KB လူသစ်

KB လူသစ် Health and Music Entertainment

04/08/2024

#ကုသအလွမ်း

#လူသစ်

29/07/2024

#အညာပုံပြင်
cover

30/06/2022

ဒုံမင်းလက်သံနဲ့ ရွှေကျေးတမာ

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ မနက်၃နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ တွေ့ရတယ်၃နာရီ မှ ၈နာရီ ကြားမှာ ရေသောက် အနဲဆုံးဖြစ်ပြီး သွေ...
18/04/2022

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ
မနက်၃နာရီဝန်းကျင်မှာ
ကွယ်လွန်ကြတာ တွေ့ရတယ်

၃နာရီ မှ ၈နာရီ ကြားမှာ
ရေသောက် အနဲဆုံးဖြစ်ပြီး
သွေးအပြစ်ဆုံးအချိန်မို့
နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ

အိပ်ရေးပျက်မှာစိုးလို့
ညဖက်ရေ
မသောက်တဲ့ အကျိုးဆက်ပါ

နှလုံးဆရာဝန်ကြီးတွေပြောပါတယ်
၊နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင်
ရေကိုသတိရတိုင်း သောက်ပေးကြပါ

ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။
ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။
ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။
မမှန်ဘူးခင်ဗျား ။

နှလုံးနာတဲ့ ဝေဒနာ အဲ (Heart Attack) နှင့် ရေဆိုတာ
ဒွန်တွဲနေပါတယ်။
လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့်
ဆီးပိုသွားတတ်သလဲ
နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။
ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။
ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ
အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့်
တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့
ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။
ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။
ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ်
ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။

ရေပိုသောက်ပေးသင့်တဲ့အချိန်

မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာ
အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။
နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။

ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့်
နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။

အဲ ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp
မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ
ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်
သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of
American College of Cardiology)မှာ ဖတ်ကြည့်ပါ။
နှလုံးနာတဲ့ရောဂါ heart attack ဆိုတာဟာ နေ့ဘက်မှာပဲ
ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန်
အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။
အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက်
(baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ
ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin)
တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့
အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင်
ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။

ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ
မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့
ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။
ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ
အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာအပေါ် တင်လိုက်
တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့
(အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။
Heart attack အဲ နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့်
ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။
ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။

မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။
ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။
အဲ ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့
ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။
နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့။
မှန်ပါတယ်။

အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀% ရာခိုင်နှုန်းက နှလုံးနာ
ဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။
မြန်မာတွေ ပြောလေ့ရှိတဲ့ အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။
ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။
(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း အဲ ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။

နောက် ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။
အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။
တိုတိုလေးပါ။

ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။
မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။
(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။
(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။
မှန်ပါတယ်။

ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။

Credit ပေးပါတယ်ခင်ဗျာ

26/02/2022

မဟာဂီတ Member group အတွက်လေ့လာသင်ယူရမည့်သီချင်းများ
1.ထံတျာတေရှင်
2.သီတာ
3.သာယာ
4.ဝေဘာဂီရိ
5.စံရာတောင်ကျွန်း
6.ဘုံဆောင်မြင့်
7.မြမန်းဂီရိ
8.နန်းဘုံသီဟာဘွေ
9. ဝေဇယန္တာ
10.တေးထပ် (စာမေးပွဲအောင်သူများသာ)
ပြန်လည်စစ်ဆေးမှာ ဖြစ်ပါတယ်
မဟာဂီတကို စနစ်တကျ တတ်မြောက်လိုသူများ.
မြန်မာမှုမြန်မာ့ဂီတကိုစနစ်တကျ သင်ယူလိုသူများသူ
တက်ရောက်ဖို့ အကြံပြုပါတယ်
မဟာဂီတရဲ့ နက်နဲ့မှု ခန့်ညားမှု ကျယ်ပြန့်မှုတွေက ​စိတ်ဝင်တစားကြိုးစားမှသာ သင်ယူတတ်မြောက်နိုင်မှာမို့ပါ
တသက်စာ Facebook member groupဖြစ်ပြီး
ငွေကျပ်တသောင်းခွဲသာကျသင့်မှာပါ.....
Member ဝင်လိုပါက
09450030759.. K Pay .Yan Naung Soe
09797999423....Wave Pay
ငွေလွဲဲပီးစကရင်ရှော့ပို့ပေးပါ.....

25/02/2022

🎧နားထောင်းလို့မရိုးနိူင်တဲ့ 🎧

🎶စည်တော်ကြီး🎶
🎤 ကျောက်ပန်းတောင်းခင်စိုးဦး

 #သတိမူရမည့်အရွယ်ရောက်လာပီအသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ                      အရိုး●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တ...
15/02/2022

#သတိမူရမည့်အရွယ်ရောက်လာပီ
အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ

အရိုး

●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ (ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
#ကျန်းမာရေး
mts
CRD
🐒😻🐄🦔👨‍🦯

ထိပ်ကပ်နာ ( Sinusitis )နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ ...
27/01/2022

ထိပ်ကပ်နာ ( Sinusitis )

နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။

အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်၀န်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည် ။

ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည် ။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည် ။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။

ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ် ။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ် ။

အဲဒီတော့ လှိုဏ် အဝလေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -

1. အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ - တုပ်ကွေး ၊ စသဖြင့်ပေါ့)

2. ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )

3. ရင်ကြပ်ရောဂါ ရှိသူများ

4. ဆေးလိပ်သောက်သူများ

5. ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ - ကိုယ်၀န် ဆောင်စဉ်)

6. သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ

7. နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ - ချိုချဉ် သကြားလုံး ပဲစေ့)

8. ကိုကင်းရှူ သူများ

9. အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ

10. သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)

11. နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ

12. နှာခေါင်း ထဲမှ ာအဖုအကျိတ် တွေ ဖြစ်နေသူများ
မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။

၄င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။

1. ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်

2. နာတာရှည် ထိပ်ကပ်နာ ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။

ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။

1. နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။

2. နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ဝါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။

3. မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။

4. မျက်လုံး ပတ်၀န်းကျင်မှာ ရောင်နေ နိုင်ပါတယ်

5. မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်

6. ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်

7. ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်

8. ကိုယ်ပူ တက်နိုင်ပါတယ်

9. တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်

10. တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်။

22/01/2022

#မိဘမေတ္တာ
ဆို - ခက်ခက်မိုးဦး

Address

Mandale

Alerts

Be the first to know and let us send you an email when KB လူသစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram