ဆေးနည်းစုံ

ဆေးနည်းစုံ ဆေးပညာ၊ ဆေးနည်းပေါင်းစုံတို့ကို တနေရာထဲတွင်စုစည်းတင်ပြမည့် နေရာတစ်ခုဖြစ်ပါသည်။

ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ် 😁****************** #သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလို...
18/01/2024

ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံး
လေ့ကျင့်ခန်းလုပ်တယ် 😁
******************
#သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။

အခုတလောမှာကြုံတွေ့နေကြရတာက
သွေးခဲပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။

သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်
ကြရတယ်။ ဒါကြောင့်သွေးကျဲဆေးဈေးတွေ
မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက
သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလား
တဲ့။

ရပါတယ်။

သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်တဲ့
နည်းကိုအခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲသဘာဝမှာသွေးကျဲအောင်လုပ်
ပေးနိုင်တာကတော့

#ကြက်သွန်ဖြူဖြစ်ပါတယ်။

#ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများ
ကြီးပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါ
တစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်းကြက်သွန်ဖြူ
နဲ့ပဲအနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက်စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင်လုပ်ပေးနိုင်တာတစ်ခု
ရှိပါသေးတယ်။အဲဒါကတော့နနွင်းဖြစ်ပါတယ်။
နနွင်းကဆီနဲ့ဖျော်သောက်မှအူတွေကနေစုပ်ယူနိုင်
တာဖြစ်တယ်။အခုလိုအခါမှာ ဇွန်းသေးနဲ့မနက်တစ်
ဇွန်းညနေတစ်စွန်းသောက်သင့်တယ်။

နောက်တစ်ခုကတော့သံလွင်ဆီဖြစ်တယ်။ဆံချည်မျှင်
သွေးကြောလေးတွေအတွင်းထဲအထိရှင်းလင်းပေးနိုင်
တာကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။နနွင်းဖျော်
သောက်ရာမှာသံလွင်ဆီနဲ့ပဲဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာပျစ်နေလေ့ရှိတယ်။သွေးခဲ
ခြင်းရခြင်းကသွေးပျစ်နေလို့။သွေးပျစ်ရတာကရေသောက်
နည်းလို့။ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။
ဒါကြောင့်တစ်နေ့ကိုရေ၄လီတာလောက်သောက်ရမယ်။

#ရေ ခပ်နွေးနွေးသောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာအချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်သံပရာရည်
ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။အနောက်နိုင်ငံက
တွေကတော့သွေးကျဲဖို့ကီဝီသီးတွေစားလေ့ရှိပါတယ်။အခုမြန်မာပြည်မှာတော့ကင်ပွန်းချဉ်ဟင်းချိုသောက်ပြီးအဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကို
သွေးသည်းခြေလို့ခေါ်ပါတယ်။သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်
ကတော့အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။အခါးစားမှလည်း ဝါယောအားကောင်းပြီးသွေးလည်ပတ်မှုမှန်မှာဖြစ်တယ်။

အထိုင်များအအိပ်များရင်သွေးလေးပြီးသွေးခဲတတ်တယ်။

ဒါကြောင့် လမ်းလျှောက်ပေးရမယ်။

လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ
ညှစ်တော့မှသွေးကနှလုံးကိုတွန်းအားနဲ့ရောက်တာဖြစ်တယ်။ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေဖြစ်တယ်။ခပ်ဖြေးဖြေးလျှောက်ပေါ့။

Credit
ကျန်းမာရေး ဗဟုသုတ မျှဝေကြမယ်နော်

12/03/2023

ဆီးချိုရောဂါအတွက် နောက်ဆုံးသတင်း
( ခရေရွက်လက်တစ်ဆုပ် )
တန်ဘိုးကြီးအင်္ဂလိပ်ဆေးတွေဝယ်ပြီးအမြဲမမှီဝဲနိုင်သူတွေအတွက်ပါ။ ခရေပင်ကခရေရွက်လက်တစ်ဆုပ်ပြုပ်။နံနက်စာစားပြီးရေနွေးကြမ်းတစ်ခွက်စာ။ ညနေစာစားပြီးတစ်ခွက်သောက်ရင်ဆီးချိုကိုထိန်းနိုင်တယ်ပြောပါတယ်။
ကုသိုလ်တော်ဘုရားဝင်းမှာဝေယျာဝစ္စလုပ်နေတဲ့အဘတစ်ဦးမှာခြေမခလုတ်တိုက်မိရာကအနာမကျက်နိုင်ပဲခြေတရွတ်ဆွဲသွားနေတာ။ဘုရားလာနေကျဆရာဝန်ကြီးတစ်ဦးကဆေးခန်းခေါ်စစ်ဆေးပေးရာဆီးချိုအဆင့်၁၂အထိတက်နေတယ်ပြောပါတယ်။ ဆီးချိုဆေးတွေပေးလို့အနာလည်းသက်သာသွားပါတယ်။ဒါပေမဲ့ကံဆိုးတာကသူ့ကိုကုပေးတဲ့ဆရာဝန်ကြီးကမလာတော့ပါဘူး။သားသမီးတွေခေါ်လို့နိုင်ငံခြားမှာနေဖို့ထွက်သွားပြီလို့ကြားသ်ိရပါတယ်တဲ့။ဒီနောက်ပိုင်းမှာတော့ဘုရားလာသူတွေသဒ္ဓာကြေးပေးတဲ့ပိုက်ဆံနဲ့ဆီးချိုကျဆေးကိုဆရာဝန်ကြီးပေးနေကျအတိုင်းဝယ်သောက်ပေမဲ့နောက်ပိုင်းမှာမှန်မှန်ဝယ်မသောက်နိုင်ခဲ့ဘူး။ အနာဟောင်းတစ်ခုကပြန်ထပြီးရောင်ကိုင်းလာပါတယ်။
ဒါပေမဲ့တလောကလက်တွေ့ဆီးချိုပျောက်တဲ့ဘုန်းတော်ကြီးတစ်ပါးကမိန့်လို့ဘုရားထဲကခရေပင်ကြီးကအရွက်ကိုနေ့စဉ်လက်တစ်ဆုပ်ခူးပြီးပြုပ်သောက်ရာကဆီးချိုအနာများကျက်ပြီးလူလည်းနေကောင်းကျန်းမာ။ခြေထောက်ထုံကျင်လို့တရားမထိုင်နိုင်တာလည်းပြန်ထိုင်နိင်လာတယ်လို့ပြောပါတယ်။ဆီးချိုသမားများဟာထုံကျင်ရောဂါနဲ့အခန့်မသင့်ရင်လေငန်းလေဖြတ်ပါဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါကဆေးမီးတိုကောင်းတာနဲ့တွေ့ရင်အမြစ်ပြတ်ျပျာက်နိုင်ပေမဲ့တစ်ယောက်တစ်မျိုးဖြစ်နိုင်ပါတယ်။
သင်္ဘောသီးစိမ်းရေနွေးနဲ့ဆီးချိုမပျောက်တဲ့သူတွေ
ကြောင်လျာသီးနဲ့မပျောက်တဲ့သူတွေ
ခွေးတောက်ရွက်နဲ့၊ကြက်ဟင်းခါးရွက်နဲ့ဆီးချိုမကျသူတွေ
ခရေရွက်လက်တစ်ဆုပ်နည်းကိုစမ်းကြည့်ကြပါ။

Credit::::::

မူရင်းရေးသားသူ
ကြည်လွင်မြင့်( မုဒြာ )

ဒေါက်တာအောင်စိုးဝင်းပြောသောရဲယိုအကြောင်းသိကောင်းစရာများမေး 👉 ရဲယိုကဆေးလား ❓ဖြေ 👉 ရဲယိုသည်ဆေးမဟုတ်ပါ။ဆေးထက်အဆင့်များစွာမြ...
21/08/2022

ဒေါက်တာအောင်စိုးဝင်းပြောသော
ရဲယိုအကြောင်းသိကောင်းစရာများ

မေး 👉 ရဲယိုကဆေးလား ❓

ဖြေ 👉 ရဲယိုသည်ဆေးမဟုတ်ပါ။
ဆေးထက်အဆင့်များစွာမြင့်မားပြီး
သဘာဝအလေ့ကျပေါက်
ရောက်သောအသီးတမျိုးပါ ။

မေး #ရဲယိုသီးကိုဘာရောဂါမှမဖြစ်သေးခင်
ကြိုတင်စားလို့ရပါသလား ?

ဖြေ € စားလို့ရပါတယ် ။
ထန်းလျက်နဲ့သော်၄င်း ၊
ပျားရည်နဲ့သော် ၄င်း ၊
ရောပြီးစားလို့ရပါတယ်။
အစေ့ တွေကိုမစားစေချင်ပါ ၊
အူအတက်မှာသွားပိတ်နေမှာစိုးလို့ပါ ။
အသီးတွေကမ္ဘာပေါ်မှာ
အများကြီးပါ ။အဲ့အထဲကမှရဲယို
သီးကိုရွေးချယ်ပြီးထုတ်လုပ်ရသလဲဆိုတော့
ရဲယိုက ကင်ဆာပျောက်တဲ့ထိပ်တန်းအသီး ၃၀၀ ထဲမှာ
ရဲယိုသီးကTOP TEN ထဲမှာပါလို့ရွေးချယ်လိုက်ပါတယ် ။

မေး # ရဲယိုသီးအမှည့်ကိုဘယ်
အချိန်မျိုးမှာ စားသုံးသင့်ပါသလဲ?

ဖြေ € အစာအိမ်ထဲမှာအစာမရှိ
ချိန်တွင်စားသင့်ပါတယ် ။
ပြီးရင်ရေများများလိုက်သောက်
သင့်ပါတယ် ။
တနေ့ကို ၃ ကြိမ် စားပေးရင်ပိုကောင်းပါတယ်။

ယနေ့ခေတ်က ဓာတုဗေဒ ပစ္စည်းတွေ
အရမ်းလွှမ်းမိုးနေလို့
လူ့သွေးထဲမှာ ဓာတုပစ္စည်းတွေ
နေ့စဉ်ဝင်ရောက်နေလို့ပါ ။
ရဲယိုသီးအမှည့်ကိုစားပြီးရင်အ
နည်းဆုံး နာရီဝက် (သို့ )
တစ်နာရီနေပြီးမှအစာစားသင့်ပါတယ် ။
ကော်ဖီ လက်ဖက်ရည်
ကျွဲရိုင်း ကိုကာကိုလာ တွေကို
ရဲယိုသီးနှင့်ကပ်ပြီးမစားသင့်ပါ ။
ရဲယိုအာနိသင် ကျမှာစိုးလို့ပါ ။
မတည့်တဲ့သဘောတော့မရှိပါဘူး ။

မေး # ဘယ်လိုရောဂါတွေအတွက်
သင့်တော်ပါသလဲ?

ဖြေ € ရောဂါ ၁၀၁ မျိုးအတွက်
သင့်တော်ပါတယ် ။
ကင်ဆာ ၊
ဆီးချို
သွေးတိုး ၊
လေဖြတ်ခြင်း ၊
လေးဘက်နာ /ဂေါက်
ထိပ်ကပ်နာ/နှာခေါင်းအနံ့မရခြင်း ၊
နားအကြားအာရုံကျဆင်းခြင်း၊
ကျီးပေါင်း/အရိုးပွခြင်း ၊
သားအိမ်အလုံးတည်ခြင်း၊
သားဥအိမ်ရေအိတ်တည်ခြင်း ၊
အဖြူဆင်းခြင်း ၊
ရေယုန် ကြွက်နို့ပေါက်ခြင်း ၊
ပန်းသေ/ပန်းညှု ိုးခြင်း ၊
ဆေးလိပ်စွဲကွမ်းစွဲအရက်ဘီယာ
စွဲခြင်း ၊ဖြတ်လိုသူများသောက်သင့်ပါသည် ။
မှ ုးယစ်ဆေးဝါးစွဲခြင်း ၊
အိပ်ဆေးစွဲခြင်း ၊
အိပ်မပျော်ခြင်း ၊
စောစောအိပ်ရာမဝင်နိုင်ခြင်း ၊
သည်းခြေအိတ်ကျောက်တည်
ကျောက်ကပ်ကျောက်တည်ခြင်း၊
အသည်းအဆီဖုံးခြင်း ၊
ပါးစပ်ပျက်ခြင်း ၊
ထိပ်ပြောင်သူများဆံပင်ပြန်ပေါက်ခြင်း ၊
အသားအရေစိုပြေချောမွေ့ခြင်း၊
ပါးစပ်နံခြင်း၊ချိုင်းနံခြင်း ၊
ရာသီမမှန်ခြင်း၊ရာသီလာခါနီး
လူသတ်ချင်စိတ်ပေါ်ခြင်း ၊
စိတ်တိုလွယ်ခြင်း ၊အထီးကျန်ဆန်ခြင်း
စိတ်ဓာတ်ကျလွယ်ခြင်း ၊
အများနှင့်လိုက်လျောညီထွေမနေနိုင်ခြင်း ၊
တခုခုဆို မှတ်မရခြင်း၊
နှလုံးရောဂါ ၊
အသည်းရောဂါ ၊
ကျောက်ကပ်ရောဂါ ၊
မုန့်ချိုအိတ်ရောဂါ ၊
အစာအိမ်နှင့်အူလမ်းကြောင်း
ရောဂါများ ၊
ဆီးကျိတ်ရောဂါ ၊
မြုံခြင်း ၊
မှတ်ဥာဏ်မကောင်းခြင်း ၊
စာကျက်သည့်အခါ အာရုံမရခြင်း၊
ဆိုးသွမ်းလူငယ်ဖြစ်နေခြင်း ၊
သူငယ်ပြန်ခြင်း ၊
အယ်လ်ဆိုင်းမားရောဂါ ၊
အဝလွန်ခြင်း ၊
သက်လုံကောင်းလိုသူများ ၊
ကိုယ်ခံအားကောင်းလိုသူများ ၊
အသက်ရှည်ကျန်းမာလိုသူများ
နေ့စဉ်မှန်မှန် သောက်သုံးသင့်ပါသည် ။

ဒေါက်တာ အောင်စိုးဝင်း
( သဘာဝ စွမ်းအားရဲယို ဆရာဝန် )

ပြန်လည်မျှဝေပါသည်။
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

( အသီးတွေမှည့်ရင် နေလှန်းမယ် )

Credit . . , . .
Steven Soe

"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "=======================Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင် အခ...
07/06/2022

"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "
=======================
Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင်

အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။နာမည်တွေကတော့ အမျိုးမျိုးခေါ်ကြပါတယ်။ ရှမ်းတောင်ဘက်မှာဆိုရင် မာကာကွတ်ပင်လို့ခေါ်ကြတယ်
ဒေသအလိုက် ခေါ်တာချင်းလဲမတူကြပါဘူး။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။
အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။

"အပင်ရဲ့ဂုဏ်သတ္တိတွေ"
================
မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်း၀င်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။
နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။
သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာ၀နည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။
အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။

​နောက်ပြီး သူ့မှာ လူသိပ်မသိတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အချက်တွေလည်းရှိနေပါ​တေးတယ်။

၁။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ဂုဏ်သတ္တိ

သခွပ်နီသီးက သဘာဝပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်။

၂။ ဗီတာမင် စီ ရဲ့အရင်းအမြစ်တစ်ခု

သခွပ်နီသီး ၁၀၀ ဂရမ်သည် ဗီတာမင်စီ ၁၅၀ မီလီဂရမ်နဲ့ ညီမျှတယ်လို့ လေ့လာချက်အရ သိရပါတယ်။ ဗီတာမင်စီပါတဲ့အတွက် ကိုယ်ခံအားကောင်းစေပြီး အအေးမိ၊ နှာစေးအတွက်လည်း သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။

၃။ ဂေါက်ရောဂါကို သက်သာစေသည်

ဂေါက်ရောဂါဟာ အချို့သောအစားအစာများကို လွန်စွာစားသုံးခြင်းနှင့် ရေလုံလောက်စွာမသောက်ခြင်းတို့ကြောင့် ယူရစ်အက်စစ် (uric acid) များ စုပုံလာခြင်းကြောင့်ဖြစ်သော အဆစ်နာခြင်းတစ်မျိုးဖြစ်ပါတယ်။ သခွပ်သီးသည် ဂေါက်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်သော်လည်း တစ်နေ့လျှင် ၉ လုံးကနေ ၁၂ လုံးထိကို ၃ ကြိမ်ပုံမှန်စားပေးပါက အဆစ်နာခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

၄။ ခေါင်းကိုက်ခြင်းကို သက်သာစေသည်

သခွပ်နီသီးက သွေးကြောပိတ်ဆို့ခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရခြင်းကိုလည်း သက်သာစေပါတယ်။ သွေးလည်ပတ်ခြင်းကို ပုံမှန်လည်ပတ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

၅။ ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်သည်

သခွပ်နီသီးရဲ့အရသာသည် ချိုသော်လည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေရန် ကူညီပေးပါတယ်။ ဒါ့ကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းကို သက်သာစေပြီး နှလုံးကိုလည်း အားကောင်းစေပါတယ်။

၇။ အရေးကြီးတဲ့ အာဟာရဓာတ်များ

အသီးမှာဆိုရင် အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ အိုင်းရွင်းနဲ့ ဗီတာမင် ဘီ ဓာတ်တို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒီလိုအာဟာရဓာတ်တွေပါဝင်နေမှုကြောင့်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေသည်မှာ မထူးဆန်းပါပေ။

၈။ ကင်ဆာကာကွယ်ပေးနိုင်တယ်

သုတေသနပြုချက်တွေအရ အရွက်သည် ကင်ဆာအကြိတ်ကြီးထွားမှုကို လျော့ချပေးသော ဂုဏ်သတ္တိများရှိသည်ကို တွေ့ရှိခဲ့ရသည်။

၉။ ရောင်ရမ်းမှုများကို သက်သာစေသည်

အရွက်ကို အခြောက်ခံ အပိုင်းအစတွေချေပြီး လက်ဖက်ရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အဆစ်များရောင်ခြင်းနဲ့ အဖျားကို သက်သာလျော့ကျစေနိုင်ပါတယ်။

၁၀။ သွေးဖိအားကို လျော့နည်းစေသည်

ဆေးလိပ်သောက်ခြင်း၊ ဆား အရမ်းသုံးခြင်း၊ အဆီများသောအစားအစာနဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် သွေးဖိအားမြင့်တဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ သွေးကြောများက ခန္ဓာကိုယ်တစ်လျောက် ရွေ့ဖို့ခက်ခဲသွားတဲ့အချိန်မှာ သွေးကြောတွေမှာ ဖိအားမြင့်လာစေပါတယ်။ သွေးဖိအားမြင့်လာတဲ့အခါ နှလုံးဖောက်ခြင်း (heart attacks) နဲ့ လေဖြတ်ခြင်းတို့ ဖြစ်လာရပါတယ်။ သခွပ်နီရွက်လက်ဖက်ရည်မှာပါဝင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ပမာဏက သွေးကြောတွေကို ပုံမှန် လွတ်လွတ်လပ်လပ်စီးဆင်းစေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။

၁၁။ အစာချေဖျက်အားကောင်းစေသည်

အသီးက အစာအိမ်ထဲလေထခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာမကြေခြင်းကိုလည်း သက်သာစေတဲ့အတွက်ကြောင့် ပုံမှန်စားပေးသင့်ပါတယ်

အာဟာရပညာရှင်တွေရဲ့ ညွှန်ကြားချက်မှာ အသီးအတိုင်းစားရင်ကို ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနေတဲ့အပြင် ပတ်ဝန်းကျင်စိမ်းလန်းမှုနဲ့ ဂေဟစနစ်ကိုပါ ထိန်းသိမ်းသွားနိုင်ဖို့အတွက် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာလည်း သခွပ်နီပင်ကိုစိုက်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Credit::::::

ကင်ဆာလို့အမည်တပ်ခံရရင်ဘာမှလုပ်မနေနဲ့တော့ကြက်ဟင်းခါးသီးသာစားပေတော့       ****************ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော်...
07/06/2022

ကင်ဆာလို့အမည်တပ်ခံရရင်
ဘာမှလုပ်မနေနဲ့တော့
ကြက်ဟင်းခါးသီးသာစားပေတော့
****************

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် .
သေစေတဲ့ ကြက်ဟင်းခါးသီး
==========
ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် .
သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ .
ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။

ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့
ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက်
အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့
လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။
ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း
မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ
ဖျက်ဆီးပေးပါတယ်။

ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့
ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့
သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။
ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက
ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့ လမ်းကြောင်းတွေကိုလည်း ပြန်လည် အလုပ်လုပ်စေပါတယ်။
နောက်တနည်းပြောရမယ်ဆိုရင်
ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ .သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။
ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ
အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့
ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။

Credit: Trend Myanmar

ဘီပိုးအတွက် သဘဝဆေးပင်========================================ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ အလွန်းဆေးဖက်၀င်တဲ့ အပင်တစ်မျ...
12/03/2022

ဘီပိုးအတွက် သဘဝဆေးပင်

====================
====================

ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ အလွန်းဆေးဖက်၀င်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။

၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။

ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။

သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံဖြစ်ပြီး အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့နဲ့ ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။

ဆေးအဖြစ် အသုံးပြုပုံ

(၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါတယ်။

(၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါတယ်။

(၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါတယ်။

(၄) ၄င်းအမြှစ်ကို ငရုတ်သီးနှင့်ထောင်းစားနိုင်ပါတယ်။ ငပိနှင့်လည်း ထောင်းစားနိုင်ပါတယ်။

(၅) အရွက်နုများနှင့် အညွန့်များကို ပဲပုတ်နှင့်အတူ ထောင်းစားနိုင်ပါတယ်။

ဘီပိုးရောဂါရှိသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - အစွမ်းထက် သဘာဝဆေးနည်းများ

---

ဘီပိုးအတွက် သဘဝဆေးပင်
https://web.facebook.com/စောနွဲ-့နေဆိုင်-ပူတာအို-935489936504077/photos/a.935503566502714/1001633666556370

==========

ဘီပိုးအတွက် သဘဝဆေးပင်

====================
====================

ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။

၎င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။

ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆ

05/01/2021

ခါးဆစ်ရောင်လေးဖက်နာရောဂါသည် ခါးရိုးသာမက ကိုယ်တွင်းအင်္ဂါများကိုပါ
ထိလာတတ်သည့်အတွက် ပေါ့ဆမနေသင့်ဟုဆို
=====================================================

ရန်ကုန်၊ ဇန်နဝါရီ ၄

ခါးဆစ်ရောင်လေးဖက်နာရော ဂါသည် အချိန်ကြာလာပါက ခါးရိုးသာမက ကိုယ်တွင်း အင်္ဂါများကိုပါ ထိလာတတ်သည့်အတွက် ပေါ့ဆမနေ သင့်ကြောင်း အရိုး၊ အကြော၊ အဆစ်အထူးကုဆရာဝန် ကြီးပါမောက္ခဒေါက်တာချစ်စိုးက ပြောသည်။

''ခါးဆစ်ရောင်လေးဖက်နာက ကြာရင် ခါးရိုး သာမက ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိလာတတ်တာမို့ ပေါ့ပေါ့မနေဖို့လိုအပ်ပါတယ်။ မျက်စိရောင်ပြီးနီတာ၊ အဆုတ်အပေါ်ပိုင်းခဲတာ၊ ဖနောင့်ကြောတွေ ရောင်တာ တွေလဲဖြစ်နိုင်တယ်''ဟု ဒေါက်တာချစ်စိုးကပြောသည်။

ခါးဆစ်ရောင်လေးဖက်နာလက္ခဏာ
*************************************
ခါးရိုးရောင်သူသည် မတ်တတ်ရပ်ပြီး လက်ဖျားနှင့် ကြမ်းပြင်ကိုထိစေရန် ခန္ဓာကိုယ်ကိုကိုင်းကြည့်ပါက လက် ဖျားနှင့်ကြမ်းပြင်မထိတော့ဘဲ ကျောရိုးကြီးတောင့်နေ သည်ဆိုပါက ခါးဆစ်ရောင်လေးဖက်နာဟု ယူဆ၍ ရကြောင်း သိရသည်။

ပိုသေချာစေရန်အတွက် ခါးဆစ်ရိုးကို ဓာတ်မှန် ရိုက်ကြည့်လိုက်ပါက တင်ပါးချိုင့်ရိုးအဆစ်သည်ရောင် နေခြင်းကိုတွေ့ရှိရလျှင် အဆစ်ရောင် ခါးနာရောဂါဖြစ် နေပြီဖြစ်ကြောင်း၊ ယင်းရောဂါကိုကုသရာတွင် လေးဖက် နာရောဂါ၌ သုံးသော ခုခံဓာတ်ကို ထိန်းပေးသော ဆေး များသောက်ရကြောင်း သိရသည်။

ခါးဆစ်များမရောင်ဘဲနှင့်ခါးနာခြင်း
************************************
''နောက်တစ်မျိုးကတော့ ခါးဆစ်တွေမရောင်ဘဲနဲ့ ခါးနာတာ။ အဲဒါကတော့ အလေးအပင်မလို့ဖြစ်တာမျိုး တွေ၊ နေထိုင်မကောင်းလို့ ကြွက်သားနာသွားတာမျိုး တွေ၊ အဲဒါမျိုးတွေကသိပ်ပြီးတော့ နာတာရှည်ဖြစ်တာ မဟုတ်ဘူး။ ဆေးလဲသိပ်ပေးလို့မရဘူး။ အဲဒီမှာအရေး ကြီးတာက အနေအထိုင်မှန်အောင်လုပ်ဖို့နဲ့ကြွက်သား တွေသန်အောင်လုပ်ဖို့လိုပါတယ်။ အဲဒီလိုလူတွေက တော့ လေ့ကျင့်ခန်းဌာနနဲ့ပိုဆိုင်တာပေါ့''ဟု ပြောသည်။

လေ့ကျင့်ခန်းလုပ်သင့်
***********************
လေ့ကျင့်ခန်းအနေဖြင့် ရေကူးခြင်းကိုပြုလုပ်ပေး သင့်ပြီး အိပ်ရာပေါ်တွင်မှောက်လျက်အိပ်ပေးခြင်း၊ မှောက် လျက်လက်ရှေ့ဆန့်ထားကာ ခါးကိုကော့တင်သည့် လေ့ ကျင့်ခန်းလုပ်ပေးခြင်းတို့သည် ခါးနာခြင်းဝေဒနာပျောက် ကင်းရန်အတွက် အထောက်အကူပေးကြောင်း သိရ သည်။

''ခါးနာရောဂါဟာ တခြားရောဂါတွေလို ခဏလေး နဲ့ပျောက်နိုင်တဲ့ရောဂါမဟုတ်ပါဘူး။ ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်ဖြစ်တဲ့ရောဂါမျိုးပါ''ဟု ဆိုသည်။
ခါးနာခြင်းအမျိုးမျိုးရှိ
*******************
ခါးနာခြင်းသည်အမျိုးမျိုးရှိပြီး ထိခိုက်ဒဏ်ရာ ကြောင့် ခါးနာခြင်း၊ ခါးရိုးဆစ် တီဘီရောဂါကြောင့် ခါးနာ ခြင်း၊ အသက်အရွယ်ကြောင့် ခါးနာခြင်း၊ အထိုင်များ သောအလုပ်များကို နေ့စဉ်လုပ်ဆောင်နေပြီး ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်မှုနည်းပါးခြင်းကြောင့် ခါး နာခြင်းစသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ခါးနာ ခြင်းကို ခံစားရနိုင်ကြောင်း သိရသည်။

ဘယ်လိုနေထိုင်မှုပုံစံတွေက ခါးနာစေနိုင်သလဲ
*************************************************
''အဆစ်မရောင်ဘဲ ခါးနာခြင်းအနေနဲ့အဓိကဆိုင် တာက အလေးအပင်တွေ ကုန်းပြီးတော့ မလိုက်တာမျိုး တွေ၊ ပက်လက်ကုလားထိုင်တို့၊ ပုခက်တို့လိုမျိုးတွေမှာ အိပ်တာမျိုးတွေက ခါးနာတာကိုဖြစ်နိုင်တယ်။ ဥပမာ-ဖင်ထိုင်ခုံမှာထိုင်ရင်လဲ ခါးကိုမတ်မတ်အနေအထားနဲ့ ကျောနဲ့ထိုင်ခုံကပ်၊ တင်ပါးကလဲ သူနေရာနဲ့သူမတ်မတ် သဘောမျိုးဖြစ်အောင်ထိုင်ရမယ်၊ ခါးကြီးကကုန်းပြီး တော့ထိုင်နေတာမျိုးတွေက မလုပ်သင့်ဘူး။ ထိုင်ပုံထိုင် နည်း၊ အိပ်နည်းတွေက နည်းစနစ်မှန်မှန်နေထိုင်မှ ကောင်း တာ၊ မဟုတ်ရင် ခါးကနာသွားနိုင်တယ်''ဟု ဒေါက်တာ ချစ်စိုးက ထပ်မံပြောသည်။

လူအများစုသည် ထိုင်ရာတွင်ခါးကိုတည့်မတ်သည့် ပုံစံဖြင့် ထိုင်ခြင်းမရှိကြဘဲ ဆိုဖာကဲ့သို့သောထိုင်ခုံများ ပေါ်တွင် အချိန်ကြာကြာထိုင်မိနေခြင်းကို ပိုမိုဂရုစိုက် သင့်ပြီး ခါးဆစ်ရိုးအနေအထားကို တည့်မတ်ခြင်း မရှိ သည့်ထိုင်ခုံများတွင် ကြာကြာထိုင်ပါက ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ဘာတွေရှောင်ကြဉ်သင့်သလဲ
*******************************
ခါးနာခြင်းဝေဒနာမဖြစ်ပေါ်စေရန်အတွက် မနိုင် သောအလေးအပင်ပစ္စည်းများကို ကုန်း၍မယူခြင်း၊ ထမ်း ခြင်းများ၊ အထိုင်များပြီး လမ်းလျှောက်မှုနည်းခြင်းများ၊ အိစက်ပျော့ပျောင်းသော အိပ်ရာပေါ်တွင် အချိန်ကြာ ရှည်စွာအအိပ်များခြင်း၊ ညောင်းညာခြင်းကြောင့် ခါးရိုး ပေါ်တွင် အနှိပ်ခံတတ်သူတို့သည် အထူးသတိထား ရှောင်ရှားသင့်ကြောင်းနှင့်အဆစ်များမရောင်ဘဲနှင့်ဖြစ် သောခါးနာခြင်းသည် နေထိုင်မှုပုံစံ ပုံမှန်မဟုတ်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

လူငယ်များတွင်အဖြစ်များတတ်သော ခါးနာခြင်း
ခါးရိုးများရောင်ခြင်းကြောင့် ခါးနာခြင်းကို လူငယ် များတွင် ပိုမိုအဖြစ်များသည်ကိုတွေ့ရကြောင်း၊ အဆစ် ရောင်ခါးနာဟုခေါ်ဆိုနိုင်ကြောင်း သိရသည်။

''ဘယ်လိုသိသာလဲဆိုတော့ ခါးနာတယ်။ အသက် ကလဲ ၄ဝမကျော်သေးဘူး။ အဲဒီလူက မနက်စောစောမှာ ပိုနာတယ်ဆိုရင် ခါးဆစ်ရိုးတွေရောင်လို့ဖြစ်တဲ့ ခါးနာ ရောဂါဖြစ်တာများတယ်''ဟု ပါမောက္ခဒေါက်တာချစ်စိုး က ပြောသည်။

လူလတ်ပိုင်းတွင်ပိုအဖြစ်များသော ခါးနာခြင်း
***********************************************
ယင်းသို့သောအဆစ်များရောင်နေသည့် ခါးနာလူနာ များကို လေ့ကျင့်ခန်းဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး အဆိုပါဌာနမှ ခါးကြောများသန်စေရန်အတွက် လေ့ကျင့် ခန်းများပြုလုပ်ပေးခြင်းဖြင့် ခါးနာရောဂါသည်သက်သာ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ပွားခြင်း သည် လူလတ်ပိုင်းတို့တွင် ပိုအဖြစ်များကြောင်း သိရ သည်။

''တချို့ခါးနာရောဂါတွေက သတိမထားမိရင် ကုသ ဖို့ခက်ခဲရလောက်အောင် ဆိုးရွားနိုင်တာမျိုးတွေရှိ တယ်။ ခါးနာတဲ့ပုံစံအပေါ်မူတည်ပြီး ကုသမှု ကလဲကွာခြားပါ တယ်။ ဒါကြောင့် ခါးနာမှုစတင်လာပြီဆိုရင် သက်ဆိုင် ရာဆရာဝန်တွေနဲ့ပြသကုသမှု ခံယူကြဖို့လိုပါတယ်'' ဟု ဒေါက်တာချစ်စိုးက အကြံပြုပြောကြားခဲ့သည်။

Credit:

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

- Yangon Media Group

23/12/2020

#ဆောင်းရာသီမှာရေချိုးရမည့်အချိန်
=========================
Credit

ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်
ပျက်လာသည်ကိုတွေ့ရသည်။

မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာသည်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။

အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာ ဆေးဆရာ များသည် လူကြီးများ ရေချိုးမမှား စေရန် လိုက်နာ ခိုင်းသည့်လင်္ကာမှာ

”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။
အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၁ဝ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက်
၁၁ နာရီခန့်မှသာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။

ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ ကျန်းမာရေး ယိုယွင်းလာသည့် လူကြီးများ အသက်ကြီး သူများ အတွက်သာ ဖြစ်သည်။
ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။

နွေးထွေးအောင် ညအိပ်ချိန်နှင့်
နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။
”ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ ရေမချိုးလို့ သေတဲ့ မသာမရှိဘူး” ဟု ပြောလေ့ရှိသည်။ ဤသည်မှာ လူပြိန်းတွေး တွေးပြီး ပြောသော စကားဖြစ်သည်။

ပညာရှိများ ပြောသော စကား
မဟုတ်ပေ။ ရေမချိုး သဖြင့်
အသက်မသေ သော်လည်း ကျန်းမာရေး
မကောင်းနိုင်ပေ။

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊
သွားခြေရောင်ခြင်း၊ လျှာတွင်
အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏
နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။

ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။ ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။

အရဲကိုး၍ ချိုးမည် ဆိုလျှင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။

အချိန် ကြာမြင့်စွာ
ရေချိုးခြင်း မပြုရ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။

ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။ ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရပေသည်။

Credit to Original Writer
ms

23/12/2020

နံနံပင် ပင်စိမ်း ပူစီနံ 💚 သုံးမျိုးလုံးမစားတဲ့သူတွေရှိကြလား 😬
သုံးမျိုးလုံးစားတဲ့သူကတော့ရှားမယ်ထင်ပါတယ်
အနည်းဆုံးတစ်မျိုးကိုတော့စားသင့်ပါတယ် 🤗
ကျန်းမာရေးအတွက်အရမ်းအကျိုးပြုတဲ့ အရွက်လေးတွေဖြစ်နေလို့ပါ ကောင်းကျိုးလေးတွေအောက်မှာဖော်ပြထားပါတယ်💚

နံနံပင် 💚❤
********* ***

နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေ နံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင် နေပါတယ်။
အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက် တွေကိုပါ ထောက်ပံ့ပေးပါတယ်။

နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပဲဖြစ်ပါတယ်။ ကိုယ်တွင်း အင်ဆူလင်ဓာတ် ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။

နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေက မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်။

နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်...

ပူစီနံ (ပူဒီနာ) 💚❤
******** *********
ပူစီနံရွက်မှာ မဂ္ဂနီစီယမ်ဓာတ်လည်းပါရှိတဲ့အတွက် နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးပါတယ်။ ပြီးတော့သူ့မှာ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကို သန်စွမ်းစေပါတယ်။

ပူစီနံထဲမှာ Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုထားပါတယ်...

ပူစီနံရွက်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။ အချို့ Detox Juice အနေနဲ့ သောက်သုံးကြပါတယ် ။

အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက်လည်းကောင်းပါတယ်။

သူ့ရဲ့ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် သတ္တုရည်ကိုအသုံးပြုပြီး ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ သွားတိုက်ဆေး၊ အလှအပဆိုင်ရာ၊ အချိုရည်နှင့် ရေခဲမုန့်တို့ပြုလုပ်ကြပါတယ်။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားတဲ့ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်ဟာ လူကြိုက်များထင်ရှားပါတယ်...

ပင်စိမ်း 💚❤
***** ********

ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ...

ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်...

ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်...

တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ...

:::
ပြန်လည်မျှဝေပါသည်
KoZaw(Ygn)

23/12/2020

နှာချေသူ

နှာချေခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းတွင်အခိုးများပိတ်နေသဖြင့် အထက်သို့ လေပူများကန်တက်ခြင်းဖြစ်သည်။

ကိုယ်တွင်းအခိုးငုပ်နေသူများလည်းနှာချေပြီး၊ နှာရည်ယိုကျတတ်သည်။
ရေကြောက်၍ရေမချိုးသူ၊ ရေနွေးပူပူဖြင့်ရေချိုးသူများ နှာချေ၊နှာစေး၊နှာရည်ယိုတတ်သည်။

နှာခေါင်းပေါက်မှရှူသွင်းသောလေအေးကို အတွင်းမှလေပူကကန်ထုတ်သဖြင့် နှာချေခြင်းဖြစ်လာသည်။

မနက်အိပ်ယာထ မျက်နှာသစ်ရင် ရေကိုလက်ခုပ်နဲ့ယူငယ်ထိပ်ပေါက်အောင်ရှူပါ။ အကျင့်လုပ်ယူရင်ရပါတယ်။

ချင်းကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်ထား သောက်ပေးပါ။

ဝမ်းမချုပ်စေရန် အသီးအနှံများများစားပါ။ ကန်စွန်းရွက်ချဥ်ရည်ဟင်း၊ ကင်မွန်းချဥ်ရွက်ချဥ်ရည်ဟင်းများချက်သောက်ပါ။

ညအိပ်ယာဝင်မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။
ခြေဖဝါးဆားပွတ်ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေးရင် အခိုးတက်သက်သာလို့ နှာစေးနှာပိတ်သက်သာစေပါတယ်။
ရေချိုးလျှင် ရေနွေးစပ်ချိုးလျှင် ပထမဆုံး ဒူးအထက်မှအောက် ရေအေးလောင်းခြေဆေး၊အခိုးများထွက်သွားပြီးမှ ရေနွေးစပ်သောရေကိုချိုးပါ။

ကြည်လွင်မြင့်(မုဒြာ)
၂၂.၁၂.၂၀၂၀

23/12/2020

🧡 အာရုံကြောကို အားကောင်းစေတဲ့ အစားအစာများ🧡
================================



အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်..........

ဟင်းနုနွယ်
======
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆန်လုံးညို
=======
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ငါး
===
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ငှက်ပျောသီး
=======
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

ကြက်သွန်ဖြူ
========
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။

23/12/2020

ဒီနေ့က စပြီး စားတော့ မယ်။😁😁😁 မကြိုက်လည်းစားကြိုက်လည်းစားပဲ

တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ

(၁) အသက် ၄၀ကျော်လာသည် နှင့် ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်လာတတ်ပါတယ်။ ဒါကြောင့် မနက် နေ့ ည ငှက်ပျော် သီးမှည့် (၃) လုံး စားပေးပါ ။

(၂) အစာအိမ် ကင်ဆာသမားများနှင့် အရိုး ကင်ဆာ သမားများ ငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ ။

(၃) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်လျှင် ငှက်ပျော် သီးမှည့် စားပေးပါ ။

(၄) ကျောက်ကပ် အားနည်း ကျောက် ကပ် နာကျင်မှု အတွက် ပိုတက်စီယံ ကြွယ်ဝသော ဌက်ပျောသီးကို နေ့စဉ် စားပေးပါ ။

(၅) အူမကြီး မြန်ဆန်စွာ အလုပ် လုပ်နိုင်ရန် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၆) မျက်စိမှုန်ခြင်း မျက်စိ တိမ် ကပ်ခြင်းများ အတွက် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၇) ဝမ်းချူပ်ပြီး အပူအပုတ် ကိန်းအောင်းနေလျှင် ညစဉ် ငှက်ပျောသီး စားပေး ပါ ။

(၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေလျှင်လည်း ငှက်ပျောသီး တစ်နေ့ ၃လုံး စားပေးပါ ။

(၉) လေးဘက်နာ အဆစ်အမြစ် ကိုက်ခဲနေ လျှင် လည်း ငှက်ပျောသီး စားပေးပါ ။

မေတ္တာဖြင့်
ပြန်လည်မျှဝေပေးပါတယ်။
credit to original writer
Htunhtun

Address

26st, Bet:84 And 85st
Mandale
095

Website

Alerts

Be the first to know and let us send you an email when ဆေးနည်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram