Victoria Home Health Care Services & Training Centre

Victoria Home Health Care Services & Training Centre Our mission is to solve the problems faced by patients and their attendants by providing high quality health care services with kindness and love..

23/03/2026

“လူနာပြုစုမှုဆိုတာ ခန္ဓာကိုယ်ကိုသာမက
နှလုံးသားကိုပါ ထိတွေ့ပေးရတဲ့ အလုပ်ပါ။
မေတ္တာတရားနဲ့ ပြုစုတဲ့အခါ
အားလုံးက ပိုပြီး အေးချမ်းလာကြပါတယ်။”

#ကရုဏာရှေ့ထား VICTORIA

တချို့သော အလုပ်တွေကလစာအတွက်သာ မဟုတ်ဘူး…နှလုံးသားနဲ့ လုပ်ရတဲ့ အလုပ်တွေပါ။ကျမတို့ တာဝန်ယူပြုစုရသော  လူနာလေးနဲ့အချိန်တွေ တဖ...
17/03/2026

တချို့သော အလုပ်တွေက
လစာအတွက်သာ မဟုတ်ဘူး…
နှလုံးသားနဲ့ လုပ်ရတဲ့ အလုပ်တွေပါ။

ကျမတို့ တာဝန်ယူပြုစုရသော လူနာလေးနဲ့
အချိန်တွေ တဖြည်းဖြည်း ဖြတ်သန်းလာရင်း
မေတ္တာတစ်ခု တဖြည်းဖြည်း ချိတ်ဆက်လာခဲ့ပါတယ် 🤍

ပြောစရာ မလိုပဲ
အေးချမ်းမှုလေးတွေ၊ စိုးရိမ်မှုလေးတွေ—
အရာအားလုံးက
ကျမအတွက် အဓိပ္ပါယ်ရှိနေပါတယ်။

ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဟာ
တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။

ဒီနေ့လည်း
အကောင်းဆုံးနဲ့ ဆက်ပြီး စောင့်ရှောက်နေပါတယ်…
ရှေ့ဆက်လည်း မေတ္တာနဲ့ ဆက်သွားမယ်ရှင် 🤍

#ကရုဏာ ရှေ့ထား VICTORIA

Caregiver တစ်ယောက်ဖြစ်ဖို့ လွယ်တယ်လို့ထင်လား Caregiver တစ်ယောက်ဖြစ်ပြီး အားလုံးသိရမှာပေါ့ ဆိုပြီး Caregiver လေးတွေကို စိ...
14/03/2026

Caregiver တစ်ယောက်ဖြစ်ဖို့ လွယ်တယ်လို့ထင်လား
Caregiver တစ်ယောက်ဖြစ်ပြီး အားလုံးသိရမှာပေါ့ ဆိုပြီး Caregiver လေးတွေကို စိတ်မကောင်းဖြစ်အောင် ပြောအုံးမှာလား သူတို့လေးတွေက ကိုယ်အချိန်မပေးနိုင် မလုပ်နိုင်ခဲ့လို့ပဲ သူတို့ရဲ့အကူအညီတွေကို ယူကြရတာပါ

ကိုယ်ကိုယ်တိုင်ကမှ ကိုယ့်ကျေးဇူးရှင့် အမိသော်လည်းကောင်း အဖသော်လည်းကောင်း နေမကောင်း မကျန်းမမာ ဖြစ်၍သော်လည်းကောင်း အသက်ကြီးလာ၍ နေ့တဒူဝ တစ်ကိုယ်ရည် တကာရ ချီးသေးကအစက ကိစ္စရပ်များကို မလုပ်လာနိူင်သော ကိုယ်ချစ်ရတဲ့သူတွေကို အနီးကပ် ကျန်းမာရေးနှင့်အညီ ပြုစုစောင့်ရှောက်ဖို့
သင်ကိုယ်တိုင်လုပ်နိူင်ပြီလား အဲ့ဆိုရင် Caregiver ကိုမခေါ်ပါနဲ့

သင်လိုအပ်လို့ သင်ချစ်ရတဲ့သူ တစုံတစ်ယောက်အတွက် အနီးကပ် ကျန်းမာရေးနှင့်အညီ ချီးသေးကအစ ပြုစုစောင့်ရှောက်ဖို့ လိုအပ်ခဲ့လျှင် Caregiver ကို ခေါ်ရသည့်အတွက် Caregiver လေးတွေကို စာနာပေးပါ

(Caregiverr အားလုံးကို မဆိုလိုပါ)

တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ Victoria Caregiver Services ကို သတိရလိုက်ဖို့ သတင်းကောင်း ပါးလိုက်ပါတယ်ရှင့်

မှတ်ချက် /

ပြုစုစောင့်ရှောက် ဖို့ အဘိုးအဘွားများ များပြားလာသည့်အတွက် Caregiver လေး အင်အားလေးတွေ ဖြည့်မလောက်ဖြစ်နေသည့်အတွက် ကြိုတင် booking လေးများယူပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်

Victoria လုပ်ငန်းတွင် လက်တွဲလုပ်ဆောင်လိုသော ပြင်ပမှ Caregiver လေးများ လာရောက်လက်တွဲနိူင်ကြောင်း သတင်းကောင်းပါလိုက်ပါတယ်

#ကရုဏာ ရှေ့ထား VICTORIA

12/03/2026

တိုတောင်းသော လူ့လောကမှာ တွေ့ဆုံကြုံကွဲ ကြတာ သဘာဝ ဆိုပေမဲ့
အဝေးတနေရာစီကနေ လာပြီး အလုပ်တူတူလုပ်ကြတဲ့ သမီးများအားလုံးက
တီချယ်နားမှာ တီချယ်ကြီးက သားသမီးသဖွယ် ဂရုစိုက်ပေးတော့ ဒီနေရာဟာ သမီးတို့ရဲ့ ဒုတိယ မိဘ အိမ်လေးပါဘဲ
ခုလို ညီအမလို ချစ်ချစ်ခင်ခင် နေပေးကြလို့ သမီးတို့အားလုံးကို ကျေးဇူးတင်ပါတယ်

#ကရုဏာ ရှေ့ထား VICTORIA

11/03/2026

နယ်မြို့လေးတမြို့မှာ ကျန်းမာရေးအတွက် ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်အချိူ့လေး
🥰🥰🥰

10/03/2026

Victoria Training Centre ရဲ့ အမှတ်တရပုံရိပ်များ

သာယာသောနေ့လေး ပိုင်ဆိုင်နိူင်ကြပါစေ🥰

#အကူသူနာပြုနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း
Aid
Aid

Happy Birthday ပါဘွားဘွား မွေးနေ့မှစ၍ နောက်နှစ်များစွာထိ  သက်ရှည်ကျန်းမာ အနာရောဂါကင်းပါစေ၊ ချစ်ရတဲ့ မိသားစုနဲ့ အချိန်အကြ...
07/03/2026

Happy Birthday ပါဘွားဘွား
မွေးနေ့မှစ၍ နောက်နှစ်များစွာထိ သက်ရှည်ကျန်းမာ အနာရောဂါကင်းပါစေ၊
ချစ်ရတဲ့ မိသားစုနဲ့ အချိန်အကြာကြီး တူတူနေနိူင်ပါစေ
ကျမတို့ Victoria မိသားစုလည်း ဘွားဘွားကို ၂နှစ်သာ ကာလပတ်လုံး
ပြုစုခွင့်ရဘို့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဘွားဘွား
နောက်နှစ်ပေါင်းများစွာထိ လည်းပြုစုခွင့် ရချင်ပါသေးတယ်ဘွားဘွား
သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီးလိုအင်ဟူသမျှ ပြည့်ပါစေလို့ Victoria မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ် ဘွားဘွား

#ကရုဏာ ရှေ့ထား VICTORIA

26/02/2026

Victoria Home Health Care Services Centre Mandalay မှာ တာဝန်ထမ်းဆောင်ရန်
Caregiver ခေါ်ယူနေပါပြီနော် 👏👏

Victoria Home Health Care Services Centre ဆေးရုံ (သို့) အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွင် တာဝန်ထမ်းဆော...
23/02/2026

Victoria Home Health Care Services Centre
ဆေးရုံ (သို့) အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရန် Caregiver ဆရာမ ၅ ဦးအလိုရှိပါတယ်

- Nurse Aid လက်မှတ်ရှိရမည်
- စိတ်ရှည် သည်းခံတတ်ရမည်
- ရေရှည်လုပ်ကိုင်နိူင်သူ ဖြစ်ရမည်

ဆက်သွယ်ရန်
phone- 09 402626284, 09-404547984
Adress 66A,102A Mandalay

Home Health Care Staff များ၏ Case Discussion SessionVictoria Home Health Care မှ Staff ညီမလေးများသည်မိမိတို့ တာဝန်ယူစောင...
18/02/2026

Home Health Care Staff များ၏ Case Discussion Session

Victoria Home Health Care မှ Staff ညီမလေးများသည်မိမိတို့ တာဝန်ယူစောင့်ရှောက်နေသော Patient များ၏
အခြေအနေများ၊ ပြောင်းလဲမှုများ၊ အခက်အခဲများနှင့်
ပြုစုစောင့်ရှောက်ရာတွင် တွေ့ကြုံရသော အတွေ့အကြုံများကို
Teacher နှင့်အတူ ဝိုင်းဝန်းဆွေးနွေးခြင်း၊
အချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်ရှင်

ယခုလို Case Discussion လုပ်ရခြင်းမှာ
✔ Patient တစ်ဦးချင်းအတွက် ပိုမိုကောင်းမွန်သော Care Plan များ ရရှိစေရန်
✔ Staff များ၏ အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများ တိုးတက်စေရန်
✔ Teamwork ပိုမိုခိုင်မာစေရန်
✔ Patient Safety နှင့် Quality of Care ပိုမိုမြင့်မားစေရန် ရည်ရွယ်ပါတယ်ရှင်

Victoria Home Health Care Services အနေဖြင့်
patient တစ်ဦးချင်းစီအတွက် အကောင်းဆုံး စောင့်ရှောက်မှုများပေးနိုင်ရန်
အဖွဲ့လိုက် လေ့လာဆွေးနွေးမှုများကို အစဉ်မပြတ် ပြုလုပ်လျက်ရှိပါသည်။

💙 Quality Care Begins with Knowledge
Sharing 💙

Phone: 09-793567997,09-402626284,09-791087927
Adress: 66A,102A Chanmyathasi Mandalay


#ကရုဏာ ရှေ့ထား Victoria

13/02/2026

ဒီနေ့ ကျမတို့ Victoria မှ တာဝန်ယူ ပြုစုစောင့်ရှောက်ရသောဘိုးဘိုး ဘွားဘွား ဆီ ရောက်ဖြစ်သည့် အခိုက်အတန့်လေးမှာ နေကောင်းကျန်းမာစွာ ရှိနေပေးကြလို့ များစွာ ကြည်နူးမိပါတယ်
ဘိုးဘိုး ဘွားဘွားဘေးမှာ စိတ်ရှည် သည်းခံပြီး စေတနာထား ပြုစုပေးတဲ့ ဆရာမလေးများ အားလုံးကို ကျေးဇူးတင်ပါတယ်

#ကရုဏာ ရှေ့ထား Victoria

Address

66(A)Street, Corner 102(A) Street
Mandalay
05022

Alerts

Be the first to know and let us send you an email when Victoria Home Health Care Services & Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Victoria Home Health Care Services & Training Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram