced Rescue Courses (Basic) တို့ကို ထည့်သွင်းပို့ချသွားမည် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် (တနင်္လာနေ့) သည် တောင်သူလယ်သမားနေ့၊ အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အ...
26/02/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် (တနင်္လာနေ့) သည် တောင်သူလယ်သမားနေ့၊ အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အား ပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

KBZ Center Mandalay မှ ဖေဖော်ဝါရီလ တတိယအပတ်တွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆန်အိတ် (၁၈၃) အိတ်ကို သွားရောက်...
26/02/2026

KBZ Center Mandalay မှ ဖေဖော်ဝါရီလ တတိယအပတ်တွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆန်အိတ် (၁၈၃) အိတ်ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုများမှာ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာအောင်မြင် မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး ကျောင်းသို့ ဆန် (၁၀၀) အိတ်၊ ချမ်းမြသာစည်မြို့နယ်ရှိ သစ္စာမဏ္ဍိုင် ကျောင်းတိုက်သို့ ဆန် (၃၃) အိတ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင် သစ္စဝေဒဂူကျောင်းသို့ ဆန် (၅၀) အိတ်တို့ ဖြစ်သည်။

KBZ Center Mandalay စတင်သည့် ဇွန်လ (၁၀) ရက်နေ့မှစ၍ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ အပါအဝင် ဘာသာရေး အဆောက်အဦများအတွက် ဘိလပ်မြေအိတ် (၁၃၀၀၀) အိတ်နှင့် ဆန်အိတ် (၇၀၀၀) အိတ်တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာစည်နယ်လှည့် ဓမ္မကထိက၊ ကမ္မဌာနာစရိယ၊ ဓမ္မာစရိယ၊ ချမ်းမြအောင်စည် မဟာစည်ရိပ်သာ၊ ရွ...
25/02/2026

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာစည်နယ်လှည့် ဓမ္မကထိက၊ ကမ္မဌာနာစရိယ၊ ဓမ္မာစရိယ၊ ချမ်းမြအောင်စည် မဟာစည်ရိပ်သာ၊ ရွှေတံခါးဆရာတော် အရှင်တေဇနိယ‎ အမှူးပြုသော ဆရာတော်ကြီး ငါးပါးထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူကြည်ညိုပွဲကို ယနေ့ (ဖေဖော်ဝါရီလ (၂၅) ရက်) နံနက် ၉ နာရီခွဲက ၇၃လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရွှေတံခါးဆရာတော် အရှင်တေဇနိယက အန္တရာယ်ကင်း ပရိတ်တရားတော်များ ဟောကြားချီးမြှင့် ခဲ့ပါသည်။

KBZ Center Mandalay မှ တာဝန်ရှိသူများက ရွှေတံခါးဆရာတော် အရှင်တေဇနိယထံသို့ သံဃိကဒါနအဖြစ် ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စေတနာရှင် အလှူရှင် မိသားစုက ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါသည်။

ထို့နောက် ရွှေတံခါးဆရာတော် အရှင်တေဇနိယက KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့််စင်ခြင်း ဆောင်ရွက်နေသည့် ကျောက်ကပ်ဝေဒနာရှင်များအား မေတ္တာသုတ် ရွတ်ဖတ်သရဇ္စျယ် ပေးခဲ့ပါသည်။

Address

၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBZ Center Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram