30/01/2023
ရှိ၍ အသက်ဝင်နေသည့်သဘော အသက်ရှင်သန်နေသည့် သဘောတစ်ခုကို တွေ့ ရှိတတ်၏။ ထိုသို့ တွေ့ရှိသောအခါ
ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့်သဘောကိုပါ မြင်အောင် ဆက်ရှုပါ။ ထိုဇီဝိတမှာ အသက်ရှင်နေသည့်
သဘော, ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်နေသည့် သဘောတရား
ဖြစ်သဖြင့် ကလာပ်ပြားဖြစ်သော အခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်ဟု
မှတ်ပါ။
ကြည်သည့်ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေတွေ့ရှိပါက ရှုလို့ရရှိပါက မကြည်သည့်ရုပ်ကလာပ်အချို့တို့၌
ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ ထိုအချို့သော မကြည်သော ရုပ်ကလာပ်တို့ဟူသည်မှာ တစ်ကိုယ်လုံး၌
အနှံ့အပြားတည်ရှိသော ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်နှင့် နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဒသက
ကလာပ်တို့ပင် ဖြစ်ကြသည်။ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့လည်း မကြည်ကြပေ၊
သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား မရှိပေ။ ဟဒယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝက
ကလာပ်တို့လည်း မကြည်ကြပေ။ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား ရှိနေ၏။ ယင်းဇီဝိတကိုလည်း
(၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်နှင့် မကြည်သည့် ရုပ်ကလာပ်အချို့တို့၌ ရှုကြည့်ပါ။
1
ဘာဝရုပ် - အမျိုးသားဖြစ်ကြောင်းရုပ်-အမျိုးသမီးဖြစ်ကြောင်းရုပ် — အမျိုးသားဟု သို့မဟုတ် အမျိုးသမီးဟု
သိလောက်သော အမှတ်အသားတည်း၊ (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိသော ရုပ်တည်း၊ မကြည်သည့် ရုပ်ကလာပ်
အချို့တို့၌ တည်ရှိကြ၏။ ကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိသော ဇီဝိတကို သဘောပေါက်ပါက ရှု၍ ရရှိပါက
မကြည်သည့် ရုပ်ကလာပ်တို့၌လည်း ဇီဝိတကို ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌
ဇီဝိတကို ရှာဖွေ၍ မတွေ့ ရှိပါက ဘာဝရုပ်ကို ဆက်လက်၍ မရှာဖွေပါနှင့်။ ဇီဝိတမရှိက ဘာဝရုပ် မရှိနိုင်သောကြောင့်
ဖြစ်၏။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကိုရှာဖွေတွေ့ရှိပါက ယင်းရုပ်ကလာပ်၌ ဘာဝရုပ်ကို ဆက်လက်
ရှာဖွေကြည့်ပါ။ သို့သော် ယင်းရုပ်ကလာပ်မှာ ဇီဝိတနဝကကလာပ် ဖြစ်ပါက ဇီဝိတသာရှိ၍ ဘာဝရုပ် မရှိနိုင်ပေ။
အကယ်၍ ယင်းရုပ်ကလာပ်သည် ဘာဝဒသကကလာပ်ဖြစ်မူ ဇီဝိတလည်းရှိ၍ ဘာဝရုပ်လည်း ရှိနေပေသည်။
ဇီဝိတမရှိသည့် ရုပ်ကလာပ်၌ကား ဘာဝရုပ်လည်း မရှိနိုင်ပေ၊ ဇီဝိတရှိပါမှသာလျှင် ဘာဝရုပ်လည်း ရှိနိုင်ပေသည်။
ဘာဝရုပ်ကား ဧကန် ကမ္မဇရုပ် ဖြစ်၏။ ဇီဝိတသည်လည်း ကလာပ်တူ ကမ္မဇရုပ်တိုင်းကို စောင့်ရှောက်လျက် ရှိ၏။
ထို့ကြောင့် ဇီဝိတရှိရာ ရုပ်ကလာပ်၌သာ ဘာဝရုပ်ကို ဆက်လက်၍ ရှုကြည့်ပါ။ ဇီဝိတနဝကကလာပ် (ဟဒယ
ဒသကကလာပ်) မဟုတ်ဘဲ ဘာဝဒသကကလာပ်သာ ဖြစ်ခဲ့လျှင် ဘာဝရုပ်ကို တွေ့ရှိမည်ဖြစ်သည်။ အမျိုးသား
ယောဂီသည် အမျိုးသားဖြစ်ကြောင်း ပုရိသဘာဝရုပ်ကို ရှုပါ။ အမျိုးသမီးယောဂီသည် အမျိုးသမီးဖြစ်ကြောင်း
315 # အခန်း (၂) လုပ်ငန်းခွင်အပိုင်း - ရုပ်ကမ္မဋ္ဌာန်းပိုင်း ၃၁၅
ဣတ္ထိဘာဝရုပ်ကို ရှုပါ။ အမျိုးသား၌ ပုရိသဘာဝရုပ်, အမျိုးသမီး၌ ဣတ္ထိဘာဝရုပ် တစ်မျိုးစီသာ တည်ရှိ၏။
ပုရိသဘာဝရုပ်ဟူသည် ဤသူကား ယောက်ျားဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ ဣတ္ထိဘာဝရုပ်ဟူသည်
ဤသူကား အမျိုးသမီးဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ တွေ့ရှိပါက (၆)ဒွါရလုံး၌ လှည့်လည်၍ ရှုပါ။
ယင်းဘာဝရုပ်သည် (၆)ဒွါရလုံး၌ ဘာဝဒသကကလာပ်အနေဖြင့် တည်ရှိသည်။
ရုပ်လောကဝယ် ယောဂီအများစု၌ အလှူရခက်သော ရုပ်တရားတို့မှာ ဩဇာ, ဇီဝိတ, ဘာဝရုပ်တို့ပင် ဖြစ်ကြသည်။
ဤရုပ်သုံးမျိုးနှင့်တကွ အထက်တွင် တင်ပြခဲ့သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော
ရုပ်တရားတို့ကို (၆)ဒွါရ၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ (၁၀)မျိုး, မကြည်သည့် ရုပ်ကလာပ်၌လည်း
(၈)မျိုး (၉)မျိုး (၁၀)မျိုး စသည်အားဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းတတ်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသား
တင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။
(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ - ရုပ်တို့ကို သိမ်းဆည်းပုံ
ကာယအကြည်ဓာတ်ပါဝင်သော ကာယဒသကကလာပ်မှာ (၆)ဒွါရလုံး၌ ပျံ့နှံ့တည်ရှိ၏။ ဘာဝရုပ်ပါဝင်သော
ဘာဝဒသကကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏။ ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက
ကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏။ စက္ခုအကြည်ဓာတ် ကာယအကြည်ဓာတ်စသော ပသာဒ
(- အကြည်)ရုပ်တို့ ပါဝင်တည်ရှိသော စက္ခုဒသကကလာပ် ကာယဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့သည်ကား
ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောပေါင်းစပ်ထားသကဲ့သို့ စက္ခုစသော (၆)ဒွါရတို့၌ ရောနှောလျက်
တည်ရှိကြ၏။
စက္ခုဒသကကလာပ်ကား စက္ခု (- မျက်စိ)၌သာ တည်ရှိ၏။ သောတဒသကကလာပ်ကား နား၌သာ တည်ရှိ၏။
ဃာနဒသကကလာပ်ကား နှာခေါင်း၌သာ တည်ရှိ၏။ ဇိဝှါဒသကကလာပ်ကား လျှာ၌သာ တည်ရှိ၏။ ဟဒယဒသက
ကလာပ်ကား နှလုံး၌သာ တည်ရှိ၏။ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကား မျက်စိ-
နား-နှာ-လျှာ-ကိုယ်-နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိကြ၏။ ထိုကြောင့် စက္ခု၌ စက္ခုဒသကကလာပ်
ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နား၌ သောတဒသကကလာပ် ကာယဒသကကလာပ်ဟု
ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နှာခေါင်း၌ ယာနဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ်
နှစ်မျိုး, လျှာ၌ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, ကိုယ်၌
ကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် တစ်မျိုး, နှလုံး၌ ကာယဒသကကလာပ်ဟု ကြည်သည့် ရုပ်ကလာပ်တစ်မျိုး -
ဤသို့ အသီးအသီး ရှိ၏။ မျက်စိ-နား-နှာ-လျှာတို့၌ ကြည်သည့်ရုပ်ကလာပ် နှစ်မျိုးစီ အကြည်ဓာတ်လည်း နှစ်မျိုးစီ
ရှိနေသဖြင့် ထိုအကြည်ဓာတ် အကြည်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရ
ပုဂ္ဂိုလ်အနေဖြင့်ကား ဤအဆင့်တွင် ကြည်သည့် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ မြင်တွေ့နေဦးမည် ဖြစ်ပေသည်။
စက္ခုအကြည်ဓာတ်
ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘောလက္ခဏာ
ရှိသော တရားသည် စက္ခုအကြည်ဓာတ် မည်၏။ တစ်နည်း - ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ်
ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည် စက္ခုအကြည်ဓာတ် မည်၏။၄၆၉
ကာယအကြည်ဓာတ်
ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို
ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော တရားသည် ကာယအကြည်ဓာတ် မည်၏။ တစ်နည်း - ဖောဋ္ဌဗ္ဗာရုံ
ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည်
ကာယအကြည်ဓာတ် မည်၏။၄၇၀
၄၆၉ ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ . . . စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)