Hein Pharmacy

Hein Pharmacy Hein Pharmacy Open 24 hours

ရင်သွေးလေးကို စတင်လွယ်ထားရပြီဆိုတာနဲ့ မိခင်တိုင်းရဲ့ စိတ်ထဲမှာ "ငါ့ကလေးလေး ကျန်းမာပါ့မလား၊ အာဟာရရော ပြည့်ဝပါ့မလား" ဆိုတဲ...
30/01/2026

ရင်သွေးလေးကို စတင်လွယ်ထားရပြီဆိုတာနဲ့ မိခင်တိုင်းရဲ့ စိတ်ထဲမှာ "ငါ့ကလေးလေး ကျန်းမာပါ့မလား၊ အာဟာရရော ပြည့်ဝပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်လေးတွေ ရှိတတ်ကြပါတယ် ❤️
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရဲ့ ကျန်းမာရေးတင်မကဘဲ ဗိုက်ထဲက ရင်သွေးလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် ပုံမှန်ထက်ပိုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်

✨ သန္ဓေသားလေးအတွက် အကောင်းဆုံးကို ရွေးချယ်နိုင်ဖို့ရာ Hein Pharmacy မှာ မိခင်လောင်းတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး Early Pregnancy ကနေ မွေးဖွားခါနီးအထိ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မဲ့ Prenatal Vitamins & Minerals Supplement ဆေးဝါးများကို စုံစုံလင်လင် ရရှိနိုင်ပါပြီ။ 💊🤰

သင့်ရင်သွေးလေးရဲ့ အနာဂတ် ကျန်းမာရေးဟာ ဒီနေ့ သင်ရွေးချယ်လိုက်တဲ့ အာဟာရပေါ်မှာ မူတည်နေပါတာမို့ 👶✨
👉 Hein Pharmacy ကဆိုရင်
✅ Folic Acid, Iron, Calcium နဲ့ DHA တို့လို သန္ဓေသား ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်များ ပါဝင်တဲ့ အရည်အသွေးမြင့်ပြီး စစ်မှန်သော ဆေးဝါးများကိုသာ အထူးဂရုပြု ရောင်းချပေးခြင်း။

✅ မိခင်နဲ့ ရင်သွေးအတွက် အသင့်တော်ဆုံး Supplement ဖြစ်စေဖို့ ကျွမ်းကျင်ဝန်ထမ်းများမှ လမ်းညွှန်ပေးခြင်း။

ဒီတော့ ပိုမိုသာယာတဲ့ အနာဂတ်နဲ့ ပိုမိုကျန်းမာတဲ့ မိသားစုဘဝအတွက် Hein Pharmacy မှာ အကောင်းဆုံးကို အတူတူရွေးချယ်လိုက်ကြရအောင် 🤗

“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅
#သန္ဓေသားဖွံ့ဖြိုးမှု #မိခင်နှင့်ရင်သွေး

HIV ပိုးကနေ AIDS အဆင့်ကို ဘယ်လိုကူးပြောင်းသွားတာလဲ?  🩺🩸လူတော်တော်များများက HIV နဲ့ AIDS ကို တစ်ခုတည်းလို့ ထင်တတ်ကြပါတယ်။...
28/01/2026

HIV ပိုးကနေ AIDS အဆင့်ကို ဘယ်လိုကူးပြောင်းသွားတာလဲ? 🩺🩸

လူတော်တော်များများက HIV နဲ့ AIDS ကို တစ်ခုတည်းလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးရဲ့ ဖြစ်စဉ်အဆင့်ဆင့် ကွာခြားချက်ပဲဖြစ်ပါတယ်။ 🧪

ဒီနေ့မှာတော့ Hein Pharmacy ကနေ HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုး အဆင့်ဆင့် တိုးတက်ပြောင်းလဲသွားလဲဆိုတာ အလွယ်ကူဆုံး နားလည်အောင် ဝေမျှပေးသွားပါမယ်

အဆင့် (၁) - ပြင်းထန်အဆင့် စတင်ကူးစက်ခြင်း⚡
ပိုးကူးစက်ခံရပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေ အဆမတန် ပွားများနေတဲ့အချိန်ဖြစ်လို့ တုပ်ကွေးမိသလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
🤒 ဖျားခြင်း၊ လည်ပင်းနာခြင်း။
🛡️ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို စတင်တိုက်ထုတ်ဖို့ ကြိုးစားတဲ့အဆင့်ပါ။

အဆင့် (၂) - ရောဂါလက္ခဏာမပြဘဲ ပုန်းကွယ်နေသည့်အဆင့် 💤
ဒီအဆင့်မှာ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေပေမဲ့ သိသာတဲ့ လက္ခဏာတွေ မပြတတ်တော့ပါဘူး။
⏳ ဆေးဝါးကုသမှု မခံယူဘူးဆိုရင် ဒီအဆင့်က ၁၀ နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာရှည်နိုင်ပါတယ်။
💊 ဒါပေမဲ့ ဒီအဆင့်မှာ ART (Antiretroviral Therapy) ဆေးကို စနစ်တကျ သောက်သုံးမယ်ဆိုရင် ဗိုင်းရပ်စ်ပွားတာကို ထိန်းချုပ်ထားနိုင်ပြီး နောက်ဆုံးအဆင့်ကို မရောက်အောင် တားဆီးပေးနိုင်ပါတယ်။

အဆင့် (၃) - ခုခံအားကျဆင်းမှုရောဂါ (AIDS) ⚠️
ဒါကတော့ HIV ပိုးရဲ့ နောက်ဆုံးနဲ့ အပြင်းထန်ဆုံးအဆင့်ပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (CD4 cells) တွေ အလွန်အမင်း နည်းပါးသွားတဲ့အချိန် ဖြစ်ပါတယ်။
📉 ကိုယ်ခံအားစနစ် ပျက်စီးသွားတဲ့အတွက် သာမန်လူတွေမှာ မဖြစ်နိုင်တဲ့ ရောဂါပိုးများ (Opportunistic Infections) အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။
🌡️ ကိုယ်အလေးချိန် သိသိသာသာကျခြင်း၊ အပြင်းအထန် ဖျားခြင်းနဲ့ နာတာရှည် ဝမ်းပျက်ဝမ်းလျှောတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့်မို့
✅ စောစီးစွာ စစ်ဆေးပါ
HIV ရှိနေရုံနဲ့ AIDS ဖြစ်ပြီလို့ မဆိုလိုပါဘူး။
✅ ပုံမှန်ဆေးသောက်ပါ
ART ဆေးဝါးတွေက HIV ပိုးရှိသူတွေကို သာမန်လူတွေအတိုင်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဆေးကို စနစ်တကျသောက်လို့ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရတော့တဲ့အဆင့် (Undetectable) ရောက်ရင် တခြားသူကို ပိုးကူးစက်ဖို့ အခွင့်အလမ်း မရှိသလောက် နည်းပါးသွားပါတယ်။

Hein Pharmacy အနေနဲ့ လူတိုင်းကို ခွဲခြားမှုမရှိဘဲ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်စေချင်တာမို့ ဒီလိုမျိုး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေပေးသွားပါမယ် 🤗

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

24/01/2026

အခုလို အေးစိမ့်တဲ့ ဆောင်းမနက်ခင်းတွေမှာ ရေချိုးဖို့ ဝန်လေးနေသလား? ❄️♨️

ရေနွေးနဲ့ ရေချိုးတာဟာ အအေးဒဏ်ကို ကာကွယ်ပေးရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် မထင်မှတ်ထားတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

ဒီဆောင်းရာသီမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်းနဲ့ ကျန်းမာရေး ဂရုစိုက်ကြရအောင်။ 🛀✨
#ကျန်းမာရေးဗဟုသုတ #ဆောင်းရာသီ #ဟိန်းဆေးဆိုင်

16/01/2026

💊 ဆေးတွေကို အစာမစားခင်နဲ့ အစာစားပြီး ဘယ်လိုမှန်မှန်ကန်ကန် သောက်သုံးမလဲ?

ဆေးသောက်တဲ့အခါ အစာနဲ့နီးရမလား၊ ဝေးရမလားဆိုတာက ဆေးရဲ့အာနိသင် အပြည့်အဝရရှိဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဆေးသောက်ချိန် မှားယွင်းရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလို ဆေးအာနိသင်လည်း လျော့နည်းသွားနိုင်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့...
✅ အစာမစားခင် သောက်ရမယ့် ဆေးတွေရဲ့ သတ်မှတ်ချက်
✅ အစာစားပြီး သောက်ရမယ့် ဆေးတွေက ဘာကြောင့် အစာနဲ့တွဲသောက်ရတာလဲ
✅ ဆေးအာနိသင် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုသောက်သုံးရမလဲ ဆိုတာတွေကို ရှင်းပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိဖို့ Hein Pharmacy ပေ့ချ်ကို Like & Follow လုပ်ထားလိုက်ဦးနော်။ ✨

#ကျန်းမာရေးဗဟုသုတ #ဆေးသောက်နည်း

ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံလေးတွေကို အနည်းငယ် ပြောင်းလဲရုံနဲ့ အူမကြီးကင်ဆာရန်ကနေ ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ သိပါသလား...
07/01/2026

ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံလေးတွေကို အနည်းငယ် ပြောင်းလဲရုံနဲ့ အူမကြီးကင်ဆာရန်ကနေ ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ သိပါသလား? 🤔

အူမကြီးကင်ဆာဟာ အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာ သိပ်မပြတတ်တာကြောင့် "တိတ်တဆိတ် လူသတ်သမား" လို့တောင် တင်စားကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Hein Pharmacy ကနေပြီး လူတိုင်း လက်တွေ့လိုက်နာနိုင်မယ့် ထူးခြားပြီး ထိရောက်တဲ့ အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ 👇

✨ အူမကြီးကင်ဆာ ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းကောင်းများ ✨

🌈 အရောင်စုံတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုတွေကို စားပေးပါ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အရောင်အမျိုးမျိုး (ဥပမာ- ခရမ်းရောင် ဂေါ်ဖီထုပ်၊ အနီရောင် ခရမ်းချဉ်သီး၊ အစိမ်းရောင် ဟင်းနုနွယ်) စုံလင်အောင် စားပေးပါ။ အရွက်နဲ့အသီးတွေမှာ ပါဝင်တဲ့ Antioxidants တွေက ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

🥩 အနီရောင်ရင့်ရင့် အသားတွေကို လျှော့စားပါ
အမဲသား၊ ဆိတ်သားနဲ့ ဝက်အူချောင်း စတဲ့ အသားတွေကို အလွန်အကျွံစားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ တစ်ပတ်ကို ၃ ကြိမ်ထက် ပိုမစားမိဖို့ ဂရုစိုက်ပေးပါ။

🌾 အမျှင်ဓာတ် (Fiber) ကို ဦးစားပေးပါ
ဆန်လုံးညို၊ အုတ်ဂျုံ (Oats) နဲ့ ပဲအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် အစာဟောင်းတွေကို အူလမ်းကြောင်းထဲမှာ ကြာရှည်မနေစေဘဲ အမြန်ဆုံး စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

💧 ရေဓာတ်ပြည့်ဝပါစေ
တစ်နေ့ကို ရေသောက်နည်းတာဟာ ဝမ်းချုပ်ခြင်းကို ဖြစ်စေပြီး အူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်တဲ့ အကျင့်လေး လုပ်ပေးပါ။

👟 ကိုယ်လက်လှုပ်ရှားမှု မမေ့ပါနဲ့: တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

🩺 ပုံမှန်ဆေးစစ်ခြင်း
အသက် ၄၅ နှစ်အထက်ရှိသူတွေအနေနဲ့ ဒါမှမဟုတ် မိသားစုဝင်ထဲမှာ ရောဂါအခံရှိသူတွေအနေနဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်း Colonoscopy ပြုလုပ်ပြီး စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးဟာ လူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါ။ မိမိကိုယ်ကိုယ် ဂရုစိုက်တာဟာ ကိုယ့်မိသားစုကို ဂရုစိုက်ရာလည်း ရောက်ပါတယ်။ ❤️

ဒီအကြောင်းအရာလေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် သူငယ်ချင်း၊ မိတ်ဆွေတွေကို Share ပေးဖို့ မမေ့နဲ့ဦးနော်။ 🔄

ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များအတွက် Hein Pharmacy ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🏥✨

“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#အူမကြီးကင်ဆာ

လောကမှာ "အမေ" ဆိုတာ တစ်ယောက်တည်းပဲ ရှိတာပါ... ❤️မိန်းမသားတစ်ယောက် ဖြစ်ပေမဲ့ သားသမီးအတွက်ဆိုရင်တော့ ဘယ်လိုမုန်တိုင်းမျိုး...
02/01/2026

လောကမှာ "အမေ" ဆိုတာ တစ်ယောက်တည်းပဲ ရှိတာပါ... ❤️

မိန်းမသားတစ်ယောက် ဖြစ်ပေမဲ့ သားသမီးအတွက်ဆိုရင်တော့ ဘယ်လိုမုန်တိုင်းမျိုးမှာမဆို ကြံ့ကြံ့ခံရပ်တည်ပေးတတ်တဲ့ "သန်မာသူ" ဟာ အမေပါပဲ။ ကိုယ့်အတွက်ဆို အမြဲတမ်း အလျှော့ပေး အနစ်နာခံတတ်ပေမဲ့ ဘဝကို ရင်ဆိုင်တဲ့အခါမှာတော့ အမေဟာ ကျောက်ဆောင်လို မာကျောခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင်ပါ။ 💪✨

ကျွန်တော်တို့ အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ချိန်မှာ... အမေကတော့ တဖြည်းဖြည်း အိုမင်းမစွမ်း ရှိလာတတ်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင်မှာ အနားမှာရှိတဲ့ အမေ့ကို အဖိုးတန်ရတနာတစ်ခုလို ဂရုစိုက်ကြင်နာပေးဖို့ မမေ့ပါနဲ့နော်။ 💎🥰

အမေ့ရဲ့ နူးညံ့တဲ့အပြုံးတွေ ထာဝရဝင်းပနေစေဖို့... ဒီကနေ့ (ပြာသိုလပြည့်) အမေများနေ့မှာ အမေ့အတွက် အမှတ်တရလက်ဆောင်လေးတစ်ခုနဲ့အတူ "ချစ်တယ်အမေ" လို့ ပြောလိုက်ရအောင်။

"You are a Wonder, in every way! Happy Mother’s Day!"

“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ပြာသိုလပြည့်အမေများနေ့

Happy New Year 2026 🎇🎆ကိုယ့်ကို စိတ်ညစ်စေမယ့် လူတွေ၊ အကြောင်းအရာတွေကို ၂၀၂၅ မှာတင် ထားခဲ့နိုင်ပါစေ ၂၀၂၆ မှာတော့ ပေါ့ပါးတ...
31/12/2025

Happy New Year 2026 🎇🎆

ကိုယ့်ကို စိတ်ညစ်စေမယ့် လူတွေ၊ အကြောင်းအရာတွေကို ၂၀၂၅ မှာတင် ထားခဲ့နိုင်ပါစေ

၂၀၂၆ မှာတော့ ပေါ့ပါးတဲ့ ခြေလှမ်းတွေ၊ သန့်ရှင်းတဲ့ စိတ်ထားတွေနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်နိုင်ပါစေလို့
“Hein Pharmacy” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ✨💖

“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅
#ဟိန်းဆေးဆိုင် #2026

ဒီဇင်ဘာနှင်းစက်တွေကြားက ညဉ့်သန်းခေါင်ယံလေးမှာ... 🎅 စိတ်ထဲက အမှန်တကယ် လိုချင်တောင့်တနေတဲ့ Wish တစ်ခုကို တိတ်တဆိတ် တောင်းဆ...
25/12/2025

ဒီဇင်ဘာနှင်းစက်တွေကြားက ညဉ့်သန်းခေါင်ယံလေးမှာ... 🎅 စိတ်ထဲက အမှန်တကယ် လိုချင်တောင့်တနေတဲ့ Wish တစ်ခုကို တိတ်တဆိတ် တောင်းဆိုဖို့ အချိန်ရောက်ပါပြီ။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူရှိနေရတဲ့ အနွေးထွေးဆုံး ရင်ခုန်သံတွေ၊ အပြုံးလှလှလေးတွေနဲ့ ရယ်သံလွင်လွင်တွေ... ဒါတွေအားလုံးဟာ ဒီနှစ်ရဲ့ ခရစ်စမတ်လက်ဆောင်ပါပဲ။ 🎁✨

ဒီနှစ် ခရစ်စမတ်မှာ ကိုယ့်ရဲ့ အိပ်မက်တွေ၊ ဆန္ဒတွေ အားလုံး တစ်ခုမကျန် ပြည့်ဝပါစေလို့ Hein Pharmacy ကနေ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။

"ချစ်မေတ္တာတွေနဲ့ နွေးထွေးပျော်ရွှင်ရတဲ့ ခရစ်စမတ်ကာလလေး ဖြစ်ပါစေ"

#ချစ်မေတ္တာတွေနဲ့နွေးထွေးပျော်ရွှင်ရတဲ့ခရစ်စမတ်ကာလလေးဖြစ်ပါစေ

အသည်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ အဆိပ်အတောက် ဖယ်ရှားရေး လုပ်ငန်းစဉ်များအတွက် ဗဟိုချက်မ ဖြစ်ပါတယ်။ ခေတ်မီ လူနေမှုပ...
24/12/2025

အသည်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ အဆိပ်အတောက် ဖယ်ရှားရေး လုပ်ငန်းစဉ်များအတွက် ဗဟိုချက်မ ဖြစ်ပါတယ်။
ခေတ်မီ လူနေမှုပုံစံနဲ့ စားသောက်မှုပုံစံတွေကြောင့် အသည်းကို ထိရောက်စွာ အားဖြည့်ပေးဖို့ဟာ မရှိမဖြစ် လိုအပ်လာပါပြီ။

Hein Pharmacy မှာ အသည်းကျန်းမာရေးကို အမြင့်ဆုံး အဆင့်အထိ ထောက်ပံ့ပေးနိုင်ဖို့အတွက် FDA ထောက်ခံချက်ရရှိပြီးတဲ့ အားဖြည့်ဆေးများကို စနစ်တကျ ရွေးချယ် စုစည်းထားပါတယ်။

✅ Hein Pharmacy မှာ လက်ရှိ ရရှိနိုင်သော အသည်းအားဖြည့် ထုတ်ကုန်တွေကတော့
✨ MILK HISTLE
Silymarin ပါဝင်ပြီး၊ အသည်းဆဲလ်များကို ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းနှင့် အသည်းဆဲလ်သစ်များ ပြန်လည်ဖြစ်ပေါ်မှုကို အားပေးပါတယ်

✨ HEPALIVE - 300
အသည်းကို အဆိပ်အတောက်များမှ ကာကွယ်ပေးခြင်း၊ အသည်းအဆီဖုံးခြင်း ကို လျှော့ချပေးခြင်းနှင့် အသည်းလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်

✨ LIVONOL FORTE
အသည်းရဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးခြင်း၊ အသည်းကိုအားဖြည့်ပေးခြင်းနှင့် ခန္ဓာကိုယ်မှ အဆီများကို ချေဖျက်ရာတွင် အထောက်အကူပြုပေးပါတယ်

✨ LIV- CARE PlUS
အသည်းကို ကာကွယ်ပေးသော အာဟာရဓာတ်များ ပါဝင်ပြီး၊ အသည်းရောင်ရမ်းမှုကို လျှော့ချပေးကာ အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

✨ Liver Care
Siliphos ပါဝင်တာမို့ အသည်းမှာရှိတဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးခြင်းနှင့် အသည်းရဲ့ ခုခံအားကို မြှင့်တင်ပေးပါတယ်

✨ LIVOLIN
အသည်းကို ပြုပြင်ပေးတဲ့ Phospholipids များပါဝင်တာမို့ အသည်းဆဲလ်နံရံများကို ကျန်းမာစေခြင်း၊ အသည်းလုပ်ဆောင်ချက်များ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်

✨ Liveril
L-Ornithine L-Aspartate (LOLA) ကဲ့သို့သော အာဟာရများနှင့် ဗီတာမင်များ ပါဝင်ပြီး၊ အသည်းမှ အမိုးနီးယား ကဲ့သို့သော အဆိပ်အတောက်များကို ဖယ်ရှားပေးရာတွင် ကူညီပေးပါတယ်

✨ Live-up Complex
အသည်းအတွက် လိုအပ်တဲ့ ဗီတာမင်နှင့် ဓာတ်ပေါင်းစုများကို ဖြည့်တင်းပေးပြီး၊ အသည်းကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်

✨ Sarzyme
အသည်းလုပ်ဆောင်ချက်ကို အားပေးတဲ့ Enzymes (အင်ဇိုင်း) များ ပါဝင်ပြီး အစာချေစနစ်နှင့် အဆိပ်အတောက် ဖယ်ရှားမှုကို ကူညီပံ့ပိုးပေးပါတယ်

ဒီလို အသည်းကျန်းမာရေး အခြေအနေနဲ့ အကိုက်ညီဆုံး အားဆေးအကြောင်းတွေကို အထောက်အကူဖြစ်စေဖို့ မျှဝေလိုက်ပါတယ်နော်။

“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ဟိန်းဆေးဆိုင် #အသည်းအားဆေး #အသည်းကျန်းမာရေး

Address

Mandale

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959791239111

Website

Alerts

Be the first to know and let us send you an email when Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hein Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram