Tin Nwe Oo ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • Tin Nwe Oo ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောင်းဝယ်ရေး

Tin Nwe  Oo ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောင်းဝယ်ရေး Covid ကာကွယ်ရေးပစ္စည်းများ လက်လီလက်ကားရောင်းဝယ်ရေး

E glove S M L  size ရောက်ပါတယ်
19/03/2022

E glove

S M L size ရောက်ပါတယ်

E glove size စုံ ပြန်ရောက်ပါပီ
11/03/2022

E glove size စုံ ပြန်ရောက်ပါပီ

  glove
11/03/2022

glove

Apron အထူ Mdy instock092011040
07/03/2022

Apron အထူ
Mdy instock
092011040

Eglove   Surgical glove များ ထပ်မံရောက်ရိှ
05/03/2022

Eglove Surgical glove များ ထပ်မံရောက်ရိှ

ABC wet tissue လက်လီလက်ကားရပါတယ် တဖာက စယူ ၁၁၅၀ ဖာအများဈေဒသပ်သပ်ရှိပါတယ် မန်းလေးမြို့တွင်းအိမ်ရောက်ငွေချေပါ 092011040
03/03/2022

ABC wet tissue
လက်လီလက်ကားရပါတယ်

တဖာက စယူ ၁၁၅၀

ဖာအများဈေဒသပ်သပ်ရှိပါတယ်

မန်းလေးမြို့တွင်းအိမ်ရောက်ငွေချေပါ

092011040

မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါ အစား မင်မင်တို့ ခုလို Soft Tower Tissue လေးတွေနဲ့ သုတ်ရင် အသားအရည်လေးက ပို ပိုးမွှားကင...
01/03/2022

မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါ အစား မင်မင်တို့ ခုလို Soft Tower Tissue လေးတွေနဲ့ သုတ်ရင် အသားအရည်လေးက ပို ပိုးမွှားကင်းစေတယ်နော်

_Toner ထည့်ပီး မျက်နှာပေါ်မှာ Mask လေးလိုလည်း ကပ်ထားလို့ရတယ်

_ပြီးတော့ cleansing tissue အနေနဲ့ လည်း သုံးလို့ရတယ်

_အသုံးခံတယ် အိတ်လေးထဲ ပြန်ထည့် လေလုံအောင် စည်းထားရုံပဲနော်

_Pad အသားလေးကလည်း သိပ်ကို Soft ဖြစ်တယ်
လက်လီလက်ကား မှာယူနိုင်ပါသည်

tissue

Panagesic inj ရောက်ထားပါတယ်
26/02/2022

Panagesic inj ရောက်ထားပါတယ်

“ဥမ္မာခင်ကြောင့် ချောင်းတအားဆိုးနေရင်”သူငယ်ချင်းတို့ရေ...ဥမ္မာခင်ကြောင့် ချောင်းတွေတအားဆိုးနေပါသလား။ ချောင်းဆိုးပျောက်စေ...
18/02/2022

“ဥမ္မာခင်ကြောင့် ချောင်းတအားဆိုးနေရင်”

သူငယ်ချင်းတို့ရေ...

ဥမ္မာခင်ကြောင့် ချောင်းတွေတအားဆိုးနေပါသလား။ ချောင်းဆိုးပျောက်စေမယ့်နည်းလမ်း​လေးတွေကို မင်မင်တို့က ဖော်ပြပေးတော့မှာမလို့ ကြည့်လိုက်ရအောင်။

၁။ ရေနွေးငွေ့ရှူကြည့်ပါ။

ချောင်းဆိုးတယ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ဖုန်တွေ အမှုန်တွေ သလိပ်တွေ ရောဂါပိုးမွှားတွေ အစရှိသဖြင့် ပြင်ပအရာဝတ္ထုတွေရှိနေတဲ့အတွက် ခန္ဓာကိုယ်က တုံ့ပြန်ပြီး အပြင်ကို ဟပ်ထုတ်စေတာပါ။ ဒီတော့ ရေနွေးငွေ့လေးရှူပေးခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အညစ်အကြေးတွေကို ပျော်ဝင်စေတဲ့အတွက် ချောင်းဆိုးသက်သာစေပါတယ်တဲ့။

၂။ ရေနွေးပူပူလေး တစ်ခွက်သောက်ကြည့်ပါ။

အထက်မှာ ဖော်ပြထားသလိုပါပဲ။ ရေနွေးလေးသောက်လိုက်တဲ့ အခါမှာ လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေ ပျော်သွားစေတဲ့အတွက် ချောင်းဆိုးပျောက်စေနိုင်ပါတယ်တဲ့။

၃။ ဂျင်းပြုတ်ရည်လေးသောက်ကြည့်ပါ။

ဂျင်းမှာ anti inflammatory လို့ခေါ်တဲ့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်ဗျ။ ဒါကြောင့်မလို့ လေပြွန်ရောင်တာကို သက်သာစေလို့ ချောင်းဆိုး ပျောက်အောင်ကူညီပေးမှာပါတဲ့။

၄။ ပျားရည်လေးသောက်ကြည့်ပါ။

ချောင်းဆိုးတာ အချိုတွေစားခိုင်းတယ်ဖြစ်မယ်နော်။ မဟုတ်ပါဘူးဗျ။ ထူးထူးခြားခြား ပျားရည်မှာပါတဲ့ antioxidant အာနိသင်နဲ့၊ တချို့သော ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့် ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်တဲ့။ ညဘက် အိပ်ခါနီး ပျားရည်လေး တစ်ဇွန်းလောက်နဲ့ ရေနွေးလေးရောပြီးသောက်ကြည့်တာမျိုး၊ ဖျော်ရည်လေးထဲ ပျားရည်လေးတစ်ဇွန်းလောက်ထည့်သောက်တာမျိုးလေး စမ်းကြည့်လို့ရပါတယ်တဲ့။

၅။ ရေများများသောက်ပါ။

ရေသောက်နည်းတဲ့အခါမှာ ရေဓါတ်ခမ်းခြောက်ပြီး လည်ပင်းတစ်လျောက် ခြောက်ကပ်နေတဲ့အတွက် ချောင်းပိုဆိုးတတ်ပါတယ်တဲ့။ ဒီတော့ တစ်ရက်ကို ရေ ၃ လီတာလောက်သောက်ပေးခြင်းဖြင့် ရေဓါတ်မခမ်းအောင် ထိမ်းထားနိုင်မှာဖြစ်ပါတယ်။

၆။ ဆားရည်နှင့် အာလုတ်ကျင်းပါ။

ဆားရည်နှင့် အာလုတ်ကျင်းပေးခြင်းအားဖြင့် ပါးစပ်နှင့် လည်ချောင်း ကြား ချောင်ဂျိုချောင်ကြားရှိ သလိပ်တွေ၊ ရောဂါပိုးမွှားတွေကိုပါ ဖယ်ရှားပေးလို့ ဆားရည်လေးနဲ့ တစ်ရက် ၃ ကြိမ်လောက်အာလုတ်ကျင်းဖို့ အကြံပေးလိုက်ပါတယ်နော်။

၇။ ငုံဆေးလေးတွေ ငုံကြည့်ပါ။

ငုံဆေးလေးတွေ တော်တော်များများက ပူပူရှိန်းရှိန်းလေးနဲ့ ငုံလိုက်တဲ့အချိန်မှာ လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေလို့ ချောင်းဆိုးသက်သာစေပါတယ်တဲ့။

၈။ သလိပ်တွေကို ထွေးထုတ်ပါ။

ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ သလိပ်တွေ ရှိမယ်ဆိုးရင် ထွေးထုတ်လိုက်ပါတဲ့။ အကယ်၍ မထွေးထုတ်ပဲ မျိုချလိုက်မယ်ဆိုရင် လည်ချောင်းယားတာ မသက်သာပဲ ချောင်းပိုဆိုးစေပါတယ်တဲ့။

၉။ အငွေ့တွေရှောင်ပါ။ ဆေးလိပ်သောက်တာရှောင်ပါ။

ချောင်းဆိုးနေတဲ့အချိန်မှာ ဆေးလိပ်ငွေ့တွေ၊ တခြားသော အငွေ့တွေဖြစ်တဲ့ ခြင်ဆေးငွေ့တွေ၊ မီးဖိုငွေ့တွေ ရှူမိမယ်ဆိုရင် လည်ချောင်းတစ်လျောက်ပိုပြီး အနှောင့်အယှက်ဖြစ်စေတာမလို့ အငွေ့တွေ မရှူမိအောင် လည်း သတိထားပေးကြပါအူးနော်။

၁၀။ သောက်ဆေးတွေ

ချောင်းဆိုးပျောက်ဆေးလို့ပြောရင် ၂ မျိုး ရှိပါတယ်။
-anti tussive လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေး
-mucolytic or expectorant လို့ခေါ်တဲ့ ချွဲပျော်ဆေးပါ

ချောင်းခြောက်ဆိုးတဲ့လူမှာ anti tussive လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်ရပြီး ချွဲသလိပ်ထွက်တဲ့ သူတွေကတော့ mucolytic လို့ခေါ်တဲ့ ချွဲပျော်ဆေးကို သောက်ရပါတယ်။ ကိုယ် သောက်တဲ့ဆေးနဲ့ ကိုယ်ဆိုးတဲ့ချောင်း အံမဝင်ရင်လည်း ချောင်းဆိုး မသက်သာစေပါဘူးတဲ့။

၁၁။ ဆရာဝန်နှင့် ပြသင့်တဲ့ ချောင်းတွေ

- ကာလကြာရှည်ဆိုးနေရင် (၈ပတ်နှင့်အထက်)
- ချောင်းဆိုး သွေးပါရင်
- ချောင်းဆိုးတဲ့ အခါ အရမ်းမောနေရင်
- ချောင်းဆိုးတဲ့အခါ ရင်ဘတ်တွေအောင့်နေရင်
- ချောင်းဆိုးတဲ့အခါ အန်ပါအန်ရင်
- ချောင်းဆိုးပြီးတစ်ကိုယ်လုံး ပြာနှမ်းသွားရင်

ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော် အခုပြောပြသွားတာကတော့ ဥမ္မာခင်ကာလမှာ ချောင်းဆိုးသက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ နဲ့ သက်သာအောင်လုပ်လို့ရသလဲဆိုတာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံး ဒီ ကပ်ဆိုးကြီးရန်ကို အမြန်တိုက်ထုတ်နိုင်ပါစေဗျာ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

#မောင်ခမ်း_ဆေး၁


100 ml   သော့ ချိတ်  Hand Spray
17/02/2022

100 ml သော့ ချိတ် Hand Spray

Eglove နဲ့ Surgical glove အော်ဒါလေးတွေပို့လိုကိပါပီ 🙏
14/02/2022

Eglove နဲ့ Surgical glove အော်ဒါလေးတွေပို့လိုကိပါပီ 🙏

12/02/2022

ပထမဆုံးအကြိမ်အနေနဲ့ Omicron ကိုတည့်တည့်တိုးမိသွားလို့ ကိုယ်တွေ့ symptoms တွေကို sharing လုပ်ပေးမယ်နော် 🥲
တော်တော်လေးကိုခံရခက်လို့ လူအများစုမဖြစ်ခင်ကြိုတင်ဂရုစိုက်လို့ရအောင်ပါ

Day 1 (အစပျိုးတဲ့နေ့)
ညနေဘက်ရေချိူးခေါင်းလျော်ပီးချိန်မှာ ချက်ချင်းကြီးတွေ နှာစေးနှာပိတ်ပီး ချောင်းချည်းလိမ့်ဆိုးတာပါ ( ယားပီးဆိုးတဲ့ချောင်းအခြောက်ပါ အသေခံရခက်) ပီးတာနဲ့ ခြေသလုံးကစပြီး ဒူးဆစ်တွေ Joint တွေအကုန်ကိုက် .. အရိုးထဲကကိုက်တဲ့ပုံစံကြီး .. ချမ်းတာလဲရှယ်ချမ်းတယ် 🥶
အဖျားတွေတက်လာတာ 101 အထိ .. နဂို ကိုယ်တွင်းအပူများတဲ့သူမို့ အပူရှပ်တယ်ထင်ပီး
Para နဲ့ Bronchest သောက်ပီးအိပ်လိုက်တယ်
အိပ်နေရင်းနဲ့မှ ခနခန နိုးရတဲ့အထိ ကိုယ်လက်ကိုက်တာဆိုတာရှယ်

Day 2 (အခံရဆုံးနေ့)
မနက်နိုးလာတော့သိလိုက်ရတာ မျက်လုံးတွေပူစပ်နေပြီး လည်ချောင်းထဲကျပ်နေတော့ သိလိုက်တယ်ငါစားမှရတော့မယ်လို့.. 🥲
ဆေးသောက်ဖို့အတွက် ခေါက်ဆွဲပြုတ်ကိုရှယ်ပြုတ်စားလိုက်ပေမယ့် လျှာကသက်သက် အရသာကသက်သက်..🤢
အာ့မနက်မှာပဲ ချောင်းကအသေဆိုးတာ လုံးဝအခြောက်တိုက်ကိုချောင်းဆိုးတာ ချွဲနဲနဲပဲထွက်တာကြောင့်
လည်ချောင်းပါစနာလာတယ်
အာခေါင်ကြီးတခုလုံး ယောင်ကိုင်းနေသလို ခံစားရတာ
တနေလုံး နုံးတာကလဲ ဟိုဘက်ဒီဘက်လှည့်တာတောင် အားယူရတဲ့အခြေအနေ..
တရက်ထဲနဲ့စစ်လိုက်ရင် result မမှန်မှာဆိုးလို့ နောက်နေ့မှ စစ်မယ်ဆိုပီးစောင့်လိုက်တယ် စစ််လိုက်တော့လဲ လိုင်းကြီးကထင်းနေတာပဲ 🥲🅿️
တနေ့လုံး အဖျားနဲနဲပဲရှိပေမယ့် နှာခေါင်းပိတ်-ချောင်းဆိုး-နုံးချိနေတာကြောင့် တနေ့လုံးအိပ်နေရတယ် တကယ်လဲ အသေအိပ်ချင်တာ..
ညရောက်တော့ Covid ထုံးစံအတိုင်းအဖျားကဆောင့်တက်တာ 102 ကျော်အထိ .. ချောင်းဆိုးတာလဲပိုဆိုးလာတယ် 🤒
ဘာနဲ့မတူနဲ့ လည်ချောင်းယားတာကြီးက သူ့ပုံစံထင်ပါတယ် Dehydrated အရမ်းဖြစ်တာကြောင့် အာခေါင်မှာ ပူပြီး လည်ချောင်းနာတာက ညပါအိပ်မရဘူး(တံတွေးမြိုချမိတိုင်း နိုးနိုးလာတဲ့အထိနော် 😫)

Day 3 (လည်ချောင်းကွဲ)
အခြား symptoms တွေ အကုန်မရှိတော့တဲ့အချိန်မှာ ကျန်တာက ချောင်းနဲ့ နှာပိတ်တာပါ
နဂိုထဲက အဆုတ်အားမကောင်းတဲ့သူမို့ အရင်ကချောင်းခနခနဆိုးပေမယ့် ဒီတခါဆိုးတာကြီးက အသေခံရပါတယ်.. မနက်ထဲက ချောင်းအခြောက်တွေလိမ့်ဆိုးပီးသကာလ လည်ချောင်းကွဲသွားတယ်ထင်တယ် Vitamin C ရေဆူဆေးပြားသောက်တာ လည်ချောင်းတွေရှယ်စပ်သွားတယ် 🥲
ချောင်းက အချိန်ပြည့်နီးပါးကိုဆိုးတယ် အာ့ကြောင့်လဲ ကျောပါအောင့်ပြီး မောပါတယ် အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးရင် သက်သာပါတယ်
Omicron ကလည်ချောင်းကို target ထားတဲ့ပုံပဲ
ဘာနဲ့မှမတူ တော်တော်ဆိုးအောင် ခံရခက်လွန်းပါတယ် (လည်ချောင်းကင်ဆာဖြစ်မှာတောင်ကြောက်)..
အော် ပီးတော့ ဝမ်းပျက်ချင်သလိုလိုဖြစ်တယ် အခြားသူတော့မသိပေမယ့် ပထမရက်မှာဝမ်းချုပ်နပီး ဒီနေ့ကတော့ ဝမ်းလျောသလိုဖြစ်တယ် အမျိုးမျိုးနော် 🥴🥴
——————————-
ခုသုံးရက်နဲ့တင် တနေ့တမျိုး မရိုးရအောင် symptoms မျိုးစုံပြနေတာ လူကဆေးရှိန်လား၊ ပိုးလားမသိဘူး လှုပ်တာနဲ့တင် အားပျက်ချင်တယ်
ဒါကြီးကို ဘယ်နေ့လောက်ထိဆက်ခံရမလဲမသိဘူး
သတိထားမိတာကတော့ Dehydration ကို သိသိသာသာ ခံစားမိတာကြောင့် ရေများများသောက်ပါ ချောင်းဆိုးလဲသက်သာပါတယ်
တယောက်နဲ့တယောက် Immune မတူလို့ သက်သာတာမြန်နိုင်သလို resistance ကောင်းရင် mild symptoms တွေပဲပြပါတယ်

Edit: 🚨 ချောင်းခြောက်အတွက်သောက်လို့ရတဲ့ဆေးတွေအကြောင်းကို နောက်ပို့စ်မှာတင်ထားပေးပါတယ် စာအရမ်းရှည်မှာစိုးလို့

Sharing is Caring မို့အာ့လို sign တွေရှိနေပီဆိုရင် သတိထားရအောင်ပါ .. ပျော့ပေမယ့်ကူးလွယ်တယ်.. အားမရှိပဲနုံးတာမို့ အမောမခံနိုင်တဲ့လူကြီးတွေအတွက်စိုးရိမ်ရပါတယ်
ခုတောင်ကုတင်ပေါ်မာတစောင်းအိပ်ပီးရေးနေတာ
လက်ကိုက်လာလို့ တော်လိုက်ပီနော် 🥲🥲

Take care, you all!!

Crd # #

Address

Mandalay

Telephone

+9592011040

Website

Alerts

Be the first to know and let us send you an email when Tin Nwe Oo ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share