San Thaw Dar Specialist Clinic & Diagnostic Center

San Thaw Dar Specialist Clinic & Diagnostic Center No(42A)မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးက?

 ျို့တဲ့ခြင်းအကြောင်း =================🩸G6PD ဆိုတာက ??G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်း...
17/07/2022

ျို့တဲ့ခြင်းအကြောင်း
=================
🩸G6PD ဆိုတာက ??
G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါ။ ဒီဓာတ်က သွေးထဲကသွေးနီဥလေးတွေကြံ့ခိုင်အောင်ကာကွယ်ပေးပြီး သူတို့ရဲ့အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းတွေကို ပုံမှန်ဖြစ်အောင်ကူညီပေးပါတယ်။ ဒီအင်ဇိုင်းချို့တဲ့နေရင် သွေးနီဥတွေကထိရှလွယ်ပြီး ခန္ဓာကိုယ်ရဲ့ဓာတ်တိုးဖြစ်စဉ်တွေကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကွဲပျက်စီးကာ ရုတ်တရက်သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။

👨‍👨‍👦‍👦ဘယ်လိုလူတွေမှာ G6PD ဓာတ်ချို့တဲ့တတ်ပါသလဲ ?? ဘာကြောင့်ပါလဲ ??
G6PD ဓာတ်ချို့တဲ့တာဟာ မျိုးရိုးဗီဇ (Genetic) နဲ့ပတ်သက်ပါတယ်။ အထူးအားဖြင့် ယောကျာ်းလေးတွေမှာတွေ့ရများတတ်သော်လည်း အချို့မိန်းကလေးတွေမှာလည်းဖြစ်နေတတ်ပါတယ်။
မိန်းကလေးတွေမှာဖြစ်ရင် ထူးခြားတဲ့လက္ခဏာတွေမပြဘဲ မျိုးဗီဇကိုသာသယ်ဆောင်နေပြီး ကိုယ်ဝန်ဆောင်မီးဖွားချိန်ရောက်ရင် မိခင်မှကလေးသို့မျိုးဗီဇဆက်ပြီးပေးတတ်ပါတယ်။

🔍🔍 G6PD Deficiency ဖြစ်နေရင် ကြုံတွေ့ရနိုင်တဲ့ရောဂါလက္ခဏာတွေက ??
ရောဂါလက္ခဏာပြသချိန်တွေက တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး။ မွေးကင်းစကလေးတွေမှာဆိုရင်တော့ သွေးနီဥတွေပြိုကွဲလို့ မွေးပြီး (၁)ရက်မှ (၂) ရက်အတွင်း ရုတ်တရက်ပြင်းထန်စွာအသားဝါပါတယ်။ အသားဝါဓာတ် (Bilirubin) ထွက်တာများလွန်းခဲ့ရင် ဒီဓာတ်တွေကဦးနှောက်ကိုသွားထိပြီး ကလေးရဲ့ဦးနှောက်နဲ့အာရုံကြော၊ ဉာဏ်ရည်ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုစတာတွေထိခိုက်နိုင်ပြီး ကလေးမှာရာသက်ပန် မသန်မစွမ်း (Cerebral Palsy) ဖြစ်တာမျိုးနဲ့ အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။ ဒီလိုကလေးတွေက ပုံမှန်ကလေးအသားဝါတာထက်ပိုဝါတတ်လို့ မီးချောင်းပြရုံနဲ့မရတတ်ဘဲ သွေးလဲကုသတဲ့အဆင့်ထိရောက်လေ့ရှိပါတယ်။ အချိန်မီထိထိရောက်ရောက်ကုနိုင်ရင်တော့ ကလေးမှာအန္တရာယ်မရှိစေပါဘူး။ တချို့တွေကမွေးကင်းစမှာ ရောဂါမပြင်းထန်ဘဲ အသက်ကြီးတဲ့အထိဒီရောဂါကို ဖြစ်လို့ဖြစ်နေမှန်းမသိတာမျိုးလည်းရှိတတ်ပါတယ်။ အရေးကြီးတာတစ်ချက်က G6PD ချို့တဲ့သူတွေဟာ ပုံမှန်အားဖြင့်အလိုလိုသွေးနီဥပျက်ခြင်းများမရှိတတ်ဘဲ သာမန်လူတွေလိုပဲရှိတတ်ပါတယ်။ သို့သော်လည်း သူတို့နဲ့ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာ၊ စားသုံးမိတာမျိုးရှိတဲ့အချိန်မှာ ရုတ်တရက်သွေးနီဥတွေပြင်းထန်စွာပြိုကွဲပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။
ဒီအခါမှာ သွေးအားနည်းခြင်းရဲ့ဆိုးကျိုးတွေဖြစ်တဲ့ မောပန်းခြင်း၊ ဖြူဖျော့ပြီးအားနည်းနေခြင်း၊ မျက်စိ၊ အသားဝါခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းမှအစပြုကာ ဆီးမည်းမည်းများသွားခြင်း၊ အမောဖောက်ပြီးသတိလစ်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။ ဘယ်အသက်အရွယ်ပဲရောက်ရောက် မတည့်တာနဲ့တွေ့ချိန်တိုင်း ဒီလက္ခဏာတွေကအကြိမ်ကြိမ်ပြန်ဖြစ်တတ်ပါတယ်။ မတည့်တဲ့အချက်တွေနဲ့ထိတွေ့မှုကိုရပ်လိုက်ရင် လက္ခဏာတွေသက်သာသွားလေ့ရှိပါတယ်။ ဒါကြောင့်မို့ G6PD ချို့တဲ့တာကိုသိရှိတာနဲ့တပြိုင်နက် မတည့်တဲ့အရာတွေကိုမှတ်သားပြီး သတိပြုရှောင်ကြဉ်ပေးသွားကြဖို့က အထူးအရေးကြီးပါတယ်။

📛📛 G6PD ချို့တဲ့သူတွေနဲ့မတည့်တဲ့အရာတွေက ??
(၁) တောင်ကြီးပဲလှော်၊ ပဲကြားများ၊ ပဲကြီး၊ ပဲပိစပ်၊ ပဲပုပ်စတဲ့ပဲများ
(၂) ကြက်ဟင်းခါးသီး၊ ဒန်းရွက်၊ လက်ဖက်နှင့် လက်ဖက်စိမ်း (Green Tea)
(၃) Chemical ဆိုးဆေးများ၊ မဲနယ်ပါသော အသုံးအဆောင်၊ အစားအစာအမျိုးမျိုး
(၄) ပရုတ်လုံး၊ ပရုတ်ခဲနှင့် ပရုတ် (Menthol) ပါသောအစားအစာ၊ အသုံးအဆောင်များ ( သကြားလုံး၊
ပီကေ၊ သွားတိုက်ဆေး၊ ဒဏ်ကြေဆေး၊ ပရုတ်ဆီစသဖြင့်) လုံးဝမသုံးရပါ။ (*** မွေးကင်းစကလေး
အတွက် အနှီးပြင်ဆင်ချိန်မှာပရုတ်လုံးများမထည့်ဘဲ ပြင်ဆင်သင့်ပါတယ်။***)
(၅) ဆေးဝါးများတွင်လည်း G6PD ချို့တဲ့သူများနဲ့မတည့်တဲ့ဆေးတွေများစွာရှိပါတယ်။

#အဓိကအသုံးများတတ်သောဆေးများအနေနဲ့
- ဗီတာမင် C နှင့် ဗီတာမင် K ဆေးများ၊ သံဓာတ်များသောဆေးများ
- ဆာလ်ဖာ (Sulphur) ပါသောဆေးများ Septrin, Chloramphinicol, Streptomycin,
- အကိုက်အခဲပျောက်ဆေးအုပ်စုတွင် Asprin, Paracetamol ပါသောဆေးများ
- ပဋိဇီဝပိုးသတ်ဆေးများတွင် Quinolones (Ciprofloxaccin, Ofloxaccin, Norfloxaccin) ၊
Nalidixic acid၊ Nitrofurantoin
- ငှက်ဖျားဆေးများ Primaquine၊ Pentuquine ၊ Quine အမည်ပါဆေးဝါးများ
- အချို့သောကင်ဆာဆေးများ၊
- အချို့သော တိုင်းရင်းဆေးများ
(၆) အချို့သောဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း စတဲ့အကြောင်းရင်းတွေက G6PD ချို့တဲ့သူတွေအတွက် ရောဂါပြင်းထန်စေတတ်လို့ သတိပြုရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။ ဆရာဝန်ပြသချိန်တိုင်းမှာ မိမိမှာဒီအင်ဇိုင်းချို့တဲ့ကြောင်း မမေ့မလျော့ပြောပြရမှာဖြစ်ပါတယ်။

💊💉 G6PD ချို့တဲ့လို့သွေးအားနည်းရင်ဘယ်လိုကုသမှုခံယူရတတ်ပါသလဲ??
ပထမဦးဆုံးအနေနဲ့ ဖြစ်စေတဲ့အကြောင်းအရာကို ရှာဖွေပြီးချက်ချင်းရပ်တန့်ရမှာပါ။ ဒီလိုမတည့်တဲ့အရာကိုရပ်တန့်ရုံနဲ့ ရောဂါလက္ခဏာတွေက သက်သာလာတတ်ပါတယ်။ တချို့မှာတော့ရောဂါဆိုးရွားနေရင် ဆေးရုံတက်ပြီးအောက်ဆီဂျင်ရှူရတာ၊ သွေးအားတိုးဆေးများပေးတာ၊ သွေးသွင်းတာမျိုးတွေလုပ်ပြီး ကုသရတတ်ပါတယ်။

💢💢 G6PD ချို့တဲ့ခြင်းကိုစောစောသိရှိနိုင်ဖို့ ??
G6PD ချို့တဲ့မှုရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။ မိမိရဲ့မျိုးရိုးထဲမှာဒီရောဂါရှိဖူးရင် ကလေးမွေးဖွားတဲ့အခါမှာ အထူးသဖြင့်ယောကျ်ားလေးဖြစ်ပါက မွေးကင်းစကလေးအရွယ်တည်းက သွေးစစ်ကြည့်ထားသင့်ပါတယ်။ ဒါမှသာမတည့်တဲ့အရာတွေကို ကြိုတင်ရှောင်ထားလို့ရမှာပါ။ ဒီလိုရှောင်ကြဉ်နေထိုင်နိုင်ရင် တစ်သက်တာလုံးဒီရောဂါကြောင့်အန္တရာယ်မရှိနိုင်ဘဲ သာမန်လူများကဲ့သို့ကောင်းမွန်စွာနေထိုင်နိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတ မျှဝေပေးလိုက်ပါတယ်👩‍🔬
-------------------------------

စန်းသော်တာ အထွေထွေရောဂါနှင့် အထူးကုဆေးခန်း မှကြိုဆိုပါတယ်ရှင်စန်း‌သော်တာ အ‌ထွေထွေရောဂါနှင့်အထူးကုဆေးခန်း မှရရှိနိုင်တဲ့ ...
12/07/2022

စန်းသော်တာ အထွေထွေရောဂါနှင့် အထူးကုဆေးခန်း မှကြိုဆိုပါတယ်ရှင်

စန်း‌သော်တာ အ‌ထွေထွေရောဂါနှင့်အထူးကုဆေးခန်း မှရရှိနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှူတွေကတော့

✨အထူးကုပြင်ပလူနာဌာန
-အထွေထွေသမားတော်
-အထွေထွေခွဲစိတ်ဆရာဝန်
-သားဖွားမီးယပ်အထူးကုဆရာဝန်
-ကလေးအထူးကုဆရာဝန်
-နား/နှာခေါင်း/လည်ချောင်းအထူးကုဆရာဝန်
-အရိုးအထူးကုဆရာဝန်ကြီးများမှကြည့်ရှူပေးခြင်း

✨သားဖွားမီးယပ်ဆိုင်ရာဝန်ဆောင်မှူများ
-ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှူများ
-မျိုးဆက်ပွါးနှင့်သားဆက်ခြားနည်းလမ်းများ
-မီးယပ်ရောဂါများကုသခြင်း
-သားအိမ်ခေါင်းကင်ဆာကာကွယ်စစ်ဆေးခြင်းနှင့်ကုသခြင်း

✨ရောဂါရှာဖွေရေးဝန်ဆောင်မှူများ
-အဆင့်မြင့်ကွန်ပျူတာဓါတ်ခွဲစစ်ဆေးခြင်း
-အာထရာဆောင်း (Ultrasound)
-အီးစီဂျီ (ECG) အစရှိတဲ့ကျန်းမာရေးဝန်ဆောင်မှူတွေကို အကောင်းဆုံးဆောင်ရွက်ပေးလျှက်ရှိပါတယ်ရှင်

လိပ်စာ အမှတ်(42A)မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

Hotline 09889504080

၀ါဆိုလပြည့်နေ့🙏🙏🙏🙏🙏၂၀၂၂ ပြည့်နှစ်၊ ဇူလိုင်လ၊ ၁၂ ရက်၊ တွင် ကျရောက်သော “ဝါဆိုလပြည့်နေ့” တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလ...
12/07/2022

၀ါဆိုလပြည့်နေ့
🙏🙏🙏🙏🙏
၂၀၂၂ ပြည့်နှစ်၊ ဇူလိုင်လ၊ ၁၂ ရက်၊ တွင် ကျရောက်သော “ဝါဆိုလပြည့်နေ့” တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အန္တရာယ်ခပ်သိမ်း နှင့် ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်ကင်းပြီး လိုအင်ဆန္ဒများ ပြည့်ဝ၍ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြပါစေရန် စန်းသော်တာ အထွေထွေရောဂါနှင့်အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

ကလေးအထူးကု ဆရာဝန်ဒေါက်တာ ဇေယျာလင်းMBBS,M Med.Se (Paediatrics)သည် စန်းသော်တာ အထူးကုဆေးခန်းတွင်နေ့စဥ် (ညနေ ၄း၀၀ မှ ၇း၀၀ ထိ...
27/06/2022

ကလေးအထူးကု ဆရာဝန်
ဒေါက်တာ ဇေယျာလင်း
MBBS,M Med.Se (Paediatrics)

သည် စန်းသော်တာ အထူးကုဆေးခန်းတွင်
နေ့စဥ် (ညနေ ၄း၀၀ မှ ၇း၀၀ ထိ)
ကြည့်ရှုပေးနေပြီဖြစ်ပါသည်။

ကြိုတင်ရက်ချိန်းယူလိုပါက ဖုန်းနံပါတ် 09889504080 သို့ ဆက်သွယ်နိုင်ပါသည်။

🏥 အမှတ် - ၄၂/က မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

💙💛
🏥

နား၊နှာခေါင်း၊လည်ချောင်း ခွဲစိတ်ဆရာဝန်ဒေါက်တာ ကျော်သူအောင်MBBS,M Med.Se (Otorhynolaryngology)သည် စန်းသော်တာ အထူးကုဆေးခန်...
26/06/2022

နား၊နှာခေါင်း၊လည်ချောင်း ခွဲစိတ်ဆရာဝန်
ဒေါက်တာ ကျော်သူအောင်
MBBS,M Med.Se (Otorhynolaryngology)
သည် စန်းသော်တာ အထူးကုဆေးခန်းတွင်

နေ့စဥ် (ညနေ ၄း၀၀ မှ ၇း၀၀ ထိ)

ကြည့်ရှုပေးနေပြီဖြစ်ပါသည်။

ကြိုတင်ရက်ချိန်းယူလိုပါက ဖုန်းနံပါတ် 09889504080 သို့ ဆက်သွယ်နိုင်ပါသည်။

🏥 အမှတ် - ၄၂/က ‌မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

💙💛
🏥

သားဖွားမီးယပ်ခွဲစိတ်ဆရာဝန်ဒေါက်တာ မျိုးသန့်MBBS,M Med.Se (Obstetric & Gynaecology)သည် စန်းသော်တာ အထူးကုဆေးခန်းတွင်နေ့စဥ်...
25/06/2022

သားဖွားမီးယပ်ခွဲစိတ်ဆရာဝန်
ဒေါက်တာ မျိုးသန့်
MBBS,M Med.Se (Obstetric & Gynaecology)

သည် စန်းသော်တာ အထူးကုဆေးခန်းတွင်
နေ့စဥ် (ညနေ ၄း၀၀ မှ ၇း၀၀ ထိ)

ကြည့်ရှုပေးနေပြီဖြစ်ပါသည်။

ကြိုတင်ရက်ချိန်းယူလိုပါက ဖုန်းနံပါတ် 09889504080 သို့ ဆက်သွယ်နိုင်ပါသည်။

🏥 အမှတ် - ၄၂/က ‌ေမာ်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

💙💛
🏥

🛡သတိပြုကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်🛡💡မိုးရာသီ ရောက်ပြီဆိုရင် သွေးလွန်တုပ်ကွေး ရောဂါကို သတိထားရတော့မှာဖြစ်လို့ သွေးလွ...
23/06/2022

🛡သတိပြုကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်🛡

💡မိုးရာသီ ရောက်ပြီဆိုရင် သွေးလွန်တုပ်ကွေး ရောဂါကို သတိထားရတော့မှာဖြစ်လို့ သွေးလွန်တုပ်ကွေး အမျိုးအစားတွေနဲ့ ကာကွယ်နည်းလမ်းတွေကို San Thaw Dar Specialist Clinic & Diagnostic Center 𝐩𝐚𝐠𝐞 မှာ မျှဝေပေးပါဦးမယ်နော်။

📚သွေးလွန်တုပ်ကွေး အမျိုးအစားများ
📌သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးမှာ 𝐃𝐄𝐍𝐕-𝟏, 𝐃𝐄𝐍𝐕-𝟐, 𝐃𝐄𝐍𝐕-𝟑 နဲ့ 𝐃𝐄𝐍𝐕-𝟒 ဆိုပြီး ၄မျိုးရှိပါတယ်။ အမျိုးအစားပေါ် မူတည်ပြီး သိပ်မပြင်းထန်တဲ့အဆင့် ဖြစ်နိုင်သလို အပြင်းထန်ဆုံး သွေးလန့်တဲ့အဆင့် အထိလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များပေမယ့် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

🔗အမျိုးအစားတခု ဖြစ်ဖူးပြီးရင် သူ့အတွက် ကိုယ်ခံအားဓာတ် ထွက်ပြီးသွားလို့ ထပ်မဖြစ်နိုင်တော့ပေမယ့် အခြားအမျိုးအစားတွေက နောက်အကြိမ်တွေမှာ ကူးစက်ရင် သွေးလွန်တုပ်ကွေး ထပ်ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ အရင်အခေါက်ထက် ပိုဆိုးတတ်ပြီး သွေးလန့်တဲ့ အဆင့်အထိဖြစ်ဖို့ အခွင့်အရေး ပိုများသွားပါတယ်။

🚑ကိုယ်လက်ကိုက်ခဲပီး ဖျားနေရာကနေ အပူချိန်ရုတ်တရက် ကျဆင်းသွားမယ်၊ မလန်းဆန်းဘဲ မှိန်းနေမယ်ဆိုရင် သွေးလန့်ခြင်း လက္ခဏာ ဖြစ်နိုင်တာမို့ ဆေးရုံဆေးခန်းသို့ အမြန်ပြသင့်ပါပြီ။ သွေးလန့်တာ အရမ်းဆိုးလာရင် သွေးအန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဝမ်းအမဲသွားခြင်း၊ ဗိုက်အလွန်အောင့်ခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်းတွေကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

🔑သွေးလွန်တုပ်ကွေးကို ဘယ်လိုကာကွယ်ကြမလဲ?
ခြင်တွေကြောင့်ဖြစ်ရတဲ့ သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက ခြင်ကိုက်မခံရအောင် ကာကွယ်တာနဲ့ ခြင်ပေါက်ဖွားမှုကို တားဆီးတာတွေပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်ကျားက ရေကြည်ရေသန့်တွေမှာ ပေါက်ဖွားတာဖြစ်လို့ လူတွေနဲ့နီးစပ်တဲ့ နေရာများမှာ ပိုဂရုစိုက် ကာကွယ်ကြရပါမယ်။

💥ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့....
▶နေ့လည်၊ ညဘက်တွေမှာ အရောင်ဖျော့ဖျော့ အင်္ကျီ၊ဘောင်းဘီရှည်များ ဝတ်ဆင်ပါ။
▶သင့်တော်တဲ့ ခြင်နိုင်ဆေးများ၊ ခြင်မကိုက်တဲ့ လူးဆေး(𝐞𝐠., 𝐃𝐄𝐄𝐓)များ သုံးပါ။
▶ခြင်လုံဇကာတပ်ဆင်ပါ။ အလင်းရောင်ရှိစေဖို့ ပြတင်းတံခါးများ ဖွင့်ထားပါ။
▶ပတ်ဝန်းကျင် ညစ်ညမ်းတဲ့နေရာ၊ လူထူထပ်တဲ့ နေရာများကို ရှောင်ကြဥ်ပါ။ တကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါ။

💥ခြင်ပေါက်ဖွားမှုကို နှိမ်နင်းဖို့က ဖုံး၊ သွန်၊ လဲ၊ စစ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ရှင်း၊ မှုတ်ဆိုတဲ့အတိုင်း မှတ်သားလိုက်နာ သင့်ပါတယ်။
🔸ဖုံး - ရေစည်၊ ရေကန်၊ ရေအိုးများကို အမိုးအကာ ဖုံးအုပ်ပါ။
🔸သွန် - ပိုးလောက်လန်းရှိတဲ့ ရေများကို သွန်ပစ်ပါ။
🔸လဲ - ပန်းအိုးများကို ရေပုံမှန်လဲလှယ်ပါ။
🔸စစ် - ပိုးလောက်လန်းများ မပါစေရန် ရေကိုစစ်ပြီးမှ ထည့်ပါ။
🔸လောင်း - ကြောင်အိမ်အောက်ခံခွက်များမှာ ဒီဇယ်၊ စက်ဆီများ လောင်းထည့်ပါ။
🔸ထောင် - ဘယ်အချိန်ပဲအိပ်အိပ် ခြင်ထောင်ထောင်အိပ်ပါ။
🔸မြှုပ် - အသုံးမလိုတဲ့ ပစ္စည်းများထဲမှာ မိုးရေမတင်နေစေရန် မြေမြှုပ်ရှင်းလင်းပါ။
🔸ရှင်း - အမှိုက်များ၊ ခြုံနွယ်များ၊ ရေမြောင်းများကို ရှင်းလင်းသန့်စင်ပါ။
🔸မှုတ် - ကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်း၍ ခြင်နိုင်ဆေးများ မှုတ်ထားပါ။ ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားရင် သွေးလွန်တုပ်ကွေးအပြင် ခြင်ကြောင့်ဖြစ်တဲ့ တခြားသော ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်မှာပါ။

🔍သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ရှိသလား?
💉၂၀၁၆ ခုနှစ်မှာ 𝐖𝐇𝐎 ရဲ့ အတည်ပြုချက် လိုင်စင်ရရှိထားတဲ့ 𝐃𝐞𝐧𝐠𝐯𝐚𝐱𝐢𝐚 ဆိုတဲ့ ကာကွယ်ဆေး တမျိုးက လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၂၀လောက်မှာပဲ အသုံးပြုခွင့် ရထားပါသေးတယ်။ အသက်၉နှစ်မှ ၄၅နှစ်အတွင်းသာ အသုံးပြုနိုင်ပြီး ကာကွယ်နိုင်စွမ်း အမြင့်ဆုံးကလည်း ၇၀%သာ ရှိပါတယ်။ ခုခံအားက ဘယ်နှနှစ်ခံလဲ ဆိုတာကိုလည်း လေ့လာစမ်းသပ် နေကြဆဲပါ။
💉၀-၆လ-၁၂လ ဆိုပီး ၃ကြိမ်ထိုးရမယ့် ဒီဆေးက သွေးလွန်တုပ်ကွေး အနည်းဆုံး ၁ခေါက် ဖြစ်ဖူးပြီးသူမှာပဲ ထိုးသင့်ပါတယ်။ တခါမှမဖြစ်ဖူးတဲ့သူမှာ ထိုးလိုက်ရင် ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
💉ဒီလိုအချက်တွေကြောင့် ကာကွယ်ဆေးရဲ့ လွှမ်းခြုံနိုင်စွမ်းမှာ စိန်ခေါ်မှုတွေ များနေပါသေးတယ်။ ရောဂါဖြစ်ပြီဆိုရင် ပျောက်အောင်ကုသနိုင်မယ့် တိကျတဲ့ ဆေးဝါးကုထုံးလည်း မရှိသေးပါ။ ဗိုင်းရပ်စ်ပိုး ဖြစ်တာကြောင့် ဝေဒနာတွေ သက်သာနိုင်မယ့် ဆေးများသာပေးပြီး ကိုယ်ခံအားဖြင့်သာ တိုက်ထုတ်ရမှာ ဖြစ်ပါတယ်။

📌ဒါကြောင့်မို့လို့ ခြင်ကိုက်မခံဖို့နဲ့ ခြင်နှိမ်နင်းဖို့ကသာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းကို လျှော့ချနိုင်မယ့် အဓိက ကာကွယ်ရေး နည်းလမ်းတွေပဲ ဖြစ်ပါကြောင်း ဗဟုသုတ ဖော်ပြလိုက်ရပါတယ်ရှင်။

💐‘ဝေဒနါများ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ စန်းသော်တာ အထွေထွေရောဂါနှင့်အထူးကုဆေးခန်း မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။'🌻

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
https://www.who.int/…/fact-…/detail/dengue-and-severe-dengue

စန်းသော်တာ အထွေထွေရောဂါနှင့် အထူးကုဆေးခန်း မှကြိုဆိုပါတယ်ရှင်စန်း‌သော်တာ အ‌ထွေထွေရောဂါနှင့်အထူးကုဆေးခန်း မှရရှိနိုင်တဲ့ ...
21/06/2022

စန်းသော်တာ အထွေထွေရောဂါနှင့် အထူးကုဆေးခန်း မှကြိုဆိုပါတယ်ရှင်

စန်း‌သော်တာ အ‌ထွေထွေရောဂါနှင့်အထူးကုဆေးခန်း မှရရှိနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှူတွေကတော့

✨အထူးကုပြင်ပလူနာဌာန
-👨‍⚕️အထွေထွေသမားတော်
-👨‍⚕️အထွေထွေခွဲစိတ်ဆရာဝန်
-👨‍⚕️သားဖွားမီးယပ်အထူးကုဆရာဝန်
-👨‍⚕️ကလေးအထူးကုဆရာဝန်
-👨‍⚕️နား/နှာခေါင်း/လည်ချောင်းအထူးကုဆရာဝန်
-👨‍⚕️အရိုးအထူးကုဆရာဝန်ကြီးများမှကြည့်ရှူပေးခြင်း

✨သားဖွားမီးယပ်ဆိုင်ရာဝန်ဆောင်မှူများ
-ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှူများ
-မျိုးဆက်ပွါးနှင့်သားဆက်ခြားနည်းလမ်းများ
-မီးယပ်ရောဂါများကုသခြင်း
-သားအိမ်ခေါင်းကင်ဆာကာကွယ်စစ်ဆေးခြင်းနှင့်ကုသခြင်း

✨👨‍🔬ရောဂါရှာဖွေရေးဝန်ဆောင်မှူများ
-အဆင့်မြင့်ကွန်ပျူတာဓါတ်ခွဲစစ်ဆေးခြင်း
-အာထရာဆောင်း (Ultrasound)
-အီးစီဂျီ (ECG) အစရှိတဲ့ကျန်းမာရေးဝန်ဆောင်မှူတွေကို အကောင်းဆုံးဆောင်ရွက်ပေးလျှက်ရှိပါတယ်ရှင်

လိပ်စာ အမှတ်(42A)မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

Hotline 09889504080

အထွေထွေရောဂါကုသမားတော် ဒေါက်တာ ခင်အောင်စန်းMBBS,M Med.Se (Int.Med.)Specialized Training in Cardiology (MSU)Diploma in Me...
07/06/2022

အထွေထွေရောဂါကုသမားတော်
ဒေါက်တာ ခင်အောင်စန်း
MBBS,M Med.Se (Int.Med.)
Specialized Training in Cardiology (MSU)
Diploma in Medical Education
သည် စန်းသော်တာ အထူးကုဆေးခန်းတွင်
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ(ညနေ ၅းဝ၀ မှ ၈း၀၀နာရီထိ)
အင်္ဂါ၊ကြာဿပတေး (ညနေ ၃း၀၀ မှ ၅း၀၀ နာရီထိ)
စနေ၊တနင်္ဂနွေ (မနက် ၉း၀၀ မှ ၁၁း၃၀ ထိ)
(ညနေ ၂း၀၀ မှ ၃း၀၀ ထိ)

ကြည့်ရှုပေးနေပြီဖြစ်ပါသည်။

ကြိုတင်ရက်ချိန်းယူလိုပါက ဖုန်းနံပါတ် 09889504080 သို့ ဆက်သွယ်နိုင်ပါသည်။

🏥 အမှတ် - ၄၂/က ‌ေမာ်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက် မှု့ဇုံမီးပွိုင့်အနီး၊မော်လမြိုင်မြို့။

💙💛
🏥

 #ဆီးချိုရဲ့နောက်ဆက်တွဲ။✍🏻အမြင်အာရုံကြောထိတာက ဆီးချိုရဲ့နောက်ဆက်တွဲ ဝေဒနာတွေထဲက တစ်ခုဖြစ်ပါတယ်။✍🏻Retinopathy- မျက်စိအတွင...
31/05/2022

#ဆီးချိုရဲ့နောက်ဆက်တွဲ။

✍🏻အမြင်အာရုံကြောထိတာက ဆီးချိုရဲ့နောက်ဆက်တွဲ ဝေဒနာတွေထဲက တစ်ခုဖြစ်ပါတယ်။

✍🏻Retinopathy- မျက်စိအတွင်ပိုင်းမှာ ရှိတဲ့
အာရုံကြောလွှာ (Retina) ပျက်စီးတာဖြစ်ပါတယ်။

❓ဘယ်လို လူတွေမှာ အဖြစ်များသလဲ။

🔸သွေးတွင်း ဆီးချို ပမာဏ သေချာ မထိန်းနိုင်ခြင်း
🔸ဆီးချိုရောဂါ ဖြစ်တာကြာလာခြင်း
🔸သွေးတိုးရောဂါရှိခြင်း
🔸သွေးတွင်းအဆီဓါတ်များခြင်း
🔸ကိုယ်ဝန်သည်မိခင်

❓ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။

♦️မျက်စိရောဂါ အစောပိုင်းအဆင့်တွေဆိုရင် လက္ခဏာမပြတတ်ပါ။
♦️အမြင်အာရုံတွင် အစက်အပျောက်များ၊ အမဲ ကြောင်းများပေါ်လာခြင်း
♦️အမြင်ဝေဝါးလာခြင်း

🔔 ဒါ့ကြောင့် အကောင်းဆုံးနည်းလမ်းတွေကတော့

၁။ဆီးချိုပမာဏကို သေချာထိန်းဖို့လိုအပ်ပါတယ်။
၂။သွေးပေါင် နှင့် သွေးတွင်းအဆီဓါတ် များရင် ထိန်းဖို့လိုပါတယ်။
၃။ဆေးလိပ် ဖြတ်ဖို့လိုပါတယ်။
၄။ အမြင်အာရုံ တခုခု ထူးခြားတာနဲ့ မျက်စိဆရာဝန် နဲ့ အမြန် တိုင်ပင်ဖို့လဲ လိုအပ်ပါတယ်။

🤕 ဆီးချိုရဲ့ နောက်ဆက်တွဲ အနေနဲ့

၁။မျက်စိအတွင်းခန်း သွေးယိုခြင်း (Vitreous hemorrhage)
၂။မျက်စိအာရုံကြော Retina ကွာခြင်း
၃။ရေတိမ် ဖြစ်ခြင်း
၄။အမြင်အာရုံဆုံးရှုံးရခြင်း တို့ဖြစ်တတ်ပါတယ်။

✅ဒါကြောင့် မျက်စိအထူးကုဆရာဝန်နှင့် အနဲဆုံး ၆လ တစ်ခါ မျက်စိစမ်းသပ်ဖို့လိုအပ်ပါတယ်။
( မိမိမှာ အမြင်အာရုံကောင်းနေသေးရင်တောင် ပုံမှန် စစ်ဆေးပေးဖို့လိုအပ်ပါတယ်။)

✅ ဒါမှသာ လိုအပ်ပါက မျက်စိ အတွက် ကုသမှု ချက်ချင်းယူပြီး လုံးဝအမြင်အာရုံဆုံးရှုံးတာကို ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။
Credit #

Dr. Ye Wint Aung

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electro Cardi...
24/05/2022

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ
>Urine Protein - ဆီးမှအသားဓာတ်ယိုစိမ့်မူတိုင်းတာ တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့
စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်း အရိုးနဲ့ဆိုင်သောဓာတ် စစ်ဆေးတာ

>AFP( Alpha Feto Protein) - အသည်းကင်ဆာစစ်တာ
>ALT,AST - အသည်းအင်ဇိုင်းများစစ်ဆေးတာ

@ Blood urea and Serum Creatinine. - သွေးတွင်း
ယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်
သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးတာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
>Electrolyte - သွေးတွင်း သတ္ထုဓာတ်လေးမျိုး စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီး
နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ
> Bilirubin -အသားဝါစစ်ဆေးတာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
Chest X-ray (CXR)- ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV(Retro test) - HIV ပိုးစစ်တာ (ခုခံအားကျဆင်းရောဂါ)
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> - A*o - လေးဘက်နာရောဂါ စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> CA 125- သားဥအိမ်ကင်ဆာ စစ်တာ
@> PSA - အမျိုးသား ဆီးကျိတ်ကင်ဆာ စစ်တာ
@> Helicobacter Pylori - အစာအိမ်ရောဂါပိုး ရှိမရှိစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ@> Echo - နှလုံးလုပ်ငန်းဆောင်တာ စစ်ဆေးတာ
(နှလုံးတစ်ခုလုံးကို အပြင်မှာမျက်လုံးနဲ့ မြင်ရသလိုမြင်နိုင်တယ်)
@> T&DP - ခန္ဓာကိုယ် အတွင်းမှ အသားဓာတ် စစ်ဆေးတာ
@> albumin - ခန္ဓာကိုယ် အသားဓာတ်စစ်ဆေးတာ

ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)
Luma Lay

💢𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚💢𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 ဆိုတာ ခန္ဓာကိုယ် တဘက်ခြမ်းမှာ (ခြေ၊ လက်များအပြင် မျက်နှာကြွက်သားများပါ) အားနည်းသွားတဲ့ အခြေအနေ ဖြ...
21/05/2022

💢𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚💢

𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 ဆိုတာ ခန္ဓာကိုယ် တဘက်ခြမ်းမှာ (ခြေ၊ လက်များအပြင် မျက်နှာကြွက်သားများပါ) အားနည်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖြစ်တာက ကြွက်သားတွေ၊ အကြောတွေ မလှုပ်ရှားနိုင်တာပေမယ့် အကြောင်းရင်းခံကတော့ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှုမှာ အဟန့်အတား တခုခု ဖြစ်သွားခြင်းကြောင့် ဦးနှောက်ကနေ ထိန်းချုပ်ထားသော သက်ဆိုင်တဲ့ ခန္ဓာကိုယ် တခြမ်းဘက်မှာ အားနည်းသွားတာပဲ ဖြစ်ပါတယ်။

👥ကိုယ်တခြမ်း အားနည်းခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ချေ ရှိပါတယ်။ သန္ဓေသား ဘဝမှာတည်းက ဦးနှောက်ထိခိုက်မှု ရှိခဲ့ရင် မွေးရာပါ 𝐡𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 ဖြစ်လာနိုင်ပါတယ်။ အလွန်အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်ပြီး လေဖြတ်လူနာများမှာ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အများဆုံး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင်
▶ဦးနှောက်အကျိတ်၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊
▶ပြင်းထန်ရောဂါပိုးများကြောင့် သွေးဆိပ်တက်ခြင်း၊ ဦးနှောက်အတွင်းသို့ ပိုးရောက်ရှိခြင်းများ၊
▶ဦးခေါင်းဒဏ်ရာရခြင်း၊
▶ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊
▶ကလေးမွေးကင်းစ လေဖြတ်ခြင်းများ၊ 𝐂𝐞𝐫𝐞𝐛𝐫𝐚𝐥 𝐏𝐚𝐥𝐬𝐲 လို ဦးနှောက်ချို့ယွင်းချက်ရှိခြင်း၊ မွေးဖွားစဉ် ဦးနှောက် ထိခိုက်မိခြင်းများဟာ 𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။

🔑ကြွက်သားများ အားနည်းသွားတဲ့ဘက်ဟာ ဦးနှောက်နှင့် အာရုံကြောစနစ် အတွင်းက ထိခိုက်မိတဲ့ နေရာကို ယေဘုယျအားဖြင့် သိရှိနိုင်ပါတယ်။ ဖြစ်တဲ့ဘက်နဲ့ ခံစားရတဲ့ဘက်က ဆန့်ကျင်ဘက် ဖြစ်တတ်ပါတယ်။ ဦးနှောက် ဘယ်ဘက်ခြမ်းကို ထိခိုက်မိရင် ခန္ဓာကိုယ် ညာဘက်ခြမ်း အားနည်းသွားပြီး ဦးနှောက်ညာခြမ်းကို ထိပါက ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ အားနည်းသွား နိုင်ပါတယ်။

💡𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 လူနာများရဲ့ အဓိကလက္ခဏာများ
▶ကိုယ်တခြမ်း မလှုပ်နိုင်ခြင်း၊ မတ်တပ်ရပ်၊ လက်မြှောက်ရန် ခက်နေခြင်း၊
▶လှုပ်ရှားမှုများမှာ တိကျစွာ၊ တည့်မတ်စွာ ထိန်းညှိနိုင်မှု မရှိခြင်း၊
▶ခန္ဓာကိုယ်တခြမ်းမှာ ထိတွေ့အာရုံခံစားမှုများ အားနည်းခြင်း၊ ထုံကျဉ်နေခြင်း၊
▶ကြွက်သားများ တောင့်တင်းနေခြင်း(သို့) ပျော့ခွေသွားခြင်း၊
▶အရာဝတ္ထုများကို မြဲမြံစွာ မဆုပ်ကိုင်နိုင်ခြင်း၊
▶မျက်နှာတခြမ်းရွဲ့ခြင်း၊ စကားပြောရန်၊ အစာမျိုချရန် ခက်ခဲခြင်း၊
▶ဆီးဝမ်ထိန်းရခက်ခြင်းများ တွေ့ရတတ်ပါတယ်။ လူနာများဟာ နေ့စဉ်လုပ်ငန်း ဆောင်တာများ (အစာစားခြင်း၊ ကိုယ်လက်သန့်စင် ရေချိုးခြင်း၊ အဝတ်အစားလဲခြင်း) စတာတွေကို သူတို့ကိုယ်တိုင် မလုပ်နိုင်တော့ပါဘူး။

💉ကုသခြင်း
𝐇𝐞𝐦𝐢𝐩𝐥𝐞𝐠𝐢𝐚 ကို ကုသဖို့ဆိုရင် သူ့ကိုဖြစ်စေခဲ့တဲ့ အကြောင်းရင်းများကို အဓိကကုသ ရပါမယ်။ ပြန်ကောင်းဖို့ရန် အချိန်အတန်ကြာ ယူရပါမယ်။ စိတ်ရှည်စွာဖြင့် ရေရှည်ကုသနိုင်ဖို့က အလွန်အရေးကြီးပါတယ်။
- ဦးနှောက်အတွင်း ရောဂါပိုးများအတွက် ပိုးသတ်ဆေးများပေးခြင်း၊ ပိတ်ဆို့နေသော သွေးခဲ၊အရာဝတ္ထု စသည်များကို ခွဲစိတ်ဖယ်ရှားခြင်းများ၊
- ရောဂါအခံများပေါ် မူတည်ပြီး သွေးတိုးကျဆေး၊ ဆီးချိုဆေးများ၊ သွေးကျဲဆေးများပေးခြင်း၊
- ကြွက်သားများ တောင့်တင်းနေခြင်းကို ပြေလျော့စေမယ့်ဆေးများ၊ ထုံကျဉ်နေခြင်းအတွက် အာရုံကြော အားဖြည့်ဆေးများ ပေးခြင်းနှင့်
- သွားလာရ အဆင်ပြေဖို့ ချိုင်းထောက်၊ ဝှီးချဲများ လိုအပ်သလို သုံးရပါမယ်။
- နောက်ထပ်အရေးကြီးတဲ့ ကုသမှုက 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 လို့ခေါ်တဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံးများပဲ ဖြစ်ပါတယ်။ နေ့စဉ်မှန်မှန် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။
- ရောဂါကြောင့် စိတ်ဓာတ်တွေ မကျသွားရအောင် လိုအပ်ပါက 𝐏𝐬𝐲𝐜𝐡𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ထည့်သွင်းကုသရပါမယ်။

📌ကုသမှု အောင်မြင်တဲ့ ရလဒ်တွေဟာ လူနာတစ်ဦးနဲ့တစ်ဦးတော့ မတူညီနိုင်ပါဘူး။ ရောဂါလက္ခဏာတွေက အချိန်ကြာလာရင် ပြောင်းလဲတာမျိုးလည်း ရှိတတ်ပါတယ်။ ဖြစ်စမှာပင် ကုသမှုတွေကို အမြန်ဆုံး စတင်နိုင်ခဲ့တဲ့ လူနာတွေမှာ ရလဒ်ကောင်းများ ပိုမိုရနိုင်ပါတယ်။ ဒီနည်းလမ်တွေနဲ့ သေချာပြုစု ကုသပေးနိုင်ရင် ၁၀၀%ပုံမှန် ပြန်ဖြစ်ဖို့ကို အာမမခံနိုင်ပေမယ့် ရောဂါဖြစ်စထက်တော့ အခြေအနေ အများကြီး တိုးတက်ပြီး သက်သာလာမှာ အသေအချာပဲ ဖြစ်ပါတယ်ရှင်။
‘ကျန်းမာခြင်းသုခနှင့် ပြည့်စုံနိုင်ကြပါစေလို့ "စန်းသော်တာ အထွေထွေရောဂါနှင့်အထူးကုဆေးခန်း" မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။’

Reference:
https://www.healthline.com/health/hemiplegia

Address

No(42A)မော်လမြိုင်-ကျိုက္ခမီလမ်း၊စျေးကြိုစမ်းကြီးရပ်ကွက်၊စက်မှု့ဇုန်မီးပွိုင့်အနီး၊
Mawlamyine
12011

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959889504080

Website

Alerts

Be the first to know and let us send you an email when San Thaw Dar Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram