Jivaka Pharmacy

Jivaka Pharmacy We Care Your Health. We are selling Grantee Drugs and Medicinal Supplies. We have a Pharmacist On dut

💁🏻‍♂️ ကျောက်ကပ် ကျောက်တည်ခြင်း (Renal Stone)ဆိုတာဟာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်း သတ္တုဓာတ်နှင့် ဆားတို့ စုပြီး ပု...
21/11/2025

💁🏻‍♂️ ကျောက်ကပ် ကျောက်တည်ခြင်း (Renal Stone)ဆိုတာဟာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်း သတ္တုဓာတ်နှင့် ဆားတို့ စုပြီး ပုံဆောင်ခဲများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းကို ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

💦 များသောအားဖြင့် ရေသောက်နည်းခြင်းကြောင့် ဖြစ်ပွားတဲ့ ဒီရောဂါရပ်ကြီးက ပြင်းထန်သောဝေဒနာများကိုလည်း ခံစားရစေနိုင်တာကြောင့် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပါပဲ။

☑️ ရေကို တစ်နေ့လျှင် (၂)လီတာ - (၃)လီတာခန့်သောက်သုံးပေးပါ။
☑️ ဆား၊ သကြားနှင့် အသားတို့ကို လိုအပ်တာထက်ပိုပြီး အလွန်အကြူး မစားသုံးပါနှင့်။
☑️ Citrate ဓာတ်ပါဝင်မှုများတဲ့ သံပရာ၊ လိမ္မော်မျိုးရင်းနွယ် အသီးအရွက်များ စားပေးပါ။
☑️ ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းပေးပါ။
☑️ ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။
ဒီလို လုပ်ဆောင်ချက်များက ကျောက်ကပ်မှ အညစ်အကြေးများကို စစ်ထုတ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ ရောဂါလက္ခဏာများဖြစ်တဲ့
💠 ခါးနှင့် ခါးဝန်းကျင် တို နာကျင်ခြင်း၊
💠 ဆီးသွားလျှင် အခက်အခဲဖြစ်ခြင်း (ဆီးကျဉ်ခြင်း၊ ဆီးပူခြင်း)
💠 ဆီးမကြာခဏသွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း
💠 ဆီးထဲတွင် သွေးပါခြင်း
💠 မူးဝေခြင်း၊ အော့အန်ခြင်း တို့ကို တွေ့ရှိခံစားရလျှင်တော့ သက်ဆိုင်ရာ ဆရာဝန်နှင့် အသေးစိတ်ပြသပေးဖို လိုအပ်ပါတယ်။

မှန်ကန်တဲ့ နေထိုင်မှုပုံစံဖြင့် ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းက ကျောက်ကပ်နှင့် ဆီးကျောက်တည်ခြင်း ရောဂါဝေဒနာများကိုသာမက အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ၊ ရောဂါရပ်ကြီးများကိုလည်း လျှော့ချကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်…💜

အထူးသတိပေးချက် : “Jivaka” Pharmacy - page ဟာ “ဇီဝက”ဆေးဆိုင်မှာရရှိနိုင်သော ဆေးဝါးပစ္စည်းများနှင့် ရောဂါရပ်ဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးပြဿနာများအကြောင်း ပညာပေး မျှဝေဆွေးနွေးပေးနေသော Platform တစ်ခုဖြစ်ပါသည်။

Disclaimer: Jivaka Pharmacy page is a platform that shares educational information and discussions about health issues, medical knowledge, and the medical products available at “Jivaka” Pharmacy.

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986

“ဇီဝက” ဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးဝယ်ဝယ် အိမ်အရောက် အခမဲ့ ၊ ကျန်မြို့နယ်များ ကားဂိတ်ထိ အခမဲ့ ပို့ဆောင်လျက် ရှိပါတယ်ရှင့်။ 🛵🚌


#ဇီဝက #ဇီဝကဆေးဆိုင်

#ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်ကျောက်တည်ခြင်း #ဆီးကျောက်တည်ခြင်း

❄️ ရာသီအကူးအပြောင်းမှာ အပူအအေး မမျှလိုက်တာနဲ့ ကိုယ်ခံအားနည်းလွယ်သူတွေမှာ အလွယ်တကူ ဖျားနာတတ်ပါတယ်။ 😰😰အချို့လူတွေကလည်း လမ်...
21/11/2025

❄️ ရာသီအကူးအပြောင်းမှာ အပူအအေး မမျှလိုက်တာနဲ့ ကိုယ်ခံအားနည်းလွယ်သူတွေမှာ အလွယ်တကူ ဖျားနာတတ်ပါတယ်။ 😰😰

အချို့လူတွေကလည်း လမ်းဘေးစာစားမိပြီဆိုရင် ဝမ်းပျက်ဝမ်းလျှော လွယ်ကူစွာဖြစ်တတ်ကြပါတယ်။ 😰😰

ဒီလိုအခါတွေမှာ 💊 Lactoferrin, Bovine Colostrum နဲ့ Probiotics ပါဝင်တဲ့ Bluconaz က ကိုယ်ခံအားကို ထောက်ပံ့ပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။ Probiotics ပါရှိခြင်းကြောင့် အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးရာမှာ အကူအညီဖြစ်စေပါတယ်။

Bluconaz ကို နေ့စဉ် တစ်လုံး Daily immune support အဖြစ် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်ရှင်။ 💯💯

Bluconaz ဆေးလေးကို Messenger (သို့) 09 977 498 157 ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။

#ဇီဝကဆေးဆိုင်

ဇီဝကရဲ့ ချစ်မိတ်ဆွေ ဖေဖေမေမေတို့ရေ...💜💜👶 ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ နိုဝင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၅) ရ...
20/11/2025

ဇီဝကရဲ့ ချစ်မိတ်ဆွေ ဖေဖေမေမေတို့ရေ...💜💜
👶 ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ နိုဝင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ဇီဝကမှ ဘေဘီလေးတို့အတွက် အထူးပရိုမိုးရှင်း ရှိပါတယ်ရှင့် 👶

ဒီ (၅) ရက်မှာ ကလေးအားဆေး အပါအဝင် အခြားသော ဆေးဝါးများ မှာယူမယ်ဆိုရင် ဘေဘီလေးတို့အတွက် လက်ဆောင်တွေ ပြန်ရမှာ ဖြစ်ပါတယ်ရှင့် 🎁✨
ဘေဘီလေးတို့ရဲ့ တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို တိုင်ပင်ပြီးမှ ဝယ်ယူချင်တယ်ဆိုရင်လည်း ဇီဝကမှ အဆင်သင့်ပါရှင့်😍😘

📌လက်ဆောင်တွေရယူဖို့ Jivaka Pharmacy page messenger ဒါမှမဟုတ် 09977498157 ကိုပဲ ဆက်သွယ်မှာယူပေးပါရှင့်
"Happy World Children's Day"

#ဇီဝကဆေးဆိုင်

20/11/2025

👶👶 ကမ္ဘာ့ကလေးများနေ့ (World Children's Day) မှာ baby လေးတို့အတွက် Essentials ဆေး (၁၄) မျိုးကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေလိုက်ပါတယ်ရှင့်

🎁 ကလေးအားဆေးများ ဝယ်ယူရင်း လက်ဆောင်ရယူဖို့ 09977498157 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 🎁

#ဇီဝကဆေးဆိုင်

❕ ကိုဗစ်တွေ အရင်လောက်မဖြစ်တော့ဘူးဆိုတော့ Mask  တပ်ဖို့ လိုသေးရဲ့လား?😷 Mask ဆိုတာ ခွဲစိတ်ခန်းဝင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ...
18/11/2025

❕ ကိုဗစ်တွေ အရင်လောက်မဖြစ်တော့ဘူးဆိုတော့ Mask တပ်ဖို့ လိုသေးရဲ့လား?

😷 Mask ဆိုတာ ခွဲစိတ်ခန်းဝင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လူနာတွေမှာမှ တပ်ဆင်ဖို့ လိုအပ်တာမဟုတ်ပါဘူး။
ကိုဗစ် ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ပဲ တပ်ဆင်သင့်တာမျိုးလည်း မဟုတ်ပါဘူး။

🛡 Mask ဆိုတာ လူတွေအတွက်တော့ ဒိုင်းကာနဲ့ တူပါတယ်။
✔️ လူထူထပ်တဲ့နေရာတွေမှာ ဗိုင်းရပ်စ်တွေ၊ ရောဂါပိုးတွေ မဝင်နိုင်အောင် ကာကွယ်ပေးနိုင်တယ်။
✔️ လေထု ညစ်ညမ်းနေတဲ့အချိန်မျိုး၊ ဖုန်ထူထပ်တဲ့ ပတ်ဝန်းကျင်မျိုးမှာ တပ်ဆင်သင့်တယ်။
✔️ ကိုယ့်မှာ နှာစေး၊ ချောင်းဆိုး ရှိနေပြီဆိုရင်လည်း အပြင်လူတွေကို မကူးစက်စေဖို့ တားဆီးပေးနိုင်တယ်။
ဒါကြောင့် ကိုဗစ် မသောင်းကျန်းတော့ဘူးဆိုရင်တောင် Mask တပ်ဆင်တာဟာ အရှုံးမရှိတဲ့ ရွေးချယ်မှုပါပဲ။

👉 ဘယ်နေရာသွားသွား Mask ကို အိတ်ထဲမှာ မဖြစ်မနေ ဆောင်ထားပါ။
အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့ Daily Wear Masks, Medical Masks မျိုးစုံကိုလည်း ဇီဝက ဆေးဆိုင်မှာ ဝယ်ယူအားပေးနိုင်ပါတယ်….💜


#ဇီဝက #ဇီဝကဆေးဆိုင်

👩‍🦽 “ဇီဝက”ဆေးဆိုင်မှာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလည်း ရရှိနိုင်ပါတယ်နော်။▫️ ရောဂါဝေဒနာရှင်များအတွက် အထောက်အကူပြုသ...
17/11/2025

👩‍🦽 “ဇီဝက”ဆေးဆိုင်မှာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလည်း ရရှိနိုင်ပါတယ်နော်။

▫️ ရောဂါဝေဒနာရှင်များအတွက် အထောက်အကူပြုသလို
▫️ ကိုယ်ပိုင်ဆေးခန်းများမှာ အသုံးပြုနိုင်မယ့် ဆေးပစ္စည်းများအား “ဇီဝက”မှ ရောင်းချလျက်ရှိပါတယ်။

အရည်အသွေးမြင့် ဆေးဝါးပစ္စည်းများကို ရောင်းချပေးနေတဲ့ “ဇီဝက”ဆေးဆိုင်မှာ
☑️ သွေးပေါင်ချိန်စက်
☑️ အပူချိန်တိုင်းစက်
☑️ ခါးပတ်နှင့် လည်ပင်းပတ်တို့အပြင်
☑️ အခြားသော ဆေးရုံဆေးခန်းနှင့် အိမ်သုံး Medical Equipment များကို ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာအမျိုးမျိုးအတွက် ဆေးဝါးပစ္စည်းများ လိုအပ်တဲ့အခါမှာ 09977498157 ကို ဆက်သွယ်မှာယူလိုက်ပါ…💜

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986

“ဇီဝက” ဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးဝယ်ဝယ် အိမ်အရောက် အခမဲ့ ၊ ကျန်မြို့နယ်များ ကားဂိတ်ထိ အခမဲ့ ပို့ဆောင်လျက် ရှိပါတယ်ရှင့်။ 🛵🚌


#ဇီဝက #ဇီဝကဆေးဆိုင်

💙 ကမ္ဘာ့ဆီးချိုရောဂါနေ့ အထူးအစီအစဉ် - ဇီဝကဆေးဆိုင်မှ ချစ်မိတ်ဆွေများအတွက်! 💙✨ နိုဝင်ဘာလ ၁၄ ရက်နေ့ - ကမ္ဘာ့ဆီးချိုရောဂါနေ...
14/11/2025

💙 ကမ္ဘာ့ဆီးချိုရောဂါနေ့ အထူးအစီအစဉ် - ဇီဝကဆေးဆိုင်မှ ချစ်မိတ်ဆွေများအတွက်! 💙
✨ နိုဝင်ဘာလ ၁၄ ရက်နေ့ - ကမ္ဘာ့ဆီးချိုရောဂါနေ့ အထိမ်းအမှတ် အနေဖြင့် ဇီဝကဆေးဆိုင်မှ ဆီးချိုဝေဒနာရှင်များကို အထူးကျန်းမာရေး ဝန်ဆောင်မှု ပေးပါရစေ! ✨

ဆီးချိုရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ မေးစရာတွေ ရှိနေပြီလား?
* 💊 ဆီးချိုဆေးတွေကို ဘယ်အချိန်မှာ ဘယ်လို မှန်ကန်စွာ သောက်သုံးရမလဲ? (ဥပမာ- အစာမစားမီ၊ အစာစားပြီး စသဖြင့် ကွာခြားမှုများ)
* 🚫 လက်ရှိ သောက်သုံးနေတဲ့ အခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှု (Interactions) ရှိမရှိ ဘယ်လို သိနိုင်မလဲ?
* 🍎 အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ဘယ်လို ဂရုစိုက်သင့်လဲ?

✅ ဒီလို ကိစ္စတွေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး!
ဇီဝကဆေးဆိုင်ရဲ့ အတွေ့အကြုံရှိ ဆေးဝါးပညာရှင် (Pharmacist) ထံကို သိလိုတဲ့ မေးခွန်းများ၊ ဆေးသောက်သုံးပုံ အသေးစိတ်များနှင့် ကျန်းမာရေး အကြံဉာဏ်များကို အခမဲ့ လာရောက် မေးမြန်း ဆွေးနွေးနိုင်ပါပြီရှင်။

💖 ဇီဝကရဲ့ ချစ်မိတ်ဆွေများအတွက် မေတ္တာပို့ ဆုတောင်းစကား 💖
ယနေ့ ကမ္ဘာ့ဆီးချိုရောဂါနေ့မှာ ဆီးချိုဝေဒနာရှင်များအားလုံး စိတ်ဓာတ်မကျဘဲ၊ မိမိကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ပြီး ပျော်ရွှင် ကျန်းမာတဲ့ ဘဝကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပါစေလို့ ဇီဝကဆေးဆိုင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ဆီးချိုကို ထိန်းချုပ်ပြီး ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဇီဝကဆေးဆိုင်က အမြဲတမ်း အသင့်ရှိနေပါတယ်။

🗓 ဝန်ဆောင်မှု ပေးမည့်ရက်: (နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ)
⏰ အချိန်: (မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)
📍 မေးမြန်းနိုင်သောနေရာ: ဇီဝကဆေးဆိုင် fb messenger (သို့) viber ph 09977498157
* အသေးစိတ်သိရှိလိုပါက ဖုန်း- 09977498157 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

#ကမ္ဘာ့ဆီးချိုရောဂါနေ့ #ဇီဝကဆေးဆိုင် #ဆီးချို #ကျန်းမာရေးဝန်ဆောင်မှု

💜 ဇီဝကရဲ့ ချစ်မိတ်ဆွေတို့အတွက် ကမ္ဘာ့ဆီးချိုရောဂါနေ့ အထိမ်းအမှတ် အထူးပရိုမိုးရှင်း အစီအစဉ် 💜📆 နိုဝင်ဘာ (၁၄) ရက်နေ့မှ (၁၈...
13/11/2025

💜 ဇီဝကရဲ့ ချစ်မိတ်ဆွေတို့အတွက် ကမ္ဘာ့ဆီးချိုရောဂါနေ့ အထိမ်းအမှတ် အထူးပရိုမိုးရှင်း အစီအစဉ် 💜

📆 နိုဝင်ဘာ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဇီဝကရဲ့ 📲 fb messenger ကပဲဖြစ်ဖြစ်၊ ☎️ 09977498157 ကို ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ် ဆီးချိုဆေးနှင့် အခြားသော ဆေးဝါးများကို မှာယူရုံနဲ့ လက်ဆောင်ပစ္စည်းများ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်ရှင့်

‼️ လက်ဆောင်ပစ္စည်းအကန့်အသတ်ရှိပြီး ဒီ (၅) ရက်အတွင်းမှာပဲ ပြုလုပ်ပေးမယ့် အထူးအစီအစဉ်ဖြစ်တာကြောင့် မြန်မြန်လေး အားပေးဖို့တော့ လိုပါမယ်ရှင်

📌 ယခုနှစ်ရဲ့ ဆောင်ပုဒ် "Diabetes and Well-being" ဆိုတဲ့အတိုင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပြီး ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အသိပညာပေး မျှဝေပေးနေတဲ့ ဇီဝကရဲ့ ဆီးချိုgroup ကိုလည်း join ထားဖို့ မမေ့နဲ့ဦးနော် ✌️✌️

💜 ဇီဝကချစ်သူ ဆီးချိုရောဂါရှင်များ ဆုံစည်းရာ fb group - https://www.facebook.com/share/g/1BMCkxKTob/

💜 ဇီဝကချစ်သူ ဆီးချိုရောဂါရှင်များ ဆုံစည်းရာ viber group -
https://invite.viber.com/?g2=AQBPY8gvLZLonlMXJ1BNeWf9QuIGNPEj8A%2B4%2FTB8TkxxlmlmEn3ShXNFrr60upyI

“Heart Attack” လို့ လူသိများကြတဲ့ “နှလုံးအမောဖောက်ခြင်း” ဆိုတာဟာ နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ပျက်စီးခြင်းပဲဖြ...
12/11/2025

“Heart Attack” လို့ လူသိများကြတဲ့ “နှလုံးအမောဖောက်ခြင်း” ဆိုတာဟာ နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ပျက်စီးခြင်းပဲဖြစ်ပြီး အချိန်မီ မကုသနိုင်တဲ့အခါ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတတ်တဲ့ အရေးပေါ်ကျန်းမာရေးပြဿနာကြီးပဲဖြစ်ပါတယ်။

♦️ သွေးတိုးနှင့် ဆီးချိုရောဂါဝေဒနာရှင်များ
♦️ သွေးတွင်းအဆီဓာတ်များသူများ (Cholesterol or Triglycerides)
♦️ အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်သူများ
♦️ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်သူများ
♦️ မိသားစုမျိုးရိုးအတွင်း နှလုံးဖောက်ခြင်း ဖြစ်ဖူးသူများ
♦️ အသက်(၄၅)နှစ်အထက် အမျိုးသားများ
♦️ အသက် (၅၅)နှစ်အထက် အမျိုးသမီးများမှာ နှလုံးရပ်တန့်ခြင်းများ ပိုမိုတွေ့ရှိနိုင်ပါတယ်။

“နှလုံးအမောဖောက်ခြင်း”ရဲ့ ရောဂါလက္ခဏာများအနေဖြင့် ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူကြပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။

💊 ဒါကြောင့် နောက်ဆက်တွဲဆိုးကျိုး များကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ Antihypertensives (သွေးတိုးကျဆေး)၊ Statins (သွေးတွင်းအဆီကျဆေး)၊ နှင့် Antiplatelets (သွေးမခဲဆေး) အစရှိတဲ့ ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်သုံးပေး သင့်ပါတယ်။

ဆေးဝါးများ ပြတ်လပ်လိုအပ်နေပါကလည်း အရည်အသွေးမြင့် ဆေးပစ္စည်းများကို အစုံအလင်ရောင်းချပေးနေတဲ့ “ဇီဝက”ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူနိုင်အောင် 09977498157 ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော်…💜

အထူးသတိပေးချက် : “Jivaka” Pharmacy - page ဟာ “ဇီဝက”ဆေးဆိုင်မှာရရှိနိုင်သော ဆေးဝါးပစ္စည်းများနှင့် ရောဂါရပ်ဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးပြဿနာများအကြောင်း ပညာပေး မျှဝေဆွေးနွေးပေးနေသော Platform တစ်ခုဖြစ်ပါသည်။

Disclaimer: Jivaka Pharmacy page is a platform that shares educational information and discussions about health issues, medical knowledge, and the medical products available at “Jivaka” Pharmacy.

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986

“ဇီဝက” ဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးဝယ်ဝယ် အိမ်အရောက် အခမဲ့ ၊ ကျန်မြို့နယ်များ ကားဂိတ်ထိ အခမဲ့ ပို့ဆောင်လျက် ရှိပါတယ်ရှင့်။ 🛵🚌


#ဇီဝက #ဇီဝကဆေးဆိုင်
#နှလုံးဖောက်ခြင်း #နှလုံးရပ်ခြင်း #နှလုံးရပ်တန့်ခြင်း #နှလုံးအမောဖောက်ခြင်း

ဆေး ပေါင်းခတဲ့ ည... နက္ခတ်စုံလင် အာကာပြင်တစ်ခွင် 🌌ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့ သစ်ပင် 🌲🏥ဇီဝက က ထာဝရဆေးဘက်ဝင်...အနာရောဂါတွေအာ...
04/11/2025

ဆေး ပေါင်းခတဲ့ ည...

နက္ခတ်စုံလင် အာကာပြင်တစ်ခွင် 🌌
ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့ သစ်ပင် 🌲
🏥ဇီဝက က ထာဝရဆေးဘက်ဝင်...

အနာရောဂါတွေအားလုံး အဝေးသို့လွင့်စင်
ဝေဒနာတွေ ကုစားပေးမယ့်
🏥🏥ဇီဝကရဲ့ ဆေးဝါးဝန်ဆောင်မှု သစ်ပင် 🌲

ကတိသစ္စာများမြဲတဲ့အခါ
🌱🌱နွယ်ပင် မြစ်ပင်တောင် ဆေးဘက်ဝင်သတဲ့
ဒီအစဥ်အလာ ဒီဆိုရိုးစကားလေးအတိုင်းကွယ်
🏥🏥🏥ဇီဝကရဲ့ စေတနာများ အစွမ်းပြတယ် 🙏

စေတနာတွေ
အရည်အသွေးတွေ
ဝန်ဆောင်မှုတွေနဲ့
ကမ္ဘာမြေတည်သမျှ ရရှိနေမယ့်

အားလုံးရဲ့ဝေဒနာတွေလွင့်စင်ဖို့
ထာဝရဆေးဘက်ဝင်မယ့်
ဇီဝကရဲ့ ဆေးဝါးဝန်ဆောင်မှု သစ်ပင် 🌲🌲🌲

ချစ်သော ရပ်နီး ရပ်ဝေးမှ customer ကြီးများအားလုံးအတွက်
ဆေးပေါင်းခတဲ့ ည.... ဖြစ်ပါစေရှင့် 🙏🙏🙏

ဇီဝကမှရောင်းချပေးနေသော အရည်အသွေးပြည့် ဆေးဝါးများကို သုံးစွဲရင်း ဝေဒနာတွေလည်း အဝေးသို့လွင့်စင်ပါစေ 🙏🙏🙏

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
ဒီညအတိုင်းပဲ ဘဝဟာ အမြဲတမ်း
ဆေးပေါင်းခတဲ့.... ည ချမ်းတွေချည်းဖြစ်ပါစေရှင့် 🙏🙏🙏

ယုံကြည်စိတ်ချ ဇီဝက 👍👍👍
ဆေးစွမ်းထက်တာ ဇီဝက 🌱🌱🌱
ဝန်ဆောင်မှုမှာ ပထမ 🙏🙏🙏


#ဇီဝက #ဇီဝကဆေးဆိုင်
#တန်ဆောင်တိုင်

🙏 ဇီဝကဆေးဆိုင်၏  လစဉ် အလှူ 🙏လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေက...
03/11/2025

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏

🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ

🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။

🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ...

Address

30th Street Between 76h Street And 77th Street
Mandalay
100101

Alerts

Be the first to know and let us send you an email when Jivaka Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Jivaka Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram