08/01/2022
ကိုယ်ဝန် ခဏခဏပျက်ကျခြင်း (recurrent miscarriage)
၃ကြိမ်ဆက်တိုက် ကိုယ်ဝန်ပျက်တာကို ကိုယ်ဝန် ခဏခဏပျက်ကျခြင်း recurrent miscarriage လို့ခေါ်ပါတယ်။ ASRM American society of Reproductive Medicine ကနှစ်ခါဆက်တိုက်ပျက်ကျရင်ကို recurrent miscarriage လို့ ပြောင်းပြီးပြောပါတယ်။
များသောအားဖြင့် အသက် ၃၅နှစ်အထက်အမျိုးသမီးများမှာအဖြစ်များပါတယ်။
ဖြစ်စေတဲ့အကြောင်းအရာတွေက
၁။ APAS antiphospholipid antibodies syndrome (15%)
သွေးခဲစေတဲ့ရောဂါတမျိုးဖြစ်ပြီး အချင်းမှာ ရှိတဲ့သွေးကြောလေးတွေမှာသွေးခဲပိတ်ပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။ lupus anticoagulant, anticardiolipin antibodies and anti-B2 glycoprotein-I antibodies
တွေ 12ပတ်ခြားစစ်ကြည့်ရပါတယ်။ စစ်လို့ရပါတယ်။
Treatment အနေနဲ့ သွေးကျဲဆေး aspirin နဲ့ heparin ပေးရပါတယ်။
၂။ Genetic factors 2-5% မျိုးရိုးဗီဇပြသနာများ
Recurrent miscarriage ရတဲ့ သူတွေရဲ့ 2-5% မှာ balanced reciprocal or Robertsonian translocations ရှိတတ်ပါတယ်။ ကလေးအချင်း (placenta RPOC ) ကိုအရင်စစ်ရပါတယ် abnormal တွေ့ရင် မိဘနှစ်ယောက်စလုံး ကိုစစ်ရပါတယ်။ placenta ကabnormal အတွေ့များသော်လည်း couple abnormal ကတွေ့ရနဲပါတယ်။တွေ့ရင် IVF PGD လုပ်ပြီးမှ ပြန်ထည့်ရပါတယ်။
၃။ မွေးရာပါသားအိမ်ချို့ယွင်းချက် (Uterine abnormalities and cervical weakness)
UpTo 37.6%
ဒါကတော့ အတော်အတွေ့များပါတယ်။ (congenital Uterine anomalies )မွေးရာပါသားအိမ်ချို့ယွင်းချက်ရှိတဲ့သူများ ဥပမာ သားအိမ် အကန့်ပါတာ သားအိမ်နှစ်ခုဖြစ်တာ စသည်။ သူတို့တွေကအသက်ငယ်ငယ်မှာကိုယ်ဝန်ဆောင်ရင်ပြသနာသိပ်မပေးပါဘူး။ အသက်၃၅နှစ်ကျော်တွေမှာတော့ မျိုးဥအားနည်းလာတာနဲ့အမျှ သန္ဓေသားလည်းအားနည်းလာလို့ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ 3D TVS ရိုက်ရင်septumလားbicornuateလား uterus didelphys လားခွဲခြားသိရပါတယ်။
သားအိမ်မှန်ပြောင်းကြည့်ပြီး သားအိမ်အကန့်ကိုဖြတ်လို့ရပါတယ်( hysteroscopic resection )
သားအိမ်ခေါင်းမလုံခြင်း(Cervical weakness or cervical incompetence ) ကတော့ ကိုယ်ဝန်ရတဲ့အချိန်မှာ cervical length 2.5cm အောက်ဆိုရင် cervical cerclage လုပ်နိုင်ပါတယ်။ တချို့ ကိုယ်ဝန်မရှိချိန်မှာတောင် cervical length 1.5cm လောက်ပဲရှိတဲ့သူတွေတွေ့ဘူးပါတယ်။ အဲလိုသူတွေမှာ ကိုယ်ဝန်မရခင်ကတည်းက Laparoscopic cervical cerclage အရင်လုပ်ထားမှအဆင်ပြေပါတယ် ကိုယ်ဝန်ရမှ vaginal cervical cerclage လုပ်ရင်မရပါ။
၄။ Endocrine factors အနေနဲ့ အတွေ့ရများဆုံးက ဟော်မုန်းမမျှတဲ့ရောဂါ PCOS ဖြစ်ပါတယ်။ diabetes, thyroid disorder, hyperprolactinaemia စစ်ဖို့လိုပါတယ်။
၅။ Immune factors. ဒါတော့ကလေးကအဖေသွေးတဝက်ပါတော့ မိခင်ကိုယ်ခန္ဓာကတိုက်ထုတ်တာပါ။ ခုချိန်ထိ စစ်ဆေးရမည့် test နဲ့ ကုထုံးတိတိကျကျမရှိပါ။
(no consensus on appropriate diagnostic workup or therapy. Therapies such as paternal leukocyte immunization, intravenous immune globulin, third-party donor cell immunization, and trophoblast membrane infusions.)
၆။ ပိုးဝင်ခြင်း (Infection ) TORCH infection က recurrent miscarriage ရခဲပါတယ်။ အတွေ့ရများတာက chronic endometritis ပါ hysteroscopically တွေ့နိင်သလို endometrial biopsy ယူရင် plasma cells and lymphocytes infiltration တွေ့နိုင်ပါတယ်။ ကုရတာကြာပါတယ်။ Bacterial Vaginosis က early PPROM နဲ့ 2nd trimester miscarriage ရစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အဖြူဆင်းရင် physiological discharge ဖြစ်နိုင်သော်လည်း treatment ပေးဖို့လိုပါတယ်။
၇။ သွေးခဲခြင်း Thrombophilia history ရှိရင် စစ်ကြည့်ဖို့လိုပါတယ်။
ဘာပဲပြောပြောကိုယ့်ပိုက်ဆံကိုယ်ထုတ်ကုရတဲ့အခြေအနေမှာ ၃ခါပျက်အောင်မစောင့်ပဲ၂ခါပျက်ရုံနဲ့ အကြောင်းအရင်းစရှာသင့်ပါပြီ။
( risk of subsequent miscarriages is similar among women that have had 2 versus 3 miscarriages, and the probability of finding a treatable etiology is similar among the 2 groups, most experts agree that there is a role for evaluation after 2 losses.)
ကိုယ်ဝန်ပျက်ကျခြင်းရဲ့အကြောင်းရင်းကို ရှာလိုပါက Motherland Fertility Center မှ ဒေါက်တာဝေဖြိုးမောင်နှင့်တိုင်ပင်နိုင်ပါသည်။
All photos copyright@ Wai Phyo Maung