03/05/2025
ဘာကြောင့် ရေကိုလုံလောက်စွာသောက် သင့်သနည်း?
Why do we drink water enough?
[ ] နွေရာသီရောက်လာတော့ရာသီဥတုကပူလာပြီ၊ ရေခန်းခြောက်ခြင်း အပူရှပ်ခြင်း အန္တရာယ်များမဖြစ်အောင်နေဖို့လိုသည်။ ငလျင်ဘေးကျရောက်သဖြင့် နေအိမ်ပြိုကျပျက်စီးသွားခြင်း၊နေရန်မသင့်တော့ခြင်း၊ မ နေရဲတော့ခြင်းတို့ကြောင့် အပူဒဏ်ခံရနိုင်ပါသည်၊ အေးသောအရိပ်တွင်နေခြင်း၊ ရေလုံလောက်စွာသောက်ခြင်း များလိုအပ်သည်။
ဘာကြောင့်ရေကိုလုံလောက်စွာသောက်ဖို့လိုပါသနည်း။
ခန္ဓာကိုယ်အလေးချိန်၏ ၆၀% သည် ရေဖြစ်သည်၊ဒီအချိုးအစားအတိုင်းအမြဲရှိရန် မကြာခဏရေသောက်ဖို့ လိုသည်။
*အစာလမ်းကြောင်း
စားလိုက်သောအစာများကြေချက်ရန် ကြေချက်ပြီးသောအစာမှ အဟာရများကိုစုတ်ယူရန် ရေလိုအပ်သည်။ မလိုအပ်သောအစာဟောင်းများကိုစွန့်ထုတ်ရန် ဝမ်းသွားရန် ဝမ်းမချုပ်ရန် ရေလုံလောက်စွာသောက်ရန်လိုသည်၊
*အပူထိန်းညှိပေးခြင်း
ပတ်ဝန်းကျင်အပူချိန်မြင့်တက်ခြင်း နေပူအောက်နေခြင်း မီးဖို စက်အင်ဂျင်အနီးနေရခြင်း ပြင်းထန်စွာလေ့ကျင့်ခန်းလုပ်ခြင်း ဖျားခြင်းတို့ကြောင့် ကိုယ်အပူချိန်မြင့်တက် သည့်အခါ အေးသွားအောင် ချွေးထွက်ရသည်။ ဆီးသွားရသည်။ ထို့ေကြာင့်ရေသောက်ဖို့လိုသည်။
*အဆစ်များကိုချောမွေ့စေခြင်း
ရေသည်အဆစ်များအတွက်အရေးကြီးသည် အဆစ်များအတွင်းအရည်ရှိမှသာ အရိုးများပွတ်တိုက်မှုနည်းပြီး နာကြင်မှုကိုကာကွယ်နိုင်မည်။
*ကြွက်သားများ
ကြွက်သားများတွင်ရေပါဝင်မှု ၆၀% ရှိသည် ရေဓါတ်နဲပါက ညောင်းညာခြင်း၊ အားပျော့ခြင်ဖြစ်တတ်သည်၊
.*စွန့်ထုတ်ခြင်း
ကျောက်ကပ်သည်သွေးကြောထဲမှမလိုအပ်သောအညစ်အကြေးများကိုစစ်ထုတ်ပြီးဆီးအဖြစ်စွန့်ထုတ်သည်၊ရေသောက်နည်းပါကဆီးကျောက်တည်ခြင်း ဆီးပိုးဝင်ခြင်းတိူ့ဖြစ်တတ်သည်၊
*Cell function ဆဲလ်၏လုပ်ငန်း
ဆဲလ်များအသက်ရှင်ရန် ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးကြောထဲမှအစာအဟာရများရရန် စွန့်ပြစ်ရန်, အောက်ဆီဂျင်ပို့ဆောင် ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ရန် ရေလိုအပ်သည်၊ရေမလုံလောက်ပါကဆဲများအလုပ်မလုပ်နိုင်ပါ ဆဲများပျက်စီးနိုင်ပါသည်။
*Cognitive performance တေးွခေါ်မှု
ဥနှောက်တွင်ရေဓါတ်နဲပါက ခေါင်းကိုက်ခြင်း ေမ့လျော့ခြင်း နိုးကြားမှုမရှိခြင်း ဆုံးဖြတ်ချက်ကောင်းစွာမလုပ်နိုင်ခြင်း များဖြစ်နိုင်သည်။
*အရေပြားကျန်းမာရေး
ရေလုံလောက်စွာရမှသာအရေပြား ၏ကျုံ့နိုင်ဆန့်နိုင်ရည်ကောင်းမွန်ခြင်း အသားအရေ စိုပြည်လှပခြင်း အရေပြား၏လုပ်ငန်းများဆောင်ရွက်နိုင်မည်။
*သွေးလည်ပတ်ခြင်း
သွေးကြောအတွင်းရေလုံလောက်စွာရှိမှသာ သွေးမပြစ်တော့ပဲ သွေးရည်ပမာဏများလာမည် သို့မှသာ လိုအပ်သောအဟာရများ နှင့်အောက်ဆီဂျင်တို့ တစ်ရှူးများဆီသိူပို့ဆောင်ပေးနိုင်မည် မလိုအပ်သည်များကို စွန့်ထုတ်နိုင်မည်။
*တဦးချင်းရေလိုအပ်ချက်
အသက်အရွယ်၊ လှုပ်ရှားမှု ၊ရာသီဥတု၊ စား သောအစားအစာ ပေါ်မူတည်၍တဦးနှင့်တဦးေရလိုအပ်ချက်မတူကြပါ၊ 8×8 rule အရ တနေ့ လျင် ရှစ်အောင်စ ခွက် ရှစ်ခွက်သောက်ဖို့လိုသည်။ တနည်းအား ဖြင့် တနေ့လျင် ၂လီတာမှ ၃
လီတာ အမျိုးသား ၄လီတာလိုအပ်သည်။ရာသီဥတု ပူလျင် ပိုသောက်ရန် လိုသည်၊ ကျောက်ကပ် နှစ်လုံးရောဂါ ရှိသူများမှာ ဆရာဝန်ညွှန်ကြားသလောက်သာသောက်ရပါမည်။
*ရေသောက်နည်းသည့်လက္ခနာများကတော့ အာခြောက်ခြင်း ၊ ခေါင်းမူးခြင်၊ ခေါင်းကိုက်ခြင်း၊ဆီးနဲခြင်း၊ဆီးအရောင်ရင့်ခြင်းများဖြစ်သည်၊ ကျောက်ကပ်ပျက်ခြင်းဖြစ်နိုင်သည်။
လိုအပ်သည်ထက်ပိုသောက်ခြင်းသည်လည်းအန္တရာယ်ရှိသည်၊ လွန်ကဲပါက ဥနှောက်ကလီစာများရောင်ရမ်းခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ကိုယ်တွင်းရှိအရည်များတွင် ဓါတ်ဆားအချိုးအစားလျော့သွားခြင်း၊electrolyte imbalance ဖြစ်၍ ညောင်းညာကြွက်တက်ခြင်း သတိလစ်မေ့မျောခြင်းဖြစ်နိုင်ပါသည်၊။
သို့ပါ၍ ရေကိုလုံလောက်စွာသောက်ကြပါရန် အကြံပြုအပ်ပါသည်။
တင်လှိုင်စိုး
ဖီဆီအိုသရပီ