Mingalar Hospitals

Mingalar Hospitals "𝙷𝚎𝚊𝚕𝚒𝚗𝚐 𝙷𝚊𝚗𝚍𝚜, 𝙲𝚊𝚛𝚒𝚗𝚐 𝙷𝚎𝚊𝚛𝚝𝚜"

ကြင်နာနှလုံးသား ကမ်းလက်များနှင့် ကျန်းမာစေမှာ "မင်္ဂလာ"

မင်္ဂလာဆေးရုံသည် မဟာရဲမွန်ကုမ္ပဏီ၏ လက်အောက်တွင်ရှိသော မင်္ဂလာဆေးရုံလုပ်ငန်းစု၏ အဓိက ဆေးရုံကြီးဖြစ်ပါသည်။ ကုတင် (၁၅၀) ဆန့် အထွေထွေရောဂါအထူးကုဆေးရုံကြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတကာအဆင့်မှီရောဂါရှာဖွေကုသရေး စက်ပစ္စည်းများနှင့် နွေးထွေးသောဝန်ဆောင်မှုများကို ပြည်သူလူထုထံပေးအပ်ရန် ရည်ရွယ်ထားရှိပါသည်။ လူနာများ၏ဘေးကင်းလုံခြုံမှုသည် မင်္ဂလာဆေးရုံကြီး၏

ပထမဦးစားပေးဖြစ်သည့်အားလျော်စွာ အမျိုးမျိုးသော နိုင်ငံတကာအဆင့်မှီ မီးဘေးကာကွယ်ရေးစနစ်များနှင့် ပြင်းထန်သောငလျင်ဒဏ်ခံနိုင်မည့် အဆောက်အဦးအဖြစ် တွက်ချက်ထည့်သွင်းတည်ဆောက်ခဲ့သော ပထမဆုံးသော ဆေးရုံကြီးဖြစ်ပါသည်။

🔧 အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 🔧၂၀၂၆ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Lab...
01/05/2026

🔧 အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 🔧

၂၀၂၆ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labor Day) ကို လှိုက်လှဲစွာ ကြိုဆိုရင်း ကမ္ဘာတဝှမ်းမှ ရိုးသားကြိုးစားသော အလုပ်သမားများအားလုံး ရောဂါဘယကင်းစင် စိတ်လက်ကြည်လင်စွာ လုပ်ငန်းခွင်အသီးသီးမှာ ပျော်ရွှင်ကြပါစေကြောင်း မင်္ဂလာဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် …


#အလုပ်သမားနေ့

🌕 ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)ကဆုန်လပြည့်နေ့၏ မင်္ဂလာအခါသမယတွင် ဗောဓိပင်ကို ရေလောင်းပူဇော်ခြင်းနှင့်အတူ ကုသိုလ်တ...
30/04/2026

🌕 ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)

ကဆုန်လပြည့်နေ့၏ မင်္ဂလာအခါသမယတွင် ဗောဓိပင်ကို ရေလောင်းပူဇော်ခြင်းနှင့်အတူ ကုသိုလ်တရားများ ပြုလုပ်ကာ မိဘပြည်သူညီအစ်ကိုမောင်နှများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ်ကင်းရှင်းကြပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း မင်္ဂလာဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ...🙏

#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲတော်

🎉“အဖြေမှန်ရွေးကာ မုန့်ဖိုး (၁၀,၀၀၀)ကျပ် ရယူပါ”🎉မေးခွန်းကိုဖြေတဲ့အခါမှာ အောက်ပါအချက်များကို လိုက်နာပေးရပါမယ်ရှင်။📌Mingala...
27/04/2026

🎉“အဖြေမှန်ရွေးကာ မုန့်ဖိုး (၁၀,၀၀၀)ကျပ် ရယူပါ”🎉
မေးခွန်းကိုဖြေတဲ့အခါမှာ အောက်ပါအချက်များကို လိုက်နာပေးရပါမယ်ရှင်။
📌Mingalar Hospitals page ကို Like လုပ်ပေးပါ။
📌ယခု Post ကို Like လုပ်ပြီး Public နဲ့ Share ပေးပါ။
📌Share ပေးထားတဲ့ Screenshot ကို အဖြေမှန်နှင့်တကွ ကွန့်မန်မှာ ရေးပေးပါ။
(အဖြေများကို တနင်္ဂနွေနေ့ ညနေ ၅ နာရီထိ ဖြေလို့ရပါတယ်ရှင်)
စည်းကမ်းချက်နဲ့ညီတဲ့ အဖြေမှန်သူအားလုံးထဲမှ အဖြေမှန်သူအား မုန့်ဖိုး (၁၀,၀၀၀) ကျပ် လက်ဆောင်ပေးသွားမှာပါရှင်။
အဖြေမှန်ကိုလည်း လာမယ့်အပတ်တနင်္လာနေ့မှာ Comment မှာ ပြန်ဖြေပေးပါမယ်နော်...❤
📢အခုလို ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းအစီအစဥ်လေးကို အပတ်စဥ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် အဖြေမှန်ရွေးရင်း မုန့်ဖိုးယူကြပါအုံးနော်။
☎09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥မင်္ဂလာဆေးရုံ - - -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

🔸 Hand, Foot & Mouth Diseases (HFMD) ရောဂါလို့ ကျနော်တို့သိထားတဲ့ ခြေ၊လက်၊ပါးစပ်ထဲ အရည်ကြည်ဖုတွေ၊ အနီစက်တွေထွက်ပြီး ဖျား...
25/04/2026

🔸 Hand, Foot & Mouth Diseases (HFMD) ရောဂါလို့ ကျနော်တို့သိထားတဲ့ ခြေ၊လက်၊ပါးစပ်ထဲ အရည်ကြည်ဖုတွေ၊ အနီစက်တွေထွက်ပြီး ဖျားတဲ့ရောဂါဟာဆိုရင် ဗိုင်းရပ်စ်ပိုးကူးစက်သောကြောင့် ဖြစ်ပွားပါတယ်။

🔸 အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များပြီး ကလေးမိဘတွေအနေနဲ့ ဆေးရုံကို စိုးရိမ်ပြီး လာပြတတ်ကြပါတယ်။

🔸 ရောဂါလက္ခဏာအနေနဲ့ကတော့ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊အစာစားချင်စိတ်လျော့နည်းခြင်းနှင့် လျှာ၊ သွားဖုံး၊ ပါးပြင်အတွင်းဘက်နှင့် ခြေဖဝါး၊ လက်များတွင် အနီစက်ငယ်များ၊ အရည်ကြည်ဖုများ ထွက်ခြင်းတို့ ဖြစ်ပါသည်။

🔸 Hand, Foot & Mouth Diseases (HFMD) ရောဂါဟာ
⁉ ဘယ်လိုကူးစက်တာလဲ?
⁉ ရောဂါဖြစ်ရင် အချိန်ဘယ်လောက်ကြာအောင် ခံစားရမလဲ?
⁉ ရောဂါလက္ခဏတွေကို သက်သာအောင်ဘယ်လိုလုပ်ရမလဲ?
⁉ ဘယ်လိုအခြေအနေတွေမှာ ဆေးရုံဆေးခန်းကိုသွားပြရမလဲ?
အစရှိသည်တို့ကို ဖော်ပြေပေးသွားမှာ ဖြစ်ပါတယ်ရှင့်.....

“ကြင်နာနှလုံးသားကမ်းလက်များနှင့် ကျန်းမာစေမှာ မင်္ဂလာ”

မင်္ဂလာဆေးရုံသို့ ဆက်သွယ်လိုပါက ---

☎09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥 မင်္ဂလာဆေးရုံ - - -
📍၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

🙏💦 မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်း 💦🙏မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်ဆန်း (၁)ရက်နေ့မှစ၍ ကပ်ကြီး (၃)ပါး ကျော်လွှားနိုင်ကြပြ...
17/04/2026

🙏💦 မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်း 💦🙏

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်ဆန်း (၁)ရက်နေ့မှစ၍ ကပ်ကြီး (၃)ပါး ကျော်လွှားနိုင်ကြပြီး ဘေးအန္တရယ်ကင်း၍ လိုရာဆန္ဒပြည့်ဝကြပါစေလို့ “မင်္ဂလာဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#သင်္ကြန်

🙏💦 မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်း 💦🙏အတာကူးသည့်နှစ်သစ်တန်ခူး သင်္ကြန်အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင...
13/04/2026

🙏💦 မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်း 💦🙏

အတာကူးသည့်နှစ်သစ်တန်ခူး သင်္ကြန်အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာတိုးတက်ကြပါစေကြောင်း "မင်္ဂလာဆေးရုံ" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်. ✨💦💧

#သင်္ကြန်

10/04/2026

🔺 ဝမ်းသွားလို့သွေးပါတိုင်း လိပ်ခေါင်းရောဂါလား အူမကြီးကင်ဆာလား ဆိုတာကို ဝေခွဲရခက်ခဲပြီး စိုးရိမ်နေရပြီလား ?

🔶 ဒါဆိုရင်တော့ လူကြီးမင်းတို့ ဒီဗီဒီယိုလေးကို ဆုံးအောင်ကြည့်သွားလိုက်ပါ.....

🔷 ဟုတ်ပါတယ် လူတော်တော်များများကတော့ လိပ်ခေါင်းရောဂါနဲ့ အူမကြီးကင်ဆာကို မှားယွင်းတတ်ကြပါတယ်… ဘာလို့လဲဆိုတော့ အဲ့ရောဂါ၂ခုလုံးက ဝမ်းသွားရင် သွေးပါတက်ကြလို့ပါပဲ...

🟢 ဒါပေမယ့် အဲ့ရောဂါ၂ခုလုံးမှာခြားနားချက်လေးတွေရှိပါတယ်...

🟣 လိပ်ခေါင်းရောဂါနဲ့ အူမကြီးကင်ဆာရဲ့ ရောဂါဖြစ်ပွါးတဲ့ပုံစံ၊ ရောဂါဖြစ်ပွားရတဲ့အကြောင်းရင်း၊ ရောဂါလက္ခဏာများ၊ ရောဂါအတည်ပြုခြင်းနဲ့ ကုသမှုပုံစံကွဲပြားခြားနားတာတွေကို ဖော်ပြေပေးလိုက်ရပါတယ်ရှင့်...

🟡 သွေးဝမ်းသွားတာနဲ့ ပတ်သတ်ပြီး လာရောက်ပြသဆွေးနွေးချင်တယ်ဆိုရင်တော့ မင်္ဂလာဆေးရုံရဲ့ ဖုန်းနံပါတ် 09-771005885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်....

☎ 09 77100 5885, 099 5555 8888, 02 2848 231 ~ 238

🏥မင်္ဂလာဆေးရုံ - - -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

⚕📌ဂျပန်နိုင်ငံမှ အရိုး၊ အကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး 𝗛𝗶𝗿𝗮𝗻𝗮𝗸𝗮 𝗧𝗮𝗸𝗮𝗳𝘂𝗺𝗶, 𝗠𝗗, 𝗣𝗵𝗗 သည် စတုတ္ထအကြိမ်မြောက်အဖြစ် မင်္ဂလာဆ...
07/04/2026

⚕📌ဂျပန်နိုင်ငံမှ အရိုး၊ အကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး 𝗛𝗶𝗿𝗮𝗻𝗮𝗸𝗮 𝗧𝗮𝗸𝗮𝗳𝘂𝗺𝗶, 𝗠𝗗, 𝗣𝗵𝗗 သည် စတုတ္ထအကြိမ်မြောက်အဖြစ် မင်္ဂလာဆေးရုံတွင် 📅၂၉ ဧပြီလ ၂၀၂၆ ခုနှစ် မှ 📅၂ မေ ၂၀၂၆ခုနှစ်အထိ အရိုးလူနာများကို လာရောက်ကြည့်ရှုပေးမှာဖြစ်ပါသည်။

🔴ဆရာကြီးသည် ဒူးခေါင်းအစားထိုး၊ တင်ပဆုံရိုးအစားထိုးကုသမှုပိုင်းမှာ အရမ်းကို ကျွမ်းကျင်ပြီး ဂျပန်နိုင်ငံမှာတင်မက နိုင်ငံတကာအသိအမှတ်ဘွဲ့များစွာရရှိထားတဲ့ ဆရာဝန်ကြီးတစ်ဦးလည်း ဖြစ်ပါသည်။

🔴 ဆရာဝန်ကြီး၏ အထူးကျွမ်းကျင်ကုသမှုများမှာ -
⚡ ဒူးခေါင်းအစားထိုးကုသခြင်း
⚡ တင်ပဆုံရိုး အစားထိုးကုသခြင်း
⚡ တင်ပဆုံရိုး ပြန်လည်ပြုပြင်ခြင်း
⚡ အရိုးပြန်လည်ထူထောင်ရေးကုထုံးများ အစရှိတဲ့ ခွဲစိတ်ကုသမှုမျိုးစုံကို ပြုလုပ်နိုင်ပါသည်။

🟡 ဆရာဝန်ကြီးနဲ့ လာရောက်ဆွေးနွေးဖို့ သင့်တော်သောလူနာများမှာ . . .

👉 ဒူးနာနေသောလူနာများ အထူးသဖြင့် အမျိုးသမီးများ
👉 အဝလွန်ပြီး ဒူးနာ၊ ခါးနာနေသူများ
👉 အားကစားကြောင့် (သို့မဟုတ်) မတော်တဆထိခိုက်မှုကြောင့် အရိုးအဆစ်နာနေသူများ
👉 အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ဖြစ်နေသောသူများ
👉 ဒူးဆစ်အနေအထားမမှန်သူများ

🟢 ဆရာဝန်ကြီးနှင့် ပြသလိုသူများအနေနဲ့ (09-771005885) သို့ ဆက်သွယ်ဘိုကင်ပေးနိုင်ပါတယ်ရှင့် . .

ကြင်နာနှလုံးသား ကမ်းလက်များနှင့် ကျန်းမာစေမှာ "မင်္ဂလာ"

☎️09 77100 5885, 099 5555 8888, 02 2848 231 ~ 238
🏥မင်္ဂလာဆေးရုံ - - -
၅၈လမ်း၊ ၄၂-၄၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

🔴  ရာသီဥတုပူပြင်းလာသောကြောင့် အပူဒဏ်ခံကို ခံစားရပြီး ဘေးအန္တရယ်ကျရောက်တတ်ပါသည်။ 🔴 အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (He...
03/04/2026

🔴 ရာသီဥတုပူပြင်းလာသောကြောင့် အပူဒဏ်ခံကို ခံစားရပြီး ဘေးအန္တရယ်ကျရောက်တတ်ပါသည်။

🔴 အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)လက္ခဏာများ နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများ (Heat Stroke) ၊ အပူဒဏ်အန္တရာယ်ကို အထူးသတိထားရမည့်သူများ၊ အပူဒဏ်ခံစားနေရသည့် လူနာများအား အရေးပေါ်ရှေးဦးပြုစုခြင်း အချက်အလက်များကို မင်္ဂလာဆေးရုံမှ ဖော်ပြပေးလိုက်ရပါတယ်ရှင့်. . .

🔴 အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံများသို့ အမြန်ဆုံး သွားရောက်ပြသပါ..

🌞နွေရာသီတွင်  ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓါတ်များဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ...
31/03/2026

🌞နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓါတ်များဆုံးရှုံးမှု ပိုမိုများပြားပါသည်။ မိဘပြည်သူများအနေဖြင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🟢အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ

🔸တတ်နိုင်သမျှအရိပ်ရသော နေရာများတွင်သာနေပါ။
🔸မိမိ၏အသားကို နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့စေရန် လက်၊လည်ပင်းနှင့်ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွ ချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
🔸မဖြစ်မနေအပြင်သွားရပါက ထီး၊ ဦးထုပ်ဆောင်းပါ။
🔸ရေများများသောက်ပါ။

🔴 အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဉ်ရန်အချက်များ

▶️ နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
▶️နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။
▶️ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ချက်ခြင်း ဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ချက်ခြင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
▶️အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

အပူဒဏ်ကာကွယ်ရေးနည်းလမ်းများကို ကိုယ်တိုင်လိုက်နာဆောင်ရွက်ပါ။
အခြားသူများကို လိုက်နာရန် တိုက်တွန်းပြောကြားပေးပါ။

Address

58th Street, Between 42nd Street & 43rd Street, Mahar Aung Myae Township
Mandalay

Alerts

Be the first to know and let us send you an email when Mingalar Hospitals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mingalar Hospitals:

Share

Category