16/01/2023
ငယ်ငယ်တုန်းက ခွဲခြားခံရတာများ ပြောပါတယ်
A တန်းက လူတွေဆို
ရွှေခုံကြီးတွေမှာထိုင်
ရွှေမှုန်တွေစားပြီးစာသင်ရတယ်လို့ကိုထင်မိတာ...
ဆရာမတွေက
"Aတန်းကလူတွေက တော်တယ်"
"Aတန်းကလူတွေက လက်ရေးလှတယ်"
"Aတန်းကလူတွေက ယဉ်ကျေးတယ်"လို့
အတန်းတိုင်းမှာ ပြောကြတာကိုး....
ကိုယ်တွေ Eတန်း Fတန်း
Gတန်း Hတန်းကလူတွေဆို
ဒုက္ခသည်စခန်းက နိုင်ငံမဲ့တွေလိုလို
ခိုးဆိုးလုနှိုက် အလောင်းအလျာလေးတွေလိုလို
ဂျိုကျိုးနားရွက်ပဲ့တွေ စုပုံခြံခတ်ထားသလိုလို
အဲ့လိုမြင်ကြတာ....
Aတန်းက ဘယ်သူက အဆင့်၁ရတယ်ဆို
သွားတောင်ကြည့်ယူရတယ် (မမြင်ဖူးလို့)
Aတန်းက အဆင့်၁ ၂ ၃ ဆို ဆယ်လီဆိုပြီး
သွားကြည့်ရတာ
ဆယ်လီဖြစ်ချက်က
အခုခေတ် မင်းသားမင်းသမီးတွေကိုသနားတယ်...
တခြားအတန်းကလူတွေဘယ်လောက်တော်တော်
Aတန်းကလူတွေကို မမီတာ...အဲ့လို....
ကိုယ်တွေအနောက်ပိုင်းကျတဲ့အတန်းတွေက
ဘာမိုတီမှမရှိတာ....
နောက်ပိုင်းအခန်းတွေမှာ အဆင့်၁ရလည်း
မပျော်နိုင်တဲ့ဘဝ
(လူရာမဝင်ဘူး ပြောပါတော့)
အရင်ကတော့ထင်မိတာပေါ့
Aတန်းကလူတွေကပဲ ဆရာဝန်ကြီးတွေ
အင်ဂျင်နီယာကြီးတွေ စစ်ဗိုလ်ကြီးတွေဖြစ်လိမ့်မယ်
သေချာပေါက်ချမ်းသာလိမ့်မယ်
ကျိန်းသေပေါက်ပညာရှင်ကြီးတွေဖြစ်လိမ့်မယ်
သူဌေးကြီးတွေဖြစ်လိမ့်မယ်လို့ ထင်မိတယ်....
Aတန်းကလူတွေကိုပဲ
အကုန်လုံးက"လူ"လို့သက်မှတ်ကြတာကိုး...
Aတန်းနားသွားရင်ကို
အရောင်တွေလက်နေသလိုလို
ခွန်အားတွေရသွားသလိုလို
အားကျစိတ်တွေပေါ်လာသလိုလို
ဗိုက်နာလာသလိုလို ရှူးပေါက်ချင်လာသလိုလိုကြီး
အဲ့လောက်ပါဝါကြီးတာ....😂
ခုတော့လည်း
Aတန်းကလူတွေလည်း
မွဲတဲ့လူကမွဲ ကွဲတဲ့လူကကွဲ
သူဌေးဖြစ်တဲ့လူကဖြစ် ခွေးဖြစ်တဲ့လူကဖြစ်
Hတန်း I တန်းကလူတွေလည်း
ကမ္ဘာပတ်တဲ့ကောင်ကပတ်
ခွက်ဆွဲတဲ့ကောင်ကဆွဲနဲ့.....
လောကကြီးက မျှမျှတတခွဲထုတ်ပေးလိုက်တာ
(ဒါတောင် တချို့က အခုထိ
ငါကAတန်းကဟဲ့ဆိုပြီးလုပ်နေကြတုန်း)😂
ခုတော့
ကျောင်းတချို့မှာ
Aတန်း Bတန်းစနစ်မရှိတော့ဘူးကြားတယ်
၀မျးသာပါတယျ
အတန်းတွေကိုလည်း မခွဲခြားတော့ဘူးကြားတယ်
စာမေးပွဲတွေလည်း မရှိတော့ဘူးကြားတယ်
တတ်မြောက်အောင်သင်ကြားဖို့ပဲ
ဦးစားပေးတော့တယ်ကြားတယ်
ကြိုက်တယ် ဝမ်းသာတယ် ကြိုဆိုတယ်
"Aတန်းသည်သာ ပဓာန"ခေတ်မဟုတ်တော့ဘူးပေါ့
ခင်ဗျားတို့ရော တွေ့မိသေးလား
Aတန်းကလူတွေ.....
Crd # #