Global Supplements

Global Supplements Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Supplements, Medical and health, Mandalay.

ရာသီတုပ်ကွေး (Seasonal Influenza) နှင့် ပတ်သက်တဲ့ သိကောင်းစရာများနဲ့ ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများကို စနစ်တကျ စုစည်းဖေ...
17/06/2025

ရာသီတုပ်ကွေး (Seasonal Influenza) နှင့် ပတ်သက်တဲ့ သိကောင်းစရာများနဲ့ ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများကို စနစ်တကျ စုစည်းဖော်ပြပေးလိုက်ပါတယ်...

#ရာသီတုပ်ကွေး အကြောင်း အခြေခံအချက်များ

ဖြစ်စေသောအကြောင်းရင်း: Influenza A, B နှင့် C ဗိုင်းရပ်စ်များကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်။

အဖြစ်များသောကာလ မိုးရာသီနှင့် ဆောင်းဦးပိုင်းတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

ရောဂါလက္ခဏာများ
(၁) သာမန်လက္ခဏာများ
- အဖျားတက်ခြင်း (38°C အထက်)
- ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
- လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း
- နှာစေးခြင်း၊ နှာချေခြင်း
- ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း

(၂) ပြင်းထန်သောလက္ခဏာများ (အထူးသတိထားရန်)
- အဖျား 39°C ကျော်ခြင်း
- အသက်ရှူမြန်ခြင်း/ကျပ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း
- ရေဓာတ်ခန်းခြောက်သည့်လက္ခဏာများ (ဆီးနည်းခြင်း၊ မျက်ခွံခြောက်ခြင်း)

အန္တရာယ်ရှိသူများ : ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက် လူကြီးများ၊ နှလုံး/အဆုတ်ရောဂါ၊ HIV/AIDS ရှိသူများ။

#ကူးစက်နည်းလမ်းများ
1. လေထုမှတစ်ဆင့် : ချောင်းဆိုး/နှာချေသည့်အခါ ဗိုင်းရပ်စ်ပါသော အမှုန်များကို ရှူရှိုက်မိခြင်း။

2. အရာဝတ္ထုများမှတစ်ဆင့်: ဗိုင်းရပ်စ်ကပ်နေသော လက်ကိုင်/မျက်နှာပြင်များကို ထိတွေ့ပြီး ပါးစပ်၊ နှာခေါင်းသို့ လက်မှတစ်ဆင့်ကူးခြင်း။

3. ရောဂါပိုးရှိသူနှင့် နီးနီးကပ်ကပ် ထိတွေ့ခြင်း။

#ကာကွယ်ကုသရန် နည်းလမ်းများ
(က) ကာကွယ်ခြင်း
- အထိရောက်ဆုံးနည်း : နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးခြင်း (အထူးသဖြင့် အန္တရာယ်ရှိသူများ)။
- နေထိုင်မှုပုံစံ:
- လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာဆေးခြင်း။
- နှာချေ/ချောင်းဆိုးလျှင် တံတောင်ကွေးဖြင့် ဖုံးခြင်း။
- ဖျားနာသူနှင့် အနီးကပ်မထိခြင်း။
- မျက်နှာနှင့် ပါးစပ်ကို မကြာခဏ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း။

(ခ) ကုသမှု

- အိမ်တွင်းကုထုံးများ:

- အနားယူခြင်း၊ ရေများများသောက်ခြင်း။

- ပါရာစီတမော/အိုင်ဗျူပရိုဖန် ကဲ့သို့ဆေးများဖြင့် လက္ခဏာသက်သာစေခြင်း။



ဆေးရုံတက်ရန် လိုအပ်သည့်အခြေအနေ
- အဖျား ၃ ရက်ကျော်မကျခြင်း။
- အသက်ရှူခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း။
- သတိမေ့မြောခြင်း။

#အရေးပေါ်အခြေအနေများ
- ကလေးငယ်များတွင်: အဖျားကြီးပြီး အန်ခြင်း၊ အာရုံမရှိခြင်း။
- လူကြီးများတွင်: သွေးပေါင်ကျခြင်း၊ စကားမပြောနိုင်ခြင်း။
→ ဤအခြေအနေမျိုးတွင် ဆေးရုံသို့ အမြန်ဆုံးသွားရန်။

အခြားသိထားရမည့်အချက်များ
- ဗိုင်းရပ်စ်အမျိုးအစား : Influenza A (H1N1, H3N2) နှင့် B ကွဲပြားမှုအလိုက် လက္ခဏာကွာခြားနိုင်ပါသည်။


#ရာသီတုပ်ကွေး
#ကျန်းမာရေးဗဟုသုတများ

28/03/2023

Amyloidosis (အမ်မွိုင်လွိုင်ဒိုးစစ်) ​ရောဂါ
==============================

ဒီစာကို မ​ရေးခင် ပညာ​ရေးနယ်ပယ်မှာ လူသိများပြီး စိတ်ထားပြည့်ဝတဲ့ Crown Educationရဲ့ ပဲ့ကိုင်ရှင် လူ​တော်လူ​ကောင်းတစ်ဦး Amyloidosis​ရောဂါနဲ့ ဆုံးပါးသွား​​ကြောင်း ယ​နေ့မနက်သိရတဲ့ နာ​ရေးသတင်းအ​ပေါ် စိတ်မ​ကောင်းဖြစ်မိကြောင်း ဦးစွာ​ပြောပါရ​စေ

ဒီ​ရောဂါဟာ ဖြစ်ခဲပြီး ​ဆေး​လောကနယ်ပယ်က မဟုတ်ရင် လူသိနည်းတာမို့ ဗဟုသုတအ​နေနဲ့ သိရ​အောင် ​ဝေမျှပါတယ်

ိုတာဘာလဲ?

👉 Amyloid လို့​ခေါ်တဲ့ မလိုလားအပ်တဲ့ Protein (ပရိုတိန်း)တစ်မျိုးက လူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း​/ကလီစာတွေမှာ အနည်ထိုင်ပြီး စုပုံလာတာ ဖြစ်ပါတယ်

👉 အကျိုးဆက်က ဘာဖြစ်သလဲဆိုရင် ​ရေ​မြောင်းထဲ အမှိုက်ဆို့​နေသလိုမျိုး အနည်ထိုင် စုပုံခံရတဲ့ ကလီစာ​တွေဟာ ပုံမှန်လုပ်​ဆောင်​နေကျ တာ၀န်​တွေကို ​ကောင်း​ကောင်း မလုပ်​ဆောင်နိုင်​တော့ပါဘူး

👉 မလုပ်​ဆောင်တဲ့ ကလီစာဟာ နှလုံး၊ ​ကျောက်ကပ်၊ အသည်း တို့လိုမျိုး အသက်ရှင်သန်ဖို့ အ​ရေးကြီးတာမျိုး ဖြစ်မယ်ဆိုရင် ​သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်

👉 Protein(ပရိုတိန်း) ဆိုရင် လူ​အများစု သိထားတာက အသားဓါတ်၊ ခန္တာကိုယ် ကြီးထွားဖို့ လိုအပ်တာ၊ တကယ်တမ်းကျ Protein(ပရိုတိန်း)လို့သာ ခြုံငုံ​ခေါ်တာ၊ အမျိုးအစား အများကြီး ရှိပါတယ်၊ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတာ ရှိသလို ​​ဒုက္ခ​ပေးတာလဲ ရှိပါတယ်၊ Amyloid က​တော့ ဒုက္ခ​ပေးတဲ့ အမျိုးအစားပါ၊ Amyloid မှာမှ AA, AL, ATTR စသဖြင့် မျိုးခွဲများစွာ ထပ်ရှိပါတယ်

ိုတဲ့အမှုန်_ဘယ်ကရောက်လာတာလဲ?

🔸️​မွေးရာပါ ဗီဇ​ကြောင့် ( အသက်ငယ်ငယ်​တွေမှာ ဖြစ်​လေ့ရှိ၊ ​ယောကျာ်း​တွေမှာ ပိုဖြစ်)

🔸️Multiple myeloma လို့​ခေါ်တဲ့ ​သွေး​ရောဂါ ဖြစ်တဲ့သူ​တွေ

🔸️​တီဘီ​ရောဂါ၊ ​သွေး​လေးဖက်နာ၊ အရိုး​တွင်းပြည်တည်နာ စသဖြင့် ကိုယ်ခန္ဓာတွင်းမှာ ကာလကြာရှည် ​ရောင်းရမ်းတဲ့ ​ရောဂါ​ရှင်​တွေ

🔸️​ကျောက်ကပ်ပျက်စီးလို့ မှန်မှန် ​သွေးသန့်စင်ခြင်း(Dialysis)​ကို နှစ်ရှည်လများ လုပ်နေရတဲ့သူ​တွေ (ခု​နောက်ပိုင်း စက်​တွေက ​ခေတ်မီလာပြီး Amyloidosis သိပ်မဖြစ်​ကြတော့ဘူးတဲ့)

🔸️အိုမင်းလာလို့ ဖြစ်ပျက်သ​ဘောမှာ ပျက်လာရင်း ဖြစ်တာ (အိုမှဖြစ်တဲ့ amyloidosis က ​ရောဂါ လက္ခဏာ ပြ​လေးမရှိ၊ Alzheimer အယ်လ်ဇိုင်းမား​ရောဂါ​တော့ ဖြစ်နိုင်)

ြစ်ရင်_ဘယ်လိုလက္ခဏာ_ဖြစ်တတ်လဲ

အမှုန်​တွေ စုပုံတဲ့ ​နေရာ​ပေါ် မူတည်ပြီး ​ရောဂါလက္ခဏာ​တွေ မတူနိုင်ပါဘူး၊ လက္ခဏာတစ်ခုတစ်​လေပဲ ခံစားရနိုင်သလို အကုန်လုံးလဲ ခံစားရနိုင်ပါတယ်

သတိထားမိလွယ်တဲ့ လက္ခဏာ​တွေက
🔹️ပုံမှန်​နေထိုင်စား​သောက်ပါရက်နဲ့ အားမရှိသလို ​မောသလိုဖြစ်တာ
🔹️အလိုလို​နေရင် ပိန်ကျသွားတာ
🔹️အသက်ရှူမဝ ​မောကြပ်လာတာ
🔹️​ခြေလက်​တွေ ထုံကျင်၊ ​ဖော​ရောင်တာ
🔹️အ​ရေပြားမှာ ​သွေး​ခြေဥလွယ်တာ, ​သွေးထွက်ရင် ​တော်ရုံ မတိတ်တာ
🔹️လျှာ ထူပြီးကြီးလာတာ
🔹️မျက်လုံးတစ်ဝိုက် အနီကွက်​တွေ ဖြစ်တာ (commentမှာ ကြည့်ပါ)

အ​ရေးကြီးတဲ့ ကိုယ်တွင်းကလီစာ​တွေကို ထိခိုက်လာပြီဆိုရင်​တော့ ဒီလို​တွေ ခံစားရပါတယ်

🔷️နှလုံး
အသက်ရှုမဝခြင်း, ​မောခြင်း, ​​ရင်တုန်ခြင်း, ရင်ဘတ်​အောင့်ခြင်း

🔷️အသည်း
အသည်း​ရောင် အသားဝါခြင်း, ၀မ်းထဲ အဆီ​တွေပါခြင်း

🔷️​ကျောက်ကပ်
ဆီးသွားရင် အလွန်အကျွံအမြှုပ်ထခြင်း၊ အနည်ပါခြင်း၊ ​ဆီးလုံး၀ မသွားနိုင်​တော့ခြင်း

🔷️အစာအိမ်နှင့် အူလမ်း​ကြောင်း
ခံတွက်ပျက်ခြင်း၊ အစာမ​ကြေခြင်း၊ ဝမ်း​ ပုံမမှန်ခြင်း၊ အစာအိမ်တွင်း ​သွေးယိုခြင်း

🔷️Pancreas (ပန်ကရိယ)
ဆီးချို​ရောဂါဖြစ်ခြင်း

🔷️Spleen (သရက်ရွက်/​ဘေလုံး)
ဘယ်ဘက်နံရိုး​အောက်မှာ အစိုင်အခဲ ထွားလာပြီး ခုလုခုလု/ပြည့်အင့်သလို ခံစားရခြင်း၊ ​ရောဂါပိုး ဝင်လွယ် ချူချာခြင်း

🔷️Thyroid ဓါတ် ချို့တဲ့ခြင်း (အရပ်အ​ခေါ် လည်ပင်းကြီး​ရောဂါ)

ောဂါဖြစ်ရင်_ကုသလို့ရလား?

​ရောဂါ အရှင်း​ပျောက်​အောင် ကုလို့​တော့ မရပါဘူး
​ရောဂါ ပိုဆိုးလာ​တာ ​နှေးပြီး လူ့သက်တမ်း​ပိုရှည်​အောင် ဆွဲဆန့်လို့ရပါတယ်၊ ဘယ်နှနှစ် သက်တမ်းပိုရှည်မလဲဆိုတာကျ​တော့ ​ရောဂါ အ​ပျော့အပြင်း​​ပေါ်လဲ မူတည်ပါ​သေးတယ် (​စော​စောသိရင်​တော့ ​စော​စောကုနိုင်တာ​ပေါ့)

​​သောက်​ဆေး၊ ကင်ဆာ​ဆေးသွင်းခြင်း၊ နှလုံးအစားထိုး၊ ​ကျောက်ကပ်အစားထိုး စသဖြင့် နည်းလမ်းများစွာ ရှိပါတယ်

ူနာ_ဘာစားရမလဲ?

Amyloidosis ​ပျောက်တဲ့ အစားအ​သောက်ဆိုပြီး မရှိပါဘူး

သို့​ပေမယ့် ​နောက်ဆက်တွဲ​ရောဂါဒဏ်​တွေကို ခံနိုင်ရည်ရှိ​အောင်
▪️အာဟာရမျှတ​အောင် စား​သောက်ရပါမယ်၊ ​
▪️ဆေးလိပ် နှင့်အရက် ​ရှောင်ပါ
▪️နှလုံးထိတဲ့သူက အငံ​လျှော့စားပါ
▪️ဆီးချိုဖြစ်တဲ့သူက သကြား​လျှော့စားပါ
▪️အသည်းထိတဲ့သူက ဆီ​လျှော့စားပါ
▪️အစာအိမ်ထိတဲ့သူက ကော်ဖီ​ခပ်ပြင်းပြင်း မ​သောက်ပါနဲ့၊ အပူအစပ် ​လျှော့စားပါ

ကိုယ်စိတ်နှစ်ဖြား ကျန်းမာချမ်းသာကြပါ​စေ

Dr. NI (​​ဒေါက်တာနီနီ)

06/02/2022

Credit ama Prof Than Than Aye
Date 6-2-22

Omicron အိုမီခရွန် ... အခု Covid ပိုးအသစ် Omicron ဆိုတာ ရောက်လာပြန်ပြီ။
****
COVD-19 မှာ အောက်စီဂျင်ကျခြင်းမရှိ ၊ သေဆုံးခြင်း မရှိ
" Zero "ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ။
****
Delta ဒယ်လ်တာ ကတော့ တတိယလှိုင်းတုန်းက လူတော်တော်များများ သိပြီးတဲ့ကိုဗစ်ပိုး( ဆားစ်ကိုဗီတူး )ဖြစ်ပါတယ်။ သူရဲ့ ပြင်းထန်တဲ့အစွမ်းကြောင့် လူတွေအား လုံးတော်တော်ထိပ်လန့် ခဲ့ရပါတယ်။ အဆိုးဆုံးသော ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီး တွေ၊ ခွဲခွါရလို့သောကတွေ ၊ ထိပ်လန့်စိုးရိမ်စရာကြီး တွေ အများကြီးကြုံလိုက်ရပြီး ဖြစ်ပါတယ်။
တတိယကိုဗစ်လှိုင်းကြီးကျသွားလို့ စိတ်သက်သာယုံရှိသေးတယ်။
အိုမီခရွန်ဆိုတဲ့ပိုးသစ်က ရောက်လာပြန်တယ်။ ဒီ Omicron မျိုးကွဲကို တောင်အာဖရိကနိုင်ငံ မှ ၂၀၂၁ နိုဝင်ဘာလမှာ စတင်တွေ့ရှိပါတယ်။ Spike protein မှာmutation (ဗီဇပြောင်းလဲမှု) ဖြစ်ပေါ်လာခြင်းဖြင့် ပိုးအသစ်တစ်မျိုး ဖန်တီးလိုက်ပြန်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားလို့ ဒါမှမဟုတ် ကိုဗစ်ရောဂါဖြစ်ထားပြီးလို့ ခုခံအားအင်တီဘေါ်ဒီ antibody တွေ ၊ memory T cell တွေအသင့်ရှိထားပြီတာတောင် စိတ်ချလို့မရပြန်ပါဘူး။

အိုမီခရွန်က mutation ဗီဇပြောင်းလဲမှုကြောင့် ပိုးအသစ် ( လူစိမ်း) လိုဖြစ်သွားတယ် ။ ခုခံအား Antibody အပြည့်ရှိပြီးသူတွေမှာတောင် ဖြစ်နေတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီခရွန်ဟာ immune system ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မျက်လှည့်ပြနိုင်ပါတယ်။ သူက antibody အတားအစီးကို ရှောင်ကွင်းနိုင်စွမ်းရှိနိုင်တာ တွေ့ရပါတယ်။
ခုခံအားစနစ်ရဲ့ မှတ်ဥဏ် Immune memory cell မှာ မှတ်သားထားတဲ့တိုက်ခိုက်ရမည့် ရန်သူ၊ ယခင် ကိုဗစ်ပိုးတွေနဲ့ မတူတော့လို့ ခုခံအားစနစ်က တိုက်ခိုက်ရမှန်းမသိတော့ဘဲ ဒီအတားအဆီးကို ပေးကျော်လိုက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုကျော်နိုင်တယ်။
အိုမီခရွန်ဟာ ရောဂါကူးစက်မှု အားများပါတယ်။ ဒါကြောင့် လူတိုင်း ကိုဗစ်ဖြစ်နိုင်တယ်၊ ဖြစ်ပြီးသူလည်း ပြန်ဖြစ်နိုင်တယ်၊ ကာကွယ်ဆေး ၄ လုံး ထိထိုးပြီးပေမဲ့လည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်လည်းဖြစ်ပြီးပြီ ကာကွယ်ဆေးလည်း ထိုးပြီးပြီ ဆိုတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။

ဒီပိုးသစ်ဟာ ကူးစက်နှုန်းအလွန်မြန်တယ်။ ဒါပေမဲ့ကောင်းတဲ့ အကွက်ကတော့ ပိုးကသိပ်မပြင်းထန်ဘူး။ ယခင်ဒယ်လ်တာ Delta ပိုးထက် အများကြီးပျော့တယ်လို့ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ အရ သိရပါတယ်။ ပိုး covid positive ဖြစ်ပေမဲ့ ခုခံအားစနစ်က အစွမ်း အသင့်အတင့်ရှိလို့ Severe covid ဆိုးရွားတဲ့ကိုဗစ်မဖြစ်အောင် ကာကွယ်ထားနိုင်တာကြောင့်လည်း ပါပါ
တယ်။ ဒါကြောင့် ကာကွယ်ဆေးကို ၄-၆ လအကြာမှာ booster တစ်လုံးထပ်ထိုးပြီး အားဖြည်ဖို့် တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ အိုမီခရွန်ပိုးအတွက်တော့ မသေခြာသေးပြန်ဘူး။

*******

ဒါပေမဲ့ သိပ်မဆိုးသေးတာက အောက်စီဂျင်ကျတဲ့ ဆိုးကျိုး ဖြစ်တာ တေါ်တေါ်နည်းပါတယ်။
ပျော့တယ်လို့ ပြောကြတယ် ။ ဒါကြောင့်ဆေးရုံတက်ရတဲ့ အရမ်းဆိုးတဲ့ severe covid ဖြစ်နှုန်း အားဖြင့် အများကြီးနည်းသွားပါတယ် ။
သို့သော်လည်း အောက်စီဂျင်ကျပြီဆိုရင်ကော.....
မှတ်သားရမှာကတော့ အောက်စီဂျင်ကျပြီဆိုရင်တော့ ယခင်ကိုဗစ်လိုမျိုး ဆိုးတာချင်း အတူတူဘဲ ဖြစ်ပါမယ်။
ဒက်ဆာ ၊ စတီးရွိုက်တွေပေးလို့ ပြန်ကောင်းတာ၊ မကောင်းတာ အရင်ပိုးတွေနဲ့ မကွာပါဘူး။ ဆိုးတာ မဆိုးတာ ကျတော့ မိမိရဲ့ immune ကိုယ်ခံအား တုန့်ပြန်မှု မူမမှန်ခြင်းနဲ့ အဓိက ဆိုင်နေပါတယ်။

တစ်ခုရှိတာက ကာကွယ်ဆေး ထိုးထားသူတွေမို့ အဆိုးဆုံး critical covid ဖြစ်သွားတဲ့သူနည်းပါမယ်။ ဒါကြောင့် ICU ရောက်နှုန်း၊ အသက်ရှူစက် Ventilator တင်ရနှုန်း ၊ နောက်ဆုံး သေဆုံးနှုန်းလည်းအရင်ကထက်နည်းနိုင်တယ်။

ဒါပေမဲ့ Zero တော့မဖြစ်နိုင်ဘူး။

၉၉% ကောင်းကြတယ် ဆိုပေမဲ့ မကောင်းတဲ့ ၁% တော့ ကိုယ်မဖြစ်ချင်ပါဘူး။

ဒါကြောင့် Zero desaturation , Zero death rate ဖြစ်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ အကြံပြုပါရစေ။

(ဆက်ရန်)

Omicron စတွေ့နေပြီ Mask တပ်လက်ဆေးခပ်ခွာခွာနေပါကာကွယ်ဆေးထိုးပါ။
28/12/2021

Omicron စတွေ့နေပြီ

Mask တပ်

လက်ဆေး

ခပ်ခွာခွာနေပါ

ကာကွယ်ဆေးထိုးပါ။


ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူများ Booster Shotထပ်ထိုးပါက အိုမီခရွန် ကို (၉၀%)ကာကွယ်နိုင်ဟု အစ္စရေး‌ဆေးသိပ္ပံပညာရ...
03/12/2021

ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူများ Booster Shotထပ်ထိုးပါက အိုမီခရွန် ကို (၉၀%)ကာကွယ်နိုင်ဟု အစ္စရေး‌ဆေးသိပ္ပံပညာရှင်များဆို

Crd #

https://www.standard.co.uk/news/world/omicron-covid-variant-booster-vaccines-israel-nitzan-horowitz-b969347.html

Unconfirmed data suggests Omicron less infectious than first feared

Papr ထပ်ရောက်ပါတယ် ဆရာတို့!Instock (3) လုံးပဲကျန်ပါမယ်။
05/12/2020

Papr ထပ်ရောက်ပါတယ် ဆရာတို့!

Instock (3) လုံးပဲကျန်ပါမယ်။

မနေ့က လက်ကျန် baoerfu papr ဒီနေ့အကုန်ပို့ပါမယ် ဆရာတို့။Htet clinic မှာ 🔺Lakeland NS PPE (US brand,medical grade)🔺Disposa...
09/11/2020

မနေ့က လက်ကျန် baoerfu papr ဒီနေ့အကုန်ပို့ပါ

မယ် ဆရာတို့။

Htet clinic မှာ

🔺Lakeland NS PPE (US brand,medical grade)

🔺Disposable cap (thai made)

များလည်း စျေးနုန်းချိုသာစွာ တင်သွင်းထားပါသည်။

(powered air purifying respirator)


clinic

1st Nov 2020 preorder ပါ။Htet clinic က ယုံကြည့်မှုကိုအစဉ်အမြဲလေးစားတန်ဖိုးထားလျက်ပါ။Covid19 အတွက် quality စိတ်ချရသော ပစ္...
01/11/2020

1st Nov 2020 preorder ပါ။

Htet clinic က ယုံကြည့်မှုကိုအစဉ်အမြဲလေးစား

တန်ဖိုးထားလျက်ပါ။

Covid19 အတွက် quality စိတ်ချရသော ပစ္စည်း

များသာ တင်သွင်းဖြန့်ဖြူးနေပါတယ်။



clinic

Papr order များကို ရောက်သလောက်လိုက်ပို့နေပါပြီ။   clinic   fight Covid19
31/10/2020

Papr order များကို ရောက်သလောက်လိုက်ပို့နေပါပြီ။


clinic

fight Covid19

Address

Mandalay
05502

Website

Alerts

Be the first to know and let us send you an email when Global Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram