Shija Hospitals - IC - Mandalay

Shija Hospitals -  IC - Mandalay မြန်မာပြည် နယ်စပ် မဏိပူရ် ပြည်နယ် - အ?

16/11/2023

မာလာဟင်းချက်နည်းနှင့် ကွေ့တီယိုချက်နည်း
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
စားသောက်ဆိုင်ချက်နည်(Home made)🏡🏡
သီတင်းကျွတ် ပိတ်ရက်လေးမှာ လုပ်စားလိုက်တော့နော်
ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ချက်ရတာလည်း လွယ်ကူပါတယ်။

မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ

မာလာဟင်းနှစ်ထုပ် ၁ထုပ်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
မာလာဟင်းတွင် ပါဝင်ပစ္စည်းများ
ကြက်သားချောင်း ၂ချောင်း (အစောင်းလှီးပါ)
မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)

ပြင်ဆင်နည်း

၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။
၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။
၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

မာလာဟင်းချက်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီး ရေ(၃ခွက်) ထည့်ပါ။

၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။

၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီးမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။

၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၇။ ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငံ အနေတော်
ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်လိုက်ပါ။

၈။ မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါပြီ

Credit Internet
💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝
အိမ်လုပ် မာလာရှမ်းကော (ပွဲကြီး ၂ပွဲစာ)Copy

အိမ်လုပ် မာလာရှမ်းကောမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစာပလာ အစုံအလင်ထည့်ပြီ လုပ်စားနိုင်ပါတယ်။မာလာရှမ်းကော ဆော့ချက်နည်းပါ မျှဝေပေးထားပါတယ်။ လုပ်ရလည်းလွယ်ပြီ စားကောင်းတာမို့ ဘယ်လို ချက်စားမလဲဆိုတာ ကြည့်ကြည့်ရအောင်
ဟင်းချက်နည်းတွေ စိတ်ဝင်စားရင်တော့ ဒီ Post(page) လေးကို like @ share ထားဖို့တော့လိုမယ်နော်
--------------------------------
မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ

စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း
နတ်နတ်ပွင့် - ရခု
ကလဝေရွက် - ၅ရွက်
သစ်ဂျပိုး - ၄ခု
လီမ္မော်ခွံခြောက် - ၁ခု
ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)
ဂျင်း - ၇ပှား
ဖာလာ - စားပွဲတင်ဇွန်း တ၀က်
ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ)
--------------------------------
မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ

ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း
ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ)
ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က်
မြေပဲနီ - ၁ထုပ် (အကျက်)
နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)
ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)
နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ

ကြက်သား (သို့) ၀ကသြား - ၂၀၀ ဂရမ် (အရှည်ပါးပါးလှီးပြီ ဆား အနည်းငယ်နုယ်ထားပါ)
မာလာခေါက်ဆွဲ အစိမ်း - စည်း၀က် (ရေစိမ်ထားပါ)
မာလာခေါက်ဆွဲအဖြူ - စည်း၀က် (ရေစိမ်းပြီ အပြားအလယ်များ ပိုင်းဖြတ်ပါ)
ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)
ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)
ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)
ပဲထပ် - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)
ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)
အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)
အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)
ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)
မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)
ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ)
နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)
--------------------------------
မာလာ ငရုတ်သီးဆီသပ် ချက်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။

၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။

၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။

၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။
--------------------------------
မာလာရှမ်းကော ချက်နည်း

၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။

၃။ ပြီနောက် ကြက်သား(သို့)၀ကသြား၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။

၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။

၅။ ရေခမ်းခါနီး (ခေါက်ဆွဲ ၃မျိုးလုံး) ၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။

၆။ ထို့နောက် (ကြာစွယ်၊ ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။

ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။

၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ🌶
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
ကွေ့တီယို/ရှမ်းခေါက်ဆွဲ/ကော်ရည်ခေါက်ဆွဲ/တို့ဟူးနွေး
ကြိုက်တာသာလက်စွမ်းပြလိုက်တော့ အိမ်ရှင်မတို့ရေ 😍
လုပ်နည်း 👇🏻👇🏻👇🏻

(1) ကွေ့တီယို အရည်/အသုပ်ရော ပြုလုပ်နည်း
အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

#ကွေ့တီယို အတွက်ကတော့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။
Credit : Daw San Thidar Htay
Photos @ Credit

(2) ရှမ်းခေါက်ဆွဲ
ဆန်ခေါက်ဆွဲ သို့ မြီးရှည်ဖတ်ကို ရေစိမ်ထားပါ ကြက်သားကို ဆား သကြား ဂျင်း နာနတ်ပွင့် ရေအနေတော်ထည့်ပြီးပြုတ်ထားပါ အသားနူးရင်ဆယ်ပြီး အသားမျှင်ထားပါ ပြုတ်ရည်တစ်ဝက်ထဲသို့ ပဲငံပြာရည်အကြည် အနောက် နှမ်း တရုတ်မဆလာ ထည့်ပြီးမွှေထားပါ ကျန်ပြုတ်ရည် တစ်ဝက်ထဲသို့ ငရုတ်ကောင်း ကြက်သွန်မြိတ်ခပ်ပြီး ဟင်းချိုလုပ်ထားပါ ကြက်သွန်နီအဖြူထောင်းပြီး ဆနွင်း ငရုတ်စိမ်းမှုန့်ထည့်ဆီသတ်ပါ ​ကြက်သားမျှင် နဲ့ ပဲငပိအထုပ်လတ် တစ်ထုပ်ဖောက်ထည့်ပြီး ဆက်တိုက်မွှေပါ ဒါဆိုရပါပြီ ပြင်ဆင်နည်းက ဆန်ခေါက်ဆွဲ သို့ မြီးရှည်ဖတ် ပျော့အောင်ပြုတ်ပြီး ပြန်ဆယ် အဲ့ထဲကို ကြက်သားအနှစ် ဖျော်ထားတဲ့ဆော့အရည် ကြက်သွန်မြိတ် ငရုတ်သီးဆီသပ် မြေပဲထောင်း ဆား ကြက်သားမှုန့်ထည့်ပြီး မွှေလိုက်ရင်ရပါပြီ ငရုတ်သီးဆီသပ်ဆိုတာ ငရုတ်သီးမှုန့်ထဲဆီပူပူလောင်းထည့်ထားတာပါ ရှမ်းချဥ် နဲ့ ဟင်းချိုတစ်ခွက်ခပ်ထည့်ပြီး အတူသုံးဆောင်ပါရှင်

(3) ကော်ရည်ခေါက်ဆွဲ

(4) တို့ဟူးနွေး ပြုလုပ်နည်း
I. တို့ဟူးနွေး ကျို ရန် -

ပါ၀င်ပစ္စည်းများ
မွှေးပဲမှုန့် - အစိမ်း - ၂၅ကျပ်သား
မွှေးကော်မှုန့် - ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ရေ - ၃ လီတာ
ဆား - အနည်းငယ်
နနွင်းမှုန် ့ - အနည်းငယ်

ပြုလုပ်နည်း -
ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။
မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ - ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရျ် မီးအနေတော် ထားရျ် ကျိုပါ။ နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။
ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။
ပဲရည်ပူရျ် မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။
ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။
ပိုပြျစ်လာစေရန် ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။ လောင်းထည့်ချိန်တွင် မခဲသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။
အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။

II. ဆီ မွှေး ပြု လုပ်ရန်

ပါ၀င်ပစ္စည်းများ
ငရုတ်ကောင်း
ဝှါးကျောင်းစေ့
ရှောင်ကေား
ကြက်သွန်ဖြုဆီချက်
ငရုတ်သီးကြော်
မြေပဲ မညက်တညက်ထောင်း
နမ်းလှော်
ထန်းညက်ရည်
ပဲငံပြာရည်​ အပျစ်
ကြက်သွန်မိတ်
နံနံပင်​
ဆန်စီး ခေါက်ဆွဲ သို့ ရေစိမ် (ခေါက်ဆွဲပါ ထည့်စားမည်ဆိုပါက)

ပြုလုပ်နည်း -
ဒယ်အိုးထဲတွင် ရှောင်းကား ၊ ငရုတ်ကောင်းစေ့ ၊ ဝှါးကျောင်းစေ့ကို လှော်ပြီး လုံးခြမ်းခွဲ ထောင်းပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။
ငရုတ်ခွဲကြမ်းမှုန့် ကိုလဲ ပန်းကန်လုံး နောက်တခုထဲ ထည့်ထားပါ။
အိုးထဲတွင် ဆီများများကို အပူပေးပြီး ပူလာသည့် ဆီကို အမွှေးအကြိုင်များ ထည့်ထားသည် ပန်းကန်လုံးများ ထဲသို့ လောင်းထည့်ပါ။
ငရုတ်သီး ဆီချက်ကိုလဲ ထိုနည်း အတိုင်းပြုလုပ်ပါ။
လက်ကျန်ဆီထဲတွင် ကြက်သွန်နီကို အကြွပ်ကြော်ပြီး စစ်ထုတ်ပါ။
ကြက်သွန်ဖြူကို မညှက်တညှက် ထောင်းပြီး ဆီချက် ချက်ရျ် နှမ်းလှော်ပါပေါင်းထည့်ပါ။
မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။
ထန်းညှက်နှင့် ပဲငံပြာရည်အပျစ်ကို ခပ်ပျစ်ပျစ်ကျိုပါ။
နံနံပင် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
ကြက်သွန်ဖြူ နှင့် နံနံပင် အနည်းငယ်ကို ညှက်နေအောင် ထောင်းပြီး ရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။

III. မုန့် ပွဲ ပြင် နည်း

ခေါက်ဆွဲကို တစ်ပွဲစာ စားမည့် ပန်းကန်လုံး ထဲတွင်ထည့်ရျ် တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီး တိုဟူးနှစ်ရည်ကိုပါ ထည့်လိုက်ပါ။
ပြီးလျင် အပေါ်မှ ပြင်ဆင်ထားသည့် မြေပဲထောင်း ၊ ဆီမွှေး ၊ ငရုပ်ဆီ နှင့် နှမ်းလှော် ၊ ကြက်သွန်ဖြူအစိမ်းရည် ၊ ထန်းညက်ရည်ကျို ၊ နံနံပင် ၊ ကြက်သွန်မိတ် တို့နှင့် ပြင်ရျ် စားကြသည်။
တို့ဟူးနွေး နှင့် တွဲ၍ တို့ဟူးကြော် ၊ အီကြာကွေး ဝက်ခေါက်ကြော် တို့နှင့်လည်း တွဲ
စားကြပါသည် ။

02/11/2022
28/10/2022
05/10/2022
26/09/2022

27th September - World Tourism Day 2022
Promoting Medical Tourism

21/09/2022

Manipur da ahanba oina Shija hospital gi Doctor shing na Myanmar macha ama khu-u animak shinbagi surgery maipakna pangthoktuna State asigi Medical gi lam da ...

19/09/2022

World Patient Safety Day 2022 | Shija Hospitals | Dr Palin Kh. | Dr. Chakshu Shija Hospitals, Imphal, Manipur is a 350 bedded NABH Entry Level certified Supe...

💓 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐟𝐫𝐨𝐦 𝐓𝐡𝐞 𝐏𝐚𝐥𝐚𝐜𝐞 - 𝐃𝐢𝐫𝐞𝐜𝐭 𝐟𝐫𝐨𝐦 𝐔𝐒𝐀 𝐏𝐚𝐠𝐞 .facebook.com/PalaceUsa✅ I have put the current in stock items together...
14/09/2022

💓 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐟𝐫𝐨𝐦 𝐓𝐡𝐞 𝐏𝐚𝐥𝐚𝐜𝐞 - 𝐃𝐢𝐫𝐞𝐜𝐭 𝐟𝐫𝐨𝐦 𝐔𝐒𝐀 𝐏𝐚𝐠𝐞
.facebook.com/PalaceUsa

✅ I have put the current in stock items together so that you can easily see them.💓
✅ All items are USA Imported.
✅ All the items shown in the picture are available for purchase.
🛒 Support me. 🙏
💵 Please ask for prices in the comments or CB.
also whatsapp: +959771700072

Address

Block (267), West Of Pyi-Kyaw-Zay(corner Of 31&87), Paonasu Lantwe (2), Chan Aye Thar San Township
Mandalay
05502

Alerts

Be the first to know and let us send you an email when Shija Hospitals - IC - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shija Hospitals - IC - Mandalay:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category