Shwe Thamar Taw

Shwe Thamar Taw welcome to our medical page! I hope you'd be satisfied our products and services.Thank you!

ညက အော်ဒါတင်တဲ့ ရန်ကုန် အော်ဒါလေး ၃ ခု ဒီနေ့မနက် Deli အပ်လိုက်ပါပြီခင်ဗျ။ဆေးလက်ဖက်ခြောက် ၁၀ ထုပ်ဆားခါးခြေဖဝါးကပ်ခွာ+ဆေးပ...
11/08/2021

ညက အော်ဒါတင်တဲ့ ရန်ကုန် အော်ဒါလေး ၃ ခု ဒီနေ့မနက် Deli အပ်လိုက်ပါပြီခင်ဗျ။

ဆေးလက်ဖက်ခြောက် ၁၀ ထုပ်
ဆားခါးခြေဖဝါးကပ်ခွာ+ဆေးပလာစတာ+ရှုလိမ်းဆေး
ဆေးလက်ဖက်ခြောက် ၂ ထုပ်

အသီးသီးမှာယူပေးကြတဲ့ ရန်ကုန်က customer ၃ ဦးကို အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ 🙏

https://www.facebook.com/102267578477641/posts/223092893061775/မင်မင်တို့ရဲ့ အရင် Page အ‌ဟောင်းလေး ပြန်ရပြီမို့ မိတ်သစ် ...
09/08/2021

https://www.facebook.com/102267578477641/posts/223092893061775/
မင်မင်တို့ရဲ့ အရင် Page အ‌ဟောင်းလေး ပြန်ရပြီမို့ မိတ်သစ် Customer အသစ်လေးတွေက Like & follow လေး လုပ်ထားပေးကြပါဦးခင်ဗျ။

ရှုလိမ်းဆေး 👉 ၁၂၀၀ ကျပ်⭐ ဆေးလိမ်းရင် လက်ကိုဆေးတွေ ပေမှာစိုးတယ်⭐ လိမ်းလည်းလိမ်း ရှုဆေးအနေနဲ့လည်း ရှုချင်တယ်ဆိုရင်တော့ ဒီလ...
09/08/2021

ရှုလိမ်းဆေး 👉 ၁၂၀၀ ကျပ်
⭐ ဆေးလိမ်းရင် လက်ကိုဆေးတွေ ပေမှာစိုးတယ်
⭐ လိမ်းလည်းလိမ်း ရှုဆေးအနေနဲ့လည်း ရှုချင်တယ်ဆိုရင်တော့ ဒီလို Roll on ပုံစံရှုလိမ်းဆေးဘူးလေးသာ ဆောင်ထားလိုက်ပါနော်။
ဘယ်သွားသွားအိတ်ထဲအလွယ်တကူသယ်သွားလို့လည်းရလို့ လုံးဝအဆင်ပြေတယ်နော်။
🌿 ယူကလစ်ဆီပါဝင်လို့ နှာစေးနှာပိတ်‌ ဝေဒနာ‌အပြင် အနံ့ပျောက်လို့ အနံ့ပြန်ရအောင်ကြိုးစားရာမှာလည်း အထောက်အကူပြုပါတယ်ခင်ဗျ။

ယူကလစ်ဆီ၊ မုန်ညင်းဆီ၊ ပရုပ်၊မင်သော်၊ထင်းရှုးဆီ၊ပက်ပါမင့်အဆီတို့ပါဝင်လို့👇👇👇
အကြောတက် ‌‌ညောင်းညာကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်းတို့အတွက် အထူးသင့်တော်တဲ့ ရှုလိမ်းဆေးဖြစ်ပါတယ်ခင်ဗျ။

🤔လောက်သေရွက်မှီဝဲချင်တယ်🤔ဘေးဥပါဒ်ဖြစ်မလားလည်းစိုးရိမ်တယ်...   ဆိုရင်တော့ မပူနဲ့တော့နော်။ဘေးမဖြစ်ဘဲဆေးဖြစ်စေမယ့်⭐လောက်သေရ...
09/08/2021

🤔လောက်သေရွက်မှီဝဲချင်တယ်
🤔ဘေးဥပါဒ်ဖြစ်မလားလည်းစိုးရိမ်တယ်...
ဆိုရင်တော့ မပူနဲ့တော့နော်။

ဘေးမဖြစ်ဘဲဆေးဖြစ်စေမယ့်
⭐လောက်သေရွက်ပမာဏ
Safety dose (within 2000mg) နဲ့အတူ
⭐ ချင်းခြောက်
⭐ လေးညင်းပွင့်
⭐ ကရဝေးရွက်
⭐ ထန်းညက်
⭐ သိန္နောဆား
⭐ ကွမ်းရွက် တို့ကို အချိုးကျ စီမံဖော်စပ်ထားတဲ့
ရွှေသမားတော် ဆေးလက်ဖက်ခြောက် ရှိပါတယ်ခင်ဗျာ။

ကြိုးဆွဲလက်ဖက်ခြောက်ထုပ်လေးကို ရေနွေးထည့်ထားတဲ့ခွက်ထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားပြီး သောက်သုံးရုံပါပဲနော်။

၁၅ ရက်စာအထုပ်ကြီးတစ်ထုပ်👉 ၄၅၀၀ ကျပ်

အများဈေးသီးသန့်ရှိတာမို့ ပြန်ရောင်းချင်တဲ့
မိတ်ဆွေတွေက Chat box မှာ လာစုံစမ်းပေးပါခင်ဗျာ။

ရွှေသမားတော်ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ လောက်သေရွက်လက်ဖက်ခြောက်⭐၁၅ ရက်စာ တစ်ထုပ်👉 ၄၅၀၀ ကျပ်
07/08/2021

ရွှေသမားတော်ကနေ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ လောက်သေရွက်လက်ဖက်ခြောက်

⭐၁၅ ရက်စာ တစ်ထုပ်👉 ၄၅၀၀ ကျပ်

လောက်သေရွက်ပြုတ်ရည် သောက်သင့်လား/မသောက်သင့်ဘူးလား?အိန္ဒိယ‌ဒေသကနေ စတင်ပေါက်ရောက်တဲ့ လောက်သေပင်ရဲ့ အင်္ဂလိပ်အမည်က Trefle G...
06/08/2021

လောက်သေရွက်ပြုတ်ရည် သောက်သင့်လား/မသောက်သင့်ဘူးလား?

အိန္ဒိယ‌ဒေသကနေ စတင်ပေါက်ရောက်တဲ့ လောက်သေပင်ရဲ့ အင်္ဂလိပ်အမည်က Trefle Gros ဖြစ်ပြီး ရုက္ခဗေဒအမည်ကတော့ Desmodium Triquetrum ဖြစ်ပါတယ်။

အရွက်ကို အဓိက ဆေးဘက်သုံးပါတယ်။ သူ့ရဲ့အာနိသင်တွေကတော့ မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေကို သေစေတယ်။ အထူးသဖြင့် Tuberculosis ဖြစ်စေတဲ့ TB ဘတ်တီးရီးယားပိုးကို သေစေလို့ အဆုတ် တီဘီဝေဒနာရှင်တွေအတွက် အင်မတန် ဆေးဘက်ဝင်ပါတယ်။

နောက်ပြီးသံကောင်တုတ်ကောင်တွေကိုပါ သေစေပါတယ်။ အဆုတ်အားကောင်းစေပြီး ချောင်းဆိုးသက်သာစေပါတယ်။ အစာကြေစေတဲ့သတ္တိရှိပြီး ဝမ်းမှန်စေပါတယ်။ လိပ်ခေါင်းရောဂါကိုလည်း သက်သာစေပါတယ်။ ဆီးရွှင်စေပြီး ဆီးရောဂါတွေမှာလည်း အာနိသင်ကောင်းတဲ့အရွက်ဖြစ်ပါတယ်။

အသည်းအားကောင်းစေပြီး အဖျားကျစေတဲ့သတ္တိရှိပါတယ်။ သူ့မှာပါတဲ့ Flavonoids ဓာတ်ပေါင်းတွေကြောင့် အသည်းကိုကာကွယ်ပေးပြီး Antioxidant သတ္တိလည်း ရှိပြန်ပါတယ်။

ဒီလိုအကျိုးအာနိသင်တွေရှိတဲ့ လောက်သေရွက်မို့လည်း Covid19 ဒဏ်ကို ခါးစည်းခံနေရတဲ့ မြန်မာလူထုအများစုက အားကိုးတကြီး အိမ်မှာ ကျိုသောက်ပြုတ်သောက်နေကြတာဖြစ်ပါတယ်။အပြစ်မတင်ရက်ပါဘူးခင်ဗျာ။ လေ့လာတွေ့ရှိချက်တွေအရလည်း လောက်သေရွက်ဟာ covid ပိုးကိုမသေစေနိုင်သော်လည်း covid ပိုးကြောင့်ဖြစ်လာတဲ့ ရောဂါ‌လက္ခဏာတွေကိုတော့ အတော်လေး သက်သာစေတာကို တွေ့ရှိရကြောင်း သိရပါတယ်။

ဒါပေမဲ့လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားကလည်း ရှိပါသေးတယ်မဟုတ်လားဗျာ။ လေ့လာတွေ့ရှိမှုတွေအရ လောက်သေရွက်ကို သောက်သုံးသင့်တဲ့ အန္တရာယ်ကင်းတဲ့ ဆေးပမာဏကတော့ တစ်နေ့ကို 2000mg အပြင် ပိုမသောက်သင့်ပါဘူးတဲ့ခင်ဗျာ။

ဒီတော့ မိဘပြည်သူတွေ ရောဂါပျောက်ချင်ဇောအားကြီးပြီး လောက်သေရွက်ပြုတ်ရည်တွေကို အိုးလိုက်ကျိုပြီး တစ်နေကုန်ထိုင်သောက်နေတာမျိုးဟာ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားစေ‌နိုင်ကြောင်း ကျွန်တော်တို့ရဲ့ ရွှေသမားတော် page ကနေစေတနာများစွာနဲ့ ကျန်းမာရေးအသိပညာပေးလိုက်ပါတယ်ခင်ဗျာ။

ဒါကတော့ မြန်မာဆေးကျမ်းအလိုအရ လောက်သေပင်အကြောင်းကို ဗဟုသုတအနေနဲ့ဖတ်လို့ရအောင်ပါ။

ပုံသဏ္ဌာန် : အပင် - ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။ အရွက် - ရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာ အတောင် ပါသည်။ ရွက်ညှာရင်း နား တွင် ရွက်စွယ် အဖတ်လေး များ ရှိ၏ ။ အပွင့် - အလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညို်ရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။ အသီး - သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အောက်ပိုင်း စွတ်စို သော ဒေသ များ ၌ ပေါက်၏။သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလိုအရ လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင် သည်။

အသုံးပြုပုံ- အမြစ် ၁။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ အရွက် ၁။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ဝမ်းကိုက် ရောဂါ ၊ ဝမ်းဖော ဝမ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။ ၂။ အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။ ၃။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။ ၄။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ဝမ်းကိုက် ၊ သွေး့ဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ ၅။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ေဝှး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။ ၆။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။ ၇။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။ ၈။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။ ၉။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။ ၁၀။ ကလေးများ အနာစက် ၊ ဝဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။ ၁၁။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။ ၁၂။ စအို မျှော့ ဝင်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အဝတ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။

လောက်သေရွက်ဆေးလက်ဖက်ခြောက်အပြင် ရွှေသမားတော်တိုင်းရင်းဆေးတိုက်ကထုတ်တဲ့ တခြား Product တွေကို ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ👇👇👇...
06/08/2021

လောက်သေရွက်ဆေးလက်ဖက်ခြောက်အပြင် ရွှေသမားတော်တိုင်းရင်းဆေးတိုက်ကထုတ်တဲ့ တခြား Product တွေကို ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ👇👇👇

အဆင်မပြေဖြစ်နေကြတဲ့ဒီကာလကြီးမှာ
မင်မင်တို့ဘက်ကနေ Mobile banking/ K Pay /
Wave Pay တို့နဲ့လက်ခံပေးပါတယ်ခင်ဗျ🙏

အများဈေးသီးသန့်ရှိတာမို့ Chat box မှာ စုံစမ်းပေးပါခင်ဗျာ။

06/08/2021

ရွှေသမားတော် ဆေးအရောင်း post တွေကို ဒီ Page အသစ်မှာ ပြန်လည်တင်ပေးသွားပါမယ်ခင်ဗျာ။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Shwe Thamar Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram