Healthy & Happy

Healthy & Happy Healthy & Happy is located in Mandalay, Myanmar. At Healthy & Happy, we believe that a healthy and happy life is key to living a fulfilling and enjoyable life.

Healthy & Happy Group is established in July, 2017 and is manufacturing variety of healthy products such as healthy meal box, Diabetic snacks, Diet cookies and breads. Welcome to Healthy & Happy page, where we've been committed to promoting health and happiness in Myanmar since our establishment in 2017. As the first nutritionist specialist business of its kind in Myanmar, we take great pride in providing healthy meal options, snacks, and specialized meal boxes for people with specific health concerns. Our delicious and nutritious meals are created using only the freshest ingredients, and our expert nutritionists work hard to ensure that each meal is balanced and meets your specific dietary needs. We produce a variety of healthy meal options, including Diet Box for Weight Loss and Weight Gain, Kidney Meal Box, Uric Acid Meal Box, and Kids Lunch Box, all of which can be delivered directly to your door in Mandalay. We also manufacture snacks such as Diabetes Cookies, Protein Bites, and No Sugar Peanut Butter, all of which are designed to promote healthy snacking habits and provide nutritious options for people of all ages. Our products are available at major stores such as Makro and Marketplace, as well as at Hospital Mart and the Yangon International Airport. We are also able to ship our products both locally and overseas, making it easy for anyone to enjoy our healthy and delicious options. That's why we offer specialized meal boxes for people with specific health concerns, as well as snacks that are designed to promote a healthy lifestyle. We are committed to helping people make positive changes in their lives through our products and services. Thank you for visiting our page! We look forward to helping you achieve your health and happiness goals. Healthy & Happy မှ ကျန်းမာရေး မုန့် များ ၊ စားသောက်ကုန် များ ကို ၂၀၁၇ ခု နှစ် မှ စတင်၍ ဆီးချို သမားများ ၊ ဝိတ်လျော့နေသူများ နှင့် ကလေး လူကြီး မရွေး ၊ လူမျိုးဘာသာမရွေး စားသုံးနိုင်ရန် ရည်ရွယ် ၍ အာဟာရ ဆရာဝန် ကိုယ်တိုင် အနီးကပ် ကြီးကြပ် ထုတ်လုပ်ပေးလျက်ရှိ သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျန်းမာရေးစားသောက်ကုန်များ ထုတ်လုပ် သည့် လုပ်ငန်းဖြစ်ပါသည်။

FIDSL ၏ ဓာတ်ခွဲ ခန်း အမှတ် – Ad-06-01-04283/19 နှင့် အတူ ကုန်ထုတ်လုပ် မှု့ လိုင်စင် အမှတ် - အစ / မတလ (၁၄၄၁) လက်မှတ် များဖြင့် အဆင့်ဆင့် ဓာတ်ခွဲ ပြီး ထုတ်လုပ်ထားသော ကျန်းမာရေး အတွက် အထူး စိတ်ချရသော စားသောက်ကုန်များ ဖြစ်ပါသည်။

ဆိုးဆေး ၊ ခံဆေး များ ဓာတုဗေဒ ဆေးဝါးများ လုံးဝ(လုံးဝ) မပါဝင်သော ကြောင့် ကလေးမှ စ၍ လူကြီး များအထိ စိတ်ချ ယုံကြည်စွာ အားပေး ကြိုက် နှစ်သက်ကြသော ပြည်တွင်း ထုတ်ကုန် ဖြစ်ပါသည်။

Eat Healthy, Stay Happy.

တနင်္လာနေ့တိုင်း ရန်ကုန်၊ မန်းလေးအိမ်အရောက်ပို့ဆောင်ပေးမယ့် မုန့်ကားလေးအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ သောကြာနေ့လေးကို ရောက်လိ...
27/02/2026

တနင်္လာနေ့တိုင်း ရန်ကုန်၊ မန်းလေးအိမ်အရောက်ပို့ဆောင်ပေးမယ့် မုန့်ကားလေးအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ သောကြာနေ့လေးကို ရောက်လို့လာပြန်ပါပြီ။
ဘယ်သွားသွား လေထုညစ်ညမ်းမှုတွေကြောင့် ကြည်ကြည်လင်လင်မရှိ မှိုင်းမှိုင်းပြပြနဲ့ အသက်ရှူတိုင်း ကျန်းမာရေးထိခိုက်စေမယ့် ကာလမျိုးမို့လို့
မုန့်အစိုပဲလိုလို
Cookies, Peanut Butter ပဲလိုလို
ဘာပဲလိုလို အိမ်အရောက်ပို့ပေးမှာမို့လို့
လိပ်စာ ဖုန်းအပြည့်အစုံလေးနဲ့ Hello လေးသာ လုပ်လိုက်တော့နော်။
&Happy

 #တာဝန်ယူပါရစေကိုဗစ်ကာလအတွင်း မန်းလေးမြို့က နေမကောင်း၊ မကျန်းမာ၊ နာလန်ထူကာစလူနာတွေအတွက် နည်းနည်းစားရုံနဲ့ ခွန်အားဖြစ်စေဖ...
25/02/2026

#တာဝန်ယူပါရစေ
ကိုဗစ်ကာလအတွင်း မန်းလေးမြို့က နေမကောင်း၊ မကျန်းမာ၊ နာလန်ထူကာစလူနာတွေအတွက် နည်းနည်းစားရုံနဲ့ ခွန်အားဖြစ်စေဖို့၊ အာဟာရဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ စတင်ဖန်တီးဖြစ်ခဲ့တဲ့ Protein Bite...

အီတလီနိုင်ငံမှာ Food Scientists နဲ့ Nutritionist တွေကိုယ်တိုင်စားသုံးပြီးမှ ရွေးချယ်ခဲ့တဲ့ Global Food Industry Award နဲ့အတူ Global Recognition တွေရရှိခဲ့တဲ့ Protien Bite...

၂၀၂၅ ခုနှစ် မတ်လ ငလျင်မှာ "တနပ်စာ ၂၅၀၀ Healthy & Happy နဲ့အတူ ကူပေးပါ"...ဆိုတဲ့ ကမ်ပိန်းနဲ့ ထမင်းအနပ်ပေါင်း ၁၆၆၀ စာနဲ့ညီမျှတဲ့ အချပ်ရေပေါင်း ၄၉၈၀ ချပ်နဲ့အတူ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ ပျော်ဘွယ်၊ အင်းလေး၊ နေပြည်တော်/ပျဉ်းမနားကို ကူညီခွင့်ရလိုက်တဲ့ Protein Bite...

အသားဓာတ်လိုအပ်သူတိုင်းအတွက် ဈေးနှုန်းတန်တန် အာဟာရမှန်မှန်နဲ့ ရပ်တည်ပေးနိုင်တဲ့ Protien Bite...

ဆိုးဆေး၊ ကြာရှည်ခံဆေးလုံးဝမသုံးဘဲ (၃)လ အထားခံစေရာကနေ Food Grade Oxygen Absorber တွေသုံး၊ Packaging (၂) ထပ်နဲ့ (၆) လတိတိအထားခံနိုင်စေခဲ့တဲ့ Protien Bite...

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွတ်ကဲရေးဦးစီးဌာနကနေ ထောက်ခံချက်ပေးတဲ့ FDA လက်မှတ်ကို ရရှိခဲ့ပြီး ယုံကြည်မှုတွေပိုပြီးခိုင်မာအောင်တည်ဆောက်နိုင်ခဲ့တဲ့ Protein Bite...

ဒီလိုအစဉ်အလာ၊ အမှတ်တရကောင်းတွေနဲ့ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း

၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြောင့် မန်းလေးမြို့က စက်ရုံအသစ်စက်စက်လေး ပြိုပျက်ပြီး ပြင်ဦးလွင်ကို ပြောင်းရွှေ့ခဲ့ရာမှာ ပြင်ဦးလွင်မြို့ရဲ့ ထိန်းချုပ်မရနိုင်တဲ့ အေးမြတဲ့ရာသီဥတုအခြေအနေနဲ့အတူ

Import အခက်အခဲကြောင့် Protien Bite တွေရဲ့ Packaging အထူအပါး Quality မညီမျှမှုတွေကြောင့်

Protien Bite Original နဲ့ Protein Bite Diabetes အချို့မှာ ဆီဂျီးနံ့နံတဲ့ ပြဿနာကို စုံစမ်းတွေ့ရှိခဲ့ရတဲ့အတွက်

ပထမဦးစွာ Healthy & Happy Brand ကို ယုံယုံကြည်ကြည် စားသုံးနေပါသော customer များ

ဆီဂျီးနံ့နံသော Healthy & Happy Protien Bite ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါသော၊ ငွေကြေးအလေအလွင့်ဖြစ်ခဲ့ရပါသော Customer များအား အနူးအညွတ်တောင်းပန်ပါရစေရှင့်။ 🙏🙏🙏

တဆက်တည်းမှာပဲ Protien Bite လေးတွေ ဆီဂျီးနံ့ နံတဲ့ ပြဿနာကို Bad Review မတင်၊ အပြစ်မမြင်ဘဲ မေတ္တာရှေ့ထားကာ Message မှတမျိုး၊ ဖုန်းနဲ့တဖုံဆက်သွယ်အကြံပြု အကြောင်းကြားပေးပါသော customer တွေကြောင့်လည်း ခွန်အားအများကြီးဖြစ်ရတာမို့လို့ မှတ်မှတ်ရရ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင့်။

Healthy & Happy အနေနဲ့လည်း "မြန်မာပြည်ရဲ့အာဟာရလိုအပ်ချပ်ကို တထောင့်တနေရာကနေဖြည့်ဆည်းပေးဖို့၊ အာဟာရပြည့်ဝတဲ့အစားအစာတွေကို လူတိုင်း အလွယ်တကူ လက်လှမ်းမီဖို့" ဆိုတဲ့ စတင်တည်ထောင်စဉ်ကတည်းက ကတိတဝတ်အတိုင်း ယနေ့အထိတိုင် လိုက်နာကျင့်သုံးနေတာမို့လို့

Healthy & Happy Protien Bite လေးကြောင့် အဆင်မပြေဖြစ်ခဲ့ရပါသော customer များအား ငွေကြေးဆုံးရှုံးမှုမဖြစ်စေရန်အတွက် (၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ) Protein Bite များအား မေတ္တာလက်ဆောင် ပြန်လည်ပို့ဆောင်ရင်း တာဝန်ယူသွားမှာဖြစ်တဲ့အတွက် Online မှဖြစ်စေ၊ မည်သည့်ဆိုင်မှမဆို၊ မည်သည့်ကိုယ်စားလှယ်ထံမှမဆို ဝယ်ယူခဲ့သည်ဖြစ်စေ ဝယ်ယူခဲ့သောအထောက်အထားတစုံတရာအား Healthy & Happy page Messenger မှ ပေးပို့ပြီး တာဝန်သိစွာနဲ့ တာဝန်ယူခွင့်ပြုပါရန် မေတ္တာရပ်ခံပါရစေရှင့်။ 🙏🙏🙏

အရေပြားချွေးပေါက်လေးတွေထဲထိ စိမ့်ဝင်နိုင်အောင် သေးငယ်တဲ့ PM2.5 အမှုန်လေးတွေ၊ မီးခိုး၊ Heavy Metals တွေလိုအမှုန်အမွှားတွေ...
23/02/2026

အရေပြားချွေးပေါက်လေးတွေထဲထိ စိမ့်ဝင်နိုင်အောင် သေးငယ်တဲ့ PM2.5 အမှုန်လေးတွေ၊ မီးခိုး၊ Heavy Metals တွေလိုအမှုန်အမွှားတွေနဲ့

အရေပြားအလှတရားအတွက်ဆို
အိုမင်းရင့်ရော်ခြင်း
အသားအရေလျော့တွဲခြင်း
အရေးအကြောင်း
အသားရောင်ညစ်နွမ်းခြင်း၊ ရောင်ရမ်းခြင်းကနေအစပြုလို့ တင်းတိပ် အမည်းစက် အသားရောင်မညီညာခြင်းတွေအထိ ဖြစ်စေတဲ့ လေထုညစ်ညမ်းခြင်းပြဿနာ

ကျန်းမာရေးနဲ့ပတ်သက်လာရင်
အဆုပ်ယောင်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆုပ်ရဲ့စွမ်းဆောင်ရ​ည်ကျဆင်းခြင်းကနေအစပြုလို့
သွေးတိုး၊ လေဖြတ်၊ နှလုံးရောဂါ၊ ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ မှတ်ဉာဏ်စွမ်းဆောင်ရည်ကျဆင်းခြင်းနဲ့ ခန္ဓာကိုယ် ခုခံအားလျော့နည်းလာခြင်းတွေအထိဖြစ်​စေနိုင်တဲ့ လေထုညစ်ညမ်းခြင်းတွေ ကြီးစိုးနေတဲ့ကာလမှာ

1️⃣အတတ်နိုင်ဆုံးအပြင်မထွက်ဘဲနေပါ။
2️⃣အပြင်ထွက်ခဲ့အခါတိုင်း Mask တပ်ပါ။
3️⃣PM2.5 Protection လိုပါဝင်တဲ့ sunscreen မျိုး သေသေချာချာလိမ်းပါ။
4️⃣ရေဓာတ်ပြည့်ဝအောင်နေပါ။
5️⃣အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။
6️⃣ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကောင်းစေဖို့ Vitamin C လို anti oxidant ကြွယ်ဝတဲ့အစားအစာမျိုး ၊ အသားဓာတ်ကြွယ်ဝပြီး အာဟာရပြည့်စေမယ့် အစားအစာမျိုး များများစားပေးပါ။

တကယ်လို့များ
✔️သားသတ်လွတ်သမားလည်းဖြစ်လို့ အသားရှောင်တယ်
✔️ဆီးချို/ ကင်ဆာကြောင့် အချို၊ ကြာရှည်ခံဆေးလိုမျိုးမပါအောင် သတိထားစားသုံးနေတယ်
✔️အသားဓာတ်လည်းလိုအပ်တယ်...ဆိုရင်တော့
မြေပဲ၊ ကုလားပဲတွေကနေရှိတဲ့ Plant-based Protein ကိုမှ အုတ်ဂျုံ၊ ဂျုံကြမ်းတွေနဲ့ပေါင်းစပ်ပြီး
တချပ်စားတိုင်း Plant-based Protein 4g
၃ ချပ်စားတိုင်း ထမင်းတပန်းကန်၊ အသား (၂) တုံး အာဟာရနဲ့ ညီမျှစေမယ့် Healthy & Happy Protien Bite ကို စားပါ။

&Happy

တအုံနွေးနွေးနဲ့ ချွေးတဖြောက်ဖြောက်ကျတဲ့ရာသီရောက်လာပြီမို့လို့✔️နေရောင်ခြည်ကာကွယ်ဆေးသုံးပါ။✔️ရေဓာတ်ပြည့်အောင်ဖြည့်ပါ။✔️အာ...
20/02/2026

တအုံနွေးနွေးနဲ့ ချွေးတဖြောက်ဖြောက်ကျတဲ့ရာသီရောက်လာပြီမို့လို့
✔️နေရောင်ခြည်ကာကွယ်ဆေးသုံးပါ။
✔️ရေဓာတ်ပြည့်အောင်ဖြည့်ပါ။
✔️အာဟာရပြည့်အောင်စားပါ။
✔️နေပူကျဲတဲအပြင်ထွက်ဝယ်မယ့်အစား
တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့မုန့်ကားလေးနဲ့ Healthy & Happy ရဲ့ ကွတ်ကီးအပါအဝင် ပေါင်မုန့်၊ ကိတ်မုန့်လေးတွေမှာစားပါ။
ဘာစားရရင်ကောင်းမလဲ၊ ဘယ်လိုအရစာလေးတွေလဲ သိချင်တယ်ဆိုရင်တော့ Healthy & Happy page မှာ Hello လေးသာလုပ်လိုက်ပါ။

&Happy

 #ချိုချိုလေးစားချင်တယ် သွားကိုက်မှာကြောက်တယ်... ဝိတ်တတ်မှာ စိုးရိမ်တယ်ဆိုသူတွေအတွက်🍪အားပါးတရ တချပ်လုံးစားလိုက်မှ 61 Cal...
18/02/2026

#ချိုချိုလေးစားချင်တယ် သွားကိုက်မှာကြောက်တယ်... ဝိတ်တတ်မှာ စိုးရိမ်တယ်ဆိုသူတွေအတွက်

🍪အားပါးတရ တချပ်လုံးစားလိုက်မှ 61 Cal ပဲပါအောင် အာဟာရဆရာဝန်ကိုယ်တိုင် ပူးပေါင်းပါဝင်ကြပ်မတ်ထားတဲ့ Low calories ကွတ်ကီး

🍪ကြွပ်ကြွပ်မွမွလေးကိုမှ chocolate chips လေးတွေရဲ့ တထောက်ထောက်မြည်သံလေးနဲ့အတူ

🍪ချိုတိုတို စိမ့်တိမ့်တိမ့် သက်တတ်တတ် အရသာလေးနဲ့မို့ စားပြီးရင်း စားချင် လျှာပေါ်မှာ စွဲစေမယ့် ကွတ်ကီး

🍪အချိုမကဲလို့ သွားမကိုက် သွားမနာ ကလေးငယ်တွေပါ စိတ်ချလက်ချ စားနိုင်တဲ့ ကွတ်ကီးဆို

Healthy & Happy Chocolate Chips Cookies ကိုသာရွေးချယ်ပါ။
#ဆီးချိုဝေဒနာရှင်များစားသုံးရန်မသင့်ပါ

ချစ်ခင် မြတ်နိုး ကြင်နာသူတွေအတွက် အကောင်းဆုံးတွေကို ဖြည့်ဆည်းပေးရမှ ကျေနပ်ရသူတွေအတွက် မကြာခင်ကျရောက်တော့မယ့် ချစ်သူများန...
06/02/2026

ချစ်ခင် မြတ်နိုး ကြင်နာသူတွေအတွက် အကောင်းဆုံးတွေကို ဖြည့်ဆည်းပေးရမှ ကျေနပ်ရသူတွေအတွက် မကြာခင်ကျရောက်တော့မယ့် ချစ်သူများနေ့မှာ
အာဟာရလည်း ပြည့်ရမယ်။
ကျန်းမာရေးနဲ့လည်း ညီညွတ်ရမယ်။
ဆီးချို ကင်ဆာဝေဒနာရှင်တွေအထိပါစားလို့ရအောင် အချို/ ကြာရှည်ခံဆေးကင်းရမယ်။
အရသာလည်း ရှိရမယ်ဆိုတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ အဆာပြေမုန့်တွေကိုရှာဖွေနေတယိဆိုရင် Healthy & Happy ကို သာသတိရလိုက်ပါ။

တနင်္လာနေ့တိုင်း ရန်ကုန်အိမ်အရောက်ပို့ မုန့်ကားလေးအတွက် အော်ဒါတင်ဖို့ အချိန်ကျရောက်လာပြီမို့လို့ လိပ်စာ၊ ဖုန်း အပြည့်အစုံလေးနဲ့ Hello လေးသာ လုပ်လိုက်တော့နော်။

&Happy

ဘာလေးပဲစားစား အရသာဆိုတဲ့အထဲမှာ မေတ္တာတွေပါထည့်သွင်းဖန်တီးထားတဲ့ Healthy & Happy ရဲ့ cookies လေးတွေအပါအဝင် မုန့်အစိုလေးတွ...
30/01/2026

ဘာလေးပဲစားစား အရသာဆိုတဲ့အထဲမှာ မေတ္တာတွေပါထည့်သွင်းဖန်တီးထားတဲ့ Healthy & Happy ရဲ့ cookies လေးတွေအပါအဝင် မုန့်အစိုလေးတွေကို
ရန်ကုန်၊ မန္တလေး အိမ်အရောက်ပို့ဆောင်ပေးဖို့အတွက် အော်ဒါတင်ရမယ့်အချိန်ရောက်ရှိလို့လာပြီမို့လို့ လိပ်စာ၊ ဖုန်းအပြည့်အစုံလေးနဲ့ Hello လေးသာ လုပ်လိုက်တော့နော်။
&Happy

သေးသေးလေးတော့ သေးသေးလေးပဲ...ဒါပေမယ့်   လို့တောင်တင်စားကြရတဲ့အစေ့အဆန်...🥜 🌰Monosaturated Fats, Polysaturated Fats တို့လို...
29/01/2026

သေးသေးလေးတော့ သေးသေးလေးပဲ...ဒါပေမယ့် လို့တောင်တင်စားကြရတဲ့အစေ့အဆန်...
🥜 🌰Monosaturated Fats, Polysaturated Fats တို့လို့ Healthy Fats တွေကြွယ်ကြွယ်ဝဝ ပါဝင်လို့ မကောင်းတဲ့ကိုလက်စ်ထရောတွေကိုကျစေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်။
🥜 🌰Carbs နည်းပြီး အမျှင်ဓာတ်ကြွယ်ဝလို့ သကြားဓာတ်ကို စုပ်ယူမှုနှေးစေတဲ့အတွက် ဆီးချိုထိန်းနေသူတွေအတွက် အထောက်ကူဖြစ်စေတယ်။
🥜 🌰အသားဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝလို့ အချိန်အကြာကြီးအဆာခံစေတဲ့အပြင် စားချင်စိတ်ကို လျှော့ချစေလို့ ဝိတ်ထိန်းရာမှာ အကူအညီရောက်သလို ကြွက်သားတွေကို ပြုပြင်ထိန်းသိမ်းရာမှာလည်း အသုံးဝင်နေစေပြန်ရော။
🥜 🌰Vitamin E, magnesium, Zinc, Selenium နဲ့ Vitamin B အုပ်စုတွေလို essential nutrients တွေပါဝင်နေတဲ့အတွက် အရေပြားအလှအပကနေစလိို့ အာရုံကြောတွေအထိ ကျန်းမာစေမယ်။
🥜 🌰ဦးနှောက်လုပ်ဆောင်မှုတွေကို ပိုအားကောင်းစေသလို မှတ်ဥာဏ််အတွက်လည်း အကျိုုးရှိစေမယ်။
🥜 🌰စားပြီးတိုင်း ပြည့်ဝတင်းတိမ်စိတ်ကိုဖြစ်စေလို့ ဝိတ်ထိန်းရာမှာလည်း အထောက်အကူပြုမယ်။
🥜 🌰Anti-inflammatory အာနိသင်ကြောင့် ရောင်ရမ်းနာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ဦးမယ်။

ဒါပေမယ့် ဒီလိုအကျိုးအာနိသင်တွေရဖို့ဆိုတာ ဘာအစေ့အဆန်ကို စားရမလဲ...
တွေးပူစရာမလိုပါဘူး။
Nutrient Powerhouse လို့တင်စားထားတဲ့ အစေ့အဆန်ပေါင်းများစွာရဲ့ ခွန်အားတွေကို စုစည်းထားပြီး
အာဟာရဆရာဝန်ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ တချပ်စားတိုင်း 88 cal, Protein 2.1 g ရရှိအောင်ဖန်တီးထားပြီး
Sugar Free မို့လို့ ဆီးချိုသမားတွေလည်းအဆင်ပြေ၊ ကင်ဆာဝေဒနာရှင်တွေလည်း အဆင်ပြေ
ဝိတ်ထိန်းနေသူတွေပါအဆင်ပြေစေမယ့်
စိမ့်စိမ့်မွှေးမွှေးအရသာလေးနဲ့ Healthy & Happy Nuts Cookies ကိုစားပါ။

&Happy #အစေ့အဆန် #ဆီးချို #ကင်ဆာ

 #ဝိတ်လည်းကျ  #ဗိုက်လည်းဝစေမယ့်နံနက်စာ Healthy & Happy Wholemeal Bread ပါဂျုံကြမ်းကနေလုပ်ထားတာဖြစ်လို့ ပေါင်မုန့်ဖြူဖြူန...
28/01/2026

#ဝိတ်လည်းကျ #ဗိုက်လည်းဝစေမယ့်နံနက်စာ Healthy & Happy Wholemeal Bread ပါ
ဂျုံကြမ်းကနေလုပ်ထားတာဖြစ်လို့ ပေါင်မုန့်ဖြူဖြူနုနုလေးတွေထက်ပိုပြီး အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်ကြွယ်ဝတယ်....
အစာခြေနှေးကွေးစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ထိန်းပေးရာမှာ ကူညီပေးနိုင်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေတယ်...
အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အဆာခံစေတဲ့အပြင်
အာဟာရဆရာဝန်ကြီးကြပ်မှုနဲ့ ဖန်တီးထားတာဖြစ်လို့ တချပ်လုံးစားမှ 60 cal သာ ပါတဲ့အတွက် ဝိတ်ထိန်းနေသူတွေအတွက် အထောက်အကူဖြစ်စေတယ်။
နှလုံးနဲ့ အူလမ်းကြောင်းကျန်းမာရေးကောင်းမွန်စေဖို့ ကူညီပေးနိုင်တယ်။
ကြာရှည်ခံဆေးလုံးဝမသုံးထားဘဲ အော်ဒါတင်မှ လတ်လတ်ဆတ်ဆတ်လုပ်ပေးတာဖြစ်တဲ့အတွက် ကင်ဆာဝေဒနာရှင်တွေအတွက်ပါ လုံးဝအဆင်ပြေစေဦးမယ်။
&Happy #ပေါင်မုန့်ကြမ်း #ဆီးချို #ကင်ဆာ

တနင်္လာနေ့တိုင်း ရန်ကုန်မြို့တွင်းအိမ်အ​ရောက်ပို့ဆောင်ပေးမယ့် မုန့်ကားလေးအတွက် အော်ဒါတင်ဖို့ အချိန်ကျရောက်လို့လာပါပြီ။ ဒ...
23/01/2026

တနင်္လာနေ့တိုင်း ရန်ကုန်မြို့တွင်းအိမ်အ​ရောက်ပို့ဆောင်ပေးမယ့် မုန့်ကားလေးအတွက် အော်ဒါတင်ဖို့ အချိန်ကျရောက်လို့လာပါပြီ။ ဒီတပါတ်ရော ဘာမုန့်လေးတွေမှာကြမလဲ...
ညဘက်ဗိုက်ဆာတတ်တဲ့သူတွေ၊ ညဘက်တခုခုစားမှ အိပ်ပျော်ပါတယ်ဆိုတဲ့သူတွေအနေနဲ့ကတော့ တချပ်လုံးစားမှ 15 Cal နဲ့ ကယ်လိုရီအနည်းဆုံး Lavash ကို မဖြစ်မနေမှာပါ။

Workout လုပ်သူတွေ၊ အလုပ်များလို့ စားချိန်မမှန်သူတွေအနေနဲ့ကတော့ Muscle Growth/ Recover အတွက်ရော ၊ အဆာခံဖို့အတွက် တချပ်ကို Plant-based Protien 4 g နဲ့ ၃ ချပ်စားတိုင်း ထမင်းတပန်းကန် အသား၂ တုံးအာဟာရနဲ့ ညီမျှတဲ့ Protien Bite နဲ့ တချောင်းစားတိုင်း Plant-based Protien 7 g နဲ့ ၆ နာရီဝန်းကျင်အဆာခံစေမယ့် Energy Bar ကို မှာပါ။

တချပ်၊ ၂ ချပ်လောက်စားလိုက်တာနဲ့ အဆာလည်းပြေ အာဟာရလည်းပြည့်ချင်သူတွေကတော့ နံနက်ခင်းစားစား၊ နေ့လည်ခင်းစားစား ဘယ်အချိန်မှာမဆိုအဆင်ပြေစေမယ့် Nuts Cake, Nuts Bread, Wholemeal Bread လေးတွေမဖြစ်မနေမှာပါ... ဆိုတော့

အော်ဒါနောက်ဆုံးမှာယူနိုင်တဲ့အချိန်လေးက ဇန်နဝါရီလ ၂၄ ရက်နေ့ စနေနေ့ည (၇) နာရီမို့လို့ လိပ်စာ၊ ဖုန်းအပြည့်အစုံလေးနဲ့ Hello လေးသာလုပ်လိုက်တော့နော်။

&Happy

 #တရေးနိုးထစားရင်တောင်ဝိတ်မတတ်မယ့်မုန့်...အာလူးကြော် ငါးမုန့်ကြော်တွေလိုမျိုး တကြွပ်ကြွပ်မြည်အောင် ဝါးချင်တယ်ဒါပေမယ့် ဝိ...
22/01/2026

#တရေးနိုးထစားရင်တောင်ဝိတ်မတတ်မယ့်မုန့်...
အာလူးကြော် ငါးမုန့်ကြော်တွေလိုမျိုး တကြွပ်ကြွပ်မြည်အောင် ဝါးချင်တယ်
ဒါပေမယ့် ဝိတ်လည်းမတတ်ချင်ဘူး။
ဆီတရွှဲရွှဲနဲ့ စားပြီး အီနေတာမျိုးမဖြစ်ချင်ဘူး။
ကျန်းမာရေးလိုအပ်ချက်ကြောင့် အချိုရှောင်နေရပေမယ့်
အရသာရှိရှိလေးလည်း စားချင်တယ်။
တချပ်လုံးကို တကြွပ်ကြွပ်ဝါးမှ 15 cal ပဲပါတာမို့လို့ နံနက်စားစား နေ့လည်စားစား ညနေခင်းစားစား တရေးနိုးထစားစား ဝိတ်တတ်မှာ စိုးရိမ်စရာမလိုတာမျိုးဆို
စိမ့်စိမ့်အရသာလေးကိုမှ နှမ်းစေ့မွှေးမွှေးရနံ့လေးနဲ့ ထိထိမိမိတကြွပ်ကြွပ်မြည်သံလေးကို နားသောတဆင်ရင်း Healthy & Happy Lavash (နှမ်းမုန့်ကြွပ်) ကို စားပါ။
&Happy #နှမ်းမုန့်ကြွပ် #ဆီးချို

Weight Gain လား...Weight Loss လား...Breakfast ကနေအစပြုလို့၊ နေ့လည်ခင်း Snack အလည်၊ ညအဆာပြေအဆုံး Healthy Food တွေနဲ့ ကိုယ...
21/01/2026

Weight Gain လား...Weight Loss လား...
Breakfast ကနေအစပြုလို့၊ နေ့လည်ခင်း Snack အလည်၊ ညအဆာပြေအဆုံး Healthy Food တွေနဲ့ ကိုယ်လိုချင်တဲ့ Body goal ကို ဖန်တီးချင်သူတွေအတွက်
🥜အာဟာရဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ ထမင်းစားဇွန်း (၂) ဇွန်းစားတိုင်း Muscle Growth နဲ့ Recovery အတွက် အထောက်အကူပြုပေးမယ့် Plant-based Protien 7 g နဲ့အတူ
🥜ဆီးချို၊ ကင်ဆာဝေဒနာရှင်တွေအထိပါ စိတ်ချလက်ချစားသုံးနိုင်ဖို့ အချိုလုံးဝမပါဝင်ဘဲ
🥜ဝယ်ရလွယ်
🥜သယ်ရလွယ်
🥜စားရလွယ်စေမယ့်
Healthy & Happy Peanut Butter က တစိတ်တပိုင်း ကူညီပါရစေ...။
&happy #မြေပဲထောပတ် #အသားဓာတ် #ဆီးချို #ကင်ဆာ

Address

58 Street
Mandalay
05031

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+95943017677

Website

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy & Happy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

About Healthy & Happy

“Eating Healthy , Living Happy”

ဟုတ်ပါတယ် Healthy & Happy ဆိုတဲ့ 2017 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ တဲ့ ဒီအမည်နာမလေး အတိုင်းပဲ

.... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို ထုတ်ပိုလုပ်ပို့ဆောင်ပေးပြီး ၊ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေချင်တာ Healthy & Happy ရဲ့ အဓိက ရည်ရွယ်ချက်ပါ။