Golden Light - Rohto Eye Hospital

Golden Light - Rohto Eye Hospital Sight for All, Vision for Future

"ဝိတ်တွေ အရမ်းတက်လာရင် ခန္ဓာကိုယ်အလှအပတင်မကဘဲ... ကိုယ့်ရဲ့ မျက်လုံးလေးတွေကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာ သိပြီးပြီလား?"အဝလွ...
24/03/2026

"ဝိတ်တွေ အရမ်းတက်လာရင် ခန္ဓာကိုယ်အလှအပတင်မကဘဲ... ကိုယ့်ရဲ့ မျက်လုံးလေးတွေကိုပါ ထိခိုက်လာနိုင်တယ်ဆိုတာ သိပြီးပြီလား?"

အဝလွန်တာက သွေးတိုး၊ ဆီးချို စတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတယ်ဆိုတာတော့ လူတိုင်းလိုလို သိထားပြီးသားပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ တန်ဖိုးထားရတဲ့ "မျက်စိအမြင်အာရုံ" ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သတိထားမိသူ တော်တော်လေး နည်းပါသေးတယ်။

လတ်တလောမှာ Goldschleger Eye Institute က သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အဝလွန်ခြင်းနဲ့ မျက်စိရောဂါတွေကြားမှာ တိုက်ရိုက်ဆက်စပ်မှုကြီး ရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဝိတ်တက်လာတဲ့အခါ ဂရုစိုက်ရမယ့်အထဲမှာ မျက်စိကျန်းမာရေးကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

🤔 "ဝတာနဲ့ မျက်စိနဲ့ ဘာဆိုင်လို့လဲ" လို့ မေးစရာရှိလာပြီပေါ့...
ဒီလိုပါ... အဝလွန်လာတဲ့အခါ ခြေလက်သွေးကြောကျဉ်းတာတွေ၊ ဆီးချိုရောဂါတွေ ဝင်လာတတ်ပါတယ်။ အဲဒီအခါ မျက်လုံးထဲက သေးငယ်နုနယ်တဲ့ သွေးကြောလေးတွေဟာ အားနည်းလာပြီး မျက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ကောင်းကောင်း မပို့ပေးနိုင်တော့ပါဘူး။

ဒီလိုနဲ့ မျက်လုံးလေးတွေ အာဟာရပြတ်ပြီး အောက်ပါရောဂါတွေ ဝင်လာပါတော့တယ် -
🩸 ဆီးချိုကြောင့် မြင်လွှာထိခိုက်ခြင်း (Diabetic Retinopathy)
🌊 ရေတိမ် (Glaucoma)
👁️ မြင်လွှာသွေးကြောပိတ်ခြင်းနဲ့ တခြား မြင်လွှာရောဂါများ
🧠 လေဖြတ်ခြင်းကြောင့် အမြင်အာရုံ ရုတ်တရက်ဆုံးရှုံးခြင်း
👵👴 အသက်အရွယ်ကြောင့် ဗဟိုအမြင်အာရုံ ယိုယွင်းခြင်း (AMD)
🌫️ မျက်စိအတွင်းတိမ် (Cataracts) စတဲ့ရောဂါတွေဖြစ်လာပါတယ်။

🛡️ ဒါဆို ကိုယ့်ရဲ့ အမြင်အာရုံလေး မထိခိုက်ရအောင် ဘယ်လိုကာကွယ်ကြမလဲ?

🥦 ဗီတာမင် C, E နဲ့ Lutein, Zeaxanthin, Omega-3, Zinc စတဲ့ မျက်စိအားဖြည့်ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။

🏃‍♀️ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးပါ။

🥗 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

🩺 အရေးကြီးဆုံးကတော့ တစ်နှစ်ကို တစ်ကြိမ် မျက်စိပုံမှန် စစ်ဆေးပေးပါ။

တကယ်လို့ ကိုယ်က အခုတလော ဝိတ်တွေ အရမ်းတက်လာလို့ စိုးရိမ်နေရပြီဆိုရင်တော့... အချိန်မဆွဲပါနဲ့နော်။ ကိုယ့်ရဲ့ မျက်စိကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး သွားရောက်စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေ။

(ဝိတ်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေ၊ ချစ်ရသူတွေရှိရင်လည်း သတိထားမိသွားအောင် ဒီ Post လေးကို အခုပဲ Share ပြီး မျှဝေပေးလိုက်ပါဦးနော် ✨)

မန္တလေးမြို့က ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးကတော့ သင့်ရဲ့ မျက်စိအမြင်အာရုံလေးတွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ အမြဲတမ်း နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်ရှင်။ 🥰

🏨- ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ - 09 686868 473 , 09 686868 436
09-944458885 , 09-944468886

"မျက်စိခွဲရမယ်" လို့ ဆရာဝန်က ပြောလိုက်တဲ့အခါ... ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားဖူးလား❓ ⭕(ခွဲရမှာကြောက်နေတဲ့ သူတိုင်းကို ပြောပြလို...
22/03/2026

"မျက်စိခွဲရမယ်" လို့ ဆရာဝန်က ပြောလိုက်တဲ့အခါ... ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားဖူးလား❓
⭕(ခွဲရမှာကြောက်နေတဲ့ သူတိုင်းကို ပြောပြလို့ရအောင် ဒီ Post လေးကို အခုပဲ ထားလိုက်ပါဦးနော်)⭕

ကိုယ့် မိဘဘိုးဘွားတွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် ဒီစကားကြားလိုက်ရင် စိုးရိမ်သွားကြတာ သဘာဝပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ဆီမှာက မျက်စိခွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကြောက်စရာအတွေးလေးတွေက အရိုးစွဲနေတတ်ကြတယ်လေ။

ဒါပေမဲ့... တကယ်ရော အဲဒီလောက် ကြောက်စရာကောင်းနေသေးလား❓

ဒီနေ့တော့ အဲဒီအကြောက်တရားလေးတွေကို အကုန်ဖယ်ရှားပေးမယ့် အချက်လေးတွေကို ရှင်းပြပေးပါရစေ။
🔪 (၁) "မျက်စိကို ဓားကြီးနဲ့ ခွဲမှာလားဟင်?"
လူတော်တော်များများက မျက်စိကို ဓားနဲ့ခွဲမယ်လို့ တွေးကြောက်တတ်ကြပါတယ်။ တကယ်တော့ အခုခေတ်မှာ မျက်စိခွဲစိတ်မှု အများစုက ဓားကို သုံးလေ့မရှိတော့ပါဘူး။ အပ်ပေါက်လောက် သေးငယ်တဲ့ အပေါက်လေးကနေတစ်ဆင့် အသံလှိုင်း (Ultrasound) ဒါမှမဟုတ် လေဆာ (Laser) တွေနဲ့ အဆင့်မြင့် ခွဲစိတ်ကြတာပါ။ အပ်နဲ့ ပြန်ချုပ်ရတာမျိုးတောင် မရှိသလောက်ကို ရှားသွားပါပြီနော်။

👁️ (၂) "မျက်လုံးကြီး ဖွင့်ထားရမှာဆိုတော့ နာမှာပေါ့..."
"လူက သတိလည်နေလျက်ကြီးနဲ့ မျက်လုံးကို ခွဲမှာဆိုတော့ အမလေး... တွေးကြည့်ရုံနဲ့ ကြက်သီးထတယ်" ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ ခွဲခါနီးမှာ ထုံဆေးမျက်စဉ်းလေး ခတ်ပေးလိုက်တာမို့ မျက်လုံးလေးက ဘာမှမသိတော့ပါဘူး။ ခွဲနေတုန်းမှာလည်း ဆရာဝန်ကြီးတွေက အလင်းရောင်လေးတစ်ခုကိုပဲ ကြည့်ခိုင်းထားမှာမို့ ဘာတွေလုပ်နေလဲဆိုတာလည်း မမြင်ရသလို၊ နာကျင်မှုကိုလည်း လုံးဝ (လုံးဝ) မခံစားရပါဘူး။

📉 (၃) "ခွဲပြီးမှ အမြင်အာရုံ ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ?"
ဒါကတော့ လူတိုင်းအပူဆုံး အချက်ပါပဲ။ နည်းပညာတွေ အရမ်းတိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ အတွင်းတိမ်၊ ရေတိမ် ခွဲစိတ်မှုတွေရဲ့ အောင်မြင်မှုနှုန်းက ၉၅% အထက်မှာ ရှိပါတယ်။ တကယ်တမ်း အကြောက်ဆုံးဖြစ်ရမှာက "ခွဲရမှာကြောက်လို့ ဒီအတိုင်းထားလိုက်ရင်းကနေ အမြင်အာရုံ ထာဝရ ကွယ်ပျောက်သွားမှာ" ကိုပါပဲ။

🛌 (၄) "ခွဲပြီးရင် အကြာကြီး အိပ်ရာထဲ နားနေရမှာလား?"
စားဝတ်နေရေး၊ အလုပ်ကိစ္စတွေ တစ်ဖက်နဲ့မို့ အကြာကြီး နားရမှာကို စိုးရိမ်နေလား? အတွင်းတိမ်၊ ရေတိမ် ခွဲစိတ်တာတွေက ခွဲပြီးတာနဲ့ ဆေးရုံကနေ ချက်ချင်း အိမ်ပြန်လို့ရတဲ့ ကုသမှုမျိုးပါ။ အိမ်ရောက်ရင်လည်း ပုံမှန်အတိုင်း လမ်းလျှောက်၊ စကားပြောလို့ ရပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်နိုင်ပါပြီ။ (မျက်စိထဲ ရေမဝင်အောင်၊ ဖုန်မဝင်အောင် ဆောင်ရန် ရှောင်ရန်လေးတွေတော့ ဂရုစိုက်ပေးရမှာပေါ့နော်)

အတွင်းတိမ်ကြောင့် မှုန်ဝါးနေတာပဲဖြစ်ဖြစ်၊ ရေတိမ်ကြောင့် ဝေဒနာခံစားနေရတာပဲဖြစ်ဖြစ် အချိန်မီ ခွဲစိတ်ကုသခြင်းကသာ အမြင်အာရုံကို တစ်သက်လုံး ဆုံးရှုံးမသွားအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်တာပါ။ ဒါကြောင့် လိုအပ်လာပြီဆိုရင် "မျက်စိခွဲဖို့ လုံးဝ မကြောက်ပါနဲ့တော့နော်" လို့ နွေးနွေးထွေးထွေး အားပေးချင်ပါတယ်။

ကြောက်စိတ်လေးတွေ ဖယ်ထားပြီး ယုံကြည်စိတ်ချစွာနဲ့ ခွဲစိတ်ကုသမှု ခံယူချင်တယ်ဆိုရင်တော့... ကျွမ်းကျင်ဝါရင့် မျက်စိအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ခေတ်မီစက်ကိရိယာတွေနဲ့ သင့်မျက်စိအတွက် အကောင်းဆုံး စောင့်ရှောက်မှုပေးနေတဲ့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးကိုသာ စိတ်အေးချမ်းသာစွာနဲ့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

🏨- ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
☎️ - 09 686868 473 , 09 686868 436
09-944458885 , 09-944468886

#ရွှေအလင်းရောင်ရိုတိုမျက်စိအထူးကုဆေးရုံ

သူများတွေအတွက် ပုံမှန်အလင်းရောင်လေးက ကိုယ့်အတွက်တော့ မျက်စိထဲ စူးဝင်နေသလိုမျိုး ခံစားရခက်နေပြီလား?ဒါဆိုရင်တော့ ဆေးပညာအရ ...
19/03/2026

သူများတွေအတွက် ပုံမှန်အလင်းရောင်လေးက ကိုယ့်အတွက်တော့ မျက်စိထဲ စူးဝင်နေသလိုမျိုး ခံစားရခက်နေပြီလား?

ဒါဆိုရင်တော့ ဆေးပညာအရ ဒါကို "အလင်းစူးခြင်း (Photophobia)" လို့ ခေါ်ပါတယ်နော်။ အလင်းစူးတဲ့အခါ မျက်စိက ကလယ်ကလယ်နဲ့ နေရခက်ရုံတင်မကဘဲ၊ ဆိုးလာရင် မျက်လုံးထဲကနေ နာကျင်တဲ့အထိပါ ဖြစ်တတ်ပါတယ်။ တကယ်တော့ အလင်းစူးတယ်ဆိုတာ ရောဂါကြီးတစ်ခုတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကိုယ့်မျက်လုံးလေးမှာ ရောဂါတစ်ခုခု ရှိနေပြီဆိုတာကို သတိပေးနေတဲ့ လက္ခဏာလေးတစ်ခု ဖြစ်နေတတ်ပါတယ်။

ဒီနေ့မှာတော့ ဘာလို့များ ကိုယ့်မျက်လုံးလေးတွေက အလင်းရောင်ကို ကြောက်နေရတာလဲဆိုတဲ့ အကြောင်းရင်းတွေထဲကမှ မျက်စိနဲ့တိုက်ရိုက်ပတ်သက်နေတဲ့ အချက်လေးတချို့ကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်ရှင်။

💧 (၁) မျက်သားခြောက်ခြင်း
မျက်ရည်အိတ်လေးကနေ မျက်ရည်အလုံအလောက် မထုတ်ပေးနိုင်တာ၊ ဒါမှမဟုတ် ထွက်လာတဲ့ မျက်ရည်လေးတွေက အငွေ့ပျံတာမြန်လွန်းတဲ့အခါ မျက်သားလေးတွေ ခြောက်သွေ့လာပါတယ်။ အဲဒီလို အစိုဓာတ်လေး နည်းသွားတဲ့အခါ မျက်လုံးလေးက အလင်းရောင်ကို ကောင်းကောင်းမခံနိုင်တော့ဘဲ စူးလာပါတော့တယ်။

🤕 (၂) မျက်ကြည်လွှာ ထိခိုက်မိခြင်း
ကိုယ့်ရဲ့ နူးညံ့လှတဲ့ မျက်ကြည်လွှာလေးမှာ ဖုန်ဝင်တာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ပွန်းပဲ့ထိခိုက်သွားတဲ့အခါ အလင်းရောင်ကို အာရုံခံနိုင်စွမ်း အရမ်းများသွားပါတယ်။ နည်းနည်းလေး ထိခိုက်မိရင်တောင် နေရောင်ထဲထွက်တာနဲ့ သိသာစွာ မျက်စိစူးတတ်ပါတယ်နော်။

🦠 (၃) မျက်စိနာခြင်း
ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေကြောင့် မျက်စိနာတဲ့အခါ မျက်လုံးလေးတွေ နီရဲပြီး ယားယံလာတဲ့အပြင် အလင်းရောင်ကိုလည်း ကြည့်ရခက်ပြီး စူးလာတတ်ပါတယ်။

👁️ (၄) မျက်လုံးအလယ်လွှာ ရောင်ရမ်းခြင်း
ဒီဝေဒနာလေးဖြစ်လာရင်တော့ အလင်းစူးရုံတင်မကတော့ဘဲ အမြင်အာရုံတွေ ဝါးလာမယ်၊ မျက်လုံးလေးတွေ နီလာမယ်၊ ပြီးတော့ နာကျင်တာမျိုးတွေပါ တွဲပြီး ခံစားရတတ်ပါတယ်။

🌫️ (၅) အတွင်းတိမ်
အတွင်းတိမ်ဖြစ်လာပြီဆိုရင် မျက်လုံးထဲက မှန်ဘီလူးလေးက ညစ်နောက်လာပါတယ်။ ဒီတော့ အပြင်ကနေ ဝင်လာတဲ့ အလင်းတန်းတွေကို ဖြောင့်ဖြောင့်တန်းတန်း မဖြတ်သန်းနိုင်တော့ဘဲ ပြန့်ကျဲသွားစေလို့ မျက်စိက ပိုပြီး အလင်းစူးလာတာပဲ ဖြစ်ပါတယ်။

🌊 (၆) ရေတိမ်
ရေတိမ်ဆိုတာ မျက်လုံးထဲမှာ အရည်တွေ စုပုံလာပြီး ဖိအားများလာတဲ့အခါ အမြင်အာရုံကြောလေးတွေကို သွားဖိမိပြီး ပျက်စီးစေတာပါ။ အဲဒီလို ပျက်စီးသွားတဲ့ အာရုံကြောလေးတွေက အလင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ပေးတဲ့နေရာမှာ ကမောက်ကမတွေဖြစ်ကုန်လို့ အလင်းစူးတဲ့ ဝေဒနာကို ခံစားရတာပါ။

👁️‍🗨️ (၇) မြင်လွှာပြဿနာများ
မြင်လွှာကွာကျတာ၊ မြင်လွှာဆုတ်ယုတ်ပျက်စီးတာ စတဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါ မျက်လုံးရဲ့ အလင်းတုံ့ပြန်မှုဖြစ်စဉ်ကြီး တစ်ခုလုံး ပြောင်းလဲသွားလို့ အလင်းဒဏ်ကို လုံးဝမခံနိုင်တာမျိုး ဖြစ်လာတတ်ပါတယ်။

ကဲ... အခုဆိုရင် ကိုယ့်မျက်လုံးလေး ဘာလို့ အလင်းစူးနေရတာလဲဆိုတာကို အကြမ်းဖျင်း သိသွားလောက်ပြီ ထင်ပါတယ်နော်။ ဒီလို အလင်းစူးတာလေးက ခဏတဖြုတ်ပဲဖြစ်ပြီး သိပ်မပြင်းထန်ဘူးဆိုရင်တော့ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ အရမ်းကို ကြာနေပြီဆိုရင်ဖြစ်ဖြစ်၊ ရုတ်တရက်ကြီး ဆိုးရွားပြင်းထန်လာတယ်ဆိုရင်ဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မနေဘဲ မျက်စိဆရာဝန်ကြီးတွေနဲ့ သေချာသွားရောက် ပြသဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်ရဲ့ တန်ဖိုးထားရတဲ့ မျက်လုံးလေးတွေအတွက် ဝေဒနာတစ်ခုခု ခံစားနေရလို့... အတွေ့အကြုံရင့် ဝါရင့်မျက်စိအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ခေတ်မီဆန်းသစ်တဲ့ စက်ကိရိယာတွေနဲ့ သေချာစစ်ဆေးကုသပေးနေတဲ့ နေရာလေးကို ရှာနေတယ်ဆိုရင်တော့... ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးဆီကိုသာ လှမ်းလာခဲ့ဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

ကြည်လင်တဲ့ မျက်လုံးလေးတွေနဲ့ လှပတဲ့ ကမ္ဘာကြီးကို အတူတူ ဆက်ကြည့်ကြမယ်နော်!

🏨- ရွှေအလင်းရောင် (ရိုတို)ဂျပန် မျက်စိအထူးကုစင်တာ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

☎️ - 09 686868 473 , 09 686868 436 ,
09-944458885 , 09-944468886

#ရွှေအလင်းရောင်ရိုတိုဂျပန်မျက်စိအထူးကုစင်တာ




တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ လူတိုင်းနီးပါးရဲ့လက်ထဲမှာလည်း Electronic Device တွေက ရောက်လို့လာပါတယ်..ဖုန်းတွေ၊ ကွန်ပျူတာ...
18/03/2026

တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ လူတိုင်းနီးပါးရဲ့လက်ထဲမှာလည်း Electronic Device တွေက ရောက်လို့လာပါတယ်..

ဖုန်းတွေ၊ ကွန်ပျူတာတွေဆိုတာ ဆေးတစ်ခုလိုစွဲလန်းလာကြပြီး အသုံးမပြုဖို့ရာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။

ဒါကြောင့် အမြဲတမ်းအသုံးပြုနေတဲ့ မျက်လုံးလေးကို ကြာရှည်စွာ အသုံးပြုနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးခြင်းနည်းနဲ့ ကာကွယ်ကြရအောင်နော်...

🔸 20-20-20 Rule ကို လိုက်နာပေးပါ။

ဘုရားကပေးတဲ့လက်ဆောင်လေးကို တစ်သက်လုံးအသုံးပြုချင်တယ်ဆိုရင် Screen ကို မိနစ် ၂၀ ခန့်ကြည့်ပြီးတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ခန့်ကြည့်ပေးပါ။

🔸မျက်လုံးလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

မျက်လုံးပင်ပန်းတဲ့ဒဏ်ကို ခံနိုင်စေရန် မျက်လုံးကြွက်သားများအတွက် အပေါ်၊ အောက်၊ ဘေး၊ ညာ စသဖြင့် ပုံစံမျိုးစုံကြည့်ပေးခြင်းဖြင့် မျက်လုံးလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ။

🔸 အလင်းရောင်ကို သေချာချိန်ညှိပါ။

Screen ကိုကြည့်တဲ့အခါတိုင်း အလင်းရောင်ကိုလျှော့ကြည့်လိုက်တာမျိုး၊ အလင်းအရမ်းတင်လိုက်တာမျိုးတွေမရှိဘဲ သက်တောင့်သက်သာဖြစ်စေတဲ့အလင်းမျိုးကိုသာ သေချာချိန်ညှိထားသင့်ပါတယ်။ အမှောင်ထဲမှာပဲ ကြည့်တာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

🔸 မျက်လုံးလေးကို သေချာနားပေးပါ။

စကားမပြောတတ်တဲ့ မျက်လုံးလေးက အရမ်းပင်ပန်းတတ်တာကြောင့် မျက်လုံးလေးကို ဆက်တိုင်အသုံးမပြုဘဲ ခဏတာ အိပ်၍ဖြစ်စေ၊ မျက်လုံးနားတစ်ဝိုက်ကို ရေခဲနှင့်ကပ်၍ဖြစ်စေ သေချာအချိန်လေးပေးပြီး အနားပေးသင့်ပါတယ်။

🔸 Bluelight ပါတဲ့ မျက်မှန်ကို အသုံးပြုပါ။

မျက်မှန်ဆိုတာ ပါဝါရှိမှ တပ်ရတာမဟုတ်ပါဘူး။ ကာကွယ်ရန်အတွက်လည်း အသုံးပြုပေးသင့်ပါတယ်။ Screen ကြည့်တာများတဲ့သူတွေဆိုရင်တော့ Bluelight ပါတဲ့မျက်မှန်လေးက အမြဲတမ်းဆောင်ထားသင့်တဲ့ အရာလေးပါနော်...

သင့်အနေနဲ့ရော မျက်လုံးလေးကို သေချာဂရုစိုက်ဖြစ်ကြရဲ့လား ❓

သင့်မျက်စိကျန်းမာရေးအတွက် အမြဲတမ်းဂရုစိုက်ပေးချင်တယ်ဆိုရင်တော့ မန္တလေးမြို့မှာ စိတ်ချရတဲ့ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုစင်တာကြီး ရှိပါတယ်ခင်ဗျာ..

🏨- ရွှေအလင်းရောင် (ရိုတို)ဂျပန် မျက်စိအထူးကုစင်တာ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

☎️ - 09 686868 473 , 09 686868 436 ,
09-944458885 , 09-944468886
#ရွှေအလင်းရောင်ရိုတိုဂျပန်မျက်စိအထူးကုစင်တာ




"သင့်မျက်စိအတွက် အကောင်းဆုံး ပြသနိုင်မယ့် နေရာလေးကို ရှာနေပါသလား?"မျက်စိဆိုတာ ကျွန်တော်တို့ဘဝရဲ့ တန်ဖိုးအထားရဆုံး အရာတစ်...
15/03/2026

"သင့်မျက်စိအတွက် အကောင်းဆုံး ပြသနိုင်မယ့် နေရာလေးကို ရှာနေပါသလား?"

မျက်စိဆိုတာ ကျွန်တော်တို့ဘဝရဲ့ တန်ဖိုးအထားရဆုံး အရာတစ်ခုပါပဲ။ ဒါကြောင့် မျက်စိနဲ့ပတ်သက်ပြီး မှုန်ဝါးဝါးဖြစ်လာတာပဲဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခု ခံစားရပြီဆိုရင်ပဲဖြစ်ဖြစ် "ဘယ်မှာသွားပြရမလဲ၊ ဘယ်ဆေးရုံက အကောင်းဆုံးဖြစ်မလဲ" ဆိုပြီး စိတ်ပူတတ်ကြတာ သဘာဝပါပဲ။

ဒီလို စိတ်ပူနေရတဲ့သူတွေအတွက် မန္တလေးမြို့ရဲ့ ပထမဆုံးသော ပုဂ္ဂလိကမျက်စိအထူးကုဆေးရုံကြီးဖြစ်တဲ့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံက အသင့်ရှိနေပါပြီနော်။

ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးမှာဆိုရင် -
✨ လူကြီးတွေမှာ အဖြစ်များတဲ့ အတွင်းတိမ်၊ ရေတိမ် ဝေဒနာတွေကနေစလို့ ကလေးတွေမှာဖြစ်တတ်တဲ့ မျက်စိစွေစောင်းတာတွေအထိ မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာမျိုးစုံကို တစ်နေရာတည်းမှာ အကောင်းဆုံး ကုသနိုင်ပါတယ်။
✨ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ကိရိယာတွေ၊ နည်းပညာတွေနဲ့မို့ စိတ်ချမ်းသာစွာနဲ့ ကုသမှုခံယူနိုင်ပါတယ်။
✨ အတွေ့အကြုံရင့် မျက်စိအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင်က ရောဂါအခြေအနေကို လူနာရှင်တွေ နားလည်သဘောပေါက်အောင် သေချာရှင်းပြပြီး နွေးနွေးထွေးထွေး ကုသပေးနေတာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ချစ်ရတဲ့ မိဘဘိုးဘွားတွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ပဲဖြစ်ဖြစ် မျက်စိကျန်းမာရေးနဲ့ ပတ်သက်လာရင် "သင့်မျက်စိအတွက် အကောင်းဆုံး" ဆိုတဲ့ ဂရုစိုက်မှုကို ပေးစွမ်းနိုင်ဖို့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကိုသာ ယုံယုံကြည်ကြည်နဲ့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ကြည်လင်တောက်ပတဲ့ အမြင်အာရုံတွေနဲ့အတူ လှပတဲ့ကမ္ဘာကြီးကို ဆက်လက်ခံစားကြပါစို့။ 🥰

🏥 ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ
📍 ၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
📞 09 686868 473 , 09 686868 436 , 09-944458885 , 09-944468886

👓 မျက်မှန်ဆိုတာ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ အချိန်နဲ့အမျှ တပ်ထားရမယ့် ပါဝါမျက်မှန်တွေဆိုရင် သက်...
08/03/2026

👓 မျက်မှန်ဆိုတာ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ အချိန်နဲ့အမျှ တပ်ထားရမယ့် ပါဝါမျက်မှန်တွေဆိုရင် သက်သောင့်သက်သာဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။

ဒါ့အပြင် ခေတ်အမီဆုံး လူနေမှုပုံစံတွေမှာ မျက်မှန်ဟာ သင့်ရဲ့ ကိုယ်ပိုင်စတိုင်ကို ဖော်ပြပေးဖို့ အကောင်းဆုံး ဖက်ရှင်ပစ္စည်းဖြစ်လာပါပြီ!

ဒီတော့ ပါဝါမျက်မှန်ဖြစ်စေ၊ နေကာမျက်မှန်ဖြစ်‌စေ အမြင်ကြည်လင်၊စတိုင်ကျကျနဲ့ သက်သောင့်သက်သာရှိစေဖို့က ဦးစားပေးရွေးချယ်ရမယ့် အချက်တွေပါ✅

ဒါဆိုရင်တော့ ဒီဇိုင်းခေတ်မီလှပပြီး အရည်အသွေးမြင့်မားတဲ့ Rohto Vision ရဲ့ မျက်မှန်ကိုင်းတွေကိုပဲ ရွေးချယ်လိုက်ပါ။

Rohto Vision ရဲ့အရည်အသွေးမြင့်မျက်မှန်ကိုင်း၊မှန်၊ဘောင်တွေနဲ့ ပြုလုပ်ထားတဲ့ မျက်မှန်တွေဟာ ...

🔷နောက်ဆုံးပေါ် ဖက်ရှင်ရေစီးကြောင်းနဲ့အညီ ဒီဇိုင်းတွေကြောင့် သင့်မျက်နှာပုံစံနဲ့ အသားအရောင်ကို လိုက်ဖက်ညီပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ထင်ပေါ်နေစေမှာပါ။

🔷တစ်နေကုန်တပ်ထားရင်တောင် လုံးဝအလေးချိန်မရှိသလို သက်တောင့်သက်သာရှိတာကြောင့် နားရွက်နဲ့ နှာတံမှာ ဖိအားမဖြစ်စေဘဲ စတိုင်ကျနေစေမှာပါ။

🔷ကြာရှည်စွာ အသုံးပြုနိုင်ဖို့ ခိုင်ခံ့တဲ့ ပစ္စည်းတွေနဲ့ ဖန်တီးထားတာကြောင့် မျက်မှန်ကိုင်း မကြာခဏ ပြောင်းလဲနေစရာ မလိုတော့ပါဘူး။

ဒါဆို သင့်မျက်နှာအလှကို အထူးပေါ်လွင်စေပြီး၊ နေ့စဉ်ဘဝကို ပေါ့ပါးလန်းဆန်းစေဖို့ Rohto Vision မျက်မှန်တွေကိုပဲ ရွေးချယ်လိုက်စို့နော်✨

🏨- ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

☎️ - 09 686868 473 , 09 686868 436
09-944458885 , 09-944468886

#ရွှေအလင်းရောင်ရိုတိုမျက်စိအထူးကုဆေးရုံ


ဖုန်းနံပါတ်ပြောင်းလဲခြင်းအား အသိပေးအကြောင်းကြားခြင်းရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံတွင် အသုံးပြုနေသော ဖုန်းနံပ...
05/03/2026

ဖုန်းနံပါတ်ပြောင်းလဲခြင်းအား အသိပေးအကြောင်းကြားခြင်း

ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံတွင်
အသုံးပြုနေသော ဖုန်းနံပါတ်များဖြစ်သည့်
09 766566815 နှင့် 09 424118808 များအစား
09 686868 473 , 09 686868 436 သို့ပြောင်းလဲအသုံးပြုထားပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

23/02/2026

👁💚 "မြင်ရသမျှ ပျော်ရွှင်စရာ" 👁💚

💚 ROHTO "Joy of Seeing" CSR Project 💚

လာမယ့် ​ဖေ​​ဖော်ဝါရီလ (၂၄) ရက်မှာ Rohto-Mentholatum Myanmar Co., Ltd. က ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးမှာ "Joy of Seeing" လူမှုအကျိုးပြု CSR Project ကိို ပြုလုပ်သွားမှာ ဖြစ်ပါတယ် 💚

ပြုလုပ်သွားမယ့် ROHTO ရဲ့ "Joy of Seeing" CSR Project ရဲ့ ရည်ရွယ်ချက်က​တော့ Digital ​ခေတ်မှာ ကလေးငယ်များရဲ့ မျက်စိကျန်းမာ​ရေးအတွက် ရှေးရှုပြီး Screen Time ​ကင်းလွတ်တဲ့ အချိန်​တွေမှာ အမြင်အာရုံကို အနား​ပေး၊ အ​ထောက်အကူပြုတဲ့ Activities တွေ လုပ်​ဆောင်​စေလိုတာပဲ ဖြစ်ပါတယ် 💚

ဒီ "Joy of Seeing" အစီအစဉ်​လေးမှာ​တော့ က​လေးငယ်များကို မျက်စိဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်​ပေးခြင်း၊ ကလေးငယ်များရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်​ပေးမယ့် Creative Activities ​တွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ် 💚

မင်္ဂလာမန္တလေး (၁၁) နှစ်ပြည့် ပွဲကြီးမှာ တစ်ခဲနက် ပါဝင်အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်.....
23/02/2026

မင်္ဂလာမန္တလေး (၁၁) နှစ်ပြည့် ပွဲကြီးမှာ တစ်ခဲနက် ပါဝင်အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်... 🎉

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့နဲ့ (၂၃) ရက်နေ့တွေမှာ စည်စည်ကားကား ကျင်းပခဲ့တဲ့ မင်္ဂလာမန္တလေးရဲ့ (၁၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီးမှာ ကျွန်တော်တို့ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံ ရဲ့ Booth လေးဆီ လာရောက်လည်ပတ်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ပွဲကျင်းပတဲ့ (၂) ရက်တာ ကာလအတွင်းမှာ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံမှ မျက်မှန်ကိုင်းမျိုးစုံကို ယုံယုံကြည်ကြည်နဲ့ တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြတဲ့အပြင်၊ ပျော်စရာ Game အစီအစဉ်လေးတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆင်နွှဲပြီး အမှတ်တရလက်ဆောင်တွေ ရယူသွားခဲ့ကြလို့ ပွဲလေးက တကယ့်ကို အသက်ဝင်ပြီး ပျော်စရာကောင်းခဲ့ပါတယ်။ 🛍️🎁

ဒီနေ့မှာတော့ ပွဲရက်အတွင်းက အမှတ်တရဖြစ်စရာ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို အားလုံးလည်း မြင်တွေ့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 📸

နောက်ထပ်လည်း ဘယ်လို စိတ်ဝင်စားစရာ အစီအစဉ်တွေ၊ ပွဲတွေနဲ့အတူ ထပ်လာဦးမလဲဆိုတာကို သိရဖို့ Page လေးကို အမြဲတမ်း စောင့်ကြည့်အားပေးကြပါဦးခင်ဗျာ။ 🙌

🏥 Golden Light (Rohto) Eye Hospital
📍 ၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊ မန္တလေးမြို့။
📞 09-424118808, 09-766566815, 09-944458885, 09-944468886

အမြင်အာရုံပြန်လည်ကြည်လင်ဖို့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ ရှိပါတယ် 👁️✨- မျက်စိခွဲစိတ်ဖို့ စဉ်းစားတဲ့အခါ "ဘ...
18/02/2026

အမြင်အာရုံပြန်လည်ကြည်လင်ဖို့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံ ရှိပါတယ် 👁️✨

- မျက်စိခွဲစိတ်ဖို့ စဉ်းစားတဲ့အခါ "ဘေးကင်းပါ့မလား၊ အောင်မြင်ပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိတတ်ကြပါတယ်။ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံမှာတော့ -

✅ နိုင်ငံတကာအဆင့်မီ ခွဲစိတ်ခန်းများ၊ ပိုးမွှားကင်းစင်မှု (Sterilization) ကို အထူးဂရုပြုထားတဲ့ ခေတ်မီခွဲစိတ်ခန်းများတွင်သာ ကုသပေးခြင်း။

✅ နောက်ဆုံးပေါ် စက်ကိရိယာများ၊ အတွင်းတိမ်၊ ရေတိမ် နှင့် မျက်စိအနောက်ခန်းရောဂါများကို တိကျသေချာစွာ ခွဲစိတ်နိုင်တဲ့ High tech စက်ပစ္စည်းများကို အသုံးပြုခြင်း။

✅ ကျွမ်းကျင်ပညာရှင်များ၊ အတွေ့အကြုံရင့် မျက်စိအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် အနီးကပ် ကုသပေးခြင်း။

ဒါကြောင့် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ မိဘဘိုးဘွားတွေနဲ့ ဝေဒနာရှင်များအနေနဲ့ လုံးဝ (လုံးဝ) စိုးရိမ်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ ကြွလှမ်းခဲ့နိုင်ပါတယ်ရှင်။

🏥 Golden Light (Rohto) Eye Hospital
📍 ၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊ မန္တလေးမြို့။
📞 09-424118808, 09-766566815, 09-944458885, 09-944468886

🧧​🏮 Gong Xi Fa Cai! 🏮 🧧​မင်္ဂလာရှိသော ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ...
17/02/2026

🧧​🏮 Gong Xi Fa Cai! 🏮 🧧

​မင်္ဂလာရှိသော ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

​တရုတ်နှစ်သစ်ကူးမှာ ပျော်ရွှင်စရာ မိသားစုဆုံဆည်းမှုတွေကို
အကြည်လင်ဆုံး မြင်တွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံက အမြဲအနီးကပ် ရှိနေမှာပါ။

​ဒီနှစ်သစ်မှာ...
✨ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေ။
✨ အမြင်အာရုံများ ကြည်လင်တောက်ပပါစေ။
✨ ဘေးဘယာဝေးကွာပြီး ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်ပါစေ။
​​🏮 Gong Xi Fa Cai! 🏮
​ Year2026
#ရွှေအလင်းရောင်ရိုတိုမျက်စိအထူးကုဆေးရုံ

ဆီးချိုရောဂါရှိသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Diabetic Eye Screening အကြောင်း 👁️ဆီးချိုရောဂါဆိုတာ သင့်အမြင်အာရုံကို သတိမ...
15/02/2026

ဆီးချိုရောဂါရှိသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Diabetic Eye Screening အကြောင်း 👁️

ဆီးချိုရောဂါဆိုတာ သင့်အမြင်အာရုံကို သတိမထားမိလိုက်ဘဲ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မျက်စိကွယ်ခြင်းမှ ကာကွယ်ဖို့ Diabetic Eye Screening (ဆီးချိုသွေးချို မျက်စိစစ်ဆေးခြင်း) ပြုလုပ်ဖို့ အထူးလိုအပ်ပါတယ်။

🔎 Diabetic Eye Screening ဆိုတာ ဘာလဲ?

ဒါဟာ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိအမြင်လွှာထိခိုက်မှု (Diabetic Retinopathy) ရှိ၊ မရှိ စစ်ဆေးတာပါ။ သွေးတွင်းသကြားဓာတ်များရင် မျက်လုံးအမြင်လွှာ (Retina) က ဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ အဓိကသတိထားရမှာက ရောဂါစဖြစ်ခါစမှာ ဘာလက္ခဏာမှမပြဘဲ၊ နောက်ကျမှသိရပြီး ကုသမှုမယူရင် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်တာပါပဲ။

⚠️ ဘယ်သူတွေ ပိုသတိထားသင့်လဲ?

Type 1 နဲ့ Type 2 ဆီးချိုသမားများ (အထူးသဖြင့် ရောဂါဖြစ်တာ ကြာနေသူများ)

သွေးတွင်းသကြားဓာတ် ထိန်းမရအောင် မြင့်မားနေသူများ

သွေးတိုးရောဂါ အခံရှိသူများ

🏥 စစ်ဆေးမှုပုံစံ

စစ်ဆေးမှုက ၁၀ မိနစ်ခန့်သာကြာပြီး နာကျင်မှုမရှိပါဘူး (မျက်စဉ်းခတ်ရရင် မိနစ် ၃၀ ခန့်ကြာနိုင်ပါတယ်)။

၁။ အမြင်အာရုံစစ်ဆေးခြင်း - ပါဝါမျက်မှန်/မျက်ကပ်မှန် ရှိပါက ယူလာပေးပါ။

၂။ ဓာတ်ပုံရိုက်ခြင်း - သူငယ်အိမ်ကျယ်အောင် အခန်းမီးမှိန်ထားပြီး မျက်လုံးအနောက်ဘက်ကို ဓာတ်ပုံရိုက်ပါမယ်။ မီးရောင်လက်ခနဲဖြစ်သွားပေမယ့် မျက်လုံးကို စက်နဲ့ထိတွေ့ခြင်းမရှိလို့ စိတ်ချပါ။

၃။ မျက်စဉ်းခတ်ခြင်း - ပုံရိပ်မရှင်းရင် သူငယ်အိမ်ကျယ်စေမယ့် မျက်စဉ်းခတ်ပြီး ပြန်ရိုက်ကူးပါမယ်။

🚗 သတိပြုရန် - မျက်စဉ်းခတ်ပြီးပါက အမြင်အာရုံ ခေတ္တဝေဝါးပြီး အလင်းစူးနိုင်လို့ နေကာမျက်မှန်ယူလာပါ။ ယာဉ်မောင်းနှင်ဖို့ ခက်ခဲနိုင်တာကြောင့် အိမ်ပြန်ဖို့ အစီအစဉ်ကြိုဆွဲထားပါ။

📄 အဖြေရလဒ်များ

ရလဒ်ပေါ်မူတည်ပြီး (၆) လ တစ်ကြိမ် သို့မဟုတ် (၂) နှစ်တစ်ကြိမ် ပြန်လည်ပြသရပါမယ်။ ပုံရိပ်မရှင်းလင်းပါက ချက်ချင်းပြန်ခေါ်ပြီး စစ်ဆေးမှု ထပ်လုပ်ရနိုင်ပါတယ်။

သင့်မျက်လုံးကျန်းမာရေးအတွက် ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံမှာ ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးနိုင်ပါတယ်။

📍 လိပ်စာ - ၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ ဖုန်း - 09-424118808, 09-766566815, 09-944458885, 09-944468886


#ရွှေအလင်းရောင်ရိုတိုမျက်စိအထူးကုဆေးရုံ
#ဆီးချို

Address

62nd Street X 102nd (Padauk) Street, Chanmyathazi Township
Mandalay

Alerts

Be the first to know and let us send you an email when Golden Light - Rohto Eye Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Mandalar Eye Care Center ( Sight For All, Vision For Future )

Mandalar Eye Care Center is located in downtown area of mandalay city and we are providing services with local and international professional Opthamologists by using their best treatment to adults and children .General Eye Check up , Refraction , Minor Eye Surgery ,Cataract Surgery, Glaucoma Surgery,Diabetic Eye Screening ,Retina and Vitreous Diseases to Cornea and Refractive Surgery , Biometry Service using IOL Master,Visual Field, Fundus Camera,Argon & YAG Laser and Optical Coherence Tomography (OCT) are available in our eye care center.