ရွှေပြည်တန် ဆေးခန်း - Shwe Pyi Tan Clinic

  • Home
  • Myanmar
  • Mandalay
  • ရွှေပြည်တန် ဆေးခန်း - Shwe Pyi Tan Clinic

ရွှေပြည်တန် ဆေးခန်း - Shwe Pyi Tan Clinic General Practitioner & Public Health Consultant

27/11/2025

📢📢📢📢📢

❄️❄️❄️❄️❄️

♦️မိုးရာသီမတိုင်ခင် ရာသီတုပ်ကွေးကာကွယ်ဆေး မထိုးလိုက်ရသူများအတွက် ဆောင်းရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ။♦️

❄️❄️❄️❄️❄️

#ရွှေပြည်တန်_ဆေးခန်း

General Practitioner & Public Health Consultant

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါစေကြောင်း ရွှေပြည်တန် ဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ 🪔...
06/10/2025

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါစေကြောင်း ရွှေပြည်တန် ဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ 🪔🎇

#ရွှေပြည်တန်ဆေးခန်း

Announcement 📢 #ရွှေပြည်တန်ဆေးခန်း
04/10/2025

Announcement 📢

#ရွှေပြည်တန်ဆေးခန်း

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) ဆောင်ပုဒ်သည် "Act Now: You, Me, Community" ဖြစ်ပြီး၊ ခွေးရ...
27/09/2025

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) ဆောင်ပုဒ်သည် "Act Now: You, Me, Community" ဖြစ်ပြီး၊ ခွေးရူးပြန်ရောဂါကင်းစင်ရန် ကာကွယ်ဆေးထိုးခြင်း၊ အသိပညာပေးခြင်းနှင့် အချိန်မီကုသခြင်းတို့ကို လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက အာရုံစိုက် စုပေါင်းလုပ်ဆောင်ရန်ဖြစ်ပါတယ်။

#ရွှေပြည်တန်ဆေးခန်း

🦠 အစာအိမ်ပိုး (H.pylori) ဆိုတာဘာလဲ❓အစာအိမ်ပိုး Helicobacter pylori (H.pylori) ဆိုတာ အစာအိမ်အနာဖြစ်စေနိုင်သော ဘက်တီးရီးယာ...
06/09/2025

🦠 အစာအိမ်ပိုး (H.pylori) ဆိုတာဘာလဲ❓

အစာအိမ်ပိုး Helicobacter pylori (H.pylori) ဆိုတာ အစာအိမ်အနာဖြစ်စေနိုင်သော ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပြီး၊ အစာအိမ်အတွင်းမှာ နေနိုင်ပါတယ်။ ဒီဘက်တီးရီးယားဟာ နာတာရှည် အစာအိမ်ရောင်ရမ်းခြင်း (Chronic Gastritis) အစာအိမ်နှင့် အူသိမ်ဦးအနာဖြစ်ခြင်း (Peptic Ulcer Disease) နဲ့ အစာအိမ်ကင်ဆာ (Gastric Cancer) တို့ရဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားနှုန်းမှာ ကမ္ဘာတစ်ဝှမ်းလူဦးရေ၏ ၅၀% ခန့် H.pylori ရောဂါပိုးကူးစက်ခံထားရပြီး သန့်ရှင်းမှုအားနည်းသော နိုင်ငံများတွင် (၇၀%-၉၀%) မြင့်တက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် စစ်တမ်းအချက်အလက်များ မလုံလောက် သော်လည်း ကျေးလက်ဒေသများနှင့် ရေနှင့် အစားအသောက် သန့်ရှင်းမှုမရှိသောနေရာဒေသများတွင် ဖြစ်ပွားနှုန်း မြင့်တက်နိုင်ပါတယ်။

🦠 အစာအိမ်ပိုး (H.pylori) ဘယ်လိုကူးစက်နိုင်သလဲ❓

အစာအိမ်ပိုး (H.pylori) ဟာ အောက်ပါနည်းလမ်းတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

💢 တစ်ဦးနဲ့တစ်ဦး အတူတူ စားသုံးခြင်း၊ သွားတိုက်တံ မျှဝေသုံးစွဲခြင်း။
💢 မသန့်ရှင်းတဲ့ရေ၊ အစာ၊ သန့်စင်မှု မရှိသောအရာများမှတဆင့် ပိုးဝင်ခြင်း။
💢 မသန့်ရှင်းသော ဆေးဘက်ကိရိယာများ (ဥပမာ- အစာအိမ်ကြည့်ကိရိယာ endoscope) မှတဆင့်ကူးစက်ခြင်း။

🦠 အစာအိမ်ပိုး (H.pylori) ရောဂါရဲ့ လက္ခဏာများ

💢 အစာမ‌ကြေခြင်း
💢 အန်ခြင်း
💢 အစာမစားနိုင်ခြင်း
💢 ရင်ဘတ်အောင့်ခြင်း
💢 ရင်ပူခြင်း
💢 အလေးချိန်လျော့ကျခြင်း

🦠 နောက်ဆက်တွဲဆိုးကျိုးများ

💢 အစာအိမ်နှင့် အူသိမ်ဦးအနာ
💢 အစာအိမ်ကင်ဆာ
💢 သွေးအားနည်းမှု
💢 အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

🦠 H.pylori ရောဂါ စစ်ဆေးနည်းများ

💢 Urea Breath Test (UBT) - ပထမဆုံးရောဂါစစ်ဆေးမှုအတွက် ကောင်းမွန်သင့်တော်သော စစ်ဆေးမှုဖြစ်ပြီး၊ ဆေးကုသပြီးနောက် ကုသမှုအောင်မြင်မှုရှိမရှိ စစ်ဆေးရန်အထူးအသုံးဝင်ပါတယ်။
💢 ဝမ်းစစ်ဆေးခြင်း (Stool Antigen Test) - ဆေးကုသပြီးနောက် sensitivity အနည်းငယ် လျော့နိုင်ပါတယ်။
💢 သွေးစစ်ဆေးခြင်း (Antibody Test) - ရောဂါဟောင်းလား (သို့) လက်ရှိရောဂါလားဆိုတာ ခွဲခြားမရနိုင်ပါ။
💢 အစာအိမ်မှန်ပြောင်းကြည့်ခြင်းနှင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။

🦠 H.pylori ရောဂါ ကုသနည်းလမ်းများ

💢 သတ်မှတ်ထားသော အစာအိမ်အက်စစ်ထိန်းဆေး၊ ဘစ်စမတ်ဆေးနှင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသော ကာလအတိုင်း မှန်ကန်စွာ သောက်သုံးရန် လိုအပ်ပါတယ်။
💢 နောက်ပိုင်းတွင် အစာအိမ်ပိုးသည် ပိုးသတ်ဆေးများကို ခံနိုင်ရည်မြင့်တက်လာသော‌ကြောင့် ထိရောက်မှုရှိသော ဆေးတွဲများဖြင့် ရွေးချယ်ကုသရန် အရေးကြီးပါတယ်။
💢 အစာအိမ်ပိုး (H.pylori) ရောဂါကို တိကျစွာ စစ်ဆေးပြီး တိတိကျကျ ကုသနိုင်မှသာ အစာအိမ်နှင့် သက်ဆိုင်သော နောက်ဆက်တွဲရောဂါများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါတယ်။


#ရွှေပြည်တန်ဆေးခန်း

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🎯 ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါလက္ခဏာများကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရပြီး ရက်အလိုက် အောက်ပါရောဂါလက္ခဏာများခံစ...
07/07/2025

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑

🎯 ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါလက္ခဏာများ

ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရပြီး ရက်အလိုက် အောက်ပါရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။

📣 ၁ ရက်မှ ၃ ရက်
 သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
 လည်ချောင်းအနည်းငယ်နာသည်။
 ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
 ပုံမှန်အတိုင်း အစားအသောက်မပျက်။

📣 ၄ ရက်မြောက်နေ့
 အာသီးအနည်းငယ်ယောင်သည်။
 စကားပြောလျှင် လည်ချောင်း နာလာသည်။ အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
 ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 37°C ဖြစ်သည်။
 ခေါင်းအနည်းငယ်ကိုက်မည်။
 အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

📣 ၅ ရက်မြောက်နေ့
 လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
 ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
 အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

📣 ၆ ရက်မြောက်နေ့
 ကိုယ်အပူချိန် 37°C အထက်ရောက်လာသည်။
 သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
 စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း နာကျင်နေမည်။
 အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
 ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
 ခြေချောင်းများ နာကျင်လာမည်။
 ဝမ်းလျှော၍ အော့အန်မည်။

📣 ၇ ရက်မြောက်နေ့
 ကိုယ်အပူချိန် 37°C အထက် ရှိလာသည်။
 ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
 ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
 အပြင်းအထန် ဝမ်းလျှောမည်။
 အော့အန်မည်။

📣 ၈ ရက်မြောက်နေ့
 ကိုယ်အပူချိန် 38°C အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
 အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
 ချောင်းအဆက်မပြတ်ဆိုးမည်။
 ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
 ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

📣 ၉ ရက်မြောက်နေ့
 ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
 အပြင်းအထန် အဖျားတက်လာမည်။
 အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
 သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

🛑 အကြံပြုချက်များ
 အပြင်သွားလျှင် မတ်(စ်)တပ်ပါ၊ လက်အိတ်ဝတ်ပါ။
 လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ။
 တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။
 ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။
 လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ။
 ထပ်ဆောင်းကာကွယ်ဆေးထိုးပါ။

📌 Pfizer Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးအကြောင်း

💉အမေရိကန်နိုင်ငံ Pfizer Co. မှ ထုတ်လုပ်ထားသော Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးသစ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ထိုးနှံရန် အကြံပြုထားသော ကာကွယ်ဆေး ဖြစ်ပါတယ်။
💉လက်ရှိဖြစ်ပွားနေတဲ့ မျိုးကွဲများဖြစ်တဲ့ JN 1 မျိုးကွဲနှင့် FLiRT မျိုးကွဲတွေကို ထိရောက်စွာ ကာကွယ်ပေး နိုင်ပါတယ်။
💉အခုနောက်ဆုံးထုတ်လုပ်လိုက်တဲ့ Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးသည် ကိုယ်ခံအားစံနစ်ကို ပြန်လည်အားဖြည့် ပေးပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ပြင်းထန်မှုကို သိသိသာသာလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
💉အသက် (၆) လနှင့်အထက် အားလုံးထိုးနှံနိုင်မှာ ဖြစ်ပြီး အသက်အရွယ်အလိုက် ဆေးရဲ့ပမာဏ ကွဲပြား သွားနိုင်ပါတယ်။
💉ကိုဗစ် ၁၉ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှု ၃ လ (သို့) ၆ လ ပြည့်သောသူများသည် Comirnaty JN1 ကို ထပ်ဆောင်းကာကွယ်ဆေးအဖြစ် (၁) ကြိမ်ထိုးနှံနိုင်ပါတယ်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံနှင့် Pfizer Co. တို့၏ ထုတ်ပြန်ချက်များကို မှီငြမ်းထားပါသည်။

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣📍ရပ်ရွာလူထုအသိပညာပေးလှုပ်ရှားမှု (Community Outreac...
28/06/2025

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣

📍ရပ်ရွာလူထုအသိပညာပေးလှုပ်ရှားမှု (Community Outreach Activity) အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆- ၂၇ ရက်နေ့တွင် "ရွှေပြည်တန်ဆေးခန်း" နှင့် "Lydia Myanmar" တို့၏ ပူးပေါင်းစီစဉ်သော အမျိုးသမီးများအတွက် “လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း ထည့်ခြင်း” ကို အမျိုးသမီး (၁၅) ဦးအား “ရွှေပြည်တန်ဆေးခန်း” တွင် “အခမဲ့” ဆောင်ရွက်ပေးခဲ့ပါတယ်။

🏠 ဆေးခန်းလိပ်စာ - ရွှေပြည်တန်‌ဆေးခန်း၊ ၅၈ (C) လမ်း၊ ၁၉ x ၂၂ လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

🤳🏼 ဖုန်း - 09-977844634, 09-2038769



#ရွှေပြည်တန်_ဆေးခန်း

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣 ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ဆောင်ရွက်ပေ...
10/06/2025

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣 ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ဆောင်ရွက်ပေးသွားပါမည်။

📍"လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်းထည့်ခြင်း" ဝန်ဆောင်မှုရယူလိုသော အမျိုးသမီးများသည် "ရွှေပြည်တန်ဆေးခန်း"သို့ လူကိုယ်တိုင်ဖြစ်စေ (သို့) ဖုန်းဖြင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။

🏠 ဆေးခန်းလိပ်စာ - ရွှေပြည်တန်‌ဆေးခန်း၊ ၅၈ (C) လမ်း၊ ၁၉ x ၂၂ လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

🤳🏼 ဖုန်း - 09-977844634, 09-2038769



#ရွှေပြည်တန်_ဆေးခန်း

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣

📍ရပ်ရွာလူထုအသိပညာပေးလှုပ်ရှားမှု (Community Outreach Activity) အဖြစ် "ရွှေပြည်တန်ဆေးခန်း" နှင့် "Lydia Myanmar" တို့၏ ပူးပေါင်းစီစဉ်သော အမျိုးသမီးများအတွက် “လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း ထည့်ခြင်း” ကို ၂၀၂၅ ခုနှစ် ဇွန်လအတွင်း “ရွှေပြည်တန်ဆေးခန်း” တွင် “အခမဲ့” ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

📍"လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်းထည့်ခြင်း" ဝန်ဆောင်မှုရယူလိုသော အမျိုးသမီးများသည် "ရွှေပြည်တန်ဆေးခန်း"သို့ လူကိုယ်တိုင်ဖြစ်စေ (သို့) ဖုန်းဖြင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။

🏠 ဆေးခန်းလိပ်စာ - ရွှေပြည်တန်‌ဆေးခန်း၊ ၅၈ (C) လမ်း၊ ၁၉ x ၂၂ လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

🤳🏼 ဖုန်း - 09-977844634, 09-2038769



#ရွှေပြည်တန်_ဆေးခန်း

Shwe Pyi Tan Clinic proudly provided the flu vaccination services to staffs from MPG Mandalay Office at workplace in Man...
09/06/2025

Shwe Pyi Tan Clinic proudly provided the flu vaccination services to staffs from MPG Mandalay Office at workplace in Mandalay on 6-6-2025.

ရွှေပြည်တန်ဆေးခန်းသည် 6-6-2025 ရက်နေ့တွင် ပြည်တွင်းကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော MPG Mandalay ရုံးမှ ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် တုပ်ကွေးကာကွယ်ဆေးထိုးပေးခြင်းကို ဂုဏ်ယူစွာဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။

#ရွှေပြည်တန်ဆေးခန်း

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣📍ရပ်ရွာလူထုအသိပညာပေးလှုပ်ရှားမှု (Community Outreac...
22/05/2025

📣 လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း "အခမဲ့" ထည့်ပေးခြင်းအစီအစဉ် 📣

📍ရပ်ရွာလူထုအသိပညာပေးလှုပ်ရှားမှု (Community Outreach Activity) အဖြစ် "ရွှေပြည်တန်ဆေးခန်း" နှင့် "Lydia Myanmar" တို့၏ ပူးပေါင်းစီစဉ်သော အမျိုးသမီးများအတွက် “လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း ထည့်ခြင်း” ကို ၂၀၂၅ ခုနှစ် ဇွန်လအတွင်း “ရွှေပြည်တန်ဆေးခန်း” တွင် “အခမဲ့” ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

📍"လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်းထည့်ခြင်း" ဝန်ဆောင်မှုရယူလိုသော အမျိုးသမီးများသည် "ရွှေပြည်တန်ဆေးခန်း"သို့ လူကိုယ်တိုင်ဖြစ်စေ (သို့) ဖုန်းဖြင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။

🏠 ဆေးခန်းလိပ်စာ - ရွှေပြည်တန်‌ဆေးခန်း၊ ၅၈ (C) လမ်း၊ ၁၉ x ၂၂ လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

🤳🏼 ဖုန်း - 09-977844634, 09-2038769



#ရွှေပြည်တန်_ဆေးခန်း

အောက်ပါ တီဘီရောဂါလက္ခဏာများ ခံစားနေရပါသလား❓️🫁 ချောင်းဆိုးခြင်း🫁 သလိပ်ထွက်ခြင်း🫁 ကျောရင်အောင့်ခြင်း🫁 တငွေ့ငွေ့ဖျားခြင်း🫁 ...
09/05/2025

အောက်ပါ တီဘီရောဂါလက္ခဏာများ ခံစားနေရပါသလား❓️

🫁 ချောင်းဆိုးခြင်း
🫁 သလိပ်ထွက်ခြင်း
🫁 ကျောရင်အောင့်ခြင်း
🫁 တငွေ့ငွေ့ဖျားခြင်း
🫁 ကိုယ်အလေးချိန်လျော့ကျခြင်း
🫁 မောပန်းခြင်း

#ရွှေပြည်တန်ဆေးခန်း
#တီဘီရောဂါ

Address

58 (C) Street, Bet 19 × 22 Street, Nanshae, Aung Myae Thar San Township
Mandalay

Opening Hours

Monday 08:00 - 12:00
16:00 - 20:00
Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00

Website

Alerts

Be the first to know and let us send you an email when ရွှေပြည်တန် ဆေးခန်း - Shwe Pyi Tan Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share