Tain Sin Kyal - Pharmacy

Tain Sin Kyal - Pharmacy 💊💊💊💊💊💊💊

26/09/2025

#

အိပ်မ​ပျော်ဘူးလား -မဂ္ဂနီဆီယမ် လိုအပ်နေတယ်
ဟင်းနုနွယ် ထောပတ်သီး အရွက်စိမ်းများ
စားပေးမယ်

အိပ်ယာထပင်ပန်းနေလား-ပိုတက်စီယမ်လိုအပ်နေတယ်
ဌက်ပျောသီးစားမယ်. အုန်းရည်သောက်မယ်

အားနည်းတယ်ခံစားနေရလား-သံဓါတ်လိုအပ်နေတယ်
စပျစ်သီး ပဲနီလေး အနီရောင်အသားစားမယ်

ခေါင်းကိုက်နေလား-ဆိုဒီယမ် လိုအပ်နေတယ်
သခွားသီးဖျော်ရည်သောက်မယ်

ဝမ်းနည်းမှူ ခံစားနေရလား-ဗီတာမင်ဒီလိုအပ်နေတယ်
နေရောင်ခြည်ခံမယ် ဆယ်မွန်ငါးစားမယ်

ကြွက်သားကြွက်တက်နေလား-ကယ်လစီယမ်လိုအပ်နေတယ်
ဒိန်ချဥ် အစွက်စိမ်းစားမယ်

အသားအရည်မွဲခြောက်နေလား-ဗီတညမင်စီ
လိုအပ်နေတယိ
လိမ္မော်သီး ကီဝီသီး ခြောက်သီးစားပေးမယ်

to owner with respect

ကေခိုင် # credit

  https://www.facebook.com/share/p/1CanUdF83D/
12/09/2025

https://www.facebook.com/share/p/1CanUdF83D/

G6PD (glucose-6-phosphatedehydrogenase)💡

💊ဆေးဆိုင်တွေမှာ တစ်ခါတစ်လေ G6PD ရှိလို့ G6PDနဲ့တည့်တဲ့ဆေးလေးပေးပါဆိုပီးလာဝယ်တတ်ကြပါတယ် 🤔

အဲ့တာကြောင့်
G6PD(Glucose-6-PhosphateDehydrogenase) ချို့တဲ့သူတွေတွေ ရှောင်ရမဲ့ ဆေးဝါးများကို ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ် 📚💡

🔎G6PD ဆိုတာက လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်ဇိုင်း တစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဇိုင်းရဲ့ အဓိကလုပ်ငန်းက သွေးနီဥ တွေကို ပုံမှန်အခြေအနေမှာ ထိန်းသိမ်းပေးပြီး၊ မလိုလားအပ်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးနီဥတွေ ပျက်စီးမသွားအောင် ကာကွယ်ပေးဖို့ပါ
G6PD ချို့တဲ့ခြင်း (G6PD deficiency) ဆိုတာကတော့ ဒီအင်ဇိုင်း ပမာဏ မလုံလောက်တာ ဒါမှမဟုတ် အလုပ်မလုပ်နိုင်တာကို ဆိုလိုပါတယ် ✅

G6PD ချို့တဲ့သူတွေ ရှောင်သင့်တဲ့ ဆေးအမျိုးအစားတွေကတော့ 👇

💊 Sulfonamides (ဆာလဖိုနမိုက်ဆေးများ)
ဥပမာ - sulfamethoxazole, sulfadiazine စတဲ့ ပဋိဇီဝဆေးများ။

💊 Antimalarials (ငှက်ဖျားဆေးများ)
ဥပမာ - primaquine, chloroquine, quinacrine စတာတွေ

💊Non-Steroidal Anti-Inflammatory Drugs (NSAIDs)
ဥပမာ - aspirin (အက်စ်ပရင်) ဆေးကို အလွန်အကျွံ သုံးစွဲရင် သွေးအားနည်းစေနိုင်ပါတယ်။

💊Certain Antibiotics (အချို့ပဋိဇီဝဆေးများ) ဥပမာ - nitrofurantoin, dapsone စတာတွေပဲဖြစ်ပါတယ်။

💊Other Drugs (အခြားဆေးများ)
ဥပမာ - naphthalene (ပိုးသတ်ဆေး), methylene blue စတာတွေလည်း ပါဝင်ပါတယ်။

G6PD ချို့တဲ့သူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး ဆေးရဲ့သက်ရောက်မှုက ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်တော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ် 🧑‍⚕️

⚠️အထက်ဖော်ပြပါ ဆေးအမည်တွေက နမူနာတွေပဲ ဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေကို မိမိသဘောနဲ့ သောက်သုံးတာမျိုး မလုပ်သင့်ပါဘူး ❌

G6PD ချို့တဲ့သူတွေ ရှောင်သင့်တဲ့ အစားအစာနဲ့အရာဝတ္ထုတွေကတော့ 🚫
​ပဲကြီး 🫘
ပဲတီစိမ်း 🟢
ကြက်ဟင်းခါးသီး 🥒
အချဉ်လွန်ကဲသာအစားအစာ 🍋
Blueberry သီး 🫐
Menthol ပါသောအစားအစာ 🧊
ပရုပ်လုံး ⚪
ဆံပင်ဆိုးဆေး 💇‍♀️
ဆေးခြယ်တဲ့ပစ္စည်းများ 🎨
ရေပူစမ်း ♨️ စတာတွေပဲဖြစ်ပါတယ်
​ဒီထဲမှာမပါတဲ့ တခြားအရာတွေရှိရင်လဲဗဟုသုတရအောင် cmt မှာဖြေပေးခဲ့ပါဦးနော် 👇




Address

Mandalay
Mandalay

Telephone

+959402696626

Website

Alerts

Be the first to know and let us send you an email when Tain Sin Kyal - Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram