28/01/2026
နီပါဗိုင်းရပ်စ် (Nipah Virus) နောက်ဆုံးရ သတင်းအချက်အလက်များ (၂၀၂၆၊ ဇန်နဝါရီ ၂၅ ရက်)
၁။ အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလား) လက်ရှိအခြေအနေ
----------------------
➡️အခြေအနေမှာ Hospital Cluster (ဆေးရုံတွင်း ကူးစက်မှု) ပုံစံဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းများ အဓိက ကူးစက်ခံထားရပါသည်။
➡️အတည်ပြုလူနာ: စုစုပေါင်း (၅) ဦး ရှိပါသည်။
➡️Barasat မြို့ (ကာလကတ္တားမြို့အနီး) ရှိ ပုဂ္ဂလိကဆေးရုံမှ ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး နှင့် ကျန်းမာရေးဝန်ထမ်း (၁) ဦး ပါဝင်သည်။
➡️မူလစတင်ကူးစက်ခံရသူ (Index case) လူနာမှာ သေဆုံးသွားပြီဟု ယူဆရပါသည်။
➡️သူနာပြု (၂) ဦးမှာ ICU တွင် ကုသမှုခံယူနေရပြီး၊ တစ်ဦးမှာ သတိမရတော့သည့်အခြေအနေ (Coma) နှင့် အခြားတစ်ဦးမှာ အသက်ရှူစက် (Ventilator) အကူအညီ လိုအပ်နေကြောင်း သိရပါသည်။
➡️ရောဂါကူးစက်မှု ကွင်းဆက် (Contact Tracing) ကို ခရိုင် (၃) ခုဖြစ်သည့် North 24 Parganas, Purba Bardhaman နှင့် Nadia တို့တွင် အရှိန်မြှင့် ဆောင်ရွက်နေပါသည်။ ထိတွေ့ဆက်စပ်သူ ၁၈၀ ခန့်ကို စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။
ထိုင်းနိုင်ငံ (Thailand):
-----------------
➡️အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ချက်ချင်း တုံ့ပြန်ဆောင်ရွက်နေပါပြီ။
➡️သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi) နှင့် ဒွန်မောင်းလေဆိပ် (Don Mueang) တို့တွင် အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလား) မှ လာသော ခရီးသည်များကို Screening (ရောဂါစစ်ဆေးခြင်း) စတင်နေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနမှ ကြေညာပါသည်။
စင်ကာပူနိုင်ငံ (Singapore 🇸🇬)
----------------------
➡️ ချန်ဂီလေဆိပ်တွင် အိန္ဒိယ (အထူးသဖြင့် ကာလကတ္တားနှင့် အနောက်ဘင်္ဂလား) မှ ခရီးသည်များအား အပူချိန်တိုင်းခြင်း (🌡️) နှင့် လက္ခဏာစစ်ဆေးခြင်း တင်းကြပ်စွာပြုလုပ်ထားသည်။
🩺ဆရာဝန်နှင့် ဆေးရုံများအားလုံးသို့ ညွှန်ကြားချက်ထုတ်ပြန်ကာ ဖျားနာလူနာများတွင် အိန္ဒိယခရီးသွားရာဇဝင် ရှိ/မရှိ မေးမြန်းရန် အမိန့်ထုတ်ထားသည်။
🧳နိုင်ငံသားများအား မလိုအပ်ပဲ ရောဂါဒေသများသို့ မသွားရန် သတိပေးထားသည်။
ဒူဘိုင်းနှင့် ယူအေအီး (Dubai & UAE 🇦🇪)
----------------------
➡️ရောဂါဖြစ်ပွားရာ ပြည်နယ်များမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ (🥦🍎) တင်သွင်းမှုကို ယာယီကန့်သတ် သို့မဟုတ် စစ်ဆေးမှုတင်းကြပ် ထားသည်။
➡️လေဆိပ်များတွင် အပူချိန်စက် (🌡️) များဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
လန်ဒန်နှင့် ယူကေ (London & UK 🇬🇧)
----------------------
🚨NHS ဆေးရုံများနှင့် GP များထံ "Clinical Alert" ပေးပို့ထားပြီး၊ အသက်ရှူလမ်းကြောင်း/ဦးနှောက်ရောင်လက္ခဏာပြသူ များတွင် ခရီးသွားရာဇဝင် စစ်ဆေးရန် မဖြစ်မနေညွှန်ကြားထားသည်။
➡️လက်ရှိ ကူးစက်နိုင်ခြေကို "နိမ့်" ဟုသတ်မှတ်ထားသော်လည်း စောင့်ကြည့်မှုအဆင့် မြှင့်တင် ထားသည်။
⚠️ သတိပြုရန်: နီပါဗိုင်းရပ်စ်သည် လူတွင်ပြင်းထန်သော ဦးနှောက်ရောင်ရောဂါ ဖြစ်စေနိုင်ပြီး၊ လူမှလူသို့ ကူးစက်နိုင်ကာ သေဆုံးနှုန်းမြင့်ပါသည်။ ခရီးသွားသူများ၊ ကျန်းမာရေးဝန်ထမ်းများ စောင့်ကြည့်သတိထားရန် အရေးကြီးပါသည်။
Crd
Aung Thiri Training Center