15/12/2025
ဆေးကြပ်ထုပ်
ကျန်းမာရေးဆေးကြပ်ထုပ် (Herbal Compress Ball) ဟာ ထိုင်းရိုးရာဆေးပညာကနေ ဆင်းသက်လာတဲ့ ရနံ့ကုထုံး (Aromatherapy) နှင့် အပူကုထုံး (Heat Therapy) ကို ပေါင်းစပ်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဆေးကြပ်ထုပ်ထဲမှာ ပါဝင်တဲ့ အဓိက ပစ္စည်းတွေကတော့ အပူဒဏ်ခံနိုင်တဲ့ ဂွမ်းထည် (သို့) ပိတ်စထဲ ထည့်သွင်းထားတဲ့ သဘာဝဆေးဖက်ဝင်အပင်များဖြစ်ပြီး ဆေးကြပ်ထုပ်အမျိုးအစားအလိုက် ပါဝင်မှုနဲ့ အကျိုးအာနိသင်ကတော့မတူညီကြပါဘူး။
🌿 ဆေးကြပ်ထုပ်ထဲတွင် အဓိကပါဝင်လေ့ရှိသော ပစ္စည်းတွေကတော့
အပူ/နာကျင်မှု သက်သာစေသော အပင်များ အနေနဲ့
🫚 ဂျင်း (Ginger / Plai)
ကြွက်သားနာကျင်မှု၊ ရောင်ရမ်းမှုနှင့် ဖူးရောင်မှုများကို လျော့ကျစေသည်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
🫚 နနွင်း (Turmeric)
အရေပြားကျန်းမာရေးကို အထောက်အကူပြုပြီး အပူလောင်ခြင်းမှ ကာကွယ်ပေးသည်။ အဆစ်နာကျင်မှုကို သက်သာစေသော အာနိသင်ရှိပါတယ်
🍋 ရှောက်သီးအခွံ (Kaffir Lime Peels)
ရနံ့ကုထုံးအနေဖြင့် စိတ်ကို လန်းဆန်းစေသည်။ သွေးလည်ပတ်မှုကို အားပေးပြီး အပူပေးသည့်အခါ ရနံ့ပြင်းပြင်းရရှိပါတယ်။
ရနံ့/စိတ်လန်းဆန်းစေသော အပင်များအနေနဲ့
🌱 စပါးလင် (Lemongrass)
အနံ့အသက်ဆိုးများကို ဖယ်ရှားပေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
🌱 ကရဝေးရွက် (Tamarind Leaves)
အရေပြားပေါ်ရှိ အဖုအပိမ့်များကို သက်သာစေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။
🌱 ပရုတ် (Camphor)
ပူရှိန်းရှိန်း ရနံ့ဖြင့် အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေသည်။ ကြွက်သားတင်းမာမှုကို လျှော့ချပေးပါတယ်။
🌱 ပရုတ်ဆီ (Menthol)
အအေးဓာတ်ပေးပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
ဒီပစ္စည်းတွေကတော့ အခြေခံအဓိကပါဝင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။
ဘယ်လိုအကျိုးအာနိသင်တွေရရှိနိုင်တယ်ဆိုတာကိုလဲ နောက်ထပ် Post တစ်ခုမှာဖော်ပြပေးပါဦးမယ်။
ARO
#ကျန်းမာရေးဆေးကြပ်ထုပ်
#အပူကုထုံး
#ရနံ့ကုထုံး