ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း

  • Home
  • Myanmar
  • Mandalay
  • ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း

ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း, 68th, Bet 115th and 116th Street, Mandalay.

စာသင်ကောင်း
စည်းကမ်းကောင်း
ပတ်ဝန်းကျင်ကောင်း
ပညာရွှေရည်ကိုယ်ပိုင်ကျောင်း

၆၈ လမ်း ၁၁၅-၁၁၆လမ်းကြား ပြည်ကြီးတံခွန်မြို့နယ် မန္တလေးမြို့
၀၉၇၇၁၃၉၉၃၉၉
၀၉၇၇၁၂၃၃၂၃၃
၀၉၂၀၃၂၅၈၃

13/12/2025
        Private School
12/12/2025

Private School

12/12/2025

skills

အားလုံးပဲ... ပျော်ရွှင်စရာ၊ အေးချမ်းစရာ တန်ဆောင်တိုင် ပွဲတော် ဖြစ်ပါစေကြောင်း...ပညာရွှေရည်မိသားစု
01/11/2025

အားလုံးပဲ... ပျော်ရွှင်စရာ၊ အေးချမ်းစရာ တန်ဆောင်တိုင် ပွဲတော် ဖြစ်ပါစေကြောင်း...

ပညာရွှေရည်မိသားစု

အောက်တိုဘာလ ၂၀ ရက်နေ့(တနင်္လာနေ့)ကို ဒေပဝါလီနေ့ အများ​ပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။
17/10/2025

အောက်တိုဘာလ ၂၀ ရက်နေ့
(တနင်္လာနေ့)ကို ဒေပဝါလီနေ့ အများ​ပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။

စာဖတ်ရှိန်မြင့်မားရေးပွဲတော်ပြည်ကြီးတံခွန်ကိုယ်ပိုင်ကျောင်းများရဲ့သိပ္ပံပြခန်းများမှာ ပညာရွှေရည်  #ကိုယ်ပိုင်ကျောင်း မှ ...
16/10/2025

စာဖတ်ရှိန်မြင့်မားရေးပွဲတော်

ပြည်ကြီးတံခွန်ကိုယ်ပိုင်ကျောင်းများရဲ့သိပ္ပံပြခန်းများမှာ ပညာရွှေရည် #ကိုယ်ပိုင်ကျောင်း မှ





field, magnetic field and gravitational pull တို့ကို ပါဝင်ပြသခဲ့သည်။

ကျွန်တော်တို့ကျောင်းမှာရှိကြတဲ့ ဆရာ၊ဆရာမ အားလုံးဟာ နေ့လည် အားလပ်ချိန်ခေါင်းလောင်းထိုးသံ ကြားတာနဲ့ အခန်းထဲကအပြေးအလွှား ထွ...
14/10/2025

ကျွန်တော်တို့ကျောင်းမှာရှိကြတဲ့ ဆရာ၊ဆရာမ အားလုံးဟာ နေ့လည် အားလပ်ချိန်ခေါင်းလောင်းထိုးသံ ကြားတာနဲ့ အခန်းထဲကအပြေးအလွှား ထွက်သွားတတ်ကြပါတယ်။

ဆရာဂျွန်ဆန်ကလွဲပြီး....ဆရာ၊ဆရာမတိုင်းပေါ့။

ကျွန်တော်တို့ ကျောင်းသားတွေလည်း အမြဲတမ်း ပြေးထွက်တတ်တာပါပဲ။

တစ်နေ့မှာတော့ ကျွန်တော့်စိတ်ထဲ ဆရာဂျွန်ဆန် အခန်းထဲကျန်ပြီး ဘာလုပ်နေတာလဲဆိုတဲ့ သိချင်စိတ်က တားမရတော့ပါဘူး။

ကျွန်တော့်ကို လာကြိုမယ့်သူကို စောင့်နေသလို ဟန်ဆောင်ရင်း၊ ဘယ်သူမှမရှိတဲ့အချိန်မှာ၊ ဆရာဂျွန်ဆန် ဘာလုပ်​နေတာလဲဆိုတာ အကဲခတ်ဘို့ ကြိုးစားခဲ့ပါတယ်။

စာသင်ခန်းထဲမှာ ဘယ်သူမှ မရှိတော့သလို၊ အခန်းအပြင်ဘက် စင်္ကြံလမ်းကလည်း တိတ်ဆိတ်နေပါပြီ။

​သူက ကုလားထိုင်နှစ်လုံးကို ဘေးသို့ဖယ်လိုက်ပါတယ်။

ပိတ်ထားတဲ့ လက်ဆွဲအိတ်ထဲက​နေ ဟောင်းနွမ်းနေတဲ့ အညိုရောင်မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပါတယ်။

ထို့နောက် စားပွဲပေါ်မှာ လက်ထောက်ပြီး ထိုင်လိုက်ပါတယ်။လက်ထဲက မှတ်စုစာအုပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စာ စရေးပါတော့တယ်။

​သူရေးနေတာတွေက အမှတ်စာရင်းတွေ မဖြစ်နိူင်ပါဘူး။

​ကျောင်းတက်၊ မတက် စာရင်းလည်း မဟုတ်နိူင်ပါဘူး။ သူရေးတဲ့ ကျောင်းတက်စာရင်း စာအုပ်ကို ကျွန်တော် မြင်ဘူးပါတယ်။အဲ့ဒီစာအုပ်က သူအခု​ရေး​​နေတဲ့ စာအုပ်ထက် ရှည်ပါတယ်။

ကျွန်တော်ရှိနေတဲ့နေရာကနေ သူဘာရေးနေတယ်ဆိုတာ မြင်ရဖို့ ဘယ်လိုမှ မဖြစ်နိူင်ပါဘူး။

သူ ဘာတွေများ ရေးနေတာလဲလို့ ကျွန်တော် စပြီး စဥ်းစားကြည့်တယ်။

​အဲဒီအချိန်မှာပဲ ​​ကျောင်းအတွင်းရေးမှူးက တံခါးဝကနေ သူ့ကို လှမ်းခေါ်လိုက်တယ်။

​သူက ထပြီး စာသင်ခန်းထဲကနေ ထွက်သွားတော့ သူရေးလက်စ စာအုပ်က စားပွဲပေါ်မှာ ပွင့်လျက်သား ကျန်ခဲ့ပါတယ်။

ကျွန်တော် မနေနိုင်​တော့ဘူး၊ အနားကို လျှောက်သွားပြီး စာအုပ်ထဲမှာ သူဘာတွေရေးထားလဲ ကြည့်လိုက်တယ်။

- အီမေလီက သီတင်းပတ်များစွာ ကြာပြီး အခုမှ ပထမဆုံးအကြိမ် လက်ထောင်ခဲ့တယ်။

- ဂျေကိုက စာပိုဒ်တစ်ပိုဒ်ကို မထစ်မငေါ့ဖတ်နိုင်ခဲ့တယ်။ သူ့ကိုချီးကျူးတဲ့အခါ ပြုံးပြတယ်။

- ဂျွန်က စကားပြောတာ အရင်ထက် ယာဥ်ကျေးလာပြီ။

· ဒန်နီယယ်က ပုံမှန်ထက်အာရုံပိုပျံ့နေတယ်။အရမ်းငေးတဲ့ကလေးပဲ။ နောက်တစ်ခါသင်တဲ့အခါ သူ့ကို အနားခေါ်ပြီး နီးနီးကပ်ထိုင်ခိုင်းရမယ်။

ပြီးတော့ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရပါတယ်။

မိုက်ကယ်က ဒီနေ့ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ခွဲပြီး နောက်ကျ ကျန်နေခဲ့တယ်။ တစ်ယောက်ယောက်လာ​ခေါ်မယ့်ဟန်ဆောင်နေတယ်၊၊
ဒါပေမဲ့ ထင်တာကတော့၊ သူက သိချင်စိတ်ရှိလို့နေခဲ့တာဖြစ်မယ်။ အခု မပွင့်လင်းပေမယ့် တဖြေးဖြေး ပွင့်လင်းလာမယ့် လက္ခဏာဖြစ်နိုင်တယ်။ နောင်လာမယ့် အတန်းတွေမှာ စောင့်ကြည့်ရမယ်။

ကျွန်တော် လည်ချောင်းထဲမှာ တစ်ဆို့သွားသလို ခံစားရပြီး တံတွေးမျိုချဖို့တောင်ခက်သွားပါတယ်။

ဘယ်အရာက ပိုပြီး အံ့အားသင့်စေလဲဆိုတာတောင် ကျွန်တော် မသိတော့ဘူး။

ကျွန်တော် ဟန်ဆောင်နေတာ သူသိသွားကိုပဲ အံ့အားသင့်မိတာလား၊ ကျွန်တော့်ရဲ့ မပွင့်လင်းတဲ့စိတ်ကို သိသွားတာကိုပဲ အံ့အားသင့်စေတာလား။

အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ကနေ သူ့အသံကိုကြားလိုက်ရပါတယ်။

"ဖတ်ပြီးပြီလား"ဟု သူကမေးပါတယ်။ သူ့အသံမှာ ဒေါသသံ မပါ ပါဘူး။

ကျွန်တော်ဖြေးဖြေးချင်းလှည့်ပြီး သူနဲ့မျက်နာခြင်းဆိုင်နိူင်ဖို့ ကြိုးစားတယ်။ သူက ဆူပူခြင်းမရှိပါဘူး။

မှတ်စုစာအုပ်ကိုဖြေးဖြေးချင်း ပိတ်ပြီးပြောပါတယ်။
"ဒါကလျှို့ဝှက်ချက်မဟုတ်ပါဘူး။ဒါကမမေ့သင့်တဲ့အရာတွေကို မမေ့အောင်လုပ်တဲ့ ဆရာ့ရဲ့နည်းလေးပါပဲ။ရေးမှတ်တယ်ဆိုပါတော့။ ''

" ဘာလို့လဲဆိုတော့ ဘယ်သူက သင်ခန်းစာတွေကို ပါဝင်ဆွေးနွေးရာကနေ ရုတ်တရက်ရပ်လိုက်လဲ၊ ဘယ်သူက အရင်လိုမပြုံးတော့ဘူးလဲ၊ ဘယ်သူက ထိုင်ခုံပြောင်းပြီးနောက်ဆုံးမှာ ပုန်းနေဖို့ကြိုးစားလည်း ဆိုတာတွေကို ရေးမှတ်မထားရင် လွယ်လွယ်ကူကူမေ့သွားတတ်လို့ပါ။ ''

" ဆရာ၊ဆရာမတွေက ကလေးတွေကျောင်းလာတာ စာ သင်ယူဖို့အတွက်ပဲ လာတယ်လို့ တစ်ခါတလေ ထင်မိတတ်တယ်။ ''

" ​ဒါပေမဲ့ သူတို့တွေဟာ မပြောပြဘဲ သယ်ဆောင်လာတဲ့ အရာတွေလည်း ရှိတယ်။ အဲဒီအရာတွေကလည်း စာသင်ခန်းထဲကို ပါလာတယ်။ ဒါတွေကို မမေ့သွားအောင် ဆရာ ရေးထားတာပါ။''

အဲဒီနေ့က သူ မရည်ရွယ်ဘဲ ကျွန်တော့်ကို သင်ရိုးညွှန်းတမ်းထဲမှာ ရှာမတွေ့နိူင်တဲ အရာတစ်ခုအား သင်ကြားပေးလိုက်တာပါ။

​ဆရာ၊ဆရာမတစ်ယောက်ရဲ့ တာဝန်ဆိုတာ ကျောင်းသားတွေကို သင်ခန်းစာတွေ ရှင်းပြတာ၊ ဒါမှမဟုတ် အမှတ်တွေ ခြစ်ပေးတာ အဲဒါတွေပဲ လုပ်ဆောင်ရတာ မဟုတ်ဘူး။

ကျောင်းသားတစ်ယောက်ဆီမှာ ရှိတတ်တဲ့ အမှုအကျင့်တွေကိုပါ မှတ်မိနေပြီး ကောင်းမွန်လာအောင် ပြုစုပျိုးထောင်ပေးရတယ် ဆိုတာပါပဲ။

ကျေးဇူးပါဆရာ။

Saya U Khin Zaw ( ဘာသာပြန် )

Address

68th, Bet 115th And 116th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

092032583

Website

Alerts

Be the first to know and let us send you an email when ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram