Shwe La Thar-Shining Moon,Diagnosis Center.

Shwe La Thar-Shining Moon,Diagnosis Center. Reasonable price and reliable results.

ကမ္ဘာ့သွေးလှူရှင်များနေ့        ( 14 - 6 - 2024 )      15 ရာစုနှစ်‌  လောက်က စခဲ့တဲ့ အောင်မြင်မှုတွေ မအောင်မြင်မှုတွေနဲ့ရ...
15/06/2024

ကမ္ဘာ့သွေးလှူရှင်များနေ့
( 14 - 6 - 2024 )

15 ရာစုနှစ်‌ လောက်က စခဲ့တဲ့ အောင်မြင်မှုတွေ မအောင်မြင်မှုတွေနဲ့ရောပြွန်းနေတဲ့ သွေးသွင်းကုသမှုတွေဟာ 20 ရာစု(1940 ခုနှစ်)ရောက်မှ Dr Karl Land Steiner ရဲ့" ABO" Blood group system တွေ့ရှိမှုနဲ့ လူအသေအပျောက်များစွာလျော့ကျစေနိုင်ခဲ့ပြီး သွေးသွင်းကုသမှု သမိုင်းသစ်ကို ဖွင်လှစ်နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း Dr Karl Land Steiner ကို "သွေးသွင်းကုသမှုရဲ့ ဖခင်" (Father of Transfution)လို့
တင်စားသတ်မှတ်ခဲ့ကြပါတယ်။
ထို့အတူဘဲ သွေးသွင်ကုသမှုနဲ့အတူ ယှဉ်တွဲပြီးအဓိကနေရာကပါလာကြတဲ့ သူတွေကတော့ စေတနာသွေးအလှူရှင် (Volunteer Blood Donors ) တွေဘဲဖြစ်ပါတယ်။
စေတနာသွေးလှူရှင်တ ယောက် ချင်းစီဟာ လူမမာသွေးလိုအပ်တယ်ဆိုတာနဲ့ ‌လုပ်နေတဲ့အလုပ်တွေကိုရပ်ပြီးသွေးလှူဘို့ အဆင်သင့်ဖြစ်နေကြတဲ့ စိတ်ဓါတ်ဟာအရမ်းလေးစားချစ်စရာကောင်းလှပါတယ်။

စေတနာ သွေလှူရှင်တွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရက်တရက် သတ်မှတ်ကြတဲ့အခါမှာ WHO (World Health Organization ) က သွေသွင်းကုသမှုသမိုင်းကို များစွာ ကောင်းကျိုးပြုပြောင်းလဲစေခဲတဲ့ သွေးသွင်းကုသမှုရဲ့ဖခင်ကြီး (Father of Blood Transfusion )ရဲ့မွေးနေ့ဖြစ်တဲ့ June 14 ရက်နေ့ကို ကမ္ဘာ့ သွေးလှူရှင်များနေ့(World Blood Donors Day) အဖြစ် 2004 ခုနှစ်မှာစတင်သတ်မှတ်ခဲ့ပါတယ်။ အခု 2024 ခုနှစ်ဆိုတော့ ကမ္ဘာ့ သွေးလှူရှင်များနေ့လို့သတ်မှတ်ခဲ့တာ အနှစ်20 တောင်ရောက်လာခဲ့ပြီလေ။
ကမ္ဘာ့သွေးလှူရှင်များနေ့ 2024။ (World Blood Donors Day ,2024)ဆောင်ပုဒ်က လည်း
Thank You Blood Donors ပါတဲ့ဗျာ။

* ( စေတနာသွေးလှူရှင်များ နှင့် ကိုယ်တိုင်လည်းသွေးလှူ လှူချင်တဲ့သူတွေကိုလည်း ကူညီဆောင်ရွက်ပေးနေကြတဲ့ ဖြူစင်တဲ့ ပရဟိတသမားများကို လေးစားပါတယ်)

Than Naing Chit
ဓါတ်ခွဲ

Accuracy ကောင်းမွန်ပြီး Medical Grade ဖြစ်တဲ့ JN Finger Clip Oximeter လေးများကို သင့်တင့်မျှတတဲ့ဈေး​လေးနဲ့ ဝယ်ယူ အသုံြး...
18/09/2021

Accuracy ကောင်းမွန်ပြီး Medical Grade ဖြစ်တဲ့ JN Finger Clip Oximeter လေးများကို သင့်တင့်မျှတတဲ့ဈေး
လေးနဲ့ ဝယ်ယူ အသုံးပြုနိုင်ပါပြီ။

♥ ဒီ JN Finger Clip Oximeter မှာဆိုရင် အသုံးခံတဲ့ Super Alkaline Battery ပါ ပါပြီးဖြစ်လို့ အလွယ်တကူ စိတ်ချမ်းသာစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

👌 ဈေးနှုန်းက - 18000 ကျပ် ပါ။

ဆက်သွယ်မှာယူရန် 📲 092060229 / 09782060229
09256015749

🚴‍♀️ ပစ္စည်း ရောက်ငွေချေစနစ်နဲ့ မြို့ကြီးများကို ပို့ပေးနေပါတယ်။အချို့ မြို့များကိုတော့ K pay, Wave money( % ရာခိုင်နှုံး အပိုပေးစရာမလိုပါ) တို့ဖြင့် ငွေကြိုလွှဲ စနစ်နဲ့ ပို့ပေးမှာဖြစ်ပါတယ်။

♥ ဒီ JN Finger Clip Oximeter လေးတွေဟာ Accuracy ကောင်းမွန်တဲ့အတွက် အမေရိကန်နိုင် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA -US) ကနေပြီး Medical Grade အဖြစ်အသိအမှတ်ပြုထား တဲ့ Oximeter ဖြစ်ပါတယ်။
♥ ISO 13485 ရထားတဲ့အတွက် Medical used အနေနဲ့ အသိအမှတ်ပြုထားပါတယ်။
♥အမေရိကန်နိုင်ငံFCC (Federal Communications commission)ကနေ အသိအမှတ်ပြု ထောက်ခံချက် ရရှိထားတဲ့ Oximeter လေးဖြစ်ပါတယ်။
♥ဒါ့အပြင် ဒီ JN oximeter ​လေး​တွေဟာ European Union(EU) ရဲ့ electrical နဲ့ electronic ပစ္စည်းတွေမှာ အန္တရာမရှိကြောင်း ထောက်ခံချက်ပေးတာဖြစ်တဲ့ Restriction of Hazardous substances(RoHS) အသိအမှတ်ပြု လက်မှတ်လည်းရပြီးဖြစ်ပါတယ်။
♥CE (conformité européenne/ "European conformity")ဆိုတဲ့ ဥရောပ နိုင်ငံတွေရဲ့ ဈေးကွက်ဖြန့်ဖြူးးနိုင်ရန် ခွင့်ပြုချက်ရရှိထားတဲ့ Oximeter လည်းဖြစ်ပါတယ်။

JN Finger Clip Oximeter ကို တရုပ်နိုင်ငံရဲ့ နိုင်ငံတကာ အသိအမှတ်ပြုကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Shenzhen Jiangnan Medical Technology CO.,LTD မှထုတ်လုပ်ထားတာဖြစ်ပြီး ယခုလက်ရှိ အမေရိကန်နိုင်ငံ ၊ဥရောပ နိုင်ငံများနဲ့ အာဖရိက နိုင်ငံတွေကို တင်သွင်း ဖြန့်ဖြူးနေတဲ့ medical device တစ်ခုဖြစ်ပါတယ်။

Oximeter တွေ Quality ဘယ်လောက်ကောင်းကောင်း တိုင်းတာမှု မမှန်ကန်ပါက အဖြေမှန်ကန်မှုကို သွေဖယ်နိုင်ပါသေးတယ်
♥ဒါ့​ကြောင့်Oximeter တိုင်းတာရာမှာ ​အောက်ပါအျက်​တွေကိုသတိပြု လိုက်နာဘို့ လိုအပ်ပါတယ်။

* မတိုင်းမီ 5 မိနစ်ခန့် သက်သာစွာအနားယူပါ။

*တိုင်တာမှုဟာ အလင်းစုပ်ယူမှုကို တိုင်တာတာဖြစ်လို့ တိုင်းတာချိန်တွင် နေရောင်ခြည်အောက်/စူးရှသောအလင်ရောင်အောက်တွင်မတိုင်းရပါ။

*လက်သဲပေါ် တွင် ဆိုးဆေး ရှိပါက ဖယ်ရှားပြီးမှတိုင်း ပါ။အခြား​သော ညစ်​ပေ​နေပါကသန်ံရှင့်း ပြီးမှတိုင်းပါ။

*လက်ချောင်းလေးများ သာမာန်အပူချိန်ရောက်ပြီး သွေးစီးစင်းမှု ကောင်းစေရန် warming up လုပ် ပြီးမှတိုင်းပါ။
(လက်သီးဆုပ်လိုက် ပြန်ဖြေလိုက် ၁၅ ကြိမ်ခန့် ပေးပါ)

* ပထမ ဦးစွာ power ခလုပ် ကိုနှိပ်၍ဖွင့်ပါ။

*လက်ညှိုး နှင့် လက်ခလယ် တခုခု အသုံးပြု၍တိုင်းပါ။

*တိုင်းတာချိန်တွင် လက်ကို နှလုံးနှင့် တတန်းထဲထား၍ငြိမ်ငြိမ်ထား၍တိုင်းပါ။

*တမိနစ်အနည်းဆုံးထား၍ ၅ စက္ကန့် ခန့် မပြောင်းလဲဘဲ ငြိမ်နေသော အဖြေကို ယူပါ။

ဤနည်းအားဖြင့် SPO2(Saturation of Peripheralblood Oxygen) % ကို တိကျမှန်ကန်စွာ တိုင်းတာနိုင်ပါသည်။

18/08/2021

OXIMETER သတိထားစရာ

*Fingertip pulse Oximeter ဆိုတာ လူတိုင်းအတွက် အသက်ကယ်ရာမှာ သုံးရမဲ့ ပစ္စည်းဖြစ်လို့. ဝယ်တဲ့အချိန်မှာက စလို့ သတိထားရပါ့မယ်။
1 # ပထမဦးဆုံးဝယ်ချိန်မှာ ဓာတ်ခဲပါမပါ နဲ့ ပါတဲ့ ဓာတ်ခဲက alkaline ဓာတ်ခဲဟုတ်မဟုတ်ဆိုတာအ​ရေးကြီးလှပါတယ်။ Oximeter တွေဟာ power consumption များတဲ့အတွက် instruction စာရွက်မှာကိုက alkaline ဓာတ်ခဲကို အသုံးပြု ဘို့ ညွှန်းထားပါတယ်။သာမာန် ဓာတ်ခဲတွေကို အသုံးပြုမယ်ဆိုရင် ခဏသာ အသုံးခံပြီး ရေရှည်မှာ oximeter ကို ထိခိုက်စေနိုင်လို့အသုံးမပြုသင့်ပါဘူး။
Oximeter တွေကို ယျေဘူယအားဖြင့် precription Oximeter နဲ့ OTC Oximeter( Over the counter) ဆိုပြီး (၂)မျိုးခွဲထာပါတယ်။
prescription oximeter ဆိုတာ FDA(US) ကနေပြီး ဆေးရုံ ဆေးခန်းတွေနဲ့ဆေးဘက်ဆိုင်ရာနှီးနွယ်တဲ့သူတွေ အသုံးပြုလို့ရတဲ့အထိ accuracy ကောင်းတယ်လို့ အသိအမှတ်ပြု ပေးထားတဲ့ Fingertip oximeter ကို​ခေါ်တာဖြစ်ပါတယ်။ FDA(US) က အဲဒီလိုအသိအမှတ်ပြုဘို့အတွက် medical device ကို clinical trial တွေအကြိမ်ကြိမ် ပြုလုပ်စစ်ဆေးပါတယ်။ accuracy, quality ကောင်းပြီး effectiveness and safety ဖြစ်မှအသိအမှတ်ပြုထောက်ခံချက်ထုတ်ပေးတာဖြစ်ပါတယ်။
European comunity representative(EC REP)ဆိုတဲ့ ဥရောပ အသိအမှတ်ပြုရထားတဲ့ Oximeter တွေဟာလည်း FDA (US) အသိအမှတ်ပြု သလိုဘဲ quality
ကိုသေခြာစစ်ဆေးပြီးမှ ထုတ်ပေးတာဖြစ်ပါတယ်။ကျနော်တို့ရဲ့
မြန်မာနိုင်ငံ ဈေးကွက်ထဲမှာတော့ ဒီလို FDA(US) နဲ့ EC REPအသိအမှတ်ပြု ထောက်ခံချက်ပေးထာတဲ့ Fingertip pulse oximeter တွေ ရှားပါးပြီး တွေ့ရင်လည်း ဈေးနှုန်းမြင့်(သုံးသောင်းကျော်)နေတတ်ပါတယ်။ဒါပေမဲ့ အရေးကြီးပစ္စည်း ဆိုတော့ Qulity ကို ဘဲ ဝယ်သုံးသင့်ပါတယ်။
နောက်ပြီး ကိုဝယ်မယ့် oximeter မှာ European Union(EU) ရဲ့ electrical နဲ့ electronic ပစ္စည်းတွေမှာ အန္တရာမရှိကြောင်း ထောက်ခံချက်ပေးတာဖြစ်တဲ့ Restriction of Hazardous substances(RoHS) အမှတ်အသားပါရင်တော့ ပိုလို့ကောင်းတာပေါ့။လူကို အန္တရာယ်ပေးနိုင်တဲ့ ဓာတ်ရောင်ခြည်ဖြာထွက်မှုတွေ electric နဲ့ပက်သက်တဲ့ အနန္တရာယ်မရှိကြောင်း ထောက်ခံချက်ပေးထားတာဖြစ်ပါတယ်။

OTC Oximeter တွေကိုတော့ အားကစားဌာနတွေ လေကြောင်းဌာနတွေမှာသာသုံးကြပြီး FDA(US)က အသိအမှတ်ပြုပေးမထာပါဘူး။
♥ဒါ့ကြောင့် Fingertip pulse oximeter တွေဝယ်တဲ့အခါ ဘယ်နိုင်က ထုတ်တာဘဲဖြစ်ဖြစ် FDA (အမေရိကန်)ဒါ့မှမဟုတ် EC REP(ဥရောပ)တခုခုက အသိအမှတ်ပြု အမှတ် အသားတခုခု ပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

2 # တိုင်းတာတဲ့ အခါမှာလည်း အ​ဖြေမမှား​အောင်သတိပြုရမည့်အချက်​တွေ ရှိပါတယ်။
Oximeter နဲ့ SPO2 (Saturation of Peripheral blood Oxygen)ကို တိုင်းတဲ့အခါမှာ spectrophotometric နည်း (Beer Law) ကို အ​ခြေခံထားတာဖြစ်ပါတယ်။Oximeter ရဲ့ probe တဖက်ကနေ Near InfraRed(940nm) နဲ့ အနီရောင်(660nm) တိုကိုထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီအရောင်တန်း​တွေက peripherial blood ကိုဖြတ်သွားပြီး opposite probe မှာရှိတဲ့ photo diote ကိုရောက်သွားပြီး ရောက်ရှိလာတဲ့ အလင်ရောင် ပမာဏတွေကတဆင့် SPO 2 ကို တွက်ယူတာဖြစ်ပါတယ်။
NIR နဲ့ အနီရောင် အလင်းတန်း ဟာ non vescular tissue တွေနဲ့ tissue fluid တွေက စုပ်ယူနိုင်ခြင်းမရှိတဲ့ အလင်းတန်းတွေဖြစ်တဲ့အတွက် တိုင်းတာရာမှာ အနှေက်အယှက်ကင်းစေပါတယ်။ဒါ့အပြင် peripherial blood မှာ oxyhaemoglobin (O2Hb) နဲ့ deoxyhaemoglobin(HHb) တွေရောနှောနေတဲ့အတွက် O2Hb ကိုသီသန့် ခွဲထုတ်နိုင်ဘို့ wave length နှစ်မျိုးဖြစ်တဲ့ NIR နဲ့ Red colour တွေနဲ့တိုင်းတာဖြစ်ပါတယ်။O2Hb က NIR ကို ကောင်းစွာစုပ်ယူနိုင်ပြီး deoxyhaemoglobin ကတော့ အနည်းငယ်ဘဲစုပ်ယူနိုင်ပါတယ်။အပြန်အလှန်အနေနဲ့ Red Colour ကိုတော့ deoxyhaemoglobin ကကောင်းစွာစုပ်ယူနိုင်ပြီး NIR ကတော့ အနည်းငယ်သာ စုပ်ယူနိုင်ပါတယ်။ဒီ ကွာခြားချက်ကို အသုံးပြုပြီး SPO2 ကို တိုင်းတာယူခြင်းဖြစ်ပါတယ်။
♥Oximeter တိုင်းတာရာမှာ သတိပြုရမည့်အချက်တွေကတော့
* မတိုင်းမီ 5 မိနစ်ခန့် သက်သာစွာအနားယူပါ
*လက်သဲပေါ် တွင် ဆိုးဆေး ရှိပါက ဖယ်ရှားပြီးမှတိုင်း ပါ။
*လက်ချောင်းများအေးနေပါက သာမာန်အပူချိန်ရောက်
အောင်လုပ်ပြီးမှတိုင်းပါ။
*လက်ညှိုး နှင့် လက်ခလယ် တခုခု အသုံးပြု၍တိုင်းပါ။
*တိုင်းတာချိန်တွင် လက်ကို နှလုံးနှင့် တတန်းထဲထား၍ငြိမ်ငြိမ်ထား၍တိုင်းပါ။
*တမိနစ်အနည်းဆုံးထား၍ ၅ စက္ကန့် ခန့် မပြောင်းလဲဘဲ ငြိမ်နေသော အဖြေကို ယူပါ။
*တိုင်တာမှုဟာ အလင်းစုပ်ယူမှုကို တိုင်တာတာဖြစ်လို့ တိုင်းတာချိန်တွင် နေရောင်ခြည်အောက်/စူးရှသောအလင်ရောင်အောက်တွင်မတိုင်းရပါ။

@ ဒါ့အပြင် နောက်ထပ် အဖြေကိုလွဲမှားစေနိုင်တဲ့ အချက်တွေရှိနေပါသေးတယ်။
* Blood pressure (systolic 90 ထက်နည်းသူတွေ
* Reduced perfusion ဆိုတဲ့ သွေးလှည့်ပတ်မှု နည်းသူ​တွေ
* သွေးအား နည်းရောဂါရှိသူတွေ
*သွေပြန်ကြော ပိတ်ဆို့သူတွေ
*abnormal Hb ရောဂါရှိသူတွေ
အမှန်တကယ်ရှိနေတဲ့ ပမာဏထက်လျော့နည်းပြတတ်ပါတယ်။

*နှစ်ရှည် ဆေးလိပ်သောက်လာသူတွေ
*carbonmonoxide poisoning တွေ
* sickle cell anaemoa ရောဂါတွေ
*HbA1C >7.0 ထက်ပိုများသူတွေမှာ
အမှန်တကယ်ရှိနေတဲ့ပမာဏထက် ပိုပြီးပြနေတတ်
်ပါတယ်။
♥Oximeter ဟာ လူတိုင်းအတွက် အရေးကြီးပစ္စည်းဖြစ်လို့ ဝယ်ရာမှာ မမှားဘို့နဲ့ တိုင်းတာရာမှာလည်း အမှားမရှိအောင် ဂရုတစိုက်တိုင်း နိုင်ကြဘို့ လေ့လာရေးသားလိုက်ပါတယ်ခင်ဗျ။

Than Naing Chit (PHL)

ခံတွင်းသန့်ရှင်းရေးကို ကောင်းစွာလုပ်တဲ့အလေ့အကျင့်က-ရောဂါဖြစ်ပွားမှုတချို့ကို ကာကွယ်နိုင်ပါတယ်။-ပဋိဇီဆေးသောက်ရမှုကို လျော့ခ...
29/11/2019

ခံတွင်းသန့်ရှင်းရေးကို ကောင်းစွာလုပ်တဲ့အလေ့အကျင့်က
-ရောဂါဖြစ်ပွားမှုတချို့ကို ကာကွယ်နိုင်ပါတယ်။
-ပဋိဇီဆေးသောက်ရမှုကို လျော့ချနိုင်ပါတယ်။
-ဆေးယဉ်ပါး ရောဂါပိုး များဖြစ်ပေါမှုကိုလည်း အထိုက်အလျှောက်ကာကွယ်စေပါတယ်။

Good oral hygiene 🦷👄 prevents infections from spreading, reducing the need for antibiotics which helps limit antibiotic resistance.

လေဖြတ် ခြင်း လက္ခဏာနှင့် ဆောင်ရန်ရှောင်ရန်
27/12/2018

လေဖြတ် ခြင်း လက္ခဏာနှင့် ဆောင်ရန်ရှောင်ရန်

တွေ့ ရခဲပေမဲ့ ရန်ကုန်ကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံသားBombay blood group (Oh)           4-12-2018 ရက်နေ့ထုတ် ဧရာဝတီသတင်းစာမ...
20/12/2018

တွေ့ ရခဲပေမဲ့ ရန်ကုန်ကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံသား
Bombay blood group (Oh)

4-12-2018 ရက်နေ့ထုတ် ဧရာဝတီသတင်းစာမှာ ရန်ကုန်ဆေးရုံကြီး အသက် ၃၄ နှစ်အရွယ် အမျိုးသမီး အတွက် နှလုံးခွဲစိတ်ဘို့ လိုအပ်နေတဲ့ blood 2 bags ကို အိန္ဒိယနိုင်ငံ ကနေ cold chain နဲ့သယ်ယူပြီးသွေးသွင်းအသက်ကယ်နိုင်ခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
ကျနော်တို့နိုင်ငံ သွေးသွင်းးကုသမှု သမိုင်းမှာ ဒီ Bombay blood group ဖြစ်စဉ်ဟာ ပထမဦးဆုံးဖြစ်မယ်ထင်ပါတယ်။
Bombay blood group-Oh ဆိုတာကလည်း တကမ္ဘာလုံးမှာ လူ တစ်သန်းမှာမှ လေးယောက် (0.000004% )လောက်သာတွေ့နိုင်ခဲတဲ့ အင်မတန် ရှားပါးတဲ့ သွေးအုပ်စုပါ။ဒါပေမဲ့ ဒီ Bombay blood group-Oh ကို စတွေ့တဲ့နေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ လူတစ်သောင်းကို တစ်ယောက်(0.0001%)နှုန်းလောက်တွေ့ရပါတယ်။စတွေ့တဲ့နေရာ အန္ဒိယ နိုင်ငံ Bombay မြို့ကို အစွဲပြီးBombay blood group-Oh လို့ခေါ်တာပါ။ ယခုတော့ Bombay မြို့ကို Mumbai လို့ခေါ်ပါတယ်။
India နိုင်ငံမှာ Bombay blood group-Oh တွေ့ရှိမှု နှုန်းများနေရတာကလည်းconsenguineous marriage ဆိုတဲ့ ဆွေမျိုးအရင်းအခြာ ခြင်းအိမ်ထောင်ပြုမှု ဓလေ့ရဲ့အကြိုးသက်ရောက်မှု ကြောင့်လို့ လေ့လာသုံးသပ်ထားကြပါတယ်။ဆွေမျိုးအရင်းအခြာ အိမ်ထောင်ပြုမှု ဖြစ်စဉ် ကြောင့်genes mutation ဖြစ်ပြီး H genes ဟာ recsesive ဖြစ်လာပြီး Red cellပေါ်မှာ ဘာ antigen မှမရှိတဲ့ Bombay blood group-Oh ဆိုတဲ့ အရှားပါးဆုံး blood group ဖြစ်လာတာပါ။
Bombay blood group-Oh ရဲ့ထူးခြာချက်ကတော့ မည်သူ့ကိုမဆို လှူနိုင်ပေမယ့် သူ့အတွက် လိုအပ်ပြီဆိုရင်တော့ အိန္ဒိယ ကို အကူအညီတောင်းရဘို့များပါတယ်။အရှားပါးဆုံးဖြစ်နေလို့ပါဘဲ။Bombay blood group-Oh ကို မည်သည့် ABO Blood group ထဲကိုမဆိဲုသွေးသွင်းကုသလို့အဆင်ပြေပေမယ့် မည်သည့် ABO Blood groupကိုမှ Bombay blood group-Oh ထဲသွေးသွင်းကုသလို့ မရပါဘူး။ဘာကြောင့်လဲ ဆိုတာ blood group antigen နဲ့ antibody တွေကို သိရှိထားမှဖြစ်ပါ့မယ်။
ကျနော်တို့ အတော်များများသိထားတဲ့ Blood group 'O' ရဲ့ Red cell ပေါ်မှာ ဘာ antigen မှ မရှိဘူးဆိုတာ မှားနေပါတယ်။ ABO Blood group အားလုံး(group-A, B, AB, O)ရဲ့ Red cells ပေါ်မှာ antigen -H ရှိနေပါတယ်။
Antigen - H ဟာ ABO Blood အားလုံးမှာပါနေတဲ့ အခြေခံ building block ပါ။
Antigen - H ပေါ်မှာဆင့်ပြီး မှ enzyme action နဲ့ Antigen - A, B တွေဖြစ်လာတာဖြစ်ပါတယ်။Blood group 'O' မှာတော့ Antigen - H ပေါ်ဆင့်ပေါင်းဘို့ enzyme ပါမလာလို့ သူ့အတိုင်း building block -antigen -H ဘဲရှိနေပါတယ်။
Bombay blood group-Oh ရဲ့ Red cells တွေမှာတော့ building block ဖြစ်တဲ့ antigen -H တောင်မပါတဲ့အတွက် ဘာ antigen ဆက်ဖြစ်မလာတော့ဘာဘူး။
Antigen ကတော့ မွေးကတည်းက genes နဲ့အတူပါလာခဲ့ပေမယ့် antibody ကတော့ ပါမလာခဲ့ပါဘူး။ပါတ်ဝန်းကျင်က antigenic particles တွေ stimulate ကြောင့်သာ သွေးထဲမှာဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ဒါ့ကြောင့် ၄ လအတွင်း မွေးကင်းစ ကလေးငယ်တွေကို cell grouping လုပ်မှ blood group အမှန်ရမှာဖြစ်ပြီး serum grouping နဲ့ဆို မမှန်နိုင်ပါဘူး။
ပါတ် ဝန်းကျင်မှာရှိတဲ့ ABO Blood group antigen - A, B, AB , H တွေနဲ့တူတဲ့, အစားအစာ , bacteria,virus တွေဟာ ကလေးရဲ့ ခန္ဓာကိုယ်ထဲကို တနည်းနည်းနဲ့ ဝင်သွာရာကနေ immune respond ကြောင့် ကလေး အသက် ၄ လကြော်လောက်မှာ သက်ဆိုင်ရာ antibody တွေကို စမ်းသပ်တွေ့ရှိရတာဖြစ်ပါတယ်။
Bombay blood group-Oh ရဲ့. Red cell ပေါ်မှာ blood antigen တခုမှမရှိတဲ့အတွက် ဝင်လာသမျှ antigenic တွေကို respond လုပ်ရင်း blood ထဲမှာABO Blood group antibody - A, B, AB, H တွေ ဖြစ်လာပါတယ်။
blood group-O မှာ antigen -H ရှိနေတဲ့အတွက်Bombay blood group-Oh ထဲ သွေးသွင်းကုသလို့မရပါဘူး။
သွေးသွင်းကုသမယ်ဆိုရင် Bombay blood group-Ohလူနာမှာရှိနှင့်ပြီးသား High titre antibody-H နဲ့ သွေးလှူရှင်ရဲ့ blood မှာရှိတဲ့ antigen -H တို့ထိတွေ့ပြီးHaemolytic Transfusion Reaction ဖြစ်ပြီး လူနာသေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။
Bombay blood group(Oh) နဲ့ Blood group-O ဘယ်လို ခွဲခြားမလဲ ဆိုရင် အကြမ်းဖျင်းအားဖြင့် serum grouping(reverse. grouping)နဲ့ ခွဲခြားနိုင်ပါတယ်။
Cell grouping မှာ တော့ Bombay group ရဲ့ Red cells မှာဘာ antigenမှမရှိတဲ့အတွက် anti-A, anti-B, anti-AB တွေမှာ agglutination ပေးမှာမဟုတ်ပါဘူး။ဒါ့ကြောင့် Blood group - O လို့အဖြေထွက်မှာပါ။
serum grouping(reverse. grouping)မှာတော့ Bombay group ရဲ့ serum ထဲမှာ antibody - A, B, AB, H တွေရှိနေတဲ့အတွက် known-A cell, known -B cell, Known -O cell (H-cell) တွေ ၃ ခုလုံးနဲ့ agglutination ပေးပါတယ်။Blood group-O ရဲ့ serum ထဲမှာ တော့ antibody-A. နဲ B ရှိလို့ known-A cell, known -B cell မှာ agglutination ပေးသော်လည်း antibody-H မရှိလို့ known-O cell(H- cell) နဲ့ agglutination မပေးနိုင်ပါဘူး။
Bombay blood group-Oh ကို အတိအကျ confirm လုပ်ချင်ရင်တော့ specific anti- H. antiserum ဒါမှာမဟုတ် DNA test တွေ နဲ့စစ်ဆေးရမှာဖြစ်ပါတယ်။
ABO blood group အားလုံးရဲ့ Red cell တွေဟာ specific anti- H. antiserum နဲ့ agglutination ပေးမှာဖြစ်ပေမဲ့ Bonbay blood group ရဲ့ Red cells တွေကတော့ agglutination ပေးမှာမဟုတ်ပါဘူး။
ဖြစ်ခဲပေမဲ့ ဖြစ်သွားခဲ့တဲ့ဖြစ်စဉ် လေးမို့ ရှာဖွေလေ့လာ မျှဝေလိုက်ပါသည်။
Than Naing Chit
PHL

07/09/2018
07/09/2018

Avoid alcohol
Be physically active 🏃‍♂️🚴‍♀️
Cut down salt and sugar
Don't use to***co products
Eat plenty of 🥦🥕🍅 and 🍊🍉🍍

Address

39 Street, Between 81 And 82 Street
Mandalay
092060229

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+95 9 206 0229

Website

Alerts

Be the first to know and let us send you an email when Shwe La Thar-Shining Moon,Diagnosis Center. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Thar-Shining Moon,Diagnosis Center.:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram