ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ

  • Home
  • Myanmar
  • Mandalay
  • ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ

ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံအတွက် ရွက်လှေ မှကူညီပေးပါရစေ

06/02/2026

"(ဩ/သု) #ဩဠာရိကသုခုမ ရဲ့ အကြောင်း AI က အခုလိုပြောပြထားပါတယ်။

"ဩဠာရိက သုခုမ" ဆေးပညာ ဆိုသည်မှာ ရှေးမြန်မာဆေးကျမ်းများ (ဆေးကျမ်းကြီး၊ ဆေးကျမ်းသုတ်) ထဲတွင် **ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဖွဲ့စည်းပုံဆိုင်ရာ ဗဟုသုတ** ကို ရည်ညွှန်းသော အထူးဝေါဟာရတစ်ခုဖြစ်ပါသည်။ ဤသည်မှာ ရှေးဟောင်း **ဇီဝကမ္မဗေဒ (Physiology) နှင့် ခန္ဓာဗေဒ (Anatomy)** ၏ မြန်မာ့ပုံစံဟု ဆိုနိုင်ပါသည်။

---

# # # **အဓိပ္ပာယ်ဖွင့်ဆိုချက် (ဆေးပညာအနေဖြင့်)**

**၁။ ဩဠာရိက (Olarika)**
* ဆေးပညာတွင် **"ကြီးမားထင်ရှားသော၊ မာကျောသော၊ အကြမ်းစားဖွဲ့စည်းပုံ"** ကို ဆိုလိုသည်။
* **ဥပမာ:** အရိုး၊ အကြော၊ အရွတ်၊ ကြွက်သား၊ အရေပြား စသည့် **ခန္ဓာကိုယ်၏ အကြမ်းပိုင်း ဖွဲ့စည်းမှုများ**။

**၂။ သုခုမ (Sukhuma)**
* ဆေးပညာတွင် **"သိမ်မွေ့နူးညံ့သော၊ အနုစိတ်သော၊ မမြင်နိုင်သော"** ကို ဆိုလိုသည်။
* **ဥပမာ:** သွေးကြော၊ အာရုံကြော၊ လေဟတ်၊ နာဗ်ကြော၊ ဟိုမန်း (ဓာတ်)၊ စိတ် စသည့် **ခန္ဓာကိုယ်၏ သိမ်မွေ့သော ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်တာများ**။

**ပေါင်းစပ်အဓိပ္ပာယ်:**
**"ဩဠာရိက သုခုမ" ဆေးပညာ** ဆိုသည်မှာ **"ခန္ဓာကိုယ်၏ အကြမ်းပိုင်း (ဩဠာရိက) နှင့် သိမ်မွေ့သောပိုင်း (သုခုမ) ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို လေ့လာသော ပညာရပ်"** ဖြစ်ပါသည်။

---

# # # **မြန်မာ့ဆေးကျမ်းများတွင် တွေ့ရှိရသော အကြောင်းအရာများ**

**က) ဩဠာရိက (အကြမ်းပိုင်း) လေ့လာမှုများ**
* **အရိုးစု (ဓာတ်ကြီးလေးပါး၏ ဖွဲ့စည်းပုံ)**
* **ကြွက်သား၊ အရွတ်၊ အကြော ဖွဲ့စည်းပုံ**
* **ကိုယ်အင်္ဂါကြီးများ (ဥပမာ - အသည်း၊ နှလုံး၊ အဆုတ်၊ အူ) ၏ တည်နေရာနှင့် အရွယ်အစား**
* **ခန္ဓာကိုယ် အစိတ်အပိုင်း ၃၂ ပါး ခွဲခြားသတ်မှတ်ချက်**

**ခ) သုခုမ (သိမ်မွေ့သောပိုင်း) လေ့လာမှုများ**
* **နာဗ်ကြောစနစ် (သုခုမကြော)**
* **သွေးလှည့်ပတ်မှု (သုခုမသွေးကြော)**
* **လေဟတ် (ဝါယော) ၏ လမ်းကြောင်းများ**
* **စိတ်၏ သဘောသဘာဝနှင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှု**
* **ဓာတ်ကြီးလေးပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော) ၏ သိမ်မွေ့သော အခြေအနေများ**

---

# # # **ကျမ်းကိုးများ**

ဤအကြောင်းအရာများကို အောက်ပါ ရှေးမြန်မာဆေးကျမ်းများတွင် အထူးသဖြင့် တွေ့ရှိနိုင်ပါသည်။

* **ဝေဒကျမ်း (အာယုဗ္ဗေဒကျမ်း)** - မြန်မာပြန်ဆိုချက်များ
* **ဆေးကျမ်းကြီး**
* **ဆေးကျမ်းသုတ်**
* **ဓာတ်သေဒသနကျမ်း**
* **ဘိက္ခုပါတိမောက္ခ** (ဘိက္ခုဝိဘင်း) ၏ ခန္ဓာကိုယ်ဆိုင်ရာ အခန်းများ

---

# # # **မှတ်ချက်**

* ဤပညာရပ်သည် ခေတ်သစ် ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒကဲ့သို့ မိုက္ကရိုစကုပ်ဖြင့် လေ့လာသော သိပ္ပံနည်းကျ ပညာရပ်မဟုတ်ပါ။
* ယင်းသည် **ရှေးအိန္ဒိယတိုင်းရင်းဆေးပညာ (အာယုဗ္ဗေဒ) နှင့် ဗုဒ္ဓဘာသာ အဘိဓမ္မာတရားတော်များ** အပေါ် အခြေခံထားသော **အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားပေါ် အခြေပြုသည့် ပညာရပ်** ဖြစ်ပါသည်။
* ဤဝေါဟာရကို **"ဩဠာရိကရူပံ"** နှင့် **"သုခုမရူပံ"** ဟူ၍လည်း ရှေးကျမ်းများတွင် တွေ့ရတတ်ပါသည်။

**အနှစ်ချုပ်:**
"ဩဠာရိက သုခုမ" ဆေးပညာသည် **ရှေးမြန်မာဆေးပညာရှင်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများကို နက်ရှိုင်းစွာ လေ့လာမှု၏ အထောက်အထားတစ်ရပ်** ဖြစ်ပါသည်။ ယနေ့ခေတ် တိုင်းရင်းဆေးသုတေသန ပြုလုပ်သူများ၊ မြန်မာ့ဆေးပညာသမိုင်း လေ့လာသူများအတွက် အလွန်တန်ဖိုးရှိသော ဗဟုသုတအမွေအနှစ်တစ်ခုဟု ဆိုနိုင်ပါသည်။

01/02/2026

∆ကနဖေါ့-သနပ်ခဲ∆

* ဖေါရောင်ရောဂါရှိသူများ
* ကျောက်ကပ်ဝေဒနာရှင်များ
* ကိုယ်ခန္ဓာအောက်ပိုင်းလေးလံသူများအတွက် သက်သာပျောက်ကင်းစေပါသည်။
မှာယူလိုပါက ☎️ ၀၉ ၇၆၅၁၁၃၉၃၈ viber
☎️ ၀၉ ၉၆၅၁၁၃၉၃၈ viber
Page ... Messenger တွင်လဲမှာယူနိုင်ပါသည်ရှင့်

နီးစမ်ရာ အမြို့မြို့ အနယ်နယ်မှ ကိုယ်စာလှယ်များထံတွင်လဲဆတ်သွယ်မှာလို့နိုင်ပါတယ်ရှင်

။၇ရက်သားသမီးများအပေါင်း။
အစာဝ အနာကင်း ဘယာရှင်းကြပါစေ

26/01/2026

#တေဇောဓာတ်အကြောင်း နှင့် အစားအစာအာဟာရ
#ဆရာကြီးဦးရန်အောင်(ဩ/သု)

16/01/2026

#ပြောပါရစေ။
#ရောဂါပျောက်ကင်းဖို့ လိုင်းပေါ်က ပြောတဲ့ ဆေးမြီးတိုတွေနဲ့ ကိုယ့်အသက်ကို ပုံပြီး မယုံလိုက်ကြပါနဲ့။
#ရောဂါတစ်ခုဖြစ်ဖို့ နှစ်တွေ အချိန်တွေ ကြာပါတယ်။
#ရောဂါပျောက်ကင်းဖို့လည်း အချိန်ပေးပါ။
စိတ်ရှည်ရှည်ထားပါ။
တကယ်တတ်ကျွမ်းနားလည်တဲ့ သမားတော်တွေနဲ့ကုသပါ။
လိုင်းပေါ်က ပြောတဲ့ ဆေးအညွှန်းတွေက အာမခံချက်မရှိပါဘူး။
#အသက်ကိုဉာဏ်စောင့်ပါ။

11/01/2026

ရွှေဟင်္သာညီနောင်ဆေးတိုက်မှ ထုတ်လုပ်သော သဘာဝ မက်လချဉ် ယို

အသဲခြောက်ခြင်း ၊အသဲကြီးခြင်း ၊အသဲအဆီဖုံးခြင်း အသဲရောင်အသားဝါ အသည်းဘီပိုး စသော အသဲရောဂါအမျိုးမျိုးအတွက်သော်လည်းကောင်း

မနက် အေးခါး အတွက် ကန့်ကလာ ၊

ညအချဉ် အတွက် မက်လချဉ်ဖျော်ရည် ဖျော်သောက်၍ လည်းရပါတယ်။

*ရေနွေးတစ်ဖန် ခွက် ထဲသို့ မက်လချဉ် ယို ထမင်းစားဇွန်းတစ်ဇွန်း ခန့် ထည့်၍ နေ့စဉ်သောက်သုံးနိုင်ပါသည်။

☎️09765113938
☎️09422481484 သို့ ဆက်သွယ်မှာယူနိုင်ပါပြီရှင် ။
☎️09965113938 viber တွင်လဲမှာယူနိုင်ပါသည်ရှင့်

11/01/2026

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

05/01/2026

#လူတွေကရောဂါတစ်ခုခုဖြစ်လျှင်

#ဆေးပဲသောက်ချင်ကြတာ။

#တကယ်ကရောဂါဖြစ်ရခြင်းအကြောင်းကိုရပ်လိုက်ရင်ရောဂါကမတိုးတော့ပဲရပ်သွားမှာကိုသတိမထားကြဘူး။

#ရှောင်ရန်/ဆောင်ရန်နှစ်မျိုးရှိတဲ့အခါ

#ရှောင်သင့်တာကိုအရင်ရှောင်ပါ။

#ပြီးမှဆောင်သင့်တာတွေဆောင်ပါ။

 #ကျည်းပေါင်းသမားများ၊ ကြပ်ထုပ်ထိုးလိုသူများ ဆားခါးကြပ်ထုပ်လေးတွေ အဆင်သင့်ရပါပြီ။  #ဆားခါးကြပ်ထုပ်ထိုးပေးခြင်းဖြင့် ကျည်...
03/01/2026

#ကျည်းပေါင်းသမားများ၊ ကြပ်ထုပ်ထိုးလိုသူများ ဆားခါးကြပ်ထုပ်လေးတွေ အဆင်သင့်ရပါပြီ။

#ဆားခါးကြပ်ထုပ်ထိုးပေးခြင်းဖြင့် ကျည်းပေါင်းအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆားခါးရဲ့ အာနိသင်က စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အညောင်းမိသူများ၊ဇက်ကြောတက်သူများ၊ကျည်းပေါင်းရောဂါခံစားနေရသူများ၊အဆစ်နာ လေးဖက်နာသမားများ၊ခေါင်းမူး ခေါင်းကိုက် ခံစားနေရသူများ အတွက် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

#အသုံးပြုပုံ

ဆားခါးကြပ်ထုပ်လေးကို ရေနွေးငွေ့ဖြင့်အပူပေးပြီး
ကျည်းပေါင်းဖြစ်သောနေရာများကို ကြပ်ထုပ်ထိုးပေးနိုင်ပါတယ်။ တစ်ကြိမ်ထိုးလျှင် မိနစ် ၂၀/၃၀ ခန့်ထိုးပေးနိုင်ပါသည်။
တစ်ထုပ်မှ ၃၀၀၀ ကျပ်ပါ။
ရွက်လှေ(သဘာဝဓာတ်စာနှင့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ)
၆၇ လမ်း ၁၀၈×၁၀၉ လမ်းကြား
မန္တလေးမြို့။
09 971812528

01/01/2026
28/12/2025

မယ်ဇလီဖူး အမှုန့်
----------------------------

မယ်ဇလီဖူး ကပေးတဲ့
ကျန်းမာရေးကောင်းကျိုးများ။
==================

တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးကို ဆေးဘက်ဝင်သုပ်စားကြပါတယ်။

မယ်ဇလီက (၉၆) ပါးရောဂါလုံးကို မကာကွယ်ပေးနိုင်ပေမယ့် တကယ်လည်း ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

မယ်ဇလီဖူးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်ပါတယ်။

သဘာဝ ဝမ်းပျော့ဆေးအနေနဲ့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ ရှိပြီး ဝမ်းပျော့စေကာ ဝမ်းချုပ်ခြင်း ကင်းစေတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆိပ်အတောက်များ ၊အူလမ်းကြောင်းထဲရှိ မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ကင်းရှင်းစေတယ်။

တကယ်လို့ သင့်မှာ အူလမ်းကြောင်း ဓာတ်တုံပြန်ခြင်း လွန်ကဲမှု့ကြောင့် ဖြစ်တဲ့ ရောဂါ ( IBS ) လိုမျိုး ရှိတယ်ဆိုရင်လည်း မယ်ဇလီဖူးမှာ ဒီရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းတွေ ရှိလို့ စားသုံးသင့်တယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါ ရှိသူတွေလည်း စားသုံးသင့်တယ်။

မယ်ဇလီမှာ သဘာဝနည်းနဲ့ သန်ကောင်တွေ ကို ချေဖျက်စေနိုင်တဲ့ အစွမ်းတွေလည်း ရှိတယ်။

ရောင်ရမ်းမှု့တွေကိုလျော့နည်းစေပြီး ဝမ်းပျော့စေနိုင်တဲ့ အစွမ်းတွေ ရှိလို့ စအိုကွဲနာ ခံစားနေရတဲ့သူတွေ အနေနဲ့လည်း ဆေးအဖြစ် စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်တယ်။

ဒါ့အပြင် ဓာတ်မတည့်မှု့တွေ ကို သက်သာစေတဲ့ အတွက် နှင်းခူနာရှိသူတွေလည်း စားသုံးသင့်တယ်။

သေချာမပြောနိုင်သေးပေမယ့် မယ်ဇလီဟာ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း တချို့က ယူဆကြတယ်။

**နှင်းခူနာ အတွက်ဆေးတစ်လက်
မယ်ဇလီဖူးကို ထောင်းပြီး ရလာတဲ့ အနှစ်တွေကို နှင်းခူနာတွေ ၊ အရေပြားထူ အရေပြား လေးဖက်နာတွေ (Psoriasis ) ရောဂါသည်တွေရဲ့ ဖြစ်နေတဲ့ အနာတွေပေါ် လိမ်းပေးခြင်းဖြင့် မြန်မြန် သက်သာစေတယ်။

ရောင်ရမ်း ဝက်ခြံတွေပေါ်မှာတောင် အရောင်မြန်မြန်ကျအောင် လိမ်းလေ့ရှိတယ်။

***အာခံတွင်း ရှိအပူနာ

ခံတွင်းထဲက အနာတွေ ၊ သွားဖုံးရောင် ရောဂါခံစားနေရတဲ့ သူတွေအတွက်လည်း မယ်ဇလီမှုန့်ကို ရေနွေးဖြင့် အာလုပ်ကျင်းပေးခြင်းဖြင့် မြန်မြန် ပျောက်ကင်းစေတယ်။

မယ်ဇလီစားခြင်းဖြင့်

ရင်ပူနေတာ၊
အစာမကြေဖြစ်နေတာ ၊
ပျို့အန်ချင်တာ ၊
လေပွတာတွေအတွက်လည်း ပျောက်စေတယ်။

*အာဟာရ အနေနဲ့ ကြည့်မယ်ဆိုရင်လည်း မယ်ဇလီမှာ vitamin B ဓာတ်ပေါင်းစုတွေ များစွာ ပါဝင်တယ်။

မယ်ဇလီမှုန့် ၏အလှအပ အသုံးဝင်မှု

ခန္ဓာကိုယ်အတွက်တင် သာမက ဆံပင်အတွက်လည်း အစွမ်းထက် ဆေးတစ်လက် ဖြစ်လို့နေတယ်။

မယ်ဇလီမှုန့်ကို ဒိန်ချဉ် ၊
ရေတို့နဲ့ ရောပြီး ခေါင်းကို လိမ်းကျံ ခဏထား လျှော်လိုက်ရင် သင့်ဆံပင်လေးဟာ ပျော့ပျောင်းစေရုံမက အရောင်တွေလည်း တောက်ပစေတယ်။ ဆံပင်ကိုလည်း သန်မာစေတယ်၊ ထူထဲစေတယ်။
နေရောင်ခြည်ဒဏ်ကိုလည်း ခံနိုင်ရည် ရှိစေတယ်။
ဒီလိုဆို မယ်ဇလီက ကျန်းမာရေးအတွက်သာမကဘဲ အလှအပအတွက်ပါ ဆေးတစ်လက်ဖြစ်တယ်ဆိုတာ သိသွားပြီ ထင်ပါတယ်ရှင်။

------------------
မယ်ဇလီဖူး မစားသင့်သောလူများ

***ဝမ်းပျက်ဝမ်းလျော ဖြစ်နေတဲ့သူတွေ ၊
***အသည်းအရမ်း မကောင်းတဲ့ သူတွေအတွက် မယ်ဇလီကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။

ဒါ့အပြင် ကိုယ်ဝန်သည်တွေ ( အထူးသဖြင့် ၃ လအောက်) နဲ့ နို့တိုက်မိခင်တွေလည်း ရှောင်သင့်ပါတယ်။
ကိုယ်ဝန်လနုစဉ်မှာ စားရင် ကလေးကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေမှာ စားရင်တော့ ကလေးမှာ လေထိုးလေအောင့်တာတွေ ဝမ်းပျက်တာတွေ ဖြစ်နိုင်လို့ပါ။ အနည်းအကျဉ်းစားတာက ရပေမယ့် များများနဲ့ ခဏခဏစားရင် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရုံးမှုတွေ ဖြစ်စေနိုင်သောကြောင့်ဆင်ခြင်သင့်ပါတယ်ရှင်

ဆေးဖက်ဝင် မယ်ဇလီဖူး အမှုန့် လေးကို မှာယူချင်လျင်တော့

09765113938 or viber
09965113937 or viber

သိုဆက်သွယ်မှာယူနိုင်ပါသည်။

#ရွှေဟင်္သာညီနောင် ဆေးတိုက်

Address

စ-၅/၁၃ ၊၆၇လမ်း ၊၁၀၈ X ၁၀၉ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Mandalay
11111

Telephone

+959971812528

Website

Alerts

Be the first to know and let us send you an email when ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ:

Share