KBZ Center Mandalay

KBZ Center Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBZ Center Mandalay, ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့, Yangon.

KBZ Center Mandalay၊ ရှမ်းတောင်ပရဟိတ ညီနောင်များ ကွန်ရက်နှင့် Rotary Club of Metro Yangon တို့ ပူးပေါင်းစီစဉ်သည့် သဘာဝဘေ...
03/12/2025

KBZ Center Mandalay၊ ရှမ်းတောင်ပရဟိတ ညီနောင်များ ကွန်ရက်နှင့် Rotary Club of Metro Yangon တို့ ပူးပေါင်းစီစဉ်သည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့မှုများအတွက် စိတ်လူမှု ထောက်ပံ့ရေး သင်တန်း (Psychological First Aid Training) ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ သင်ကြားပို့ချ ပေးခဲ့ပါသည်။

သင်တန်းသို့ ကျန်းမာရေးဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ Rotary Club of Metro Yangon မှ စိတ်ပိုင်းဆိုင်ရာ ပညာပေးသူများ၊ မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းများနှင့် ပရဟိတအသင်းများ တက်ရောက် ခဲ့ကြပါသည်။

KBZ Center Mandalay တွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့မှုများအတွက် စိတ်လူမှု ထောက်ပံ့ရေး သင်တန်း (Psychological First Aid Training) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ သင်ကြားပို့ချ ပေးခဲ့သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် လက်ရက်ကန်းဒီဇိုင်...
26/11/2025

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ (၂၆) ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက်၊ သုဇာတာဖောင်ဒေးရှင်း၊ ရက်ကန်းလုပ်ငန်းရှင်များအသင်းနှင့် ဆောင်းဒါးရက်ကန်းကျောင်းတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက် ဒုတိယဥက္ကဌ ဒေါ်လင်းလင်းထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် အဓိက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဆောင်းဒါးရက်ကန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည်မှ ဖွင့်လှစ်ခဲ့သည့် သင်တန်းအကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူတစ်ဦးဖြစ်သည့် မညိမ်းညိမ်းဌေးမှ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကွန်ယက် ဒုတိယဥက္ကဌ တစ်ဦးဖြစ်သည့် ဒေါ်မွှေးသီတာသိန်းမှ သင်တန်းဖွင့်လှစ် နိုင်ခဲ့ခြင်းအပေါ် အမှတ်တရ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် Rotary Club of Ya...
26/11/2025

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် Rotary Club of Yadanabon Myanmarမှ ဦးစီးကျင်းပသည့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို နိုဝင်ဘာလ (၂၅) ရက်နေ့က ပြုလုပ်ခဲ့သည်။

"Better Community, Better Future Mandalay ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေနိုင်မယ့် Youth Development, Education, Health & Water Sanitation, Disaster Relief တို့အပေါ် အခြေခံပြီး တည်ငြိမ်ပြီး ကြာရှည်တည်မြဲသော လူမှုဖွံ့ဖြိုးမှုကို ရည်ရွယ်ထားပါတယ်" ဟု Rotary Club of Yadanabon Myanmar ၏ President ဦးမျိုးဝင်းအောင်မှ ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် Rotary Club of Yadanabon Myanmar ၏ President ဦးမျိုးဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် Rotary Club အကြောင်းကို ကိုရှနုမှ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအား ဆရာဦးဇော်သူလင်းမှ ဆွေးနွေးကြပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းလာမှုအပေါ် ဆရာဦးဇော်သူလင်းမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် Rotary Club of Yadanabon Myanmar ၏ Community Service Chair ဆရာမပိုပိုဘိုမှ ကျေးဇူးတင်စကား ပြောကြားပြီး ဟောပြောပွဲ အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြစ်သားမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရန် အတွက် KBZ Center Mand...
24/11/2025

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြစ်သားမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရန် အတွက် KBZ Center Mandalay မှ ဘိလပ်မြေအိတ် (၂၀၀၀) အား နိုဝင်ဘာလ (၂၂) ရက်နေ့က မြစ်သားမြို့သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

KBZ Center Mandalay သည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြစ်သားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းအတွက် (၁) ကျောင်းလျှင် ဘိလပ်မြေအိတ် (၁၀၀) နှုန်းဖြင့် ဘိလပ်မြေအိတ် (၁၈၀၀) ကိုလည်းကောင်း၊ ရွှေမုဋ္ဌောစေတီတော် ဂေါပကအဖွဲ့သို ဘိလပ်မြေအိတ် (၂၀၀) ကို လည်းကောင်း၊ စုစုပေါင်း ဘိလပ်မြေအိတ် (၂၀၀၀) ကို သွားရောက် လှူဒါန်းခဲ့ပါသည်။

KBZ Center Mandalay မှ လှူဒါန်းမှုများကို စင်တာတာဝန်ရှိသူများနှင့် KBZ ဘဏ် (မြစ်သား) မှ တာဝန်ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ရွှေမုဋ္ဌောစေတီတော် ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ကြသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် လူမျိုးဘာသာမရွေး ...
21/11/2025

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် လူမျိုးဘာသာမရွေး အခြေခံကျန်းမာရေး အထွေထွေရောဂါ ကုသမှုများ၊ Ultrasound နှင့် X-Rays ရိုက်ကူးခြင်းများ၊ အရိုးအထူးကု ဆရာဝန်ကြီးများနှင့် ကုသနိုင်မည့် ဝန်ဆောင်မှုများကို နိုဝင်ဘာလ (၂၁) ရက်နေ့က အခမဲ့ ဆောင်ရွက်ပေးခဲ့ပါသည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေးကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးဝင်းကိုမှ စမ်းသပ်စစ်ဆေး ကုသပေးခဲ့ပြီး အခမဲ့ Ultrasound ရိုက်ကူးပေးခြင်းကို ဒေါက်တာနေခြည်ခိုင်မှ စမ်းသပ်စစ် ဆေးပေးခဲ့ကာ အခမဲ့အခြေခံ ကျန်းမာရေး အထွေထွေရောဂါ ကုသပေးခြင်းကို စင်တာမှ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု အဖွဲ့မှ စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပါသည်။

အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူများအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တွင် KBZ Center Mandalay ၌ အရိုးအထူးကု ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးကုသမှု ပြုလုပ်ရန် စီစဥ်ထားပါသည်။

အရိုးအထူးကု ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးကုသမှု အစီအစဥ်အတွက် စင်တာရှိ သက်ဆိုင်ရာ ဆရာဝန်များနှင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု (Consultation) ပြုလုပ်ပြီးမှသာ အရိုးအထူးကု ဆရာဝန်ကြီးများ၏ ကုသမှုကို ဆက်လက်ခံယူရမည် ဖြစ်ပါသည်။

ထို့ကြောင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်လိုသူများအနေဖြင့် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအတွင်း Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ပြီးစီးပါက ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုတွင် အရိုးအထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ရန် ရက်ချိန်းကို တစ်ပါတည်း သတ်မှတ်ပေးသွားမည် ဖြစ်ပါသည်။

20/11/2025

သင်ရော မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကား ပြောပြီးပြီလား?

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တာ ရက်ပေါင်း ၂၀၀ ကျော် ရှိပြီမို့ ဖေးမကူညီခဲ့တဲ့ မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကား ပြောကြားရမယ့် အချိန်ဖြစ်ပါတယ်။

KBZ Center Mandalay မှာ ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာ၊ ဆရာဆူးငှက်နှင့် KBZMS တို့ပူးပေါင်းပြုလုပ်ခဲ့တဲ့ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲမှာတော့ တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူများမှ ဖေးမကူညီခဲ့တဲ့ မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်း KBZ Center Mandalay မှာရှိတဲ့ Gratitude Wall ပေါ်မှာ မှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြပါတယ်။

မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ဘဝ ပြန်လည်ထူထောင် လာနိုင်ဖို့အတွက် ဖေးမကူညီခဲ့တဲ့ ကိုယ့်မိသားစုနဲ့ ကိုယ့်ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားပြောဖို့ မေ့နေတယ်ဆိုရင် အခုပဲ တိုက်ရိုက် ဒါမှမဟုတ် ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ပြောလိုက်ပါတော့။

Facebook မှာ Post တင်ပြီးဖြစ်ဖြစ် comment ကတစ်ဆင့်ဖြစ်ဖြစ် Mention ခေါ်ပြီး ကျေးဇူးတင်စကား ရေးသားမယ် ဆိုရင်တော့ ကျေးဇူးတင်စကားတွေ တစ်စုတစ်စည်းထဲ မြင်တွေ့နိုင်ဖို့အတွက် Post တိုင်းမှာ ဆိုတာလေး ထည့်ရေးဖို့ မမေ့နဲ့နော်...

KBZ Center Mandalay တွင် လူမျိုးဘာသာမရွေး အခြေခံကျန်းမာရေး အထွေထွေရောဂါ ကုသမှုများ၊ Ultrasound ရိုက်ကူးပေးခြင်းများ၊ X-R...
19/11/2025

KBZ Center Mandalay တွင် လူမျိုးဘာသာမရွေး အခြေခံကျန်းမာရေး အထွေထွေရောဂါ ကုသမှုများ၊ Ultrasound ရိုက်ကူးပေးခြင်းများ၊ X-Rays ရိုက်ကူးခြင်းများကို ဇွန်လမှ စတင်၍ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ အရိုးအထူးကု ဆရာဝန်ကြီးများနှင့် ကုသနိုင်မည့် ဝန်ဆောင်မှုများကို ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) က ဆောင်ရွက်ပေးခဲ့ပါသည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ စမ်းသပ်စစ်ဆေး ကုသပေးခဲ့ပြီး အခမဲ့အခြေခံကျန်းမာရေး အထွေထွေရောဂါ ကုသပေးခြင်းကို စင်တာမှ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့တို့က စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပါသည်။

အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူများအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သော ကြာနေ့တွင် KBZ Center Mandalay ၌ အရိုးအထူးကု ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးကုသမှု ပြုလုပ်နိုင်ရန် စီစဥ်ထားပါသည်။

အရိုးအထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးကုသမှု အစီအစဥ်အတွက် စင်တာရှိ သက်ဆိုင်ရာ ဆရာဝန်များနှင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု (Consultation) ပြုလုပ်ပြီးမှသာ အရိုးအထူးကု ဆရာဝန်ကြီးများ၏ ကုသမှုကို ဆက်လက်ခံယူရမည် ဖြစ်ပါသည်။

ထို့ကြောင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်လိုသူများအနေဖြင့် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအတွင်း Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့် ရှေးဦးစွာ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ပြီးစီးပါက ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုတွင် အရိုးအထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ရန် ရက်ချိန်းကို တစ်ပါတည်း သတ်မှတ်ပေးသွားမည် ဖြစ်ပါသည်။

(မှတ်ချက်။ ။ဆေးခန်းပြရန်အတွက် မိမိ ဘိုကင်ရယူထားသော အချိန်ထက် နာရီဝက်ခန့်စော၍ ကြိုတင် လာရောက်ပေးရန် လိုအပ်ပါသည်။)

ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းလေးကို သင်ရော ကျေးဇူးတင်စကား ပြောပြီးပြီလား?"ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ...
15/11/2025

ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းလေးကို သင်ရော ကျေးဇူးတင်စကား ပြောပြီးပြီလား?

"ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ အခက်အခဲဖြစ်ချိန် ဖေးမကူညီခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း KBZ Center Mandalay မှာရှိတဲ့ Gratitude Wall ပေါ်မှာ မှတ်တမ်းတင် ရေးသားခဲ့ကြပြီးပြီနော်။

မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ဘဝ ပြန်လည်ထူထောင် လာနိုင်ဖို့အတွက် ဖေးမကူညီခဲ့တဲ့ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို ကျေးဇူးတင်စကား မပြောရသေးဘူးဆိုရင် အခုပဲ မိမိတို့ Facebook မှာ Post တင်ပြီးဖြစ်ဖြစ် comment ကတစ်ဆင့်ဖြစ်ဖြစ် Mention ခေါ်ပြီး ကျေးဇူးတင်စကား ရေးသားကြဖို့တိုက်တွန်းလိုက်ပါတယ်။

ကျေးဇူးတင်စကားတွေ တစ်စုတစ်စည်းထဲ မြင်တွေ့နိုင်ဖို့အတွက် Post တိုင်းမှာ ဆိုတာလေး ထည့်ရေးဖို့ မမေ့နဲ့နော်...

သင်ရော မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကား ပြောပြီးပြီလား?မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တာ ရက်ပေါင်း (၂၃၁) ရက်ကြာပါပ...
14/11/2025

သင်ရော မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကား ပြောပြီးပြီလား?

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တာ ရက်ပေါင်း (၂၃၁) ရက်ကြာပါပြီ။ မန္တလေးမြို့ကြီးဟာ ဒုတိယ ကမ္ဘာစစ်ဒဏ်၊ ဦးကျားကြီးမီးဘေးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့အပြင် ရောဂါကပ်ဘေးနဲ့ ငလျင်ဒဏ်တွေလည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့် အကြိမ်ကြိမ် ပြန်လည်နိုးထနိုင်ခဲ့တဲ့ မြို့ကြီးလည်း ဖြစ်ပါတယ်။ ယခုလို ပြန်လည်နိုးထနိုင်ဖို့ အတွက် အထောက်အပံ့ကောင်းများ လိုအပ်ပြီး ကူညီဖေးမခဲ့သူတွေလည်း အများအပြား ရှိကြပါတယ်။

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတို့လည်း ကိုယ့်ဘဝပြန်လည် ထူထောင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီ ပေးခဲ့တဲ့ မိသားစုနဲ့ ဆရာ၊ ဆရာမတွေ အများအပြား ရှိမှာပါ။

ယခုဆိုလျှင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တာ ရက်ပေါင်း (၂၃၁) ရှိပြီမို့ ဖေးမကူညီခဲ့တဲ့ မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကား ပြောကြားရမယ့် အချိန်ဖြစ်ပါတယ်။

KBZ Center Mandalay မှာ ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာ၊ ဆရာဆူးငှက်နှင့် KBZMS တို့ပူးပေါင်းပြုလုပ်ခဲ့တဲ့ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲမှာတော့ တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူများမှ ဖေးမကူညီခဲ့တဲ့ မိသားစုနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်း KBZ Center Mandalay မှာရှိတဲ့ Gratitude Wall ပေါ်မှာ မှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြပါတယ်။

မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ဘဝ ပြန်လည်ထူထောင် လာနိုင်ဖို့အတွက် ဖေးမကူညီခဲ့တဲ့ ကိုယ့်မိသားစုနဲ့ ကိုယ့်ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားပြောဖို့ မေ့နေတယ်ဆိုရင် အခုပဲ မိမိတို့ Facebook မှာ Post တင်ပြီးဖြစ်ဖြစ် comment ကတစ်ဆင့်ဖြစ်ဖြစ် Mention ခေါ်ပြီး ကျေးဇူးတင်စကား ရေးသားကြဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။

ကျေးဇူးတင်စကားတွေ တစ်စုတစ်စည်းထဲ မြင်တွေ့နိုင်ဖို့အတွက် Post တိုင်းမှာ ဆိုတာလေး ထည့်ရေးဖို့ မမေ့နဲ့နော်...

13/11/2025

KBZMS နှင့် မန္တလေးမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာ၊ ဆရာဆူးငှက်တို့ ပူးပေါင်း၍ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” ခေါင်းစဉ်ဖြင့် တွေ့ဆုံပွဲကို မန္တလေးငလျင် လှုပ်ခတ်ပြီး ရက်ပေါင်း (၂၂၉) ရက်ကြာ နိုဝင်ဘာလ (၁၂) ရက်တွင် KBZ Center Mandalay ၌ ပြုလုပ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ဘေး၊ မီးဘေး၊ ကပ်ရောဂါဘေးနှင့် ငလျင်ဘေးတို့ အကြိမ်ကြိမ် ကျရောက်ခဲ့ဖူးသည့် မန္တလေးမြို့သည် အကြိမ်ကြိမ် ပြန်လည်နိုးထလာနိုင်ခဲ့သည့်နည်းတူ ယခုတစ်ကြိမ်တွင်လည်း ပြန်လည် နိုးထလာနိုင်စေရန်နှင့် စိတ်ခွန်အားများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ ကျောင်း (၇) ကျောင်းမှ ကျောင်းသား (၁၀၀) တက်ရောက်ခဲ့ကြပြီး ငလျင်ဒဏ်ကြုံတွေ့ ချိန်တွင် ထောက်ပံ့ကူညီ အားပေးခဲ့သူများကို ကျောင်းသား ကျောင်းသူများမှ KBZ Center Mandalay ရှိ Gratitude Wall တွင် အောက်မေ့သတိရ ကျေးဇူးတင်စကားများ ရေးသားခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ သောကြာနေ့သည် “အမျိုးသားနေ့” ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အားပိတ်ထားမည် ...
13/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ သောကြာနေ့သည် “အမျိုးသားနေ့” ရုံးပိတ်ရက် ဖြစ်ပါသဖြင့် KBZ Center Mandalay အားပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

Address

၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBZ Center Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram