ငွေမိုးဆေးရုံ

ငွေမိုးဆေးရုံ ငွေမိုးဆေးရုံ
(203)

‼️ ငွေမိုးဆေးရုံတွင် ကျန်းမာရေးစစ်ဆေးနိုင်မည့် 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 ဈေးနှုန်းများကို (၁-၅-၂၀၂၆) မှစ၍ အောက်ပါအတိုင်း ...
01/05/2026

‼️ ငွေမိုးဆေးရုံတွင် ကျန်းမာရေးစစ်ဆေးနိုင်မည့် 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 ဈေးနှုန်းများကို (၁-၅-၂၀၂၆) မှစ၍ အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ထားပါတယ် -

📌𝗦𝗶𝗹𝘃𝗲𝗿 𝗖𝗮𝗿𝗱 - 𝟐𝟓𝟗,𝟎𝟎𝟎 𝗞𝘀
📌𝗚𝗼𝗹𝗱 𝗖𝗮𝗿𝗱 - 𝟒𝟑𝟗,𝟎𝟎𝟎 𝗞𝘀
📌𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗖𝗮𝗿𝗱 - 𝟒𝟗𝟗,𝟎𝟎𝟎 𝗞𝘀
📌𝗗𝗶𝗮𝗺𝗼𝗻𝗱 𝗖𝗮𝗿𝗱 - 𝟕𝟐𝟗,𝟎𝟎𝟎 𝗞𝘀 ‼️

အစရှိတဲ့ ကဒ်အမျိုးအစား (၄)မျိုးကို လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ် စစ်ဆေးလို့ရပါတယ်ရှင့်။❣️

📍ဖော်ပြပါနှုန်းထားများမှာ တစ်မျိုးချင်းစစ်လျှင် ကျသင့်မည့် ကုန်ကျစရိတ်ပေါ်တွင် 𝟐𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လျော့ထားပေးသော ဈေးနှုန်းများ ဖြစ်ပါတယ်။ 📍

ဒါကြောင့်မို့ ကုန်ကျစရိတ်သက်သာတဲ့ 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 လေးများကို လာရောက်စစ်ဆေးခြင်း (သို့မဟုတ်) ကြိုတင်ဝယ်ယူထားလို့ ရပါတယ်နော်။❣️

🔴𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗖𝗮𝗿𝗱 မည်သည့်ကဒ်အမျိုးအစားကိုမဆို 𝟯 ကဒ်နှင့်အထက် ဝယ်ယူပါက 𝟭𝟬% ထပ်မံလျော့ပေးသွားမှာလည်း ဖြစ်ပါတယ်။🔴

မိမိတို့ ချစ်ခင်လေးစားရတဲ့ လူကြီး၊မိဘ၊ဆရာသမားများအတွက် လက်ဆောင်အဖြစ် ဝယ်ယူလိုသူများအတွက်လည်း ကြိုတင်ဝယ်ယူကာ လက်ဆောင်ပေးလို့ရပါတယ်နော်။🔊🔊🗣️
____________________________________________

🏥ဆေးရုံလိပ်စာ - အမှတ် (၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။🏥

☎️Ph- 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮/𝟬𝟵-𝟰𝟮𝟴𝟳𝟬𝟬𝟯𝟬𝟬 ☎️





#ငွေမိုးဆေးရုံ

"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ "          ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁ရက်နေ့တွင် ကျရောက်သော "ကမ္ဘာ့အလုပ်သမားနေ့" ကို ငွေမိုးဆ...
01/05/2026

"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ "

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁ရက်နေ့တွင် ကျရောက်သော "ကမ္ဘာ့အလုပ်သမားနေ့" ကို ငွေမိုးဆေးရုံမိသားစုမှ လေးစားကြိုဆို ဂုဏ်ပြုအပ်ပါတယ်။



#ငွေမိုးဆေးရုံ

ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)      ယနေ့ ၂၀၂၆ခုနှစ်၊ ဧပြီလ (၃၀)ရက်၊ ကြာသပတေးနေ့မှာ ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓအခါတေ...
30/04/2026

ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)

ယနေ့ ၂၀၂၆ခုနှစ်၊ ဧပြီလ (၃၀)ရက်၊ ကြာသပတေးနေ့မှာ ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) သည် “ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” ဟူသော သမိုင်းဝင် ဗုဒ္ဓဝင်ဖြစ်ရပ်ကြီးများဖြစ်ခဲ့တဲ့ မြန်မာတို့၏ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့​၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်နေ့(ဗုဒ္ဓအခါတော်နေ့) အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ ကောင်းကျိုးအဖြာဖြာ ပြည့်စုံကြပါစေကြောင်း ငွေမိုးဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။☘️

#ကဆုန်လပြည့်နေ့
#ဗုဒ္ဓအခါတော်နေ့
#ငွေမိုးဆေးရုံ


ငွေမိုးဆေးရုံတွင် မွေးဖွားခဲ့သော  သားနှင့်သမီး ရတနာလေးများအား ဂုဏ်ပြုသောအားဖြင့် အမှတ်တရဓာတ်ပုံလေးများကို မှတ်တမ်းတင် ပေ...
29/04/2026

ငွေမိုးဆေးရုံတွင် မွေးဖွားခဲ့သော သားနှင့်သမီး ရတနာလေးများအား ဂုဏ်ပြုသောအားဖြင့် အမှတ်တရဓာတ်ပုံလေးများကို မှတ်တမ်းတင် ပေးအပ်ခဲ့ပါသည်။🍀

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐁𝐚𝐛𝐲 𝐓𝐰𝐢𝐧𝐬 !!✨(𝟐𝟐.𝟒.𝟐𝟎𝟐𝟔) တွင် ဖေဖေ မင်းရဲထွန်းနိုင် + မေမေ မိသီတာအေး တို့မှ သားအမြွှာရတနာလေးကို အောင်မြ...
28/04/2026

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐁𝐚𝐛𝐲 𝐓𝐰𝐢𝐧𝐬 !!✨

(𝟐𝟐.𝟒.𝟐𝟎𝟐𝟔) တွင် ဖေဖေ မင်းရဲထွန်းနိုင် + မေမေ မိသီတာအေး တို့မှ သားအမြွှာရတနာလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါသည်။☘️ ထိုသို့ ‌အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သော အမြွှာသားသားလေးတို့အား ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရလက်ဆောင်လေးများကို မှတ်တမ်းတင် ပေးအပ်ခဲ့ပါသည်။🌱



#ငွေမိုးဆေးရုံ

ငွေမိုးဆေးရုံ​၏ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐨𝐟 𝐭𝐡𝐞 𝐌𝐨𝐧𝐭𝐡 (𝐌𝐚𝐫𝐜𝐡, 𝟐𝟎𝟐𝟔) ဆုပေးပွဲ အခမ်းအနား ကျင်းပခြင်း။_____________________________________...
27/04/2026

ငွေမိုးဆေးရုံ​၏ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐨𝐟 𝐭𝐡𝐞 𝐌𝐨𝐧𝐭𝐡 (𝐌𝐚𝐫𝐜𝐡, 𝟐𝟎𝟐𝟔) ဆုပေးပွဲ အခမ်းအနား ကျင်းပခြင်း။
__________________________________________

ငွေမိုးဆေးရုံ​ရှိ တာဝန်ရှိသူများမှ ဌာနအသီးသီးရှိ ဝန်ထမ်းများ​၏ စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးမြင့်လာစေရန်နှင့် ဆေးရုံသို့လာရောက်သော Patient များအပေါ် ကောင်းမွန် ပြည့်စုံသော ဝန်ဆောင်မှုများ ယခုထက် ပိုမိုပေးနိုင်စေရန် ရည်ရွယ်၍ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐨𝐟 𝐭𝐡𝐞 𝐌𝐨𝐧𝐭𝐡 𝐀𝐰𝐚𝐫𝐝 (𝐌𝐚𝐫𝐜𝐡, 𝟐𝟎𝟐𝟔)🏅 ကို ပေးအပ်ခဲ့ပါသည်။

🍀 အခမ်းအနား ကျင်းပပြုလုပ်နေစဉ် ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။ 🍀

___________________________________________

🏥ဆေးရုံလိပ်စာ - အမှတ် (၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။🏥

☎️ 𝗣𝗵- 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮 /𝟬𝟵𝟰𝟮𝟴𝟳𝟬𝟬𝟯𝟬𝟬 ☎️




#ငွေမိုးဆေးရုံ

📢ငွေမိုးဆေးရုံတွင် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာ အောင်အောင်မိုး ၏ ဆေးခန်းထိုင်...
26/04/2026

📢ငွေမိုးဆေးရုံတွင် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာ အောင်အောင်မိုး ၏ ဆေးခန်းထိုင်ချိန်များ📢

📌 ငွေမိုးဆေးရုံမှာ WHO Prequalified နှင့် မြန်မာနိုင်ငံ FDA ထောက်ခံချက် ရရှိထားပြီး သတ်မှတ် Cold chain အတိုင်း စနစ်တကျ ထ...
24/04/2026

📌 ငွေမိုးဆေးရုံမှာ WHO Prequalified နှင့် မြန်မာနိုင်ငံ FDA ထောက်ခံချက် ရရှိထားပြီး သတ်မှတ် Cold chain အတိုင်း စနစ်တကျ ထိန်းသိမ်းသိုလှောင်ထားသည့် မူလအရည်အသွေးအတိုင်း စိတ်ချယုံကြည်ရသော (𝟰)မျိုးစပ် တုပ်ကွေးကာကွယ်ဆေး 𝗦𝗞𝗬𝗖𝗲𝗹𝗹𝗳𝗹𝘂 𝗤𝘂𝗮𝗱𝗿𝗶𝘃𝗮𝗹𝗲𝗻𝘁 ကို ကျွမ်းကျင်ဆရာဝန်များနှင့် ဆရာမများမှ နည်းစနစ်ကျကျ ထိုးနှံပေးနေပါပြီ။ 📌

🍀ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တာမို့ ချစ်ရတဲ့ သားသား၊မီးမီး၊ ဖိုးဖိုး၊ ဖွားဖွားများနှင့် မိသားစုတွေအတွက် တုပ်ကွေးရောဂါကာကွယ်ဖို့ ငွေမိုးဆေးရုံမှာ (𝟰)မျိုးစပ် တုပ်ကွေးကာကွယ်ဆေးကို အခုပဲလာရောက်ထိုးနှံကြပါစို့။🍀

____________________________________________

🏥ဆေးရုံလိပ်စာ - အမှတ် (၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။🏥

☎️Ph- 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮/𝟬𝟵-𝟰𝟮𝟴𝟳𝟬𝟬𝟭𝟬𝟬 ☎️





#ငွေမိုးဆေးရုံ

💕💕" 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗗𝗿. 𝗦𝗮𝘄 𝗛𝘁𝗲𝗶𝗻 𝗟𝗶𝗻 "💕💕       🎉ယနေ့ကျရောက်သော အရိုး၊ အကြော၊ အဆစ်နှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီး ဒေါ...
24/04/2026

💕💕" 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗗𝗿. 𝗦𝗮𝘄 𝗛𝘁𝗲𝗶𝗻 𝗟𝗶𝗻 "💕💕

🎉ယနေ့ကျရောက်သော အရိုး၊ အကြော၊ အဆစ်နှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစောထိန်လင်းမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာပြီး ချစ်သောမိသားစုနှင့်အတူ သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေမိုးဆေးရုံမိသားစုများမှ မွေးနေ့ဆုမွန်ကောင်းတောင်းအပ်ပါသည်။🎉



#ငွေမိုးဆေးရုံ

❣️အခုလိုမျိုး ကူးစက်ရောဂါတွေ ပြန့်ပွားလွယ်တဲ့ ကာလမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ❣️   🍀အထူးသဖြင့် လေထုညစ်ညမ...
23/04/2026

❣️အခုလိုမျိုး ကူးစက်ရောဂါတွေ ပြန့်ပွားလွယ်တဲ့ ကာလမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ❣️

🍀အထူးသဖြင့် လေထုညစ်ညမ်းလာခြင်း၊ လူတစ်ယောက်နဲ့ တစ်ယောက် နီးကပ်စွာ သွားလာလှုပ်ရှားနေကြရခြင်းတွေကြောင့် လေထဲကနေ ကူးစက်တတ်တဲ့ ရောဂါတွေဟာ ပိုပြီး အဖြစ်များလာကြပါတယ်။ ဒါ့အပြင် ရာသီဥတု ကူးပြောင်းခြင်း နဲ့ အပူအအေး မမျှတခြင်းတွေဟာ ကူးစက်ရောဂါတွေကို ပိုပြီး ဖြစ်စေပါတယ်။ ရာသီတုပ်ကွေးဖြစ်ပြီဆိုရင် ခံစားရတဲ့ ဝေဒနာ ပြင်းထန်ပြီး မိသားစုဝင်တွေကို မကူးစက်အောင်လည်း ဂရုစိုက်ရပါတယ်။ ကိုယ့်အိမ်မှာ လူကြီးသူမတွေနဲ့ ကလေးတွေ ရှိတယ်ဆိုရင် ပိုပြီး စိတ်ပင်ပန်း ရပါတယ်။

👍ဒါ‌ကြောင့် တစ်မိသားစုလုံးကို ကာကွယ်ဖို့အတွက် လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို တစ်မိသားစုလုံး ထိုးနှံထားဖို့ လိုအပ်ပါတယ်။

𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ?🤔

𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို တစ်နှစ် တစ်ကြိမ် ထိုးနှံထားခြင်းဖြင့် ရာသီတုပ်ကွေး အမျိုးအစားများဖြစ်သော Influenza Type A (၂) မျိုး နှင့် Influenza Type B (၂)မျိုး စုစုပေါင်း strain (၄)မျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅ 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို ဘယ်လိုလူတွေ ထိုးနိုင်လဲ?

✅ 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို အသက် ၆ လ အထက်ကစပြီး အသက်အရွယ်မရွေး ထိုးနှံနိုင်ပါတယ်။
အထူးသဖြင့် -

✅အသက် ၆လမှ ၉နှစ် အထိ ကလေးများ
✅အသက် ၆၀ နှင့် အထက် လူကြီးများ
✅ကိုယ်ခံအားနည်းသူများ နှင့်
✅ရောဂါ အခံရှိသူများ ထိုးထားသင့်ပါတယ်။

📌ကိုယ်ဝန်ဆောင်မိခင်တွေမှာ ထိုးနှံခြင်းဖြင့် မွေးဖွားလာမယ့် ကလေးငယ်ကို တုပ်ကွေးရောဂါမှ ကာကွယ်ပြီးဖြစ်ပါတယ်။

𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို ဘယ်နှစ်ကြိမ် ထိုးရမှာလဲ?

✅ 𝐒𝐊𝐘𝐂𝐞𝐥𝐥𝐟𝐥𝐮 𝐐𝐮𝐚𝐝𝐫𝐢𝐯𝐚𝐥𝐞𝐧𝐭 ကို ထိုးနှံမည်ဆိုပါက

🔑အသက် ၉ နှစ်အောက် ကလေးများအနေဖြင့် (၂) ကြိမ် ထိုးရန် လိုအပ်ပြီး ယခင်တုပ်ကွေးကာကွယ်ဆေး ထိုးထားဖူးပါက (၁)ကြိမ်သာ ထိုးရန် လိုအပ်ပါတယ်။

🔑အသက် ၉ နှစ် အထက်ဆိုပါက (၁)လုံးသာ ထိုးရန် လိုအပ်ပါတယ်။

‼️ကာကွယ်ဆေးထိုးတဲ့နေရာမှာ မြန်မာနိုင်ငံ 𝗙𝗗𝗔 ထောက်ခံချက် ရရှိထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးကြဖို့ အကြံပြုချင်ပါတယ်။‼️

စျေးသက်သာပြီး တရားမဝင် တင်သွင်းထားတဲ့ ကာကွယ်ဆေးတွေဟာဆိုရင် ဆေးအရည်အသွေး မပြည့်မီခြင်း၊ သတ်မှတ်အပူချိန် (Cold chain) အတိုင်း အချိန်ပြည့် ထားသိုမှု မရှိခြင်း၊ အရည်အသွေးမှာ စိတ်ချရမှု မရှိခြင်း တို့ကြောင့် တုပ်ကွေးရောဂါကို ကာကွယ်မပေးနိုင်ခြင်း၊ ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်ခြင်း၊ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ 𝗙𝗗𝗔 ထောက်ခံချက် ရရှိထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံရမှာ ဖြစ်ပါတယ်။ ‼️

📌ငွေမိုးဆေးရုံမှာ မြန်မာနိုင်ငံ 𝗙𝗗𝗔 ထောက်ခံချက် ရရှိပြီးသား ကာကွယ်ဆေးတွေကို သတ်မှတ်အပူချိန်အတိုင်း အအေးခန်းအတွင်း သိုလှောင်ထားရှိပြီး ကျွမ်းကျင် ဆရာဝန်များနှင့် ဆရာမများမှ နည်းစနစ်ကျကျ ထိုးနှံပေးနေပါပြီ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်တာမို့ ချစ်ရတဲ့သားသားမီးမီး ဖိုးဖိုးဖွားဖွားများနှင့် မိသားစုတွေအတွက် တုပ်ကွေးရောဂါကာကွယ်ဖို့ ငွေမိုးဆေးရုံဆီသို့ အခုပဲအရောက်လှမ်းလိုက်ပါနော်။ 📌

________________________________________________
အသေးစိတ် သိရှိလိုပါက

🏥ဆေးရုံလိပ်စာ - အမှတ်(၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။

☎️𝗣𝗵- 057-2027930/2027931/2027932/09428700100



#ငွေမိုးဆေးရုံ

ငွေမိုးဆေးရုံကြီး​၏ ကလေး ခွဲစိတ်မွေးဖွားခြင်းဆိုင်ရာ အထူးအစီအစဉ်။ (𝗟.𝗦.𝗖.𝗦 𝗠𝗮𝘁𝗲𝗿𝗻𝗶𝘁𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲)___________________________...
23/04/2026

ငွေမိုးဆေးရုံကြီး​၏ ကလေး ခွဲစိတ်မွေးဖွားခြင်းဆိုင်ရာ အထူးအစီအစဉ်။ (𝗟.𝗦.𝗖.𝗦 𝗠𝗮𝘁𝗲𝗿𝗻𝗶𝘁𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲)
_____________________________________________

မော်လမြိုင်မြို့၊ ငွေမိုးဆေးရုံကြီးတွင် ကလေးမွေးဖွားလိုသော ဖေဖေ၊ မေမေတို့အတွက် ကလေး ခွဲစိတ်မွေးဖွားခြင်းဆိုင်ရာ Package များကို ကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှု၊ ချိုသာသော ဈေးနှုန်းများဖြင့် စတင်ရောင်းချပေးနေပါပြီးနော်။❣️

Package အမျိုးအစားများမှာ -

📌𝗖𝗵𝗲𝗿𝗿𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲 (Single Room at 𝗡𝗲𝘄 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴)

❌Normal Price - 2,575,000 ks ❌
✅Package Price - 𝟮,𝟰𝟬𝟬,𝟬𝟬𝟬✅

📌𝗢𝗿𝗰𝗵𝗶𝗱 𝗣𝗮𝗰𝗸𝗮𝗴𝗲 - (Single Room at 𝟯𝗿𝗱 𝗦𝘁𝗼𝗿𝗲𝘆)

❌Normal Price - 2,265,000 ks❌
✅Package Price - 𝟮,𝟭𝟬𝟬,𝟬𝟬𝟬 𝗸𝘀✅

ပုံမှန်ခွဲစိတ်မွေးဖွားလျှင် ကုန်ကျမည့်ပမာဏထက် အများကြီး သက်သာရအောင် Package များကို ပြုလုပ်ပေးထားတာမို့ မိမိတို့ရဲ့ အဖိုးတန် သားသမီး ရတနာလေးများကို ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် စိတ်ချမ်းသာစွာ မွေးဖွားချင်သောမေမေများအတွက် လုံးဝကို ရွေးချယ်သင့်ပါတယ်နော်။❣️❣️

✅𝗟.𝗦.𝗖.𝗦 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွင် ပါဝင်သော ဝန်ဆောင်မှုများ✅
________________________________________

✅ သတ်မှတ်ထားသောရက်အတွင်း ဆေးရုံရှိ ဆရာဝန်၊ ဆရာမများ၏ ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်။ (Medical Cover)
✅ ရွေးချယ်ထားသော Package အလိုက်နေသည့် အခန်းခများ။
✅ မိခင်သားအိမ်ညှစ်အားနှင့် သန္ဓေသားနှလုံးခုန်သံ စမ်းသပ်သောစက်များ အသုံးပြုခြင်း။ (CTG)
✅ သာမန်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနှင့် ဆေးဝါးများစရိတ်။
✅ ဆေးရုံတက်နေစဉ်အတွင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး နှင့် ကလေးအထူးကု ဆရာဝန်ကြီး အခန်းအတွင်းသို့လာရောက် ကြည့်ရှုဆွေးနွေးခများ။ (For 5 times)
✅ မိခင်အတွက် Breakfast, Lunch, Dinner အစားအသောက်စရိတ်များ။(Only For 𝗖𝗵𝗲𝗿𝗿𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲)
✅ မွေးကင်းစ Baby လေး၏ အလှဓာတ်ပုံတစ်ပုံ နှင့် ခြေဗွေရာ ပြုလုပ်ပေးခြင်း။
✅ မိသားစုဓာတ်ပုံ Soft Copy တစ်ပုံပေးခြင်း။
✅ မွေးစာရင်းအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ရန် Birth Certificate ထုတ်ပေးခြင်း။
✅ မွေးကင်းစကလေးငယ်အတွက် ပထမဆုံးအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး နှင့် ဗီတာမင်ကေ ထိုးပေးခြင်း။
✅ သတ်မှတ်ထားသော ပမာဏအတွင်း ခွဲစိတ်ခန်းအသုံးပြုခ၊ ခွဲစိတ်ရာတွင်အသုံးပြုသည့် ထုံဆေးနှင့်အခြားသောဆေးဝါးများ၊ ချုပ်ကြိုးများအတွက် ကျသင့်ငွေ။
✅ လူနာခန်းများအား နေ့စဉ်သန့်ရှင်းရေး ဝန်ဆောင်မှုပေးခြင်း။

❌𝗟.𝗦.𝗖.𝗦 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွင် မပါဝင်သော ဝန်ဆောင်မှုများ❌
________________________________________

❌ ခွဲစိတ်ခန်းတွင် မွေးဖွားပေးသော OG ဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီးနှင့် ကလေးအထူးကုဆရာဝန်ကြီးများ၏ ခွဲစိတ်မှုကုန်ကျစရိတ် ကျသင့်ငွေ။
❌ Package တွင် သတ်မှတ်ထားသော ရက်ထက်ကျော်လွန်သည့် အခန်းခနှင့်ဝန်ဆောင်ခ ကျသင့်ငွေ။
❌ မိခင်နှင့်ကလေးတို့တွင် အခြားသောရောဂါဝေဒနာများနှင့် ပုံမှန်မဟုတ်သောကျန်းမာရေး အခြေအနေအတွက် ကုသမှုစရိတ် ကျသင့်ငွေ။
❌ သွေးနှင့်ဆိုင်သော ဆက်စပ်ပစ္စည်းများသွင်းခြင်းအတွက် ကျသင့်ငွေ။
❌ မူလရှိရင်းစွဲရောဂါများအတွက် ကုသခြင်း၏ ကျသင့်ငွေ။
❌ သီးသန့်သူနာပြု (Special Nurse) ငှားယူခြင်းအတွက် ကျသင့်ငွေ။
❌ အမြွှာကိုယ်ဝန်ဖြစ်ပါက နောက်ကလေးတစ်ဦးအတွက် ထပ်တိုးကုန်ကျစရိတ် ကျသင့်ငွေ။
❌ ဆေးရုံဆင်းပြီး မိမိအိမ်တွင် ဆက်လက်အသုံးပြုရန်လိုအပ်သည့် ဆေးနှင့်ဆေးဝါးပစ္စည်းများ၏ ကျသင့်ငွေ။

📌အထက်ပါ ဈေးနှုန်းနှင့် စည်းကမ်းချက်များမှာ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနိုင်ပါသည်။အစီအစဉ်များသည် (၂၈) ပတ်အောက် ကိုယ်ဝန်ဆောင် မိခင်များအတွက် အကျုံးဝင်မည်မဟုတ်ပါ။📌

𝗟.𝗦.𝗖.𝗦 𝗠𝗮𝘁𝗲𝗿𝗻𝗶𝘁𝘆 𝗣𝗮𝗰𝗸𝗮𝗴𝗲 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮/ (𝗼𝗿) 𝟬𝟵-𝟵𝟱𝟴𝟬𝟯𝟵𝟰𝟱𝟯 (𝟵𝗮𝗺 𝘁𝗼 𝟱𝗽𝗺) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။🤳
____________________________________________

🏥ဆေးရုံလိပ်စာ - အမှတ် (၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။🏥

☎️Ph- 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮/𝟬𝟵-𝟰𝟮𝟴𝟳𝟬𝟬𝟯𝟬𝟬 ☎️





#ငွေမိုးဆေးရုံ

Address

No. 76, Upper Main Road, Pabedan Qtr
Mawlamyine

Website

Alerts

Be the first to know and let us send you an email when ငွေမိုးဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category