ချမ်းအေးသာ အထူးကုဆေးခန်း

ချမ်းအေးသာ အထူးကုဆေးခန်း Prevention is better. Get vaccination here!

ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်
09/07/2023

ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်

ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်

(တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမှီရင်
ထိုးပါ)

ဒီနှစ် တုပ်ကွေး တော်တော်ဆိုးပါမယ်။ တုပ်ကွေးမျိုးကိုက ပိုဆိုးလာသလား၊ ကိုဗစ်နဲ့ပေါင်းပြီး supervirus တွေဖြစ်ကုန်လို့လားတော့ သေချာမသိရသေးဘူး။ ကျနော်ရော အမျိုးသမီးပါ ကွေးစပြုနေကြပြီ။ အိမ်မှာလည်းအကုန်ဖျားနေကြတယ်။ ဒီရက်ပိုင်းအတွင်း ကြားရသလောက်လည်း ကလေးရော၊ လူကြီးတွေရော တော်တော်ဖျားကြတယ်။ ဖျားတဲ့အခါမှာလည်း တော်တော်ခံရတယ်ဆိုတာတွေချည်းပဲ။ ကျနော်တို့ချည်းဖြစ်နေတာတော့မဟုတ်ဘူး နိုင်ငံတကာမှာလည်း ဒီနှစ်တုပ်ကွေး ပြင်းထန်အဆင့်ဖြစ်နေတယ်လို့ ကောက်ချက်ချနေကြတယ်။ ၁၀နှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေးရာသီဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီနှစ်တုပ်ကွေးရဲ့ လက္ခဏာနှစ်ခုက ရောဂါပြင်းထန်တယ်၊ ပြန့်နှုန်းမြန်တယ်။ ကိုဗစ်အလွန်ကာလမှာ ကာကွယ်ရေးနည်းလမ်းတွေ ဆက်မလုပ်ကြတော့တာကြောင့် တုပ်ကွေးက ပိုကူးနေကြတယ်လို့ဆိုပါတယ်။

- ဖျားနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
- ဖျားနေရင် ဖျားချင်သလိုဖြစ်နေရင် အပြင်တွေလျှောက်မသွားဘဲ အိမ်မှာပဲနားပါ။
- မက်စ်ပြန်တပ်ပါ။
- လက်ဆေးတာကို သေချာပြန်လုပ်ပါ။
- မျက်စိ၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို မကြာခဏမကိုင်ပါနဲ့။
- ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေရမယ်။ အာဟာရပြည့်အောင်စားရမယ်၊ အိပ်ရေးဝအောင်အိပ်ရမယ်။ ကိုယ့်ကိုယ်ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။
- ကလေးတွေဖျားနေရင် ကျောင်းမလွှတ်ပါနဲ့။
- တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမှီရင်ထိုးပါ။
အထူးသဖြင့် ၅နှစ်အောက်၊ အသက် ၆၅နှစ်အထက်၊ သွေးတိုးဆီးချိုလို နဂိုရောဂါအခံရှိသူတွေ ပိုထိုးသင့်ပါတယ်။

တော်တော်ခံနေကြရတယ်ဆိုတဲ့အတွက် မပေါ့ကြဖို့ သတိပေးပါတယ်။ ကိုယ်ဖျားနေရင်ရော ကိုယ့်အနီးနားမှာဖျားတဲ့သူတွေ ရှိနေရင်ရော သေချာဂရုစိုက် ကာကွယ်ကြပါ။

ပုံမှန်အားဖြင့်တော့ ၁ပတ်လောက် ဖျားတတ်ကြတယ်။ အဖျားကြီးတတ်တယ်။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်တွေလက်တွေကိုက်ခဲ နုံးချိပြီး ခေါင်းမထူနိုင်အောင် ခံနေကြရတယ်။ လည်ချောင်းနာတာ၊ ကြွက်သားတွေနာကျင်နေတာနဲ့ ချမ်းတုန်တာတွေလည်းဖြစ်နိုင်တယ်။

- အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ နှာစေးနှာပိတ်သက်သာတဲ့ဆေးတွေသောက်လို့ရတယ်။ ဥပမာ ပါရာစီတမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ အလက်ဆန် သောက်လို့ရတယ်။ နှာမွှန်နှာစေးနေရင် Citrizine, Loratidine လိုဆေးမျိုးတွေသောက်လို့ရတယ်။ ကိုယ်ပူရုံပဲဆိုရင် ပါရာသောက်၊ အရမ်းကိုက်ခဲတအားဆိုးနေရင် အလက်ဆန်လိုမျိုး အကိုက်အခဲပျောက်ဆေးပါတာသောက်ပါ။ သတိထားရမှာက အနည်းဆုံး ၆နာရီခြားရမယ်။ အကိုက်ခဲပျောက်ဆေးသောက်မယ်ဆိုရင် အစာစားပြီးမှ သောက်ရမယ်။
- ချောင်းဆိုးရင် ချယ်ရီကော့ဖ်လိုချောင်းဆိုးပျောက်ဆေးအရည် သောက်လို့ရတယ်။ လည်ချောင်းယားရင် ပူရှိန်းလို သကြားလုံးလေးတွေ ငုံလို့ရတယ်။
- ရေဓာတ်ပြည့်ဝနေအောင်နေရမယ်။ ဓာတ်ဆား ဒါမှမဟုတ် သီးစုံဓာတ်ဆားသောက်ပါ။ ချိုချိုအေးအေးမှဆိုရင် Royal-D လိုမျိုး ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ရေဓာတ်ပြည့်ဝနေမှ မြန်မြန်ပြန်ကောင်းမယ်။
- အနားကောင်းကောင်းယူပါ။ အစာမစားချင်ဖြစ်လိမ့်မယ်။ သည်းခံပြီး ဝင်အောင်စားရမယ်။ အာဟာရပြည့်ဝတာလေးတွေ ရွေးစားမယ်။ မစားရင် ဖျားတာပိုကြာနိုင်လို့ ဝင်အောင်စားရမယ်။
- ရေချိုးလို့ရတယ်။ အဖျားအရမ်းတက်နေရင် ရေချိုးချလို့ရတယ်။ ရေနွေးလေးနဲ့ လန်းသွားအောင်ချိုးချင်လည်းရတယ်။

အသက်ရှူကျပ်လာတာ၊ ရင်ဘတ်တွေတအားအောင့်တာ၊ အရမ်းအန်တာ၊ အစာလုံးဝမဝင်တာ၊ အဖျားတာရှည်နေတာ (၁ပတ်ကျော် ၂ပတ်)၊ အရောင်ရင့်တဲ့ချွဲတွေထွက်နေတာ၊ ဆေးသောက်ပေမယ့်လည်း လုံးဝမသက်သာဖြစ်နေတာ၊ အစက်အပျောက်တွေပေါ်လာတာဆိုရင် ဆေးရုံဆေးခန်းသွားရမယ်။

Post Credit: Dr. Thurein Hlaing Win

ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်(တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမှီရင် ထိုးပါ)ဒီနှစ် တုပ်ကွေး တော်တော်ဆိုးပါမယ်။ တုပ်ကွေးမ...
08/07/2023

Dr. Tint Swe Medical and Knowledge Writingsမြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာ...
18/05/2023

Dr. Tint Swe Medical and Knowledge Writings
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်

Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာထိုးလို့ရသလား
- June 30, 2021

၁။ ဆရာ ဒေါက်တာတင့်‌ဆွေ မေးစရာရှိလို့ပါရှင့်။ flu vaccine နဲ့ covid19 vaccine ကို Same day (တစ်) ရက်တည်း ထိုးလို့ရပါသလားရှင့်။
တရက်တည်း ထိုးလို့ရ။

Flu vaccine ခေါ် Flu shot ခေါ် တုပ်ကွေးကာကွယ်ဆေးက တနှစ်မှာ ဆေးအသစ် တခါထုတ်တယ်။ နေ့စွဲ သတိထားရတယ်။ ကိုဗစ်ကာကွယ်ဆေးကလည်း သက်ဆိုင်ရာနိုင်ငံက FDA ခွင့်ပြုတာကို စနစ်တကျ ထားသို စနစ်တကျ ထိုးရမယ်။

Flu shot တုပ်ကွေးကာကွယ်ဆေး https://dr-tint-swe.blogspot.com/2020/12/flu-shot.html

COVID-19 Vaccine Questions ကိုဗစ်ကာကွယ်ဆေး မေးခွန်း https://dr-tint-swe.blogspot.com/2021/05/covid-19-vaccine-questions.html

၂။ တုတ်ကွေးကာကွယ်ဆေး vaxigrip ကို ၆လပိုင်း ၂၀၁ရမှာထိုးထားပါတယ်။ ခု ဒီမှာတုတ်ကွေးကာကွယ်ဆေး ရောက်နေပြီဆိုလို့ (vaxigrip) တော့ မဟုတ်ဖူးတဲ့ အဲ့ဒီဆေးကို ၂ လပိုင်း ၂၀၁၈ မှာပြန်ထိုးမယ်ဆို ရပါသလားဆရာ။၅ လပိုင်း ၆ လပိုင်း မှပဲ ပြန်ထိုးရမလားသိချင်လို့ပါ။ ဆေးအမျိုးအစားမတူလည်းထိုးလို့ရပါသလား ဆရာ။ IMOJEV ကို၆ လပိုင်းမှ ပြန်ထိုးရမှာ ဒီ ၂ လပိုင်းမှာ ထိုးပေးလို့ရနိုင်ပါသလား သိပါရစေဆရာ။ ဒီမှာဆေးပြတ်လပ်တာတွေဖြစ်ပြီး ဆေးတွေ စျေးကြီးလွန်းနေလို့ ဆေးရတဲ့အချိန်လေးထိုးပေးလို့ရနိုင်မလားလို့ သိချင်မိလို့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ လေးစားစွာဖြင့်။

Influenza vaccine တုပ်ကွေးကာကွယ်ဆေးနဲ့ Td (Tdap) မေးခိုင် + ဆုံဆို့ + ကြက်ညှာကာကွယ်ဆေး တရက်တည်းမှာ ထိုးနိုင်တယ်။ Live vaccines ခေါ် ပိုးအရှင်ကိုသုံးတဲ့ကာကွယ်ဆေး ၂ မျိုးကိုတော့ ၄ ပတ်ခြားထိုးသင့်တယ်။ အဲတာတွေက BCG ဘီစီဂျီ ခေါ် တီဘီ၊ Oral Polio Vaccine ခေါ် ပိုလီယို၊ Measles ခေါ် ဝက်သက်၊ Rotavirus ခေါ် ရိုတာနဲ့ Yellow Fever ခေါ် အသားဝါအဖျားကာကွယ်ဆေးတွေဖြစ်တယ်။ MMR, MMRV, varicella, zoster တွေလည်း ပါတယ်။ အဲတာတွေနဲ့ live intranasal influenza vaccine (LAIV) ခေါ် နှာခေါင်းကနေပေးရတဲ့ တုပ်ကွေး ကာကွယ်ဆေးကို တရက်တည်းမှာ မပေးသင့်။ ၄ ပတ်ကွာသင့်တယ်။

တုပ်ကွေးကာကွယ်ဆေးကို Flu shot ခေါ်တယ်။ WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ၆ လကနေ ၂ နှစ်အထိကလေးတွေကို ထိုးစေပါတယ်။ အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ ထိရောက်မှုအတွက် မတူတဲ့ ကိန်းဂဏန်းတွေ ရှိတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ဆေးမထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

Flu vaccines ဆေးတွေကတော့ -

1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) အသားဆေးထိုးဆေးနဲ့

2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) နှာခေါင်းထဲထည့်ဆေးဖြစ်တယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးစျေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။ ကျွန်တော်တော့ ထိရောက်တယ်ထင်တယ်။ ဘေးထွက်သက်ရောက်မှုလည်း မခံရပါ။

အမေရိကားမှာ Nasal spray (Live attenuated virus) နှာခေါင်းပန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။ ၂ နှစ်အောက်ကလေးတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ အလာဂျီရတတ်သူတွေ၊ ပန်းနာရှိသူတွေ၊ ကလေးတွေမှာ Aspirin ဆေးပေးနေရသူတွေ၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊ IDS ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ။

ကြက်ဥနဲ့မတည့်သူတွေကို တုပ်ကွေးကာကွယ်ဆေးပေးလို့မရပါ။ Flublok Seasonal Influenza (Flu) Vaccine ကို အသက် (၁၈) နှစ်ကျော်ရင် ထိုးနိုင်တယ်။

Post Credit
ဒေါက်တာတင့်ဆွေ

Arcturus virusဆိုတာ ကိုဗစ်ရဲ့ အိုမီကရွန်မျိုးကွဲတစ်ခုပါ၊ ဖြစ်နေတာက မတ်လလောက်ကတည်းက နိုင်ငံအတော်များများမှာ ရှိပါတယ်မပြင်...
27/04/2023

Arcturus virusဆိုတာ
ကိုဗစ်ရဲ့ အိုမီကရွန်မျိုးကွဲတစ်ခုပါ၊ ဖြစ်နေတာက မတ်လလောက်ကတည်းက နိုင်ငံအတော်များများမှာ ရှိပါတယ်

မပြင်းထန်ပေမယ့် ​ဖျားနာတာ၊ ကိုယ်လက်ကိုက်တာ၊ ချောင်းဆိုးရင်ကြပ်တာ၊ မျက်လုံးတွေနီရဲစပ်နေတာမျိုးတွေ ခေါင်းကိုက်တာတွေပါ ဖြစ်ပါတယ်၊ ကလေးတွေမှာ လည်ပင်းနာတတ်ပါတယ်၊ အစားမစားနိုင်တာမျိုးတွေ ရှိတတ်ပါတယ်

နောက်ပိုင်း ဒီဖက်နိုင်ငံတွေမှာ ကိုဗစ်ကို သိပ်မစစ်တော့ပါဘူး၊ ကိုဗစ်ဖြစ်​နေတာသိလည်း ဖျားနာအကိုက်ခဲနဲ့ ချောင်းဆိုးပျောက်ဆေးလောက်ပဲ ပေးပြီး တုပ်ကွေးလိုပဲကုကြတာ၊ ရင်ကြပ်ချွဲကပ်တာ မသက်သာ အဖျားမကျမှ ပိုးသတ်ဆေးထည့်ပေးတာပါ၊ အများစုက ရက်ပိုင်းအတွင်း သက်သာလာပါတယ်

ကျနော်တို့လည်း သိပေမယ့်​ ဘာလို့ မပြောတုန်းဆို မလိုလို့ မပြောတာပါ၊ ပွဲလုပ်ရတာ မကြိုက်လို့ပါ၊ တချို့နိုင်ငံတွေမှာ ကိုဗစ်ကြောင့် စီးပွားရေး ထပ်အထိခိုက်မခံနိုင်လို့ စစ်ကို မစစ်ခိုင်းတော့ပါဘူး၊ ဆေးရုံတက်ရတာလောက်ထိ ဖြစ်လာလို့ လိုအပ်မှ စစ်ပါတယ်၊ အဆုတ်နဲ့ ကိုယ်ခံအားကို အဓိကထားကုပါတယ်

စာအရှည်ကြီးရေးပြီး ပြောပြချင်တဲ့အရာက Post Covidပါ၊ ကိုဗစ်ဖြစ်တုန်းကတော့ ဘာမှသိပ်မခံလိုက်ရပေမယ့်​ ကိုယ်တွင်းက ဆဲလ်တွေရောင်ရမ်းပါတယ်၊ အထူးသဖြင့် အဆုတ်ပါ၊ နောက်ဆက်တွဲ မောတာတို့၊ ပင်ပန်းတာတို့ အားမရှိသလို ဖြစ်တာတွေကို တွေ့ရတတ်ပါတယ်

ဒါတွေအတွက် အကောင်းဆုံးအဖြေက #အသက်ရှူလေ့ကျင့်ခန်းပါပဲ၊ အောက်က ဘယ်ဖက်ပုံထဲကအတိုင်း အသက်ကို အဝ ရင်ဘတ်ကားထွက်လာအောင် ဗိုက်ဖောင်းလာအောင်ရှူသွင်းပြီး ညဖက်ကပုံထဲကလို အားမပါပဲ လေကို အသာတကြည်​လေး ဖြေးဖြေးချင်းအဆုံးထိ ပြန်ထုတ်ပါ၊ အနည်းဆုံး ဆယ်ကြိမ်
နှစ်​ကျော့လောက် လေကောင်း လေသန့်ရတဲ့ နေရာမှာ ည မနက် လုပ်ကြည့်ပေးပါ၊ အချိန်သိပ်မပေးရပေမယ့်​ ထိရောက်မှုရှိသလို တိုးတက်မှုလည်း အများကြီးတွေ့ပါလိမ့်မယ်

အသက်၆၀ကျော် လူကြီးတွေပဲ အထူးဂရုစိုက်စေချင်ပါတယ်၊ ချောင်းဆိုးတယ် မောလာတယ်ဆို လက်ထိပ် အောက်စီဂျင်လေးတော့ တိုင်းကြည့်ပါ၊ မကျရင် ကိစ္စမရှိပါဘူး၊ အလွန်ဆုံး သုံးလေးရက်ဆို ပြန်သက်သာလာကြပါတယ်

Credit: Dr. Hadee Maung (26.4.2023)

Covid အသစ်​ ပြန်​ဖြစ်​ကြရာက​လေးငယ်​​တွေ ဂရုစိုက်​ပါ
19/04/2023

Covid အသစ်​ ပြန်​ဖြစ်​ကြရာ
က​လေးငယ်​​တွေ ဂရုစိုက်​ပါ

အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။

အာကျူရပ်စ် (Arcturus) ဟာ အိုမာခရွန်ကဆင်းသက်လာတဲ့ သန္ဓေကွဲ XBB.1.16 ဖြစ်ပါတယ်။

WHO ကပြီးခဲ့တဲ့လကတည်းက အာကျူရပ်စ်ကိုသတိပေးခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာ အတွေ့များလာခဲ့တာပါ။

အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။

အဓိကပြောချင်တာက အာကျူရပ်စ်ရဲ့လက္ခဏာတစ်ခုလို့ ပြောနေကြတဲ့ Conjunctivitis ပါ။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် Conjunctivitis မျက်လုံးပန်းရောင်ဖြစ်တာ အတွေ့များတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာအနှံ့ကဆေးခန်းတွေက ကလေးတွေမှာ အဲ့ဒီလို မျက်လုံးပန်းရောင်ဖြစ်တာတွေ့ရတယ်လို့
ဆိုပေမယ့် မျက်လုံးအပြင်လွှာရောင်ခြင်းဟာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာ အခြေအနေဆိုးလာရင် Work from home ပြန်လုပ်သင့်ရင်လုပ်မယ်။ စာကျောင်းတွေမှာ mask ပြန်တပ်ခိုင်းရင် တပ်ခိုင်းမယ်လို့ ဆိုပါတယ်။

ရာသီဥတုကပူတဲ့အတွက် ကလေးတွေဖျားရင်မသက်သာပါ။ ကလေးတွေမှာ ကိုဗစ်ဖြစ်မဖြစ်သတိထားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

Post Credit :
Richard Myo Thant
19-April -2023

အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။အာကျူရပ်စ် (Arcturus...
19/04/2023

အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။

အာကျူရပ်စ် (Arcturus) ဟာ အိုမာခရွန်ကဆင်းသက်လာတဲ့ သန္ဓေကွဲ XBB.1.16 ဖြစ်ပါတယ်။

WHO ကပြီးခဲ့တဲ့လကတည်းက အာကျူရပ်စ်ကိုသတိပေးခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာ အတွေ့များလာခဲ့တာပါ။

အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။

အဓိကပြောချင်တာက အာကျူရပ်စ်ရဲ့လက္ခဏာတစ်ခုလို့ ပြောနေကြတဲ့ Conjunctivitis ပါ။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် Conjunctivitis မျက်လုံးပန်းရောင်ဖြစ်တာ အတွေ့များတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာအနှံ့ကဆေးခန်းတွေက ကလေးတွေမှာ အဲ့ဒီလို မျက်လုံးပန်းရောင်ဖြစ်တာတွေ့ရတယ်လို့
ဆိုပေမယ့် မျက်လုံးအပြင်လွှာရောင်ခြင်းဟာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာ အခြေအနေဆိုးလာရင် Work from home ပြန်လုပ်သင့်ရင်လုပ်မယ်။ စာကျောင်းတွေမှာ mask ပြန်တပ်ခိုင်းရင် တပ်ခိုင်းမယ်လို့ ဆိုပါတယ်။

ရာသီဥတုကပူတဲ့အတွက် ကလေးတွေဖျားရင်မသက်သာပါ။ ကလေးတွေမှာ ကိုဗစ်ဖြစ်မဖြစ်သတိထားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

Post Credit :
Richard Myo Thant
19-April -2023

ခြင်​အန္တရာယ်​ ကြိုကာကွယ်​ခြိမ်းေ​ခြာက်နေဆဲ သွေးလွန်တုပ်ကွေးအန္တရာယ်ပြီးခဲ့တဲ့  ၂၀၂၂ နှစ်အတွင်းမှာ ပါရမီဆေးရုံကို သွေးလွန...
15/02/2023

ခြင်​အန္တရာယ်​ ကြိုကာကွယ်
ခြိမ်းေ​ခြာက်နေဆဲ သွေးလွန်တုပ်ကွေးအန္တရာယ်

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်အတွင်းမှာ ပါရမီဆေးရုံကို သွေးလွန်တုပ်ကွေး လူနာတော်​တော်​များများ တက်ရောက်ခဲ့ပါတယ် အများစုကို အောင်​​အောင်​မြင်​မြင်​ ကုသပေးနိုင်ခဲ့ပါတယ် အဲ့ဒီလို လုပ်နိုင်ဖို့အတွက် ဆရာဝန်ဆရာမ သူနာပြု ဓါတ်ခွဲဝန်ထမ်း အုပ်ချုပ်ရေးပိုင်း အားလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့ရပါတယ်
သွေးလွန်တုပ်ကွေးအဓိက အဖြစ်များတဲ့အချိန်တွေက ဇွန်၊ ဇူလိုင်၊ ‌သြဂုတ်အကုန် မိုးတွင်းကာလတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ တနှစ်လုံးလိုလို သွေးလွန်တုပ်ကွေး လူနာတွေကို တွေ့နေခဲ့တယ်။ နောက်ပိုင်းလတွေလည်း မပြတ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာကို အရေးကြီးတဲ့ အဆင့်ကိုရောက်တဲ့ သွေးလွန်တုပ်ကွေး
လူနာသုံး​ယောက်တွေ့တော့ ကျွန်တော် တော်တော်လေး အံ့သြသွားပါတယ်။ တကယ်ဆိုရင် နှစ်စဉ်နှစ်တိုင်းမှာ ဖေဖေါ်ဝါရီလဆိုတာက သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အနည်းဆုံးလဖြစ်ပါတယ်။ ဒီအနည်းဆုံးလမှာတောင်မှ ဒီလောက်ရှိနေရင် လာမယ့်နှစ်မှာဆိုရင် ပိုပြီးများနိုင်တယ်လို့ခန့်မှန်းရပါတယ် ဒါက မဖြစ်စေချင်ပေမယ့်​လည်း လိုအပ်သလို ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ပါ
ပြီးခဲ့တဲ့ တပတ်အတွင်းမှာ တွေ့ခဲ့တဲ့ လူနာလေးတယောက်ကတော့ လှိုင်သာယာကပါ။ ဒီကလေးက ခုနှစ်နှစ်ကျော်လောက်ပါ
အဖျား ၃ ရက်မြောက်မှာ သွေးလန့်တဲ့အခြေအနေ
ရောက်နေတာကို အထွေထွေရောဂါကု ဆရာဝန်သတိထားမိလို့
လွှဲလိုက်တာပါ ဒီကလေးရောက် တဲ့အချိန်မှာ PCV လို့ခေါ်တဲ့ သွေးအပျစ်အကျဲနှုန်းက (၄၇) ရှိပါတယ် အဲဒီတော့ သူ့ကို ကျွန်တော်တို့က သွေးလန့်တဲ့အနေနဲ့ ဆားရည်သွင်းပြီးကုပါတယ် ဒါပေမဲ့လည်း ခဏကောင်းပြီးတော့ ပြန်ပြီးတော့ သွေးလန့်တာက ပြန်ဖြစ်လာတယ်။ အဲဒါကြောင့်မို့ ကော်ရည်လို့ခေါ်တဲ့
(Gelofusin)ကို သွင်းရပါတယ်။ အဲ့နောက်ပိုင်းကျလည်း သွေးလန့်တာကောင်းကောင်း
ပြန်ပြီးတော့ မကောင်းလို့ သွေးရည်ကြည် သွင်းရပါတယ်။
ည (၁၂) နာရီလောက်က စသွင်းလိုက်တာ နံနက် (၆)နာရီလောက် အထိကို သွေး‌ရည်ကြည်နဲ့ပဲ ထိန်းထားရပါတယ် စုစုပေါင်း
သွေးလန့်ချိန်က (၂၄) နာရီနီးပါးကို ကြာခဲ့ပါတယ်။ ဒီကလေးကိုလည်း တွဲဖက်ပါမောက္ခ ကလေးအထူးကုဆရာဝန်ကြီး ကိုယ်တိုင် ည (၁၂) နာရီ၊
(၁) ချက်အထိစောင့်ကြည့်ပြီးတော့ ဆုံးဖြတ်ကုသပေးခဲ့ပါတယ်။ သွေးလွန်တုပ်ကွေး လူနာတယောက် သွေးလန့်ပြီဆိုတာနဲ့ ကျွန်တော်တို့ အများကြီးလုပ်ရပါတယ်။ ဒီသွေးလန့်တဲ့အခြေအနေပေါ်
မူတည်ပြီးတော့ အခါမလပ် စောင့်ကြည့်ရသလို ဆားရည်သွင်းမလား၊ ကော်ရည်သွင်းမလား၊ သွေးရည်ကြည်သွင်းမလား ဆိုတာကို စဉ်းစားဆုံးဖြတ်ရပါတယ်။ အဲဒီလို ဆုံးဖြတ်မှုမှားလို့ရှိရင် ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီလိုပဲ သွေးနဲ့ သွေးထွက်ပစ္စည်း၊ သွေးဘက်ဆိုင်ရာပစ္စည်း (platelet rich plasma) လို့ခေါ်တဲ့ သွေးဥမွှားကြွယ်ဝသော သွေးရည်ကြည် လုပ်ပေးနိုင်တာလည်း ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း ကလေးရဲ့အသက်ကို ကယ်ဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်
နောက်ကလေးတ​ယောက်ကတော့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဉီးလူနီလမ်းက ဖြစ်ပါတယ်။ အသက်ကတော့ တစ်နှစ်နဲ့
ခုနှစ်လပဲရှိပါသေးတယ်။ အဲဒီကလေးကိုပြင်ပဆေးခန်းမှာ ကလေးဆရာဝန်တစ်ယောက်က
ကြည့်တယ်။ သွေးလွန်တုပ်ကွေးဖြစ်မှန်းကို သွေးစစ်ကြည့်လိုက်တဲ့အခါမှာ ပေါ်လွင်နေတော့ ဘာမှကို အန္တရာယ်လက္ခဏာမရှိသေးခင်မှာ ကျွန်တော်တို့ ဆေးရုံကိုရောက်နေတာပါ။ ဆေးရုံမှာစောင့်ကြည့်နေတယ်။ ဆေးရုံမှာတော့ အခါမလပ် သွေးခုန်နှုန်း သွေးပေါင်ချိန် PCV တွေ့ စောင့်ကြည့်သွေးအပျစ်အကျဲနှုန်း​​စစ်တုန်း ​ကလေးက သွေးလန့်ခြင်း (Shock ) ဝင်ပါတယ်။ PCV လို့ခေါ်တဲ့ သွေးပျစ်​ကျဲနှုန်းက (၄၆) လောက်အထိ တက်သွားတယ် သွေးလန့်တယ် ဆားရည်နဲ့ပဲကုသလိုက်တယ်။ ကောင်းသွားတယ်။ သို့​သော် ညဘက် (၁၀) နာရီ
(၁၁) နာရီကောင်းပြီး
မနက် ( ၅) နာရီလောက်ကျတော့ တခါပြန်ပြီး သွေးလန့်တာ ဖြစ်နေတယ် ဒီတစ်ခါမှာတော့ ကော်ရည်နဲ့ ကုရပါတယ်။ ကျွန်တော် တာဝန်ယူရတဲ့ မနက်ပိုင်း ရောက်တဲ့အချိန်မှာတော့ သူကတော့ ကောင်းနေပြီလို့ထင်ပေမယ့်​ ခဏနေတော့ သိသာထင်ရှားတဲ့ ရှော့ဖြစ်တာတော့ မဟုတ်ပေမဲ့ သွေးပျစ်ကျဲနှုန်း (PCV) က
(၄၄) အထိ ပြန်တက်လာတယ်။ သွေးခုန်နှုန်းကလည်း မြန်လာတယ်။ ပိုဆိုးတာကတော့ သွေးဥမွှား ( ၆) လောက်အထိ ကျသွားတယ်။ သွေးယိုတဲ့အန္တရာယ်ရှိမှာစိုးလို့ ကျွန်တော်တို့ သွေးရည်ကြည်ပေးရပါတယ်။ ဆိုလိုတာက ဒီကလေးမှာလည်း တော်တော် အသက်အန္တရာယ်ရှိတဲ့ အဆင့်အထိကို
ရောက်သွားခဲ့ပါတယ်။
နောက်ကလေးတယောက်ကျတော့ သွေးလန့်တဲ့အဆင့်အထိတော
့မရောက်ဘူး။ သို့သော် သွေးပျစ်ကျဲနှုန်း တက်လာတဲ့အတွက်ေ​ကြာင့် ကျွန်တော့်တို့ ဆားရည်သွင်းပေးရတယ်။ အဲဒီကလေးက တိုက်ကြီး မြို့နယ်ကပါ။
ခုတော့ ဒီကလေးတွေ အားလုံး ကောင်းသွားပြီးတော့ ဆေးရုံက ဆင်းပေးခဲ့ပြီးဖြစ်ပါတယ်။

ခါတိုင်းနှစ်မှာ နည်းတတ်တဲ့ ဖေဖော်ဝါရီလမှာ တေါင်လရှိနေတယ်ဆိုတာကို သတိပေးချင်တာပါ။ ကျွန်တော်တို့အနေနဲ့ ဒီကလေး တွေရဲ့မိဘတွေကို သူတို့လာခဲ့တဲ့ ရပ်ကွက်နဲ့ ကျောင်းနေတဲ့ အရွယ်ကလေးတွေဆိုတော့ သူတို့ကျောင်းကို အကြောင်းကြားဖို့ ကျွန်တော်​တို့ပြောပါတယ် ဘာလို့ဆိုတော့ အဲဒီပတ်ဝန်းကျင်မှာ သူနဲ့ တတန်းတည်းကလေးတွေမှာ ဖျားနေရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ လွဲအပ်ပေးတဲ့ အထွေထွေရောဂါကု
ဆရာဝန်ကိုလည်း အကြောင်းကြားခိုင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ဆီကိုလာတဲ့ကလေးတွေက အဲဒီပတ်ဝန်းကျင်ကလေးတွေက ဒီကလေးနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်က ကလေးတွေက ဖျားနေရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်ဆိုတာ သတိထားမိဖို့ပါ။
အဖြစ်နည်းတဲ့ အချိန်မှာ​တောင်ရှိနေသေးတဲ့အတွက် စောစောကြိုတင်သိ စောစောသတိထားမိတာနှင့်အမျှ သွေးရည်ကြည်တို့၊ သွေးတို့၊ အကြောဆေးရည်တို့ ပေးနိုင်တဲ့ အချိန်အခါမလပ် စောင့်ကြည့်ကုသပေးနိုင်တဲ့ ဆေးရုံတွေကို အချိန်မီ လွှဲအပ်ပေးနိုင်ဖို့ သတိထားမိနိုင်အောင် တင်ပြတာ ဖြစ်ပါတယ်

သွေးလွန်တုပ်ကွေး အနှစ်ချုပ်

သွေးလွန်တုပ်ကွေး ဖြစ်နိုင်သည် ဟုသတ်မှတ်ခြင်း (propable dengue )

ဖျားခြင်း နှင့် အောက်ပါ
အချက်များထဲမှ ၂ချက် ရှိလျှင်

၁. အော့အန်ြ​ခင်း
၂. အရေပြားပေါ်တွင် အနီစက်​ rashထွက်ခြင်း
၃. ကိုယ်လက် ကိုက်ခဲခြင်း
၎. သွေးပေါင်ချိန်တိုင်းကရိယာဖြင့် စမ်းသပ်ရာတွင် + ဖြစ်ခြင်း
Hess Test
၅. သွေးဖြူဥနည်းခြင်း leukopenia
၆. အန္တရာယ်လက္ခဏာ တခုခုရှိခြင်း
၇. နှာခေါင်းသွေးလျှံခြင်း
ကော်​ဖီနှစ်ရောင်အန်​ဖတ်​ အန်​ခြင်း

အလွယ်ဆိုရင်တော့ အဖျားကြီးပြီး မလန်းဆန်းရင် မှိန်းရင် အစားအသောက် ပျက်လျှင် ဖြစ်နိုင်တယ်လို့ မှတ်ရပါမယ်

အန္တရာယ် လက္ခဏာများ

၁. ဝမ်းဗိုက်နာခြင်း
ဖိလျှင်နာခြင်း
၂. ဆက်တိုက် အန်ခြင်း
၃. အဆုတ် ​နှလုံး ဝမ်းဗိုက်တို့တွင် အရည်စုခြင်း
၎. မှိန်းခြင်း သို့မဟုတ်
ကယောင်ကတမ်း ဖြစ်ခြင်း
၅. အသည်း ၂ စင်တီမီတာထက် ကြီးလာခြင်း
၆. သွေးဖြူဥ ကျလာခြင်း
သွေးပျစ်​နှုန်း pcv တက်လာခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ်လက္ခဏာ တခုခုရှိခြင်း
၂. တနှစ်အောက် ကလေး
၃. အဝလွန်သောသူ
၎. အခြား ရောဂါ ရှိသောသူ
ဥပမာ thalassaemia
၅. ဆေးရုံနှင့် ဝေးသောသူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေးကြီးသည့် သွေးလန့်ခြင်း မဖြစ်မှီတွင် အဖျားကျ သွားတတ်သည်
နေကောင်းသွားပြီဟု မှားယွင်းစွာယူဆတတ်သည်
အဖျားကျပြီး မလန်းဆန်းလျှင်
မှိန်းလျှင် ကယောင်ကတမ်းဖြစ်လျှင် မူးဝေအော့အန်​လျှင် ဆေးရုံသို့ အမြန် သွားရပါမည်
စားသောက် ဆော့ကစားနေလျှင် မစိုးရိမ်ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါထာ

ရာသီတိုင်းတွင် ဖျားနာလျှင်
သွေးလွန်တုပ်ကွေး မှတ်

အဖျားကျစဉ် မလန်းလျှင်
အစဉ် သတိချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

ကဲ……တုပ်​ကွေးဖျားနာစပြီမို့ဆေးထိုးကာကွယ်ကြပါစို့
16/06/2022

ကဲ……တုပ်​ကွေးဖျားနာစပြီမို့
ဆေးထိုးကာကွယ်ကြပါစို့

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကလေးများအားလုံး ထိုးနှံပေးမိုးလေးဖွဲဖွဲကျပြီဖြစ်၍ ခြင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကာကွ...
30/04/2022

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး
ကလေးများအားလုံး ထိုးနှံပေး

မိုးလေးဖွဲဖွဲကျပြီဖြစ်၍ ခြင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကာကွယ်ဆေးထိုးကာ ကြိုတင်ကာကွယ်နိုင်ပါပြီ

ချမ်းအေးသာဆေးခန်း
လမ်း ၃၀ ၊ ၇၇-၇၈ ကြား
☎ ၀၉၂၅၇၅၄၃၉၈၈ ၀၉၂၅၇၅၄၃၉၅၅

✅တုပ်ကွေးဖျားနာ🌡🌡🌡 ✅ကြိုတင်ကာကွယ်ပါ💉💉💉✅၂၀၂၂ မိုးရာသီတုပ်ကွေးကာကွယ်ဆေးများ ရောက်ရှိပါတော့မည်။ ချမ်းအေးသာဆေးခန်းလမ်း ၃၀၇၇-...
01/04/2022

✅တုပ်ကွေးဖျားနာ🌡🌡🌡

✅ကြိုတင်ကာကွယ်ပါ💉💉💉

✅၂၀၂၂ မိုးရာသီတုပ်ကွေးကာကွယ်ဆေးများ ရောက်ရှိပါတော့မည်။

ချမ်းအေးသာဆေးခန်း
လမ်း ၃၀
၇၇-၇၈ကြားတွင် ကြိုတင် Booking တင်ထားနိုင်ပါပြီ

📞09257543988
📞09257543955 ကြိုတင်ဆက်သွယ်နိုင်ပါပြီ

Isolation
19/02/2022

Isolation

Address

30th Street, Between 77-78 , Chan Aye Tharzan Township
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959257543988

Website

Alerts

Be the first to know and let us send you an email when ချမ်းအေးသာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram