Prana Healing Myanmar

Prana Healing Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prana Healing Myanmar, Meditation Center, Mandalay.

Prana Healing Myanmar
​စိတ်စွမ်းအားတွေကို နိုးထစေပြီး ပိုမိုကောင်းမွန်တဲ့ ဘဝသစ် အတွက် Reiki နှင့် Chakra Healing သင်တန်းများ၊ ကုထုံးများကို လေ့လာနိုင်ပါသည်။
🕊️ မေတ္တာစွမ်းအင်ဖြင့် ကုစားခြင်း။
"နုပျိုလန်းဆန်းသော စွမ်းအင်များဖြင့် အလှဆင်ပါ"
Ashwin Kumar

Prana Healing Myanmar ၏ Yangon Centre ခွဲတစ်ခုဖြစ်သောHealing Centre 8 (PazundaungTsp ygn)ကိုမကြာမီဖွင့်လှစ်တော့မှာဖြစ်ကြ...
25/01/2026

Prana Healing Myanmar ၏ Yangon Centre ခွဲတစ်ခုဖြစ်သော
Healing Centre 8
(PazundaungTsp ygn)ကိုမကြာမီ
ဖွင့်လှစ်တော့မှာဖြစ်ကြောင်းအားလုံးကိုအသိပေးအကြောင်းကြားဖိတ်ကြားအပ်ပါတယ်ရှင်🙏🤗

စင်တာသို့လာရောက်မည့်ဧည့်သည်များ၊ Healersများ၊ Clients များဆက်သွယ်စာရင်းပေးရန်အတွက်Contact
Sweet 📞 09 885545554
Telegram acc t.me/EmpressCho သို့လည်းစာပို့စာရင်းပေးဆက်သွယ်နိုင်ပါတယ်ရှင်🤗

လိပ်စာအပြည့်အစုံ
အမှတ် (၂၀၉) ၉လွှာ ဘယ်၊ ဗိုလ်တထောင်ဘုရားလမ်း၊
အနော်ရထာ နှင့် ဗန္ဓုလလမ်းကြား။

လမ်းညွှန်》》 သည်းအူအသည်းဆေးခန်းအနီး၊ Future Top Preschool နှင့်ကပ်လျှက်ဝင်ပေါက်မှတက်လာခဲ့ပါရှင်👋

Google maps 👇
https://maps.app.goo.gl/v5Q1astMbSGsTDQL6?g_st=atm

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် 💚🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား...
24/01/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် 💚

🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍
ရန်ကုန်မြို့ Healing Center-2 (Kamaryut Township )၌
✨🌷 ( 24. 1. 2026 ) စနေနေ့ တွင်

✅ ဆရာ့မေတ္တာများအားခံယူ၍ မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

🤝 လာရောက်ကူညီသူ Healers = 19 ဦး

👥 Healing လာရောက်ခံယူသူ Clients = 12 ဦး

✅ စုစုပေါင်း 31 ဦး တို့မှ ဆရာ Ashwin Kumar ၏ 2026 Affirmation ဖြင့် Group Energy Work ပြုလုပ်ခြင်း၊ စုပေါင်းမေတ္တာပေးခြင်း၊ မေတ္တာခံယူခြင်း၊ မေတ္တာပို့ အမျှဝေခြင်းများကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြပါတယ်🙏🙏🙏

🌷✨ ကြွရောက်လာကြသော Prana Healing မိသားစုဝင် Healer များမှလည်း အာဟာရဒါနအလှု၊ ပညာသင်စရိတ်အလှု၊ မြတ်သောဒါန Healing ကုသိုလ်အလှုတို့ကို ဆရာနှင့်ထပ်တူ ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏 🙏 🙏

မြတ်သောဒါန အစီအစဉ်ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်ပေးသူများနှင့် လာရောက် အားဖြည့်ကူညီပေးကြပါသော တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် 🙏

🏠Center နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🙏 🙏 🙏

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်💚💚💚🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထာ...
21/01/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်💚💚💚

🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍ ရန်ကုန်ဧရိယာအတွင်း၌ Healing Center 2 (Kamaryut Township ) တွင်

✨🌷မေတ္တာ Healing ခံယူလိုသော Clients များနှင့် မေတ္တာ Energy များကိုဖြန့်ဝေလိုပါသော Healers များကိုနွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်💚💚💚

✨🌷 ယခု
( 24. 1. 2026 ) စနေနေ့ တွင်
✅ ဆရာ့မေတ္တာများအားခံယူ၍Healers များမှ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

✅ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုလုပ်ဆောင်ရွက် မည်ဖြစ်ပါသည်။

🌷✨သို့ပါ၍ Healing ခံယူလိုသူများမှ

ဆရာလေးပညာစာရီ - 09767288835/09420182842
မသန်းသန်းစိုး - 09797221617

ထံသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့် 🙏

✅ စာရင်းကို ( 24. 1. 2026 ) နေ့ နောက်ဆုံးကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....

Address for Location 👇
R4CC+R24 Yangon
https://goo.gl/maps/GtqLMKDJDSuTow5o6

ဆရာလေးပညာစာရီ

တိုက် ၇၉/၈၀ အခန်း ၄၀၁
အောင်သုခလမ်း(၅)ရပ်ကွက်
ကမာရွတ်မြို့နယ်

( ဆင်မလိုက်ဈေးနောက်ကျော၊ ၃ထောင်ကွေ့မီးပွိုင့် ဟံသာရိပ်မွန် အိမ်ရာဝန်းအနီး )

Namaste 🙏
Admin
Religion to Responsibility

🙏 ဝါတွင်း ဝါပ စာအောင်ဆုအလှူတော်🏵 မစိုးရိမ်တိုက်သစ် - မန္တလေး ၊ ဓမ္မာစရိယ ကျမ်းရင်းသုံးကျမ်း၊ ဝါပ အပတ်စဉ် စာမေးပွဲ၊ အပတ်စ...
19/01/2026

🙏 ဝါတွင်း ဝါပ စာအောင်ဆုအလှူတော်

🏵 မစိုးရိမ်တိုက်သစ် - မန္တလေး ၊ ဓမ္မာစရိယ ကျမ်းရင်းသုံးကျမ်း၊ ဝါပ အပတ်စဉ် စာမေးပွဲ၊ အပတ်စဉ် (၅) စာအောင်ပွဲအလှူ

https://www.facebook.com/share/p/17pEC5zLBt/

🍂 မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ ကျင်းပ ပြုလုပ်သော ဓမ္မာစရိယ ကျမ်းရင်းသုံးကျမ်း၊
ဝါပအပတ်စဉ် စာမေးပွဲ၊ အပတ်စဉ် (၅) တွင်
စာဖြေသံဃာ (၁၀၀၀) ကျော်အနက်မှ -

ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာ အောင်မြင်တော်မူကြသည့် အရှင်မြတ် (၉) ပါးတို့အား

ဆရာ Ashwin နှင့် Prana Healing Myanmar မိသားစုဝင်များမှ

🔸 စာအောင်ထူးချွန်ဆုများ

🙏 လိုအပ်ရာသုံး နဝကမ္မအလှူ‌တော်ငွေနှင့်

🙏 ယာနဒါန ဖိနပ်အလှူ

🙏 ကိုယ်ပါတ်သင်္ကန်းအလှူ တို့ကို

ဆက်ကပ် လှူဒါန်းပူဇော်‌ခဲ့ကြပါသည်။

မိသားစုဝင်များလှူဒါန်းသော ဤပူဇော်အလှူဒါန ကုသိုလ်အစုစုတို့သည် သာသနာတော်အတွက် အလွန်မွန်မြတ်သော အကျိုးတရားများကို ဖြစ်ထွန်းစေပါသည်။

ဤ မွန်မြတ်သော ကုသိုလ်အဖို့ဘာဂကို မိသားစုဝင် အပေါင်းတို့အား အမျှကုသိုလ် ပေးဝေပါသည်။

"ဝသုန္ဒရေ ဤမြေပန်သု၊ သိလာထုလည်း၊ သက်သေအမှု တည်ပါစေသော်"

ကုသိုလ် ~ အမျှ အမျှ အမျှ ယူတော်မူကြပါ 🙏
သာဓု .... သာဓု ... သာဓု 🙏

🙏 မိသားစုဝင်များအားလုံးသည် ~

တရားထူး တရားမြတ်များကို လွယ်ကူသောအသိ၊ လျင်မြန်သောဉာဏ်တို့ဖြင့် အကျိုးထူးကိုရရှိခံစားနိုင်ကြပါစေ

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်သို့ ရောက်ရာအထောက်အပံ့ကောင်း ပညာပါရမီ ကုသိုလ်များ ဖြစ်နိုင်ကြပါစေ 🙏🙏🙏

အပတ်စဉ် ၆ နှင့် ၇ အတွက်လည်း အပတ်စဉ်တိုင်း ကုသိုလ်ပြုအလှူရှိပါမည်🙏

"သံဃသဒ္ဓါယ နိဗ္ဗာနဿ ပစ္စယော ဟောတု" 🙏

အပတ်စဉ်(၁) အလှူတော်
https://www.facebook.com/share/p/16eiFVDXXR/

အပတ်စဉ်(၂) အလှူတော်
https://www.facebook.com/share/p/1GvbSmz9dP/

အပတ်စဉ်(၃) အလှူတော်
https://www.facebook.com/share/p/1HkfVKxY7B/

အပတ်စဉ်(၄) အလှူတော်
https://www.facebook.com/share/p/1FkCgy85c8/

Prana Healing Myanmar
Religion to Responsibility

#မြတ်သောဒါန
#မစိုးရိမ်

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် 💚🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား...
18/01/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် 💚

🎗Prana Healing (မြတ်သောဒါန)၏ ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍ -

ရန်ကုန်မြို့ Healing Center-3
( North Dagon Township )၌
✨🌷 ( 18. 1. 2026 ) တနင်္ဂနွေနေ့တွင်

✅ ဆရာ့မေတ္တာများအားခံယူ၍ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

🤝 လာရောက်ကူညီသူ Healers = 4 ယောက်

👥 Healing လာရောက်ခံယူသူ Clients = 11 ယောက်

✅ စုစုပေါင်း 15 ယောက်တို့မှ မေတ္တာပေးခြင်း မေတ္တာခံယူခြင်းများကိုပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြပါတယ်🙏🙏🙏

🌷✨မြတ်သောဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည် 🙏

Prana Healing မိသားစုဝင်များအနေဖြင့် ဆရာနှင့်ထပ်တူ ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏

မြတ်သောဒါန အစီအစဉ်ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်ပေးသူများနှင့် လာရောက်အား
ဖြည့်ကူညီပေးကြပါသော တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် 🙏

🏠Center နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါသည်။

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

#မြတ်သောဒါန

"စင်ကာပူ Prana Healing မိသားစုဝင်များ၏ ဇန်နဝါရီလ မြတ်သောဒါန ဆုံဆည်းပွဲ"Prana Healing ( မြတ်သောဒါန ) ၏ ဦးဆောင် ဆရာ Ashwin...
17/01/2026

"စင်ကာပူ Prana Healing မိသားစုဝင်များ၏ ဇန်နဝါရီလ မြတ်သောဒါန ဆုံဆည်းပွဲ"

Prana Healing ( မြတ်သောဒါန ) ၏ ဦးဆောင် ဆရာ Ashwin Kumar အား အမှူးထား၍

စင်ကာပူနိုင်ငံရှိ မိသားစုဝင်များ၏ (Jan-2026) In-person Meet up & Myitta Healing ကုသိုလ်ပြုအစီအစဉ်ကို (၁၇.၁.၂၀၂၆) စနေနေ့တွင် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပခဲ့ပါသည်။🙏

ဤကုသိုလ်ပြု ဆုံဆည်းပွဲတွင် -

✨ Healers (၆) ဦးနှင့် Client (၄) ဦး၊ စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး

✨ Healers များ စုပေါင်း၍ Energy Work ဆောင်ရွက်ခြင်း၊

✨ တစ်ဦးပေါ်တစ်ဦး မေတ္တာဖြင့် Healing ပေးခြင်းနှင့် လက်ခံရယူခြင်း၊

✨ ရှေ့ဆက်၍ လစဉ်ပုံမှန် ကုသိုလ်ပြု တွေ့ဆုံမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

💞 Center နေရာထိုင်ခင်း ကုသိုလ်ပြုပေးပါသော အလှူရှင်မိသားစုအားလည်းကောင်း၊
💞 အချိန်ပေး၍ လာရောက်အားဖြည့်ပေးကြသော Healers များနှင့်
💞 လာရောက် healing ခံယူသော Clients များအားလုံးကိုလည်းကောင်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

💞 စင်ကာပူရောက် Prana Healing မိသားစုဝင်များ လစဉ်တွေ့ဆုံပွဲအစီအစဉ်နှင့် Healing ခံယူလိုသူများ အနေဖြင့်

page messenger (သို့မဟုတ်)

📞 Contact Persons:

🔹 Ma Chaw Su - 91087364
🔹 Thein Tun Aung - 93961662

ထံသို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

ဤမြတ်သော ကုသိုလ်အစုစုကို ဆရာနှင့်တကွ မိသားစုဝင်များအားလုံး ထပ်တူရရှိကြပါစေ🙏

Namastae 🙏🌹

Admin Team
Prana Healing Singapore

#မြတ်သောဒါန

16/01/2026

"ဗုဒ္ဓမြတ်စွာ ဖွားတော်မူရာ အထွတ်အမြတ်နေရာဖြစ်တဲ့ လုမ္ဗိနီ (Lumbini) ရဲ့ အေးချမ်းတဲ့ အငွေ့အသက်တွေကြားမှာ ကျွန်တော်တို့ Prana Healing Myanmar မိသားစုအားလုံး စုပေါင်းပြီး Energy Work လုပ်ဖြစ်ခဲ့ကြပါတယ်။
​ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း မာယာဒေဝီကျောင်းတော် (Mayadevi Temple) ရှေ့က သမိုင်းဝင် ရေကန်တော်ဘေးမှာ မိသားစုဝင်တွေအားလုံး တစ်စိတ်တစ်ဝမ်းတည်း စွမ်းအင်မြှင့်တင်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာဟာ သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်ပြီးနောက် ပထမဆုံး ရေချိုးသန့်စင်ပေးခဲ့တဲ့ နေရာဖြစ်တာကြောင့် အလွန်ထူးခြားတဲ့ သမိုင်းအမွေအနှစ်တွေ ရှိနေပါတယ်။
​ဒီလို မြင့်မြတ်တဲ့နေရာတွေဟာ-
​High Energy Spot နှစ်ပေါင်းထောင်ချီပြီး လူတွေရဲ့ ယုံကြည်မှုနဲ့ မေတ္တာတရားတွေ စုစည်းနေတဲ့အတွက် စွမ်းအင် (Energy) အလွန်ကောင်းမွန်တဲ့ နေရာတွေဖြစ်ပါတယ်။
​Inner Peace ဒီနေရာမှာ တရားဘာဝနာပွားများခြင်း ဒါမှမဟုတ် Energy Work လုပ်ခြင်းက စိတ်ကို ပိုမိုငြိမ်းချမ်းစေပြီး မိမိရဲ့ အတွင်းစွမ်းအားတွေကို ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။
​Prana Healing Myanmar မိသားစုနဲ့အတူ ဒီခရီးစဉ်မှာ ပါဝင်ခဲ့ကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ထူးခြားတဲ့ စွမ်းအင်အတွေ့အကြုံကောင်းတွေကို ရရှိကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Namastae🙏🌹

🌻 Prana Healing Singapore မိသားစုမှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် 🌻🍂  ဆရာ Ashwin အား ဂါရဝပြုကျေးဇူးဆပ်သောအားဖြင့် ဆရာ့ထံမ...
15/01/2026

🌻 Prana Healing Singapore မိသားစုမှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် 🌻

🍂 ဆရာ Ashwin အား ဂါရဝပြုကျေးဇူးဆပ်သောအားဖြင့် ဆရာ့ထံမှ ပညာသင်ယူခဲ့ကြသော Healer များမှ

🍂 စင်ကာပူရောက် မြန်မာမိသားစုဝင်များ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့အတွက် Prana Healing ကုသိုလ်ပြု အစီအစဉ်လေးကို လစဉ် (၂) ကြိမ် ပြုလုပ်ပေးနေပါပြီ။

🍂 Singapore Healing Center အနေဖြင့် ပုံသေရက်မရှိဘဲ Client များ အဆင်ပြေဆုံးဖြစ်မည့် စနေ သို့မဟုတ် တနင်္ဂနွေ ရက်များကို ညှိနှိုင်းစီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

🔸ပြုလုပ်မည့်နေရာနှင့် အချိန်စာရင်း

➖➖➖➖➖➖➖➖➖➖➖➖
🗓️ စနေနေ့ ( Saturday )
➖➖➖➖➖➖➖➖➖➖➖➖
⏰ အချိန် ။ ။ 2:00 PM - 4:00 PM
🚇 MRT ။ ။ City Hall MRT
📍 နေရာ ။ ။ Shwe AKARI, Peninsula Plaza #05-41

➖➖➖➖➖➖➖➖➖➖➖➖
🗓️ တနင်္ဂနွေနေ့ ( Sunday )
➖➖➖➖➖➖➖➖➖➖➖➖
⏰ အချိန် ။ ။ 2:00 PM - 4:00 PM
🚇 MRT ။ ။ Pioneer MRT
📍 နေရာ ။ ။ Blk 649B

🍂 မိမိအဆင်ပြေမည့်ရက်ကို ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် Healer များနှင့် အချိန်ညှိနှိုင်းကာ စနစ် တကျ ကုသိုလ်ပြု Healing ပေးသွားမှာဖြစ်ပါ၍

အောက်ပါဖုန်း နံပါတ်များ သို့မဟုတ် Page Messenger မှတဆင့် ဆက်သွယ်၍ ကြိုတင် Booking ပြုလုပ်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

📩 Booking ပြုလုပ်ရန်

Page Messenger (သို့မဟုတ်)

📞 Contact Persons:

🔹 Ma Chaw Su - 91087364
🔹 Thein Tun Aung - 93961662

💞 Healing ခံယူလိုသူများနှင့် ပါဝင်အားဖြည့်ကူညီလိုသော Healer များကိုလည်း လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင် 💞

Namaste 🙏

Admin Team
Prana Healing Singapore
Religion to Responsibility

#မြတ်သောဒါန

"မေတ္တာဖြင့် ကုသခြင်း၊ စေတနာဖြင့် မျှဝေခြင်း" 🌿 Reiki Level 1: Foundation Course (ပရဟိတသင်တန်း) 🌿​လူတိုင်းမှာ ကိုယ့်ကိုယ...
14/01/2026

"မေတ္တာဖြင့် ကုသခြင်း၊ စေတနာဖြင့် မျှဝေခြင်း"

🌿 Reiki Level 1: Foundation Course (ပရဟိတသင်တန်း) 🌿

​လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသနိုင်တဲ့ သဘာဝစွမ်းအင်တွေ ရှိကြပါတယ်။ ဒီစွမ်းအင်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိပ္ပံနည်းကျကျနဲ့ စနစ်တကျ လက်တွေ့မျှဝေပေးသွားမယ့် သင်တန်းဖြစ်ပါတယ်။

​🎯 သင်တန်းရည်ရွယ်ချက်

လူသားတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆေးဝါးတွေအပေါ် အလွန်အကျွံ မှီခိုနေရခြင်းကနေ ကင်းဝေးကာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရရှိစေရန်

​📖 ဘာတွေ သင်ကြားပေးမှာလဲ?

​မိမိကိုယ်ကိုယ် ပြန်လည်ကုသခြင်း (Self-Healing) နည်းလမ်းများ

​စိတ်ဖိစီးမှု (Stress) ကို ထိရောက်စွာ လျှော့ချနည်းများ

​စွမ်းအင်နဲ့ ကုသခြင်းဆိုင်ရာ လက်တွေ့အသုံးချနည်းများ

​🌟 သင်တန်း၏ ထူးခြားချက်

​သီအိုရီတွေနဲ့ အချိန်မဖြုန်းဘဲ (၃) ရက် (၄) ရက်အတွင်း ချက်ချင်း လက်တွေ့ခံစားရမယ့် နည်းလမ်းများကို သင်ကြားပေးမှာပါ။

"​သင်တန်းကြေးအတွက် ပူပန်စရာမလိုဘဲ စေတနာကို အခြေခံပြီး အခမဲ့ မျှဝေပေးမည့် ပရဟိတသင်တန်း ဖြစ်ပါတယ်"

​📝 တက်ရောက်လိုသူများအတွက် လိုအပ်ချက်

သင်တန်းသား လက်ခံမှု အပိုင်းကို စနစ်တကျ ဖြစ်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​1️⃣ သင်တန်းသားသစ်များ : (https://www.facebook.com/share/1G95q7sD2k/) Messenger မှတစ်ဆင့် အသင်းဝင် ID အသစ်ကို ကြိုတင်လျှောက်ထားပေးကြပါ။

2️⃣ ယခင် ID ရှိပြီးသားသူများ :
မိမိတို့ ID အသုံးပြုလို့ ရ/မရ (သို့မဟုတ်) Update ဖြစ်/မဖြစ်ကို Page Messenger မှာ ပြန်လည်မေးမြန်း အတည်ပြုပေးပါ။

​⚠️ မှတ်ချက်
ပရဟိတသင်တန်း ဖြစ်သည့်အတွက် "သင်တန်းသားဦရေ အကန့်အသတ် ရှိပါသည်"

Reiki ကို အမှန်တကယ် စိတ်ပါဝင်စားစွာ လေ့လာလိုသူများကိုသာ ဖိတ်ခေါ်အပ်ပါသည်။

​သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုသိလိုပါက page Messanger မှာထပ်မံမေးမြန်းနိုင်
ပါတယ်။

"စိတ်ဝင်စားသူများ 'Interested' လို့ Comment မှာရေးခဲ့ပေးပါ"

​Namastae 🙏🌹
Ashwin Kumar

​ #မြတ်သောဒါန #ပရဟိတ
#သစ္စာအမြင်

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်💚🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍💠...
13/01/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်💚

🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍

💠 ရန်ကုန်ဧရိယာအတွင်း၌

☘ Healing Center 3
( North Dagon Township )တွင်
ကျင်းပပြုလုပ်မည့် မေတ္တာ healing ကုသိုလ်ပြုအစီအစဉ် ဖြစ်ပါသည်။

🌺 Healing ခံယူလိုသော Clients များနှင့် မေတ္တာ Energy များကိုဖြန့်ဝေလိုပါသော Healers များကို Center မှ နွေးထွေးစွာဖြင့်ကြိုဆိုပါတယ်။

🗓 ( 18. 1. 2026 ) တနင်္ဂနွေနေ့တွင်

✅ ဆရာ့မေတ္တာများအားခံယူ၍ Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

✅ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုလုပ်ဆောင်ရွက် မည်ဖြစ်ပါသည်။

🌺 သို့ပါ၍ Healing ခံယူလိုသူများနှင့် လာရောက်ကူညီနိုင်ပါသော Healers များမှ

မဝေဝေနှင်း - 09 792422954

Mie Mie Khaing - 09 961448666

ထံသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ် 🙏

✅ စာရင်းကို ( 17. 1. 2026 ) နောက်ဆုံး ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါ။

Address for Location 👇

အမှတ် ၁၀၄၀ခ ၊ ဘိုးရာဇာလမ်း၊ ၃၅ရပ်ကွက် ၊
မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။

https://maps.apple.com/?address=Boe%20Yar%20Zar%20Street,%20Myanmar%20(Burma)&ll=16.869588,96.186599&q=Dropped%20Pin&t=m

၃၅မှတ်တိုင်အနီး

Bus line - 12, 13, 29, 87 ,26, 30, 117, 88, 99, 128

Namastae 🙏🌹

Admin
Religion to Responsibility

#သစ္စာအမြင်

Address

Mandalay

Alerts

Be the first to know and let us send you an email when Prana Healing Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Prana Healing Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram