09/12/2025
ဦးနှောက်ကျန်းမာရေးအတွက် အစားအစာများ
ဦးနှောက်ကျန်းမာရေးက ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေအောင်၊ အာရုံစူးစိုက်နိုင်စွမ်းတွေ ကောင်းမွန်အောင် ပြုလုပ်တဲ့နေရာမှာ များစွာ ပါဝင်ပတ်သက်မှုရှိပါတယ်။
ကောင်းမွန်တဲ့ ဦးနှောက်လုပ်ငန်းဆောင်တာများရရှိစေဖို့ အစာအာဟာရများ မှန်ကန်စွာရွေးချယ်ခြင်းက အလွန်အရေးကြီးပါတယ်။
အောက်မှာဖော်ပြထားတဲ့ အစာအာဟာရများက ဦးနှောက်ကျန်းမာရေးအတွက် အထူးသင့်လျော်ကြောင်း အကြံပြုလိုပါတယ်။
Ωmega-3 ပါဝင်တဲ့ ငါးမျိုးများ
ဆယ်လ်မွန်ငါး၊ ငါးသလောက်နဲ့ Omega 3 ပါဝင်တဲ့ ငါးအမျိုးမျိုးဟာ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။
အစေ့အဆန်များ
အာလူး၊ sunflower seeds၊ တခြားအစေ့အမျိူးမျိုးဟာ ဗီတာမင် E နဲ့ antioxidants များပါဝင်တာကြောင့် ဦးနှောက်ဆဲလ်များကို ထိခိုက်နိုင်တဲ့ oxidative stress များကို လျှော့ချပေးနိုင်ပါတယ်။
အသီးအနှံများ
Antioxidants အများဆုံး ပါဝင်တဲ့ ငှက်ပျောသီး၊ ပန်းသီး၊ berry သီးများကို စားသုံးပေးခြင်းကလည်း သင်ယူလေ့လာနိုင်စွမ်းနှင့် မှတ်သားနိုင်စွမ်းများ မြင့်မားအောင် ကူညီပေးနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်များ
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ခရမ်းသီးစတဲ့ အစားအစာများကလည်း ဦးနှောက်ကို သွေးလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပံ့ပိုး ပေးနိုင်ပါတယ်။
ကော်ဖီနှင့် Green Tea
ကော်ဖီနဲ့ Green Tea ကို များများသောက်သုံးတာမျိုး မပြုလုပ်သင့်ပေမယ့် တစ်ခါတလေ သောက်သုံးမယ်ဆိုရင်တော့ သူ့မှာပါဝင်တဲ့ caffeine နှင့် antioxidants များက အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ ဦးနှောက်နိုးကြားမှုကို အထောက်အကူပြုနိုင်ပါတယ်။
အကောင်းဆုံးကတော့ မိမိကျန်းမာရေးအနေအထားနှင့် ကိုက်ညီမှုရှိစေရန် အာဟာရကျွမ်းကျင်ပညာရှင်များရဲ့ အကြံဉာဏ်ကို ရယူပြီး အစားအစာ ရွေးချယ်စားသောက်ဖို့လည်း အလွန်အရေးကြီးပါတယ်။
မြို့တော်ဆေးရုံမှာဆိုရင် အာဟာရပိုင်းဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အကောင်းဆုံး တိုင်ပင်ဆွေးနွေးကုသနိုင်ပါတယ်။