ZWH Business :Women's Health

ZWH Business :Women's Health အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်?

ဟေ့... ရာသီလာချိန် သွေးဆင်းများနေတဲ့ လေဒီလေးတွေရေ 🩸သွေးဆင်းများပြီး အားနည်းနေတယ်၊ ခေါင်းမူးနေတယ်ဆိုရင် ဒီအစားအစာလေးတွေ စ...
08/12/2025

ဟေ့... ရာသီလာချိန် သွေးဆင်းများနေတဲ့ လေဒီလေးတွေရေ 🩸

သွေးဆင်းများပြီး အားနည်းနေတယ်၊ ခေါင်းမူးနေတယ်ဆိုရင် ဒီအစားအစာလေးတွေ စားပေးကြည့်နော် 💖

ဘာတွေ စားရမလဲဆိုတော့...

🥬 သံဓာတ်ကြွယ်ဝတဲ့ အရွက်တွေ
- တရုတ်နံနံ၊ ဟင်းနုနွယ်၊ ပဲစိမ်းတောင့်၊ beetroot တို့ ထည့်စားပေးပါ

🍊 ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ
- မာလကာသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ

🥕 ဗီတာမင် A ကြွယ်ဝတဲ့ အသီးအရွက်တွေ
- ကန်စွန်းဥ၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ဂရိတ်ဖရု

🌿 သက်သာစေမယ့် အခြားအစားအစာများ
• ဂျင်း - သွေးဆင်းနည်းစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်
• မန်ကျည်းသီး - ပျားရည်နဲ့ရောသောက်ပေးပါ
• နှမ်းကြတ်စေ့ - ဆန်ပြုတ်/ဒိန်ချဉ်ထဲ ထည့်စားပေးနိုင်တယ်
• ပဲနို့ - သောက်ပေးလို့လည်းရပါတယ်

သတိထားရမယ့်အချက်တွေက...
✔️ သွေးဆုံးရှုံးမှုများရင် သံဓာတ်အားဆေးတွေ လိုကောင်းလိုနိုင်ပါတယ်
✔️ အသက် ၄၀ အထက်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်
✔️ သွေးခဲတွေအများကြီးဆင်းရင်၊ ၇ ရက်ထက်ကြာရင် ဆရာဝန်နဲ့ ပြသဖို့တော့လိုပါမယ်နော်။

လေဒီလေးတွေ ရာသီလာချိန် ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ကြပါစေ 💕

ရာသီလာချိန်မှာ နာကျင်တာ၊ အဖြူဆင်းတာ၊ ပိုးဝင်တာ ၊ အနံ့ဆိုးတွေ ၊ မိန်းမကိုယ်ကျယ်တာ လေထွက်တာတွေ ဖြစ်နေတယ်ဆိုရင်
🌿 Plus Sense Shojo နဲ့ Herbal Gel ကသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

📥 မှာယူလိုပါက (CB)
☎️ 09 254906469

#ရာသီသွေးဆင်းများခြင်း #ကျန်းမာရေး #အမျိုးသမီးကျန်းမာရေး #သံဓာတ်အားဖြည့်အစားအစာ

❄️ ဆောင်းတွင်းမှာ အမျိုးသမီးတွေကြုံရတတ်တဲ့ ပြဿနာများဆောင်းလေ အေးပြီး လေခြောက်လို့ အမျိုးသမီးတွေ အရေပြားနဲ့ ကျန်းမာရေး ပြ...
08/12/2025

❄️ ဆောင်းတွင်းမှာ အမျိုးသမီးတွေကြုံရတတ်တဲ့ ပြဿနာများ

ဆောင်းလေ အေးပြီး လေခြောက်လို့ အမျိုးသမီးတွေ အရေပြားနဲ့ ကျန်းမာရေး ပြဿနာတွေကြုံရနိုင်ပါတယ်။ Plus Sense က သင်တို့အတွက် အလှအပနှင့် ကျန်းမာရေး ထိန်းသိမ်းနည်းများ ကို မျှဝေပေးလိုက်ပါတယ်။

🧴 အသားအရေ & အလှအပပြဿနာများ
အသားခြောက်ခြင်း – မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး ခြောက်သွေ့ပြီး ကွဲနိုင်တတ်ပါတယ်။

နှုတ်ခမ်းကွဲခြင်း – နူးညံ့သောနှုတ်ခမ်း အလွယ်တကူ ကွဲနိုင်ပါတယ်။

ဆံပင်ပျက်စီးခြင်း – အအေးနဲ့ အပူအပြောင်းအလဲကြောင့် ဆံပင် ကြမ်းတမ်းလာနိုင်ပါတယ်။

🩺 ကျန်းမာရေးဆိုင်ရာ ပြဿနာများ
ဆီးလမ်းပိုးဝင်ခြင်း (UTI) – ရေသောက်နည်းကြောင့် ပိုးဝင်လွယ်ပါတယ်။

အဆစ်နာကျင်ခြင်း – အအေးဒဏ်ကြောင့် အဆစ်တွေ တောင့်တင်းနာကျင်နိုင်ပါတယ်။

ရာသီမမှန်ခြင်း / အမျိုးသမီးနာကျင်မှု – ဟော်မုန်း ပြောင်းလဲမှုကြောင့် ပိုနာကျင်နိုင်ပါတယ်။

စိတ်ခံစားမှုပြောင်းခြင်း (SAD) – နေရောင်နည်းပြီး စိတ်ဓာတ်ကျလွယ်၊ အိပ်ငိုက်လွယ်ပါတယ်။

💡 ကာကွယ်နည်း
ရေများများသောက်ပါ – အစိုဓာတ်ကို ထိန်းပါ။

Moisturizer & Lip Balm သုံးပါ – အသားအရေ နှင့် နှုတ်ခမ်း အစိုဓာတ်ထိန်းပါ။

အဆစ်နဲ့ ကြွက်သားတွေကို နွေးထွေးစေရန် အဝတ်အစား လုံလုံလောက်လောက် ဝတ်ဆင်ပါ။

အခုလိုရာသီအပြောင်းလဲဖြစ်တဲ့ ဆောင်းရာသီမှာ ကျန်းမာပြီး လှပစွာ ဖြတ်သန်းနိုင်ကြပါစေ ❤️

အမျိုးသမီး အတွင်းပိုင်းကျန်းမာရေးအတွက်ဆိုရင် Plus Sense လေးကအမြဲရှိနေမှာပါ။

📥 မှာယူလိုပါက (CB)
☎️ 09 254906469

#ဆောင်းတွင်းအလှအပ #အမျိုးသမီးကျန်းမာရေး

04/12/2025

သားသားမွေးပြီး ၁လ ထဲက

မေတ္တာသုတ် အဓိဌာန်လေး ဝင်လာခဲ့တာ

အခုဆို သားသားလည်း ၆လ ပြည့်တော့မယ်😊

စိတ်ချမ်းသာ ကိုယ်ကျန်းမာရပါစေ🙏🙏🙏

04/12/2025

မြစ်ကြီးနားအိမ်အရောက်ငွေချေ Royalက

၂ပတ် ၃ပတ် ကြာနိုင်ပါတယ်တဲ့ ရှင်

ပစ္စည်းတန်ဖိုး ၂သိန်းခွဲ ထိပဲ အဆင်ပြေမယ်ဆို တော့

မင်မင်တို့ ဘယ်လို မှ မြစ်ကြီးနားအိမ်အရောက်ငွေချေ ပို့လို့ အဆင်မပြေလို့ပါရှင်....

ငွေကြိုလွှဲ မန်းလေးကနေ ကားတင်ပေးပါတယ် ရှင်

ယုံကြည်စိတ်ချစွာ နဲ့ ဝယ်ယူနိုင်ပါတယ် ရှင်...

ကျေးဇူးတင်ပါတယ်ရှင်

Suprise တိုက်လို့ရပြီနော်😘😘😘😘😘
03/12/2025

Suprise တိုက်လို့ရပြီနော်😘😘😘😘😘

ငွေကြိုလွှဲ ပြီး ပစ္စည်းမရောက်ကြတော့....ငွေကြိုလွှဲ ရမယ်ဆို ကြောက်ကြတယ်....မင်မင်တို့ ကလည်း အိမ်အရောက်ငွေချေပို့တာတောင်ပ...
01/12/2025

ငွေကြိုလွှဲ ပြီး ပစ္စည်းမရောက်ကြတော့....

ငွေကြိုလွှဲ ရမယ်ဆို ကြောက်ကြတယ်....
မင်မင်တို့ ကလည်း အိမ်အရောက်ငွေချေပို့တာတောင်
ပစ္စည်း သွားပို့မှ ဖုန်းမကိုင် ဖုန်းစက်ပိတ် ရက်တွေရွေ့ပြီး
မယူကြတာတွေ ရှိတော့ ကားဂိတ်တင်ရရင်
ငွေကြိုမလွှဲရင် မပို့ရဲ....

အခုတော့ ဖားကန့် လောက်ကိုင် လားရှိုး မြစ်ကြီးနား
လိုင်ဇာ မူဆယ် နမ်းခမ်း အိမ်အရောက်ငွေချေမရတဲ့မြို့တွေဆို ငွေကြိုလွဲရင် မန်းလေးကနေ ကားတင်ပေးပါတယ် ။

ယုံကြည်စွာနဲ့ မှာယူနိုင်ပါတယ်ရှင် ။

29/11/2025

တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်တဲ့ အမျိုးသမီးတိုင်းအတွက်.......

🤔 “သားအိမ်ကျခြင်း” ဆိုတာ ကြားဖူးကြတယ်မလား?သားအိမ်ကို ထိန်းထားပေးတဲ့ တင်ပဆုံကြွက်သားတွေ နဲ့ အရွတ်တွေ အားနည်းသွားသဖြင့်သား...
20/11/2025

🤔 “သားအိမ်ကျခြင်း” ဆိုတာ ကြားဖူးကြတယ်မလား?

သားအိမ်ကို ထိန်းထားပေးတဲ့ တင်ပဆုံကြွက်သားတွေ နဲ့ အရွတ်တွေ အားနည်းသွားသဖြင့်
သားအိမ်က မူလနေရာကနေ အောက်ဘက်ကျလာနိုင်ပါတယ်။
အသက်ကြီးလာတာ၊ ကလေးများမွေးတာနဲ့ အဆင့်ဆင့် ပိုမိုဖြစ်တတ်ပါတယ်။

💡 ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?

• သွေးဆုံးပြီးသူများ
• အဝလွန်သူများ
• အလေးအပင်များသူများ
• နာတာရှည် ချောင်းဆိုးသူများ
• ရိုးရိုး မွေးဖွားထားသူများ
• ကလေးများများ မွေးထားသူများ

⚠️ ဘာလက္ခဏာတွေ ဖြစ်တတ်လဲ?

• တင်ပဆုံနားတစ်ဝိုက် တင်းကျပ်သလို ခံစားရခြင်း
• မိန်းမကိုယ်နားမှာ တစ်ဆို့ဆို့ဖြစ်နေခြင်း
• ဆီးမထိန်းနိုင်ခြင်း / ဆီးကျန်သလို ခံစားရခြင်း
• ဝမ်းသွားရခက်ခြင်း
• ထိုင်ရင် အဆင်မပြေတာ
• အတူနေရခက်ခြင်း

✅ ကြိုတင်ကာကွယ်နည်း လေးတွေ

🏋️‍♀️ ကိုယ်အလေးချိန်ကို ထိန်းပါ
• ကျန်းမာရေးနဲ့ညီညွတ်အောင် ထိန်းပါ

💪 Kegel လေ့ကျင့်ခန်း လုပ်ပါ
• တင်ပဆုံကြွက်သားတွေ သန်မာစေတယ်
• တစ်နေ့ ၁၅–၂၀ ကြိမ် လုပ်ပါ

🚫 အလေးအပင် မသယ်ပါနဲ့
• ကလေးကို ချီတဲ့အခါ ဒူးကွေးပြီး ချီပါ
• ခါးကုန်းပြီး အလေးအပင်မ မပါနဲ့

🍎 အစားအသောက် ဂရုစိုက်ပါ
• အမျှင်ဓာတ်များတဲ့ အစားအသောက်
• ရေများများသောက်ပါ

🏃‍♀️ အားကစား လုပ်ပါ
• ပုံမှန်လမ်းလျှောက်ခြင်း
• ယောဂလေးများ လေ့ကျင့်ခြင်း တွေပါ။

🌟 Shojo Collagen Liquid ကတော့
• သားအိမ်အတွင်းပိုင်းကို အားကောင်းစေပြီး
• အရေပြားစိုပြည်မှုနှင့် elasticity ကို မြှင့်တင်ပေးနိုင်တာကြောင့် သားအိမ်ကျခြင်းကို သက်သာစေပါတယ် 💖

💌 မေမေတို့ရေ… ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ခြင်းကလည်း မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ပါပဲ။ ဒါကြောင့်
Shojo Collagen Liquid နဲ့ သားအိမ်ကျခြင်းကို ကြိုတင်ကာကွယ်လိုက်ပါ 💗

📥 မှာယူလိုပါက (CB)
☎️ 09 254906469

#သားအိမ်ကျခြင်း #မိခင်ကျန်းမာရေး #အမျိုးသမီးကျန်းမာရေး

မိန်းကလေးတိုင်း သိထားသင့်တဲ့ "သားအိမ်ခေါင်း" အကြောင်းဒီအစိတ်အပိုင်းလေးက ဘာလဲ၊ ဘယ်လိုအရေးကြီးလဲ၊ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်...
17/11/2025

မိန်းကလေးတိုင်း သိထားသင့်တဲ့ "သားအိမ်ခေါင်း" အကြောင်း

ဒီအစိတ်အပိုင်းလေးက ဘာလဲ၊ ဘယ်လိုအရေးကြီးလဲ၊ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်လဲဆိုတာ သေချာသိထားဖို့လိုပါတယ်။
သားအိမ်ခေါင်းကင်ဆာဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာတစ်မျိုးပါ။

✅ သားအိမ်ခေါင်း (Cervix) ဆိုတာ ဘာလဲ?

မိန်းမကိုယ်အတွင်းပိုင်းမှာရှိတဲ့ သားအိမ်ရဲ့အောက်ခြေအပိုင်း ဖြစ်ပါတယ်။
သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားတဲ့ တံခါးပေါက်လို့တောင်မှတ်ယူနိုင်ပါတယ်။
ကလေးမွေးဖွားချိန်မှာ ပြန့်ထွက်ပေးပြီး ကလေးထွက်လာဖို့ လမ်းဖွင့်ပေးပါတယ်။

သားအိမ်ခေါင်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

၁။ သားအိမ်ခေါင်းရောင်ခြင်း (Cervicitis)
အကြောင်းရင်း – ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။
လက္ခဏာများ – အဖြူဆင်းခြင်း၊ အနံ့ဆိုးခြင်း၊ ယားယံခြင်း၊ ရာသီကြားကာလ သွေးဆင်းခြင်း။

၂။ သားအိမ်ခေါင်းအသားပို (Cervical Polyp)
အကြောင်းရင်း – ဟော်မုန်းအပြောင်းအလဲနဲ့ ဆက်စပ်နေတတ်ပါတယ်။
လက္ခဏာများ – ရာသီမဟုတ်ဘဲ သွေးဆင်းခြင်း၊ အတူနေပြီးနောက် သွေးထွက်ခြင်း။

၃။ သားအိမ်ခေါင်းဆဲလ်ပြောင်းခြင်း (Cervical Dysplasia)
အကြောင်းရင်း – HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး ကင်ဆာမဖြစ်ခင် အဆင့် ဖြစ်ပါတယ်။
လက္ခဏာများ – ရောဂါလက္ခဏာ သိသိသာသာမပြတတ်ပါ။ စစ်ဆေးမှသိရပါတယ်။

၄။ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
အကြောင်းရင်း – HPV ဗိုင်းရပ်စ် ကူးစက်မှုကြောင့် အဖြစ်များပါတယ်။
လက္ခဏာများ – ရာသီကြားကာလ သွေးဆင်းခြင်း၊ အတူနေပြီးနောက် သွေးထွက်ခြင်း၊ တင်ပဆုံကိုက်ခဲခြင်း။

ဘယ်လိုကာကွယ်မလဲ?
✅ HPV ကာကွယ်ဆေးထိုးပါ – ကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါတယ်။
✅ ပုံမှန်စစ်ဆေးပါ – Pap smear (သားအိမ်ခေါင်းဆဲလ်စစ်ဆေးမှု) ကို နှစ်စဉ်ပြုလုပ်သင့်ပါတယ်။
✅ လိင်မှုကိစ္စတွင် ကွန်ဒုံးသုံးပါ – HPV ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
✅ ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်ခြင်းက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

မှတ်ချက် – သားအိမ်ခေါင်းကင်ဆာဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါ ဖြစ်ပါတယ်။ ပုံမှန်စစ်ဆေးမှုပြုလုပ်ခြင်းနဲ့ HPV ကာကွယ်ဆေးထိုးခြင်းက သင့်ကို ဒီရောဂါဆိုးကနေ ကာကွယ်ပေးနိုင်မှာပါ။

💜 အမျိုးသမီးတွေရဲ့ သားအိမ်ကျန်းမာရေးအတွက်ဆို Plus Sense Herbal gel နဲ့ Shojo Collagen Liquid အမြဲရှိနေမှာပါ။

📥 မှာယူလိုပါက
☎️ 09 254906469

13/11/2025

💜 "အနံ့ဆိုးနဲ့ ယားယံမှုတွေကို နေ့တိုင်းကြုံနေရလား?"

မိန်းမတိုင်းရဲ့ နေ့စဉ်ဘဝမှာ ဒီလိုပြဿနာတွေ ရှိတတ်ပါတယ် -
❌ အနံ့ဆိုးထွက်ခြင်း - လူကြားထဲ မထွက်ဝံ့ခြင်း
❌ ယားယံခြင်း - အချိန်မရွေး မသက်သာခြင်း
❌ ခြောက်သွေ့မှု - နေ့စဉ်အဆင်မပြေခြင်း
❌ အဖြူဆင်းခြင်း - စိုးရိမ်စရာဖြစ်နေခြင်း

🌿 ဒီပြဿနာတွေအတွက် အဖြေရှိပြီလား?
Plus Sense Herbal Gel က သင့်အတွက် သဘာဝအခြေခံပြီး
အတွင်းပိုင်းသန့်ရှင်းရေးအတွက် အကောင်းဆုံးဖြေရှင်းချက်ပါ 💜

✨ Herbal Gel ရဲ့ ထူးခြားချက်က
မှိုစွဲခြင်း ၊ ခြောက်သွေ့ယားယံခြင်း ၊ ဆီးပိုးဝင်ခြင်း ၊ ဆီးအောင့်ဆီးကျင်ခြင်း ၊ သားအိမ်ခေါင်းရောင်ရမ်းခြင်း နှင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။

💜 ဘာကြောင့် Herbal Gel ကို ရွေးချယ်သင့်သလဲ?
🌿 သဘာဝဆေးဖက်ဝင်အပင်များပါဝင်ခြင်း
🌿 ဓာတုဆေးဝါးများ လုံးဝမပါဝင်ခြင်း
🌿 နေ့စဉ်သုံးစွဲရန် စိတ်ချရခြင်း
🌿 ဂျပန်နာနိုနည်းပညာဖြင့် ထုတ်လုပ်ထားခြင်း ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

💡 ယုံကြည်မှုအပြည့်နဲ့ နေ့စဉ်ဘဝကိုဖြတ်သန်းဖို့ 🌸
Plus Sense Herbal Gel နဲ့ စတင်လိုက်ပါ။

📥 မှာယူလိုပါက
☎️ 09 254906469

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်တယ် (BV) ဆိုတာ ဘာလဲ? ညီမတို့ရေ... "မိန်းမကိုယ်နံ့ဆိုးလာတယ်"၊ "အဖြူဆင်းတယ်" ဆိုပြီး စိတ်ညစ...
11/11/2025

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်တယ် (BV) ဆိုတာ ဘာလဲ?

ညီမတို့ရေ... "မိန်းမကိုယ်နံ့ဆိုးလာတယ်"၊ "အဖြူဆင်းတယ်" ဆိုပြီး စိတ်ညစ်နေရလား?

😥 ဒါဟာ Bacterial Vaginosis (BV) လို့ခေါ်တဲ့ မိန်းမကိုယ်အတွင်းဘက်တီးရီးယားညီမျှမှု ပျက်ယွင်းတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

ဒါက STD (လိင်မှတစ်ဆင့်ကူးစက်ရောဂါ) မဟုတ်ပေမယ့် အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။

🔍 BV ဘာကြောင့်ဖြစ်တာလဲ?

ကျွန်မတို့ မိန်းမကိုယ်ထဲမှာ "ကောင်းတဲ့ပိုး"နဲ့ "မကောင်းတဲ့ပိုး"တွေ ဟန်ချက်ညီနေရပါတယ်။
"မကောင်းတဲ့ပိုး"တွေ ပွားများလာရင် ဟန်ချက်ပျက်ပြီး BV ဖြစ်လာရတာပါ။

ဒါကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -

🚬 ဆေးလိပ်သောက်ခြင်း
🫧 မိန်းမကိုယ်ကို ဆေးရည်နဲ့ အလွန်အကျွံဆေးကြောခြင်း (ဒါက ကောင်းတဲ့ပိုးတွေကိုပါ သတ်မိသွားစေနိုင်ပါတယ်!)

🧼 အနံ့ပါတဲ့ ဆပ်ပြာ၊ ဂျယ်၊ ဆေးရည်သုံးခြင်း

👙 အရမ်းကျပ်တဲ့အတွင်းခံဝတ်ခြင်း

🛁 ရေမွှေးချိုးဂျယ်၊ ပိုးသတ်ဆေးရေပူစိမ်ခြင်း

⚠️ BV ကို မကုဘဲထားရင် ဘာဖြစ်နိုင်လဲ?

"ဒီလိုနဲ့ပဲ ပျောက်သွားမှာပါ" ဆိုပြီး လျစ်လျူရှုမထားသင့်ပါဘူး။ မကုဘဲထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

HIV ကူးစက်နိုင်ခြေ ပိုများခြင်း

တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါများ ပိုဝင်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များအတွက် စောမွေးနိုင်ခြင်း

❤️ ဘယ်လိုကာကွယ်မလဲ?
မိန်းမကိုယ်ကို ရေသန့်သန့်နဲ့ပဲ ဆေးကြောပါ။ ဆပ်ပြာ၊ ဂျယ် မသုံးပါနဲ့။

အနံ့ပါတဲ့ ပစ္စည်းတွေ (ဖြန်းဆေး) ရှောင်ပါ။

ချောင်ချောင်ချိချိ ချည်သားအတွင်းခံဝတ်ဆင်ပါ။

လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။

💊 ကုသမှု
BV ဟာ **ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေနဲ့ **အလွယ်တကူ ကုသနိုင်ပါတယ် (ဆေးပြား ဒါမှမဟုတ် ခရင်မ်)။

အရေးကြီးဆုံးအချက် - ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မှန်မှန်သောက်ပါ၊ သက်သာသွားရင်တောင် ဆေးမရပ်လိုက်ပါနဲ့!

🔰 သဘာဝဆေးဖက်ဝင်အပင်(၇)မျိုးဖြင့် ထုတ်လုပ်ထားပြီး မိန်းမကိုယ် သန့်စေမယ့် ပစ္စည်းလေးဖြစ်လို့ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

📥 မှာယူလိုပါက
☎️ 09 254906469

Address

Mandalay
2446

Alerts

Be the first to know and let us send you an email when ZWH Business :Women's Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ZWH Business :Women's Health:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram