Noble Science Bagan Co.,Ltd

Noble Science Bagan Co.,Ltd Food Supplement

🌧️(၁၉) ဇူလိုင် မမေ့နိုင်🌧️🌧️၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီး...
18/07/2025

🌧️(၁၉) ဇူလိုင် မမေ့နိုင်🌧️

🌧️၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။🙏



🥰Lady Nurse လေးတွေ ပြန်လာပါပြီ🥰💪ကုန်ကြမ်းသွင်းဖို့ အခက်အခဲပေါင်းများစွာထဲက ကြိုးစားထားပါတယ်....🥰စိတ်ရှည်သည်းခံပြီး စောင်...
13/07/2025

🥰Lady Nurse လေးတွေ ပြန်လာပါပြီ🥰

💪ကုန်ကြမ်းသွင်းဖို့ အခက်အခဲပေါင်းများစွာထဲက ကြိုးစားထားပါတယ်....

🥰စိတ်ရှည်သည်းခံပြီး စောင့်ပေးသူများနှင့် ယုံကြည်စိတ်ချစွာ အစဉ်အမြဲဝယ်ယူအားပေးကြပါသော Customersများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။



📢ရုံးပိတ်ရက် ကြေညာခြင်း🌕၂၀၂၅ခုနှစ်၊ ဇူလိုင် (၉)ရက်နေ့တွင်ကျရောက်မည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည်အများပြည်သူရု...
08/07/2025

📢ရုံးပိတ်ရက် ကြေညာခြင်း

🌕၂၀၂၅ခုနှစ်၊ ဇူလိုင် (၉)ရက်နေ့တွင်ကျရောက်မည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည်အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် "Noble Science Bagan" ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိ​ပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

🙏ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ ကိုယ်စိတ်နှလုံး ရွှင်လန်းပြီး ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေကြောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏



🕌ကုရ်ဘာနီအီးဒ် (အစ်နေ့)🕌🙏အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသော ကုရ်ဘာနီအီးဒ် (အစ်နေ့)တွင်အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံ...
06/06/2025

🕌ကုရ်ဘာနီအီးဒ် (အစ်နေ့)🕌

🙏အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသော ကုရ်ဘာနီအီးဒ် (အစ်နေ့)တွင်
အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံး အလ္လာရှင်မြတ် ကောင်းချီးပေးဆောင်ခြင်းခံရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🙏




🦠ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ...
25/05/2025

🦠ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။
🔹အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင် အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

၂။ air borne ဆိုပေမယ့် တစုံတယောက်ကနှာချေလိုက်မှ အမှုန် droplet လေးတွေက လေထဲမှာကြာကြာနေတာပါ။
🔹Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။
🔹ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊ မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။
🔹ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။
🔹Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ။
🔹မျက်စိကိုအကာအကွယ်ရတဲ့အပြင် မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။
🔹အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။
🔹အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်ပိုးကအလိုလို သေသွားလိမ့်မယ်။

၆။ အရေးကြီးတာက 👇👇
🔹အော်ကျယ်ပြောနေတဲ့လူ..
🔹ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူတွေကိုဝေးဝေးကရှောင်ပါ။

၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်လည်း ကိစ္စမရှိဘူး။
🔹၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။
🔹ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။
🔹သူ့ဖာသာသူကပ်နေတာ။
🔹ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက်၊ မျက်စိပွတ်၊ ပါးစပ်နိုက်မှဝင်ကုန်တာ။
🔹ဒါကြောင့် လက်ဆေးခိုင်းတာ။

၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။
🔹ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။
🔹ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီးနောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။
🔹ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး အားလုံးကျန်းမာချမ်းသာကြပါစေ။

ါမောက္ခဦးသိန်းဝင်း

"ကိုဗစ်ကူးစက်နှုန်းသည် တုပ်ကွေးထက် ခုနှစ်ဆပိုများသည်ဟု ကျွမ်းကျင်သူများ ဆို"ကျန်းမာရေးပညာရှင်အချို့သည် စနေနေ့တွင် COVID-...
21/05/2025

"ကိုဗစ်ကူးစက်နှုန်းသည် တုပ်ကွေးထက် ခုနှစ်ဆပိုများသည်ဟု ကျွမ်းကျင်သူများ ဆို"

ကျန်းမာရေးပညာရှင်အချို့သည် စနေနေ့တွင် COVID-19 ကူးစက်မှုအခြေအနေကို ထောက်ပြလျက်၊ လက်ရှိကူးစက်မှုနှုန်းသည် ရာသီတုပ်ကွေးထက် ခုနှစ်ဆနီးပါးပိုမိုများပြားနေကြောင်း ဖော်ပြခဲ့သည်။

ဆူလာလွန်ကွန်းတက္ကသိုလ် (Chulalongkorn University) မှ ကထိက ပါမောက္ခ ဒေါက်တာသီရဝရတနာရတ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ၊ COVID-19 သည် လွန်ခဲ့သော တစ်ပတ်အတွင်း ပြည်သူများတွင် အဖျားရောဂါဖြစ်ပွားမှုကို အများဆုံးဖြစ်စေသော ကူးစက်ရောဂါဖြစ်ခဲ့သည်။

ကလေးငယ်များ၊ လူငယ်များ၊ အလုပ်လုပ်နိုင်သည့်လူကြီးများမှသည် အသက်ကြီးသူများအထိ အသက်အပိုင်းအခြားအားလုံးတွင် COVID-19 သည် ကူးစက်မှု၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်ရှိနေသည်။

လွန်ခဲ့သော တစ်ပတ်အတွင်း ဆေးရုံများတွင် ကုသမှုခံယူနေရသည့် လူနာစာရင်း (ဆေးရုံတက်/အပြင်လူနာ) သည် ၄၃,၂၁၃ ဦးအထိ ရှိခဲ့ပြီး၊ ယခင်တစ်ပတ်ထက် ၃၅.၅% မြင့်တက်လာခြင်းကို စာရင်းများက ဖော်ပြသည်။ ကချင္သာဘူရီ၊ သုဝဏ္ဏဘူမိ (သို့) ဘန်ကောက်မြို့ ဘန်ကောက်နိုးခရိုင်တို့တွင် သေဆုံးမှု ၃ ဦး မှတ်တမ်းတင်ခဲ့သည်။

COVID-19 နှင့် တုပ်ကွေးရောဂါကို နှိုင်းယှဉ်ကြည့်ပါက၊ COVID-19 ၏ ကူးစက်နှုန်းသည် စုစုပေါင်းအားဖြင့် ၇ ဆနီးပါး (အသက်အပိုင်းအခြား အချိုး ၇:၁) ပိုမိုမြင့်မားသည်။ အသက် ၀–၄ နှစ်ကလေးများတွင် ၄:၁၊ ၅–၁၉ နှစ်အရွယ်များတွင် ၃:၁၊ တက္ကသိုလ်တက်ရွယ် နှင့် အလုပ်လုပ်နိုင်သည့်လူကြီးများ (၂၀–၅၉ နှစ်) နှင့် အသက် ၆၀ အထက်လူကြီးများတွင် ၁၀:၁ အထိ ကူးစက်နှုန်း ကွာခြားမှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

source:

🙏🏻၂၀၂၅ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင်ကျရောက်သော မင်္ဂလာရှိသော "ကဆုန်လပြည့်" ဗုဒ္ဓအခါတော်နေ့မှာ မိဘပြည်သူများအားလုံး ကောင်းမှု...
10/05/2025

🙏🏻၂၀၂၅ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင်ကျရောက်သော မင်္ဂလာရှိသော "ကဆုန်လပြည့်" ဗုဒ္ဓအခါတော်နေ့မှာ မိဘပြည်သူများအားလုံး ကောင်းမှုကုသိုလ်များပြုလုပ်၍ စိတ်ရောကိုယ်ပါ ချမ်းသာကျန်းမာကြပါစေကြောင်း ကျွန်တော်များ "Noble Science Bagan" မိသားစုမှ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ခင်ဗျာ။🙏🏻

#ညောင်ရေသွန်းပွဲတော်
#ကဆုန်လပြည့်နေ့

#ဗုဒ္ဓအခါတော်နေ့

🌍"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"📆၂၀၂၅ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" အား ဂုဏ်ပြုကြို...
01/05/2025

🌍"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"

📆၂၀၂၅ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🙏🏻ယနေ့မှစ၍ကမ္ဘာတဝှမ်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအားလုံး ဘေးဘယာတွေဝေးကွာပြီး စိတ်လက်ကြည်လင်စွာဖြင့် လုပ်ငန်းခွင်အသီးသီးတွင် ပျော်ရွှင်ကြပါစေကြောင်း"Noble Science Bagan" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ🙏🏻



#အလုပ်သမားနေ့

📢  မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ကြေညာခြင်း 📢📅၂၀၂၅ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်အဖ...
10/04/2025

📢 မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ကြေညာခြင်း 📢

📅၂၀၂၅ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် "Noble Science Bagan"ရုံးအား ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ။

🙏မြန်မာ့ရိုးရာနှစ်သစ်ကူးအချိန်အခါသမယမှာ ဘေးဘယာ‌ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏




💞"ဖေးမလို့ ကူ၊ တို့ အတူတူ"💞ကျွန်တော်တို့ "Noble Science Bagan"မိသားစုမှ ငလျင်သင့်ပြည်သူများထံသို့လိုအပ်သော "ReFill"ဓါတ်ဆ...
09/04/2025

💞"ဖေးမလို့ ကူ၊ တို့ အတူတူ"💞

ကျွန်တော်တို့ "Noble Science Bagan"မိသားစုမှ ငလျင်သင့်ပြည်သူများထံသို့လိုအပ်သော "ReFill"ဓါတ်ဆားများနှင့် ရေသန့်ဘူးများအား လှူဒါန်းမှု ပြုခဲ့ပါတယ်ခင်ဗျာ🙏

🙏မိဘပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများအားလုံး အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပြီး စိတ်ချမ်းသာပျော်ရွှင်ဖွယ်နေ့ရက်များကို အမြန်ဆုံးရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါရစေခင်ဗျာ🙏



#ငလျင်အလှူ

06/04/2025

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ
ဒီငလျင်ကြီးဟာ မြန်မာနိုင်ငံသားမှန်သမျှကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ထိခိုက်စေပါတယ်။ လူတိုင်းနီးပါးဟာ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ရှင်သန်တယ်ဆိုရုံလေး ရှေ့ဆက်နေကြရတယ်။ ဒါပေမယ့် ကျနော်တို့ လက်လျှော့လိုက်လို့မဖြစ်ဘူး။ ရှင်သန်ကျန်ရစ်သူတွေအတွက် ကျနော်တို့ အားတင်းထားကြရဦးမယ်။ ဖြစ်လာနိုင်တာတွေကို ကြိုတွက်ဆပြီးပြင်ဆင်ထားကြရမယ်။ အဲဒီလိုစဉ်းစားပြင်ဆင်မှုတွေမလုပ်ဘဲ အဆင်ပြေတာတွေပဲ လက်သင့်ရာလုပ်နေရင် ကျနော်တို့ကယ်ဆယ်ရေးဟာ ပလိုင်းပေါက်နဲ့ဖားကောက်နေရသလိုဖြစ်လိမ့်မယ်။ ဒီတစ်ခါ ကျနော်သတိထားပြင်ဆင်စေချင်တာကတော့ ကျန်းမာရေးပြဿနာတွေအတွက်ဖြစ်ပါတယ်။

(က) ဘာတွေ ကြုံတွေ့ရနိုင်မလဲ
၁။ ထိခိုက်ရှနာများ - ကျိုးပဲ့ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ ပိမိတာကြောင့်ဖြစ်တဲ့ (Crush syndrome)၊ ခေါင်းထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ၊ အပူလောင်တာနဲ့ ဓာတ်လိုက်တာတွေကြုံတွေ့ရနိုင်တယ်။ ဖြစ်တဲ့အနေအထားပေါ်မူတည်ပြီး ဝေဒနာပြင်းထန်တတ်လို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိဖြစ်နိုင်တယ်။ ငလျင်နောက်ဆက်တွဲ သေဆုံးမှုအများဆုံး အကြောင်းအရာတွေပါ။ သွေးပူနေတုန်းက သတိမထားမိတဲ့ဒဏ်ရာတွေ အခုချိန်မှာ သေချာခံစားရလိမ့်မယ်။

၂။ ကူးစက်ရောဂါများ - ရေနဲ့ အစားအသောက်မသန့်ရှင်းခြင်း၊ စနစ်ကျတဲ့ အညစ်ကြေးစွန့်ပစ်မှုစနစ်မရှိခြင်းတွေကြောင့် နောက်ဆက်တွဲ ကူးစက်ရောဂါတွေဆက်ဖြစ်နိုင်တယ်။ ဝမ်းရောဂါအဖြစ်များလာနိုင်တယ်။ လူတွေအများကြီးစုနေရတာဆိုတော့ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေပိုအဖြစ်များလာနိုင်တယ်။ ပတ်ဝန်းကျင်မသန့်ရှင်းတာကြောင့် အနာတွေပိုးဝင်တာဖြစ်နိုင်တယ်။ သန့်ရှင်းတဲ့ရေရဖို့ခက်တာကြောင့် အရေပြားရောဂါတွေဖြစ်နိုင်တယ်။ ကြွက်၊ ခြင်၊ ယင်တွေပေါက်ဖွားမှုများမယ်။ သူတို့ကတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါတွေဖြစ်နိုင်တယ်။

၃။ ရာသီဥတုဒဏ်ကြောင့်ဖြစ်သည့် ကျန်းမာရေးပြဿနာများ - အမိုးအကာမရှိသူတွေအတွက် မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အပူချိန်ဟာ အကြီးဆုံး ပြဿနာဖြစ်လိမ့်မယ်။ အရမ်းပူတဲ့နောက်မှာ အပူရှပ်တာ၊ ကြွက်တက်တာ၊ ပင်ပန်းနွမ်းနယ်နေတာတွေဖြစ်မယ်။ အစားအသောက်တွေပျက်စီးတာနဲ့ အကောင်ပလောင်တွေပိုပေါက်ဖွားမယ်။ သူတို့ကနေ ရောဂါတွေပိုပြန့်မယ်။ ဆက်ပြီး ပူလာမယ့်အချိန်မှာ ပိုဆိုးလာနိုင်တယ်။

၄။ စိတ်ပိုင်းဆိုင်ရာပြဿနာများ - အင်မတန်ကြီးမားတဲ့ငလျင်ဖြစ်ပြီး ချစ်ခင်ရသူတွေရဲ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း များလိမ့်မယ်။ ငလျင်လှုပ်ပြီးနောက်ဆက်တွဲမှာ စိတ်ဓာတ်ကျနေတာ၊ ဘာကိုမှစိတ်မပါတော့တာ၊ အချိန်တွေနေ့ရက်တွေ မသိတော့တာမျိုး စိတ်လွတ်နေတာတွေဖြစ်နိုင်တယ်။ နည်းနည်းကြာလာရင်တော့ ငလျင်ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ (PTSD) နဲ့ အိပ်မက်ဆိုးတွေမက်တာ၊ စိုးရိမ်ပူပန်နေတာ၊ အဲဒီတုန်းက အဖြစ်အပျက်နဲ့ ကြောက်စရာတွေကိုပဲ အကြိမ်ကြိမ်ပြန်မြင်ယောင်နေတာမျိုးတွေဖြစ်နိုင်တယ်။ အရာရာကိုကြောက်ရွံ့စိုးရိမ်နေတာနဲ့ ဘာကိုမှစိတ်မဝင်စားတော့တဲ့ စိတ်ဓာတ်ကျတာမျိုး အစွန်းနှစ်ဖက်တွေ အဓိကတွေ့ရနိုင်တယ်။ ညဘက်တွေအိပ်မပျော်တာ လန့်နိုးတာတွေဖြစ်နိုင်တယ်။ ချစ်ခင်ရသူတွေ ပစ္စည်းဥစ္စာတွေဆုံးရှုံးမှုကြောင့် ဝမ်းနည်းကြေကွဲရမှုတွေဟာလည်း လနဲ့ချီ ကြာမြင့်နိုင်တယ်။

(ခ) ဘယ်လိုကူညီကြမလဲ။
၁။ ငလျင်လှုပ်ပြီး ရက်ပိုင်းအတွင်းမှာ အဓိကလိုအပ်တာကတော့ ထိခိုက်ရှနာတွေကို ကုသဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဖြစ်ပါတယ်။ မြေပြင်ဆေးရုံဆေးခန်းတွေဖွင့်လှစ်တာ၊ ရွေ့လျားကုသမှုအဖွဲ့တွေဖွဲ့စည်းတာ၊ အရေးပေါ်ဆေးပစ္စည်းဖြန့်ဝေတာတွေ ပြုလုပ်ရမယ်။ ကျွမ်းကျင်တဲ့ အရေးပေါ်အဖွဲ့တွေဟာ အများကြီးမရှိနိုင်တဲ့အတွက် ရှေးဦးသူနာပြုစုနည်းတွေ၊ ထိခိုက်ဒဏ်ရာရရှိသူ အရေးပေါ်ကယ်တင်နည်းတွေကို စေတနာ့ဝန်ထမ်းတွေကို သင်ပေးပြီး ကယ်နိုင်တဲ့သူတွေများလာအောင် လုပ်ရမယ်။ ကယ်ဆယ်ကုသပေးရေး နေရာအသစ်တွေတိုးချဲ့ရမယ်။ ရှိရင်းစွဲနေရာတွေကို ဆေးဝါးအထောက်အကူပစ္စည်း လုံလောက်အောင် ထောက်ပံ့ရမယ်။ ငလျင်ကယ်ဆယ်ရေး ပါဝင်ပတ်သက်နေသူတွေအကုန်လုံးကြည့်လို့ရတဲ့၊ ဆက်သွယ်လို့ရတဲ့ ပစ္စည်းခွဲဝေမှုပုံစံ၊ အလှူလက်ခံတဲ့ပုံစံ၊ ပြန်အသုံးချတဲ့ပုံစံတွေကို စနစ်ကျအောင် ဖော်ဆောင်ရမယ်။ ကြီးမားတဲ့ငလျင်ကြောင့်ဖြစ်တဲ့ပြဿနာတွေကို စီမံရာမှာ တစ်ယောက်ချင်းစီ တနိုင်တပိုင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဆင့်ပါးစပ်နှမ်းပက်သလို ဘာမှမထိရောက်တဲ့အပြင် ရတဲ့သူရ မရတဲ့သူမရတွေဖြစ်လိမ့်မယ်။ ပါဝင်တဲ့သူတွေအကုန်လုံး ညှိနှိုင်းလုပ်ဆောင်နိုင်တဲ့ အထက်အောက်သတင်းစီးဆင်းမှု စနစ်ကျတဲ့ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ကိုင်တွယ်မှရမယ်။ လှူဒါန်းသူတွေ စေတနာ့ဝန်ထမ်းတွေကလည်း အဲဒီလိုစနစ်မျိုး ရှိလာအောင် ဝိုင်းဝန်းတွန်းအားပေး ကူညီကြမှရမယ်။

၂။ စားတာရယ် စွန့်တာရယ် အရေးကြီးတယ်။ ဒီနှစ်ခုကငလျင်နောက်ဆက်တွဲပိုးကူးစက်ခံရမှုတွေဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်လိမ့်မယ်။ သန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ရရှိနိုင်ဖို့ မဖြစ်မနေလိုတယ်။ စနစ်ကျတဲ့အညစ်ကြေးစွန့်စနစ်ကို စည်းကမ်းတကျနဲ့ အကုန်လုံးပါဝင်အောင်လုပ်ရမယ်။ ဒါဆိုရင်ပဲ ဝမ်းရောဂါပြဿနာတွေ အတော်လျော့သွားလိမ့်မယ်။ ပိုကြီးတဲ့ပြဿနာတွေရှိတယ်ဆိုတာသိပေမယ့် တကိုယ်ရည်သန့်ရှင်းရေးကို သတိမထားရင် နောက်ထပ်အခက်အခဲတွေ ထပ်ဖြစ်လာလိမ့်မယ်။ တပူပေါ်တပူဆင့်လိမ့်မယ်။ ရေသန့်၊ ရေသန့်စက်၊ ရွေ့လျားအိမ်သာ၊ သန့်ရှင်းသောအစားအသောက်များ၊ ဓာတ်ဆား၊ ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ခြင်ထောင်၊ ခြင်မကိုက်လိမ်းဆေး၊ အရေပြားလိမ်းဆေးတွေ လိုအပ်လိမ့်မယ်။ ရောဂါတွေပြန့်ပွားမှုရှိပြီဆိုတာနဲ့ ချက်ခြင်းအမြန်တုံ့ပြန်ဖို့လိုအပ်မယ်။ ခြင်၊ ယင်နဲ့ ကြွက်တွေမပေါက်ဖွားအောင် ဆေးဖြန်းတာ၊ အမှိုက်ရှင်းတာတွေ လုပ်ရလိမ့်မယ်။

၃။ နွေရာသီရဲ့ အပူချိန်ကို ခံနိုင်ဖို့အတွက် အမိုးအကာတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။ ရေတိုတင်မဟုတ်ဘဲ နေစရာပြန်မရသေးတဲ့အထိ လိုအပ်မှာမို့ အဖွဲ့အစည်းတွေပူးပေါင်းပြီး အမိုးအကာအတွက်ရေရှည်အစီစဉ်လုပ်မှရမယ်။ တွေ့ကရာကောက်လှူနေရုံနဲ့တော့ တကယ့်ဒုက္ခတွေကို အကူညီပေးနိုင်မှာမဟုတ်ဘူး။ အမိုးအကာ၊ အပူဒဏ်သက်သာစေတဲ့နည်းလမ်းတွေ (ပန်ကာ၊ ယပ်တောင်၊ cooling pads) ၊ ရေသန့်၊ ဓာတ်ဆားတွေ လိုအပ်ပါလိမ့်မယ်။

၄။ နှစ်သိမ့်တာ၊ လိုအပ်တာ အကူညီပေးတာ၊ တကယ်ထိရောက်တဲ့ပံ့ပိုးမှုနဲ့ စိတ်ခွန်အားပေးတာတွေက ငလျင်ကြောင့် ချက်ခြင်းခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာစေလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာလျော့ပါးစေဖို့ဆိုရင် ပြန်လည်ထူထောင်ရေးက အဓိကကျတယ်။ ပြန်ထူထောင်နိုင်ဖို့ အချိန်ကြာနေရင်၊ အမှန်တကယ်လိုအပ်တဲ့အကူညီတွေမပေးနိုင်ရင် စိတ်ရောကိုယ်ပါ ပိုပြီးထိခိုက်ခံစားကြရလိမ့်မယ်။ ငလျင်ကြောင့်ထိခိုက်ခံစားရသူတွေ စိတ်ပိုင်းဆိုင်ရာ အားပေးဆွေးနွေးမှု ရနိုင်ဖို့အရေးပေါ် ဖုန်းလိုင်းတွေတည်ထောင်တာ၊ ငလျင်ဒဏ်ခံစားထားရသူတွေအတွက် သီးသန့် နှစ်သိမ့်ဆွေးနွေးပေးမှုတွေလုပ်တာ၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုတွေ၊ ဘာသာရေးအရ ကောင်းမှုကုသိုလ်စုပေါင်းပြုလုပ်တာတွေ လုပ်သင့်တယ်။ အပြန်အလှန်ကူညီစောင့်ရှောက်နိုင်အောင် အားပေးသင့်တယ်။ ချစ်ခင်ရတဲ့သူတွေ ဆုံးရှုံးရပေမယ့် ကျန်ခဲ့တဲ့သူတွေ ချစ်ခြင်းမေတ္တာမငတ်မွတ်အောင် ကျနော်တို့အားလုံးက ဝိုင်းဝန်းစောင့်ရှောက်ကြရမယ်။

🌞တပေါင်းလပြည့် ရုံးပိတ်ရက်ကြေညာခြင်း🌞📢၂၀၂၅ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကျရောက်မည့် "တပေါင်းလပြည့်နေ့"သည်  အများပြည်သူရုံး...
12/03/2025

🌞တပေါင်းလပြည့် ရုံးပိတ်ရက်ကြေညာခြင်း🌞

📢၂၀၂၅ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ကျရောက်မည့် "တပေါင်းလပြည့်နေ့"သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်များ "Noble Science Bagan" ရုံးများအား ပိတ်ထားမည်ဖြစ်ပြီး (14.3.2025)ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်သွားမည်ဖြစ်ကြောင်း လေးစားစွာအသိ​ပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

🙏🏻မင်္ဂလာရှိသော "တပေါင်းလပြည့်" အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကောင်းမှုကုသိုလ်များပြုလုပ်၍ ကိုယ်စိတ်နှလုံးငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ✨




Address

No. D1, 35(B) Street, Between 70 X 71 Street, Mahar Aung Myay Township
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959404977709

Website

Alerts

Be the first to know and let us send you an email when Noble Science Bagan Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Noble Science Bagan Co.,Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram