ငွေအိုးဆေးဆိုင်_Ngwe Ohh Pharmacy

ငွေအိုးဆေးဆိုင်_Ngwe Ohh Pharmacy Location

ခံတွင်းနံ့ဆိုးနေလား ???ခံတွင်းအနံ့ဆိုးခြင်းသည် ရောဂါတစ်ခုဟု မသတ်မှတ်ထားသော်လည်း လူမှုရေးအရ လူမှုဆက်ဆံရေးကို များစွာ အနှေ...
28/01/2023

ခံတွင်းနံ့ဆိုးနေလား ???

ခံတွင်းအနံ့ဆိုးခြင်းသည် ရောဂါတစ်ခုဟု မသတ်မှတ်ထားသော်လည်း လူမှုရေးအရ လူမှုဆက်ဆံရေးကို များစွာ အနှောင့်အယှက်ပေးသော အခြေအနေဆိုးတစ်ခု ဖြစ်သည်။ ခံတွင်းအနံ့ဆိုးခြင်းကို Bad breath သို့မဟုတ် Malodour သို့မဟုတ် Halitosis ဟုလည်း ခေါ်ပါသည်။

ခံတွင်းအနံ့ဆိုးရခြင်း၏ အဓိကတရားခံမှာ ခံတွင်းရှိ မကောင်းသော ဘက်တီးရီးယားပိုးများ၏ ဇီဝဖြစ်စဉ်မှ ထွက်ရှိလာသော အညစ်အကြေးများ ဖြစ်သည်။ ထို့အပြင် အခြား အနံ့ဆိုးများ ထွက်စေသည့် ဓာတ်ပစ္စည်းများကြောင့်လည်း ခံတွင်းအနံ့ကို ပိုမိုဆိုးဝါးစေပါသည်။

အဓိကမှာ လေမဲ့အခြေအနေတွင် ပေါက်ပွားသည့် ဂရမ်နက်ဂတစ် ဘက်တီးရီးယားများ (𝗔𝗻𝗮𝗲𝗿𝗼𝗯𝗶𝗰 𝗚𝗿𝗮𝗺 𝗻𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗯𝗮𝗰𝘁𝗲𝗿𝗶𝗮) ဖြစ်ပြီး လျှာ၏ မျက်နှာပြင်၌လည်းကောင်း၊ သွားနှင့် သွားဖုံးကြားရှိ ချိုင့်လေးများ (Periodontal pockets) ၌လည်းကောင်း ခိုအောင်းနေလေ့ရှိသည်။ ညအိပ်သောအခါ ပါးစပ်ကို တောက်လျှောက် ပိတ်ထားရသောကြောင့် ခံတွင်း၌ လေမဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးထားသလိုဖြစ်၍ တစ်ညလုံး အဆိုပါ ဘက်တီးရီးယားများ ဆက်တိုက်တိုးပွားလာကာ မနက်မိုးလင်းချိန်တွင် ခံတွင်းအနံ့ အဆိုးဆုံးဖြစ်သည်။ ညဘက် သွားတိုက်ပြီး မအိပ်ပါက ပိုမိုဆိုးဝါးပါသည်။

ထို့ကြောင့် ခံတွင်းအနံ့ဆိုးသူများကို ကုသရာတွင် ပဋိဇီဝဆေးများ (Antibiotics) ပေးလိုက်ပါက အဆိုပါ ဘက်တီးရီးယားများ သေဆုံးကုန်သဖြင့် အနံ့လည်း သက်သာသွားနိုင်ပါသည်။ ထို့နောက် အဆိုပါ ဘက်တီးရီးယားများ ပြန်လည်ပွားများ မလာနိုင်စေရန် ခံတွင်းသန့်ရှင်းရေး (𝗢𝗿𝗮𝗹 𝗵𝘆𝗴𝗶𝗲𝗻𝗲) ကို ပြုလုပ်ပေးရန် အထူးလိုအပ်ပါသည်။ ထိုသို့ မပြုလုပ်ပါက ထိုဘက်တီးရီးယားဆိုးများ ပြန်လည်ပွားများလာကာ မူလအတိုင်းပင် ခံတွင်းအနံ့ ပြန်ဆိုးလာပါလိမ့်မည်။ ထိုအခါ ပဋိဇီဝဆေးများ ပြန်သောက်လိုက်၊ သက်သာလိုက်ဖြင့် လုံးလည်လိုက်နေရာမှ ကြာလျှင် အဆိုပါ ပဋိဇီဝဆေးများ မတိုးတော့သည့်အပြင် ယင်းတို့၏ ဘေးထွက်ဆိုးကျိုးများ ခံစားရလာနိုင်ပါသည်။

ယင်းသို့ မဖြစ်စေရန် ခံတွင်းသန့်ရှင်းရေးနှင့်အတူ ပရိုဘိုင်အိုတစ် (𝗣𝗿𝗼𝗯𝗶𝗼𝘁𝗶𝗰𝘀) ငုံဆေးပြားများ ပေး၍ ကုသပါက လွန်စွာ ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ ၂ ကြိမ် သွားမှန်မှန်တိုက်ခြင်း (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်)၊ အစာစားပြီးတိုင်း ပလုပ်ကျင်းခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ပေးရန် လိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ဗဟုသုတရစေဖို့ ကူးယူဖော်ပြပါသည်။

ငွေအိုးဆေးဆိုင်

ဆိုင် (၁) - အမှတ် (၅၁၃)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း - 09 973003105

ဆိုင် (၂) - အမှတ် (၁၄)၊ ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း - 09 458793811

#ဆေးဆိုင်
#ငွေအိုး
#လက်လီလက်ကား
#မော်လမြိုင်

‼️Opening NOW‼️ငွေအိုးဆေးဆိုင် (၂)ကို အမှတ် (၁၄)၊ ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်လိုက်ပါပြ...
26/01/2023

‼️Opening NOW‼️

ငွေအိုးဆေးဆိုင် (၂)ကို အမှတ် (၁၄)၊ ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်လိုက်ပါပြီရှင်

ဆိုင် (၁) - အမှတ် (၅၁၃)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း - 09 973003105

ဆိုင် (၂) - အမှတ် (၁၄)၊ ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း - 09 458793811

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်

ဆီးချိုရောဂါ ဝေဒနာသည်များသည် အချိုဓာတ်ပါသော သစ်သီးများကို ရှောင်ရလေ့ရှိသဖြင့် စားစရာသစ်သီး နည်းလှပါသည်။ ချဉ်သောသစ်သီးမျာ...
24/11/2022

ဆီးချိုရောဂါ ဝေဒနာသည်များသည် အချိုဓာတ်ပါသော သစ်သီးများကို ရှောင်ရလေ့ရှိသဖြင့် စားစရာသစ်သီး နည်းလှပါသည်။ ချဉ်သောသစ်သီးများဖြစ်သည့် ရှောက်သီး၊ သံပရာသီး၊ သရက်ကင်းတို့ကို စားနိုင်သော်လည်း အချိုဓာတ်အနည်းငယ်ပါသော သစ်သီးများဖြစ်သည့် လိမ္မော်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ပန်းသီး စသည်တို့ကိုမူ အနည်းငယ်စီသာ စားကြရပါသည်။ ယင်းအသီးများအနက် များများစားလို့ရပြီး အချဉ်ဓာတ်မပါဘဲ အရသာရှိသောသစ်သီးမှာ တလည်းသီးဖြစ်ပါသည်။

၂၀၁၂ ခုနှစ်တွင် အီရန်နိုင်ငံရှိ သုတေသီတို့၏ တွေ့ရှိချက်အရ ဆီးချိုရောဂါအမှတ်-၂ လူနာများတွင် တလည်းသီးဖျော်ရည် သောက်သုံးပါက ပါဝင်သော အင်တီအောက်ဆီဒင့်များကြောင့် သွေးတွင်းရှိဂလူးကို့စ်များကို ကျစေရုံသာမက သွေးတွင်းရှိ စုစုပေါင်း ကိုလက်စ်ထရော ပမာဏ (Total cholesterol)၊ မကောင်းသောအဆီ (LDL-cholesterol) နှင့် ထရိုင်ဂလစ်စရိုက်ဒ် (Triglyceride) များကိုပါ ကျစေနိုင်ကြောင်း လူနာအယောက် ၅၀ ကို ၆ ပတ်ကြာ လေ့လာမှုအရ တွေ့ရှိခဲ့ရသည်။ အဆိုပါလူနာများကို တစ်နေ့လျှင် တလည်းသီးဖျော်ရည် (Pomegranate juice) တစ်ဖန်ခွက် ၂၀၀ မီလီလီတာ တိုက်ကျွေးရုံနှင့် အဆိုပါအာနိသင် ရရှိကြောင်း တွေ့ရှိခဲ့ရသည်။ [Journal of Diabetes & Metabolic Disorders 2012, 11: 11]

၂၀၁၄ ခုနှစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ဆေးတက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာမှုအရ တလည်းသီးဖျော်ရည်သည် ရောင်ရမ်းမှုများကို သက်သာစေနိုင်ရုံမက ဆီးချိုရောဂါအမှတ်-၂ လူနာများကို များစွာသက်သာစေကြောင်း တွေ့ရှိရပါသည်။ လူနာ ၄၄ ယောက်ကို ၁၂ ပတ်ကြာ လေ့လာချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ ဆီးချိုသမားများ တလည်းသီးဖျော်ရည် သောက်သုံးခြင်းဖြင့် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မတွေ့ရကြောင်း ဆိုပါသည်။ [Journal of Research in Medical Science, 2014 Mar; 19(3): 215-220]

တလည်းသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သည်ဟု ဆိုနိုင်သည်။ ယင်းအမျှင်ဓာတ်သည် အစေ့ထဲတွင်သာ ပါဝင်သဖြင့် အစေ့ကိုဝါးစားမှသာ အမျှင်ဓာတ်ကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝတွင် အနည်းငယ်သာပါဝင်သည့် အခြားတန်ဖိုးကြီးသော အာဟာရဓာတ်များ (Micronutrients) လည်း တလည်းသီးအစေ့၌သာ ပါဝင်သဖြင့် အစေ့ကို လွှင့်မပစ်သင့်ဘဲ ကြေညက်အောင် ဝါးစားပေးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ဗဟုသုတရစေဖို့ ကူးယူဖော်ပြပါသည်။

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်

Oxygen စလင်ဒါ 10L Oxygen စလင်ဒါ 40LFlowmeter တို့ကို လက်လီ/လက်ကား မှာယူနိုင်ပါပြီရှင် ငွေအိုးဆေးဆိုင်Mobile: 09-45879381...
18/11/2022

Oxygen စလင်ဒါ 10L
Oxygen စလင်ဒါ 40L
Flowmeter တို့ကို လက်လီ/လက်ကား မှာယူနိုင်ပါပြီရှင်

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်




#အောက်စီဂျင်

ပုံသွင်းသူ မဖြစ်ပါစေနဲ့ ပျိုးထောင်သူပဲ ဖြစ်ပါစေ...😞 5 နှစ်..."သားသူငယ်ချင်းအိမ် သွားချင်တယ်""မသွားနဲ့ အိမ်မှာပဲဆော့""အော...
25/08/2022

ပုံသွင်းသူ မဖြစ်ပါစေနဲ့
ပျိုးထောင်သူပဲ ဖြစ်ပါစေ...

😞 5 နှစ်...
"သားသူငယ်ချင်းအိမ် သွားချင်တယ်"
"မသွားနဲ့ အိမ်မှာပဲဆော့"
"အော် ဟုတ်ကဲ့"
(ဘယ်သူငယ်ချင်းအိမ်မှ သူမသိဘူး။
သူ့မှာ အချစ်ဆုံးသူငယ်ချင်း မရှိဘူး။ သူအထီးကျန်တယ်)

😞 8 နှစ်...
"ဟို ပါဝါရိမ်းဂျားအရုပ် လိုချင်တယ်။ ဝယ်ပေးပါလား"
"အဲဒါတွေက အလကား ဗိုက်ပြည့်တာမဟုတ်ဘူး"
"အော် ဟုတ်ကဲ့"
(ကလေးဘဝ အမှတ်တရတွေကို ပြန်ကြည့်တိုင်း သူဟာ ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး)

😞10 နှစ်...
"ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ချင်တယ်"
"ခြေထောက်ကျိုးမယ်၊ ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လား မကန်နဲ့"
"အော် ဟုတ်ကဲ့"
(အဲဒီအချိန်ကစ ဘာအားကစားမှ မပါဝင်ဖြစ် ကျန်းမာရေးလှုပ်ရှားမှုမရှိ ကြံ့ခိုင်မှုမရှိ)

😞13 နှစ်...
"လပြည့်ည သူငယ်ချင်းနဲ့ တူတူပုန်းတမ်း ကစားချင်တယ်"
"မကစားနဲ့ ၈နာရီရှိပြီ နတ်ဖွက်မယ်၊ သရဲရှိတယ်၊သံခရာခေါင်းဖြတ်မယ်"
"အော် ဟုတ်ကဲ့"
(ကြီးတဲ့အချိန်ထိ အမှောင်ကိုကြောက်၊ သရဲတစ္ဆေတွေကြောက် အမြဲစခံရ)

😞15 နှစ်...
"စီးပွားရေးသမားဖြစ်ချင်တယ် Eco တွဲ ယူမယ်နော်"
"ဟိုကောင် အာကာ တောင် Bio ယူတယ် Bio က ပိုမြင့်တယ် အဲဒါယူ"
"အော် ဟုတ်ကဲ့"
(သူစိတ်မဝင်စားတဲ့ ခန္ဓာအစိတ်အပိုင်းတွေအကြောင်း၊ တိရစ္ဆာန်၊ အပင်တွေအကြောင်း
ငြီးငွေ့အောင် သင်ခဲ့ ကျက်ခဲ့ရ)

😞16 နှစ်...
"အမှတ်လည်းကောင်းတယ် စီးပွားရေးတက္ကသိုလ် တက်ချင်တယ်"
"နင့်အမှတ်နဲ့ ဆေးကျောင်းတက် နင့်ကို ဆရာဝန်ဖြစ်ဖို့ ကျောင်းထားတာ"
"အော် ဟုတ်ကဲ့"
(သူ့အကြီးမားဆုံးဆန္ဒကို ဖျက်ဆီးခံလိုက်ရပြီး ဘဝတစ်လျှောက်လုံး ဝါသနာမပါရာအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ")

😞19 နှစ်...
"ရည်းစားရှိနေပြီ သူက စီးပွားရေးကျောင်းက"
"ရူးနေလား ဆရာဝန်ဟာ ဆရာဝန်နဲ့ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့"
"အော် ဟုတ်ကဲ့"
(သူ့ဘဝရဲ့ တစ်သက်လုံးလက်တွဲရမယ့်သူကို
ဆုံးရှုံးခဲ့။ အချစ်ဆိုတာကို ငွေကြေးနဲ့ဂုဏ်ဒြပ်က ဖျက်ဆီးခဲ့)

😞20 နှစ်...
"အဲဒီနေရာကို မရောက်ဖူးဘူး"
"မင်းက အဲ့မြို့မှာမွေး အဲ့မှာကြီးတာလေ။ ဒါလေးတောင် မရောက်ဖူးဘူး မသိဘူးလား"
"အော် အေးပါကွာ"
(သူငယ်ချင်းတွေကြားထဲ သူဟာ ဘာမှမသိသူ
တစ်ယောက်)

😞25 နှစ်...
"ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်"
"အဲဒီလို ဘယ်သူမှမလုပ်ဖူးဘူး ဟိုးအရင်လူကြီးတွေက ဟိုလိုပဲလုပ်လာတာ အဲလိုလုပ်"
"အော်ဟုတ်ကဲ့"
(ကိစ္စတစ်ခုအပေါ် မိမိအမြင်သစ်တွေနဲ့ မဖြေရှင်း၊မဖန်တီးတတ် တခြားသူအမြင်တွေပေါ် မှီခိုခဲ့)......
အိမ်က သဘောတူတဲ့သူနဲ့ ယူခဲ့တယ်။ ချစ်တဲ့သူနဲ့ဝေးတယ်။

ကိုယ့်ဝါသနာကို စွန့်လွှတ်တယ်။
မိဘရွေးပေးတာ လုပ်တယ်။

ကိုယ့်အလုပ်ကိစ္စတွေကအစ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိ။

စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊ စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတယ်။

သူငယ်ချင်းတွေ ကိုယ့်မြို့လာလည်လို့ သွားသင့်တဲ့နေရာတွေ မေးရင် မသိ။

ဒါပေမယ့်
လူကြီးတွေရဲ့ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ

"ဒါက ကျွန်မတို့ သား/သမီးလေးလေ
မိဘစကားကို တစ်သွေမတိမ်းလိုက်နာတယ်။အရမ်းလိမ္မာတာ အမေက ဒါဆိုဒါပဲ"

"သား/သမီး လိမ္မာလေး"

မိဘကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်။ သူရဲ့ အကျင့်၊ ဝါသနာ၊ အချစ် ဖြစ်ချင်စိတ်တွေကို အဖျက်ဆီးခံပြီးတော့ပေါ့။

ဘဝတစ်လျှောက်လုံး အမိန့်နာခံတတ်အောင် သင်ကြားခံခဲ့ရပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေမရှိ၊ ဦးဆောင်မတတ်၊ လူရှေ့သူရှေ့စကားမပြောရဲ၊တစ်ယောက်ထဲ ဘာမှ မလုပ်ရဲ။ ဒါပေမယ့် သူဟာ သား/သမီးလိမ္မာ...

တစ်သက်လုံး ပင်ကိုယ်စွမ်းရည် ဆုံးဖြတ်နိုင်စွမ်းတွေကို နင်းချေခံခဲ့ရပေမယ့် နင်းချေခဲ့တဲ့သူတွေကိုယ်တိုင် တစ်ခါတစ်ရံ ဒါတောင်မသိဘူးလား ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ဆူလေရဲ့...

ဘာအကျိုးသက်ရောက်မှုတွေပဲ ရှိပါစေ လူကြီးတွေကတော့ ကောင်းစေချင်လို့ဆိုတဲ့ အဖြေတစ်ခုသာရှိပါတယ်။

စောဒကတက်မိရင် လူကြီးစေတနာနဲ့ပြောတာ
နားမလည်ဘူးလားဆိုတဲ့ အဖြေမဲ့မေးခွန်းတွေ အမေးခံရတတ်ပါတယ်။

လူကြီးတွေ တကယ်စေတနာရှိရင်
လူငယ်တွေကို နားလည်ပေးသင့်တာပေါ့။
ကိုယ်က လူကြီးဖြစ်ပြီး နားမလည်ခိုင်းသင့်ဘူး။

လူကြီးတွေကို သိစေချင်တာက ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တစ်သွေမသိမ်းလိုက်နာပြီး သူဖြစ်ချင်တာကို ဘာမှမသိတဲ့ (ကိုယ်လည်း သိစရာမလို) ကိုယ်ပါမှ ကိုယ်ပြောမှ လုပ်တတ်တဲ့သူအဖြစ် ပုံသွင်းနေတာလား။

ဒါ့အပြင် နှင်းဆီနဲ့တူတဲ့သူကို
စံပယ်နဲ့တူတဲ့သူနဲ့
ယှဉ်လေ့ရှိကြပါတယ်...

ဆရာဝန်နဲ့ အင်ဂျင်နီယာ ဘယ်သူပိုတော်သလဲဆိုတာ...

လှေသမားနဲ့ ဆရာဝန်
ဘယ်သူပိုတော်သလဲ...

လယ်သမားနဲ့ အင်ဂျင်နီယာ
ဘယ်သူပိုတော်သလဲ မေးနေသလိုပါပဲ...

နှင်းဆီရဲ့ထူးခြားချက်က အရောင်ဖြစ်သလို
စံပယ်ရဲ့အားသာချက်က ရနံ့ဖြစ်ပါတယ်...

နှင်းဆီက ပိုလှတယ်လို့ဖြေရင်
သင်ဟာ နှင်းဆီကြိုက်လို့ဖြစ်ပြီး...

စံပယ်က ပိုလှတယ်ဖြေရင်
သင်ဟာ စံပယ်ကိုကြိုက်လို့ပါ...

ပန်းချင်းတူပေမယ့်
အရည်အချင်းမတူပါဘူး...

တစ်ချိန် မိဘဖြစ်မယ့် သင်လည်း
ပုံသွင်းသူနဲ့ ပျိုးထောင်သူကို
သေချာနားလည်ပြီး ပန်းပျိုးတဲ့လက်ကလေးဖြစ်ပါစေ...

နှင်းဆီကို ပိုရဲစေပြီး
စံပယ်ကို ပိုမွှေးစေနိုင်သူ
ဖြစ်ပါစေ....။

မူရင်းရေးသူအား.......Credit ပေးပါသည်။

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်

အုန်းရည်သောက်ရင် သွေးတိုးပါသလား?အဖြေ - အုန်းရည်က သွေးမတိုးစေပါ။သောက်တာအရမ်းများရင်လဲ သွေးပေါင်အရမ်းကျနိုင်လို့။ တနေ့တခွက...
03/07/2022

အုန်းရည်သောက်ရင် သွေးတိုးပါသလား?

အဖြေ - အုန်းရည်က သွေးမတိုးစေပါ။
သောက်တာအရမ်းများရင်လဲ သွေးပေါင်အရမ်းကျနိုင်လို့။ တနေ့တခွက် သို့မဟုတ် တပါတ် ၃-၄ ခွက်လောက် ဆို အဆင်ပြေပါတယ်။

🥥 ဆီးချို သမား သောက်လို့ရလား?

အစာနဲ့ ဝေးဝေးသောက်သင့်ပါတယ်။ အစားအများကြီး စားပြီး အုန်းစိမ်းရည် ပါ ထပ်သောက်ပါက သွေးတွင်း သကြားဓါတ် များသွားနိုင်ပါတယ်။

🥥 ကလေးတွေတိုက်လို့ရလား?

အသက် (၂) နှစ်ကျော်ရင် တိုက်လို့ရပါတယ်။ လတ်ဆတ်သန့်ရှင်းဖို့တော့ လိုအပ်ပါတယ်။

🥥 လူကြီးတွေ တိုက်လို့ရလား?

တိုက်လို့ရပါတယ်။ လတ်ဆတ်သန့်ရှင်းဖို့ လိုအပ်ပါတယ်။

🥥 အစာအိမ်ရောဂါ ဝေဒနာရှင်များသောက်လို့ရပါသလား?

ရပါတယ်။ အလွန်အကြူးမသောက်သင့်ပါ။ တပါတ် ၃ ခွက်လောက်ဆို အဆင်ပြေပါတယ်။

🥥 ကြွက်သား တက်အောင် ကစားနေသူ၊ အားကစား သမားတွေ သောက်လို့ရလား?

အုန်းစိမ်းရည် ထက် သူတို့အတွက်က ရေ၊ sport drink သောက်တာ ပိုကောင်းပါတယ်။

❌ ပိုတက်ဆီယမ် များတဲ့ အတွက် ကျောက်ကပ်ဝေဒနာရှင်များ သောက်သုံးရန် မသင့်ပါ။

❌ သွေးတွင်း ပိုတက်ဆီယမ်ဓါတ် များနေရင် မသောက်သင့်ပါ။

❌ ဝမ်းလျှောနေချိန်မှာ မသောက်သင့်ပါ။ ဓါတ်ဆားရည် သာ အဓိက သောက်ဖို့လိုပါသည်။

❌ သွေးပေါင်ကျတတ်သူများ သတိနဲ့ သောက်သုံးပါ။

Crd - ဒေါက်တာ ညီညီကျော်
ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပါသည်။

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


#အုန်းစိမ်းရည်

Progesic ကလေးအဖျားအမြန်ကျဆေး________________________________မိုးရာသီမှာ သားသားမီးမီးတွေကို တုပ်ကွေးနှင့်တခြားရောဂါတွေကာက...
02/07/2022

Progesic ကလေးအဖျားအမြန်ကျဆေး
________________________________

မိုးရာသီမှာ သားသားမီးမီးတွေကို တုပ်ကွေးနှင့်တခြားရောဂါတွေကာကွယ်နိုင်အောင် အမြဲဂရုစိုက်ဖို့က အရေးကြီးပါတယ်။

ဘေဘီလေးတွေဖျားနေပြီဆိုရင် ဖေဖေ၊မေမေတို့က အရိပ်တကြည့်ကြည့်နဲ့ အချိန်တိုင်း ဂရုစိုက်တတ်ကြပါတယ်။

ပါရာစီတမော၂၅၀မီလီဂရမ်ပါဝင်တဲ့ပရိုဂျက်ဆစ်ကလည်း ဘေဘီလေးတို့ အဖျားအမြန်ကျဖို့ ဖေဖေမေမေတို့နဲ့အတူ ဂရုစိုက်ပေးနေမှာပါနော်။

Progesic ကို လက်လီလက်ကားဝယ်ယူနိုင်ပါပြီရှင်

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


ကလေး လေနိုင်ဆေးရည် Nanakid Syrup ____________________________________ကလေးလေးတွေက ဗိုက်နာပြီဆိုရင် အစာစားချင်စိိတ်မရှိပဲ ...
01/07/2022

ကလေး လေနိုင်ဆေးရည် Nanakid Syrup
____________________________________
ကလေးလေးတွေက ဗိုက်နာပြီဆိုရင် အစာစားချင်စိိတ်မရှိပဲ မှိုင်နေတတ်ပြီး တချို့ဆို မရပ်မနားငိုတတ်ကြပါတယ်။
မပြောပြတတ်တော့ပိုဆိုးပါတယ်။

ကလေးတွေ နေမကောင်းဖြစ်ပြီဆို ကိုယ်သာဖြစ်လိုက်ချင်တယ်ဆိုတဲ့ခံစားချက်ကို မိဘတိုင်း ခံစားမိဖူးကြမှာပါ။

ကိုယ်တိုင် အစားထိုးခံစားပေးလို့ မရမယ့်တူတူ အမြန်သက်သာစေမယ့် ဆေးလေးတိုက်ကျွေးပေးဖို့ အကြံပြုချင်ပါတယ်။

✅Nanakidဟာ ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့
လေထိုးလေအောင့်ခြင်း၊
လေပွခြင်း၊
ဗိုက်နာခြင်း၊
အစာမကြေခြင်းတို့အတွက် သုံးနိုင်တဲ့ဆေးလေးဖြစ်ပါတယ်။

Nanakid ကလေးလေနိုင်ဆေးရည်ကို လက်လီလက်ကား မှာယူနိုင်ပါပြီရှင်

အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကောင်းတွေကို ဖန်တီးဖို့အတွက် FAME products….အချိုအရသာအတွက် 🖤Stevia(ရွက်ချိုမှုန့်)🖤သဘာ...
27/06/2022

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကောင်းတွေကို ဖန်တီးဖို့အတွက် FAME products….

အချိုအရသာအတွက် 🖤Stevia(ရွက်ချိုမှုန့်)🖤

သဘာဝ Stevia(စတီးဗီးယား) အရွက်ကနေ ထုတ်လုပ်ထားတဲ့ Zero calorie natural sweetener သကြားအစားထိုး ရွက်ချိုမှုန့် ဖြစ်ပါတယ်...
အိမ်သုံးသကြားထက် အဆ(၃၀၀) ပိုချိုတာကြောင့် ပမာဏအနည်းငယ် အသုံးပြုရုံနဲ့ လုံလောက်တဲ့ အချိုအရသာကို ရရှိမှာပါ... Stevia ရဲ့ အချိုဓါတ်ကို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မချေဖျက်နိုင်တောကြောင့် သွေးတွင်းသကြားဓါတ်ရော၊ ကယ်လိုရီရော မတက်စေပါဘူးရှင်...
ဆီးချိုဝေဒနာရှင်တွေ၊ ကိုယ်အလေးချိန်ထိန်းနေသူ၊ သွေးတွင်းအဆီများသူ၊ သွေးတိုးရောဂါရှိသူတွေအပြင် ကျန်းမာရေးအတွက် သကြားရှောင်လိုသူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ရှင်...ကလေး၊ လူကြီးမရွေး အသုံးပြုလို့ရပါတယ်...
နှစ်သက်ရာ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်စတာတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်... ဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာလည်း
ထည့်သုံးနိုင်ပါတယ်ရှင်...
-------------------------------------------

အနံ့အရသာအတွက် 💛Ginger Powder(အော်ဂဲနစ်ဂျင်းမှုန့်)💛

FAME Organic Pharming Project က ထွက်တဲ့ Pharmaceutical Grade ချင်းကနေ ထုတ်ထားတာဖြစ်လို့ အနံ့၊ အရသာက ထူးကဲကောင်းမွန်ပါတယ်...
အခွံခွာစရာမလို၊ ထုထောင်းစရာမလိုဘဲ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ အဆင်သင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်...
ရေနွေးထဲမှာ ခတ်ပြီး Ginger Tea အနေနဲ့လည်း သောက်သုံးနိုင်ပါတယ်ရှင်
-------------------------------------------

အရောင်နှင့်အနံ့အရသာအတွက် 🧡Turmeric Powder(အော်ဂဲနစ်နနွင်းမှုန့်)🧡

FAME Organic Pharming Project က ထွက်တဲ့ အော်ဂဲနစ် နနွင်းကနေ ထုတ်ထားတာဖြစ်လို့ အရောင်အဆင်းနှင့် အနံ့အရသာက ထူးကဲကောင်းမွန်ပါတယ်...
နနွင်း မစစ်မှာ၊ အရောအနှောနှင့် ဆိုးဆေးတွေပါမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်...
Pharmaceutical Grade ဖြစ်တာကြောင့် အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ဖို့အပြင် ဆေးဝါးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်ရှင်...
---------------------------------
Crd - Photo

Stevia (ရွက်ချိုမှုန့်)- 8000ks (300g)
Ginger powder (ဂျင်းမှုန့်)-3000ks (150g)
Turmeric powder (နနွင်းမှုန့်)- 3000ks (150g)

လက်လီလက်ကားဝယ်ယူနိုင်ပါပြီရှင်
ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်




“နာကျင်မူများအတွက် လျင်မြန်ဆုံး ပျောက်ကင်းစေသည့် Volini ‘’Volini သည် Sun Pharma Company မှ သိပ္ပံနည်းကျဖော်စပ်ထားသော အကိ...
26/06/2022

“နာကျင်မူများအတွက် လျင်မြန်ဆုံး ပျောက်ကင်းစေသည့် Volini ‘’

Volini သည် Sun Pharma Company မှ သိပ္ပံနည်းကျဖော်စပ်ထားသော အကိုက်အခဲ ပျောက်ဆေးဖြစ်ပါသည်။Nano Gel နည်းပညာကြောင့် အသားထဲကို အလျင်မြန်ဆုံး စိမ့်ဝင်နိုင်တဲ့အတွက် တစ်ခဏအတွင်းမှာ ကိုက်ခဲနာကျင်မှုမှန်သမျှကို ပျောက်ကင်း‌စေနိုင်မှာပါ။

Non- Greasy type ဖြစ်လို့ လိမ်းထားရင် စေးကပ်ကပ်ဖြစ်နေမှာလည်း စိတ်ပူစရာမလိုဘူးနော်။Volini Gel သည် ကြွက်သားနာခြင်း၊ ခါးနာခြင်း၊ အဆစ်နာခြင်း၊ အဆစ်လွဲခြင်း၊ အဆစ်ဒဏ်ဖြစ်ခြင်း စသော ဝေဒနာ များကို လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်‌။ ဆေးလိမ်းပြီးချိန်တွင် အေးမြသောခံစားမူကိုပေးပြီး ပူလောင်သောခံစားချက်ကို မဖြစ်စေပါ။

- ကိုက်ခဲနာကျင်မှုကို လျင်မြန်စွာပျောက်ကင်းစေခြင်း။
- နာကျင်မှု၊ ရောင်ယမ်းခြင်း၊ ကြွက်သားတောင့်တင်းခြင်းများကိုသက်သာစေခြင်း။
- အရေပြားတွင် စေးကပ်မှု၊ စွန်းထင်းမှု မရှိခြင်း၊သောက်ဆေးထက်ပိုမိုစိတ်ချရခြင်း စသည့် ကောင်းကျိုးများကို ရရှိစေပါသည်။

Volini လိမ်းဆေးကို လက်လီလက်ကား ဝယ်ယူနိုင်ပါပြီရှင်

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


နာတာရှည် လေပြွန်ကျဥ်းခြင်း (COPD)🚬ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေ...
22/06/2022

နာတာရှည် လေပြွန်ကျဥ်းခြင်း (COPD)

🚬ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဥ်းနေပြီလား ဆိုပြီးစဥ်းစားရပါတယ်

💡ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်...

- လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း
- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း
- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း
- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။

💡ဆေးလိပ်အပြင်
- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ
- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ
- အလုပ်ရုံ/စက်ရုံတွေထဲမှာ ဓာတုဓာတ်ငွေ့တွေ အချိန်ကြာရှူရခြင်းတို့ကြောင့်လည်း နာတာရှည်လေပြွန်ကျဥ်းစေပါတယ်

💡အသက်ငယ်ငယ် ပိန်ပိန်ရှည်ရှည်နဲ့ နာတာရှည်လေပြွန်ကျဥ်းရောဂါဖြစ်ခဲ့ရင်တော့ Alpha 1 anti-trypsin ဆိုတဲ့ enzyme ချို့တဲ့ခြင်း​ကြောင့်လည်းဖြစ်နိုင်ပါတယ်

💡နာတာရှည်လေပြွန်ကျဥ်းခြင်းကို အမျိုးအစား(၂)မျိုးခွဲထားပါတယ်

(၁)နာတာရှည်လေပြွန်ရောင်ခြင်း (Chronic bronchitis)
(၂)အဆုတ်အတွင်းရှိ လေအိတ်များပျက်စီးခြင်း (emphysema)

💡ရောဂါလက္ခဏာတွေကတော့

- ချောင်းဆိုးပြီး သလိပ်ထွက်ခြင်း( ၃လနဲ့အထက် ၂နှစ်ဆက်တိုက်ကြာအောင်ဆိုးနေခြင်း)
- အသက်ရှူရာတွင် တရွှီရွှီမြည်ခြင်း
- နည်းနည်းလေးလှုပ်တာနဲ့မောနေခြင်း
- ပင်ပန်းနွမ်းနည်ခြင်း
- ပိန်သွားခြင်း
- ခြေထောက်ဖောလာခြင်း
- အရိုးပွခြင်း တို့ဖြစ်ပါတယ်

💡နောက်ဆက်တွဲအနေနဲ့ကတော့

- အဆုတ်ပိုးဝင်ခြင်း (chest infection)
- အဆုတ်အားနည်းခြင်း (Respiratory failure)
- နှလုံးအားနည်းတာခြင်း (Heart failure)
- အဆုတ်ကင်ဆာ (Lung cancer) တို့အထိဖြစ်နိုင်ပါတယ်

💡ဘာတွေစစ်ဆေးရမလဲဆိုရင်တော့

- သွေးစစ်ခြင်း (Full blood count)
- သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း(ABGA)
- ရင်ဘတ်ဓာတ်မှန်(Chest X Ray)၊ CTရိုက်ခြင်း
- ECG ဆွဲခြင်း
- အဆုတ်အားကောင်းမကောင်း spirometry နှင့်စမ်းသပ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်

💡နာတာရှည်လေပြွန်ကျဥ်းတာက အရှင်းပြန်ပျောက်နိုင်လားဆိုရင်တော့

မပျောက်နိုင်ပါဘူး။ ရောဂါပိုဆိုးမသွားအောင်ဘဲ ထိန်းထားလို့ရပါတယ်။

💡ထပ်မဆိုးသွားအောင်၊ နောက်ဆက်တွဲတွေမဖြစ်အောင်ဆိုရင်တော့

❌အဓိကကတော့ ဆေးလိပ်ကို ကြိမ်းသေဖြတ်ပေးပါ
❌အနားမှာဆေးလိပ်သောက်သူရှိရင်လည်း မရှူမိအောင်ရှောင်ပါ
❌ဓာတုဓာတ်ငွေ့များကိုလည်း မရှူမိအောင်ရှောင်ပါ

✔️အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
✔️လေကောင်းလေသန့်ရှူပေးပါ
✔️နားနားနေနေနေပေးပါ

💡ကုသနည်းတွေကတော့

✔️အမောသက်သာအောင် လေပြွန်ကျယ်ပေးတဲ့ဆေး (bronchodilator) ကိုဂေါက်တံနှင့်ရှူရခြင်း
( စနစ်တကျရှူနည်းကိုတော့ ပန်းနာရင်ကြပ်ခြင်းpost တွင်ရေးထားပါတယ် )

✔️ချွဲပျော်ဆေး(mucolytic)သောက်ရခြင်း

ဆရာဝန်၏ညွှန်ကြားချက်အရ
✔️အိမ်တွင် အောက်ဆီဂျင်ပုံမှန်ရှူခြင်း(Long term oxygen therapy)
( အောက်ဆီဂျင်ပေးထားတဲ့အခါမှာ SpO2 ကို ၈၈-၉၂ကြားထားပေးပါ )

✔️အဆုတ်ပိုးပါဝင်ရင်တော့ ပိုးသတ်ဆေး(Antibiotic)
ပေးပါတယ်

✔️Flu vaccine ကိုလည်းတစ်နှစ် တစ်ကြိမ်ထိုးသင့်ပါတယ်

Crd - တယ်လီကျန်းမာ
ဗဟုသုတရစေဖို့ပြန်လည်မျှဝေပါသည်။

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


လူတစ်ဦးအတွက် ဗီတာမင်စီ လိုအပ်ချက်-------------------------------------ကလေးတွေမှာတော့ ပျှမ်းမျှ တစ်နေ့ ၃၀ မီလီဂရမ် အနည်းဆ...
20/06/2022

လူတစ်ဦးအတွက် ဗီတာမင်စီ လိုအပ်ချက်
-------------------------------------
ကလေးတွေမှာတော့ ပျှမ်းမျှ တစ်နေ့ ၃၀ မီလီဂရမ် အနည်းဆုံးလိုအပ်ပြီး လူကြီးတွေကတော့ ၆၀ မီလီဂရမ် လိုအပ်ပါတယ်။ ဒါဟာလဲ အသက်အရွယ်၊ ကျား/မ ပေါ်မူတည်ပြီး အနည်းငယ်စီ ကွာခြားမှုရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေမှာ ၁၂၀ မီလီဂရမ် သောက်ဖို့လိုအပ်ပြီး ရောဂါတွေဖြစ်ရင်၂၀၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဖျားနာ၊ တုပ်ကွေး၊ ငှက်ဖျား၊ ထိခိုက်ဒဏ်ရာ၊ သွေးအားနည်းရောဂါ စတာတွေဖြစ်ပါတယ်။ ဒါဟာ မဖြစ်အောင်ကာကွယ်ပေးတဲ့ အနိမ့်ဆုံးလိုအပ်တဲ့ပမာဏပဲ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး များများစားရင်ရော ဘာဖြစ်တတ်ပါသလဲ❓❓

ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေကတော့ ဘယ်လောက်ပဲစားစား အဆိပ်အတောက် ဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဗီတာမင်စီ ပါဝင်တဲ့ဆေးပြား အထူးသဖြင့် သဘာဝ ဗီတာမင်စီ မဟုတ်ဘဲ ဓာတ်ခွဲခန်းမှာ ဖန်တီးပြုလုပ်ထားတဲ့ ဗီတာမင်စီ ဆေးပြားတွေကို တစ်နေ့ 1 g ထက်ပိုစားရင်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်နာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း (Oxalate stone) တို့ဖြစ်တတ်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ငွေအိုးဆေးဆိုင်
Mobile: 09-458793811
Viber: 09-973003105

ဆိုင်လိပ်စာ
========
အမှတ် (513)၊ အောက်လမ်းမကြီး၊ ထားဝယ်စု၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။

#ငွေအိုးဆေးဆိုင်
#ဆေးလက်လီလက်ကား
#မော်လမြိုင်


Address

Lower Main Road
Mawlamyine
12011

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959973003105

Website

Alerts

Be the first to know and let us send you an email when ငွေအိုးဆေးဆိုင်_Ngwe Ohh Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ငွေအိုးဆေးဆိုင်_Ngwe Ohh Pharmacy:

Share