Medical Marijuana Myanmar

Medical Marijuana Myanmar Medical Marijuana Myanmar

Messenger မှာ စာပြန်မရလို့ ဒီကနေပြန်ပေးမယ်ဗျာ
23/12/2025

Messenger မှာ စာပြန်မရလို့ ဒီကနေပြန်ပေးမယ်ဗျာ

Channel • 0 followers • From page Medical Ma*****na Myanmar

23/12/2025

Page Messenger ကနေ စာပို့ထားတာတွေ စာမပြန်နိုင်သေးပါခင်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေသည့် အတွက်လည်းတောင်းပန်အပ်ပါသည်။ Online အမြဲတက်နိုင်ပြီး Page ကို ကျွမ်းကျင်စွာသုံးနိုင်သော ဆေး‌ပညာဝေါဟာရ များကို မြန်မာလိုရေးသေားနိုင်သူ Admin Team တွင် စိတ်ဝင်စားသောသူ အလိုရှိသည်။ ဆက်သွယ်ရန် ယခုပို့စ်အောက်တွင် Page ကို Mention ခေါ်ပြီး မန့်ခဲ့နိုင်သည်။ Facebook အကောင့်သက်တမ်းသည် အနည်းဆုံး ၅နှစ်ရှိရမည်။စိတ်ပါဝင်စားသူ 👇🏻👇🏻👇🏻

20/12/2025

BREAKING: President Donald Trump signed an executive order Dec. 18 to federally classify ma*****na as a less dangerous substance, the biggest change for the drug since 1970 and an opportunity for the industry to operate more easily.

Trump’s order would stop classifying ma*****na as a Schedule I drug, which includes the most dangerous substances such as he**in, L*D and ecstasy. The Drug Enforcement Administration describes Schedule I substances as having no "medical use and a high potential for abuse."

Instead, Trump ordered that ma*****na be classified as a Schedule III drug, which the DEA describes as having "a moderate to low potential for physical and psychological dependence."

Read more at: bit.ly/4pLnkBr

မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ...
20/12/2025

မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဥပဒေရှုထောင့်မှ ဆန်းစစ်သုံးသပ်ခြင်း 😂

ဘာတွေရေးထား ပြောထားလည်း 😌😌😌
ဘာတွေဘယ်လို ပြုပြင်ပြောင်းလည်း ရမလဲ 😂😂😂

စင်ကာပူ ကို ကျော် မှာလား
ထိုင်း ရဲ့ အောင်မြင်မှုကို အားကျအတုယူရင်း
ဘာလုပ်မယ် ညာလုပ်မယ် နဲ့
လစာဘဲ အလကား ထိုင်ယူနေမလား 😂😂😂

တိုင်းပြည်အကျိုးစီးပွား နိုင်ငံခြားဝင်ငွေရှာမလား
တိုင်းသူပြည်သာများရဲ့ ကျန်းမာရေး
လူမှုရေး စီးပွားရေး အခန်းဂဏ္ဍကို ကြည့်မလား

ပြည်သူပြည်သားတွေကို မူးယစ်နွံကနေ ကယ်ဆယ်မလား

အစရှိသော မေးခွန်း များစွာဖြင့် စောင့်မျှော်ရင်းပါ။

စကားမစပ် ဆေးခြောက်တဲ့ ဆေးခြောက်ရှူတဲ့ သူတွေ ( ခင်ဗျားတို့ ပြောတဲ့ ဆေးသမားတွေ )ရဲ့မဲတွေ အကျိုးရှိပါစေ။

I Hope So.........
Ma*****na Is Medicine.
Thanks For Everything.
Keep Up Our Plants.


Medical Ma*****na Myanmar

ဆေးခြောက်ဟာ အန္တရာယ်ရှိသော မူးယစ်ဆေးဝါးပါလို့ တစ်ကမ္ဘာလုံး ဂျင်းထည့်ခံခဲ့ရတယ်။ဘယ်သူတွေထည့်ခဲ့ကြသလဲ။အမေရိကန်သမ္မတ နစ်ဆင် ...
06/12/2025

ဆေးခြောက်ဟာ အန္တရာယ်ရှိသော မူးယစ်ဆေးဝါးပါလို့ တစ်ကမ္ဘာလုံး ဂျင်းထည့်ခံခဲ့ရတယ်။ဘယ်သူတွေထည့်ခဲ့ကြသလဲ။အမေရိကန်သမ္မတ နစ်ဆင် နဲ့ ဘဏ္ဍာရေးဌာနက (အစိုးရယစ်မျိုးအဖွဲ့ခေါင်းဆောင်) ဟယ်ရီအက်စ်လင်ဂါ တို့ရဲ့ လူမျိုးရေးခွဲခြားလိုမှုကြောင့် ဖြစ်လာရတဲ့ ဂျင်းအကြီးစားကြီးကို တစ်ကမ္ဘာလုံး စားမိသွားတယ် ဆိုရမှာပေါ့။အမေရိကန် လူမည်းထုအပေါ်အပြစ်ရှာနှိပ်ကွပ်ရာကနေ ဆေးခြောက်ဟာ အန္တရာယ်ရှိသော (ဂန္ထဝင်လူဆိုး)အဆိပ်ပင်ကြီး ဖြစ်သွားရရှာတာပဲ။
အမေရိကန်ပြည်မှာ ၁၉၂၀ ခုနှစ်လောက်က နယ်စပ်ဖြတ်ကျော်လာတဲ့ လူမျိုးခြားတွေကို မုန်းတီးတာရယ်၊ လူ့အခွင့်အရေးပိတ်ပင်လိုတာရယ်၊ လူလူချင်းတန်းတူမဆက်ဆံလိုတာရယ်၊ လူမည်းတွေ ကမ္ဘာကျော်အောင်မြင်နေတာကို မနာလိုမရှုစိမ့်တာရယ်၊ စတဲ့အချက်တွေကို အခြေခံပြီး လူမည်းမျိုးနွယ်စုတွေ စွဲလမ်းနှစ်ခြိုက်စွာသုံးစွဲလာခဲ့တဲ့ မေရီဝါနာ (ဆေးခြောက်) ကို ရူးသွပ်စေတဲ့ မူးယစ်ဆေးဝါးရယ်လို့ ဥပဒေထုတ် တားမြစ်လိုက်ကြတာပဲ။လူဝီအမ်းစထောင်း ရဲ့ ဂျက်ခ်ဂီတ ဟာ ကမ္ဘာနဲ့အဝှမ်း ဟိုးဟိုးကျော်ခဲ့တာ မေရီဝါနာ (ဆေးခြောက်) ရဲ့ အစွမ်းတွေလို့ ဆိုချင် ဆိုနိုင်တာကိုး။လူဖြူအစိုးရ မျက်စိစပါးမွှေးစူးလောက်အောင် လူမည်းဂီတ ကမ္ဘာကျော်သွားတာလေ။
လူဖြူမျိုးဆက်တွေဟာ လူမည်းတွေရဲ့ ဂီတမှာစီးမျောကခုန်၊ လူမည်းတွေနဲ့ ဖက်လဲတကင်းပျော်မွေ့၊ လူမည်းတွေသုံးတဲ့ မေရီဝါနာ (ဆေးခြောက်)နဲ့ မွေ့လျော်နေကြတာကို ဘယ်လိုမှ မနှစ်မြို့ကြဘူး။ အထူးသဖြင့် လူဖြူမလေးတွေ လူမည်းတွေနဲ့ ကခုန်မြူးတူးချစ်ရည်လူးကြတာမျိုးပေါ့။လူဖြူနဲ့ လူမည်း သွေးနှောရောစပ်သွားမှာမျိုး မလိုလားကြဘူး။ အဲဒီမှာပဲ လူမည်းအနွယ်တွေရဲ့ အညှာကို ကိုင်ဖို့ကြိုးစားကြတော့တာပဲ။လူမည်းအနွယ်တွေက ဆေးခြောက်နဲ့ မကင်းကြဘူး။ လူဖြူတွေ အရက်ကို ပွဲနေပွဲထိုင်သောက်၊ အခမ်းအနားနဲ့သောက်၊တစ်ယောက်တည်းသောက်၊ ဆိုင်ထိုင်သောက်၊ အိမ်မှာဆောင်ပြီးသောက်၊ သောက်ကြသလိုမျိုး လူမည်းတွေ အားလုံးနီးပါး ဆေးခြောက်ချကြတာလေ။လူမည်းတွေရဲ့ဂျက်စ် ဂီတရဲ့ တင်ပေါ်ကျော်ကြားမှုအပေါ် အစိုးရက မျက်မုန်းကျိုးတာကလဲ တစ်ကြောင်းပေါ့။ မေရီဝါနာ (ဆေးခြောက်) ကို ဥပဒေထုတ်တားဆီးရင် လူမည်းအနွယ်ပေါင်းများစွာ ထောင်ချအပြစ်ပေးလို့ရတယ်ဆိုတာ အစိုးရ သိတာကိုး။ဒါကြောင့် မေရီဝါနာ (ဆေးခြောက်) ဟာ အန္တရာယ်ဖြစ်စေတဲ့အကြောင်းပြချက်တွေ၊ ဆေးခြောက်ဟာ ရူးသွပ်ပျက်စီးစေတယ် ဆိုတဲ့ အကြောင်းပြချက်တွေ လိမ်စဉ်တွေ တစ်ပုံကြီးနဲ့ ဝါဒဖြန့် ထောင်ချောက်ဆင်ပြီး အားပါးတရ ဖျက်ဆီးလိုက်ကြတော့တာပါပဲ။ဘီလီ ဟောလီဒေး အမှု၊ မန့်ချ် အမှု၊ ချာလီပါကာ အမှု၊ လူဝီအမ်းစထောင်း အမှု၊ ကတ်ဘ်ကော်လိုအမှု၊ ဒုခ်အယ်လင်တန်အမှု၊ ကောင့်ဘေစီအမှု၊ ဒစ်ဇီအမှု စတဲ့အမှုတွေဟာ လူမျိုးရေးကိုအခြေခံတယ်လို့ ပြောလို့ရနိုင်တာမျိုး။(၁၉၂၅) နယူးယောက်တိုင်းသတင်းစာက သတင်းတစ်ပုဒ်ပါ။ဆေးခြောက်သုံးထားတဲ့ မက္ကစီကန်တစ်ယောက် ဓားကိုင်ပြီး ရမ်းကားလို့ လူ(၆)ယောက်သေဆုံး ဆိုတဲ့ ခေါင်းစဉ်မျိုးပေါ့။ဆေးခြောက်သုံးစွဲ၍ (ကလေး(၄)ယောက်)အမျိုးသမီး(၁)ယောက်)မက္ကစီကန်မိသားစုတစ်စု ရူးသွပ်သွားခြင်း ဆိုတဲ့ ကြောက်လန့်စေတဲ့ သတင်းမျိုးကို ရည်ရွယ်ချက်ရှိရှိ ရေးသားထုတ်ဝေစေခဲ့ပါတယ်။အဲဒီကာလတုန်းက ဆေးခြောက်ရဲ့သဘောသဘာဝကို လူမည်းအနွယ်များ ကလွဲရင် ဘယ်သူကမှ ကောင်းကောင်းမသိကြသေးချိန်ပါ။
အကြီးကျယ်ဆုံး ဝါဒဖြန့် အမှုတစ်ခုရှိခဲ့တယ်၊ အဖေရယ် အမေရယ် ညီကိုနှစ်ယောက်ရယ် ညီမလေးတစ်ယောက်ရယ်ကို ပုဆိန်တစ်လက်နဲ့ ခုတ်သတ်ပစ်ခဲ့တဲ့ ဗစ်တာ လစ်ကာတာရဲ့ အမှုပေါ့။ဆေးခြောက်သုံးစွဲပြီး မူးယစ်ရမ်းကား၍ လူသတ်ခြင်းဆိုတဲ့ သတင်းခေါင်းစဉ်မျိုးတပ်လိုက်တာ။ဗစ်တာ လစ်ကာတာဟာ စိတ်ကစဉ့်ကလျားရောဂါရှိနေတဲ့ စိတ်ဝေဒနာသည်တစ်ယောက်ဆိုတာ သက်သေပြခွင့် မကြုံခဲ့ကြဘူး။
အလားတူ လိမ်စဉ်ဇာတ်လမ်းတွေနဲ့ ရုပ်သံတွေ မီဒီယာတွေကနေ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပုံသွင်းဝါဒ ဖြန့်ပစ်လိုက်ကြတာ တစ်ကမ္ဘာလုံးက လက်ခံသွားစေတဲ့အထိပါပဲ။ဆေးခြောက်ဟာ လူတွေကို ရူးသွပ်စေပြီး ရန်လိုစေတယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ပညာပေးဗီဒီယိုတွေနဲ့ သတင်းမှားပေး ခြောက်လှန့်လာလိုက်ကြတာ ဆေးခြောက်ကို မမြင်ဖူးသူ၊ အနံ့မရှူဖူးသူ၊ ဆေးခြောက်နဲ့ပြဿနာဖြစ်မှု မကြုံဖူးသူတွေအားလုံး ဆေးခြောက်ကို ကြောက်လန့်သွားစေခဲ့ပါတယ်။အဲ့ဒီ သတင်းမှားတွေ ဝါဒဖြန့်တာတွေရဲ့ အောင်မြင်မှုကတော့ ၁၉၃၇ မှာ အမေရိကန်တစ်နိုင်ငံလုံး ဆေးခြောက်မသုံးစွဲရ ဥပဒေ ထုတ်ပြန်နိုင်ခဲ့တဲ့အထိပါပဲ။အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ နယူးယောက်မြို့တော်ဝန် လဂွာဒီယာက ဆေးခြောက်သုံးစွဲခြင်းဟာ ပြစ်မှုကျူးလွန်ခြင်းကို အားမပေးဘူး။မူးယစ်ရမ်းကားခြင်းကို မဖြစ်စေဘူး။ဆေးခြောက်ဟာ လူကို အန္တရာယ်မဖြစ်စေဘူးဆိုတဲ့ ကျယ်ပြန့်တဲ့ အစီရင်ခံစာတစ်စောင် ထုတ်ဝေခဲ့သေးတယ်။သူ့အစီရင်ခံစာထဲမှာ အမေရိကန်ကို ဆေးခြောက်ရောက်ခဲ့တဲ့ နှစ်(၁၀၀)လောက်အတွင်းမှာ ဆေးခြောက်ကြောင့် လူမှုစီးပွားအန္တရာယ်နဲ့ အသက်အန္တရာယ်ကြုံတွေ့ရခြင်း မရှိခဲ့ဘူး ဆိုတဲ့ သိပ္ပံပညာရှင် ဆေးပညာရှင်များရဲ့ ထောက်ခံချက်များလည်း ပါဝင်ခဲ့ပါတယ်။ စိတ်ရောဂါကုဆရာဝန်တွေနဲ့ လူမှုဗေဒ ပညာရှင်တွေဟာ ၁၉၃၆ ခုနှစ်ကတည်းက ဆေးခြောက်ဟာ လူကို အန္တရာယ် မဖြစ်စေဘူးလို့ အတန်တန် ပြောခဲ့ကြပါတယ်။ ဆေးခြောက်ဘက်က ရှာဖွေသုတေသနပြုထားတဲ့အချက်တွေ၊ သိပ္ပံနည်းကျ ထောက်ပြချက် တွေကို အစိုးရမင်းများက လျစ်လျူရှုခဲ့ကြတာပါ။
၁၉၃၇ ဥပဒေထုတ်ပြန်ပြီး ဆေးခြောက်ကိုင်ဆောင်ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးထောင်ချပစ်လိုက်တာ သံတိုင်တွေနောက် ရောက်သွားရတဲ့ လူမည်းလူညိုတွေဟာ (၇၈%)တောင် ရှိခဲ့ပါတယ်။
၁၉၇၀ မှာ မူးယစ်ဆေးထိန်းချုပ်ရေးဥပဒေကို လက်မှတ်ရေးထိုးပြီး ဖက်ဒရယ်မူးယစ်ဆေးပေါ်လစီနဲ့ DEA (အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့)ကို တည်ထောင်ပြီးတော့ လက်သံပြောင်ပြောင်ပဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါတယ်။အမေရိကန်ရဲ့ မူးယစ်ဆေးဝါးမှာ အဆင့်(၅)ဆင့် ရှိတယ်။ အဆင့်(၁)က ဘိန်းဖြူလို ကြမ်းတမ်းတဲ့မူးယစ်ဆေးဝါး၊ အဆင့်(၂)ကနေ (၅)အထိက ဆရာဝန်ဆေးစာပါရင် သုံးစွဲရောင်းဝယ်လို့ရတဲ့ မူးယစ်ဆေးဝါးရယ်လို့ အဆင့်ခွဲခြားသတ်မှတ်ထားတယ်။ ဆေးခြောက်က အဆင့်ဘယ်လောက်မှာ ထည့်ထားသလဲဆိုတော့ အဆင့်(၁) ပါတဲ့။
မူးယစ်တိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဆေးခြောက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အတိအကျ ဖော်ထုတ်စေခဲ့တယ်။အပြီးသတ်အစီရင်ခံစာထွက်လာတဲ့အခါ အစိုးရရဲ့ ဆေးခြောက်အပေါ် အမြင်တွေဟာ လုံးဝဥဿုံလွဲမှားနေပါတယ်ဆိုတဲ့အဖြေ ထွက်လာခဲ့ပါလေရော။ဆေးခြောက်နဲ့ပတ်သက်လို့ ရှိတ်ဖာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ရှိတ်ဖာအစီရင်ခံစာအကြောင်း TV အစီအစဉ်တွေကနေ လူထုကို ထုတ်ဖော်ချပြလိုက်ကြတယ်။ဆေးခြောက်အပေါ် အစိုးရက လွဲမှားစွာ ထင်မြင်ယူဆနေကြတဲ့အကြောင်းပေါ့။ဆေးခြောက်ဟာ စိတ်ပိုင်းအန္တရာယ်၊ ရုပ်ပိုင်းအန္တရာယ် ဘာမျှ မကျရောက်နိုင်ကြောင်းနဲ့ ဆေးခြောက်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ထားသမျှဥပဒေတွေကို ပယ်ဖျက်ပေးသင့်ကြောင်း အကြံပြုကြပါတယ်။ဒါပေမယ့် ဒီမိုကရေစီဘိုးအေနိုင်ငံကြီးက နိုင်ငံတော်သမ္မတကြီးဟာ လုံးဝ ငြင်းဆန်ခဲ့ပြီး အရင်ကထက် (၂)ဆ နှိပ်ကွပ်ဖို့ ဥပဒေတွေ ရေးဆွဲစေပါတော့တယ်။
ဆယ်စုနှစ်တွေ ကြာလာတော့ နစ်ဆင် သမ္မတဖြစ်တုန်းက ပြောခဲ့တဲ့ အသံဖိုင်တွေ ပေါက်ကြားလာခဲ့ပါတယ်။သမ္မတကြီးနစ်ဆင်ရဲ့ လူမျိုးရေးမုန်းတီးမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ အမျက်ဒေါသကြီးမားမှုတွေရောယှက်နေတဲ့ အသံဖိုင်ပေါ့။ဆေးခြောက်နဲ့ပတ်သက်ရင် ပြင်းထန်တဲ့ သောက်စည်းမျဉ်းတွေ လိုချင်တယ်၊ ဆေးခြောက်သုံးတဲ့ ကောင်တွေကို ဖင်နှစ်ခြမ်းဖြဲပစ်ရမယ်၊ ရယ်စရာကောင်းတာက ဆေးခြောက်တရားဝင်ဖြစ်ဖို့ တောင်းဆိုတဲ့ကောင်တွေက ဂျူးတွေချည်းပဲ၊ ဒီဂျူးကောင်တွေ ဘာဖြစ်နေကြတာလဲ၊ ဆေးခြောက်ကို တိုက်ထုတ်ပစ်ရမယ်၊ သေချာတိကျတဲ့ တိုက်ထုတ်မှုမျိုးလိုချင်တယ်၊….. တဲ့။ဆေးခြောက်ကို မူးယစ်ဆေးထဲထည့် ဥပဒေပြဌာန်းခြင်းဟာ လူမည်းတွေနဲ့ ဟစ်ပီတွေကို အဓိကရည်ရွယ်ရင်းပါ။ ဟစ်ပီဆိုတာက လူမျိုးရေးခွဲခြားမှု မရှိသူတွေကိုပြောတာပါ။
လူဖြူတွေမျက်မုန်းကျိုးတဲ့ ဂျက်စ်ဂီတ ပြီးတော့ ၁၉၇၅ လောက်မှာ ကိုရွှေလူမည်းတွေရဲ့ ရက်ဂေးဂီတ ဆိုတာကြီး တစ်စခန်းထ နာမည်ကြီးလာပြန်ရော။ဆေးခြောက်ကို ပိုလို့ပိုလို့ နှိပ်ကွပ်လာကြတဲ့ အကြောင်းတရားတွေထဲကတစ်ခုပါ။ဘာလို့လဲဆိုတော့ သူတို့အတွက် ကောင်းလွန်းနေလို့ ဆိုရမှာပေါ့။
၁၉၈၀ နောက်ပိုင်း သမ္မတရော်နယ်ရေဂင် လက်ထက် ဆေးခြောက်အပေါ် ပို့လို့တောင် ပြစ်တင်ရှုတ်ချ လုပ်လာကြတယ်ပြောရမလိုပဲ။မူးယစ်မှုတွေ တန်းစီလိုက်ရင် ဆေးခြောက်မှုက ရာနှုန်း(၈၀%)ကျော်ပါသတဲ့။အဲ့ထဲမှာ လူမည်းနဲ့ သွေးနှောတွေက ရာနှုန်း(၈၀%) ကျော်နေပြန်သတဲ့။လူမည်းအနွယ်တွေချည်း ဆေးခြောက်သောက်တယ် ထင်နေရင်မှားမယ် ဆိုကြပါတယ်။အစိုးရရဲ့ ဆန်းစစ်မှုဒေတာတွေထဲမှာကို အမေရိကရဲ့ ဆေးခြောက်သုံးစွဲမှုဟာ လူဖြူလူမည်း သုံးစွဲမှုလယ်ဗယ် အတူတူပဲတဲ့ဗျာတို့။ဒါပေမယ့် ဘာ့အတွက်ကြောင့်များ လူမည်းအနွယ်တွေက ဆေးခြောက်အမှုနဲ့ ထောင်နန်းစံကြရတာပါလိမ့်မလဲဆို လူမျိုးရေးမုန်းတီးမှု လူမျိုးရေးခွဲခြားမှုကို အခြေခံတဲ့ အရေးယူမှုတွေ ဖြစ်နေလို့သာပါပဲ။
နာဇီဂျာမနီတွေ ဂျူးတွေကို ရထားပေါ်အပြည့်အသိပ်တင်ပြီး တင်ခေါ်သွားပြီး ပျောက်သွားကြသလိုမျိုး။လူမည်းအနွယ်တွေ (၂) သန်းခွဲလောက်ဟာ ထောင်တွေထဲ ရောက်ရောက်သွားကြရသတဲ့။ဘာပြစ်မှုလဲဆို ဆေးခြောက်အမှုပဲ။အဲ့ဒီကာလဟာ အမေရိကန် လူဖြူတွေလဲ ကိုကိန်းတို့ဘာတို့ ပေါပေါများများသုံးစွဲနေကြချိန်ဖြစ်နေပါပြီ။လူဖြူတွေအတွက် ဆေးဖြတ်တာ ကုသမှုခံယူခွင့်ပြုတာ စတဲ့အစီအစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးနေပေမယ့် လူမည်းတွေက ထောင်ထဲရောက်နေကြချိန်ပေါ့။လူမည်းတွေကို ရွေးချယ်ထောင်ချတဲ့ကိန်းဂဏန်းက မှတ်တမ်းတင်လောက်အောင် များပြားခဲ့သတဲ့။
အဲ့ဒီကာလဟာ ဟစ်ဟော့ဆိုတဲ့ ရက်ပါတွေ ကမ္ဘာကျော်တဲ့ အခန်းကဏ္ဍရောက်နေကြချိန်ဆိုတော့ ခံရမှာပဲပေါ့။ကိုရွှေလူမည်းတွေရဲ့ ဂီတအနုပညာတွေဟာ ဘုန်းမီးနေလ ထိန်လွန်းလှတာကိုး။လူမည်းအနွယ်တွေဟာ ထင်ပေါ်လာလေလေ နှိပ်ကွက်ခံရလေလေလို့ ဆိုရမလောက်ပါပဲ။
တစ်ယောက်နဲ့တစ်ယောက်မတည့်တဲ့ လူ(၁၀၀၀)လောက်ကို အခန်းထဲထည့်ပိတ်ပြီး ဆေးခြောက်ငွေ့တွေ လွှတ်ပေးကြည့်ပါ………….တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နှုတ်ဆက်ပြီး ဆဲဖီတွေတောင် ဆွဲနေဦးမယ်။
တစ်ယောက်နဲ့တစ်ယောက်မတည့်တဲ့ လူ(၄)ယောက် အခန်းထဲထည့်ပိတ်ပြီး အရက်(၁)ခွက်စီပဲတိုက်ကြည့်ပါ။ အနည်းဆုံး(၁)ယောက် သေစေရမယ်………….တဲ့။အဲဒီမှာသိလိုက်ရတာက အပြစ်မရှိတဲ့ ဆေးခြောက်က အပြစ်သားဖြစ်ပြီး အပြစ်ရှိတဲ့ အရက်က တံဆိပ်အကောင်းစားတွေနဲ့ တရားဝင်ကမ္ဘာပတ်နေလေရဲ့မဟုတ်လား။ဘယ်လိုတွေအပြစ်ရှိပြီး ဘယ်လောက်ပဲ အန္တရာယ်ရှိစေဦးတော့ သူတို့သုံးသူတို့ထုတ်လုပ်တဲ့ဟာက ကမ္ဘာပတ်ကုန်စည် ဖြစ်နေပြီး သူတို့မျက်မုန်းကျိုးတဲ့လူတစ်စု အထွတ်အမြတ်ထားတဲ့ တန်ဖိုးရှိတဲ့အရွက်အပွင့်လေးတွေက မူးယစ်ဆေးတွေ ဖြစ်သွားစေခဲ့တယ်။
ဟော…………..အခုတော့ ဆေးခြောက်ကို တရားဝင် စိုက်ပျိုးထုတ်လုပ်ရေားချခွင့်တွေ ရနေပြီဖြစ်တဲ့ပြည်နယ်တွေမှာ ဆေးခြောက်အတွက် စိုက်ပျိုးထုတ်လုပ်ဖို့ ရင်းနှီးငွေဟာ (၇)ဘီလီယံတောင် ရှိသတဲ့။ တရားဝင်စိုက်ပျိုးရောင်းချဖြန့်ချိတဲ့သူတွေဟာလည်း လူမည်းတွေမဟုတ်ပဲ လူဖြူတွေသာ ဖြစ်နေကြပြန်သတဲ့လေ။ မကောင်းလို့ ပိတ်ပါပိတ်ပါဆိုတုန်းကလည်း လူဖြူတွေပဲ။ကောင်းလို့ စိုက်ပါရောင်းပါဆိုပြန်တော့လည်း လူဖြူတွေပဲ။ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရဖို့ လူဖြူတွေသာ အများဆုံးရရှိထားကြသတဲ့။ ဆေးခြောက်စိုက်ပျိုးဖြန့်ချိတဲ့လုပ်ငန်းကို လူဖြူများက လက်ဝါးကြီးအုပ်ထားကြပြန်ပါပေါ့။နစ်ဆင် မှားခဲ့တယ်၊ ရေဂန် ဆက်မှားတယ်၊ ဘီလ်ကလင်တန် လှည့်မကြည့်ခဲ့ဘူး၊ ဒဏ်ငွေ ချမှတ်စေခဲ့တဲ့ ဂျိုးဘိုင်ဒန်(၂၀၂၀ သမ္မတ) လွဲခဲ့တယ်၊ လူမည်းအနွယ်သမ္မတ အိုဘားမား ပျက်ကွက်ခဲ့တယ်၊ ဘယ်သမ္မတမှ လှည့်မကြည့်ခဲ့ဘူး။လူမည်းတွေကို မျိုးဆက်(၄) (၅)ခုစာလောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ မြောင်းထဲရောက်အောင် တွန်းချခဲ့ကြဖူးပေမယ့် အဲဒီဆေးခြောက်နဲ့ အခုလူဖြူတွေ စီးပွားဖြစ်နေကြပြီလေ။တရားသလား၊ တန်သလား မေးရမလို။ခံခဲ့ရတဲ့ အာဖရိကန်အမေရိကန်တွေ၊ မက္ကစီကန်အမေရိကန်တွေအတွက် (၅၀%)သော ထုတ်လုပ်ဖြန့်ချိခွင့်ကို ပေးသင့်ကြောင်း တောင်းသူကတောင်းနေပြီ။ပေးလိမ့်မယ်မထင်။
အမေရိကန်က ဆေးခြောက်စိုက်ပျိုးရောင်းချခွင့်ရတဲ့ ပြည်နယ်တွေကရတဲ့ အခွန်တော်ငွေဟာ တစ်နှစ်တည်းမှာကို ကန်ဒေါ်လာ (၁.၄)ဘီလီယံ ရှိသတဲ့ဗျာတို့။ အခွန်လဲရ ဇိမ်လဲကျ ဆေးခြောက် ကောင်းတယ်ဗျလို့တောင် အော်ချင်အော်နေကြမှာရယ်။
အမေရိကန်ရဲ့ အချို့ပြည်နယ်များမှာ ဆေးခြောက်နဲ့ပြစ်ဒဏ်ကျခံရသူအားလုံး ပြန်လွှတ်ပေးပြီး ထောင်ကျခဲ့တဲ့ မှတ်တမ်းရာဇဝင်တွေကိုလည်း တရားဝင် ဆေးကြောဖျက်သိမ်း ပေးနေကြပြီဆိုတော့…………. ဝမ်းသာစရာသတင်းကောင်းပါ။ အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ဒီလိုပဲ ဖြစ်ပါစေပေါ့။
ဆေးခြောက်ရဲ့ ပုံရိပ် အဖက်ဆည်မရလောက်အောင် ရုပ်ပျက်သွားခဲ့ရတယ်။ သတင်းရုပ်သံ မီဒီယာတွေကနေ ဝါဒဖြန့်ခြင်းဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလှသလဲဆို ဆေးခြောက်ဆိုတဲ့ သဘာဝအလေ့ကျပေါက်ပင်လေးက သာဓကပဲ။ ၀၃.၁၂.၂၀၂၀ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂက ဆေးခြောက်ကို မူးယစ်ဆေးအဖြစ်ကနေ ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့ဖက်က အနိုင်ရသွားခဲ့လို့ ဆေးခြောက်ဟာ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးမဟုတ်တော့ပါဘူး။
ကုလသမဂ္ဂက ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းက ပယ်ဖျက်ပေးလိုက်တယ်ဆိုရင်တောင် နိုင်ငံတော်တော်များများအတွက် ဥပဒေတွေ ပြင်ဆင်ပြောင်းလဲလာဘို့က အချိန်အတော်ကြာဦးမှာ။ကာလံဒေသံပယောဂံ လို့တောင် ပြောလိုက်ချင်ရဲ့။အတွေးအမြင်၊ အယူအဆ၊ အတွေ့အကြုံ၊ အသိဉာဏ်ပညာရေချိန်တွေနဲ့ ချိန်ညှိယူရတာကိုး။
ဒီမှာ ကျွန်တော်တို့ သင်ခန်းစာကြီးကြီးရသင့်ပါပြီ။
ကျွန်တော်တို့မြေကမ္ဘာပေါ်မှာ အမှန်တရားဆိုတာ မရှိဘူး။လုပ်ပိုင်ခွင့်နဲ့ အာဏာရှိသူတွေရဲ့လက်ထဲက စိတ်ကူးတွေ၊ လောဘတွေ၊ ဒေါသတွေနဲ့ သူတို့ဖြစ်ချင်လိုမှုတွေဟာ အရှိတရားပဲ။အဲ့ဒါကို ဘာနဲ့မှ ကျော်လို့မရဘူး။လုပ်ကြံဇာတ်လမ်းတွေပဲဖြစ်ဖြစ်၊ လိမ်စဉ်တွေပဲဖြစ်ဖြစ်၊ ဂျင်းတွေပဲဖြစ်ဖြစ်၊ မတော်မတရားဥပဒေတွေပဲဖြစ်ဖြစ် နှစ်ပေါင်း(၁၀၀)လောက် တည်တံ့စေနိုင်တာ အာဏာနဲ့ လုပ်ပိုင်ခွင့်ပါပဲ။စနစ်တစ်ခုကို တီထွင်မောင်းနှင်စေချင်ရင် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အရယူဖို့လိုရင်းပဲ။နောက်ဆုံးပြောချင်တာက တစ်ကမ္ဘာလုံးက လက်ခံခဲ့ရတဲ့ ဝါဒဖြန့် ဂျင်းအကြီးစားတွေတောင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ တွန်းလှန်ပယ်ဖျက် ခံရတတ်တယ်ဆိုတာပဲ။ဆေးခြောက်ဟာ နှစ်(၁၀၀)လောက် ဂန္ထဝင်လူဆိုးကြီးသဖွယ် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဗီလိန်ကြီးလုပ်ပြပြီး အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီးတဲ့နောက် ချစ်လိုနှစ်သက်ဖွယ် မင်းသားအဖြစ် ပြန်လည်ကပြခွင့် ကြုံခဲ့ပါပြီ။ဒီမြေကမ္ဘာပေါ်မှာ ဆေးခြောက်အပင်လေးတွေ ငွားငွားစွင့်စွင့် လွတ်လပ်စွာ ရှင်သန်ဖူးပွင့်နိုင်ပါစေ။
(ကိုးကား - Grass Is Greener (2019) Documentary)
နေဝင်းထွန်း
(၀၆.၁၂.၂၀၂၀)

*****naMyanmar
*****naHistroyOfAmerican
*****naMyanmar

Medical Ma*****na Myanmar

ထိတွေ့မှုအများဆုံး လူတစ်ဦး ဖြစ်လာပြီး ကျွန်ုပ်ရဲ့ အပတ်စဉ် ထိတွေ့မှုအများဆုံး လူစာရင်းမှာ ပါဝင်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်...
10/10/2025

ထိတွေ့မှုအများဆုံး လူတစ်ဦး ဖြစ်လာပြီး ကျွန်ုပ်ရဲ့ အပတ်စဉ် ထိတွေ့မှုအများဆုံး လူစာရင်းမှာ ပါဝင်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 🎉 Htet Naing Win, Ťhat Paing Ôo, Aung Paing Tun, Thantzinwin Thantzin ဦးထုပ်လက်ဆောင်ပေးမယ် ယူမှာလား 🙄

ကျနော်လည်း Philippines Page က တစ်လုံးထဲ ရထားတာ 🤫

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Thet Tu...
09/10/2025

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Thet Tun, Khon, U U Hein Zaw, Myo Min Thant, Melvin Axel, Zaw Zaw Htet, Char Take, Kyal Sin Thune, Thu Htet Naing, Ko Peace, ဇော် မျိုး ညွန့်

ကျေးဇူးပါ ကျနော်အခုမှ အကျဥ်းအကျပ်ထဲက လွတ်မြောက်လာသူမို့ ခုကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်များနေလို့ပါ နောက်များမကြာမှီ...
09/10/2025

ကျေးဇူးပါ ကျနော်အခုမှ အကျဥ်းအကျပ်ထဲက လွတ်မြောက်လာသူမို့ ခုကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်များနေလို့ပါ နောက်များမကြာမှီ ဆုံကြတာပေါ့ နှင့် Grow like a Pro with Big Bud Bill – သူ့ရဲ့ အမာခံပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

Medical Ma*****na Myanmar နဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေ ဝေမျှနိုင်ပါတယ်။
03/10/2025

Medical Ma*****na Myanmar နဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေ ဝေမျှနိုင်ပါတယ်။

ဆေးခြောက် နှင့် ကျနော်ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားသွားပြီမလား  မနက်ကပန်းချီအသိုင်းအဝိုင်းထဲ အစ်မတစ်ယောက် ဆီးချိုကြောင့် အ...
01/10/2025

ဆေးခြောက် နှင့် ကျနော်

ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားသွားပြီမလား မနက်ကပန်းချီအသိုင်းအဝိုင်းထဲ အစ်မတစ်ယောက် ဆီးချိုကြောင့် အစားဆင်ခြငနေရကြောင်း ရေးထားတာဖတ်မိလို့ပါ။
ကိုရဲလွင်ရှိစဉ်တုန်းက ကျနော့်ဆီမှာ သူနေခြင်စိတ်ရှိတဲ့အခါ တစ်ပတ်ဆယ်ရက်လာနေလေ့ရှိတယ် သူရှိတဲ့ရက်တွေမှာ အိမ်မှာသူ့ရဲ့ဂစ်တာသံ သီချင်းသံတွေကြားမှာ နတ်သစ်ရွက်ခြောက်တွေရဲ့ မီးခိုးငွေ့တန်းတွေက စည်းချက်နဲ့အညီ လူးလွန့်ကခုန်လို့ပေါ့ သူအားရအောင်ဖွာထုပ်လိုက်ပြီးရင် သောက်လက်စကို ကျနော့်ဘက်ကမ်းလေ့ရှိတယ် ကျနော်ကလည်းအလိုလို လက်ခံဖွာရှိုက်မိတာပဲ ခက်တာကကျနော်က စီးကရက်သာသောက်တာ ဆေးပေါ့လိပ်မသောက်တတ်ဘူး သူကနှင်းဆီနဲ့ရိုက်ထားတာဆိုတော့ အခန့်မသင့်ရင်တော့သီးတာပေါ့ ကျနော်မျက်ရည်ထွက်အောင်သီးတဲ့အခါ မျက်စောင်းထိုးပြီးပြောလေ့ရှိတဲ့စကားက မောင်ရင်ကသယံဇာတသိပ်ဖြုံးတာပဲ ဒါလည်းအမှတ်မရှိပါဘူး သူကလည်းကမ်းမြဲကမ်း ကျနော်ကလည်းသီးမြဲသီးလျက်ပါပဲ။
တစ်ရက်မှာ ရောက်တတ်ရာရာ စကားပြောရင်းကျနော့်မှာ ဆီးချိုရောဂါရှိတဲ့ကြောင်း ပြောဖြစ်ကြတော့ သူကခပ်မဆိတ်ပဲနားထောင်ပါတယ် နောက်တော့သူပြန်ခြင်တဲ့နေ့မှာ ပြန်သွားတာပဲ တစ်လနှစ်လ လောက်ကြာရင် ပြန်လာလေ့ရှိတယ်။
ဒီတခါသူ ပြန်သွားပြီးသုံးရက်လောက်မှာ အိမ်ကိုဆိုင်းမဆင့် ဗုံမဆင့်ရောက်ခြလာတယ် အန်ကယ်ရဲဘာကျန်ခဲ့လို့လည်း စတုန်းကျန်ခဲ့လို့လား မကျန်ဘူး အခုမှဖန်လာတာ အသာနေပါဆိုတဲ့ မျက်နှာပေးနဲ့ကြည့်ပြီး သူနေ နေကြအခန်းထည်းမှာ နာရီဝက်သာသာလောက်လှုတ်ရှားပြီး အောင်မြင်သူမျက်နှာပေးနဲ့ထွက်လာပြီး သူနဲ့ကျနော်ထိုင်နေကျနေရာမှာ အတူထိုင်မိတော့ နှင်းဆီထဲမှာ ရောသမမွှေထားတဲ့ နတ်သစ်ရွက်ကို မီးရှို့တော့တာပဲ သူအားရအောင် ရှူပြီးတော့ကျနော့်ဘက်လက်ကမ်းရင်း အသက်ကိုဝအောင်ရှူ မသီးစေနဲ့ ကျနော့်ကိုသင်ပေးနေတာလားခြစမ်းပါ မနေ့ညကငါဗွီအိုအေ နားထောင်တော့ ဆေးပညာဆောင်းပါးတစ်ပုဒ်နားထောင်မိတော့ ဆေးခြောက်က ဆီးချိုပျောက်တယ်လို့ပြောတာပဲ ငါလည်းမင်းကိုသတိရပြီးဖန်လာတာ သုံးတိုင်မင်းယူထားလိုက် ဖြေးဖြေးမှန်မှန်လုပ် မသီးစေနဲ့ ဆီးချိုမပျောက်ဘဲ ကျနော်စွဲသွားရင်ဘယ်လိုလုပ်မှာလည်း ငါအမြဲလုပ်နေတာမစွဲပါဘူး ငါရှိသရွေ့တော့မပူပါနဲ့။
သူမရှိတော့တဲ့ အချိန်မှာ ကျနော်ကြိုက်ခြင်သလိုလိုဖြစ်လာပြီ ဘော်ဒါတွေဆီကရရင် ယူတတ်လာပြီ
နောက်လေဖြတ်ပြီး ပန်းချီတွေလှိမ့်ရေးလာတော့ နတ်သစ်ရွက်ကလေးများ လောင်နေရင် ကားရေးလို့ဈန်ဝင်လာတာပဲ ခုနောက်ပိုင်းသတိထားမိတာ နေ့စဉ်တစ်တိုင်တော့ မှီဝဲဖြစ်တာပါပဲ။
ခုတလော အစားနည်းနည်းသောင်းကြမ်းလာတယ် ညည ကားရေးရင်း ဝီစကီသောက်ရင်တောင် ရေခဲမုန့်ကို အမြီးလုပ်လေ့ရှိတယ် ထမင်းစားကောင်းတဲ့နေ့တွေများလာပြီ ပုံမှန်ဆိုရင်အစားများတဲ့နေ့တွေမှာဆီးချိုတိုင်းလေ့ရှိတယ် ခုရက်ပိုင်း နေ့စဉ်လိုလိုတိုင်းဖြစ်တာသုံးရက်ဆက်တိုက်ပဲ ၁၁၀ ထက်ပိုကိုမပိုတာ စဉ်းစားစရာပဲ အန်ကယ်ရဲရဲ့စေတာနာတွေထိရောက်ပြီလား နတ်သစ်ရွက်က တကယ်ပဲစွမ်းတာလား မည်သို့ပင်ဖြစ်စေ ဒီတစ်ခါပန်းချီကားရောင်းရလို့ စို့စို့ပို့ပို့ လေးများရရင် အော်ရီခြင်တယ် ဘလောက်တုန်းလေးတော့ ခြခြင်သားဟ ....

ဓာတ်ပုံ (ကိုဦး )

ဗဟုသုတရစေရန် ရည်ရွယ်၍ မျှဝေခြင်းဖြစ်သည်။

*****naMyanmar

နှင့် Grow like a Pro with Big Bud Bill – သူ့ရဲ့ ထင်ပေါ်လာတဲ့ ပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ်  🎉
30/09/2025

နှင့် Grow like a Pro with Big Bud Bill – သူ့ရဲ့ ထင်ပေါ်လာတဲ့ ပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

Address

Mandalay
05013

Telephone

+959666963584

Website

http://www.medicalmarijuanamyanmar.com/

Alerts

Be the first to know and let us send you an email when Medical Marijuana Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Marijuana Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram